သင်္ကြန်မှာ စီးပွားရှာခဲ့သူ

မောင် ပေApril 10, 20131min1967

အေ့…….
မနေ ့က ငါပြောတာ ဘယ်နားရောက် ၊ အင်း မှတ်မိပြီ ။
ဒဂုံစည်ဘီယာ သောက်ကြည့်ပြီး ၊ ဒဂုံစည်ဘီယာ လဲ မဆိုးပါလား ဆိုတာ ငါသိလိုက်ရတယ် ပေါက်ဖော်ရေ ။ မင်းလဲ သောက်ဖူးလားတော့ ငါမသိဘူးပေါ့ကွာ ။ မင်းနဲ ့ငါနဲ ့တွေ ့ရင် မြန်မာပဲ ဆော်ကြတာကိုးကွ ။

ဆိုင်ကအပြန် ၊ ငါနဲ ့ငါ့ရှယ်ယာ မောင်အောင် တို ့… ဒဂုံစည်ဘီယာသွားချိတ်ဖို ့သဘောတူလိုက်ကြတယ် ။
နောက်နေ ့ကြတော့ ဒဂုံစည်ဘီယာရုံးကို ဂိုးကြတာပေါ့ကွာ ။
ဒဂုံစည်ဘီယာ က ၊ မင်းလဲသိတဲ့အတိုင်းပဲ ၊ မြန်မာတို ့တိုက်ဂါး တို ့လောက် နာမည်မရှိတော့ ၊ ငါတို ့ သင်္ကြန်မဏ္ဍပ်မှာ စည်ဘီယာရောင်းချင်တယ်လဲ ပြောလိုက်ရော…
တစ်ခါထဲ ခွင့်ရပါလေရောမောင် ။
အဲ့တုန်းက တစ်စည်ကို သုံးသောင်းကျပ် နဲ ့စည်၃ဝဖိုး ၉သိန်းကျပ် သွင်းရတာပေါ့ကွာ ။ စည်ကနေ ဘီယာထုတ်ဖို ့ဂေါက်ပါတဲ့ရေခဲပုံးကတော့ အလကားပေးငှားတယ် ။ ဂတ်စ်ဖိုး ၃သောင်း ထပ်သွင်းခဲ့ရတယ် မှတ်တယ်ကွ ။
သင်္ကြန်အကြိုနေ ့မတိုင်ခင် မဏ္ဍပ်မှာ စည်တွေနဲ ့ဂတ်စ်အိုး ၊ ပိုက် ရယ် ဂေါက်ထွက်မယ့် ရေခဲဘူး ရယ် လာချဖို ့ရက်ချိန်းညှိပြီးတဲ့အခါ ၊ ဘီယာထည့်ဖို ့ ၊ တစ်ခါသုံးခွက်တွေ သွားဝယ်ရတယ် ။
ဖြစ်ချင်တော့ ၊ ငါတို ့ဝယ်တဲ့အချိန်ကြမှ တစ်ခါသုံးခွက်က ဆိုက်သေးတာ ပစ္စည်းလုံးဝပြတ်နေတယ် ။
သင်္ကြန်ပြီးမှ ပစ္စည်းထပ်ဝင်တော့မှာ ဆိုပဲ…
ဒါနဲ ့ဘာခွက်ရှိလဲဆိုတော့ ၊ ဆိုင်မှာရှိတဲ့ ခွက်က နဲနဲဆိုဒ်ကြီးတဲ့ဟာပဲ ရှိတာတဲ့ကွ ။
နီးနီးနားနားရှိတဲ့ စည်ဘီယာဆိုင်တစ်ဆိုင် ပြေးပြီး ၊ စည်ဘီယာတစ်ခွက် ထည့်စမ်းကြည့်တော့ ၊ ခွက်က နေရာတော်တော်လွတ်ကျန်တာကိုတွေ ့ရတယ် ။
တို ့မန်းတလေးမြို ့က တခြားဆိုင်တွေကို လိုက်ကြည့်တော့လဲ ၊ တစ်ခါသုံးခွက်က ဘာဆိုဒ်မှကို မရှိတာနဲ ့၊ အဲဒီ ဆိုဒ်ခွက်တွေပဲ ယူခဲ့ရတော့တာပေါ့ကွာ ။
နောက်ပြီး ၊ စားစရာ ထည့်ရောင်းဖို ့အတွက် တစ်ခါသုံးဖော့ဘူးတွေရယ် ၊ ကော်ဖီတို ့အအေးဘူးတို ့ထည့်စရာ တစ်ခါသုံးဖော့ခွက်အသေးတွေရယ်လဲ ဝယ်ရတာပေါ့ ။

ဆိုင်မှာရောင်းဖို ့ဘီယာနဲ ့အရက်ရပြီဆိုတော့ ၊ အချိုရည်တို ့ဝိုင်တို ့တင်ဦးမလားဆိုတာ ဆက်တိုင်ပင်ကြတာပေါ့ကွာ ၊ ရေသန် ့ဘူးအတွက်ကြ ငါတို ့ရောင်းမယ့်နှစ်မှာ ၊ မက်စ်ကုမ်ပဏီက ထုတ်တဲ့ မက်စ်တူးအို သောက်ရေသန် ့တွေကို ဈေးပေါပေါနဲ ့ဝယ်စုပြီးပေါ့ ။ အချိုရည်ကြတော့ ဘလူးမောင်တိန်နဲ ့ကျွဲရိုင်း တင်ဖို ့ပြင်ရတာပေါ့ ။ စပိုင်ဝိုင်တွေလဲ နဲနဲဝယ်ထားဖြစ်သေးတယ်ကွ ။

အစားအသောက်အတွက် ထမင်းကြော် ၊ ကြာဇံကြော် ရောင်းဖို ့နဲ ့အမြည်းအတွက် ရယ်ဒီမိတ် ပင်လယ်စာတွေ ဝယ်ဖို ့ဟာကတော့ ၊ အနီးနားကပ်မှ ဝယ်လို ့ရတာမို ့ ၊ ငါနဲ ့မောင်အောင်လဲ သင်္ကြန်မတိုင်ခင်ကြားရက်တွေမှာ အေးဆေး ဒူးနှံ ့နေတော့တာပေါ့ ။

သင်္ကြန်မတိုင်ခင် ၂ရက်လောက်အလိုကြတော့ ၊ မဏ္ဍပ်ကိုနေ ့စဉ် အသွားအပြန် ၊ လူတွေနဲ ့ပစ္စည်းတွေ တင်ဖို ့ပို ့ဖို ့ ၊ ကားတစ်စီးလိုပါလေရော ၊ မောင်အောင့်မှာလဲ ကားမရှိ ၊ ငါ့မှာလဲ ကားမရှိဘူး ပေါက်ဖော်ရ ။
ဒါနဲ ့၊ လိုက်ထရပ်ကားနဲ ့တက္ကသိုလ်ဖယ်ရီဆွဲနေတဲ့ အသိတစ်ယောက်နဲ ့ညှိနှိုင်းလိုက်တော့ ၅သောင်းတဲ့ ။ ဒီနေရာမှာ နားလည်မှုလွဲကြတာ ကို ပြီးမှ ပြောပြဦးမယ် ။ အခုတော့ ၅သောင်းနဲ ့တည့်သွားတယ်လို ့ပဲ မှတ်ထားဦး ငါ့ရောင်ရေ ။

အကြိုနေ ့မတိုင်ခင်တစ်ရက်ရောက်တော့ ၊ ဆန်ဆီဆားကြက်သွန်ဂျင်း ဘာညာသာရကာ နဲ ့ ၊ အမြည်း အဖြစ်ရောင်းဖို ့အာလူးကြော်တွေရယ် ၊ ကြာဇံဖတ်တွေရယ် ၊ မီးဖို ၊ ဘီယာပုလင်းတွေထည့်စိမ်စရာရေခဲပုံး ၊ ရောင်းစရာ အရက်ပုလင်း ၊ အချိုရည်ဘူးပုလင်း ၊ ဝိုင်ပုလင်းတွေ ၊ ရေသန် ့ဘူးတွဲတွေ နဲ ့အားလုံး ရယ်ဒီဖြစ်နေပြီပေါ့ကွာ ။
ရယ်ဒီမိတ် ပင်လယ်စာတွေကတော့ တစ်ရက်စာကို တစ်ရက်ရောင်းမှာမို ့၊ သူ ့နေ ့နဲ ့သူ ဝယ်ဖို ့ပြင်ရတာပေါ့ကွာ ။ ဘယ်ပစ္စည်းကို ဘယ်ဈေးနဲ ့ရောင်းမယ်ဆိုတာကို မောင်အောင် ရယ် ၊ သူ ့မိန်းမ ရယ် ၊ ငါရယ် ၊ ကူရောင်းပေးမယ့် ငါ့ဘော်ဒါ ကလေးမလေးနှစ်ယောက်ရယ် တိုင်ပင်ကြရတယ်ကွ ။
နောက်ပြီး မောင်အောင် နဲ ့ ငါနဲ ့က ရှယ်ယာဈေးရောင်းကြတာ ဆိုတော့ ၊ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု ရှိကြဖို ့အတွက် ၊ ဒီလို ညှိနှိုင်းလိုက်ကြတယ် ။
ငါတို ့မဏ္ဍပ်ကို သွားရင် ၊ အမ်းစရာ အနုတ် တစ်ယောက်ကို ငါးထောင်ကျပ်ဖိုးလောက်ပဲ ယူသွားမယ် ။ အပိုမယူသွားဘူးပေါ့ကွာ ။
မောင်အောင့်မိန်းမ က ရောင်းကြေးရသမျှ ကို ထည့်သိမ်းမယ့် ပိုက်ဆံအိတ် ကိုင်မယ် ။
တစ်နေ ့တာ ရောင်းရသမျှ ရောင်းကြေးကို ညမဏ္ဍပ်က ပြန်ရောက်တဲ့ အချိန်ကြမှ ၊ အားလုံးရဲ ့ရှေ ့မှာ မျက်နှာချင်းဆိုင် ထိုင်ရေကြမယ်ပေါ့ကွာ ။
အဲဒီလို သဘောတူညီချက်ယူလိုက်ကြတယ် ငါ့ရောင်ရေ ။ စိတ်ဝင်းမကွဲအောင်လို ့ပေါ့ကွာ။

အဲ့ချိန်မှာပဲ ဒဂုံဘီယာက တာဝန်ရှိသူတစ်ယောက်က မဏ္ဍပ်ကို စည်တွေနဲ ့ဂတ်စ်ဘူးရယ် ဂေါက်ဘူးရယ် ချတော့မှာ ဖြစ်တဲ့အကြောင်း ဖုန်းဆက်လာလို ့ ၊ မဏ္ဍပ်မှာ ရှိနေတဲ့ အော်ဂန်နိုက်ဇာ တွေကို လက်ခံထားပေးဖို ့လှမ်းအကြောင်းကြားရသေးတာပေါ့ကွာ ။
အော်… အော်ဂန်နိုက်ဇာ ဆိုတာ မဏ္ဍပ်ထောင်တဲ့လူ ၊ မဏ္ဍပ်ပိုင်ရှင်ကို တို ့ဆီမှာ အော်ဂန်နိုက်ဇာ လို ့ခေါ်ကြတာပေါ့ ငါ့ရောင်ရာ ။

အားလုံးအပြီးမှာ အကြိုနေ ့မဏ္ဍပ်ကို ၊ မနက်၁ဝနာရီလောက် သွားဖို ့အချိန်ကိုက်ပြီး ၊ ငါတို ့လမ်းခွဲ ပြန်ခဲ့ကြတယ် ။

ဒီလိုနဲ ့သင်္ကြန်အကြိုနေ ့ကို ရောက်လာပါလေရော ။

ကဲကဲ ထုံးစံအတိုင်း ၊ ပြောရတာ အာခြောက်လာလို ့ ၊ အမေပြောတဲ့ အမောပြေလေးဆီ ပြေးလိုက်ဦးမယ် ငါ့ရောင်ရေ ။
မနက်ဖန်ကြမှ ဆက်ပြေကြသေးတာပ ။

*********************

7 comments

  • Myo Thant

    April 11, 2013 at 9:09 am

    ကိုပေကလည်း
    ကျနော်က ဒီည ခရီး စထွက်ရပြီဆိုတော့ ဒီနေ့ အပြီးတင်ပါ
    ဆန့်တငင်ငင်မလုပ်နဲ့ဗျာ

    🙂

  • MAUNG

    April 11, 2013 at 9:22 am

    အမ်.. ဆန့်ငင် ဆန့်ငင်လုပ်ပြန်ပြီ။ ဝဋ်လည် မယ် 😀

  • ဦးကြောင်ကြီး

    April 11, 2013 at 9:50 am

    နင်ပြောတာတွေ တခုမှ စိတ်အဝင်စားဗူး.. ကူရောင်းပေးတဲ့ ခလေးမလေး နှစ်ယောက်ကလွဲရင်.. သူတို့ သင်္ကြန်ပွဲအပြီး အကောင်းပတိ အိမ်ပျံရောက်တယ်မား.. ဟုတ်တိုင်းမှန်ရာ လျောက်တင်စေ…. :kwi:

  • မယ်ဘုတ်

    April 11, 2013 at 10:09 am

    သင်္ကြန်အကြိုနေ ့ရောက်သေးဘူးဆိုတော့ .. ဆန့်ငင်ငင် ဖစ်ပီပေါ့ …

  • ဗုံ ဗုံ

    April 11, 2013 at 12:25 pm

    ကပေဂျီးကတော့ လုပ်ပြီ ဖတ်ကောင်းရင် ရပ်ပြီ ဒီလူကြီး တို့လို့တန်းလန်းကို အတော်ဝါသနာပါဟန်တူပါရဲ့ :mrgreen:

  • ဘဲဥ

    April 11, 2013 at 12:25 pm

    ဗျို့ ဆြာပေ
    ဘယ်မန်းဒပ်မှာ ရှိမှာဒုံး
    သများလည်း ဆီးပွားရေး သောင်းဂျန်းရအောင်လို့တော့

  • TNA

    April 11, 2013 at 4:38 pm

    ဟဲ့ကပေ နင်ကရောင်းမှာလားသောက်မှာလား။ တကတဲ ပြီးကိုမပြီးတော့ဘူး။ ညီးချည်းပဲသောက်နေ။ ငါတို့ သောက်ဖို့လဲရောင်းအုံးလေအေ။

Leave a Reply