ထမ့်စမ်းဂူ



















ထမ့်စမ်းဂူ ဓါတ်ပုံများဖြစ်ပါတယ်။ တောင်ကြီးကနေ ၂၈ မိုင် အကွာမှာရှိပြီး တစ်နာရီကျော်လောက် ကားစီးရင် ရောက်ပါတယ်။ ထူးခြားတာကတော့ ပအို့ဝ်လက်နက်ကိုင် အစောင့်အကြပ်များရှိနေခြင်းပါပဲ။ တရုတ်ပြည်က လှိုင်ဂူတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ကျွန်မကတော့ တရုတ်ပြည်မထဲက လှိုဏ်ဂူတွေထဲ ရောက်ဖူးခဲ့လို့ အဲဒီက ပညာရှင်တွေကိုခေါ်ပြီး ထမ့်စမ်းဂူကို ပြုပြင်လိုက်ချင်စိတ်တွေသာ ဖြစ်ပေါ်ခဲ့ပါတော့တယ် ….
ဘုရားဖူးများအားလုံးကို သတ်သတ်လွတ် စတုဒီသာ ထမင်း ကျွေးမွေးပါတယ် … အဲဒီနေ့ကတော့ ထူးထူးခြားခြား ဘိုကိတ်ပဲလိုမျိုးပဲညိုညိုတွေကိုပြုတ်ပြီး သစ်ဥသစ်ဖုတွေရောပြီး မုန်ညင်းစိမ်းရွက်နဲနဲခပ်ထားတဲ့ အရည်ဟင်းတစ်မျိုးဖြစ်ပါတယ် … စားကြည့်တော့ အရသာထူးခြားကောင်းမွန်တာ တွေ့ရတယ် … ဓါတ်ပုံရိုက်ခဲ့ဖို့ မေ့သွားလို့ ပုံတောင်မပြနိုင်တော့ဘူး ..


နောက်ဆုံး ၂ ပုံ အသစ်ထပ်ဖြည့်ထားပါတယ် ။
23 comments
weiwei
March 22, 2013 at 12:18 pm
ဂူတွေထဲမှာ အလင်းရောင်အားနဲလို့ ဓါတ်ပုံတွေ မှောင်နေပါတယ် …
မွေတော်ကက္ကူဘုရားနဲ့ ထမ့်စမ်းဂူကို သွားရတာနဲ့ တောင်ကြီးခရီးစဉ်က သွားဖို့ထိုက်တန်ပါတယ်လို့ … မသွားဖူးရင် တစ်ခေါက်လောက် သွားကြပါလို့ တိုက်တွန်းချင်ပါတယ် ..
မဟာရာဇာ အံစာတုံး
March 22, 2013 at 1:22 pm
ထမ့်စမ်းဂူ က အသက်ရှူရတာတော့ ကြပ်တယ်ဗျ …
ဒီဂူက လူလုပ်ဂူလို့ ပြောရမလားပဲ ..
အရင်က သူတို့ အောင်းခဲ့တဲ့ နေရာလို့လည်း ထင်မိပါတယ် ..
နောက်ဆုံးမှာ ကန်လိုလို ဘာလိုလို ရေကြီးနဲ့ ပိတ်ထားတော့
ဆက်သွားလို့ ရပြန်တော့ဝူးးး
ထမ့်စမ်းဂူ ထက် ပင်းတယ ဂူကို ပိုနှစ်သက်သဗျ …
မိုက်ကယ်ဂျော်နီအောင်ပု
March 22, 2013 at 12:28 pm
( အဲဒီက ပညာရှင်တွေကိုခေါ်ပြီး ထမ့်စမ်းဂူကို ပြုပြင်လိုက်ချင်စိတ်တွေသာ ဖြစ်ပေါ်ခဲ့ပါတော့တယ် )
လက်ဘဒေါင်းဂ ချိုင်းနိဒေဂို သွားပင့်လာဘါလားအန်တီရဲ့
ဒါမှ
မြန်မာပြည်ထဲဂ တရုပ်ဒေ မျက်နှာပွင့်မှာပေါ့
weiwei
March 22, 2013 at 1:56 pm
ဘာမှလဲ မဆိုင်ဘူး ..
ထမ့်စမ်းဂူက လှသင့်သလောက် မလှတာကို အားမရလို့ … ခရီးသွားတွေကို အခုထက်ပိုပြီး စွဲအောင်မှုရှိအောင် လုပ်လို့ရလျက်သားနဲ့ မလုပ်ထားတာတွေ့ရလို့ ..
ရာမည
March 22, 2013 at 1:18 pm
မရောက်ဖူးသေးသောနေရာဖြစ်နေလို ့
အံ့ဩငေးမောစွာဖြင့် ——
တစ်နေ ့တော ့ရောက်အောင်သွားပါဦးမယ်
ဆူး
March 22, 2013 at 1:49 pm
ထမ်းစမ်းဂူ က တိုး ဆွဲဆောင်မှု အရှိဆုံး နေရာ အဖြစ် သတ်မှတ်ခြင်း ခံရတယ်လို့ သတင်းတခုမှာ တွေ့လိုက်တယ်။
ထမ့်စမ်းဂူ ကို မရောက်ဘူးသေးဘူး။
သွားတော့ သွားကြည့်ချင်တယ်..
Mr. MarGa
March 22, 2013 at 1:57 pm
အထဲက ကျောက်စက်ပန်းဆွဲတွေက တော့ တကယ့်ကို အံ့ချီးဖွယ်ပါဗျာ။
တကယ် လှပါတယ်
ရိုက်တဲ့သူလဲ တော်လို့ထင်ရဲ့ :hee:
kyeemite
March 22, 2013 at 2:38 pm
မရောက်ဖူးသေးဘူးဗျို့…
ကျောက်ဂူကြီးက တော်တော်လှတာပဲ…
ကြောင်ဝတုတ်
March 22, 2013 at 4:42 pm
လူသားအစတုန်းက လူသားတွေက ကျောက်ဂူထဲမှာနေခဲ့ကြရတယ်…
အခုတော့ လူသားတွေက အိမ်တွေမှာနေပြီး… ကျောက်ဂူတွေကို ပြန်သွားကြည့်ကြပြီ….
အိုဘယ့်… ရီဗိုလူးရှင်း…
ခင်မင်လျက်-
ဖက်ဖက်ကက်
MaMa
March 22, 2013 at 6:25 pm
ထမ့်စမ်းဂူလို့ ကြားဖူးကာစက ပြည်တွင်းကလို့ မထင်မိဘူး။
ပုံတွေကြည့်မိတော့လည်း နိုင်ငံခြားကလို့ပဲ ထင်နေမိတာ။
ကျောက်ခက်တွေ ကျောက်ပန်းဆွဲတွေနဲ့ လူလုပ်ဂူ မဟုတ်လောက်ဘူး ထင်တာပဲ။
ဒါ့ထက် နာမည်က ဘာဘာသာစကားနဲ့ ပေးထားတာလဲ၊ ဘာအဓိပ္ပါယ်လဲ မသိဘူးနော်။
padonmar
March 22, 2013 at 9:06 pm
လွန်ခဲ့တဲ့ ၁၆ နှစ်လောက်က တရုတ်ပြည် မန်စီက စန်ရှဲတုန့် ဂူထဲကိုရောက်ဖူးတယ်။
ကျောက်စက်ပန်းဆွဲ၊မိုးမျှော်တွေကို မီးရောင်စုံ ဆလိုက်တွေ ထိုးထားပြီး ဂူထဲလည်း သွားရလွယ်အောင်လုပ်၊ဂိုက်တွေလည်းပေးထားတယ်။
ဒေသခံတွေ အမြင်ကျယ်ရင် သဘာဝမပျက် အောင်ထိန်းသိမ်းပြီး သွားရေးလာရေး ကြည့်ရှုလွယ် မှတ်တမ်းတင်လွယ်အောင် ဖန်တီးပေးထားသင့်ပါတယ်။
ပအို့ဝ် ခေါင်းဆောင်ပိုင်းက လုပ်သင့်တာပေါ့။
ကထူးဆန်း
March 22, 2013 at 9:08 pm
ထမ်စမ်းဂူ က လူလုပ်ဂူ မဟုတ်ပါဘူး ..
လူ……အဲ …..အဲ ………..ဖျက်ဂူပါ ..
နှစ်ထောင်သောင်းချီပြီးမှ ဖြစ်လာတဲ့ မိုးမျှော်ကျောက်စက် တွေက လူတွေ သွားဖို့ ကောင်းကောင်ရှင်းထုတ်ထားတာ ခံလိုက်ရပြီလေ ….
ပြီးတော့ … မပြောတော့ ပါဘူး … သူကြီးဘဲ လာပြောလိမ့်မယ် …. :kwi:
ဦးကျောက်တို့ လက်အပ်ရမှာ .. :hee:
kai
March 22, 2013 at 11:40 pm
ပြောတော့ပါဘူး..
အဲ.. ပြောဦးမယ်..
ဂိုဂယ်ဆြာရောက်နေတယ်မဟုတ်လား..
သူက ဘာရီပို့လုပ်မလည်းဆိုတော့.. မြန်မာပြည်ရဲ့မြင့်သောနေရာတိုင်း.. အဖြူရောင်အုပ်ပုံချွန်တွေ နေရာသိမ်းထားတာအပြည့်နဲ့မို့.. ဝါယာလက်စစ်ဂနယ်တွေမိဖို့.. တာဝါတိုင်တွေထောင်တာမှာအင်မတန်ဒုက္ခတွေ့နိုင်တယ်ရေးလိမ့်မယ်..။
အဲဒီအုပ်ပုံတွေ.. တိုင်းပြည်ရေးအတွက်.. ဖြိုမယ်ဆို..
ဘာတဲ့.. ဓါးကြည့်တဲ့..
အသက်နဲ့ရင်းပလိုက်မယ်တဲ့..
အမျိုးဘာသာသာသနာတဲ့..။
ကွိ..ကွိ.. ဂွိ..။ :kwi:
မဟာရာဇာ အံစာတုံး
March 23, 2013 at 1:57 am
ဪ .. သနားလည်း သနားစရာပဲ …
အုတ်ပုံ နဲ့ ကားချပ် တွေပဲ မြင်တတ်တယ် ထင်ပါရဲ့ …
စိတ်ထဲမှာ ရည်မှတ်ရမယ့် သဘောတရားကိုတော့ မသိတဲ့ လူပါတကား …
ဂုဏ်တော် ဘယ်နှစ်ပါး ရှိမှန်းတောင် သိပါ့မလား …
.. ကျွတ် .. ကျွတ် …
မိုက်ကယ်ဂျော်နီအောင်ပု
March 23, 2013 at 2:05 am
ဘဝဟူသမျှ ဒုက္ခချဉ်းသာဖြစ်၏ ထို့ကြောင့် ဘဝဟူသမျှ ဘယ်ဘဝမျှ
ငါမခင်တွယ်
( အဲ့သည်စာကို ဘယ်လောက်ရှင်းပြနိုင်သလဲ
ကျုပ်စိတ်ကျေနပ်လောက်အောက်အောင်ရှင်းပြနိုင်ရင်
မြန်မာပြည်ထဲက ဘယ်ကောင်ကို သေစေခြင်သလဲ
kai
March 23, 2013 at 3:06 am
ဂေါတမဗုဒ္ဓက.. လူအသက်တွေမသတ်ဖို့မှာထားတယ်ကွယ်..
ဆိုတော့..
ဘုရားမှာထားတာကို မလိုက်နာတဲ့သူအကုန်သေစေချင်ပါတယ်..။
အဲ.
သတ်ပစ်.. သတ်ပစ်..။ :harr:
အရီးခင်လတ်
March 23, 2013 at 8:18 pm
{{
လူတစ်ယောက်သည် တစ်ခြားတစ်ယောက် နှင့် ကွဲပြားခြားနားပါသည်။ လူတစ်ဦးချင်းစီမှာ “ခံစားချက်များ၊ မျှော်လင့်ချက်များနှင့် အိမ်မက်များ” ရှိပါသည်။
ဒီမိုကရေစီစနစ်တွင် လူတိုင်းသည် အရေးကြီးသူ ဖြစ်ပါသည်။
}}
ဘုရားပုထိုးတွေ ကို အရေးမကြီးဘူးလို့ တစ်ချို့က ခံစားလို့ရပေမဲ့
ဘုရားပုထိုးတွေ က အရေးကြီးတယ်လို့ အများက ခံစားနေတယ် ဆိုခဲ့ရင် အများသဘောကို လွန်ဆန်လို့ မရပါဘူး။
ဒါပေမဲ့
တကယ်လို့များ
ဝါယာလက်စစ်ဂနယ်တွေကောင်းရင် တယ်လီဖုန်းတွေကိုလဲ အလကားပေး ဆက်ခကလဲ အင်မတန်ဈေးသက်သာမယ် လို့များ ဆွဲဆောင်ခဲ့ရင်
လူတွေ ဘယ်နှစ်ယောက်များ တိုင်းပြည်တိုးတက်ဖို့ လုပ်ရမှာဘဲ လို့ ပြောမလဲ မသိ။
ဘယ်နှစ်ယောက်က ဘာသာသာသနာ ကာကွယ်ရမယ် ပြောမလဲ မသိ။
ဒီတော့ ကောင်းကောင်းဆိုးဆိုး အများသဘောဆန္ဒဘဲ ဖြစ်ရမှာပေါ့။
Foreign Resident
March 23, 2013 at 5:48 am
” ဘိုကိတ်ပဲလိုမျိုးပဲညိုညိုတွေကိုပြုတ်ပြီး သစ်ဥသစ်ဖုတွေရောပြီး
မုန်ညင်းစိမ်းရွက်နဲနဲခပ်ထားတဲ့ အရည်ဟင်းတစ်မျိုးဖြစ်ပါတယ် …
စားကြည့်တော့ အရသာထူးခြားကောင်းမွန်တာ တွေ့ရတယ် ”
ထမ့်စမ်း ကိုရင်လေး ကတော့ ၊ ထမင်းစားသွားဖို့ ၊ ပြောရှာသား ။
ဒါပေမယ့် ၊ အချိန်ကလည်း ရှားပါး ၊
စတုဒီသာ ဆိုတော့ အရသာကောင်းမယ်လို့လဲ မထင်မိတာကြောင့် ၊
မ စားဖြစ်ခဲ့ဘူး ။
အမှန်က ၊ ဒေသစာလေး စားကြည့်သင့်တာနော် ။
ကို ငြိမ်းမောင်
March 23, 2013 at 11:32 am
ထမ့်စမ်းဂူရဲ့ ပုံလေးတွေ တွေ့ရလို့ ကျေးဇူးပါ။
ကျွန်တော်တစ်ခါမှ မရောက်ဘူးသေးပါ။
ဦးကြောင်ကြီး
March 25, 2013 at 10:25 am
ကမာ္ဘလှည့်ခရီးသွားတွေလည်း မတွေ့ပါလား.. အဘယ်ကြောင့်နည်း..
lu lu
May 13, 2014 at 10:41 pm
ပုံ ၁၃ မှာတွေ ့ရတဲ့ကိုရင် လေးကဒီ ဂူကို တောထဲလျှောက်သွားရင်းတွေ ့ခဲ့တာပါ တဲ့

တောင် ကြီး ၊ဟိုပုန်း ၊ထမ့်ဆမ်းရွာမှာရှိတာပါ ၊ကိုရင် လေးဂူလို ့လဲခေါ်ကြပါတယ်
ဟိုပုန်းဒေသ က ပအိုဝ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တဲ့ဒေသ ပါ ဒါကြောင့် ပအိုဝ့်လက်နက်ကိုင်တွေ ့ကိုအ စောင့်ထားတာပါ အဲဒီနေရာဆိုု ဘယ်လက်ကိုင် ဖုန်း
မှမမိပါဘူး ၊ ဘုရားဘူး လာသမျှလူတွေကို ပအိုဝ့်အလှူရှင် တွေက ထမင်းကျွေးတာပါ
သက်သက်လွတ်ပါပဲ အသီးအရွက်အစုံရောချက်ထားတဲ့ဟင်းတစမျိုးပဲကျွေးလေ့ရှိ
ပါတယ် အရသာတော့အရမ်းကောင်းတယ် ။ တိုး တွေမရှိတာက ဒေသခံလက်နက်
ကိုင် အဖွဲ ့ရှိလို ့နဲ ့တူပါတယ် ။မ ရောက်ဖူးသေးရင် အလည်လာခဲ့ဖို ့ဖိတ်ပါတယ် ။
alinsett (gazette)
May 14, 2014 at 3:28 pm
ဂူထဲမှာ
အေးစိမ့်နေမယ်ထင်တယ်
ကိုပေါက်(မန္တလေး)
May 14, 2014 at 4:26 pm
ကျ နော် တောင် ကြီး ကို အကြိမ် ကြိမ် ရောက် ပြီး မ ရောက်ဖြစ ်ခဲ့ တဲ့ နေ ရာ နှစ် ခု ရှိ ပါတယ်။
ထမ်း စမ်း ဂူ ရယ် မွေ တော် ကက္ကူ ရယ် ပါ။