Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ဂဇက် ရွာသူားအပေါင်း……..သို့´´

ခင္ခApril 9, 20131min67734

“ဂဇက် ရွာသူားအပေါင်း……..သို့´´

 

တန်ခူးမည်မှတ်

ဖြန်းစွတ်ကယ်တိုး

သင်္ကြန်မိုး………။ တဲ့

ဖတ်ခဲ့ရတဲ့ ကဗျာလေးတစ်ခုပေါ့။

 

သင်္ကြန်တစ်ခါရောက်လို့

မြန်မာအတာကူးရင်

မြန်မာသက္ကရာဇ် တစ်နှစ်တိုးပေလို့

အသက်တွက်စစ် တစ်နှစ်ကြီးမဟဲ့

ပြီးခဲ့နှစ်တွင်း ဖြစ်ပျက်ခြင်းတွေ

ပြန်ကာသုံးသပ်

ရှုံးနှိမ့်ခဲ့သလား နောင်မဖြစ်အောင်ကြိုးစား

အောင်မြင်ခဲ့လား နောင်နှစ်တိုးစေပွား

သာယာခဲ့လား အပျော်တွေဆက်သွား

ငိုယိုခဲ့လား ခံစားမှု့တွေလွင့်စေထား

ဘဝဆိုတာ

နိမ့်ကာတစ်လှည့် မြင့်ချီတစ်ခါ ရှိတတ်စွာမို့

အမြဲတမ်းလည်း အရှုံးနိမ့်ဘူး

အမြဲတမ်းလည်း ငိုမနေရဘူး

ကိုယ်အားအင်တွေ ကိုယ်ပြန်စုလို့

အတာကူးလို့ နောက်နှစ်မှာတော့

ဂဇက်ရွာသူ လှပျိုဖြူနှင့်

ရွာသားခန့်ငြား အပေါင်းသင်းများတို့

သက္ကရာဇ်မြန်မာ တစ်ထောင့်သုံးရာခုနှစ်ဆယ့်ငါးမှာ

အောင်မြင်တိုးတက် ချမ်းသာပျော်ရွှင်

ကျန်းမာအစဉ်နှင့် ရှိကြစေကြောင်း

ခင်ခ ဆုတောင်းပါသည် သာယာဝေစီ………….။

 

ပေါ့ပေါ့ပါးပါးပျော်ပျော် အတာကူးလို့ နောက်နှစ်မှာလည်း ပြန်ဆုံကြအုံးစို့နော်။

ဖတ်ရှု့သူများကျေးဇူးပါ

ခင်ခ။

34 comments

  • P chogyi

    April 9, 2013 at 10:48 am

    သင်္ကြန်မန်းမှာပဲလား လာလည်ချင်တယ်ဗျာ

    • etone

      April 9, 2013 at 11:05 am

      ငယ်ငယ်ကတော့ သင်္ကြန်ဆိုတာ ပျော်လွန်းလို့ ဧပြီတလုံး သင်္ကြန်ဖြစ်လျှင် သိပ်ကောင်းမှာပဲ လို့ တွေးခဲ့ဖူးတယ် …. ။
      အခုများတော့ သင်္ကြန်ဆိုတာ ကိုယ်နဲ့ လုံး လုံးလျားလျား မသက်ဆိုင်သလိုပါပဲ …. ။
      သင်္ကြန်ရောက်မှာတောင်ကြောက်နေမိတယ် …. အိမ်အပြင်ထွက်လျှင် ရေပက်ခံရမှာစိုးလို့ .. အိမ်တွင်းအောင် းလှိမ့်ပိန့် စားသောက်ပြီး ၊ နင်းကန်အိပ်နေလို့ …. ပိုပို ဝလာဦးမယ် …. :byae:

      ကိုချိုကြီးရေ … အန်ကယ်ခင်ခက … သင်္ကြန်တွင်းမှာ ရန်ကုန်မှာ ရှိမှာပါတဲ့လေ …. ။

      • မယ်ဘုတ်

        April 9, 2013 at 11:14 am

        တူနေပြန်ပါပီကော …
        ဒါကတော့အသက်အရွယ်ကစကားပြောနေပီထင်ပါတယ်နော် .. :hee:
        ဒီဘက်မလှည့်နဲ့ ဟိုဘက်လှည့်ဆိုသလိုပါပဲ ညီမရေ..
        ကောင်းမှုကုသိုလ်လုပ်ရမည့် အရွယ်တွေ ရောက်နေပါပီနော် … :kwi:

      • TNA

        April 9, 2013 at 12:18 pm

        ဟီတူဘာဘိ မယ်တုန်ရယ်။ အမလဲ အေပြီတလလုံး သဂျန်ကျချင်တယ်ဆိုတော့ အမေတို့က ဒီကောင်မလေးပေါက်ပေါက်ရှာရှာတဲ့။ ငါတို့မှာ သုံးရက်တောင်စိတ်ညစ်ရတယ်တဲ့။ အခုတော့ အဲဒီစကားကို အမသားနဲ့အမပြောနေရဘီကွယ်။ သံသရာလည်ပုံများ။ ကျေးဇူးပါ ကိုခင်ခ။ တောင်းပေးတဲ့ဆုနဲ့တလုံးတဝထဲပြည့်ဘရစေ။ နောင်နှစ်ခါလဲဆုံပါအုံးမည်။

    • ခင်ခ

      April 9, 2013 at 11:32 am

      ကနဦးမန့်လာသူ P chogyi ရေ ကျေးဇူးဗျို့။
      သင်္ကြန် မန်းမှာမရှိဘူးဗျ၊ ရုံးပိတ်ရက် ရက်ရှည်မို့ မွေးရပ်မြေရန်ကုန်ပြန်မှာပါ၊

  • သူကလေး

    April 9, 2013 at 11:02 am

    အကိုခလည်း အတာကူးတဲ့လတန်ခူးမှာ ပျော်ရွှင်နိုင်ပါစေဂျာ

  • ကျုပ်တော့ ..
    ဒီနှစ်သင်္ကြန်ရေနဲ့ …
    သက္ကရာဇ် အဟောင်းက …
    အကြောင်းကိစ္စ မှန်သမျှကို
    ဆေးကြောပစ်မယ်လို့ စိတ်ကူးထားဒယ် …
    နောက်နှစ်မှာ စိတ်သစ်၊ လူသစ်နဲ့ တွေ့မယ်ဂျာ …

    • ခင်ခ

      April 9, 2013 at 11:42 am

      မအိတုန်ရေ ဟုတ်ပ ကျွန်တော် ရုံးပိတ်ရက်ရှည်သင်္ကြန်ပိတ်ရက်မို့ မွေးရပ်မြေရန်ကုန်ကို ပြန်ပြီး ဟိုသွားဒီသွား အပေါင်းအဖော်များထံ လည်ကာပတ်ရင်း အာရိုက်ရင်းပေါ့ဗျာ။

      မယ်ဘုတ်ရေ သာဓု သာဓု သာဓု လို့သာခေါ်လိုက်ပါမယ့် ကုသိုလ်ကောင်းမှု့တွေ များများရပါစေ။

      ဆုတောင်းပေးတဲ့ သူကလေးရေ ကျေးဇူးတင်သလို တောင်းတဲ့ဆုလည်းပြည့်ရပါစေ။

      ကိုအံစာတုံးရေ ဒါဆိုလည်း နောက်နှစ်မှာစုံကြအုံးစိုဗျာ။

  • ဆူး

    April 9, 2013 at 11:22 am

    သင်္ကြန်တွင်းတော့ အေးဆေး နားပါအုန်းမယ်။
    ခရီးတွေ ထွက်တာ များသွားလို့.. ခရီးလည်း မထွက်ချင်တော့ဘူး..
    အေးအေးဆေးဆေး ပဲ နားပြီး အိပ်မှာ အိပ်နေချင်တော့တယ်။
    နေရတာ ပျင်းလို့.. အပြင်ထွက်ချင်မလားတော့ မသိဘူး.. အခုထိတော့.. အိပ်မှာ နားမယ် ဆိုပြိး မောင်းတင်ထားတယ်။

    • ခင်ခ

      April 9, 2013 at 11:46 am

      ဆူး ရေ အိမ်တွင်းအောင်ပြီး အိပ်လိုက် စားလိုက် လုပ်နေလို့ သင်္ကြန်ပိတ်ရက်လည်းပြီးရော လုပ်ငန်းသွားဖို့ မနည်းအားယူကာ ထသွားနေရအုံးမယ်နော်။ အေးဆေးစွာ အနားယူနိုင်ပါစေဗျာ။

      • ဆူး

        April 11, 2013 at 9:58 am

        သင်္ကြန်လည်း ပြီးရော.. နားတာတွေ များလို့ လူလည်း စည်ပိုင်းနဲ့ အမြင်မှားလောက်စရာ ဖြစ်ပြီး.. မနည် ထ ရမှာ များ ပြောလေစ.. 😛

  • ဦး ကျောက်ခဲ

    April 9, 2013 at 11:28 am

    ဂဇက်ရွာသားကြီး ဆရာခလည်း မြန်မာသက္ကရာဇ် တစ်ထောင့်သုံးရာခုနှစ်ဆယ့်ငါးမှာ…
    အောင်မြင်တိုးတက် ချမ်းသာ ကျန်းမာ ပျော်ရွှင်စွာနဲ့ စာများများရေးနိုင်ပါစေ ခင်ဗျာ…
    စကားအတင်းစပ် အခုတစ်ခေါက် ရွှေပြည်ကြီးကိုပြန်ရောက်တော့ မွေးသမိခင်ကမေးတယ်…
    “ငါ့သား မင်းသင်္ကြန်ပြီးတဲ့အထိ ဒီမှာနေမှာလား” တဲ့…
    “နေချင်တာပေါ့ ကျောင်းအမကြီးရယ်၊ ခွင့်မရလို့ပါ” ဆိုတော့…
    “အမေ… စိတ်ချမ်းသာလိုက်တာ” တဲ့… ခင်ဗျာ…
    :harr:

  • ခင်ခ

    April 9, 2013 at 11:53 am

    ကိုကျောက်ခဲရေ မိခင်ကြီးစိတ်ချမ်းသာဖို့ ပြန်လိုက်တယ်လို့သာ သဘောထားပေါ့ဗျာ။
    တောင်းပေးတဲ့ဆုလည်း ၂ဆတိုးပြည့်ရပါစေဗျို့။

  • လူကလေး

    April 9, 2013 at 12:40 pm

    ခခ ပေးတဲ့ဆုနဲ့ ဂဇာတ် တရွာလုံးရော .. တစ်တိုင်းပြည်လုံးပါ.. ပြည့်ပါစေဗျာ … .

    ဂဇာတ်ရွာထဲမှာ အစောဆုံးနှစ်သစ်ဆုတောင်းထင်ပ..

    • ရွှေ ကြည်

      April 9, 2013 at 6:14 pm

      ဟုတ်ဘူးလေ လူကလေးဆိုတဲ့ သူငယ်မ ဒီကမမဂျီး ဆုတောင်းထားသေးတယ်လေ :mrgreen:

  • Good™

    April 9, 2013 at 2:44 pm

    ကိုခင်ခ။ တောင်းပေးတဲ့ဆုနဲ့တလုံးတဝထဲပြည့်ဘရစေ။
    အကိုခင်ခလည်း မွေးရပ်မြေ ရန်ကုန် မှာ ပေါ့ပေါ့ပါးပါးပျော်ပျော် ရွှင်ရွှင် အတာကူး လို့ အေးဆေးစွာ အနားယူနိုင်ပါစေဗျာ။

  • ဦးဦးပါလေရာ

    April 9, 2013 at 4:01 pm

    သင်္ကြန်မှာ အိပ်ရေးဝအောင်အိပ်မယ်
    အင်တာနက်တနေကုန်ဝင်ပြီး ရွာလည်မယ်
    ကော်ဖီတစ်နေ့ငါးခွက်သောက်မယ်
    မိတ်ဆွေ/ဆွေမျိုးတွေဆီဖုန်းခေါ်မယ်..

    အင်း…
    အဖိုးကြီးတစ်ယောက်အဖို့လုပ်လို့ရတာ အဲဒါအကုန်ပဲထင်တယ်..

    🙁

    • ကုန်သေးဘူးးး

      မစာ ဆီ အညောင်းပြေ အညာပြေ
      သွားလည်ပါဦးလား ….
      နားတဲ့ ရက်လေး သွားနှပ် .. အဲ .. သွားလည်ရဒါ .. :mrgreen:

      • ဦးဦးပါလေရာ

        April 9, 2013 at 4:45 pm

        အိုက်ဒါ နင်ပြောလို့ အားနာပါးနာ တနေ့သုံးခေါက် သွားမှာနော်..
        သိပ်စိတ်ပါလို့မဟုတ်ပါဘူး…

        :harr:

  • MaMa

    April 9, 2013 at 4:24 pm

    ရွာသူားတွေအားလုံးကို ချိန်ခါမှီ နှစ်သစ်ဆုတောင်းချွေဖို့ သတိတရရှိပါတဲ့…… ရွာ့ဆေးဆရာကြီးဖြစ်တဲ့ အောင်မြင်ခန့်ငြား ကိုခင်ခအားလည်း……….. ကျန်းမာချမ်းသာလန်းဖြာပါစေကြောင်းးးးးးးးးးးးးး :hee:

    • ခင်ခ

      April 9, 2013 at 4:39 pm

      လူကလေးက ကွန်ကာမြူးပြီး တစ်တိုင်းပြည်လုံးဆက်ဆုတောင်းပေးတာ ကျေးဇူးဗျာ။

      Good™ ရေ ရန်ကုန်ရောက်ရင် ငယ်သူငယ်ချင်းတွေနဲ့ ဟိုသွားဒီသွား ဟေးလားဟားလား
      ရှေးဟောင်းနှောင်းဖြစ်ပြေကြရင်း နဲ့ ပျော်ပါ၏ဗျာ။

      ဦးပါရေ ကော်ဖီတစ်နေ့ ငါးခွက်က များတယ်နော် တစ်နေ့သုံးခွက်ထက် ကော်ဖီက ပိုမသောက် သင့်ကြောင်း အကြံပြုပါရစေဗျ။

      အချွန်ဖြင့်မကာ ဆုမွန်ချွေပေးသော အမ မမ ကိုလည်းကျေးဇူးပါဗျ။
      တောင်းပေးတဲ့ဆုလည်း ပြည့်ရပါစေခင်ဗျ။ အမ မမ လည်း ကျန်းမာရွှင်လန်းကာ လက်ရှိအခြေအနေ လက်ရှိဘဝထက် လောကီ လောကုတ္တရာ နှစ်ဖြာမှာ သာလွန်ပြည့်စုံပါစေနော်။

  • ကိုရင်စည်သူ

    April 9, 2013 at 6:16 pm

    မန်းလေး ဆရာခလည်း သင်္ကြန်အသစ်မှာ
    စံအသစ်နဲ့ ပျော်ရွှင်ကြည်နူးနိုင်ပါစေဗျာ..။ 🙂

  • ရွှေ ကြည်

    April 9, 2013 at 6:16 pm

    လေးခင်ခရေ ကောင်းလိုက်တဲ့နှစ်သစ်ဆုတောင်းကဗျာ
    ဆုံးမစကားလေးပါထည့်ထားသေးတယ် အားမာန်တွေပေးလို့ ကျေးကျေး

  • ကိုခရေ
    ကျနော်ကတော့ လူကြီးဆိုတော့ သင်္ကြန်တွင်းမှာ မဏ္ဍပ်သွားပြီး ဓါတ်ပုံရိုက်ပါမည်.။

  • surmi

    April 9, 2013 at 7:28 pm

    ဦးခ
    ဦခလည်း နှစ်သစ်မှာပျော်ရွှင်ပါစေကြောင်း ဆုတောင်းပါတယ်ဗျာ
    ပြန်ဆုံတွေ့ကြပါစို ့နော

  • မောင် ပေ

    April 9, 2013 at 7:39 pm

    သင်္ကြန်ကာလ
    မြန်မာနှစ်ကူးချိန်မှာ
    ဂေဇက်ရွာသူားအားလုံးနဲ ့သဂျီးတို ့ဝက်ဆိုက်ပိုင်း ပက်ဘလစ်ပိုင်းအားလုံး
    ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ချဲထီကိုထိုးမည်
    အဲလေ
    စိတ်ချမ်းသာ ကိုယ်ကျန်းမာ စွာနဲ ့ပျော်ပါးနိုင်ကြပါစေ

  • Mr. MarGa

    April 9, 2013 at 9:26 pm

    နှစ်သစ်မှာ
    စိတ်သစ် လူသစ် အတွေးသစ်နဲ့
    ဆက်လက်လို့ တိုးတက်ပါစေကြောင်း
    မာဃမှလဲ ဆုတောင်းပါသဗျ။

  • uncle gyi

    April 9, 2013 at 10:20 pm

    တောင်းဆုပြုတယ်
    နှစ်သစ်အတွက်ဆုတွေခြွေ
    မန်းမြေကကိုရင်ခ
    တုူသောအကျိုးရပါစေကြောင်း
    တောင်းဆုပြုတယ်

  • မိဆိုလာ ဂဲ

    April 10, 2013 at 3:48 am

    ခစ်ခစ် ခစ် ပျော်စရာကြီး သကြီးကို ဘယ်သူမှအိုးမဲ မသုတ်ခင် ဖမ်းပြီးအိုးမဲသုတ်ရမယ်နော် ရွာသူရွားသားကိုကိုကို မမ ဦးဦးဒေါ်ဒေါ်တို့ရေ

  • ကီလိုဇူးလူးဝီစကီ

    April 10, 2013 at 8:31 am

    လာတာ နောက်ကျသွားတဲ့ အတွက် တောင်းပန်ပါတယ် ခခရေ။
    သတိတရ ဆုတောင်းပေးတဲ့ ကိုကြီးခ တို့မိသားစုလည်း လူကျန်းမာ စိတ်ချမ်းသာ ရှိကြပါစေဗျာ။
    ဒီရွာကြီးလည်း ဆထက်တပိုးတိုးလို့ စည်ကား သာယာပါစေ။
    ရွာသူ ရွာသား တွေလည်း အေးချမ်းပျော်ရွှင်ပါစေ။

    :hee:

  • kyeemite

    April 10, 2013 at 10:57 am

    ကိုခရေ..ကိုခဆုတောင်းပေးသလို…
    သက္ကရာဇ်မြန်မာ တစ်ထောင့်သုံးရာခုနှစ်ဆယ့်ငါးမှာ
    အောင်မြင်တိုးတက် ချမ်းသာပျော်ရွှင်
    ကျန်းမာအစဉ်နှင့် ရှိကြစေကြောင်း
    ခင်ခ ဆုတောင်းပါသည် သာယာဝေစီ………….။
    ကိုခအတွက်လည်းပြန်ဆုတောင်းပေးပါတယ်ဗျာ.. :528:

  • Ma Ei

    April 10, 2013 at 11:23 am

    ဂဇက် ရွာသူားအပေါင်း ကို သတိတရ ဆုတောင်းပေးတဲ့
    ကိုခင်ခ လဲ နှစ်သစ်မှာ မင်္ဂလာအပေါင်း ဝန်းရံခ လို့
    ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်…

  • ကို ငြိမ်းမောင်

    April 10, 2013 at 12:57 pm

    ဦးခင်ခကြီးတစ်ယောက်လည်း ကျန်းမာချမ်းသာစွာ နှစ်သစ်မှာပြည့်ပါစေကြောင်း ဆုတောင်းပါတယ်။

  • ခင်ခ

    April 10, 2013 at 3:34 pm

    ဝင်ရောက်ခါ မန့်ကြသော ပြန်လည်ဆုတောင်းပေးကြသော ခင်ခ ကို ချစ်ခင်ကြတဲ့
    ရွာသူားများကို ခင်ခ မှ ကျေးဇူးအထူးတင်ပါကြောင်းခင်ဗျ။

Leave a Reply