Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

VIP အခွင့်ထူးခံသင့် မသင့်

padonmarMarch 26, 20131min80817

VIP အခွင့်ထူးခံသင့် မသင့်

တစ်ခေတ် တစ်ချိန်က VIP ဆိုတဲ့ စကားကို တော်တော်လေးကြားခဲ့ရပါတယ်။

ကားလက်မှတ်သွားဝယ်ရင် VIP တွက်အကောင်းဆုံးနေရာချန်ထားရတယ်၊သူတို့ မလိုက်ဖြစ်ရင်တော့ ရမယ်ဆိုတာမျိုး ကြားရတတ်ပါတယ်။

သင်္ဘောစီးရင် အကောင်းဆုံးအခန်းကို VIP တွက်ချန်ပေးထားတယ်။ VIP မလိုက်ဖြစ်တော့မှ ရိုးရိုးလူတွေ နေရာရပါမယ်။

ရထားစီးရင် လည်း ဒီလိုပါပဲ။ လေယာဉ်ပျံတော့ ခဏခဏမစီးရလို့ မသိပါ။

ဆေးရုံတွေမှာလည်း ဆရာဝန်ဆရာမနဲ့ အနီးဆုံး၊ စောင့်ရှောက်မှု အရနိုင်ဆုံး ၊ သန့်ရှင်းမှု အရှိဆုံး ၊ အကျယ်ဝန်းဆုံးခန်းဟာ VIPတွက်အခန်းပါ။

ဆေးခန်းမှာ အထူးကုပြဖို့ တန်းစီစောင့်နေချိန်မှာလည်း VIP ဆိုသူတွေက တန်းစီ စောင့်နေတဲ့ လူနာတန်းကြီးကို ကျော်ဖြတ်ပြီး အခန်းထဲဝင်ဝင်သွားတာတွေ တွေ့ကြဖူးမှာပါ။

စတိတ်ရှိုးတွေ ၊ ဇာတ်ပွဲတွေမှာလည်း VIP Roll ရှိပါတယ်။ ရှေ့ဆုံးက ကွင်းကွင်းကွက်ကွက် မြင်ရတဲ့နေရာပေါ့။

တစ်ချိန်က ဧရာဝတီမြစ်ကူးတံတားတွေ မဆောက်ခင် မြစ်ကို ဇက်ရေယာဉ်တွေနဲ့ ကူးရချိန်တုံးကဆို

တစ်နေကုန်တန်းစီစောင့်နေရတဲ့ ကားတွေကိုကျော်ပြီး VIP ကားတွေ တစ်စီးပြီးတစ်စီး ဇက်ရေယာဉ်ပေါ် ပါပါသွားတာ ဧရာဝတီတိုင်းသားတွေ ကြုံဖူးခဲ့ကြပါတယ်။

ဇက်တစ်စီးကို ကား ၁ဝစီးလောက်ပဲဆန့်ပြီး မြစ်တစ်ခါဖြတ်ချိန် တစ်နာရီကျော်ကြာတော့ ကိုယ့်အလှည့် VIP ဝင်သွားရင် ငုတ်တုတ်မေ့တော့တာပါပဲ။

ခုလို မော်တင်ဘုရားပွဲချိန် ၊ ချောင်းသာကမ်းခြေ စည်ကားချိန်တွေမှာဆို ပိုပြီးစောင့်ရချိန်ကြာခဲ့တာပေါ့။

လမ်းပေါ်မှာ ကားတွေသွားနေရင်းနဲ့ VIP လမ်းကြောင်းရှိတယ်ဆိုပြီး ပိတ်ထားရင်လည်း စောင့်ပေရော့ပဲ။

အဲဒီ VIPဆိုတဲ့ အခွင့်ထူးကို ဘယ်လိုလူတွေက ရနေပါသလဲ။

အများတန်းတူ တန်ရာတန်ဖိုးပေးတဲ့သူတွေထက်ကို အခွင့်ထူးခံတဲ့ လူတန်းစားတစ်ရပ် ရှိခဲ့ ရှိနေ ရှိဆဲ ဖြစ်ပါတယ်။

သူတပါးVIP က ကိုယ်ရရမယ့် အခွင့်အရေးကို ယူသွားရင် တော်တော် မခံချိမခံသာဖြစ်ရပါတယ်။

ကိုယ်တိုင် VIP နေရာရတဲ့အခါ အဲဒီ အခွင့်ထူးကို မယူပါဘူးလို့ ငြင်းရဲငြင်းနိုင်ကြပါ့မလား။

ဥပမာလေးတစ်ခု ဆွေးနွေးချင်ပါတယ်။

ကျမဟာ ဆေးရုံဆေးခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေခြင်း မရှိတဲ့ ဆရာဝန်တစ်ယောက် ဆိုပါစို့။

ဆေးခန်းမှာ တန်းစီနေတဲ့ ဝေဒနာခံစားနေရတဲ့ လူနာတွေကိုကျော်ပြီး ကျမအလှည့်ကျရာ တိုကင်နံပါတ်ထက်စော

(ဒါမှမဟုတ်) တိုကင်မယူပဲ ကျမဆရာဝန်ပါလို့ ပြောပြီး အရင်ဝင်သွားသင့်ပါသလား။

ကျမ အမြင်တော့ ဆေးရုံဆေးခန်းတစ်ခုရဲ့ VIP ဟာ အသက်လုဖို့ အရေးကြီးနေတဲ့ လူနာ၊ဝေဒနာခံစားနေရတဲ့ လူနာမှ တပါး အခြားသူ မဖြစ်သင့်ပါဘူး။

အခြားနေရာတွေမှာလည်း ထို့အတူပါပဲ။

ကိုယ်ကိုတိုင် VIP မဟုတ်တဲ့နေရာမျိုးမှာ ကိုယ့်ရဲ့အလှည့် ၊ ကိုယ့်အခွင့်အရေးကို ကျော်ပြီး နေရာယူသွားတဲ့ VIP တွေကို မတတ်သာလို့သာ ကြည့်နေရ ၊

မေတ္တာတော့ ရှိကြမှာ မဟုတ်ပါဘူး။

VIP ဆိုတာ တွေ့ရပါများလာပြန်တော့ ထုသားပေသားရနေတဲ့သူတွေမှာ မီးပျက်တာရိုးနေသလို ခံစားမှုမျိုး ဖြစ်နေရတာပါပဲ။

သူများတိုင်းပြည်တွေက သမ္မတတွေ ဝန်ကြီးချုပ်တွေ လူထုကြားထဲမှာ တူတူသွား ၊ တူတူစားတာ မြင်ရရင် လေးစားသဘောကျဖြစ်မိကြပါတယ်။

ဒေါ်စု က ကလေးငယ်တွေနဲ့ဖျာကြမ်းလေးပေါ်ထိုင်နေရင် share လိုက်ကြတာပေါ့။

အိုဘားမားက ခုံအနိမ့်လေးမှာ ထိုင်ပေးနေတာတွေ့တော့လည်း သဘောကျကြတာပဲ။

ယင်လပ်ခ် ဈေးတန်းထဲလျှောက်သွားရင်လည်း like လုပ်ကြတာပဲ။

သူတို့ အခွင့်ထူးခံ တွေ မဟုတ်ဘူးလို့ နားလည်တာကြောင့် ပြည်သူ့မေတ္တာကိုရကြပါတယ်။

အခု ကျမတို့ တိုင်းပြည်မှာ မီဒီယာ လွတ်လပ်ခွင့် ရတန်သလောက်ရလာတော့ သတင်းသမား၊ ဂျာနယ်လစ်တွေ မျက်နှာရလာပါတယ်။

Facebook မှာဆိုရင် သတင်းသမားတွေဟာ Like အရဆုံးပေါ့။ နယ်တွေမှာဆိုရင် သတင်းသမားကို တော်တော်လေးစားနေရာပေးကြပါသတဲ့။

မတရားခံရတယ်ထင်ရင် ဖြေရှင်းပေးမယ့် ၊ တိုင်ကြားပေးမယ့် ပေါင်ချိန်တွေ ၊ ကျန်ကျောင်းတွေလို ထင်ကြပါသတဲ့။

Handset တွေကလည်း ခေတ်မီလာတော့ ဓာတ်ပုံမှတ်တမ်းကလည်း အလွယ်ယူနိုင်တယ်။

အသံကိုလည်း အလွယ်သွင်းနိုင်တယ်။

ဗီဒီယို ရီကောဒင်းဆိုတာလည်း မခဲယဉ်းတော့ဘူး။

ဒီတော့ လူတိုင်းဟာ စီဂျေဖြစ်နိုင်လာပါပြီ။

တရားတာကိုလည်း မှတ်တမ်းတင်မယ်။

မတရားတာကိုလည်း မှတ်တမ်းတင်မယ်။

ကံပေါ်တာလည်း မှတ်တမ်းတင်မယ်။

အံချော်တာလည်း မှတ်တမ်းတင်မယ်။

အချင်းများတာလည်းမှတ်တမ်းတင်မယ်။

ရှင်းသွားတာလည်းမှတ်တမ်းတင်မယ်။

အဲဒီတော့ သတင်းသမားလို့ဆိုလိုက်ရင် မမှန်သူတွေက လန့်ကြပါတယ်။

သတင်းသမားပါလို့ မကြေငြာပေမယ့် ဖုန်းလေးထုတ်ပြီး recording လုပ်သယောင်ယောင်ထင်ရင်တောင်မှ

မရစ်ရဲ၊မညစ်ရဲ၊မထောင်းရဲ၊မတောင်းရဲကြတော့ပါဘူး။

ဒါဟာ စတုတ္ထမဏ္ဍိုင်ရဲ့ ကျေနပ်စရာအရေးပါလာမှုပါ။

စတုတ္ထမဏ္ဍိုင် ဟာ VIP နေရာရောက်လာတာပါ။

သို့သော်(အကြီးကြီး သို့သော်ပါ)

ဒီလို သတင်းသမားကို မရစ်ရဲ၊မညစ်ရဲ၊မထောင်းရဲ၊မတောင်းရဲ၊တာနဲ့တင် ကျေနပ်ကြတော့မှာပါလား။

ကိုယ့်တစ်ကိုယ်ထဲရဲ့ အရေးပါမှု VIP အခွင့်အရေးရမှုမှာ သာယာမယ်ဆိုရင်

ဒီကနေ့ သတင်းသမားတွေဟာ တစ်ချိန်က အခွင့်ထူးခံ VIP သမားတွေနေရာကို အစားထိုးဝင်ယူသွားတာနဲ့ မခြားပါဘူး။

ဖြစ်စေချင်တာကတော့ သတင်းသမားကို မရစ်ရဲ၊မညစ်ရဲ၊မထောင်းရဲ၊မတောင်းရဲ တာထက်

သတင်းသမား ရဲ့ မျက်မှောက်မှာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မရစ်ရဲ၊မညစ်ရဲ၊မထောင်းရဲ၊မတောင်းရဲ စေချင်ပါဘူး။

အဲဒါထက်

သတင်းသမား ရှိမှာ စိုးလို့ ဘယ်သူ့ကိုမှ မရစ်ရဲ၊မညစ်ရဲ၊မထောင်းရဲ၊မတောင်းရဲ တဲ့ အခြေအနေကိုရောက်စေချင်ပါတယ်။

ဒါကြောင့်

သတင်းသမား Journalist ၊ Citizen Journalist များဟာ

VIP ဘဝ ကို ဘယ်တော့မှ မရောက်ဖို့ ၊

VIP အခွင့်အရေး မှာ မသာယာကြဖို့ ၊

VIP ဆိုတဲ့ နာမည်ဟာ ရှက်စရာလို့ မြင်ကြဖို့

ဝိုင်းဝန်းဖော်ဆောင်သင့်ပါတယ်။

17 comments

  • padonmar

    March 26, 2013 at 1:16 am

    ရွှေအိလေးရဲ့ အိမ်ဆိုတဲ့ ပို့စ်မှာ မန့်ကြတဲ့ ကွန်မန့်တွေကနေ အတွေးချော်မိပါတယ်။
    အတွေးမတူကြရင်တော့ ဂေါက်ကလပ် အဖွဲ့ထောင်ချင်နေတဲ့ အဖွားကြီးကို ခွေးလွှတ်ကြပါအုံး။
    နယ်သွားစရာရှိလို့ ဒီအိမ်မှာပြောချင်ရာသာ ပြောကြပေရော့။
    ဧည့်မခံတော့ဘူး။

  • ဖားသက်ပြင်း

    March 26, 2013 at 1:41 am

    အိပ်မရလို့ ငုတ်တုတ်ထိုင်မိုးလင်းတဲ့ညမှ. ဒီလိုပိုစ့်နဲ့ လာကြုံမိတယ်.
    ဆွဲပီ အန်ကယ်ဒုံရေ.
    တကယ်က အကြွေးဆပ်တာ. ပြောရရင် အန်ကယ်ဒုံရဲ့ မြို့ပြ ကားယဉ်ကျေးမှုကတည်းက
    ကျနော် မြင်မိတာလေးတခု အားဖြည့်မယ် ဆိုပီး အပျင်းတစ်နေလို့မရေးဖြစ်တာ ဆိုပါတော့.
    တကယ်က. အဲ့သည့်ကာလက WordPress app စစမ်းသုံးချိန်ဖြစ်လို့ ပုံနဲ့စာ
    သပ်သပ်စီ တင်ရင်း အစီငေါ် မတည့်ဖြစ်သွားလို့ ပစ်ထားရတဲ့ စာတပုဒ်ပါဗျာ.
    စကားလုံးအတိအကျမဟုတ်ပေမယ့်. သည်မှာပဲ ချရေးခွင့်ပြုပါတော့.

    ဆြာသုမောင်က ကွမ်းစကားလို စာစုမျိုးနဲ့ တခါ ထေ့ဖူးရဲ့
    ဘာတဲ့ လမ်းမတမ်းဆိုင်ပိုင်ရင် အနှီ ဆိုင်ရှေ့ကားပါကင် ဟာ ဆိုင်ပိုင်သူတွေ
    အလိုကျ စီမံခန့်ခွဲနိုင်တဲ့ကာလပေါ့. ဟိုဆေးခန်းကြီး တွေ့. ထိပ်တည့်တည့်က ကားပါကင်က
    ဆြာဝန်ကြီးများသာတို့. ဟိုကန်ပနီကြီးတွေ့ ဂျာယီးနဲ့အထက်သာရပ်ရန်တို့ စသည်စသည်.
    ဆြာ ဗလ က အဆိုပါ ဟိုက်ဘရစ် ပရိုက်ဘိတ် ကားပါကင်တွေအကြောင်း ရိထားတာ.
    ဘာတဲ့ ကျနော့် သားသမီးတွေများ အဆိုပါ ကားပါကင် ရှယ်ဆိုတဲ့နေရာတွေမှာ
    အဖီထိုး နေပါစေမယ်တဲ့လေ. အိမ်ဈေးမြေဈေးကြီးလွန်းတဲ့
    မြို့ပြလူနေမှုစနစ်မှာ သိပ် ကို အီကိုနော်မီဖြစ်မှာတဲ့.
    အော်. ဆြာ့ဆြာတွေများ. စီးပွားရေးပါရဂူမဟုတ် နိုင်ငံရေး မြို့ပြအင်ဂျင်နီယာပိုင်း မတတ်ပေမယ့်
    တတ်တဲ့ကလောင်စွမ်းကနေ ထိုးဖောက်တိုက်စစ်ဆင်တာ ပြောပါတယ်.
    ပိုပြီးမှတ်မှတ်ရရဖြစ်တာက
    ကျနော်တို့ ကားလိုင်စင် ဝင်ရင်မဖြစ်မနေဝယ်ရတဲ့ က-ည-န ဆိုလား
    အဲ့သည့် က ရံပုံငွေ မဂ္ဂဇင်းမှာ ခည. ( အဆိုပါဆောင်းပါးပါတာက)

    တိန်. ရှက်တတ်ရင် လဲသေလို့ရတယ် အူးအူးတို့ရယ်.
    ခညားတို့ကို ဆြာဗလက တမလွန်ကနေ သရော်ပြုံးပြုံးပီး ဝဲလ်ကမ်းပါလိမ့်မယ်.
    အာ. ဟိ

    ဟုတ်.
    တကယ်ပြောချင်တာက ခုမှ စမယ် အင်ကယ်ဒုံရေ.
    အန်ကယ်ဒုံ စတည်ထားတဲ့ VIP ကိစ္စနဲ့ ကျနော် တည်လိုက်တဲ့ ကားပါကင်ကိစ္စ
    ဘယ့်နှယ့် VIP အနွယ်ဝင်ရင်. ခြေကျင်မလျောက်တော့ဘူးလား.
    လမ်းမတိုင်းကို ငွေခင်းထားသလား.
    မြေသိပ်ရှားတဲ့ဒေသမို့ တခြားနေရာတွေထက်တော့ နည်းနည်း ပိုပြီး strict ဖြစ်ချင်ဖြစ်မပေါ့.
    သို့သော် ကျနော် မြင်နေကြုံနေရတာကတော့ ကုန်တိုက်ကြီးတခုခုသော်လည်းကောင်း.
    ကြယ်ငါးပွင့်ဟော်တယ်သော်လည်းကောင်း. သူတို့အဆောက်အအုံရဲ့ လေးပုံသုံးပုံလောက်သော စပေ့စ်ကို
    ကားပါကင်လုပ်ပေးရတာပါပဲ. မဟုတ်ရင် ကားတွေ အကုန် လမ်းပေါ်တက်လာမှာကိုး.
    ဆိုတော့ သူဌေးတယောက်က လူတစ်သောင်းဆန့်တဲ့ မြေကွက်မြို့လည်ခေါင်မှာပိုင်တယ်.
    သူတသောင်းစာ ဆောက်ခွင့်မရှိဘူး. လူ ငါးထောင်စာသာဆောက်လို့ ကျန်လူငါးထောင်စာသော စပေ့စ်ဟာ
    ပထမ လူငါးထောင် စီးနှင်းလာမယ့် ယာဉ်တွေအတွက် ကားရပ်နားစရာအဖြစ်သုံးရတာပါပဲ

    အပေါ်ဆုံးက ဆိုင်ခန်းကိစ္စပြန်ကောက်ရင်. ကျနော်တို့ဆီမှာ ချမ်းသာရင် နာမည်ကြီးရင်. နေရာရရင် VIP ဖြစ်ရင်
    မြေကြီးထိစရာမလိုတော့ဘူးလား. လမ်းမလျောက်တတ်တော့ဘူးလား.
    တလောက ဗိုလ်ချုပ်ဈေး အတွက် လေဟာပြင်ဈေးဗေဆာင်းနေရာ ပြင်ဆင်ထားပုံတချို့ ဖတ်ဖြစ်ပါတယ်.
    ငါးမိနစ် ဝါ ဆယ်မိနစ်လောက် လမ်းလျောက်လိုက်ရတာက. ကိုယ့်ကိုကိုယ် အရေးပါသူ ဆြာကျသူ ဆိုတဲ့ ဂုဏ်အင်္ဂါ ထိခိုက်မယ့်ကိစ္စမဟုတ်ခဲ့ပဲ
    ကိုယ့်ကို အသက်ရှည်ရှည်ပိုနေနိုင်မယိ့ လက်ဆောင်တခုပေးတယ်လို့ သတ်မှတ်ပြီး လက်ခံကျင့်သုံးကြရင်ဖြင့်ပေါ့ဗျာ.

    တခြားကြောင့်တော့မဟုတ်ပါဘူး. Car parking system အကောင်ထည်ဖော်ဖို့ က ခက်နေသေး ငွေကြေး
    ရင်းနှီးမှုကလိုနေသေးချိန်. VIP စိတ်ထားကမဖျောက်နိုင်သေးတဲ့ အသိတွေတချို့. ကို မြင်ရင်း အဖြေရှာရင်း. ဆိုပါတော့်ဗျာ

    တော်သေးဘီ
    ခင်တဲ့

    ဂီ

  • ဦးဦးပါလေရာ

    March 26, 2013 at 2:07 am

    အိမ်ရှင်က ဧည့်မခံပဲ လစ်ပြီဆိုတော့ ဝင်သောင်းကျန်းလိုက်ဦးမယ်
    တကယ်တော့ VIP ဆိုတာကို နှစ်သက်လက်ခံတယ်ဆိုတာကိုက
    အဲဒီလူမျိုးရဲ့ မရင့်ကျက်မှု့ အရိုင်းအစိုင်းဆန်မှု့ကို ပြသ…တာပဲ
    ကျေးကျွန်စံနစ် ပဒေသရာဇ်စံနစ်မျိုးမှ လူလူချင်း တန်းခွဲထားခြင်းအား မစွန့်လွှတ်သေးတာကို ပြတာပဲ…
    မလျှော်တဲ့အခွင့်အရေးကိုယူတယ်ဆိုတာ သူများရပိုင်ခွင့်ကို လုယက်ခိုးယူခြင်းတစ်မျိုးသာဖြစ်တယ်..

    အဲ.. အဲဒီတော့ … ကျုပ်ရဲ့ဆိုလိုရင်းက…
    မလိုအပ်ပဲ VIP အခွင့်အရေးယူသူတွေဟာ-
    အရိုင်းအစိုင်း သူခိုး ဂျပိုး တွေ ဖြစ်ကြောင်း….။
    ဒီစာကို VIP များ ဖတ်မိရင်-
    အဲဒါ စောင်းပြောတာမဟုတ် တည့်တည့်ဆဲတာလို့ယူဆစေလိုကြောင်း….။

  • kai

    March 26, 2013 at 2:49 am

    ဂေါတမဗုဒ္ဓကလည်း.. ဇတ်ခွဲ..အဆင့်ခွဲတာ.. တိုက်ဖျက်ခဲ့သူပါ..
    ရဟန်းတွေတရားရှင်းပြရင်း.. လေးစားကုန်ပြီး.. အိမ်ဦးခန်းခုံပေါ်အခန့်ရောက်မှာစိုးသမို့.. ဆွမ်းခံစားစေခဲ့တာ..

    ဆိုတော့..
    အခုခေတ်.. ဗုဒ္ဓဂိုဏ်းဝင်များကရော… ဘုရားသားများကရော..။

    အဟမ်း..
    သာဓု..။
    ဩကာသ.. ဩကာသ.. ငါ့ထိုင်ကန်တော့ကြ.. :kwi:

    • ကထူးဆန်း

      March 26, 2013 at 12:56 pm

      ဦးဦးပါ လိုဘဲဝင်သောင်းကြမ်းဦးမှ ..

      ဘာသာရေး ပြဿနာတွေ ရှိနေချိန်မှာ သူကြီး နှင့် ရွာလူကြီးများ လည်း ဗုဒ္ဓဘာသာ ကိုဝေဖန်တာတွေ လျှော့သင့် ပါကြောင်း ။ VIP မို့လို့ လား အမေး ခံနိုင်ရဖွယ် ရှိလာပါကြောင်း ။
      စေတနာ ပေမဲ့ များလာရင် ဝေဒနာ ဖြစ်တတ်လာတာမို့
      သည်းခံ တကာ လို့ ပြောချင်ပါကြောင်း … :kwi:

      • kai

        March 26, 2013 at 3:26 pm

        ကျေးကျေး..ကထူးဆန်း..။

        ဘရိပ်တော့အုပ်ဦးမှ…
        ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရင်း. ဘေးလူတွေကပါ.. ဝင်ထောင်းကုန်ဦးမယ်..
        နာသဟ… :kwi:

  • ဦးကြောင်ကြီး

    March 26, 2013 at 10:25 am

    ဗွီအိုင်ပီဆိုတာ ခေတ်တိုင်းမှာ ရှိစမြဲပါ။ လူတွေရှိသ၍ အဆင့်အတန်း ခွဲခြားမှုသည်လည်း ရှိနေပါမယ်။ နည်းမှန်လမ်းမှန် ဖြစ်ဖို့ပဲလိုတယ်။ ယေဘူယျအားဖြင့်တော့ ရာထူးအာဏာ၊ ငွေကြေးဓန၊ ဂုဏ်ဒြပ်ဘွဲ့ထူး၊ ကျော်ကြားမှု စသဖြင့် ဗွီအိုင်ပီပေးတာပဲ။ ပြသနာက အဲသလို သတ်မှတ်ရင်း ဖောင်းပွလာ အုတ်ရောရော ကျောက်ရောရော ဖြစ်ကုန်တာ။ အဖေကို သီးသန့်နေရာပေးရင် သမီးလုပ်သူ ပါလာတယ်။ မယုံရင် ကြေးမုံဂျီးတင်တဲ့ South တရုတ်-မြန်မာ ကယ်လီဖိုးနီးယားအသင်း ပို့စ်မှာ သဂျီးတို့သားအဖပုံ ရှာကြည့်။ (အဟီး..စိတ်အဆိုးနဲ့ ကြုံဒိုးလေး..)။ အကောင်းဆုံးက လူနဲ့မူ တိတိကျကျ ခွဲခြားဖို့….။ အရှေ့တိုင်း ယဉ်ကျေးမှုနဲ့ သိပ်တော့လွယ်ဗူး။
    နောက်တခုက အန်တီပဒုမ္မာပြောတဲ့ မီဒီယာသမား ဗွီအိုင်ပီကိစ္စ..။ ဒါလည်း ပြောရခက်တယ်၊ စစ်သား စစ်ဖြစ်ရင် အကောင်ပဲ၊ ဧည့်စားရင်းစစ်ရင် ဆယ်အိမ်ခေါင်းနဲ့ ရပ်ကွက်မှူးဗိုလ်ပဲ၊ ဘတ်စ်ကားစီးရင် စပယ်ရာပြောသမျှ နာခံရတယ်။ ဘာသွားပြောမလဲ.. သူ့အရပ်နဲ့သူ့ဇာတ်။ သတင်းကိစ္စ အဲဒီအတိုင်း မြင်ကြည့်ပါ၊ ဆိုက္ကားစီးရင်တောင် ဆရာခေါ်ရသေးတာ။ Privileges ခံစားခွင့်လို့ နားလည်ပေးရင် အလွန်အကျွံ မဖြစ်သ၍ လက်ခံကောင်းပါတယ်။ နို့မို့ရင် ကူမြူနစ်တွေ ပြည်သူ့အတွက် ကြွေးကြော်ပြီး ဖင်မနိုင် ပဲဂျီးဟင်း စားမိသလိုဖြစ်မယ်။
    မှတ်ချက်။ ဒီမှာ ဗွီအိုင်ပီကလပ်အမည်ရ ခုနှစ်လွှာချွတ်ကပွဲနဲ့ လူဂျီးလူဂေါင်းတွေကို ဝစ်လစ်စလစ် သမီးလေးတွေ အန်တာတိန်းလုပ်တဲ့ နေရာရှိသဗျ။

  • KZ

    March 26, 2013 at 12:37 pm

    ဒီ ပို့(စ) ကို ဝင်လိုက်။
    မန့်မယ်လုပ်လိုက်၊
    လေယာဉ်ပေါ်က မျက်နှာ ပြုံးပြုံးမြင်လာလိုက်နဲ့ ရီ ချင်ပြီး ပြန်ပြန်ထွက်သွားတာ။ :mrgreen:

    တော်ပြီ။ စတုတ္ထမဏ္ဍိုင် နဲ့ ပတ်သက်ပြီးပဲ မန့်တော့မယ်။။ 🙂

    သတင်းသမားမှာမှ မြှောက်စားခံရတဲ့ သတင်းသမားတွေက ပိုဆိုးလေသလားဟင်။ ဘဝင်သံလေးတွေ ပါပါလာသလားလို့ပါ။
    သတင်းသမား အမှားကို လည်း ထပ်ထောက်ပြနိုင်မဲ့ သတင်းသမားရှိသင့်သေးသလားပဲ။ :mrgreen:
    (ပြောသာပြောတာ အွန်လိုင်း သတင်းသမား ချင်းချင်းလည်း သိပ်မကြည်ကြဘူးဗျ။ ဘာသတင်းမှမထူးရင် ကိုယ့်ချင်းချင်းဖော်နေကြတာရယ်။)

    ကြီးမေ ထွက်လာခါစ က ကြီးမေ သတင်း သီးသန့်လေးတွေတင်လို့ ချစ်ခြင်းခံရတဲ့ သတင်းသမားတစ်ယောက်က
    “ကြီးမေ နာမည်ကြီးလာတာ သူ့ကြောင့်ပါ” ဆိုတဲ့ စကားထွက်လာပြီးကတည်းက
    ဘယ်သူ့ကိုမှ/ဘယ်သတင်းသမားကို မှ ကောင်းကောင်းမယုံရဲ တော့တာ ခုထိ။
    ဒါတောင် ကျနော်သိမှီတာ အွန်လိုင်း သတင်းသံပဲရှိသေးတယ်။
    ပုံနှိပ် သတင်းတွေတော့ ဘယ်လိုနေမယ်မသိ။

    ထင်တာတော့ ဗီအိုင်ပီ ကို အခွင့်ထူးပေးတဲ့လူတန်းစားရှိနေ့သ၍ ဗီအိုင်ပီလူတန်းစား အခွင့်အထူးခံတွေ ရှိနေဦးမလား။ 🙄

  • MaMa

    March 26, 2013 at 4:57 pm

    ကောင်းလိုက်တဲ့ VIP
    အဲ- မှားလို့ :kwi:
    ကောင်းလိုက်တဲ့ စာ။

    လူတိုင်းကိုယ်စီ လိုက်နာနိုင်ရင် လောကကြီး ငြိမ်းချမ်းလှပလာမှာ အမှန်ပဲ။

    သို့သော်………

    များသောအားဖြင့် ကိုယ်ခံလိုက်ရရင်သာ မခံနိုင် မရပ်နိုင်ဖြစ်တတ်တာ။
    ကိုယ်ရတဲ့အခါမျိုးကျတော့ လူတကာအပေါ်မှာ တရားမျှတမှုမရှိတာကို မေ့လျော့ပြီး သာယာနေတတ်ပါတယ်။

    အဲဒီလိုအခြေအနေတွေကို လွန်ဆန်နိုင်ဖို့ အသိတရားရှိဖို့ သတိပေးတဲ့ စာစုလေးမို့……
    လိုက်ပွဲအစုံနဲ့ ဘရာကြော်ပါ။ :hee:

  • မောင် ပေ

    March 26, 2013 at 7:31 pm

    နိုင်ငံက အခုမှ ဘဝသစ်စနေတဲ့ပုံစံ ဆိုတော့
    သတင်းသမား ၁၀ဝမှာ တစ်ကယ်နားလည်တတ်ကျွမ်းပြီး ကျင့်ဝတ်သိသိ ဝါသနာအရင်းခံပြီး လုပ်တဲ့လူက ၅ဝ ပြည့်ရင် ကံကောင်းဗျာ
    ဒါပေသည့်
    အန်တီမာ့လိုမျိုး ထိန်းကြောင်း ပြုပြင်ပေးမယ့်လူများများပေါ်လာရင်တော့
    စတုတ္ထမဏ္ဍိုင် ဟာ နိုင်ငံရဲ ့ဖွံ ့ဖြိုးတိုးတက်ရေး တရားဥပဒေစိုးမိုးရေး ကို ထောက်ပံ့ပေးနိုင်ကောင်းပါရဲ ့

  • အရီးခင်လတ်

    March 26, 2013 at 10:10 pm

    အစ်မပဒုမ္မာရေ

    အတွေးကောင်းကောင်း နဲ့ ရေးထားတဲ့ Post လေးမို့ စဉ်းစားစရာတွေ ထုတ်ပေးလို့ ကျေးဇူးတင်ပါတယ်။
    Post ပါ ဦးတည်ချက် နဲ့ လွဲ မဲ့ ကျွန်မ အတွေး ကို အားဖြည့် ချင်ပါတယ်။ 😉

    VIP ဆိုတာ ချစ်မမ ပြောသလို Very Important Person ပါ။
    အကြမ်းဖျင်းကတော့ VIP ဆိုတာ နာမည်ကျော်ကြားသူ အနုပညာရှင် တွေ၊ ရာထူးကြီးသူတွေ၊ နိုင်ငံရေးသမားတွေ၊ သူဌေး သူကြွယ် တွေ လို့ ဆိုကြမှာပါ။

    တကယ်တော့ VIP ဆိုတာ လူတိုင်း မှာ ကိုယ်ပိုင် VIP ရှိပြီး လူတိုင်းလဲ VIP ဖြစ်နိုင်ပါတယ်။
    ဥပမာ – ဈေးဆိုင် တစ်ဆိုင် ကို ဈေးသွားဝယ်ရင် ဝယ်သူဟာ ရောင်းသူ အတွက် အရေးကြီးဆုံး ပုဂ္ဂိုလ်ပါဘဲ။
    ဝယ်သူရှိမှ သူ့ဆိုင် လည်ပတ်နိုင်မှာမို့ ဒီဝယ်သူကို တလေးတစား လုပ်ပြီး ဆက်ဆံရမှာပါ။
    ဒီတော့ VIP ဆိုတာ ရှိနေသင့်တာပါ။
    တစ်ခုတော့ရှိတယ်။
    ကိုယ့်ကို VIP လို ကောင်းကောင်းမွန်မွန် ဆက်ဆံသူ ကို ကောင်းကောင်းမွန်မွန် တုံ့ပြန်ရမှာ ပါ။
    တဖက်က တလေးတစား ဆက်ဆံတာကို တလွဲ မာန်တက်ပြီး အပေါ်စီးက ဆက်ဆံ တာကတော့ မဆီလျော် ပါဘူး။
    အဲဒါ ဆိုရင်တော့ ကိုယ့်နာမည် ကို အမဲရောင်ဆိုးလိုက်တာပါဘဲ။
    ကိုယ့်စိတ်ဓာတ် မကောင်းတာ ကို ပြလိုက်တာပါဘဲ။

    ဟိုဘက်က ကိုခ ရဲ့ က ကလေး အဟာရ နဲ့ ဆက်ပြီး ဒီမှာ ဆက်ပွါးကြည့်ဦးမယ်။
    ဥပမာ – ကလေးအထူးကုဆရာဝန်မကြီး တစ်ယောက် ကလေးကို မိခင်နို့မတိုက်ဘဲ နို့ဗူးတိုက်တာ ဆို အင်မတန် စိတ်ဆိုးတယ်။
    ဆေးရုံမှာ သူ ဂျူတီ လှည့်ချိန်ဆို သူနာပြုဆရာမလေးတွေ လဲ အင်မတန်ကြောက်ကြတယ်။
    နို့မထွက်လို့ နို့ဗူးတိုက်တာ မိရင် အပြတ်သောင်းကျန်း လို့နို့ဗူးတွေ ဖွက်ကြရ ရင် ဒါဟာ စေတနာ နဲ့ပွဲကြမ်းတာ လို့ ထင်လို့ရပါတယ်။
    ဖြစ်လဲ ဖြစ်သင့်ပါတယ်။
    ကျောင်းမှာ ပွဲကြမ်းတတ်တဲ့ ဆရာမ ဘာသာက ပိုပြီး အမှတ်ကောင်း ရသလိုပေါ့။
    ဒါပေမဲ့ အဲဒီ ဆရာဝန်မကြီးက ရေပေါ်ဆီ Customerတစ်ချို့ ရဲ့ ကလေးတွေကတော့ နိုင်ငံခြားဖြစ် နို့မှုန့်တွေ ကို ပေါ်ပေါ်တင်တင် တိုက် နေတာကိုတော့ ဘာမှ မပြောဘဲ အလိုတူ အလိုပါ လုပ်နေတာကတော့
    သူတို့ က သူ့ရဲ့ VIP လေ လို့ ပြောရမှာလား။
    ဒီ လူနာ ကို ဒီလို ဆက်ဆံ ရင် ဟို လူနာ ကို လဲ အတူတူ ဆက်ဆံရမှာဘဲ မဟုတ်လား။
    ကိုယ့် Customer ချင်း အတူတူ ဟိုလူ့ တစ်မျိုး ဒီလူ့တစ်ဖုံ ဆက်ဆံ ရင်တော့ သူ့ကို ဘယ်လို လေးစားလို့ ရနိုင်ပါ့မလဲ။

    VIP ဆိုတာ ပြင်ပ အချိန်မှာ ကြိုက်တဲ့သူကို ကြိုက်သလို အရေးပေးနိုင်ပေမဲ့ တာဝန်ချိန်မှာ ကတော့ ကိုယ်တာဝန်ယူ ဆောင်ရွက်ပေးရမဲ့ သူတိုင်း ဟာ ကိုယ့်ရဲ့ VIP ဘဲ ဖြစ်ရမှာပါ။
    ကိုယ့်လူမို့ ပိုပြီး ဦးစားပေးတာ မဖြစ်ရပါဘူး။
    တာဝန် စည်းကမ်းထဲမှာလဲ ဘာက VIP ဦးစားပေးရမယ်ဆိုတာ ရှိပြီးဖြစ်မှာပါ။

    အလှူ၊ မင်္ဂလာဆောင် ပွဲတွေမှာ တစ်ချို့ က ခုံတွေ ကို VIP ဆိုပြီး စာထိုးထားတယ်။
    တစ်ချို့က Reserve ဆိုပြီး စာထိုးထားတယ်။
    နှစ်ခု လုံးက သဘော အတူတူ ပေမဲ့ ဆိုရင် လူတစ်ချို့ ကို VIP ခေါ်ရင် ကျန်တဲ့ သူတွေက အရေးမပါတော့ သလို မို့ ကျွန်မတော့ Reserve လို့ လုပ်တာ ကို ပိုပြီး သဘောကျပါတယ်။
    အဲဒီလို လုပ်ထားတာ အကြောင်းရှိရပါတယ်။
    ပန်းကုံးစွပ်မှာမို့၊ လက်ထပ်ပေးမှာမို့၊ မိဘ ဆွေမျိုးတွေမို့ ဒါဟာ အကြောင်းမှန်မို့ တစ်ခြားသူတွေ မေးငေါ့စရာ မရှိပါဘူး။
    VIP များကလဲ ထိုင်စရာ ကို ဦးစားပေးထားတာ နဲ့ မကျေနပ်ဘဲ ကျွေးတဲ့ အစားကို ထူးထူးခြားခြား မှာစားဖို့တော့ မသင့်ဘူး မဟုတ်လား။
    ဒါပေမဲ့ ဒီလို ပုဂ္ဂလိက အရေးကတော့ ဘာဘဲ ဖြစ်ဖြစ် အရေးမကြီးပါဘူး။
    ဘယ်သူမှာ မဆို ကိုယ့်ပိုပြီး ဂရုစိုက်ရမဲ့ သူရှိတာ ငြင်းလို့မှမရဘဲ။
    ကိုယ့်ပွဲ ကိုယ့်သဘော။
    မကြိုက်ရင် နောက် သူ့ပွဲ ကို မသွားရုံဘဲ ပေါ့။

    အချုပ် ဆိုတာ ကတော့ သဘာဝ အရ VIP ရှိနေတာပါဘဲ။
    ဒါပေမဲ့ ပုဂ္ဂလိက VIP နဲ့ တာဝန်ထဲက VIP ကို ခွဲပြီး သီးသန့်မြင်ကြဖို့ပါ။
    VIP က ဘာကြောင့် ဖြစ်ရတယ် ဆိုတာ အကြောင်းပြမှန်နဲ့ ရှိနေသ၍ ပြသနာမရှိပါ။
    VIP လို့ သတ်မှတ်ခံ သူတွေ ကလဲ ရှိတဲ့ ဘောင်ထဲ ကဘဲ အခွင့်အရေးကို ယူသင့်ပါကြောင်း နဲ့
    အကြောင်းပြချက်မရှိဘဲ ပါဝါ နဲ့ VIP လုပ်နေရင်တော့ အရေးကြီးသောပုဂိ္ဂုလ် မဟုတ်ဘဲ အတင်းနေရာယူသော အရှက်မရှိပုဂ္ဂိုလ် ဖြစ်သွားတယ် ဆိုတာလေး၊
    ဝင်ပွါးလိုက်ပါတယ်။
    😛

  • Mr. MarGa

    March 27, 2013 at 7:45 pm

    ပြောမလို့ တွေးတာတွေ
    အပေါ်က အန်တီမမ ပြောသလိုသာမို့
    အပေါ်က အတို်င်းသာ ဖြစ်ပါကြောင်း :mrgreen:
    အခွင့်ထူးခံသင့်တဲ့ အခြေအနေတွေ ရှိကို ရှိပါတယ်။
    အရေးကြီး တာဝန် တစ်ခုခု လုပ်ဆောင်နေသူတွေအနေနဲ့ အချိန်ဆိုတာ အရေးကြီးနေတဲ့အချိန်မှာ အခွင့်ထူး ယူသင့်ပါကြောင်း….
    သို့သော်
    တာဝန် ကိုအကြောင်းပြလို့ အချိန်ပြည့် ဗွီအိုင်ပီ လုပ်နေမယ်ဆိုရင်တော့
    ထောက်ပြလို့ ကန့်ကွက်သင့်ပါတယ် လို့

  • နေဝန်းနီ

    March 27, 2013 at 7:49 pm

    VIP ဆိုတာ ရှိရမဲ့နေရာ ရှိကိုရှိသင့်တာပေါ့ …။ အိမ်တစ်အိမ်မှာပဲကြည့် နာမကျန်းဖြစ်နေတဲ့လူမမာနဲ့ မူကြိုအရွယ် ကလေးတွေဟာ ဦးစားပေးရမဲ့သူတွေပဲပေါ့ …။ သက်ကြီးရွယ်အိုတွေရှိနေရင်လည်း ဦးစားမပေးလို့ ဖြစ်မှာတဲ့လား ……။ အမြဲတမ်း တော့မဟုတ်ဘူးပေါ့ ….။ ဒါပေမဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် နာမကျန်းဖြစ်နေသူတွေ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေနဲ့ အိုမင်းမစွမ်းဖြစ်နေတဲ့သူတွေကိုတော့ ဦးစားပေးသင့်တယ် VIP ဖြစ်သင့်တယ်လို့ ထင်ပါတယ်…။

  • nature

    April 1, 2013 at 9:03 pm

    သတင်းသမားတွေမညစ်ရဲအောင်တော့ facebook နဲ့ mandalay Gazette က အထိုက်အလျှောက်ထိန်းညှိပေးနိုင်တယ်ထင်မိတယ်။

    VIP =very important person= အထူးအရေးကြီးပုဂ္ဂိုလ် လို့အရမ်းတင်စားထားတော့လဲ နားကြားပြင်းကပ်တဲ့သူများနေတာတော့အမှန်ပဲ။ တကယ်ဆိုရင်ဦးစားပေးပုဂိ္ဂုလ်လို့ဆိုရင်တော့နားဝင်မဆိုးလောက်ဘူးထင်တာပဲ။

    ဒီပိုစ့်မှာလည်းဆန့်ကျင်ပြောရမယ်ထင်ပါရဲ့။ ကျနော့်အမြင်တော့ VIP ဆိုတာလည်းအတိုင်းအတာတခုအထိတော့ လိုအပ်တယ်ထင်မိတယ်။ ဥပမာအားဖြင့်ပြောရရင် နိုင်ငံအတွက် အရေးကြီးတဲ့စစ်ရေးကိစ္စတွေဆွေးနွေးဖို့ရှိတယ်။ ဆွေးနွေးဆုံးဖြတ်ချက်အပေါ်မူတည်ပြီးစစ်ကြီးဖြစ်ပွားနိုင်သလို အေးအေးချမ်းချမ်းလဲဖြစ်သွားနိုင်မယ်။ အဲဒီဆွေးနွေးပွဲကိုသွားတဲ့သမတ္တဟာလှည်းတန်းလိုနေရာမှာကားဂျမ်းဖြစ်နေမယ်။ နောက်တဖက်ကလည်း မီးအကြီးအကျယ်လောင်လို့ သွားတဲ့မီးသတ်ကားက ကားဂျမ်းမိနေမယ်။ နောက်တဖက်ကလည်းချက်ခြင်းဆေးရုံမရောက်ရင် သေတော့မဲ့အရေပေါ်လူနာတင်ကား ရှိမယ်။ ဘယ်သူ့ကိုဦးစားပေးမလဲ။ အဲဒီအချိန်မှာဘယ်သူမှာVIP မရှိဘူး ပုံမှန်အတိုင်းပဲကားရှင်းမယ်ဆိုပြီးလုပ်မှာလား။ ဘယ်သူက VIP(ဦးစာပေး) ဖြစ်သင့်သလဲ။ သဘောပြောပြတာနော်။

    VIP ဆိုတာကတော့ သဘောသဘာဝအလျှောက် အထိုက်အလျှောက်တော့ရှိနေကြပါတယ်။ လေယာဉ်ထွက်ခါနီး VIP မရောက်သေးလို့တစ်နာရီလောက် စောင့်နေရတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့။ ၁၀-၁၅ မိနစ်လောက်စောင့်ရတာကိစ္စမရှိပေမဲ့ ငါ VIP ပဲဆိုပြီး အချိန်မလေးစားတာမဖြစ်သင့်ဘူး။

    နောက်ဥပမာတခုကတော့ အိမ်တအိမ်မှာကားတစီးပဲရှိတယ်။ ဖခင်ကအလုပ်လုပ်တယ်။ သားသမီးကကျောင်းသွားတယ်။ ကားကိုဘယ်သူစီးမလဲ ။ဘယ်သူကဦးစားပေးလဲ ဘယ်သူကVIPလဲ။ တမိသားစုလုံးစားဝတ်နေအတွက်လုပ်ကိုင်နေတဲ့အဖေက လိုင်းကားတိုးစီးပြီး ကလေးတွေကကားစီးမလား။ VIP (ဦးစားပေး) မရှိဘူးဆိုပြီး တစ်ယောက်တစ်ရက်စီစီးကြမလား။

    ှShowပွဲတခုလုပ်တယ် ။ ကိုယ်နဲ့ခင်တဲ့သူတွေ ကိုယ့်အပေါ်ကျေးဇူးရှိသူတွေဟာဦးစားပေးပြီးရှေ့ဆုံးကနေရာပေးတတ်ကြတာသဘာဝပါ။ ပွဲတိုင်းပါပဲ။ ဒါဟာလည်းမိတ္တဆိုတဲ့မိတ်ဆွေရဲ့ခင်မင်ရင်းနှီးမှုသဘော ဂါရဝေါစ ဆိုတဲ့ ရိုသေဦးစားပေးသင့်သူကို ဦးစားပေးတဲ့သဘောလို့ပဲထင်မိတယ်။ ဒါမှမဟုတ် ကိုယ်နဲ့ခင်သောသူရောဘာရောညာရော မိတ်ဆွေရောဆရာသမားရော နားမလည်ဘူး။ ရရာနေရာထိုင်ကြ အကုန်တန်းစီဝင်ကြဆိုပြီးလုပ်သင့်သလား။ 😛

  • kai

    April 2, 2013 at 5:25 am

    UNIVERSAL DECLARATION OF HUMAN RIGHTS
    Article 1.

    All human beings are born free and equal in dignity and rights.They are endowed with reason and conscience and should act towards one another in a spirit of brotherhood.

    လူ့အခွင့်အရေးကြေငြာစာတန်းကို နှလုံးသားထဲကသဘောပေါက်ရင်.. လူသားအချင်းချင်း.. တန်းတူဖြစ်မယ်ဖြစ်ပြီး.. အဲဒီလောကမှာ.. VIP မရှိတော့ပါဘူး..

    သမ္မတအိုဘားမားလာလို့.. ကားလမ်းတွေဘာလို့ပိတ်ရသလည်းဆိုတော့..
    သူက. လူသန်း၃ရာကရွေးပေးထားတဲ့.. သမ္မတလေ..။ သူက လူသန်း၃၀ဝ ကိုယ်စားပြုတာမို့.. သူ့အလုပ်ကို.. ထိုက်သင့်တဲ့.. လေးစားမှုပေးတာမျိုးပါ..။
    သူကားလမ်းပိတ်လို့.. ၅မိနစ်နောက်ကျရင်.. ဆုံးရှုံးငွေများမှာကိုး…။
    အစိုးရအဖွဲ့က.. လူထုငွေသုံးကြတာမို့.. သူ့အစိုးရလုပ်ခိုင်းထားတဲ့.. လူထုက ငွေဆုံးမှာပေါ့..။
    အဲလိုတွေးကြတာပါ..။

  • weiwei

    April 2, 2013 at 9:39 am

    စနေနေ့တုန်းက အသိတစ်ယောက်ကို ဖားအောက်တောရရိပ်သာလိုက်ပို့ပေးရင်း ဒီပို့စ်ကို သတိရမိသေးတယ် …
    ရိပ်သာသွားတာပဲ .. ဘယ်သူ့ကိုမဆို လက်ခံတဲ့ရိပ်သာပဲ … ကိုယ့်ဟာကိုယ်ပဲ သွားလိုက်ပါဆိုတာကို မရဘူး … လိုက်ပို့ပေးပါတဲ့လေ … သူတို့ဒီအတိုင်းသွားရင် နေရာကောင်းကောင်းမရပဲ ကျွန်မလိုက်ပို့ရင် နေရာကောင်းကောင်းရလို့ပါတဲ့ …
    ခက်တော့ခက်တယ် … လူ့သဘာဝဆိုတာ ….

Leave a Reply