“အပိုင်ချည်တဲ့ အိုင်တီ အီကော်နော်မီသင်္ကြန်”

“အပိုင်ချည်တဲ့ အိုင်တီ အီကော်နော်မီသင်္ကြန်”

 

 

မန္တလေးဆိုတာ မြန်မာပြည်ရဲ့သင်္ကြန်မြို့တော်လို့ပြောနိုင်လောက်အောင် မန်းလေးသူမန်းလေးသားများက သင်္ကြန်နဲ့ပါတ်သက်ရင် အကဲပိုကြပါတယ်။

ဆောင်းအကုန်နွေအကူးတပေါင်းလွန်မြောက် မတ်ချ်လရောက်ပြီဆိုတာနဲ့သင်္ကြန်အငွေ့အသက်တွေကို

စတင် ခံစားနိုင်ပါပြီ။

နွေရောက်ပြီဆိုတာကို ဥဩတွန်သံလေးတွေကအချက်ပေးသလို

သင်္ကြန်ရောက်တော့မယ်ဆိုတာကို အချဉ်ပေါင်းသယ်လေးတွေထီသယ်လေးတွေဖွင့်တဲ့

သင်္ကြန်သီချင်းတွေက သတိပေးပါတယ်။

ဟိုအရင်ကတော့ သင်္ကြန်ဆိုတာကျနော်တို့မြန်မာလူမျိုးများအတွက်အနားယူတဲ့ရက်ပါဘဲ။

ဆိုင်တွေပိတ် လုပ်ငန်းကြီးတွေပိတ် ဘုရားဖူးထွက်သူထွက်။

ရေကစားဘို့ ပြင်သူကပြင် တရားစခန်းဝင်ဘို့စဉ်သူကစဉ်ပေါ့။

ဘာဘဲပြောပြော အရင်ကတော့ သင်္ကြန်ဆိုတာ စိတ်လွတ်ကိုယ်လွတ်ပျော်ဘို့ပါးဘို့ဘဲ

အာရုံရှိကြပါတယ်။

****************************************************

ဒါပေမယ့် သင်္ကြန်ဆိုတာ မြန်မာလူမျိုးများအတွက် အင်မတန်မှ စီးပွားရှာလို့ကောင်းတဲ့

အကွက်အကွင်းကြီးလဲဖြစ်နေပြန်ပါတယ်။

သင်္ကြန်မတိုင်ခင်မတ်လ ဆန်းလောက်က စပြီး “အခါတွင်း”အတွက်ဆိုပြီးရည်ရွယ်လို့

ရောင်းကြဝယ်ကြကတော့ နှစ်စဉ်နှစ်တိုင်းပါဘဲ။

ရှေးရှေးကတော့ သင်္ကြန်မှာလူကြီးသူမများကိုရေကန့်တော့ဘို့အတွက် ရော

သင်္ကြန်ကြိုဘို့အတွက်ပါ မြေအုးိတွေကိုကြိုတင်လို့စုဆောင်းကြရပါတယ်။

ဒါလဲ ကြီးမားခဲ့တဲ့ဈေးကွက်တစ်ခုပါဘဲ။

(အခုခေတ်မှာတော့ မြေအိုးကိုအလေးခံပြိး မသယ်တော့ပါဘူး 

ရယ်ဒီမိတ်ရေသန့်ဘူးတစ်ဘူးရှိရင်အဆင်ပြေ ပါပြီ။

သင်္ကြန်ကြိုတဲ့ အိမ်ဆိုတာကလဲ မရှိသလောက်ရှား။

ကြိုတဲ့အိမ်များကလဲ ပလပ်စတစ်ပုံးလေးနဲ့ဘဲအလုပ်ဖြစ်။

ခေတ်ကြီးကအဲ သလိုပြောင်းသွားတာပါ။

နောက်အခုခေတ်မှာလူကြီးတွေကန့်တော့ဘို့အတွက် မုန့်ပုံးတွေ၊

ကန်တော့ပွဲခြင်းတွေကလဲ သူ့အစားစားနဲ့သူ သောင်းဂဏန်းကနေသိန်းဂဏန်းထိ

ပစ္စည်းအစုံစုံကို ကိုယ့် စိတ်တိုင်းကျထည့်ခိုင်းပြီး အလွယ်တကူဝယ်လို့ရနိုင်ပါတယ်။

နောက်ပြည်တွင်းဖြစ် ကိတ်မုန့်ဆိုင်တွေကလဲပေါမှပေါ။

သင်္ကြန်မတိုင်မှာလူကြီးတွေကို ဂါရဝပြုဘို့အတွက် သုံးစွဲတဲ့ ပစ္စည်းများရဲ့

ဈေးကွက်ကလဲ ကြီးမားတဲ့ဈေးကွက်တစ်ခုဖြစ်ပါတယ်)

 

ရှေးခေတ်ကတော့ သင်္ကြန်ရက်ဆိုရင် တရုတ်ကုန်စုံဆိုင်နဲ့ကုလားလက်ဖက်ရည်ဆိုင်ကလွဲရင်

မြန်မာဆိုင်အားလုံးနီးပါးလောက်ပိတ်ပါတယ်။

ယုတ်စွအဆုံးမနက်ခင်းညနေခင်းမှာအဆာပြေစားဘို့ရောင်းတဲ့မုန့်ဆိုင်လေးတွေကစလို့ပိတ်။

အဲတော့ သင်္ကြန်တွင်းမတိုင်ခင်မှာ ချက်ပြုတ်စားသောက်ဘို့ အခြောက်အခြမ်းကစလို့

ကြိုတင်ပြီးဝယ်ထားကြရပါတယ်။

သင်္ကြန်မတိုင်ခင်ရက်တွေက တော့ အင်မတန်ကိုရောင်းပန်းဝယ်ပန်းလှသောရက်

နေ့လည်စာထမင်းတောင် ရောင်းနေဝယ်နေရင်းကနေ တဇွန်းစားလိုက်ဈေးရောင်းလိုက်

လုပ်ခဲ့ရတဲ့ရက်တွေဖြစ်ပါတယ်။

(စီးပွားရေးအမြင်တွေနဲ့သာ ချီတက်နေရတဲ့ခေတ်မှာတော့ သင်္ကြန်တွင်းမှာလဲ

ဆိုင်တွေမပိတ်ကြတော့ပါဘူး။

ဈေးထဲက ဈေးသည်တွေလဲဖွင့်။

ရပ်ကွက်ထဲက စတိုးဆိုင်ကလဲမပိတ်။

ခါတိုင်းထက်တော့ ဈေးနည်းနည်းပိုပေးရပါတယ်။

စားသောက်ဆိုင်တွေက လဲ နေ့တစ်ဝက်ဖွင့်တဲ့ဆိုင်ရှိသလို

ညအထိဖွင့်တဲ့ဆိုင်ရှိတော့ စားရေးသောက်ရေးမပူရ။

အဲတော့ ကြိုတင်ပြီးဝယ်ထားဘို့ မလိုတဲ့ခေတ်ရောက်သွားပါတယ်။

ဒီလိုဆိုပြန်တော့လဲ သင်္ကြန်နားနီးရင် လက်မလည်အောင်ရောင်းရတဲ့ခေတ်က ပြီးဆုံးသွားပါတော့တယ်)

 

ဟိုးအရင်ခေတ်တွေမှာ သင်္ကြန်ရက်အလှမ်းဝေးစ အချိန်မှာကြိုတင်စုဆောင်းရတဲ့

ပစ္စည်းတွေထဲမှာ ထိပ်ဆုံးဝင်တာကတော့ ရောင်စုံသင်္ကြန်ပန်းကုံးလေးတွေပါဘဲ။

ဆပ်တွန့်စက္ကူျရောင်စုံလေးတွေကို ပန်းကုံးလိုဖြစ်အောင် သီကြရတာပါ။.

သင်္ကြန်နားနီးပြီဆိုရင် ဈေးထဲက စက္ကူရောင်းတဲ့ဆိုင်တွေက ရောင်စုံပန်းကုုံးလေးတွေ

ရွှေရောင်ငွေရောင်ပန်းကုံးလေးတွေကို အရပ်ထဲတွေမှာလက်ခစားနဲ့လုပ်ခိုင်းကြရတာပါ။

နွေရာသီကျောင်းပိတ်ချိန်လဲဖြစ်တော့ အရပ်ထဲက ကလေးတွေမုန့်ဘိုးလဲရ

နေပူထဲ ထွက်မဆော့ ခြေလဲငြိမ်အောင် အလုပ်ပေးထားသလိုပါဘဲ။

သင်္ကြန်အကမဏ္ဍပ်တိုင်းက ယိမ်းကသူတွေအတွက်ရော အလှဆွဲချင်သူများအတွက်ရော

ဒီ ပန်းကုံးလေးက မရှိမဖြစ်၊။

တစ်ချို့တစ်လေကတော့ ပိတောက်ပန်းအတုလေးတွေကိုပန်းကုံးအဖြစ်လုပ်တာကိုတွေ့ရပါတယ်။

(ခုခေတ်မှာတော့ သင်္ကြန်ပန်းကုံးပန်သူမရှိသလောက်.။

ရှိပြန်ရင်လဲ ယိုးဒယားက တရုပ်ကလာတဲ့ ပန်းကုံးတွေဘဲဆွဲကြပါတော့တယ်။

ဆွဲဆို အဲဒီပန်းကုံးလေးတွေကလဲ လှတာကိုး)

*****************************************************************

ကျနော်တို့မန်းလေးမြို့ကြီးကတော့ သင်္ကြန်နားနီးလေလေအလုပ်ရှုပ်လေလေပါဘဲ။

သင်္ကြန်နီးပြီဆိုတာနဲ့ လူတိုင်းပါးစပ်ဖျားမှာ “အခါတွင်း”ဆိုတဲ့စကားလုံးလေးက

တကယ့် အတွင်ကျယ်ဆုံးစကားလုံးလေးပါဘဲ။

မတ်ချ်လအလယ်လောက်ရောက်ပြီဆိုတာနဲ့ ကျုံးနံဘေးမှာ အရပ်တွေထဲမှာ သင်္ကြန်မဏ္ဍပ်ထိုးဘို့

စတင်ပြင်ဆင်ကြတာပါဘဲ။

ကလေးတုံးကများဆိုရင် ဒီလိုသင်္ကြန်မဏ္ဍပ်ဆောက်တာကိုသွားသွားကြည့်ရတာအလုပ်တစ်ခုပါဘဲ။

အရင်ခေတ်ကတော့ အချိန်အများကြီးယူပြီးလုပ်ကြရပါတယ်။

သံစည်ပိုင်းတွေပေါ်မှာ ပျဉ်တွေခင်းပြီးလုပ်သူကလုပ်။

သစ်သားတွေနဲ့ စင်ဆောက်သူကဆောက်။

ဒီမဏ္ဍပ်ကလဲ စီးပွားရေးဈေးကွက်တစ်ခုပါဘဲ။

သင်္ကြန်ပြီးတာနဲ့ဒီသစ်တွေက ပြန်ရောင်းစားလို့ရတာကိုး။

ရှေးခေတ်ကတော့ သင်္ကြန်မဏ္ဍပ်တစ်ခုဆောက်ခွင့်ရဘို့သိပ်မခက်ခဲပါဘူး။

သက်ဆိုင်ရာ ရပ်ကွက်နဲ့မြို့နယ်ကောင်စီတွေက ထောက်ခံလိုက်ရင် အိုကေပါဘဲ။

ဒီအတွက်သိပ်ကုန်ကျစရိတ်ကြီးတယ်ဆိုတာမရှိလှပါဘူး။

 

မဏ္ဍပ်အကြမ်းထည်ပြိးတဲ့အခါမှာတော့ ပန်းချီဆရာများရဲ့ကဏ္ဍဖြစ်သွားပါပြီ။

ကိုယ့်မဏ္ဍပ်ကို အလှဆင်မယ့်ပန်းချီကားတွေ အရုပ်တွေအတွက် နာမယ်ကြီးပန်းချီဆရာကိုအပ်ရပါတယ်။

ဒီပန်းချီဆရာများကလဲ ခံစားမူ့ကိုအရင်းတည်ပြီးအလုပ်လုပ်တဲ့သူတွေဆိုတော့တော်တော်နဲ့မပြီးနိုင်။.

စိတ်ပါရင်ထဆွဲ စိတ်မပါရင် ဒီအတိုင်းထား ဆိုပြန်တော့ သင်္ကြန်ရက်ကပ်နေတောတောင်

အလှဆင်လို့ မပြီးနို်င်သေးတဲ့ အဖြစ်အပျက်တွေကအများကြီးရှိပါတယ်။

အဲဒီအခါမျုးိမှာမဏ္ဍပ်အတွက်တာဝန်ယူထားသူနဲ့ အလှဆင်သူကြားမှာစကားတွေများ

ရပြန်ပါတယ်။

 

တစ်ခါတစ်လေကြပြန်တော့လည်း ပန်းချီဆရာက အနုပညာမြောက်အောင်လှပအောင်

ကြိုးစားပန်းစားလုပ်ထားတာကို ဘာမှ မခံစားတတ်တဲ့လူကြီးက ခေါင်းရမ်းလိုက်တာနဲ့

အကုန်ပြန်ပြင်ရ ပြုရပြီဆိုရင်တော့ မဏ္ဍပ်အလှဆင်သူခမျာ ကျုံးထဲခုန်ဆင်းပြီးသေချင်စိတ်

ပေါက်လောက်အောင်စိတ်ညစ်စရာတွေလဲကြုံရပြန်ပါတယ်။

အရင်ခေတ်ကတော့ သင်္ကြန်မဏ္ဍပ်ဆိုတဲ့ဒီဇိုင်းကသိပ်ဆန်းဆန်းပြာပြားတော့မရှိလှပါဘူး။

ပိတောက်ပန်းပါမယ် ရေလောင်းနေတဲ့ပုံပါမယ် တစ်ချို့ကတော့ ခေတ်ပုံ

တစ်ချို့ကတော့ ပုဂံခေတ်ကပုံ ။

မန်းလေးသင်္ကြန်မှန်းသီအောင်နန်းမြို့ရိုးထည့်မယ်။

မဏ္ဍပ်ရဲ့နာမယ်စာလုံးအကြီးကြီးပါမယ်။

ဒီလောက်ပါဘဲ။

(ပြောင်းလဲသွားတဲ့ အခုခေတ်မှာတော့ သင်္ကြန်မဏ္ဍပ်တစ်ခုဆောက်ခွင့်ရဘို့ဆိုတာ တော်ရုံလူမရနိုင်ပါဘူး။

လုံခြုံရေးကိစ္စ ကိုအကြောင်းပြုလို့ ဘာညာကွိကွလုပ်နိုင်ကိုင်နိုင်သူများသာ မဏ္ဍပ်ဆောက်ခွင့်ပါမစ်ရနို်င်ပါတယ်။

အဲဒီသူများကလဲ သင်္ကြန်ဝါသနာပါလို့ မဏ္ဍပ်ဆောက်သူမဟုတ်ပါဘူး။

မဏ္ဍပ်ဆောက်ခွင့်ရသူနဲ့ လုပ်တတ်ကိုင်တတ်လူနှစ်ယောက်ပေါင်းလို့

သင်္ကြန်ကိုအရင်းတည်ပြီး ခါတော်မီ စီးပွားရှာကြတာပါ။

မဏ္ဍပ်တစ်ခုဆောက်ခွင့်ရဘို့ ရင်းထားတဲ့ငွေကျေအောင် စပွန်ဆာရှာပါတော့တယ်။

အဲဒီအချိန်ကစပြီး သင်္ကြန်ဆိုတာ ကုန်ပစ္စည်းကြော်ငြာတဲ့ပွဲအဖြစ်ကူးပြောင်းသွားပါတော့တယ်။

နာမယ်ကြီး ကုမ္ပဏီများနဲ့ချိတ်ပြီး မဏ္ဍပ်တစ်ခုလုံးကို ပုတ်ပြတ်ပေးလိုက်မယ်ဆိုရင်

သိန်းရာကြီးဂဏန်းလောက်ရနို်င်ပါတယ်။

တစ်ယောက်ထဲကနေ အပြိးအပြန်ယူမယ့်သူမရှိတဲ့မဏ္ဍပ်များကတော့ ကုမ္ပဏီလေးတွေကို

အဆက်အသွယ်နဲ့လိုက်ချိတ်ပါတယ်။

မိန်းစပွန်ဆာ ယူမယ် ဆိုရင် မဏ္ဍပ်မှာနာမယ်အကြီးကြီး တပ်ခွင့်ရမယ် ဧရိယာအကြီးကြီးရမယ်၊

လာထား သိန်း ဆယ်ဂဏန်းအကြီးကြီး။

ကို-စပွန်ဆာယူမယ်လား ဧရိယာသေးသေးရမယ်။

လားထား သိန်း ဂဏန်း။

ကြော်ငြာဘဲကပ်ချင်တယ်ဆိုရင်လဲ ရပါတယ်၊

မဏ္ဍပ်အောက်ခြေအပိတ်တွေဘေးနံရံတွေမှာ ကြော်ငြာကပ်ခွင့်ပေးပါတယ်။

အဲဒါမျိုးကတော့ “စတုရန်းပေ”နဲ့တွက်ပြီး ညှိနိုင်းဈေးနဲ့ပေးရပါတယ်။

 

အချို့မဏ္ဍပ်ဆောက်သူများကတော့ရှေးမူမပျက် သစ်သားနဲ့ဆောက်ပါတယ်။

သစ်ကိုတော့ ပါမစ်ရအောင်လျောက်။

ဒီသစ်ကိုလဲ မဏ္ဍပ်မဆောက်ခင်ကတည်းက ရောင်းပြီးသားပါဘဲ။

သင်္ကြန်ပီးရင်တော့ ဝယ်ထားတဲ့သူလက်ထိုးအပ်လိုက်ရုံပါဘဲ။

အခုခေတ်ကတော့သစ်နဲ့ဆောက်သူရှိသလို သင်္ကြန်ပြီးတာနဲ့ဖြုတ်သိမ်းထားလို့ရတဲ့

သံဖရိန်နဲ့ဆောက်သူတွေလဲရှိပါတယ်။

 

မဏ္ဍပ်ဆောက်သူက စီးပွားရေးသမားဆိုတော့ ရှေးခေတ်ကလို အနုပညာတွေဘာတွေခံစားမနေပါဘူး။

သူ့ရည်ရွယ်ချက်က ကုန်ကျစရိတ်နည်းနည်းနဲ့ မဏ္ဍပ်မြန်မြန်ပြီးဘို့ သင်္ကြန်အမှီပြီးဘို့ပါဘဲ။

အဲတော့ အနုပညာဝိဉာဉ် နိုးမှ ပုံထဆွဲမယ့် ပန်းချီဆရာကို အလုပ်ရှုပ်ခံပြီးမငှားတော့ပါဘူး။

အခုခေတ်က အိုင်တီခေတ် ကွန်ပြူတာခေတ်ကိုးဗျ။

လက်ရေးစာလုံးလှတာတွေဘာတွေ ပန်းချီအနုပညာတွေ ကိုဘေးဖယ်

ကွန်ပြူတာဒီဇိုင်းနာကိုခေါ် သူအဓိကလိုချင်တာ စပွန်ဆာကုမ္ပဏီနာမယ်တွေထင်ရှားနေဘို့။

ပြီးရင် ဗီနိုင်းအပ်။

အေးဆေးပါဘဲ။

အဲလိုအဲလို ခေတ်ပြောင်းကတည်းက အရင်က သင်္ကြန်ဆိုရင် လက်ဖျားငွေသီးနေတဲ့

မန်းလေးက ပန်းချီဆရာများ ငုတ်တုတ်မေ့ကုန်တာပါဘဲ။

မန်းလေးသင်္ကြန်က ကြော်ငြာ သင်္ကြန် ဖြစ်တာကြာပေါ့)

 

 

သင်္ကြန်မဏ္ဍပ်တွေဆောက်ပြီဆိုတာနဲ့ကျနော်တို့ကလေးများကလဲ တစ်နှစ်လုံးအိမ်ထုတ်တန်းမှာချိတ်ထားတဲ့

ကြေးပြွတ်တွေကို အောက်ချ  ဝင်းလက်ပြောင်နေအောင် မန်ကျီးမှည့်နဲ့ချေးချွတ်။

ဝါရှာတွေပြင် လို့ သင်္ကြန်ပွဲအတွက်ပြင်ကြပါတယ်။

အရင်ကတော့ ပလပ်စတစ်ရေပြွတ်တွေကိုလဲသုံးကြပါတယ်။

ဒါပေမယ့် အားလုံးက တပုံစံတည်း အချောင်းရှည်ရှည် တစ်ခါပက်ပြီးတစ်ခါရေစုပ်။

နို့ဆီခွက်အဟောင်းတွေရှာ။

လက်မရှအောင် ခွက်နုပ်ခမ်းကို အုတ်နီခဲနဲ့တိုက်ပြီး ညီနေအောင်ညှိ။

ရေပြွတ်ကလေးတကိုင်ကိုင်နဲ့ သင်္ကြန်မှာကဲဘို့ဟန်တပြင်ပြင်ပေါ့။

(ဒီနေ့ခေတ်မှာတော့ မြန်မာပြည်က ကလေးများကို အင်မတန်မှအလေးထားသော

မြောက်ဘက်က လူတွေက မတ်လရောက်ပြီဆိုတာနဲ့ ကလေးကစားစရာ

လူကြီးကစား စရာ ရေပြွတ်မျိုးစုံ ရေသေနတ်မျိုးစုံ သင်္ကြန်သုံးပစ္စည်းမျိုးစုံ

နေကာမျက်မှန် ဦးထုပ် ပုဝါ တဘက် မုန့်ပုံး အလုံးစုံကို လိုလေသေးမရှိရအောင်

ထုတ်လုပ်ပြီး မြန်မာပြည်ဘက်ကို ပို့ပေးနေပါတယ်။

ဒီသင်္ကြန်တွင်းကာလလေးမှာ အသုံးပြုဘို့အတွက် ဝယ်လိုက်ရတဲ့ ပစ္စည်းတွေရဲ့

တန်ဘိုးကို တွက်ကြည့်မယ်ဆိုရင်………………………………..

အမလေး နှမျောစရာကောင်းလိုက်ပါဘိတော့တယ်။)

 

သင်္ကြန်မှာ လည်ရုံသက်သက် ရေပက်ခံထွက်ချင်သူတွေကတော့ သူငယ်ချင်းတွေစုပြီးကားငှား။

နေ့ရေပက်ခံထွက် ညအကမဏ္ဍပ်တွေလိုက်ကြည့် ဘို့အတွက် တစ်ယောက်ဘယ်လောက်ဆိုတာ

အချိုးကျထည့်။

 

အဆိုအတီးအမူတ်တွေ သံချပ်ထိုးဘု့ိဝါသနာပါသူတွေကတော့ ရေသဘင်လှည့်တဲ့ကားနဲ့လိုက်

ဘို့ ကြိုးစားကြပါတယ်။

သတ်မှတ်ထားတဲ့အသင်းဝင်ကြေးပေးရမယ် တူညီဝတ်စုံတစ်စုံရမယ်။

အဲဒီအသင်းဝင်ပြီးတာနဲ့ ညည ဆိုမအားရတော့ပါဘူး။

သံချပ်ဆိုလဲ သံချပ် သီချင်းဆိုလဲ သီချင်း တိုက်ရပါတော့တယ်။

 (အခုခေတ်ကာလမှာတော့ သူငယ်ချင်းတွေစုလည်ချင်ရင် အရင်ခေတ်ကလို စုပြီးကားငှားပေါ့။

ဒါပေမယ့် ကားတွေပေါတော့ သူများဆီငှားစရာမလိုတော့ပါဘူး။

အရင်က ဆို သင်္ကြန်နားနီးရင်  ဂျစ်ကားတွေအလုပ်ဖြစ်သပေါ့။

ကားတင်မဟုတ်သေးပါ ဘူး တုတ်နဲ့ အားရပါးရ ထုချင်တိုင်းထုရအောင် ကားဘောနက်အစုတ်တွေ

ငှားတဲ့လုပ်ငန်းကလဲ စီးပွားရေးခွင်တစ်ခုပါဘဲ။

အခုတော့ ရေပက်ခံထွက်စရာ ကလည်း ကျုံးပါတ်ပါတ်လည်ဆိုတော့ ကားကို မိသားစုနဲ့လည်တဲ့

လူတွေလောက်သာ သုံးပြီး လူငယ်အများစုကတော့ ဆိုင်ကယ်နဲလည်ကြပါတယ်.။

ဆိုင်ကယ်မနာအောင် တိုက်မိခိုက်မိရင် မနှမျောရအောင်ဆိုင်ကယ် က မားရကပ်တွေအကုန်ဖြုတ်

ကွဲနိုင်ရှနိုင်တာတွေကို အကုန်ဖယ် အိတ်ဇောတွေဖယ် လို့ဘောင်နဲ့အင်ဂျင်ဘဲချန်ထားပါတယ်။

အဲတော့  ဆိုင်ကယ်ဝပ်ရှော့တွေအလုပ်ဖြစ်သပေါ့။

ဒါပေမယ့်လည်းတရားဝင်လုပ်လို့ရတဲ့ အလုပ်တော့လဲမဟုတ်။

အိတ်ဇောဖြုတ်ထားတာ မိရင် ဆိုင်ကယ်ဖမ်း ထား သင်္ကြန်ပြီးမှပြန်ပေးသလို

ပြင်ပေးတဲ့ ဝပ်ရှော့ကိုလဲ အရေးယူတာပါဘဲ။

သို့သော်လည်း မန်းလေးမြို့တစ်မြို့လုံးကတော့ သင်္ကြန်တွင်းဆိုရင်

အိပ်ဇောဖြုတ်ထားတဲ့ ဆိုင်ကယ်သံ တဖုန်းဖုန်းဘဲကြားနေရပါတယ်။

အခုခေတ်မှာ သင်္ကြန်မှာ သံချပ်လဲမထုးိရတော့

အတီးအမူတ်ပါတဲ့ ကားကို ပိုက်ဆံထည့်ပြီးလိုက်တယ်ဆိုတာ မရှိသလောက်ပါဘဲ။)

မိန်းကလေးများကတော့ ရပ်ကွက်ရေသဘင်အဖွဲ့ ဖြစ်ဖြစ် မိသားစုလိုက်လုပ်တဲ့

ရေသဘင်အဖွဲ့  ဒါမှမဟုတ် ဌာနဆိုင်ရာရေသဘင်မဏ္ဍပ်မှာဘဲဖြစ်ဖြစ် ယိမ်းအကပါလေ့ရှိတတ်ပါတယ်။

ဒီသကြီန်ဆိုတာ မန္တလေးက အိမ်တွင်းပုန်းနေတဲ့ မိန်းကလေးများလူလုံးထွက်ပြတဲ့အချိန်လဲဖြစ်ပါတယ်။

သူတို့လဲ သင်္ကြန်မတိုင်ခင်ရက်များကတည်းက ယိမ်းတိုက်ရပါတယ်။

အများအားဖြင့် မဏ္ဍပ်ယိမ်းအဖွဲ့မှာပါတဲ့ အမျုးိသမီးတွေက ပိုက်ဆံပေးရတယ်ဆိုတာမရှိသလောက်။

အကမပါတဲ့ရေပက်ခံမဏ္ဍပ်တွေကျပြန်တော့လဲ ဝါသနာပါသူ ငွေကုန်ကြေးကျခံနိုင်သူက စိုက်ထုတ်ပြီး

တဲ့လူရှိတော့ ရေကစားချင်တဲ့လူက သူတို့နဲ့ ဆက်စပ်ပါတ်သက်နေသူ အသိမိတ်ဆွေတွေနဲ့သိတဲ့လူဘဲ

လက်ခံပါတယ်။

မသိတဲ့လူစိမ်းကိုတော့လက်ခံလေ့မရှိပါဘူး။

(ဒီဘက်ခေတ်မှာတော့ မဏ္ဍပ်တွေက စပွန်စာယူထားကြတော့ စရိတ်ကျေအောင်ရှာကြရပါတယ်။

အလွယ်ဆုံးကတော့ရေကစားချင်တဲ့ သူတွေကို တစ်ရက်ဘယ်လောက်ဆိုတာသတ်မှတ်ပြီးစင်ပေါ်မှာရေကစားနိုင်ပါတယ်။

သင်္ကြန်ရက်အားလုံးကို မကစားချင်ရင်လဲ ကိုယ်ကစားချင်တဲ့ရက်မှ ရွေးပြီးကစားနိုင်ပါတယ်။

တစ်ချို့များဆို တစ်ရက်တစ်မဏ္ဍပ် စုံနေအောင် လက်မှတ်ဝယ်ပြီးရေကစားကြတာပါ။

ဆောက်လက်စ သင်္ကြန်မဏ္ဍပ်ဘေးမှာခုံလေးချလို့ သင်္ကြန်ရက်ရေကစားဘို့အတွက်

လက်မှတ်ရောင်းနေတာကိုတွေ့နို်င်ပါတယ်။

ရေကစားချင်သူက မဏ္ဍပ်တစ်ခုပြီးတစ်ခုသွားဈေးစုံစမ်း ကြိုက်တဲ့မဏ္ဍပ်ကလက်မှတ်ဝယ်လိုက်ရုံပါဘဲ။

ဘယ်သူနဲ့မှသိဘို့မလို ငွေရှိဘို့ဘဲလိုပါတယ်။

 

သင်္ကြန်မဏ္ဍပ်ရယ်ဖြစ်လာတဲ့အခါ စားဘို့သောက်ဘို့ကိစ္စလဲ လိုအပ်လို့လာပါတယ်။

အဲတော့ အစားအသောက်ရောင်းတဲ့သူတွေ(ကြာဆံကြော် ခေါက်ဆွဲကြော် ထမင်းကြော်)သည်တွေကလဲ

မဏ္ဍပ်တည်ထောင်သူတွေနဲ့ ဆက်သွယ်လို့ ဈေးညှိကြပါတယ်။

တစ်ပွဲဘယ်လောက် လူဘယ်နှစ်ယောက်စာ ဆိုတာတွေအသေးစိတ်ညှိပြီး အလုပ်တွေလုပ်ကြပါတယ်။

အချို့သောမဏ္ဍပ်တွေက မဏ္ဍပ်လာသူတဲ့ လူကြီးနဲ့ဧည့်သည်တွေကိုဧည့်ခံဘို့အတွက်

ရွှေရင်အေးလို ကြာဇံဟင်းလို မုန့်သည်တွေနဲ့လဲချိတ်ဆက်လို့ အလုပ်လုပ်ရပါတယ်။

မဏ္ဍပ်ကို ပစ္စည်းသွင်းချင်သူတွေ အစားအသောက်ရောင်းချင်သူတွေက ဦးစီးဦးကိုင်လုပ်သူနဲ့

အဆင်ပြေမှ သူလက်ခံမှ ရမယ်ဆိုတော့ ထုံးစံအတိုင်း ပေါ့ဗျာ။

 

သင်္ကြန်မဏ္ဍပ်ဆိုမှတော့ အတီးအမူတ်တွေအဆိုတွေပါမယ်။

တီးဝိုင်းတွေ အဆိုတော်တွေ အကအဖွဲ့တွေ ပါတယ်ဆိုရင်လဲ

ဈေးနူန်းညှိရ ငှားရပေါ့။

တီးဝိုင်းမထည့်တဲ့ရေကစားမဏ္ဍပ်ကတော့ အသံချဲ့စက်ကောင်းကောင်း

ငှားရပါတယ်။

အဲဒီစက်များကလဲ ဈေးတော့မသေးပါ။

သိန်းကြီးဂဏန်းပေးမှရပါတယ်။

နောက်မဏ္ဍပ်ရဲ့လွတ်နေတဲ့ ဘေးနှစ်ဖက်မှာဆိုင်ခန်းလေးယာယီဆောက်ပြီးငှားစားနိုင်ပါသေးတယ်

အဲဒီဆိုင်လေးတွေက တော့ သွားရေစာမုန့်ဆိုင်လို့အမည်ခံပေမယ့် တကယ်တော့ စီးကရက်နဲ့တွဲလို့

အရက်ဘီယာတိတ်တိတ်ပုန်းရောင်းတဲ့ဆိုင်လေးတွေဆိုရင်လဲမမှားပါဘူး။

 

မဏ္ဍပ်တစ်ခုမှာနောက်ထပ်မရှိမဖြစ်ကတော့ ဗွီဒီယိုမှတ်တမ်းတင်သူနဲ့ ကင်မရာမင်းတွေပါဘဲ။

အဲတော့ မဏ္ဍပ်တစ်ခုမှာ ဗွီဒီယိုရိုက်ခွင့် ကင်မရာရိုက်ခွင့်ရအောင်လုံးပန်းကြရပြန်ပါတယ်။

အချို့မဏ္ဍပ်ကတော့ သူတို့မဏ္ဍပ်ကို မှတ်တမ်းတင်ပေးဘို့ ပုတ်ပြတ်ငှားပါတယ်။

ကျန်တဲ့လူတွေနဲ့ကတော့ကိုယ့်ဘာသာကိုယ်ညှိပြီး ဓါတ်ပုံရိုက်ကြပေါ့။

အခါတွင်းဆိုတဲ့သင်္ကြန်လေးငါးရက်လေးမှာ မဏ္ဍပ်တစ်ခုကို မှီပြီး လုပ်ကိုင်စားသောက်လို့ရတာတွေ

အများကြီးမှ အများကြီးပါ။

သင်္ကြန်မဏ္ဍပ်ကို တာဝန်ယူပြီးဦးစီးလုပ်ကိုင်သူများက တော့ ဒီအခါမျိုးမှာလုပ်တတ်ရင်

လုပ်တတ်သလောက် လည်ရင်လည်သလောက် အိပ်ဖောင်းအောင်ဝင်ငွေကောင်းတဲ့အခါသမယ

ဆိုရင်လဲမမှားပါဘူး။)

 

 

 

 

ဟိုကုန်လွန်ခဲ့သောနှစ်ပေါင်းများစွာကတော့ မန်းသင်္ကြန်ဆိုတာ မန်းလေးမြို့နေရာအနှံ့

မဏ္ဍပ်တွေနဲ့ပြည့်နေခဲ့တာပါ။

လမ်းသုံးဆယ်တည့်တည့် ၇၈လမ်း ဘူတာကြီးရှေ့မှာ ဗဟိုမဏ္ဍပ်ကိုအခြေတည်ပြီး မြို့လေးပြင်လေးရပ်မှာ

သင်္ကြန်မဏ္ဍပ်တွေ ဆောက်ကြတာပါ။

 

မန်းလေးမြို့ရဲ့လေးမြို့နယ်အတွက် မဏ္ဍပ်တစ်ခုစီကတော့ ကိုယ့် နယ်မြေထဲမှာကိုယ်ဆောက်ကြပါတယ်။

ဌာနဆိုင်ရာတွေက လဲကိုယ့်ရုံးနဲ့ နီးတဲ့နေရာက လမ်းမတန်းမှာမဏ္ဍပ်ဆောက်ကြပါတယ်။

နောက်ရပ်ကွက်တွေက လဲ ကိုယ့်ရပ်ကွက်နားမှာဘဲမဏ္ဍပ်ဆောက်လေ့ရှိပါတယ်။

ရပ်ကွက်တိုင်းလောက်ကလဲ ရေသဘင်မဏ္ဍပ်တွေရှိကြပြန်ပါတယ်။

ကုျုံးနံဘေးမှာတော့ အများအားဖြင့် စစ်ဘက်နဲ့ဆိုင်တဲ့ မဏ္ဍပ်တွေလောက်သာရှိနေပါတယ်။

အဲတော့လည်သင်္ကြန်လည်မယ်ဆိုရင် တစ်ရက်ထဲနဲ့အားလုံး စုံအောင်မသွားနိုင်တော့

တစ်ရက်ကို တစ်မြို့နယ်  ခွဲပြီးတော့ သင်္ကြန်လည်ရပါတယ်။

မန်းလေးသင်္ကြန်မှာက မဏ္ဍပ်နှစ်မျိုးနှစ်စား ရှိသလိုသင်္ကြန်ကားကလဲ နှစ်မျိုးနှစ်စားရှိပြန်ပါတယ်။

အတီးအမူတ်အက အခုန်တွေနဲ့ ညမှလည်တဲ့ အလှပြယာဉ်နဲ့ ရေပက်ခံသက်သက်ထွက်တဲ့ကားဆိုပြီးရှိသလို

ရေပက်မဏ္ဍပ်နဲ့ အကမဏ္ဍပ်ကလဲ သီးသန့်စီရှိနေပါတယ်။

ဒါပေမယ့်အချို့မဏ္ဍပ်တွေက တော့ နေ့ရေပက် ညမှာ က ကြတာမျိုးလည်းရှိပါတယ်။

အလှပြကားတွေကတော့ ညမှထွက်။

ရေပက်ခံကားတွေကတော့ နေ့ရေပက်ခံထွက် ည မဏ္ဍပ်လိုက်ကြည့်ကြပါတယ်။

မြို့နေရာအနှံ့မှာ မဏ္ဍပ်ရှိနေလေတော့ မဏ္ဍပ်ဘေးနားမှာ ကွမ်းယာဆိုင် မုန့်ဆိုင်အအေးဆိုင်လေးတွေလဲ

နေ့ရောညပါ လက်မလည်အောင်ရောင်းကြရပါတယ်။

သင်္ကြန်တွင်းမှာ ဆိုင်ဖွင့်ခွင့်ရတော့ လက်လုပ်လက်စားလေးတွေ စားရေးသောက်ရေး

အဆင်ပြေကြပါတယ်။

 

 

ဒါပေမယ့် ၁၉၈၈  ခုနှစ်အလွန်လောက်ကစပြီး ကျန်တဲ့ရပ်ကွက်တွေမှာ မဏ္ဍပ်ဆောက်ခွင့်မပေးတော့ပါဘူး.။

ကျုံးပါတ်ပါတ်လည်မှာသာ မဏ္ဍပ်တွေဆောက် ကျုံးလေးပြပါတ်လည်ကို တစ်လမ်းမောင်းလုပ်ပြီး

ကျုံးကို တစ်ပါတ် ပါတ်ခိုင်းပါတော့တယ်။

နာမယ်ကြီးမဏ္ဍပ်ရှေ့ရောက်တဲ့ အခါ ကားတွေက ဘယ်လောက်နှင်နှင်မထွက်ဘဲရပ်ကြည့်ကြပါတယ်။

အဲဒီအခါ ကားတန်းရှည်ကြီးဖြစ်ပြီး ပိတ်သွားပါတော့တယ်။

အပြင်လဲပြန်ထွက်လို့မရ။

နေရာကလဲ မရွေ့။

တစ်ရက်ကို ကျုံ့းတစ်ဖက်တောင် ပြီးဆုံးအောင်မရောက်ဘဲ အချိန်ကုန်ပြီး နေပူခံရပါတော့တယ်။

ကျုံးဘေးရှိတဲ့မဏ္ဍပ်တွေ ရေပက်ခံမဏ္ဍပ်တွေများပါတယ်။

ညပိုင်းမှာ ဧည့်ခံတဲ့ မဏ္ဍပ်က သိပ်မရှိ။

ဒါပေမယ့် ညမှာလည်း ကားလမ်းတွေပိတ်တာပါဘဲ။

အဲတော့ သင်္ကြန်မဏ္ဍပ်များက ကျုံးဘေးပါတ်ပါတ်လည်မှာသာရှိနေပြီး ကျန်တဲ့ရပ်ကွက်တွေမှာတော့

ဘာမှ မရှိ။

နေ့ပိုင်းသာ ရေပက်ခံမဏ္ဍပ်လေး ချောက်တိချောက်ချက် ရေကလာတစ်ချက် မလာတစ်ချက်။

မီးက မလာတစ်ချက် လာတစ်ချက်။

စိတ်ပျက်စရာ။

(မဏ္ဍပ်တွေကိုကျုံးဘေးမှာစုသွားတော့ အဲဒီပါတ်ဝန်းကျင်မှာတင် ဆိုင်လေးတွေဖွင့်ရပါတယ်။

ဒီတော့ ဆိုင်တွေပြည့်ကျပ်ညှပ်နေပြီး ထင်သလောက်မရောင်းရတော့ပါဘူး။

နောက် နေ့သာ စည်ပြီး ညဘက်က ဘာမှမရှိ။

ဒီတော့လဲဈေးသည်လေးတွေမှာ ဆိုင်ထွက်တဲ့အခွန်အခသာပေးရပြီး ရောင်းကြေး

ကောင်းကောင်းမရတဲ့ရက်တွေအများကြီးပါဘဲ။

ဆိုင်ဖွင့်စရာနေရာကလည်းကျုံးဘေးပါတ်ပါတ်လည်မှာဘဲရှိတော့

ဒီနားလေးမှာဘဲစုပြုံတိုးပြီးရောင်းရပါတော့တယ်၊

ရောင်းမကောင်းတော့ ရောင်းကောင်းတဲ့ပစ္စည်းအများကြိုက်တဲပစ္စည်းဖြစ်တဲ့

ယမကာကို ပုန်းရှိုးကွယ်ရှိုးရောင်းရတော့တာပါဘဲ။

လာဖမ်းရင်ရှောင်ထား ဖမ်းတဲ့သူမရှိရင်ပြန်ရောင်းလာတောင်းတော့ပေးလိုက်ဆိုတာနဲ့ဘဲ

သင်္ကြန်ရက်ကိုဖြတ်သန်းရပါတယ်။

 

 

သင်္ကြန်ရေနဲ့တွဲလျက်ပါလာတာကတော့ အရက်ဘီယာ ယမကာပါဘဲ။

ဟိုအရင်ကတော့ သင်္ကြန်နားနီးပြီဆိုတာနဲ့တရုပ်ဘီယာတွေကိုစုရပါတယ်။

သင်္ကြန်ဆိုတာ တရုပ်ဘီယာလှောင်တဲ့ ကာလာပါဘဲ။

ရောက်သလောက် ကုန် ရောင်းမလောက်တဲ့ ကာလမျိုးတွေကို ဖြတ်သန်းခဲ့ရပါတယ်။

ဒီဘက်ခေတ် ပြည်တွင်းဖြစ်ဘီယာတွေ အောင်မြင်လာချိန်မှာတော့ သကြန်နီးပြီဆိုတာနဲ့

သင်္ကြန်အထူးအစီအစဉ် ခေါင်းစပ်တပ်လို့ ဘီယာထုတ်လုပ်မူ့အရှိန်အဟုန်ကိုမြှင့်ကြပါတော့တယ်။

၂၀၀ဝ ခုနှစ်အလွန်တိုးတက်လာသောကာလများမှာတော့ သင်္ကြန်ဆိုတာ တရားဝင်

အရက်ဘီယာသောက်ပွဲကြီးလို့ဆိုနို်င်လောက်အောင် ဖြစ်သွားပါတယ်။

လမ်းဘေးမှာ ဆိုင်ကယ်ပေါ်မှာ ကားပေါ်မှာ မဏ္ဍပ်ပေါ်မှာ ဘီယာစတေးရှင်းမှာ စားသောက်ဆို်င်ထဲမှာ

ယောကျာ်လေးတွေနဲ့တန်းတူ ဘီယာဆွဲနေတဲ့ အမျုးိသမီးတွေကိုမြင်နေရလို့ပါဘဲ။

သူရာရည်ယစ်ပြီးကွဲပြဲလဲနေတဲ့လူတွေလဲ အများကြီးပါဘဲ။

အဲတော့တရားဝင်ကြော်ငြာခွင့်မရှိတဲ့ အရက်တွေဘီယာတွေယမကာဆရာတွေကလဲဒီလိုအချိန်မျိုးမှာ

ရသလောက်ကြော်ငြာဝင်ကြပါတယ်။)

 

 

အရင်ကတော့ သင်္ကြန်ဆိုရင် အတော်များများ က ဆင်တူဝတ်ကြပါတယ်။

စင်ပေါ်မှာကတဲ့ ယိမ်းသမတွေကလဲ ပိတောက်ကိုညွှန်းတဲ့အဝါရောင်များများပါတဲ့

အပွင့်အခက်တွေပါတဲ့ ဝတ်စုံကိုဆင်တူဝတ်ကြပါတယ်။

တစ်ရပ်ကွက်နဲ့တစ်ရပ်ကွက် မဏ္ဍပ်တစ်ခုနဲ့တစ်ခု ဆင်တူမဖြစ်ရလေအောင်ရွေးချယ်လို့ဝယ်ကြပါတယ်။

သင်္ကြန်နားနီးပြီဆိုတာနဲ့ မန်းလေးမြို့က စတိုးဆိုင်လေးတွေကလဲ လျော့ဈေး ဆိုပြီးဆိုင်ခါကြပါတယ်။

ပလက်ဖောင်းပေါ်မှာတန်းတွေထိုး ပြီး ရောင်းကြတာ အုန်းအုန်း ထနေတာပါဘဲ။

သင်္ကြန်နားနီးရင် ဘောင်းဘီ အကျင်္ ီရောင်းတဲ့ဆိုင်မှန်သမျှ စည်ကားသလိုရောင်းလဲရောင်းကြရပါတယ်။

(အခုခေတ်မှာတော့ ဌာနဆိုင်ရာ မဏ္ဍပ်များကလွဲရင် ကျန်တဲ့ မဏ္ဍပ်တွေက ဆင်တူဝတ်တယ်ဆိုတာ မရှိသလောက်ပါဘဲ။

စင်ပေါ်မှာေ ခတ်ပေါ်ဒီဇိုင်းနဲ့ အလန်းဇယားဖွင့်ကြပါတော့တယ်။

အဟော့ဆုံးဆိုတဲ့ မလုံ့တလုံအဝတ်အစားတွေနဲ့အပီကဲကြပါတယ်။

အရင်ကလိုဘဲရှေးမူမပျက် တူညီတာကတော့ စတိုးဆိုင်မှန်သမျှက သင်္ကြန်အထူးလျော့ဈေးနဲ့

ရောင်းကြသလို ဝယ်သူများကလဲ အရင်ကလိုဘဲ အုန်းအုန်းထနေအောင်ဝယ်နေကြတာပါဘဲ။)

 

ခုလာမယ် ၂၀၁၃ ခုနှစ်သင်္ကြန်ကတော့ နိုင်ငံရဲ့အပြောင်းအလဲနဲ့အတူပြောင်းလဲလို့သွားပါပြီ။

သကြျင်္န်မဏ္ဍပ်များကို ကျုံးဘေးတင်သာမကဘဲ မန်းလေးကန်တော်ကြီးမှာရော မန္တလေးမြို့အနှံပါ

ဆောက်ခွင့်ပြုမယ်လို့ ကြေငြာထားပါတယ်။

အဲတော့ မန်းလေးမြို့အနှံ့အပြားမှာ ရပ်ကွက်အလိုက်ဆိုင်လေးတွေပေါ်လာနိုင်ပါပြီ။

ဒီတော့လဲ လက်လုပ်လက်စားများအတွက်အဆင်ပြေတယ်လို့ဆိုနိုင်ပါတယ်။

ကျန်တာတွေကတော့ နေမြဲအတိုင်းလို့ဘဲပြောနိုင်ပါတယ်။

သင်္ကြန်ပိတ်ရက်က ဟိုးအရင်ကထက်စာရင်ရှည်လျားပါတယ်။

အစိုးရရုံးတွေက ဆယ်ရက်တိတိပိတ်ပါတယ်။

ဈေးတွေကတော့ အများအားဖြင့် အကြိုနေ့ကနေပိတ်လိုက်တာနှစ်ဆန်းနှစ်ရက်နေ့လောက်မှပြန်ဖွင့်ပါတယ်။

ဘုရားဖူးထွက်ချင်သူများလဲအဆင်ပြေ။

တရားစခန်းဝင်ချင်သူများလဲအဆင်ပြေ။

ဒုလ္လဘ္ဘရဟန်းခံချင်သူများလဲအဆင်ပြေ။

မယ်သီလရင်ဝတ်ချင်သူများလဲအဆင်ပြေ။

အိမ်မှာအေးအေးဆေးဆေးနားချင်သူများလဲအဆင်ပြေ။

အားလုံးကိုအဆင်ကိုပြေလို့ပါဘဲ။

ဒါပေမယ့် အဆင်မပြေရှာတဲ့သူများလဲရှိပါသေးတယ်။

“ အာစရိရေ သင်္ကြန်ပိတ်ရက်ရှည်တာ နားရတာတော့ ကောင်းပါတယ်။

   ဒါပေမယ့် ကျုပ်တို့လို နေ့စားတွေအတွက်ကတော့ ဒီအခါတွင်းဆိုတာဒုက္ခတွင်းပါဘဲ။

  ပုံမှန်ရက်တွေကို က တစ်နေ့လုပ်တစ်နေ့စားကိုးဗျ။

  ဒီအထဲသားတွေသမီးတွေက သင်္ကြန်တွင်း မှာ လည်ချင်ပတ်ချင် သုံးချင်စွဲချင်.။

   အလုပ်သာပိတ်တာ ကျုပ်တို့ပါးစပ်ပေါက်တွေက မပိတ်ဘူးလေ။

  အဲတော့ သင်္ကြန်ရောက်တိုင်းကြွေးမတင်တဲ့နှစ်ကို မရှိပါဘူးဗျာ။” တဲ့။

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။

22-3-2013

 

19 comments

  • မောင် ပေ

    March 28, 2013 at 12:00 pm

    ကိုပေါက် ပို ့စ်ထဲမှာ ကွန်မင့်ပေးရင် ၊ ဈေးနှုန်းလေး ပြောချင်တာကဖြင့်
    မန်းတလေးသင်္ကြန် ၂၆လမ်း ၇၀x၆၈ ကြားက မဏ္ဍပ်မှာ သင်္ကြန်အတွင်း ဈေးရောင်းမယ် ဆိုရင်
    မဏ္ဍပ်ကို နေရာခ သိန်း၂ဝကျပ်တိတိပါတဲ့ ခင်ဗျ

  • ရွာစားကျော် မင်းနန္ဓာ

    March 28, 2013 at 12:09 pm

    စက်ဘီးလေးနဲ့ ကျုံးပတ်ပြီး လည်ခဲ့တဲ့ သင်္ကြန်ရက်တွေကို သတိရသွားတယ်.. ဟင့်

  • စက်ဘီးလေးနဲ့ကျုံးပါတ်လည် တဲ့ဘဝကို ညည်းတင်မဟုတ်
    ကျုပ်လဲသတိရပါ၏။
    စက်ဘီးတစ်စီးသုံးယောက်တင်လည်ခဲ့ကြတာပါအေ့။

  • kyeemite

    March 28, 2013 at 1:11 pm

    အင်း..ကိုပေါက် မန်းလေးသင်္ကြန်အကြောင်း ရေးပြသွားတာ
    ခရေစေ့တွင်းကျပါပဲ…. ကောင်းပါလေ့ဗျာ…

    • 30ရက်နေ့မှာနောက်ထပ်တစ်ပုဒ်ထပ်တက်မယ် သင်္ကြန်ဈေး တဲ့
      သင်္ကြန်မှာဈေးရောင်းကြတာလေးပါ

  • KZ

    March 28, 2013 at 2:44 pm

    ဟယ်။
    လေးပေါက်တို့ ကိုယ့်မန်းလေးသင်္ကြန်အကြောင်း …….
    စေ့စေ့စပ်စပ်ကို လှန်ထောင်း (အဲလေ) တင်ပြ (အဲလေ) ရေး သွားတာပါပဲလားတော့။
    :harr:

    မန်းလေး သင်္ကြန် လွမ်းလို့ပြန်ချင်ပါတယ် ဆိုကာမှ။ ရက်စက်တယ်။

  • Mr. MarGa

    March 28, 2013 at 7:11 pm

    ခံစားမိတာတွေ ပြောရရင်
    ခုနောက်ပိုင်း သင်္ကြန်က တကယ့်ကို အရက်၊ဘီယာ ပွဲတော် ဖြစ်သွားတယ်။
    မဏ္ဍပ်တွေကလဲ သိုသိုဝှက်ဝှက်မဟုတ်၊ ပေါ်ပေါ်ထင်ထင်ကို ရောင်းကြတာ
    နောက်ပြီး
    ပိတ်ပင်ထားတဲ့ ညကလပ်တွေပျောက်၊ သင်္ကြန်မဏ္ဍပ်တွေပေါ်မှာ နေ့ကလပ်တွေ ရောက်လာတဲ့အတိုင်း……………..
    မြို့အနှံ့ မဏ္ဍပ်တွေ ပြည့်နေတဲ့ခေတ်ကတော့ မမီသလိုဖြစ်နေလို့ မပြောတတ်ပေမယ့်
    ခုနောက်ပိုင်းလဲ ကန်တော်ကြီးပတ်လည်မှာ ချောက်ချီးချောက်ချက် မဏ္ဍပ်လေးတွေ ရှိတတ်တယ်။
    ဒီနှစ်ကတော့ တရားဝင် ချပေးမယ့်ပုံပေါ့
    နေ့မှာ လည်ရင်တော့ ဆိုင်ကယ်က အကောင်းဆုံး
    တစ်နည်းပြောမယ်ဆိုရင်တော့ စည်းကမ်းပျက်တဲ့ သူတွေများလို့ အန္တရာယ်လဲ အများဆုံး။
    ညမှာတော့ အေးအေးဆေးဆေး ညဧည့်ခံတွေ ကြည့်မယ်မမှန်းနဲ့
    ရှေ့က လူအုပ်ကြီးကို ရအောင် တိုးလိုက်ဦး
    လည်လည်ဝယ်ဝယ် ရှိရင်တော့ မဏ္ဍပ်ပေါ် တက်ကြည့်ရအောင် လုပ်ပေါ့
    အဲဒါကတော့ နည်းနည်း အိန္ဒြေရရ ရှိလိမ့်မယ်။
    သိကြားမင်း အနေနဲ့တော့ ဒီနှစ်သင်္ကြန် တာဝန်အရသာ ထွက်မယ်မှန်းမိပါကြောင်း…………………
    ကျန်တဲ့အချိန် အိမ်တွင်းပုန်းရန် တွေးထားပါကြောင်း………………….

  • ဦးဦးပါလေရာ

    March 28, 2013 at 8:15 pm

    အရင် ဂျစ်ကားသင်္ကြန်ခေတ်ကတော့ ရေပက်ခံကားတွေကို စောင့်ကြည့်ရတာကိုက ပျော်စရာ။
    ကိုယ့်ကားကိုယ် ကိုယ့်အဖွဲ့ကိုယ် နာမည်လေးတွေ အပြောင်အပျက်ပေးပြီး ဆိုင်းဘုတ်တပ်ထားတာလေးတွေကလဲ ရယ်ရ ပြုံးရ ပါတယ်။

    • သိတယ် ဦးပါမှတ်မိနေမယ်ဆိုတာ.
      ငယ်ငယ်တုန်းက ဂျစ်ကားမှာရေးထားတာ
      “ဂူသရဖန် နူသရဖို့”
      အဲဒါဘာပြောတာလဲလို့ အဒေါ်အပျိုကြိးကိုမေးမိတော့
      ဒေါင်ကနဲ နေအောင် ဆော်ခံလိုက်ရပါ၏

  • MaMa

    March 28, 2013 at 8:33 pm

    ဒီနှစ်သင်္ကြန်ကိုတော့ ရင်လေးတယ်။ :eee:

  • uncle gyi

    March 28, 2013 at 11:12 pm

    မန်းလေးသားတွေဂုဏ်ယူပြီးပြောတဲ့အထဲမန်းသင်္ကြန်ကအထင်ကရတခုပါ
    ဒါတွေကဟိုးလွန်လေပြီးသောကာလကလို့ပြောရပါမယ်
    အခုတော့မန်းလေးသားတွေဂုဏ်မယူနိုင်တော့ပါဖူး
    ဝမ်းနည်းရမှာလားဝမ်းသာရမှာလားကိုပေါက်ရယ်

    မန်းသင်္ကြန်ကျုံးတဖက်နဲ့တနေကုန်သွားကတည်းကသကြ်န်ဆိုအိမ်မှာပဲထိုင်နေတာ
    အိမ်အပြင်တောင်မထွက်တော့ဖူးကိုပေါက်ရဲ့
    ကျုံး၄ပတ်ကိုတရက်လောက်လည်နိုင်ရင်တော့မန်းသင်္ကြန်ပြန်လည်ချင်သား
    တနေ့တော့ဖြစ်လာမှာပါ…
    စိတ်ကူးယဉ်ဖိတ်စာထဲမှာ..

  • ဒီနှစ်တော့ မြို့ ပါတ်ပါတ်လည် မဏ္ဍပ်တွေခွင့်ပြုမယ်ပြောပေမယ် ကျုံးနံဘေးမှာဘဲ မဏ္ဍပ်ထိုးနေတာ တွေ့ရသေးတယ်ဗျာ

  • ရွှေတိုက်စိုး

    March 29, 2013 at 10:52 am

    ပြန်လာခါနီး ကို ပိုးထ အောင် လုပ်ပြန်ပီ လေးပေါက်တော့..ဟွန်…
    ဒီက ကဲမှာနော်………… ကိုယ့်ဟာကို ရုပ်ဖျက်ကဲမယ့်ဟာကို ပါပါရာစီ ကပေါက် ချိတော့ ထိန်းကဲရသေးတယ်… တော်ကြာ… ပုံပျက်ပန်းပျက်ကြီး ပါသွားမဆိုးလို.ဟေးဟေးဟေး.
    လေးပေါက် ပို.စ်ဖက်တော့ အခုကို ပြန်လာချင်နေပီ……… တစ်ပတ်လောက်လိုသေးတယ် အဟင့်

  • ဦးကြောင်ကြီး

    March 29, 2013 at 11:16 am

    သင်္ကြန်မှာ
    နင်းကန်ရှာ
    အင်းဆံသာ
    ဝင်းဖန်စွာ
    လင်းယံအာ
    ဒင်းအံဇာ
    ဟင်းနံတာ
    သင်းပျံဖြာ..

  • သင်းပျံ့ဖြာ ရွှေပိတောက်
    ဟင်း နံတာ ငပိကြောင့်
    ဒင်းအံဇာ သေအောင်ခေါက်
    လင်းယံအာရင် တုတ်နဲ့ထောက်
    ဝင်းဖန်တာကလဲရွှေပိတောက်ပါဘဲ
    အင်းဆံသာကြီးရင်ဈေးကောင်းရပါမယ်
    နင်းကန်ရှာရင်လဲ သေရုံဘဲရှိတော့မပေါ့
    သင်္ကြန်မှာတော့ အသဲလေးနဲ့တူတူလည်မယ်ကွယ်။

Leave a Reply