Intro (or) profile photo
အားလုံးကို မင်္ဂလာပါ လို ့ ပထမဆုံးအနေနဲ ့ ပြောခွင့်ပြုပါ။ မပြုလဲ ပြောပြီးပါပြီ။
ကျုပ်ကတော့ မောင်ကြီး ပါ။ အချောင်တီးရမလားလို ့ ၊ အဲအဲ မှားလို ့၊ မန်းတလေးဂေဇက်မှာ ဝါယောဝင်ကန်ချင်လို ့ ရက်ဂျစ်စတာလုပ်လိုက်ပါပြီ။ လုပ်ပြီးပြီးချင်း Points: 5055 Kyats ရပါတယ်။ နောက်ထပ်လဲ ပွိုင့်တွေတိုးဖို ့ကြံရပါဦးမယ်။
အခုလောလောဆယ် အကြံအဖန်လေးထုလိုက်တာကတော့ ၊ ကျုပ် ပရိုဖိုင်ပုံကိုကြည့်ပြီး ၊ အဲဒါ ဘာများပါလိမ့်လို ့သိချင်နေကြမယ်ဆိုရင် ၊ ရှင်းပြချင်လို ့ပါ။
ကျုပ်ရဲ ့ပရိုဖိုင်ပုံက ဒီကနေကူးလာခဲ့တာပါ
http://en.wikipedia.org/wiki/Alprazolam
ဇန်းနက် ဆိုတာ ထရိတ်နိမ်း ၊ အယ်လ်ပရာဇိုလမ် ပါဗျာ ။ ပုံကတော့ သူ ့ရဲ ့ကမ်မီကယ်အရ ဖွဲ ့စည်းပုံလေးပါ ။
ဒီ ဇန်းနက် ဆိုတဲ့ အယ်လ်ပရာဇိုလမ် ရဲ ့ အစွမ်းဟာ anxiolytic, sedative, hypnotic, skeletal muscle relaxant, anticonvulsant, and amnestic properties တို ့ဖြစ်ပါတယ် ။
ဆေးသမားတွေကတော့ ၊ ဘာအတွက်သုံးလဲ ဆိုတော့ ၊ လူတစ်ယောက်ရဲ ့စွမ်းအား ကို အဆ ၂၀ဝကျော်ခန် ့တိုးလာဖို ့နဲ ့ ၊ စိတ်ခံစားချက် ပျော်ရွှင်လာစေဖို ့ သုံးကြပါတယ် ။
ဟုတ်ကဲ့ပါ ။ ဒါပါပဲ ။ ပြီးပါပြီ ။
5 comments
အရီးခင်လတ်
April 14, 2013 at 9:48 pm
ကြိုဆိုပါတယ် ကပ္ပိယ မောင်ကြီး ရေ။
ကပ္ပိယကြီး ရဲ့ profile တန်ခိုး နဲ့ ဒီ ရွာရဲ့ အစွမ်း အဆ နှစ်သိန်း တိုးစေသတည်း။
သူကြီး ဆာဗာကြီး ပါ တန်ခိုးထွား အားရှိ စေသတည်း။
😆
ဦးကြောင်ကြီး
April 15, 2013 at 10:00 am
ကပ္ပိယမောင်ကြီး
ဓာတ်ထိပွခေါင်ထီး
သတ္တိပြယောင်ပြီး
မျက်စိကျဖောင်စီး..။
မဟာရာဇာ အံစာတုံး
April 17, 2013 at 2:09 am
မောင်ကြီး ဆိုတော့ကာ …
မီးကြောင် ပေါ့ … အဟဲ …
ဒါဆိုရင်တော့ အထက်က ကြောင်ကြီးကို သတိထားပေတော့ …
ဟိုသီချင်း ထဲမှာတော့ တွံတေးသိန်းတန် က ဆိုထားတယ် …
ကပ္ပိယ ချက်ကြီး တဲ့ …
အခုတော့ ကပ္ပိယ မောင်ကြီး ပေါ့ …
ကြိုဆိုပါတယ်ဗျားးး
kyeemite
April 26, 2013 at 3:06 pm
ပြောတော့ ကပ္ပိယ မောင်ကြီး
စာစရေးတာနဲ့ ဆေးသိပ်ပံအကြောင်းပါလား.. 😆
တကယ်ကနာမည်နဲ့လိုက်အောင် ဗိန္နောတို့၊ အဂ္ဂိရပ် တို့အကြောင်းရေးရမှာ.. :kwi:
တိမ်မည်း
April 26, 2013 at 3:24 pm
အိုင်ဆေး ကပ္ပိယ မောင်ကြီး…….
ကျုပ်က ကယ်လ်မီကယ် အကြောင်းတော့ လုံးလုံး သိဖူးရယ်……
ဘာပြောပြော ဗဟုသုတရတာပေါ့………..
ကြိုဆိုပါတယ်……………
:harr: