Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လမ်းပျောက်ခြင်း

မမြင်နိုင်တဲ့ကံကြမ္မာတစ်ခုမှာ…

စမ်းတဝါးဝါး လမ်းလျှောက်ရင်း…

လမ်းပျောက်နေသူပါ…

 

ခိုင်မာတဲ့လမ်းစတစ်ခုမှာ…

ဆယ်စုနှစ်တစ်ခုကျော် လမ်းလျှောက်ရင်း…

လမ်းပျောက်နေသူပါ…

 

သန်စွမ်းတဲ့ဦးနှောက်တစ်ခု

အရင်းပြုကာ လမ်းလျှောက်ရင်း…

လမ်းပျောက်နေသူပါ…

 

လန်းဆန်းတဲ့အတွေးအခေါ်တစ်ခု

မွေးဖွားကာ လမ်းလျှောက်ရင်း…

လမ်းပျောက်နေသူပါ…

 

မနက်ဖြန်ရဲ့မျှော်လင့်ချက်တစ်ခု

ခုံမင်ကာ လမ်းလျှောက်ရင်း…

လမ်းပျောက်နေသူပါ…

 

ရည်ရွယ်ချက်တွေအပြည့်နဲ့

အိပ်မက်ကာ လမ်းလျှောက်ရင်း

လမ်းပျောက်နေသူပါ…

 

တကယ်တော့ဘဝဆိုတာ…

ငွေကြေး၊ မိသားစု၊ ခင်မင်ရင်းနီးမှု

အိပ်မက်၊ မျှော်လင့်ချက်၊ ဖန်တီးမှု၊

ရင့်ကျက်မှုတွေနဲ့…

ဖြောင့်တန်းတဲ့လမ်း မှောင်မည်းမည်းမှာ..

လမ်းပျောက်နေသူ… ငါတစ်ယောက်ထဲလား…

 

ခင်မင်လျက်-

ဖက်ဖက်ကက်

14 comments

  • KZ

    April 1, 2013 at 5:03 pm

    သေချာပြီဆိုတဲ့ လမ်းကိုပဲ ရေရာခြင်းတွေနဲ့လျှောက်ခဲ့ပြီးမှ လမ်းပျောက်ခဲ့တဲ့ သူ ရှိပါသေးတယ်။
    ဖက် တစ်ယောက်တည်း မဟုတ်ပါဘူးကွယ်။
    :byae:

  • အရီးခင်လတ်

    April 1, 2013 at 5:28 pm

    အားလုံးပါဘဲ ဖက်ဖက်ရေ။
    ဘယ်သူမှ သေချာတဲ့ လမ်းပေါ်မှာ ဆိုတာ မရှိပါဘူး။
    မမြဲခြင်း ဆိုတဲ့ အမှန်တရားတစ်ခု မှာ ဘယ်သူမဆို အချိန်မရွေး လမ်းပျောက်နိုင်ပါတယ်။
    ဒါပေမဲ့ အဲဒီ လမ်းပျောက်တာကလဲ မြဲ မနေလောက်ပါဘူး။
    ကိုယ့်ဖက်က ဖြစ်နိုင်သ၍ အကောင်းဆုံးကိုကြိုးစားပြင်နေပါ။
    လမ်းသာချိန် လမ်းမြင်ချိန် ဝေါကနဲ မောင်းထွက်နိုင်အောင်ပေါ့။ 🙂

  • အာဂ

    April 1, 2013 at 6:14 pm

    လမ်းပျောက်နေသူ
    မျက်မှန်အမည်း နဲ့ ဗိုက်ကပူပူ
    လမ်းပျောက်နေသူ…..
    ရယ်သံ ကျယ်ကျယ်ပျဲပျဲနဲ့..ဖင်တုံတုံလမ်းလျောက်လို့
    လမ်းပျောက်နေသူ…..
    စက်ဘီး စီးရင်း ၊ကားမောင်းရင်း..နဲ့ မိန်းမကိုချစ်ပြီး
    လမ်းပျောက်နေသူ…..
    ကာတွန်းဇာတ်ကောင် ဂါဖီးကိုချစ်ရင်းနဲ့ ကလေးမလိုချင်သူ
    လမ်းပျောက်နေသူ….
    အပူဒဏ်ကြောက်ရင်း..နဲ့..အပူရေတွေကြိုက်လို့…
    လမ်းပျောက်နေသူ….
    ဇော်ဝင်ထွဋ်…လေယာဉ်ပျံ..ရုပ်ရှင်ကြိုက်ပြီး….
    လမ်းပျောက်နေသူ….

    (တော်ဘီဂျာ ဆက်ရေးချင်တော့ဘူး လက်ညောင်းတယ်)
    ညီလေး အာဂ

  • MaMa

    April 1, 2013 at 7:00 pm

    ကြည့်လိုက်ရင် အမြဲတမ်း ပြုံးရွှင်နေတဲ့ ဖက်ဖက်ကက်ရေ-

    ဘဝဆိုတာ အနိမ့်အမြင့် အတက်အကျတွေ ကြုံတွေ့ရစမြဲပါ။

    လောကဓံနဲ့ ရင်ဆိုင်တွေ့ကြုံရတဲ့အခါမှာ ငါမို့လို့ ဖြစ်ရလေခြင်းလို့ တွေးမယ့်အစားးးးး
    ကိုယ့်လောက်မှ အဆင်မပြေ မအောင်မြင်နေတဲ့ ဘဝတွေ အများကြီး ဆိုတာကို တွေးကြည့်လိုက်ပါ။

    စိတ်တွေတက်ကြွနေပြီး ငါကွလို့ ထင်တလုံးဖြစ်နေရင် အပေါ်ကို မော့ကြည့်လိုက်ပါတဲ့။
    ိုကိုယ့်ထက် အစစအရာရာ မြင့်မားသူတွေ လောကကြီးမှာ အများကြီးပါ။

    စိတ်ပျက်စိတ်အားငယ်စရာတွေ ကြုံရတဲ့အခါ အောက်ကို ငုံ့ကြည့်လိုက်ပါတဲ့။
    ကိုယ့်အောက်မှာလည်း အများကြီးဆိုတာကို တွေ့ရမှာပါ။

    ရင်ဆိုင်စရာရှိတဲ့အခက်အခဲတွေကို တွေးပြီး စိတ်မောနေမယ့်အစာ…..
    ပြဿနာရဲ့ ရလဒ်ဟာ ဘာဖြစ်နိုင်မလဲဆိုပြီး အဆိုးဆုံးဖြစ်နိုင်ခြေကို စဉ်းစားကြည့်လို်က်ပါ။

    လောကကြီးမှာ အသက်ဝိဉာဏ်ချုပ်ငြိမ်းတာထက် ဘယ်ဟာမှ ပိုမဆိုးနိုင်ပါဘူး။
    လူမသေ ငွေမရှားလို့ ဆိုတယ် မဟုတ်လား။
    ကိုယ်အသက်ရှင်ရပ်တည်နေနိုင်တာကိုကပဲ ကောင်းတဲ့အခြေအနေတစ်ခုကို ပိုင်ဆိုင်ထားရတာမို့….
    KAIZEN :hee: :hee: :hee: :hee: :hee:

  • ကိုကြီးဖက်ရေ …

    “———
    ရင့်ကျက်မှုတွေနဲ့…
    ဖြောင့်တန်းတဲ့လမ်း မှောင်မည်းမည်းမှာ..
    လမ်းပျောက်နေသူ… ငါတစ်ယောက်ထဲလား…
    ——–”

    ဆိုပါလားဗျာ ….။
    ကျုပ်ဆို ရင့်ကျက်မှု မရှိ ..
    ဖြောင့်တန်းတဲ့လမ်း မဟုတ် …
    မှောင်မည်းတာခြင်းတော့ တူရဲ့ …
    လမ်းပျောက်နေသူ တစ်ယောက်လည်း ဖြစ်ပါရဲ့ …
    ဆိုလိုချင်တာကတော့ဗျာ ..
    ကိုကြီးဖက်ရဲ့ လမ်းပျောက်မှုက ကျုပ်ထက် အပုံကြီး သာတယ် …
    ကျုပ်တော့ ကိုကြီးဖက်ရဲ့ လမ်းပျောက်မှုကို မှီအောင် လိုက်ရဦးမယ် …

    ခင်တဲ့ …..
    ညီငယ် အံစာ

  • GaviaGirl

    April 1, 2013 at 10:17 pm

    ကိုရီး…လမ်းပျောက်တယ်တဲ့လား..
    ိ်အားမငယ်ပါနဲ့… 99.99% ဟာ အကုန်လမ်းပျောက်နေပါတယ်… လမ်းပျောက်ရင်းနဲ့ပဲ ဒီထက်ကောင်းတဲ့လမ်းအသစ်ကိုလျှောက်မိလျက်သား ဖြစ်နေတတ်တယ်… Fighting!!!!

  • kyeemite

    April 2, 2013 at 1:26 pm

    လှမ်းကြည့်မှ လမ်းရှိမှန်းသိမယ်တဲ့ ဖက်ကက်ရေ..
    အဲဒီတော့..ရပ်မနေပဲ အမြဲလှမ်းနေဖို့တော့လိုတယ်နော..
    လမ်းဆက်လျှောက်နေတဲ့…
    ကြီးမိုက်။

  • ကြောင်ဝတုတ်

    April 2, 2013 at 2:14 pm

    ခိုင်ဇာရေ…
    အဖော်ရှိသေးတယ်ဆိုတော့… စိတ်အားတော့မငယ်တော့ဘူးပေါ့နော…
    မငိုနဲ့… တိတ်တိတ်…

    အရီးလတ်ရေ…
    အသက် (၃၀)ကျော်၊ မိသားစု၊ အလုပ်အကိုင် အတည်တကျဖြစ်နေပြီးမှ… လမ်းပျောက်တယ်လို့ခံစားရတာ…
    အတော်လေးဆိုးသဗျာ…

    ညီလေးအာဂရေ…
    ဂရယ့်ကဗျာလေးအတွက်ကျေးဇူးပါကွာ…
    တကယ့်ကို ကျေးဇူးပါကွာ…

    အန်တီမမရေ…
    ကျွန်တော်က စိတ်ညစ်စရာတွေခေါင်းထဲ သိပ်အကြာကြီးမထားတတ်ဘူး…
    ဒါပေမယ့် ခံစားမိတော့ ဂဇက်ထဲမှာရင်ဖွင့်မိတယ်ပေါ့…
    အောက်တော့သိပ်မကြည့်ရဲဘူး… ပြုတ်ကျမှာကြောက်တယ်…

    ဆြာအံရေ…
    ကျုပ်က ခင်ဗျားလိုလဲအေးအေးမနေတတ်…
    ရွစိတက်… လက်တည့်စမ်း… အမြဲတမ်းဗျာများနေသူရယ်လို့မှတ်ထားလိုက်…
    အဲဒီတော့ လမ်းပေါ်က ပြုတ်ကျတာလဲရှိ… ပြန်ကုတ်ဖက်တက်ရတာလဲရှိ…
    ရှေ့လမ်းမမြင်လို့ သစ်ပင်ဝင်တိုက်တာလဲရှိ… အဲဒီလိုဗျာ…
    ခင်ဗျားကလမ်းမပျောက်ပါဘူးဗျာ…
    လမ်းပေါ်မှာ လျှောက်နေတာပါ…

    ညီမလေးရေလုံပြုတ်မွန်မွန်ရေ…
    လျှောက်နေရင်းနဲ့ ကတ္တရာလမ်းကနေ လှည်းလမ်းထဲရောက်မသွားရင်ပဲကံကောင်းမှတ်ပါဗျာ…
    လမ်းတော့လမ်းပဲ… လှည်းလမ်းဖြစ်မှာတော့ လန့်နေတယ်…

    လေးမိုက်ရေ…
    လျှောက်တာတော့ လျှောက်နေတယ်…
    တစ်ခါတစ်လေ ညောင်းလို့ ပင်ပန်းလို့ရပ်မယ်ကြံလိုက်တိုင်း….
    နောက်ဆက်တွဲတွေကို လှည့်ကြည့်လိုက် ပြန်လျှောက်လိုက်ပါပဲ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • ဖားသက်ပြင်း

    April 2, 2013 at 2:21 pm

    မမြင်နိုင်တဲ့ ကြက်သွန်ဥ တစ်ခုဟာ…
    မုန့်ဟင်းခါး ဟင်းရေထဲ စမ်းတဝါးဝါး မျောရင်း…
    ဘောလောကြီး ပေ့ါ…

    မာကျောတဲ့ငှက်ပျောအူတစ်ဖတ်မှာ…
    ငြုပ်သီးဖတ် နဲ့ နံနံပင် ကပ်လို့…
    ဖိုးသိုးဖတ်သတ်ကြီးပေါ့…

    အိနေတဲ့ အိုးဘဲဥ တစ်လုံး
    ဟောဒီဇွန်းဖျားလေးနဲ့ ခွဲရင်း
    အမြဲပဲ စားဖြစ်နေသူပါ

    ကျွတ်နေတဲ့ ဘူးသီးကြော်တစ်ခု
    ကိုက်ဝါးကာ မျိုချရင်း …
    ချိမြမြ အရသာကိုခံစားခြင်းပဲပေါ့…

    ဟင်းရည် အဆစ်တောင်းမယ့် မျှော်လင့်ချက်တစ်ခု
    ခုံပေါ်မှာ လှမ်းငေးရင်း
    လွမ်းဆွေးမနေချင်ပါဘူးလေ

    ရည်ရွယ်ချက်တွေအပြည့်နဲ့
    မုန့်ဖတ်တွေအပြည့်နဲ့ ဟင်းရည်ခပ် ကျဲကျဲကို
    စွဲစွဲမြဲမြဲသောက်ရင်း
    လမ်းလျောက်နေသူတွေကိုကြည့်ရင်းတွေးမိတာက..

    တကယ်တော့မုန့်ဟင်းခါးဆိုတာ…
    ဆန်မှုန့်၊ ငါး၊ ငှက်ပျောအူ
    ဘဲဥ၊ ငံပြာရည် ၊ အကြော်
    ငြုပ်သီးမှုန့် ၊ နံနံပင်
    အချိုးညီပေါင်းစပ်မှ
    ဖြောင့်တန်းတဲ့လမ်း ကိုသွားသလို
    အရသာက ထိထိမိမိ ရှိမှာမဟုတ်လား …

    :harr:

    နာသည် တကယ်စားရဒေါ့မည် ရက်ပိုင်းသာ လိုဒေါ့သီ။

    :kwi:

    • ကြောင်ဝတုတ်

      April 2, 2013 at 2:35 pm

      ဒီစာကို ကော်ပီရိုက်တင်ထားပါ…
      တော်ကြာ မုန့်ဟင်းခါးဆိုင်က တွေ့သွားလို့… ယူသုံးနေဦးမယ်… ခိခိ

      ခင်မင်လျက်-
      ဖက်ဖက်ကက်

      • KZ

        April 2, 2013 at 2:41 pm

        ယူပလိုက်ပြီ။
        ကော်ပီ မရိုက်ခင်။
        ဟင်းဟင်းဟင်း

        :kwi:

  • weiwei

    April 2, 2013 at 2:32 pm

    အသက် ၄ဝ ကျော်လဲ လမ်းပျောက်နေတုန်း … အသက် ၆ဝ ကျော်ကိုကြည့်လိုက်တော့လဲ လမ်းပျောက်နေတုန်းပဲတဲ့ …
    တကယ်တော့ လမ်းတစ်ခုပေါ်မှာ လျှောက်နေပေမယ့် ကိုယ်လျှောက်ချင်တဲ့လမ်းမဟုတ်တာနဲ့ပဲ လမ်းပျောက်တယ်လို့ ထင်တတ်ကြတာ ဖြစ်ပါလိမ့်မယ် …

    • ကြောင်ဝတုတ်

      April 2, 2013 at 3:39 pm

      မဝေရေ…
      (၄၀)ကျော်လမ်းပျောက်ခြင်းတော့ ဆရာသစ်ကရေးဖူးတယ်မှတ်တယ်…
      အခု (၃၀)ကျော်လမ်းပျောက်ခြင်းတော့ ဘယ်သူကယ်မယ်မသိ…
      လျှောက်ချင်တဲ့လမ်းကိုလျှောက်ရင်… လမ်းပျောက်သွားတော့ ပိုခံစားရတာပေါ့ဗျာ…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

  • etone

    April 2, 2013 at 4:52 pm

    သများက …အလကားနေရင်း စိတ်လေနေတာ ..
    လမ်းပျောက်တဲ့ လူ စာ ဖတ်ပြီး …. depression ဝင်တွား ဘီ…….. ။
    ဘီလို လုပ်မတုန်း ……..ပြန်ကုစားပေးပါ .. ဘီယာတဝိုင်းနဲ့ :harr:

Leave a Reply