စုစည်းကြည်နူးခဲ့သောညနေခင်းလေး(အေးရိပ်မွန်-အမျုးိသမီးမိဘမဲ့ဂေဟာသို့တစ်ခေါက်)

စုစည်းကြည်နူးခဲ့သောညနေခင်းလေး (အေးရိပ်မွန်)
ကိုခနဲ့ကျနော် မကြာခဏလက်ဖက်ရည်ဆိုင်ထိုု်င်ဖြစ်တဲ့အခါအလှူလေးတစ်ခု လုပ်ချင်တယ်လို့ပြောပါတယ်။
ပကာသနမပါ ဘာအထိန်းအမှတ်မှမပါ သူနဲ့ကျနော်နိုင်သလောက်လုပ်ဘို့သဘောတူပါတယ်။.
ကျနော်ကတော့ ခြေနိုင်လက်နိုင်ရှိတဲ့ မိတ်ဆွေတွေနဲ့သွားလဲလှူဘူးတဲ့ နန်းရေ ၆၃လမ်းက အမျိုးသမီးမိဘမဲ့
ဂေဟာကို ထမင်းတစ်နပ်ကြွေးဘို့ အကြံပေးတော့ကိုခ ကလဲလက်ခံပါတယ်။
အဲလိုတိုင်ပင်တုန်းက ဒီဇင်ဘာလထဲမှာပါ။
ဒါနဲဘဲ့ သူမအားကိုယ်မအားနဲ့ မတ်ချလထဲက တစ်ရက်မှာ လုပ်ဘို့အကြမ်းသတ်မှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ကတော့ ကိုခ ကိုယ်တိုင် အဲဒီကျောင်းကိုသွားပြီးရက်ယူလို်က်ပါတယ်။
အစကတော့နှစ်ယောက်ထဲလုပ်မယ်စိတ်ကူးရာကနေ အမြဲလိုလိုတွေဖြစ်တဲ့ ကဖိုးထောင်နဲ့ကပေတို့ကိုပြောဖြစ်တော့ သူတု့ိကလဲ လိုလိုလားလားပါဝင်။
ဒီတော့ တစ်ယောက်ဘယ်လောက်ဆိုတာ မသတ်မှတ် အလှူငွေလဲ ဘယ်သူ့ဆီကမှ မကောက်။
လိုရင် ကိုခ က သူစိုက်မယ် ပိုနေရင် တစ်ခါထည်း နဝကမ္မလှူခဲ့မယ်လို့ ဆုံးဖြတ်။
(17-3-2013)နေ့ တနင်္ဂနွေနေ့မှာ ရက်ယူထားလိုက်ပါတယ်။
ကိုခမိသားစုက မနက်ပိုင်း ကျနော်တို့အဖွဲ့(မန်းလေးဂေဇက်ရွာသူား)များက ညနေအတည်ဖြစ်သွားပါတယ်။
အဲဒါနဲ့မန်းလေးမှာရှိတဲ့ အဖွဲ့ဝင်များက လက်လှမ်းမီသလောက်ကိုမေးလ်နဲ့အကြောင်းကြား။
ဖုန်းနဲ့ချိတ်လို့ရတဲ့လူချိတ်။
ကျနော်ကလဲ လူစုံတဲ့ ဖေစ်ဘုတ်က ဂရုချက်တင်ကနေလဲအကြောင်းကြား။
အဲဒီမှာ အိတုန်က သူအလှူငွေထည့်ချင်တဲ့အကြောင်းပြောလာပါတယ်။
ဗုံဗုံ သူ့တို့အဆောင်က မိန်းကလေးများကလဲ သူတို့မှာရှိနေတဲ့ အဝတ်အထည်တွေလှူချင်ပါတယ်လို့
ကမ်းလှမ်းလာတော့ ဝမ်းမြောက်ဝမ်းသာနဲ့လက်ခံလိုက်ပါတယ်။
မောင်ပေ ဖိုးထောင် ဖောဂိုင်း ဖရဲမ ဦးမာဃ တို့ကလာမယ်ပြော။
ဘဲဥကတော့ ကျောက်ဆည်သွားမီရင်လာမယ်ပြော။
ဗုံဗုံကတော့ သူ့အဆောင်က ကလေးမများနဲ့လာမယ်ပြော၊
မန်းလေးကိုရောက်နေတဲ့စွယ်တော်ရွကအလုပ်သမားဆေးရုံကြီးမှာရှိနေမယ်ပြောတော့
ကျနော်ကဝင်ခေါ်မယ်လို့ချိန်းလိုက်ပါတယ်။
အဲဒီနေ့ညနေငါးနာရီလောက် ကျနော်က စွယ်တော်ရွက်ဝင်ခေါ်ပြီးလာခဲ့။
ကိုခနဲ့ဖိုးထောင်ကရောက်နှင့်။
ကျနော်ကတော့ထုံးစံအတိုင်းလက်ဆော့။
ထမင်းစားဆောင်ထဲမှာခင်းကျင်းထားသောအုပ်ဆောင်းအုပ်ထားတဲ့ထမင်းပုဂံလေးများကို
သန့်ရှင်းသပ်ရပ်စွာမြင်ရတဲ့အခါ စိတ်ကျေနပ်မိ။
နောက်တော့ မာဃ ဖရဲမ ဖောဂိုင်းတို့ရောက်လာ။
သိပ်မကြာခင် ဗုံဗုံတို့က အထုပ်ကြီးတွေနဲ့ရောက်လာ။
ဆရာလေးများက ကိုယ်တိုင်လှူချင်လဲရတယ်ပြောပေမယ့်
ထည့်လာတဲ့အိတ်တွေတောင်ပြန်မယူဘဲ အထုပ်လိုက်လှူခဲ့ကြ။
ခဏနေတော့မောင်ပေနဲ့ မိတ်ဆွေများ မေမြို့ကဆင်းလာတာကနေ ကျောင်းကိုတန်းဝင်။
ကလေးများ ထမင်းစားချိန်မှာတော့ ညီညီသေဝပ်စွာတန်းစီလို့ခန်းမထဲကိုဝင်။.
သူ့နေရာမှာသူထိုင်ပြီးတဲ့အခါမှ ထမင်းမစားမီဝတ်ပြုဆုတောင်း။
မယ်သီလရင်ကြီးတစ်ပါးက ကြပ်မတ်စောင့်ကြည့်။
ခဏနေတော့ကျနော်တို့ဧည့်သည်များကို ထမင်းကျွေးမွေး။
ဘူးသီးချဉ်ရေပူပူနွေးနွေး။
ဝက်သားဟင်း၊ကြက်သားဟင်း။
ထောပတ်ပဲနှပ်၊
ကျောက်ပွင့်သုပ်။
ခရမ်းချဉ်သီးချက် အတို့အမြုတ်။
ပျော်ပျော်ပါးပါးနဲ့မြိန်ယှက်စွာထမင်းတွေစား။
မောင်ပေနဲ့ဖိုးထောင်က ထမင်းလိုက်ပွဲတွေလိုတာတွေကိုကူညီလို့ဖြည့်ပေး။
စိတ်ချမ်းသာစရာကြည်နူးစရာ။
ထမင်းစားပြီးပြန်တော့ ကျောက်ကျော လက်ဖက် အသီးအနှံများနဲ့ဧည့်ခံ။
စကားစမြည်တွေပြောကြ။
(7)နာရီထိုးခါနီးမှာအားလုံးနုတ်ဆက်လမ်းခွဲလို့ပြန်ခဲ့ကြပါတယ်။
ဒီကျောင်းလေးက လာလို့လွယ်ပါတယ်။
နန်းရှေ့ (63)လမ်းမပေါ်မှာတည်ရှိပါတယ်။
မနောမယဘုန်းကြီးကျောင်းရဲ့အရှေ့ဘက်ပါ။
62လမ်းဘက်ကလာမယ်ဆိုရင် ကျုံးထဲကို ရေဝင်တဲ့မြောင်းလေးနားကိုရောက်တဲ့အခါ
မြောက်ဘက်ခြမ်းကလမ်းအတိုင်း ဝင်ခဲ့ရင်63လမ်းပေါ်ရောက်တာနဲ့ကျောင်းကိုရောက်ပါတယ်။
19လမ်းဘက်ကလာမယ်ဆိုရင် 63လမ်းမအတိုင်း တောင်ဘက်ကိုတည့်တည့်လာခဲ့တဲ့အခါ
ရေဝင်မြောင်းလေးမရောက်ခင်အရှေ့ဘက်ခြမ်းမှာရှိပါတယ်။
26ဘီလမ်းက လာမယ်ဆိုရင်တော့ 63လမ်းအတိုင်းမြောက်ဘက်ကိုလာခဲ့ရင် ရေမြောင်းလေးကျော်လိုက်တာနဲ့
ကျောင်းကိုရောက်ပါတယ်။
ဒီကျောင်းလေးတည်ထောင်ခဲ့တာတော့ကြာပါပြီ။
ထူးခြားသောအဖြစ်အပျက်ကတော့
ကြည်ပြာ ဆိုသော ရုပ်ရှင်ဇာတ်ကားကြီးဒီကျောင်းကိုအခြေခံ၍ရိုက်ကူးခဲ့။
မေဝင်းမောင်အကယ်ဒမီရခဲ့။
လူသိများလာခဲ့။
နှစ်များစွာတော့ကြာခဲ့ပြီ။
ဒီကျောင်းကနေပညာသင်ကြားပြီးလူ့လောကထဲမှာရဲဝံ့ခိုင်မာစွာရပ်တည်နိုင်သော
ကလေးများလည်းမြောက်များစွာရှိနေခဲ့ပါပြီ။
ဒီကျောင်းမှထွက်ခွာသွားသော်လည်း မိမိအားကူညီခဲ့သောကျောင်း၏အကျုးိကို
ပြန်လည်သည်ပိုးဆောင်ရွက် သူ ပြန်လည်ကူညီသူများလဲရှိခဲ့ပါပြီ။
သို့သော် မိဘမဲ့ကလေးအသစ်များက ထပ်မံရောက်ရှိနေဆဲ။
အလှူရှင်များလဲလိုအပ်နေဆဲ။
ကျနော်တို့မိတ်ဆွေအစုလေးက သဲတမူန်အနေဖြင့်ပါဝင်ခွင့်ရခဲ့သည့်အတွက်ရင်မှာကြည်နူးကျေနပ်နေဆဲ။
ကိုပေါက်လမ်းသလားနေသည်
17-3-2013
















54 comments
နွယ်ပင်
March 20, 2013 at 4:25 pm
0မ်းမြောက် 0မ်းသာ သာဓု ခေါ်ဆို သွားပါတယ် လေးပေါက်ရေ ….
ကိုပေါက်(မန္တလေး)
March 21, 2013 at 1:17 pm
ကျေးကျေးပါ နွမယ်မယ်ရေ့
အရီးခင်လတ်
March 21, 2013 at 5:08 am
သာဓု သာဓု သာဓု ခေါ်ပါတယ် ကိုပေါက်၊ကိုခ နဲ့ အဖွဲ့သားများရေ။
ဒါထက်ပိုပြီး လှူဒါန်းနိုင်ကြပါစေ။
ကိုပေါက်(မန္တလေး)
March 21, 2013 at 2:02 pm
နောင်အားလုံးပါဝင်နိုင်အောင် စီစဉ်ပါအုံးမယ် ကိုလတ်ရေ
kai
March 21, 2013 at 5:37 am
(ဒေါ်)မေဝင်းမောင်နဲ့တွေ့ရင်.. ပြောပြလိုက်ဦးမယ်..
အယ်လ်အေမှာပဲနေတာ..။ လာမယ့်သင်္ကြန်ပွဲတွေ့ဖို့များပါတယ်..။
ကိုပေါက်(မန္တလေး)
March 21, 2013 at 2:05 pm
ကိုခိုင်ရေ
ဓါတ်ပုံတစ်ပုံထပ်တင်ပေးလိုက်ပါတယ်။
အဲဒီကျောင်းက ပင်မအဆောင်ကြီးကို ကြည်ပြာဆောင်ဆိုပြီးနာမယ်ပေးထားတဲ့ပုံလေးပါ။
ဒီပုံကိုမြင်ရင် အန်တီမေဝင်းမောင်လဲ ဝမ်းသာမယ်ထင်ပါတယ်။