စုစည်းကြည်နူးခဲ့သောညနေခင်းလေး(အေးရိပ်မွန်-အမျုးိသမီးမိဘမဲ့ဂေဟာသို့တစ်ခေါက်)

စုစည်းကြည်နူးခဲ့သောညနေခင်းလေး (အေးရိပ်မွန်)
ကိုခနဲ့ကျနော် မကြာခဏလက်ဖက်ရည်ဆိုင်ထိုု်င်ဖြစ်တဲ့အခါအလှူလေးတစ်ခု လုပ်ချင်တယ်လို့ပြောပါတယ်။
ပကာသနမပါ ဘာအထိန်းအမှတ်မှမပါ သူနဲ့ကျနော်နိုင်သလောက်လုပ်ဘို့သဘောတူပါတယ်။.
ကျနော်ကတော့ ခြေနိုင်လက်နိုင်ရှိတဲ့ မိတ်ဆွေတွေနဲ့သွားလဲလှူဘူးတဲ့ နန်းရေ ၆၃လမ်းက အမျိုးသမီးမိဘမဲ့
ဂေဟာကို ထမင်းတစ်နပ်ကြွေးဘို့ အကြံပေးတော့ကိုခ ကလဲလက်ခံပါတယ်။
အဲလိုတိုင်ပင်တုန်းက ဒီဇင်ဘာလထဲမှာပါ။
ဒါနဲဘဲ့ သူမအားကိုယ်မအားနဲ့ မတ်ချလထဲက တစ်ရက်မှာ လုပ်ဘို့အကြမ်းသတ်မှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ကတော့ ကိုခ ကိုယ်တိုင် အဲဒီကျောင်းကိုသွားပြီးရက်ယူလို်က်ပါတယ်။
အစကတော့နှစ်ယောက်ထဲလုပ်မယ်စိတ်ကူးရာကနေ အမြဲလိုလိုတွေဖြစ်တဲ့ ကဖိုးထောင်နဲ့ကပေတို့ကိုပြောဖြစ်တော့ သူတု့ိကလဲ လိုလိုလားလားပါဝင်။
ဒီတော့ တစ်ယောက်ဘယ်လောက်ဆိုတာ မသတ်မှတ် အလှူငွေလဲ ဘယ်သူ့ဆီကမှ မကောက်။
လိုရင် ကိုခ က သူစိုက်မယ် ပိုနေရင် တစ်ခါထည်း နဝကမ္မလှူခဲ့မယ်လို့ ဆုံးဖြတ်။
(17-3-2013)နေ့ တနင်္ဂနွေနေ့မှာ ရက်ယူထားလိုက်ပါတယ်။
ကိုခမိသားစုက မနက်ပိုင်း ကျနော်တို့အဖွဲ့(မန်းလေးဂေဇက်ရွာသူား)များက ညနေအတည်ဖြစ်သွားပါတယ်။
အဲဒါနဲ့မန်းလေးမှာရှိတဲ့ အဖွဲ့ဝင်များက လက်လှမ်းမီသလောက်ကိုမေးလ်နဲ့အကြောင်းကြား။
ဖုန်းနဲ့ချိတ်လို့ရတဲ့လူချိတ်။
ကျနော်ကလဲ လူစုံတဲ့ ဖေစ်ဘုတ်က ဂရုချက်တင်ကနေလဲအကြောင်းကြား။
အဲဒီမှာ အိတုန်က သူအလှူငွေထည့်ချင်တဲ့အကြောင်းပြောလာပါတယ်။
ဗုံဗုံ သူ့တို့အဆောင်က မိန်းကလေးများကလဲ သူတို့မှာရှိနေတဲ့ အဝတ်အထည်တွေလှူချင်ပါတယ်လို့
ကမ်းလှမ်းလာတော့ ဝမ်းမြောက်ဝမ်းသာနဲ့လက်ခံလိုက်ပါတယ်။
မောင်ပေ ဖိုးထောင် ဖောဂိုင်း ဖရဲမ ဦးမာဃ တို့ကလာမယ်ပြော။
ဘဲဥကတော့ ကျောက်ဆည်သွားမီရင်လာမယ်ပြော။
ဗုံဗုံကတော့ သူ့အဆောင်က ကလေးမများနဲ့လာမယ်ပြော၊
မန်းလေးကိုရောက်နေတဲ့စွယ်တော်ရွကအလုပ်သမားဆေးရုံကြီးမှာရှိနေမယ်ပြောတော့
ကျနော်ကဝင်ခေါ်မယ်လို့ချိန်းလိုက်ပါတယ်။
အဲဒီနေ့ညနေငါးနာရီလောက် ကျနော်က စွယ်တော်ရွက်ဝင်ခေါ်ပြီးလာခဲ့။
ကိုခနဲ့ဖိုးထောင်ကရောက်နှင့်။
ကျနော်ကတော့ထုံးစံအတိုင်းလက်ဆော့။
ထမင်းစားဆောင်ထဲမှာခင်းကျင်းထားသောအုပ်ဆောင်းအုပ်ထားတဲ့ထမင်းပုဂံလေးများကို
သန့်ရှင်းသပ်ရပ်စွာမြင်ရတဲ့အခါ စိတ်ကျေနပ်မိ။
နောက်တော့ မာဃ ဖရဲမ ဖောဂိုင်းတို့ရောက်လာ။
သိပ်မကြာခင် ဗုံဗုံတို့က အထုပ်ကြီးတွေနဲ့ရောက်လာ။
ဆရာလေးများက ကိုယ်တိုင်လှူချင်လဲရတယ်ပြောပေမယ့်
ထည့်လာတဲ့အိတ်တွေတောင်ပြန်မယူဘဲ အထုပ်လိုက်လှူခဲ့ကြ။
ခဏနေတော့မောင်ပေနဲ့ မိတ်ဆွေများ မေမြို့ကဆင်းလာတာကနေ ကျောင်းကိုတန်းဝင်။
ကလေးများ ထမင်းစားချိန်မှာတော့ ညီညီသေဝပ်စွာတန်းစီလို့ခန်းမထဲကိုဝင်။.
သူ့နေရာမှာသူထိုင်ပြီးတဲ့အခါမှ ထမင်းမစားမီဝတ်ပြုဆုတောင်း။
မယ်သီလရင်ကြီးတစ်ပါးက ကြပ်မတ်စောင့်ကြည့်။
ခဏနေတော့ကျနော်တို့ဧည့်သည်များကို ထမင်းကျွေးမွေး။
ဘူးသီးချဉ်ရေပူပူနွေးနွေး။
ဝက်သားဟင်း၊ကြက်သားဟင်း။
ထောပတ်ပဲနှပ်၊
ကျောက်ပွင့်သုပ်။
ခရမ်းချဉ်သီးချက် အတို့အမြုတ်။
ပျော်ပျော်ပါးပါးနဲ့မြိန်ယှက်စွာထမင်းတွေစား။
မောင်ပေနဲ့ဖိုးထောင်က ထမင်းလိုက်ပွဲတွေလိုတာတွေကိုကူညီလို့ဖြည့်ပေး။
စိတ်ချမ်းသာစရာကြည်နူးစရာ။
ထမင်းစားပြီးပြန်တော့ ကျောက်ကျော လက်ဖက် အသီးအနှံများနဲ့ဧည့်ခံ။
စကားစမြည်တွေပြောကြ။
(7)နာရီထိုးခါနီးမှာအားလုံးနုတ်ဆက်လမ်းခွဲလို့ပြန်ခဲ့ကြပါတယ်။
ဒီကျောင်းလေးက လာလို့လွယ်ပါတယ်။
နန်းရှေ့ (63)လမ်းမပေါ်မှာတည်ရှိပါတယ်။
မနောမယဘုန်းကြီးကျောင်းရဲ့အရှေ့ဘက်ပါ။
62လမ်းဘက်ကလာမယ်ဆိုရင် ကျုံးထဲကို ရေဝင်တဲ့မြောင်းလေးနားကိုရောက်တဲ့အခါ
မြောက်ဘက်ခြမ်းကလမ်းအတိုင်း ဝင်ခဲ့ရင်63လမ်းပေါ်ရောက်တာနဲ့ကျောင်းကိုရောက်ပါတယ်။
19လမ်းဘက်ကလာမယ်ဆိုရင် 63လမ်းမအတိုင်း တောင်ဘက်ကိုတည့်တည့်လာခဲ့တဲ့အခါ
ရေဝင်မြောင်းလေးမရောက်ခင်အရှေ့ဘက်ခြမ်းမှာရှိပါတယ်။
26ဘီလမ်းက လာမယ်ဆိုရင်တော့ 63လမ်းအတိုင်းမြောက်ဘက်ကိုလာခဲ့ရင် ရေမြောင်းလေးကျော်လိုက်တာနဲ့
ကျောင်းကိုရောက်ပါတယ်။
ဒီကျောင်းလေးတည်ထောင်ခဲ့တာတော့ကြာပါပြီ။
ထူးခြားသောအဖြစ်အပျက်ကတော့
ကြည်ပြာ ဆိုသော ရုပ်ရှင်ဇာတ်ကားကြီးဒီကျောင်းကိုအခြေခံ၍ရိုက်ကူးခဲ့။
မေဝင်းမောင်အကယ်ဒမီရခဲ့။
လူသိများလာခဲ့။
နှစ်များစွာတော့ကြာခဲ့ပြီ။
ဒီကျောင်းကနေပညာသင်ကြားပြီးလူ့လောကထဲမှာရဲဝံ့ခိုင်မာစွာရပ်တည်နိုင်သော
ကလေးများလည်းမြောက်များစွာရှိနေခဲ့ပါပြီ။
ဒီကျောင်းမှထွက်ခွာသွားသော်လည်း မိမိအားကူညီခဲ့သောကျောင်း၏အကျုးိကို
ပြန်လည်သည်ပိုးဆောင်ရွက် သူ ပြန်လည်ကူညီသူများလဲရှိခဲ့ပါပြီ။
သို့သော် မိဘမဲ့ကလေးအသစ်များက ထပ်မံရောက်ရှိနေဆဲ။
အလှူရှင်များလဲလိုအပ်နေဆဲ။
ကျနော်တို့မိတ်ဆွေအစုလေးက သဲတမူန်အနေဖြင့်ပါဝင်ခွင့်ရခဲ့သည့်အတွက်ရင်မှာကြည်နူးကျေနပ်နေဆဲ။
ကိုပေါက်လမ်းသလားနေသည်
17-3-2013
















54 comments
ကိုပေါက်(မန္တလေး)
March 18, 2013 at 9:22 am
ကလေးများထမင်းစားနေခိုက်မှာ စိတ်လွတ်လပ်စွာ စားစေလိုသောဆန္ဒကြောင့်
ထမင်းစားသောက်နေသောပုံများကိုတော့ ဓါတ်ပုံမရိုက်ခဲ့ပါခင်ဗျား။
water-melon
March 18, 2013 at 9:41 am
သာဓုခေါ်ပါတယ် လေးပေါက်ရေ
နောက်လည်းဒီထက်မက လှူနိုင်ပါစေ
နောက်တစ်ခေါက်ဆို ကျနော်လည်းပြောပြအုန်းဂျ
ချဉ်ဟင်းလေးနဲ့ကြက်သားချက်လေး ထပ်စားချင်သေးတယ်ဂျ
ကိုပေါက်(မန္တလေး)
March 18, 2013 at 9:44 am
တစ်ခုကျန်ခဲ့လို့ဗျာ။
ကျနော်တို့ဝိုင်းလှူဒါန်းလိုက်တဲ့ငွေထဲကနေ ညနေစာ တစ်နပ်အတွက်ကျသင့်ငွေနုတ်ပြီးလို့
ပိုနေသေးတဲ့ ကျပ်သုံးသောင်းကို နဝကမ္မလိုရာသုံးဘို့ တစ်ခါထည်းလှူဒါန်းထားခဲ့တယ်ဆိုတာလေးပါ။
ဦးဦးပါလေရာ
March 18, 2013 at 9:54 am
သာဓုပါကိုပေါက်ရေ-
ကိုခင်ခ၊ ကိုပေါက်နဲ့ အလှူရှင်များကို ချီးကျူးဂုဏ်ပြုပါတယ်။
စကားမစပ်-
ဒီနိုင်ငံမှာ အစိုးရလုပ်ရတာ တော်တော်လွယ်သား….ဗျ…
သူများလုပ်ထားတာကို အသိအမှတ်ပြုပေးလိုက်ရုံပဲ…။
ဦးဦးပါလေရာ
March 18, 2013 at 9:55 am
သာဓုပါကိုပေါက်ရေ-
ကိုခင်ခ၊ ကိုပေါက်နဲ့ အလှူရှင်များကို ချီးကျူးဂုဏ်ပြုပါတယ်။
စကားမစပ်-
ဒီနိုင်ငံမှာ အစိုးရလုပ်ရတာ တော်တော်လွယ်သား….ဗျ…
သူများလုပ်ထားတာကို အသိအမှတ်ပြုပေးလိုက်ရုံပဲ…။
(လူမှု့ဝန်ထမ်းဦးစီးဌာန၏အသိအမှတ်ပြု ဆိုတာလေး ဖတ်ရ လို့…)
ကိုပေါက်(မန္တလေး)
March 18, 2013 at 12:00 pm
ကိုပါ အသိအမှတ်ပြုတာ မခံရရင်
လူကုန်ကူးဘို့ မိန်းခလေးတွေစုနေပါတယ်လို့ဖွလိုက်ရင် ဂွိသွားနိုင်တယ် ကိုပါ။
KZ
March 18, 2013 at 10:02 am
သာဓု၊ သာဓု၊ သာဓု
:hee:
လုံမလေးမွန်မွန်
March 18, 2013 at 10:25 am
သာဓု..သာဓု..သာဓု..
ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်လို့..
နောင်လည်း ဒီထက်မက အဆပေါင်းများစွာ လှူနိုင်ပါစေရှင်….
ဗုံဗုံ
March 18, 2013 at 10:27 am
ချဉ်ရေဟင်းက တော်တော် သောက်လို့ကောင်းတယ် မိဗုံ တို့အဖွဲ့ စားလိုက်ကြတာများ အငတ်ပြည်ကနေ ဓာတ်လှေကားနဲ့ ဆင်းလာသလား အောက်မေ့ရတယ် သဂျားမင်းကလည်း စားလိုက်တာ နတ်ပြည်မှာ မစားရသမျှ အတိုးချပြီးတွယ်နေတာ
စားသောက်ပြီး ဒန်းစီးပြီး ပြန်လာကြတာ ခဏလေးဘဲနေခဲ့ရလို့ သိပ်မကျေနပ်ဘူး ဒါနဲ့ ဖေပေါက် တမီးတို့ အဖွဲ့ ပုံလှလှလေးတွေ ဘာလို့မတင်တာလဲ စွံချင်ပါတယ်ဆိုမှ( တမီးတို့ အဖွဲ့က အားလုံး လိုင်စင်ရှိဝူးး )

ကိုပေါက်(မန္တလေး)
March 18, 2013 at 11:48 am
လူတစ်ယောက်ချင်းပုံက မေးလ်ထဲမှာပို့ပေးမှာပါကွဲ့။
အဲဒီက ကလေးမလေးတွေပုံကိုတောင် မျက်နှာထင်ရှားအောင်မရိုက်ခဲ့ဘူးကွဲ့၊
water-melon
March 18, 2013 at 10:34 am
လိုင်စင်မရှိရင်တော့ အပြင်သိပ်မထွက်နဲ့လေ
ဒီရက်ပိုင်း ဖြူဖြူကောင်တွေသိပ်ပေါနေတယ်
ခဏလေးနေရလို့ မကျေနပ်ပါနဲ့ကွယ်
ဗုံလေးနေချင်ရင်ပြောလေ ကိုယ်တိုင်ကိုယ်ရောက်လိုက်အပ်ပေးမယ်လေ
ဗုံဗုံ
March 18, 2013 at 10:40 am
အိမ်း ဖြဲမတို့များ ထမင်းစားတာတောင် ဖြောင့်ဖြောင့်မစားနိုင်ဘူး လိုင်စင်ကြီးနဲ့ ဆိုတော့ နာက ခါးဖက်ပြီး ဆိုင်ကယ်စီးချင်တာဟဲ့

water-melon
March 18, 2013 at 11:19 am
အမလေး ညည်းတို့အကြောင်းမသိရင်ခက်မယ်
ိုလိုင်စင်မရှိတာတော့မဖစ်နို်င်ဖူး
လိုင်စင်အသိမ်းခံရတာနေမှာ
ဟီး ခါးဖက်စီးချင်ရင် အမြန်ရှာကြအေ့
နာရှာပေးရမလား
ဦးကြောင်ကြီး
March 18, 2013 at 10:37 am
ကြက်ကြီးနဲ့ဝက်ကြီးက ဦးပေါက်တို့ကို လူဇိုးတွေတဲ့…… သာဓု သုံးကြိမ်ခေါ်ပါတယ်ဗျာ..။
ကိုပေါက်(မန္တလေး)
March 18, 2013 at 11:56 am
ဟုတ်ဘူး သူ့ဖာသာသူ သေပြီးသားဝယ်ချက်တယ်။
ဒီမယ်မောင်ကြောင်
အတည်ပြောမယ်။
အသားဟင်းးးးးးးကျွေးတဲ့အလှူမှာအစာအဆိပ်သင့်တာမကြားဘူးသေး။
မန်းလေးပုသိမ်ကြီးက အလှူ တစ်ခုုမှာ အသီးအရွက်ကျွေးတာ
အစာအဆိပ်သင့်လို့တဲ့။
နောက်စက်ရုံတစ်ခုကလဲ မုံလာထုပ်သူုပ်နဲ့ကျွေးတာ အစာအဆိပ်သင့်သတဲ့.။
အခုရက်လေးတင်ကပ်ဖြစ်တာ။.
သဘောပေါက်။
Myo Thant
March 18, 2013 at 10:44 am
ကိုပေါက်ရေ
ကျနော့်ဆီ ဖုန်းဆက် အကြောင်းကြားတာ ကျေးဇူးပါ ၊
နောက်တစ်ခါ အကြောင်းညီညွတ်အောင် ကြိုးစားပါ့မယ်ဗျာ ၊
ကိုပေါက်(မန္တလေး)
March 18, 2013 at 11:50 am
ကိုမျိုးရေ ကျနော်က တာဝန်မကျေမိဘူး။
အလှူရောက်ရင် ကိုမျိုးကိုဖုန်းဆက်ပြီး အားလုံးနဲ့စကားပြောရအောင်စီစဉ်ပေးမယ်ပြောပြီး
ဓါတ်ပုံလျောက်ရို်က်နေတာ အပြန်လမ်းမှဘဲသတိရမိတယ်
ကတိပေးထားတာကို။
ခွင့်လွတ်ပါဗျိူးးးးးးးးးးးးးးးးးးးးး
Myo Thant
March 18, 2013 at 12:25 pm
မလွှတ်နိူင်ဘူးဗျာ
ချွေးမလေးကို ကောင်းကောင်းနဲ့ ဖုန်းပြောခိုင်းမလို့ဟာကို
🙂
စ တာပါကိုပေါက်ရေ
ကျနော် သင်္ကြန်အပြီး မန္တလေးမှာ ပဉ္ဇင်းဝတ်တော့ တွေ့ကြတာပေါ့နော့
၁၈ ရက်နေ့လောက်ဆို မန္တလေးရောက်လာမှာပါ
ကျနော်အကြောင်းကြားပါ့မယ် ၊
၁၁ ည ရန်ကုန်ကထွက် မြစ်ကြီးနားတက်ပြီး ပြန်ဆင်းလာမှာပါ ၊
မဟာရာဇာ အံစာတုံး
March 18, 2013 at 11:11 am
ကောင်းကင်မှာ လမင်းကြီး သာနေတယ် ..
မြေပြင်မှာ မဟာသမုဒ္ဒရာ ရှိတယ် …
လမင်း အရိပ်က သမုဒ္ဒရာမှာ ပေါ်တယ် …
ဒီအလှူအတွက် ကျုပ် ရင်နဲ့ သာဓု ခေါ်သွားတယ် …
သာဓု .. သာဓု .. သာဓု ပါ ..
ဖေပေါက်ဂျီး၊ ဦးခင်ခဂျီး တို့ရေ …
ကျန်ဒဲ့လူဒွေ ပါဝူးးးကွာ …
ခေါ်စေချင်ရင် ကွမ်းလာကျွေး .. ဒါဗျဲ ..
amatmin
March 18, 2013 at 11:51 am
မုဒိတာဝင်ပွားရင်. သာဓုခေါ်.ကြည်နူးသွားပါတယ်.ဗျ
ကိုပေါက်(မန္တလေး)
March 18, 2013 at 12:01 pm
နောင်ထပ်မံလှူဒါန်းနိုင်ဘို့ကြိုးပမ်းကြပါဦးမည်
ခင်ခ
March 18, 2013 at 12:03 pm
ကိုစွယ်တော်ရွက် ပေးလာတဲ့ ပါဝင်လှုတဲ့ငွေရယ်
ကိုဖိုးထောင် ပါဝင်လှုတဲ့ထဲက ငွေတစ်ချို့ရယ်
မအိတုံ ပို့ပေးပြီး လှုတဲ့ ငွေရယ်
အဲဒါတွေကိုပေါင်းပြီး မိဘမဲ့ကျောင်းဂေဟာ နဝကမ္မလိုရာသုံးဘို့ ကျွန်တော် တစ်ခါထည်းလှူဒါန်းထားခဲ့ ပါတယ်ဗျ။ စုစုပေါင်း သုံးသောင်းပါ။
ဘယ်သူက ဘယ်လောက်ဆိုတဲ့ ငွေပမာဏတွေတော့ မဖော်ပြတော့ပါဘူး ကာယကံရှင်များသိပါလိမ့်မယ်ခင်ဗျ။
Ma Ei
March 18, 2013 at 12:20 pm
ကိုပေါက်ရေ…
သတင်းရနောက်ကျလို့ အလှူမပါလိုက်ရတာ ..
နောက်တစ်ခေါက်ပြောပါနော်…
koaung
March 18, 2013 at 12:29 pm
ကိုုပေါက်ရေ ဦးဆောင်မှုနဲ ့ အလှုအတွက်သာဓုုပါဗျာ
kyeemite
March 18, 2013 at 1:05 pm
သာဓု..သာဓု..သာဓု..
ကိုပေါက်နဲ့ မန္တလေးအဖွဲ့သားများကိုယ်စားကြည်နူးပီတိဖြစ်မိကြောင်းပါဗျာ…
ကိုပေါက်(မန္တလေး)
March 18, 2013 at 1:26 pm
ကျနော်ဦးဆောင်တယ်လို့ဆိုရင် မှားပါလိမ့်မယ်ခင်ဗျာ.
ဒီလိုဘဲပြောရင်းဆိုရင်းကနေဖြစ်သွားကြတာပါဗျိုး။
နောင်ထပ်မံ၍ပြုလုပ်နိုင်အောင်ကြိုးစားပါအုံးမည်။
weiwei
March 18, 2013 at 1:57 pm
သာဓု .. သာဓု .. သာဓု ပါ ..
နောင်လဲ အခုထက်ပိုပြီး လှူဒါန်းနိုင်ပါစေ ….
mobile
March 18, 2013 at 2:47 pm
ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါ၏………..
အင်မတန်မှ မွန်မြတ်လှပါ၏………………..
ဧရိပ်မွန် ဆိုလို့ကျုပ်လည်း ချောင်းဦးမြို့ မှာရှိတဲ့ ဧရိပ်မွန် ၂ ဆိုလား ၃ ဆိုလားသေချာမမှတ်မိ
အဲ့ဒီကိုတော့ တစ်ခါရောက်ဖူးပါ၏…. အလှူသွားလုပ်တယ်တော့ ဟုက်ပါဘူး…..
သူများအလှူလုပ်တာကို သွားစားတာပါ………………
ဖိုးထောင်
March 18, 2013 at 3:41 pm
သာဓုပါတော်
Novy
March 18, 2013 at 3:45 pm
လေးပေါက်ရေ..
သာဓုသုံးကြိမ်ခေါ်သွားပါတယ်
အလှူလုပ်တာမသိလိုက်ရလို့ အလှူငွေတောင်မထဲ့လိုက်ရဘူး
ကိုပေါက်(မန္တလေး)
March 18, 2013 at 4:13 pm
အခုတစ်ခါက ရီဟာဇယ်။
နောက်တစ်ခါ အများကြီးပါဝင်နိုင်အောင်ကြိုးစားပါမည်။
Foreign Resident
March 18, 2013 at 4:47 pm
သာဓု သာဓု သာဓု ပါ ကိုပေါက်ရေ ။
Mr. MarGa
March 18, 2013 at 5:44 pm
ခရမ်းချဉ်သီးချက် သတိရမိတယ်
သရက်သီးလေး ထည့်ပေးမယ်ဆို နောက် နှစ်ပန်းကန်လောက် ဝင်ဦးမယ်
အဟိ
မိုက်ကယ်ဂျော်နီအောင်ပု
March 18, 2013 at 6:24 pm
တစ်ခါတစ်လေကြပြန်တော့လည်း ဒီလိုအကြောင်းလေးတွေမှာ
ကံ ဆိုတဲ့အကြောင်းကိုတွေးတောမိတယ်
ဆင်းရဲကြသည် ချမ်းသာကြသည် ကိုယ်လက်အင်္ဂ ါပြည့်စုံကြသည် မပြည့်စုံသည်
မိဖဆွေမျိုးတို့ အစုံလင်ရှိသည် မရှိသည်
စသည် စသည်တွေ အများကြီးကွဲပြားခြားနားကြတဲ့
ကံ လား
သဘာဝလား
ဖြစ်အင်တွေလား
အကြောင်းတွေလား
လူ့ဘဝရဲ့ အဲ့သည်မတူညီမှု့တွေမှာ သံဝေဂလေးတော့အရမိသား
အေ့
ကြံကြံဖန်ဖန်တွေးမိတာလေးရှိခဲ့ဘူးတာပါဘဲ
ဒီကလေးတွေ မုန့်ဘိုးပဲဘိုးတွေရကြသလား မုန့်တွေပဲတွေဝယ်စားခွင့်ရကြသလား
လိုခြင်တာကို ပူစာခွင့်ရကြသလား စားခြင်တာကို ပြောခွင့်ရကြသလား
ဥပမာ
ထမင်းစားဘို့အတွက် သူတို့ခမျာ ဆုတောင်းပေးရတာကလည်း အလုပ်ကြီးတစ်ခုဘဲ
ပြောရရင်တော့ အောလပုံပေါ့ဗျာ
ဘာဘဲဖြစ်ဖြစ်ပါ ဒီလိုကလေးသူငယ်တွေကို သူတို့နှစ်သက်ရာတစ်ခုခုကို ပေးလိုက်မယ်ဆိုရင်
သူတို့လေးတွေ ဝမ်းသာသွားလိမ့်မယ်ထင်တယ်နော
အထင်ပါ
ကိုပေါက်(မန္တလေး)
March 18, 2013 at 6:38 pm
ကိုပု ရေ
အခုခေတ်မှာ ပူဆာခွင့်မရကြတာက ဒီမိဘမဲ့ကလေးတွေတင်မဟုတ်ပါဘူး။
သာမန်မိသားစုကပေါက်ဖွားသော ကလေးအတော်များများ မှာ ပူဆာခွင့်
တောင်းဆိုခွင့် မရကြရှာပါဘူး။
အဲတော့ မလှူခင်ကျောင်းကိုအရင်သွား အဲဒီကလေးတွေကို ပစ္စည်းသုံးမျိုးထဲက တစ်ခုလိုချင်တာရွေးဆိုပြီး
ရွေးချယ်ခွင့်လေးပေးကြည့်ရင်ကောင်းမလား။
ကိုရင်စည်သူ
March 18, 2013 at 6:44 pm
ကိုပေါက်ရေ.. သာဓုခေါ်မိပါတယ်ဗျာ..။
ဒါနဆိုတာ ပြုတတ်တဲ့ ဉာဏ်၊
ပြုနိုင်တဲ့ စိတ်ဓါတ်အား၊ ပြုပြီးတဲ့ ပီတီစတဲ့
စိတ်စေတနာရှိသူတွေမို့.. လေးစားလျက်ပါဂျာ.. 🙂
မောင် ပေ
March 18, 2013 at 8:43 pm
သည်ပွဲမှာတော့
မောင်ပေနှင့်အပေါင်းအပါများသည် အစားအများဆုံး ဖြစ်မည် ဖြစ်သည် ။
ခရီးကပြန်ရောက်ရောက်ခြင်း ၊ ဟင်းချက်လက်ရာ တစ်ကယ်ကိုကောင်းတဲ့ ကျောင်းမှာ တစ်ဖွဲ ့လုံး ညစာလွတ် အဝတွယ်လိုက်ရတာကလား
ဟီဟိ
နောက်လဲ သည်လို ဆုံကြပါဦးမည်။
padonmar
March 18, 2013 at 9:51 pm
သာဓုခေါ်ပါတယ်။
ကြည်ပြာကားလဲ မှတ်မိပါတယ်။
ရာမည
March 18, 2013 at 11:13 pm
သာဓုပါဗျာ
ကျွန်တော်လည်းနောင်ကြုံကြိုက်ရင်လှူချင်ပါတယ် ။
Fall Guy
March 19, 2013 at 12:36 am
ကိုပေါက်ရေ
အခုလိုပွဲမျိုးကိုသတိတရအကြောင်းကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်…။
အခုဟာက ရီဟာဇယ်ဆိုတော့နောက်တစ်ခါ ပွဲကြီးဖြစ်အောင် ဦးဆောင်ပါဦးလို့……….။
MaMa
March 19, 2013 at 6:20 am
ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ် ကိုပေါက်ရေ။
ဘပုပြောသလို ပူဆာခွင့်ရကြသလား ဆိုတာနဲ့
ထမင်းမစားမီ ဆုတောင်းစာရွတ်ရတယ် ဆိုတာတွေကို အတွေးနယ်ချဲ့မိတယ်။
etone
March 19, 2013 at 10:36 am
မင်္ဂလာပါ လေးပေါက်ရေ ….
အလှူတစ်ခု ပြီးမြောက်ခဲ့တဲ့ အတွက် မုဒိတာပွားရင်း သာဓုလည်းခေါ်ပါတယ် ။ နောက်ထပ်လည်း အလှူတွေ ထပ်လုပ်နိုင်ပါစေနော် ။
ကြည်ပြာ ကား ရိုက်ခဲ့တာ … အဲ့ဒီကျောင်းကိုး …. ။ ဇာတ်လမ်းလေးထဲမှာကိုက … အကြီးနဲ့ အငယ် အဆင့်ဆင့် ထိန်းပြီး တာဝန်ပြန်ယူသွားတဲ့ အလေ့ထမျိုး ရိုက်ပြခဲ့တယ် … ။
ကထူးဆန်း
March 19, 2013 at 12:39 pm
အပေါ်က ပြောကြသူများ အတိုင်းပါဘဲခင်ဗျာ .. me23456 ပါ ။ :hee:
ကိုပေါက်(မန္တလေး)
March 19, 2013 at 2:44 pm
ကဲ မန်းလေးမှာ တစ်ပွဲလောက်ဖြစ်အောင်လုပ်ကြစို့ဗျို့
uncle gyi
March 19, 2013 at 10:41 pm
စည်မတီးဗျောမတီးပဲလှူဖြစ်သွားတာဝမ်းမြောက်စွာသာဓုခေါ်ပါကြောင်း
ဗျို့မဟစ်တာကိုတော့စိတ်ဆိုးပါကြောင်း
ကိုပေါက်(မန္တလေး)
March 20, 2013 at 1:38 pm
ရီဟာဇယ်လို့ ဆိုနေပါတယ်ဆိုမှအေ
ညည်းကလဲ စိတ်ချည်ဘဲ
ဆူး
March 20, 2013 at 11:40 am
လူ စာရင်းမှာ ၁၀၄ယောက်နော်.. မနက်စာ ကို ၄သောင်း နေ့လည်စာ ၈သောင်း ဆိုတော့ နည်းနည်းများ သက်သာနေလားလို့.. နောက်ပြီး ဧည့်သည် ၁ဝယောက်တောင် ရတယ်ဆိုတော့.. အချက်အပြုတ် စေ့စပ် သေချာတဲ့ သီလရှင်ကြီးတွေ ဦးစီးလို့ ဖြစ်ရမယ်။
အလှူ ကို အလေအလွင့်မရှိ လုပ်ပေးထားတာ ဆိုတော့ လှူရတာ တကယ်ကို မြတ်ပါတယ်။
သာဓုလည်း ခေါ်ပါတယ်။
အလှူ အတွက်လည်း ပီတိ ဖြစ်မိပါတယ်။
ကိုပေါက်(မန္တလေး)
March 20, 2013 at 1:40 pm
အချက်အပြုတ်သေချာပါ၏။
လူအများကြီးနဲ့ နေရတဲ့ ကျောင်းဖြစ်နေတော့ ချို့ယွင်းချက်ရှိကောင်းရှိပေမယ့်
လှူဒါန်းရတာ စိတ်ချမ်းသာပါကြောင်း