ဦးခိုင် ( သို့မဟုတ် ) ဦးရဲ့ ခိုင်
ခိုင်ရေ ဦးရေနဲ့
မြူးလေတဲ့ ဇာတ်လမ်း
ရေတမာတန်းကိုဖြတ်
အင်းလျားဘက်လည်း ပတ်ခဲ့ကြ
ထပ်ထည့်မရလောက်အောင် အပျော်ပြည့်
တကယ်ချမ်းမြေ့ရတဲ့ခရီး
ခဏနဲ့ပြီးမယ်လို့ မထင်ခဲ့
ရက်စက်တဲ့ ကံကြမ္မာ
အဖော်အသင်းပါ ခေါ်လာ
မမျှော်သာတော့တဲ့ နောက်ဘဝ
လွယ်လွယ်နဲ့ ပို့လိုက်ကြ
ချိန်းမိရတာက အပြစ်လား
ဖြစ်သွားခဲ့တဲ့ ည ရ နာရီ
မှောင်သည်လို့ မဆိုနိူင်လည်း
ပြိုယိုင်လို့ လဲခဲ့ရ
ရက်စက်ပြတဲ့ ဒရိုင်ဘာ
ထောင် ၁ဝ ခါကျလည်း အစားပြန်မရ
ဆိုးလှတဲ့ ခိုင့်ဘဝ
ပျက်ရတဲ့ ဦးနှလုံးသား
အရှုံးသမားတစ်ယောက်လို
ယောင်ဝါးဝါး ငိုင်တိုင်တိုင်
ဖြစ်ရပါပြီ ခိုင် ။
9 comments
KZ
March 23, 2013 at 1:55 pm
ပဂိုးဒါး။ ပဂိုးဒါး။
ခေါင်းစဉ်ကြည့်ပြီး လန့်လိုက်တာ ဦးရယ်။ (အဲလေ) ကိုမျိုးသန့်ရယ်။
:harr: :harr:
ရာမည
March 23, 2013 at 2:56 pm
အော် …. ခိုင်နဲ ့ဦး
ဒီဘဝမပိုင်ခဲ ့ပေမဲ ့
ရေစက်မကုန်
ကြုံရဘဝ
ဆုံကြပါစေ
တောင်းဆုချွေသည်
လွမ်းသူ ့ရင်ကိုငြိမ်းစေသတည်း ။ ။
Mr. MarGa
March 23, 2013 at 3:15 pm
မန့်မလို့ တွေးတော့
ကဗျာရေး အဲလောက်မတတ်တာကြောင့်
လာရောက်ကာ ဖတ်သွားပါတယ် လို့သာ………:kwi:
garuda
March 23, 2013 at 7:33 pm
နွေကြိုရွှေဥဩ ပန်းပိတောက်ကိုမြင်မှ
နွေရောက်တာ ကိုသိတယ်… ဪနွေတဲ့လား
ရာသီတွေလည်း ပြောင်းသွားခဲ့ပေါ့
အချိန်အခါတွေသည် နှောင်းသွားခဲ့လည်း
ကြင်နာသူမို့ အမှတ်တရရှိနေဆဲ
ယုံပါရင်သို့တိုးဝှေ့ဆဲပါခိုင်
မေ့ဖို့ မကြိုးစားခဲ့ပါဘူး…
ပျော်သည်ဖြစ်ဖြစ် မပျော်သည်ဖြစ်ဖြစ်
ကြိတ်မှိတ်ခံစားမယ်။
အသည်းနဲ့ရင်းခဲ့ရသူမို့….
တစ်ခါတလေကျတော့ ပိုခံစားရ
အရူးတစ်ယောက်လိုဖြစ်တာ
ချစ်လွန်းတော့လည်း..ကွယ်
ဘယ်လိုဖြေလို့ မေ့လို့ရမှာလဲ
ယုံပါရင်သို့ တိုးဝှေ့ဆဲပါခိုင်….
(ရင်သို့တိုးဝှေ့ဆဲပါခိုင်- ဆို အက်စ်ကဲနက်/မာရဇ္ဖ)
ကထူးဆန်း
March 23, 2013 at 9:16 pm
ကမာ္ဘအေးဘုရားလမ်းမှာ တက်စီအတိုက်ခံရလို့ သေဆုံးသွားတဲ့ အမျိုးသမီးဇနီး သည်အတွက် အမျိုးသားဘက်က များ ကြားဝင် ခံစားပေးထားတာလားဟင်..
မဟာရာဇာ အံစာတုံး
March 24, 2013 at 2:01 pm
လောက ဓမ္မတာ …
လူဆိုတာ ဖြစ်လာမှတော့ …
သောက အဖြာဖြာ …
ကြုံပါမယ် … သိပါရဲ့နဲ့ ….
ဒီသံသရာ ဝဲဂယက်က ….
ရုန်းမထွက်နိုင်သေးပါ …..
.. ဟီး .. ဟင့် .. ရွှတ် .. ဖတ် … (ငါ့ နှပ်ချေးဘတ် ဘဂျီး နဖူးမှာ ကပ်)
ဗုံဗုံ
March 24, 2013 at 5:04 pm
ဘာများတုံးလို့ ယောက်ခမဂျီးရယ် လန့်သွားတာဘဲ ပြောကိုမပြောချင်တော့ပါဘူး စိုးရယ် :kwi:
မောင် ပေ
March 24, 2013 at 7:18 pm
ဦးခိုင် သို ့မဟုတ် သဂျီး
( စည်းကမ်းချက် ကို ချိုးဖောက်ပြီး မှတ်ချက်ပေးရရင် မိုးပြာဂိုဏ်းပျံ ့ပွားရေး အေးဂျင့် )
အလင်းဆက်
March 24, 2013 at 7:54 pm
ရလဲ ့
🙂