Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ညဟာ တိတ်ဆိတ်နေတယ်။

Mr. MarGaApril 7, 20131min89535

ညဟာ တိတ်ဆိတ်လို့နေတယ်။

ည… ဆိုတာ လူသားတွေ အိပ်စက် အနားယူတဲ့အချိန်ကိုး

သူတကာတွေ အိပ်နေချိန်မှာ ဒီမှာတော့ တစ်ယောက်ထဲ ငူငူငိုင်ငိုင်နဲ့

ကွန်ပျူတာရှေ့မှာ တစ်ယောက်တည်း

ရတာမလို လိုတာမရပါလားနော်…..

ခေါင်းထဲမှာ အတွေးတွေ ပြည့်ကျပ်နေတယ်။

ဂျောင်းဂျောင်းပြေးနေအောင် ချ ရေးချင်နေပေမင့် ဘယ်လို အစဆွဲထုတ်ရမှန်းမသိ

ထုတ်ထားသမျှ ရေးဖို့ အစလေးတွေကလဲ အကိုးအကားက မစုံသေး

စာ မရေးနိုင်တဲ့ အချိန်တုန်းကတော့ ရေးချင်လိုက်တဲ့ အကြောင်းအရာတွေ…….တွေးမိလိုက်တဲ့အတွေးတွေ…………

အောတိုက်နေတာပဲ။

အခု စာရေးချိန်ရလို့ ရေးမယ်လုပ်တော့

တချို့ အတွေးတွေက ပူပူနွေးနွေး ရေးရမယ့်အရာတွေဆိုတော့ လက်ရှိအချိန်မှာ အချိန်လွန်သွားပြီ

ဒိတ်အောက်သွားသော အတွေးများပေါ့

တချို့တွေက အပေါ်က ပြောတဲ့အတိုင်း အကိုးအကား ရှာရဦးမယ်

အခု ချရေးလိုက်ရင် သူများနားလည်ဖို့ မပြောနဲ့ ကိုယ်တိုင်တောင် ချာချာလည်မယ့်ပုံ။

ချာချာမလည်တဲ့ အရာတွေကျပြန်ရင်လဲ အချက်အလက် မစုံတာကြောင့် သတင်းအမှားဖြစ်နိုင်ချေကလဲ အတော်များနေပြန်ပေါ့။

စာရေးသူတစ်ယောက်ရဲ့ အလိုမပြည့်မှုဆိုတာ ဒါတွေလားမသိ။

ကိုယ်တိုင်လဲ ဆင်ခြေတွေ ပေးနေမှန်း သိနေတယ်။

ဒါပေမင့် ခံစားချက် မပါဘဲနဲ့လဲ စာကို မရေးချင် (ရသပဲဖြစ်ဖြစ် သုတပဲဖြစ်ဖြစ်)

ဆရာကံချွန်ရဲ့ ဇာတ်ကောင် မဖော့ ပြောသလိုဖြစ်နေပြီ။

ရေးဖို့ အခွင့်အရေး မရခင်တုန်းကတော့ ရေးစရာ ကုန်ကြမ်းတွေ စီထားတဲ့ အတွေးတွေ တစ်ပုံတစ်ပင်

တကယ် ရေးဖို့ နေရာတွေပေါ်လာတဲ့အခါ၊ ရေးဖို့ အခြေအနေ ပေးတဲ့အခါကျတော့ အဲဒါတွေက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီ။

ကိုယ့်ကို တည့်တည့် ပြောနေသလား မှတ်ရတယ်။

ပိုင်းလော့ဆရာတော်ရဲ့ စကားလေးကတော့ မှတ်သားစရာအကောင်းသား

အချိန်တိုင်း တွေးနေရင်း ဘဝပြောင်းနေသည် တဲ့။

ဒီမတော့ တွေးနေရင်း အချိန်ဖြုန်းနေသည် လို့ပဲ ပြောရမလို။

မသိရင်တော့ တွေးတဲ့အတွေးတွေက အတွေးအခေါ်ပညာရှင်လောက်နီးနီးပဲ

တကယ်တမ်းကျ လူတိုင်း တွေးသလိုသာ လိုက်တွေးနေမိတာပါလား

သူတို့ထက် ထူးတာဆိုလို့ ကို်ယ့်အမြင် ကိုယ့်အတွေးကို ချပြ ပြောပြ ဆွေးနွေးတာပဲရှိတာ။

တစ်ခါတစ်လေလဲ သူများထက်ထူးပြီး တွေးမိတာတွေကတော့ ချွင်းချက်ပဲထားလိုက်ပါလေ။

တွေးသမျှ ရေး၊ ရေးသမျှ တွေးနေတာ မှန်ပေမင့်

တွေးရုံနဲ့မရ ရေးဖို့အတွက် ရှာရဖွေရတာတွေကျ ရှာဖို့က ပျင်းပြန်ရော

မဂ္ဂဇင်း၊ ဂျာနယ် တစ်စောင်ကို ကောက်ဖတ်လိုက်တိုင်း သူတို့တွေဆီက တွေးစရာ၊ ရေးစရာတွေ ထွက်လာတယ်။

လူကပဲ အလိုမကျတာတွေ ဖြစ်စေချင်တာတွေ များနေလို့လားမသိ။

လက်ရှိကို ဖတ်ထား တွေးထားတာတွေ အပြည့်။

ပြောချင်တယ် ဒါပေမင့် ပြောပြန်ရင်လဲ မာဃ လွန်ဦးမယ်။

မပြောရ မနေနိုင်လို့ နည်းနည်းတော့ ပြောလိုက်ပါမလေ။

တွေးထားတဲ့ အရာလေး ပုပ်သိုး ဆွေးမြည့်မသွားခင် ချပြလိုက်တော့ တော်သေးတာပေါ့ မဟုတ်ဘူးလား

တစ်နေ့က ဖတ်မိတဲ့ ဂျာနယ်ထဲမယ် ယမကာကြော်ငြာ ပြောင်ပြောင်တင်းတင်း ပါလာတယ်။

သွေးတိုးပဲ စမ်းသလား ပြန်လည် ခွင့်ပြုချက် ချပေးလိုက်သလားတော့မသိ။

တစ်ခုတစ်လေတောင်မဟုတ် နှစ်ခုတောင် ပါလာတာ။

သူတို့များကျတော့လဲ ကြော်ငြာအား အတော်သုံးသား။

စာမျက်နှာကို အပြည့်တောင်ထည့်ထားတာ။

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက်ထင်ပါ့။

သေသေချာချာ လေ့လာပြင်ဆင်ပြီးမှပဲ ဒီအကြောင်းတွေ ထပ်ပြောပါတော့မယ်လေ။

ဒါ အမြည်းလို့သာ မှတ်လိုက်ကြပါတော့။

ဟိုအကြောင်း ဒီအကြောင်းပဲ ထပ် ဆက်ကြတာပေါ့။

လူကလဲ ရေးရင်းရေးရင်း ရေးထားတာတွေ ပြန်ကြည့်တော့ ပြုပြင်ရေးတွေ အများစု ဖြစ်နေပါလား

ဆရာလုပ်ချင်တဲ့စိတ် မကုန်သေးဘူးလို့ပဲ ပြောရမလား

အမြင်မတော်တာတွေပဲ အတွေ့များလာလို့လားတော့မသိ။

ရေးချင်တဲ့ ရသစာပေအစား ဒါတွေပဲ ရေးဖြစ်နေတယ်။

ခံစားရတဲ့အတိုင်း ထွက်လာတာတွေ ရေးတာဆိုတော့ သူ့ဟာနဲ့သူသာ ရှိပါစေတော့။

တစ်ခါတစ်ခါ ကျပြန်တော့ ပြောင်းသင့် ပြင်သင့်တာတွေ ရေးရင်း ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်မိပြန်ပါရော

ကိုယ်တိုင်ကရော ဘယ်လောက် ပြောင်းပြီး ပြင်ပြီးပလဲဆိုတာ။

အဖြေကတော့ ကျေနပ်အားရစရာမရှိ။

တကယ့်တကယ် ပြောကြကြေးဆို ကိုယ်က စ ပြောင်းရ ပြင်ရမှာပါလား။

အို…. ဘာပဲဖြစ်ဖြစ်လေ

ပြောင်းချင်တဲ့စိတ် ရှိနေတာဆိုတော့ အကောင်အထည်ဖော်ဖို့က မခက်ပါဘူးနော့

စိတ်သာရှင်စော ဘုရားဟောလို့ ဆိုထားတယ်မလား။

ဒီညတော့ ဘယ်တစ်ပုဒ်မှ ဖြစ်ဖြစ်ဖြစ်မြောက်မြောက် မရေးဖြစ်ဘဲ အိပ်ယာဝင်ရတော့မယ်။

စောစောအိပ်ထ ပြုကျင့်ကြ တာ ကျန်းမာရေးအတွက် အကျိုးရှိပါတယ်လေ။

ညကတော့ သူ့တာဝန်ကို ဆက်လက်ထမ်းဆောင်နေဆဲ။

သူ့ သဘာဝ သူ့အလှကို ပြသနေဆဲပါလား…….

ဒီညတော့ ဒီလောက်ပဲ ညကလေးရေ။

တစ်ရက်တာအတွက် စတင် အနားယူလိုက်တော့မယ်။

ည ကတော့ တိတ်ဆိတ်နေဆဲပါလား……………………………………..

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

4/6/2013 (Sat)

35 comments

  • ညက တိတ်ဆိတ်နေတယ် …
    မတိတ်ဆိတ်ဘဲ ဆူညံနေတာကတော့
    နင့်ရဲ့ ဂယောက်ဂယက် စိတ်တွေပဲ …..။
    ဆေးမှန်မှန်သောက် … ကျားလား .. ဆင်လား ..
    ဆေးကုန်ရင် ဖုန်းဆက်လိုက် …
    နင့်တွက် ရွာသာကြီးက ဆေးသွားဝယ်ပြီး ပို့ပေးမယ် …
    ဒါဘာဗျဲ … ငွင်းး ငွင်းး

    • Mr. MarGa

      April 7, 2013 at 6:19 pm

      သေဟ
      မှားပါတယ်
      သူနဲ့တွေ့မှ လူတောင် နေရင်းထိုင်ရင်း အရူးစာရင်းဝင်သွားတယ်
      ထားပါလေ လက်ခံလိုက်ပါမယ်
      ပုထုဇ္ဇန္ဒော ဥမ္မာတကောပဲလေ
      နင်တောင် ရူးနေသေးတာမလား :mrgreen:

  • P chogyi

    April 7, 2013 at 11:45 am

    ညဟာ မတိတ်ဆိတ်တာကြည့်ချင်ရင်
    သီရိမင်္ဂလာဈေးနဲ့ Night Club တွေ လာကြည့်ပါလား။

    • Mr. MarGa

      April 7, 2013 at 6:21 pm

      ရပါတယ် ကိုပီချိုရေ
      ဒီ တိတ်ဆိတ်တဲ့ နေရာလေးမှာပဲ ခိုလို့ ကပ်လို့ နေပါတော့မယ်
      အဲဒီဘက်တွေသွားမှ သိကြား အကုသိုလ်ပါ တိုးနေဦးမယ် :mrgreen:

  • ကီလိုဇူးလူးဝီစကီ

    April 7, 2013 at 1:32 pm

    နတ်သမီး တစ်ထောင်ရှိနေတဲ့ ညတွေက တိတ်ဆိတ်နေသေးတာလား။ 🙄

    စကားပြောသံတွေနဲ့ ပွက်လောရိုက်မနေဘူးလားဟင်။ :mrgreen:

    • Mr. MarGa

      April 7, 2013 at 6:26 pm

      ဒါဆို သိလိုက်တော့လေ
      တိတ်ဆိတ်နေတယ် ပြောမှတော့ အဲဒီ နတ်သမီးတစ်ထောင်ကို နှင်ထုတ်ထားလို့ဆိုတာ :mrgreen:
      အမှန်ကတော့
      သင်္ကြန်နားနီးလို့ နတ်သမီးတွေကို အနားပေးထားတာပါဗျာ
      ဒါကြောင့် တိတ်ဆိတ်နေတာပေါ့ :hee:

  • surmi

    April 7, 2013 at 1:56 pm

    နောက်တခါ ညဟာ ဆူညံနေတယ်ဆိုပြီး ထပ်ရေးပေးပါ
    တိတ်ဆိတ်ပြီးရင်ဆူညံမယ်
    ပြီးတော ့ …….
    တွေးလွန်းရင်လည်း ရေးရခက်တယ်
    ကျုပ်တော ့ရေးစရာလေးရအောင် ခရီးထွက်ဦးမယ်ဗျို ့
    :harr:

    • Mr. MarGa

      April 7, 2013 at 6:49 pm

      ဦးဆာရေ
      ဆူညံနေတယ်ဆိုတာကို ရေးဖို့ ကုန်ကြမ်းပတ်ရှာလိုက်ဦးမဗျို့
      ကျွန်တော်ကတော့
      တွေးပြီးရေး ရေးပြီးတွေးနေတာဆိုတော့
      ဒါပေမယ့်
      တစ်ခါတစ်လေကျ ဟုတ်တယ် ရေးရခက်တာတွေရှိတယ်
      ဦးဆာက ရေးစရာရအောင် ခရီးထွက်တယ်
      ကျွန်တော်တော့ ရေးစရာရအောင် တွေးမဗျာ………… :harr:

  • TNA

    April 7, 2013 at 4:52 pm

    ၁၈၈ ထုပ်ထားတာမို့ခဏတိတ်တာပါ တဂျားမင်းရယ်။ နတ်ပြည်မှာပဲလောလောဆယ်ဆယ် နတ်တမီးလေး ဒွေနဲ့နေအုံးပေါ့။ တဂျန်ပီးရင်ဒေါ့ ဒန်ဒန့်ဒန်။

    • Mr. MarGa

      April 7, 2013 at 6:51 pm

      အဲဒီ ဒန်ဒန့်ဒန်ကို လန့်တာ
      ဖြစ်နိုင်ရင် ငြိမ်းချမ်းတာပဲ မြင်ချင်နေတယ်။
      ငြိမ်းချမ်းတယ် ဆိုရင်တော့
      ညဟာ ဆူညံနေပါစေ ကျေနပ်မကွယ် :hee:

  • မောင် ပေ

    April 7, 2013 at 6:44 pm

    ညကတော့
    ရုတ်ရုတ် နဲ ့ဖြစ်နေလို ့
    ည၁ဝနာရီကျော်ပြီ ဆိုရင်
    ဘယ်လမ်းပေါ်သွားသွား ရှင်းလင်းခြောက်ကပ်နေတယ်

    • Mr. MarGa

      April 7, 2013 at 6:52 pm

      အဲဒီလို ရှင်းလွန်းပြန်တော့
      အိမ်က ည ထွက်ရင် စိတ်မချ
      ခေတ်အခါ မကောင်းဘူးတဲ့
      ရှေ့ဆက် ဘယ်လိုစခန်းသွားရပါ့ :buu:

  • ရွှေ ကြည်

    April 7, 2013 at 7:18 pm

    တိတ်ဆိတ်တဲ့ည ညဟာပိတ်မှောင်လွန်းနေတယ်
    တိတ်ဆိတ်တဲ့ည ညဟာ သတ်ပုံမှားနေတယ်…… :mrgreen:
    သိကြားရေ အတူတူပါပဲ တခုခုကိုချပြရေးပြချင်ပေမယ့် စဉ်းစားစရာတွေများလာတဲ့အခါ…………။

    • Mr. MarGa

      April 7, 2013 at 7:33 pm

      ငါ့ဒေါသလိုတော့ ထ မအော်နဲ့နော် :kwi:

  • GaviaGirl

    April 7, 2013 at 9:54 pm

    ညက တိတ်ဆိတ်တယ်.. စာရေးချင်တယ်.. ရေးစရာတွေများလို့ ဘာကိုရေးရမှန်းမသိဘူး.. ရေးချင်တာတွေကလည်း အစကနေ ရှေ့မဆက်နိုင်ဖြစ်နေတယ်.. အဲ့ဒါနဲ့ပဲ ပို့စ်တစ်ပုဒ်ရေးဖြစ်တယ်.. တော်လိုက်တဲ့သဂျား… ဘာမှမရေးဖြစ်ဘဲ အိပ်ယာဝင်တာ တစ်ပုဒ်ဖြစ်သွားတယ်… 🙂 Good Good Good…

    • Mr. MarGa

      April 8, 2013 at 5:18 pm

      တကယ်က ရေးဖို့ ပျင်းတာလဲ ပါသပေါ့
      ဟီဟိ
      သိကြားပါဆို တော်ပြီးသားလေကွယ် :kwi:

  • ဦးကြောင်ကြီး

    April 8, 2013 at 9:04 am

    ညကတိတ်ဆိတ်
    ငါ့ဘဝသိပ်နိပ်
    ဆမချိတ်ပိတ်
    ဘစလှိမ့်အိပ်..။

    • Mr. MarGa

      April 8, 2013 at 5:21 pm

      ဘစလှိမ့်အိပ်
      ငါ့ဘွ နိမ့်နိမ့်
      လှလှ သိမ့်သိမ့်

  • လူကလေး

    April 8, 2013 at 10:29 am

    တိတ်ဆိတ်ညိမ်သက် ကြေကွဲအခန်းကျဉ်းထဲ ..
    ငါတစ်ယောက်ယောက်နဲ့ စကားပြောချင်တယ်.. .. သတိရနေလို့.. (မျိုးကြီး)

    • Mr. MarGa

      April 8, 2013 at 5:30 pm

      ဘယ်သူများငါ့နံဘေးလာနေပေးမလဲ
      မျှော်လင့်ချက်အလင်းရောင်လေးတောင်ဝေးးးး ရေူး
      ဘဝဒီမှာ ငါတယောက်တည်း
      စိတ်ဓါတ်ကျတယ်
      မင်းကိုလွမ်းလို့…………………….
      (ရတော့ဘူး ဆက်ဆိုတော့ :mrgreen: )

  • ဗုံ ဗုံ

    April 8, 2013 at 1:55 pm

    သူ့ဟာသူ ညက တိတ်ဆိတ်နေတာလည်း သဂျားအတွက်တော့ တစ်ရာဖိုး တန်ဖိုးရှိတာပေါ့နော် :kwi:

    • Mr. MarGa

      April 8, 2013 at 5:34 pm

      ဒါပေါ့ကွယ်
      အခုဆို တစ်ရာဖိုးတောင် မကတော့ဘူးလေကွယ့်
      တစ်ယောက်နှစ်ကျပ်နှုန်းနဲ့
      ဟေးဟေး :hee:

  • အရိပ်စစ်

    April 8, 2013 at 11:51 pm

    တစ်ခါတစ်လေ ပေါ်ပေါက်လာတဲ့ အတွေးစလေးတွေ ပြန်အစဖော်လို့မရတော့တာ သိပ်ဆိုးတယ်
    စာရေးလို့ကောင်းပြီး တိတ်ဆိတ်တဲ့ ညလေးတွေကိုတော့ ချစ်တယ်

    • Mr. MarGa

      April 9, 2013 at 8:02 pm

      ညလေးကို ချစ်တယ်ဆိုလို့
      ရွာထဲမှာ ညလေး ရှိသနော်
      သူ့ကိုများ ပြောတာလားဟင်င်င် :harr:

  • သျှားသက်မာန်

    April 11, 2013 at 11:12 am

    စာမရေးခင်(မအားခင်)တုန်းကဆိုရေးမယ်ဆိုပြီးစိတ်ထဲမှာစီထားတာတစ်ပုံတစ်ပင်ပဲ…တကယ်လဲရေးမယ်လဲဆိုရော…မထွက်လာတော့ဘူး..ကျွန်မလဲအဲလိုဖြစ်တတ်တယ်…ဒါကြောင့်စိတ်ကူးပေါ်လာတုန်း..မရေးနိုင်သေးရင်…စာရွက်တစ်ခုခုပေါ်မှာအကြမ်းချရေးထားလိုက်တယ်..အတွေးပေါ်တုန်းပေါ့….အဲဒါမှတကယ်ရေးတဲ့အခါ..ပြန်ကြည့်ပြီးမှတ်မိနေမှာလေ……..

    • Mr. MarGa

      April 14, 2013 at 8:54 pm

      ခက်တာ တစ်ခုက
      လူက အပိုဆိုရင် ဘာမှ မဆောင်ချင်တာရယ်
      စာဆိုရင် အမှတ်ရမယ့်စာကလွဲလို့ မရေးချင်တာရယ်
      အတွေးပေါ်ရင်လဲ လက်လွှတ်မရတဲ့ နေရာတွေမှာ ဖြစ်နေတတ်တာတွေရယ်ကြောင့်
      ခေါင်းထဲမှာသာ မှတ်ပါတော့တယ်
      နောက်မှ ရသလောက် ပြန်ထုတ်တာပေါ့ :hee:

      • နေဝန်းနီ

        April 15, 2013 at 8:41 pm

        အဲသဟာကြောင့် ခေါင်းထဲမှာလည်း အမှတ်သင်္ကေတ တွေ ကလည်းများနေပြီ….။ ဘယ်လောက်တောင်များနေလဲဆို မင်မိုရီ စတစ်ထဲတောင်ပြောင်းထည့်လို့မဆန်တော့ဘူး ……။ တိတ်ဆိတ်လွန်းတဲ့ညက ဆူညံနေပါတယ်….။ မယုံရင် တိတ်ဆိတ်တယ်ဆိုတဲ့ညတွေမှာ အသံတွေကိုနားစွင့်ထားကြည့် …..။ လုံးဝ မရင်းနှီးတဲ့ အသံေတွေနဲ့ ဆူညံနေတာ တွေ့ရမယ်….။

        • Mr. MarGa

          April 15, 2013 at 9:04 pm

          ဟဲဟဲ အဘနီရေ
          အမှန်ပြောရင် ကိုယ့်ဇောနဲ့ ကိုယ်ဆိုတော့ အဲဒီအသံတွေပါ ပျောက်သွားရော။
          ဘာမှ မစဉ်းစားဘဲ နေတယ်ဆိုရင်တော့ အဲဒီအသံတွေ တကယ်ဆူပါသဗျာ။

  • အလင်းဆက်

    April 16, 2013 at 3:20 pm

    အူးမာဂ ဂျီးက ဆရာ လုပ်ချင် စိတ် မကုန်သေးဘူး ပေါ့လေ
    အ တော်ပဲ
    ကျနော်ကလည်း တပည့် လုပ်ချင် စိတ် မကုန်သေးတာ နဲ့
    အဟိ
    ဘာပဲ ဖြစ်ဖြစ် အူးမာဂ ရဲ့ တာဝဒိန်သာက
    အပ်ဆေး ဒွေ ဖတ် ရ တာ
    နတ်ဆေး သောက် ရ သလို ဘဲ မို့
    ဆက်ပါအုံးဗျ

    🙂

    • Mr. MarGa

      April 18, 2013 at 11:11 am

      သို့
      ငါ့ညီသစ်မင်း အလက်ဆင်း
      နတ်ဆေးဆိုတာ အမျိုးမျိုး ရှိသလေ
      ကောင်းသောနတ်ဆေးလား ဆိုးသောနတ်ဆေးလားကွယ့်
      သေချာပြန်ပြော

  • အလင်းဆက်

    April 21, 2013 at 8:57 pm

    တိန် ။ နတ်ဆေး နှစ်မျိုးချိမှန်း ..မတိခဲ့ဘူး ။
    တူက နတ်ပြီ မှာနေတာဆိုတော့ ကျွမ်းတာပေါ့ ။
    🙂

    ကောင်းသောနတ်ဆေးတွေသာ..တိုက်ကျွေးတတ်ပါသော..
    ချစ်သော…. သိကြား…ရေ ။
    လေးစားစွာ…ချစ်ခင်လျက်ပါ ။

    ကိုယ့်ထက် ရုပ်ဆိုးတဲ ့သိကြားဆိုလို ့..ဒီသိကြားပဲ ရှိတယ် ။
    အဲ…..
    :kwi:

    • Mr. MarGa

      April 21, 2013 at 9:04 pm

      အင်း…………
      ိသိကြားကို ဆော်သွားသပေါ့ :hee:
      ဝရဇိန်နဲ့ ချိန်ထားသနော်
      နောက်တစ်ခါဆို တကယ်ပစ်မယ်
      ဆိုးသော နတ်ဆေးတွေ တိုက်ပလိုက်မယ်
      ဘာမှတ်သလဲ :mrgreen:

  • အလင်းဆက်

    April 21, 2013 at 9:13 pm

    ဝလစိန်နဲ့ ချိန်တယ်..ဆိုလို ့….
    ကာတွန်းလေးတစ်ကွက်..သတိရသွားတယ် ။
    ပြောပြမယ်နော် ။
    သိကြားကတော့သိပြီးသားနေမှာပါ ။
    ပြန် သတိရအောင်..ပြောပြမယ် ။
    ————
    သိကြားမင်းကြီးက… လူ ့ပြည်ကို ငုံ ့ကြာ့်ပြီး..ဝလစိန်လက်နက်ကြီးနဲ ့..
    ချိန်နေတဲ ့ပုံ…ပဲ ။
    ပစ်တော့မယ်ပေါ့ ။ မကောင်းတဲ ့..လူကို…။

    ဒါပေမယ့်..အဲဒီ သိကြားမင်းကြီး..ဘေးက.. သိကြားမင်းရဲ ့ မိဖုရား..ထင်ပါရဲ ့ ။
    တူက စကားတစ်ခွန်းထဲ… ပြောလိုက်တယ် ။

    လက် လည်း..မတည့် ပဲ..နဲ ့…..

    ဒဲ ့ ။

    —————-
    အဲဒီ ကာတွန်းလေး.သတိရသွားတယ် ။

    ကာတွန်းပညာရှင် ဆရာအော်ပီကျယ်ကို
    ဒီနေရာကနေ
    လေးစားစွာ….ဦးခိုက်လိုက်ပါတယ်ခင်ဗျာ ။
    —————-
    သိကြားမင်းသာ လက်တည့်ရင်…
    ဟို လူတစ်သိုက်ကို… ထိအောင် ပစ်ချပေးစေလိုပါကြောင်း….
    :kwi:

    ပြေးပြီ

    • Mr. MarGa

      April 21, 2013 at 9:18 pm

      :om:
      :om: :om:
      :om: :om: :om:
      :om: :om: :om: :om:
      :om: :om: :om: :om: :om:

Leave a Reply