Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်တော်စူပါမန်း….

SPMan

လမ်းကူးရင် လူကူးမျဥ်းကြားက ကူးပါတယ် ကျွန်တော်ဟာ စူပါမန်းပါ…

ဘတ်စ်ကားစီးရင် လဲ မှတ်တိုင် မှာ စောင့်စီးပါတယ်…… ကျွန်တော်စူပါမန်းပါ…

လမ်းလျှောက်ရင်လဲ ပလပ်ဖောင်းပေါ်က လျှောက်ပါတယ် ကျွန်တော်စူပါမန်းပါ…

ကားစီးရင်လဲ အားနွဲသူ မိန်းမသား၊မသန်မစွမ်း၊ကိုယ်ဝန်ဆောင် သက်ကြီးရွယ်အိုကို နေရာပေးပါမယ်.. ကျွန်တော်စူပါမန်းပါ…

အမှိုက်ကိုလဲ တွေ.ကရာမပစစ် အမှိုက်ပုံးတွင်သာ ပစ်ပါတယ် ကျွန်တော်စူပါမန်းပါ…

ကွမ်းတံတွေးကိုလဲ တွေ.ကရာပစ်ခနဲ မထွေးပဲ အိတ်ကလေးထဲထွေး အမှိုက်စို ပုံးထဲ ပစ်ပါတယ် ကျွန်တော်စူပါမန်းပါ…

ကားမောင်းရင်လဲ ကျော်မတက်၊ဖြတ်မကွေ.၊ဖြတ်မဝင်၊လမ်းကြောင်းမလု လမ်းစည်းကမ်းလိုက်နာ ပီး မောင်းပါတယ်… ကျွန်တော်စူပါမန်းပါ…….

ကားမောင်းနေစဉ် မျဉ်းကျားမြင်ရင် အရှိန်လျော့၊ မီးဝါဖြတ်၊ ဖြူနီကျား ကားရပ် တာတို.မလုပ်ပါဘူး ကျွန်တော် စူပါမန်းပါ…

ရုံးတွေသွားရင် အမြန်ကြေးနဲ. အလုပ်မလုပ်ပါဘူး…..ကျွန်တော်စူပါမန်းပါ

ရုံးမှာဆိုလဲ အချောင်မလိုက်၊ရေသာမခို၊ရတဲ့အခွင့်အရေး အပြည့်မယူ လုပ်သင့်တာကို လုပ်ပြီး ဟန်မလုပ်ပဲ တကယ်အလုပ်လုပ်ပါတယ် ကျွန်တော် စူပါမန်းပါ…

အောက်ခြေဝန်ထမ်းတွေကို အခွင့်အရေးတူ ဆက်ဆံပါတယ် ကျွန်တော်ဟာ စူပါမန်းပါ…

ဂဇတ်မှာလဲ ရွာကိုမီးမရှို.ပါဘူး ကျွန်တော်ဟာ စူပါမန်းပါ…

ပုဂိ္ဂုလ်ရေး ထိခိုက်အောင် မပြောပါဘူး ကျွန်တော်ဟာစူပါမန်းပါ…

သူတပါးစီးပွားဖြစ်နေတာကို မနာလိုမဖြစ်ပါဘူး ဖျက်လို.ဖျက်စီးမလုပ်ဘူး. ကျွန်တော်ဟာစူပါမန်းပါ…

သူများဟေးးးးတိုင်း လိုက် မဟေးးးးးပါဘူး…..ကျွန်တော်ဟာစူပါမန်းပါ…

ရုပ်ရှင်ကြည့်ရင်လဲ မှောင်ခိုလက်မှတ် ဝယ်မကြည့်ပါဘူး ကျွန်တော်ဟာ စူပါမန်းပါ..

ခိုးကူးခွေတွေလဲ ဝယ်မကြည့်ပါဘူး ကျွန်တော်ဟာ စူပါမန်းပါ…

နိုင်ငံခြားသားတွေစီကလဲ ငွေလိမ်မတောင်းပါဘူး ကျွန်တော်ဟာ စူပါမန်းပါ..

ကျွန်တော်အိမ်က ပစ္စည်းတွေကိုလဲ အပြင်ထုတ်မရောင်းပါဘူး ကျွန်တော်ဟာ စူပါမန်းပါ..

ထုတ်ခွင့်ရတိုင်း စည်းကမ်းမထုတ်ပါဘူး .. ကျွန်တော်ဟာ စူပါမန်း…

နိုင်ငံခြားကိုလဲ အထင်မကြီးပါဘူး ကျွန်တော်ဟာ စူပါမန်းပါ………..

လစာတွေလဲ အများကြီးရပါတယ်..ကျွန်တော် စူပါမန်းပါ…..

ဥပုဒ်နေတိုင် ဥပုသ်စောင့်ပါတယ် ကျွန်တော်ဟာ စူပါစူပါမန်းပါ….

ဟိုဟာလဲ မလုပ်ပါဘူး……………

ဟိုဒင်းလဲ မပြုပါဘူး……….

ဒါပေမယ့် အဲလို စူပါမန်းဖြစ်နေတာကို မြင်တဲ့သူတွေက မင်းက ငပေါတဲ့………… ကဲ……

 

ယခုပို.စ်အား အန်တီပဒုမ္မာ စူပါမန်းမှ ဆက်စပ်တွေးတောမိကာရေးခြင်းဖြစ်သည်။။။။

41 comments

  • ကြောင်ဝတုတ်

    March 22, 2013 at 2:54 pm

    ကျုပ်တို့ ငယ်ငယ်တုန်းက သူငယ်ချင်းတစ်ယောက်ကို စူပါမန်းလို့ ခေါ်ဖူးတယ်…
    ဘာလို့လဲဆိုတော့ ကျောင်းမှာပြသနာဖြစ်တိုင်းသူပါပြီး… ပါတိုင်းအဆူခံရလို့…
    စူပါမန်းလို့ ခေါ်တာ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • ရွှေတိုက်စိုး

      March 22, 2013 at 3:00 pm

      အင်းကျုပ်လဲ အဲလိုပဲ…. ပုပုလေးနဲ.သောင်းကျန်းလို. ကျောင်းမှာဆို တစ်ခုဖစ်ရင် ကျုပ်ပါကိုပါတယ်…
      အဲဒါ ကျောင်းမှာ နံမယ်တောင်ရှိတယ် ဆရာတွေက နံမယ်ပေးထားတာ ……. ကလေးငဆိုး တဲ့ ဟိဟိဟိ

      ပထမဆုံးကောမန်.အတွက် ကြောင်ဖက်ထုပ် အာာာာာာာာာဘွားးးးးးးးးးးးး :kwi:

  • Moe Z

    March 22, 2013 at 3:00 pm

    သာဓုပါတော် သာဓုပါ သာဓုပါ..
    ဘယ်သူက ငပေါလို့ပြောတာတုန်း ပြောပစေ သူတို့ကရူးနေတာ အာဏာရူး၊ ဥစ္စာရူး…..
    ဂရုမစိုက်နဲ့ .. အဲ.. လမ်းမှာ သများကအရေးကြီးလို့လမ်းတောင်းရင် ကားကို ဘေးချပေးနော် :mrgreen:

    • ရွှေတိုက်စိုး

      March 22, 2013 at 3:01 pm

      ဒါဆိုလဲ ပြောပေါ့ ကျမ အိမ်သာအရမ်းတက်ချင်နေလို. တစ်စီးလောက်ပေးပါရှင်လို….
      သေချာတယ် လမ်းပေးကိုပေးတယ်……….ဟိဟိဟိ

  • ဦး ကျောက်ခဲ

    March 22, 2013 at 3:01 pm

    အင်းပေါ့ဗျာ… ကိုရွှေတိုက်က..
    အပေါ်ကလူဝကြီးထက် သာသွားပြီ ဆိုတော့…
    ကျွန်တော် စူပါမန်းလို့ အားရပါးရ ကြွားပါလေ… အား ဟိ
    :kwi:

    • ရွှေတိုက်စိုး

      March 22, 2013 at 3:05 pm

      အင်း အဲဒီလူဝကြီးက အဆီပိတ်ပီး မျိုးတုံးပျောက်ကွယ်လုဖစ်နေတဲ့ ရှားပါး ရှေးဟောင်းလူဝကြီးပါဗျာ..
      နောက်ဆို ပြတိုက်ပို.ရတော့မှာ…..
      ဒါနဲ. ကိုရင်ကျောက် အိမ်သာကျင်းတူးရင် ဘေးက မြေကာ ဝါးယက်ရင် ဝါးလိုမှာပေါ့.. လိုရင်ပြောနော.. ကျွန်တော် ယောက္ခမက ဝါးကုန်သည်…. ဟိဟိ

  • တောက်စ် …
    အိုက်ဒီ စူပါမန်း ကိုဒါ ..
    ယောက်ခမ တော်လိုက်ရရင် ..
    နာလည်း စူပါမန်း ဖြစ်လောက်ဒယ် …. ဟီဟိ .. :mrgreen:

    • ရွှေတိုက်စိုး

      March 22, 2013 at 3:10 pm

      နာတမီးဂို ယူချင်ရင် နီမျက်ခွိ ကို အဝိုင်းဖစ်အောင် လုပ် ပေးချားမယ်…. ဒါပဲ..
      နီလုပ်မှ နာတမီး တော့ ထွက်လာရဲမှာကို ဟုတ်တော့ဘူး… လေးထောင့်ကောင်ကြီး ဟွင်းဟွင်းဟွင်း

  • ဆူး

    March 22, 2013 at 3:11 pm

    ရွှေတိုက်တောင် စူပါမန်း တောင် ဖြစ်နေပါကောလား..

    လမ်းသွားရင်းနဲ့ ရှုးရှုးပေါက်ချင်တဲ့ အခါ.. အိမ်သာ မရှိတဲ့နေရာ.. ခြုံပုတ် မရှိ တဲ့ လမ်းတနေရာ ကွင်းပြောင်ပြောင် စီစီတီဗွီ အပြည့် ဖြစ်နေတယ် ဆိုရင် အဲ့ဒီမှာ အချိန် ကို မစောင့်နိုင်ပဲ ခန္ဓာကြီးက ဆန္ဒပြနေမယ် ဆိုရင်.. စူပါမန်းကြီး ဖြေရှင်းနည်းလေး လမ်းညွန်ပေးပါ။

    • ရွှေတိုက်စိုး

      March 22, 2013 at 3:19 pm

      ပွင့်လင်းမြင်သာမှုရှိတဲ့ခေတ်မှာ တေးပေါက်တာ ရှက်ချရာမဟုတ်ပါဘူးဂျာ…
      တစ်ခုတော့ချိတယ် ခြုံပုတ်တွေ မချိဘဲ တော့ စီစီတီဗွီမချိနိုင်ဘူး တော့….ဟီးဟိ
      အခု စီစီတီဗွီတွေက တဲခိုခန်းတွေမှာပဲချိတော့တယ်…….
      အဲအဲ နဲနဲတော့ အမြန်လမ်းမဆိုရင်တော့ သတိထားပေါ့…. တိုတေးပေါက်လို. အရှိန်များတွားရင် ကင်မလာနဲ. ရိုက်ပီး ဒဏ်ရိုက်ခံရမယ်နော်……ဟိဟိဟိ

      • ဆူး

        March 22, 2013 at 3:24 pm

        စူပါ ချလန် ဖြတ်ခံရနိုင်တာပေါ့
        စည်းကမ်းဖောက်လို့ ထီးနန်းလည်း ပျောက်ခဲ့ရပြီးပြီ.. စူပါမန်း ဆိုလို့.. စောင့်ထိမ်းနိုင်မှု အားကို မေးကြည့်တာ..

        • ရွှေတိုက်စိုး

          March 22, 2013 at 3:29 pm

          လူကြီးတွေက ကျောဒယ် တားတားဒဲ့ ရှူးရှူးပေါက်ရင် ဆိုင်ရာပိုင်ရာတွေကို တောင်းပန်ပီးမှပေါက်တဲ့…… အဲဒါနဲ. စည်ပင်ကို တိုင်တည်တောင်းပန်ပီး ပေါက်ကြဒါ………. မြို.ထဲ ရှူးရှူးကွက်တွေကို ပွလို. ဟိဟိဟိ

          အဲအဲ နံရံမှာတောင်ရေးထားသေး ခွေးသေးပေါက်ရန်နေရာတဲ့……. အဲဒီနံရံကြီးလဲ ရှူးရှူးဒွေကို ရွှဲလို. ခိခိ

  • amatmin

    March 22, 2013 at 3:56 pm

    ကျန်တဲ့ စူပါမန်းတွေ အတွက်တော့ ကိုယ့်ဆြာကို လေးစားပါကြောင်း..
    အောက်က စာသားလေးတော့ တမျိုးရယ်..

    ဥပုသ်နေ.တိုင် ဥပုသ်စောင့်ပါတယ် ကျွန်တော်ဟာ စူပါစူပါမန်းပါ….

    ပိန်းတာလားမသိ..နားမလည်ဘူးရယ်.. 🙂

    • ရွှေတိုက်စိုး

      March 22, 2013 at 3:58 pm

      ဟာကွာ အဲဒါ ကျွန်တော် ဗုဒ္ဓဘာသာလို. ပြောဒါ ငပိန်းရဲ……..
      နာမယ်က အမတ်မင်းတဲ့ ပိန်းပကွာ…………. ဟိဟိဟိ ကြုံတုန်းဆော်ထားမှ………..

      • Moe Z

        March 22, 2013 at 4:07 pm

        ဒီမယ် အူးလေး.. သတ်ပုံပြင်တယ်
        “ဥပုဒ်” မဟုတ်ပဲ “ဥပုသ်” လို့ရေးရမယ် ဒါဗျဲ

      • amatmin

        March 22, 2013 at 4:15 pm

        ဗုဒ္ဓဘာသာဝင်….စူပါစူပါမန်း တဲ့လား

        သဂျီးမမြင်စေနဲ့ ဗျ..

        :kwi:

        • MaMa

          March 22, 2013 at 4:46 pm

          ငယ်ငယ်က မြန်မာစာဆရာမက စာစီစာကုံး ရေးခိုင်းတာ ဥပုပ် လို့ စာလုံးပေါင်းမိလို့ အသည်းစွဲအောင် မှတ်မိသွားတဲ့…
          ဥပုသ်

        • kai

          March 23, 2013 at 3:45 am

          မြင်တယ်ဗျ..
          …..
          ဆိုတော့…
          မြန်မာထေရဝါဒဗုဒ္ဓဘာသာလို့ပြောမှဖြစ်မယ်..
          ဗုဒ္ဓဘာသာဆို.. ကမ္ဘာမှာက.. မဟာယာနလို့တန်းသိကြမှာ..။ :kwi:

          ဗုဒ္ဓဘာသာထဲ…. မဟာယာနကိုးကွယ်တာက.. သန်း၃၀ဝလောက်ရှိပြီး.. ထေရဝါဒက.. သန်း ၁၅ဝလောက်ရှိတာ..
          အဲဒီထဲ.. ထေရဝါဒကတခုနဲ့တခုက..တည့်တာတောင်မဟုတ်..။ သံဃာယနာတင်တာလည်း.. တပြိုင်တည်းလက်ခံကြတာမဟုတ်..။
          အောက်မှာ.. ဆိုင်ရာဗုဒ္ဓဘာသာ အများစုကိုးကွယ်သူရှိတဲ့.. တိုင်းပြည်တွေပြထားတယ်..
          ဆင်းရဲချမ်းသာ.. တည်ငြိမ်အေးချမ်း.. တိုးတက်ဖွံ့ဖြိုး.. တန်းတူညီမျှ.. အဲဒါတွေမကြည့်..မတွက်နဲ့နော..
          ထေရဝါဒဖြစ်ပြီး.. ကိုယ့်ကိုယ်ကိုယ်.. စူပါစူပါမန်းဆိုလို့.. နောက်ပြီးအတည်ပြောပြတာ..။
          ===
          Mahāyāna Buddhism spread from India to various other Asian countries such as China, Japan, Vietnam, Korea, Singapore, Taiwan, Nepal, Sri Lanka, Tibet, Bhutan, Malaysia, and Mongolia.
          =
          Theravāda has been the predominant religion of Sri Lanka (now about 70% of the population)[web 1] and most of continental Southeast Asia (Cambodia, Laos, Myanmar, Thailand).
          =
          စကားအတင်းစပ်ပြောရရင်..
          ကမ္ဘာအချမ်းသာဆုံးနို်င်ငံတွေထဲ.. China, Japan, Korea, Singapore, Taiwan တို့တန်းစီပါနေသဗျ…။
          အဲဒါ.. စူပါ့စူပါ..။
          အဲ..
          ပြည်တွင်းရေးမတည်ငြိမ်တာတွေ. ပြည်တွင်းစစ်တွေ.. အာဏာသိမ်းနေတာတွေ..မွဲနေတာတွေ.. ထပ်နေတဲ့အထဲလည်း.. ထေရဝါဒနိုင်ငံတွေ(ချည်း)တန်းစီပါနေသဗျ..
          Sri Lanka, Cambodia, Laos, Myanmar, Thailand
          =
          ကမ္ဘာ့အရက်စက်ဆုံးပြည်တွင်းစစ်
          World Report 2012: Sri Lanka | Human Rights Watch
          http://www.hrw.org/world-report-2012/world-report-2012-sri-lanka
          The aftermath of Sri Lanka’s quarter century-long civil war, which ended in May 2009 with the defeat of the separatist Liberation Tigers of Tamil Eelam (LTTE), …
          =
          ကမ္ဘာ့မျိုးဖြုတ်လူအသတ်ဆုံးတိုင်းပြည် (ပိုပေါ့)
          Cambodian Genocide Program | Yale University
          http://www.yale.edu/cgp/
          The Cambodian genocide of 1975-1979, in which approximately 1.7 million … Genocide in Cambodia: Documents from the Trial of Pol Pot and Ieng Sary, edited …
          =
          ကမ္ဘာ့အကြာဆုံးပြည်တွင်းစစ်
          The world’s longest running civil war is in Myanmar : Travelfish …
          http://www.travelfish.org › Travel forum › Culture and politics
          Aug 14, 2011 – Karen Rebels have been fighting the Burmese government for over 60 years, making it the world’s longest ongoing civil war. Al Jazeera …
          =
          ကမ္ဘာ့စစ်တပ်အာဏာအသိမ်းဆုံးတိုင်းပြည်တခု (၁၁ကြိမ်)
          Thailand – Wikipedia, the free encyclopedia
          en.wikipedia.org/wiki/Thailand
          Thailand is the world’s 51st-largest country in terms of total area, with an area of … to their country using the polite form Prathet Thai (Thai: ประเทศไทย), they most …. decades of political instability characterised by coups d’état as one military …

          နောက်ဘဝတွေရောက်ရင်တော့.. အဲ..အဲ.. နောက်တမ္ဘာမှာတော့.. ထေရဝါဒသားတွေချည်းပဲ..
          ဘာတဲ့.. နတ်ပြည်..တဲ့..
          သိကြားမင်းမောင်မာဃနဲ့.. သူ့မိန်းမတွေကတောင်.. မြန်မာပြည်ကဆိုလား… :kwi:

  • အာဂ

    March 22, 2013 at 4:05 pm

    အဟမ်း အဟမ်း…။ ဆူပါမန်း…ပု…..အဲ….စူပါမန်း….တုပိုက်… အဲမွှားလို့.. ဂယ်ပဲအယ်ဂလို စူပါမန်းဆိုရင် အနော် ပိုက်ပိုက်မရှိလို့ အရက် မသောက်နိုင်တဲ့ အခါမျိုးမှာ အနော့် ဘေးနား လာပြီးတော့ ဟက်ချလောင်းဆိုပြီးအရက်တစ်ခွက် ဖြစ်ဖြစ်လာတိုက်ပေးပါလား. ဂျာ.. အနော့် အိပ်မက်ထဲက ဟီးရိုးက တိုက်တိုက် ဖြစ်သွားမှာသေချာတယ်ဂျ..။ စူပါမန်း ဆိုတော့လေ… တွေးမိတယ်။ စူပါက ကော်ဖီမစ်…နဲ့ မန်းလေး ဂေဇက်နဲ့များ ပေါင်းထားတဲ့ လူသားများလားလို့လေ..ခွိ..ခွီ စိတ်ချိူးနဲ့ အပုကြီးေ၇….။

    • ရွှေတိုက်စိုး

      March 22, 2013 at 4:10 pm

      အော်ဒါများ ကိုဂ ရယ် လွယ်လွယ်လေး…
      အဲအဲ….ဒါနဲ. အရက်ကို ဂျူတီဖရီးလား…
      အခွန်လွတ်လား….
      ကံစမ်းမဲပါတာလား……
      ကားပါတဲ့ အရက်လား…
      အဖြူလား…
      အနီလား..
      ဘလက်လား……
      အရက်ပုန်းလား……
      ချက်အရက်လား……..
      နှပ်အရက်လား……
      လားလားလား……………. ကဲဖြေ

  • kyeemite

    March 22, 2013 at 4:13 pm

    ဟိုဟာလဲ မလုပ်ပါဘူး……………
    ဟိုဒင်းလဲ မပြုပါဘူး……….

    အဲဒါက ဘာဒွေလဲ..သားသား နားလယ်ဘူး..
    တေတေချာချာချင်းပြပါအုံး.. :harr:

    • ရွှေတိုက်စိုး

      March 22, 2013 at 4:27 pm

      အော်တားတား ဦးမိုက်ကြီးရယ်…
      တားတား ငယ်တေးတော့ ဘယ်နားလည်မလဲကွယ်……
      လေ့လာပါ သင်ယူပါ မှတ်သားပါ…….. ပြီးရင် ပြန်လည်အသုံးချပါ……
      ဟိဟိ

    • ကြောင်ဝတုတ်

      March 22, 2013 at 4:39 pm

      ဟိုဟာလဲ မလုပ်ပါဘူး…
      ဟိုဒင်းလဲ မပြုပါဘူး…
      ဒါဆို…
      ဟိုကိစ္စက ဘယ်သူ ဟိုဒင်းတာလဲ…????

      ခင်မင်လျက်-
      ဖက်ဖက်ကက်

      • ဟုတ်ဒယ် .. ဟုတ်ဒယ် ..
        မချင်း မချင်း လုပ်နဲ့ ..
        ယောက်ခမ မတော်ဘဲ နေပလိုက်မှာနော် .. ငွင်းး :mrgreen:

  • water fish

    March 22, 2013 at 4:16 pm

    အပြင်မှာတော့အဲ့သလိုမဟုတ်ပါဘူးကွာ ဘော်ဒီကအစကွာပါတယ်…
    ဒီမှာတော့ ခပ်တောင့်တောင့်နဲ့အပြင်မှာတော့ (တကမ်းတမ်းးလက်တွေ့မှာအပြင်ကပုံနဲ့ အခုပုံက ဆီနဲ့ရေလိုကွာခြားလွန်းလှပါတယ်ဗျာ)……… အာဟီးးး
    (((ဟိုဟာလဲ မလုပ်ပါဘူး……………
    ဟိုဒင်းလဲ မပြုပါဘူး……….)))) အဲ့ဒါဘာကြီးလဲ….
    စကားမစပ်ဒီထဲကစူပါမန်းကကော အရပ်ပုဒလားးဟင် 😛

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

    • ရွှေတိုက်စိုး

      March 22, 2013 at 4:44 pm

      အရပ်ဆိုတာ ပစ်ညှပ်ချက်တခုဘာ…..
      ဟိုဒင်းမပြုဘူးဆိုတာ……ဟိုဟာမလုပ်တာ..
      ဟိုဟာလဲ မလုပ်ဘူးဆိုတာ…… ဟိုဒင်းမပြုဒါလေအေ…… ရှင်းပလား

  • မောင် ပေ

    March 22, 2013 at 7:47 pm

    ဟိုသူ ့ဟာ လဲ ဟိုဒင်းလုပ်ပြီး ဟဝှါ မပြုဘူး
    ကျုပ်က “ ဆူပါရုပ်ပြောင် ”

  • padonmar

    March 22, 2013 at 9:41 pm

    စူပါတိုက် ပါကွယ်။
    လေးလေးစားစား ဂုဏ်ပြုပါတယ်။
    ငပေါလို့ ပြောရင် ဒို့ တစ်ရွာလုံး ဒီလို ငပေါတွေချည်းလို့သာပြောလိုက်။

  • Foreign Resident

    March 23, 2013 at 5:38 am

    ” ကားစီးရင်လဲ အားနွဲ့သူ မိန်းမသား —– ကို နေရာပေးပါမယ် ”

    ကျန်တာတွေတော့ ဘာမှ မပြောလိုဘူး ။
    အဘ က Gender Discrimination ကျားမ ခွဲခြား ဆက်ဆံခြင်းကို လုံးဝ ကန့်ကွက်တယ် ။
    ဒါကြောင့် ၊ အဘ ကတော့ ၊ ဘယ်တော့မှ
    ” မိန်းမသား ဖြစ်လို့ ဆိုပြီး ၊ လုံးဝ ( လုံးဝ ) ဦးစား မပေးဘူး ”
    ဒါဟာ လူခြင်း အတူတူ ခွဲခြား ဆက်ဆံတာပဲ ၊ မတရားဘူး ။

    • ရွှေတိုက်စိုး

      March 23, 2013 at 9:18 am

      အဲဒါ အဲဒါ ဖြစ်စေချင်တာ အဲဒါ…….. ဒါပေမယ့်လဲလေ………ဟင်းးးးးးးးးးးးးးးးးးး

  • ရွှေတိုက်စိုး

    March 23, 2013 at 11:07 am

    သူကြီးရေ….
    အခုလိုရှင်းပြပေးတာ လဲ ကျေးဇူးပါဗျ….
    ဒါပေမယ့် ကျွန်တော်က စူပါမန်းဆိုတာ နိုင်ငံတကာစူပါမန်းမဟုတ်ရပါကြောင်း….
    မြန်မာ စူပါမန်းသာဖြစ်ကြောင်း…… အသိပေးပြောကြားလိုပါတယ်ခင်ဗျ….

    လေးပေါက်..
    ကော့မန် တက်မလာဘူးနော်…. ပျောက်တာတော့မဖြစ်နိုင်ဘူး..
    ပြန်ပေးပေတော့.. ဟိဟိ

  • ကို ငြိမ်းမောင်

    March 23, 2013 at 11:25 am

    စူပါမန်း
    လူတကာနမ်း
    အမူအရာမှန်း
    သူဟာအရမ်း။

  • Mr. MarGa

    March 23, 2013 at 3:37 pm

    ဒီ စူပါမန်းကို
    ဆု တစ်ခုတော ့ပေးသင့်ပြီ
    အဲလောက် လူမှုရေးသိတတ်နေတာဆိုတော့
    ငါသိကြား ဆုတစ်ခု တီထွင်ပြီး ပေးတော်မူတယ်
    သားဆု ယူစေသဒီးးးးးးးးးးးးးးးးးးး
    :hee:

  • ကိုရင်စည်သူ

    March 23, 2013 at 5:43 pm

    စူပါမန်း..
    တူရာစမ်း
    မယူတာနမ်း
    ဘူကာစမ်း
    မူယာကြွမ်း…!!

  • padonmar

    March 23, 2013 at 10:44 pm

    စူပါတိုက်ရေ
    ကိုယ်လိုချင်တဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ကိုယ့်ဖာသာတည်ဆောက်ယူရပါတယ်။
    ကိုယ်က တံငါသည်ပတ်ဝန်းကျင်လိုချင်ရင် တံငါသည်လိုပဲနေပါ့နော် တဖြည်းဖြည်းနဲ့ တံငါရွာကိုပြောင်းချင်ပြောင်း၊ဒါမှမဟုတ်ရင် ကို်ယ့်နားကလူတွေပါ တံငါဖြစ်ကုန်မှာပေါ့။
    အဲဒီလိုပဲ စူပါမန်း တစ်ယောက်ထဲဆိုရင်တော့ ငကြောင်ပေါ့။
    စူပါမန်းကို အားကျလို့ စူပါမန်းတွေများလာတဲ့အခါ စူပါရွာဖြစ်လာပြီး ငကြောင်အခေါ်မခံရတော့ပါဘူး။
    အဲဒီလို စူပါရွာဖြစ်အောင်လည်း ကိုယ်က ခိုင်ခိုင်မာမာ ရပ်တည်ပြရမယ်လေ။
    ကဲ စူပါတိုက် forward..

  • Fall Guy

    March 24, 2013 at 12:30 am

    post ထဲကအတိုင်း ကိုယ်ကိုတိုင် စူပါမန်း အစစ် ဆိုရင်တောင်မှ လူတကာအမြင် စူပါမန်း ဖြစ်ဖို့ ….
    နိုင်ငံများပြောင်းရမလား…..နို့ စူပါငကြောင် အဖြစ်နဲ့ အရိုးထုတ်နေရရင် တယ်မကောင်းလှပေဖူး
    ဒါပေမယ့် Padonmar ပြောသလိုဖြစ်နိုင်ဖို့ ကဲ စူပါတိုက် let go forward…………..together ….
    move move……..

Leave a Reply