Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆုတောင်းနေရုံနဲ့တော့ ဘာမှ ဖြစ်မလာဘူး

alinsettApril 16, 20131min67026

ဒီနှစ် သဂျန် နားရက်တွေမှာ ဘယ် ခရီးမှလည်း မသွားဖြစ်

ကျနော့် ထုံးစံအတိူင်း ရေပတ်ခံထွက်တာတို့ ဘာတို့လည်း
လုပ်လေ့မရှိ တော့ ဘာလုပ် ရ မှန်း မသိ ကြံရာ မရတဲ့ အဆုံးမှာ
ဘုန်းကြီး ဝတ်ချလိုက်ပါတော့တယ်။

တရားထူးတွေ သိချင် ရချင် လွန်းလို့လည်း မဟုတ်ပါပဲ
သာသနာ့ ဘောင် ထဲ ဝင်ဖြစ် သွားပေမယ့်
တရားတွေ ရှု မှတ် နာကြား ခြင်း တစ်နေ့ကို ရှစ်ကြ်ိမ်စီ လုပ်ပြီးတဲ့
အခါမှာတော့ ကျနော် တရား အလုပ်ကို စိတ်ဝင် စား သွားပါတော့တယ်။

ဝိပဿနာ အလုပ်ကို သမာဓိ ရ ရုံလောက် အားထုတ်မိရင် ကိုပဲ
စိတ်တွေ ရှင်း ဘဝ ခံယူချက် ခံယူပုံတွေ ရှင်းသွား တာလေး
သွား တွေ ့တော့
အော် တရား အလုပ်ဟာ အေးချမ်းလှပါလား
အကျိုး ကျေးဇူး များလှပါလား လို့ တွေးမိပါတော့တယ်

ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းကြီးကို တစ်ချက်ချင်း ရှင်း လင်း ပြ နေတဲ့
ဆရာတော် ရဲ့ တရားသံတွေ နဲ့
အသိထဲမှာ အော် ဒီလိုပါလား လို့ သိလိုက်တဲ့ အသိတရားတွေ
အေးချမ်းပြီး ငြိမ်သက် ဘုရား တရား သံဃာ ရိပ်အောက်မှာ ကျနော် ပျော်သွားပါတယ်
ခန္ဓာ ရ ထားတဲ့ ဘဝ
ဘဝ သံသရာ လည် ပုံ ပတ်ပုံ တွေ
ခန္ဓာ သံသရာလည် ပုံ တွေကို ကိုယ့် ဉာဏ် ကလေး တစ်ထွာ တစ်မိုက်လောက်နဲ့
သိနိုင် သ လောက်လေး သိပြီး ဖြစ်ပျက် သ ဘော တွေ
ရှု မှတ် နေရတာ ကျနော် တော်တော် စိတ်ဝင် စားပါတယ်။

တရားစခန်းမှာ ၂၂ရ သွယ်သော ဝိနည်းတော် နဲ့အညီ ဘုရားသားတော်
အဖြစ် ခန္ဓာ နဲ့ ဉာဏ် အသုံးချခွင့် ရလိုက်တာ အနည်းဆုံးတော့ ကျနော် ဆုတောင်းတွေ
ပြောင်းသွားပါတယ်။
အရင် က အကြောင်း အကျိုး ကို သေချာမ သိပဲ ဆုတောင်းခဲ့ပုံတွေက
ခန္ဓာ ထပ် ရ ကြောင်း ဆုတောင်းတွေ ဖြစ်သွားခဲ့တယ်
ဖြစ်လေရာ ဘဝတိုင်းမှာ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ စွာ နေရရုံ လောက်သာ
ဆုတောင်းခဲ့တဲ့ လူအ တစ်ယောက်ပါ
အခုတော့ ခန္ဓာ ရသမျှ ဘယ်ခန္ဓာ မှ ချမ်းသာ အစစ်လည်း မဟုတ်ပါဘူးဆိုတာ
ရေးရေးက လေး သ်ိ လိုက် ရ လို့ ဖြစ်ပျက် သ ဘော တွေနဲ့ ရှင် သန် နေရတဲ့ ဘဝတွေကို
မမက်မော တော့ပါဘူး
တကယ် ပြတ် ရာ တကယ် မပတ် ရာ နိဗ္ဗာန် ကိုသာ ဆုတောင်းချင် ပါတော့တယ်။

ဒါပေမယ့် ဆုတောင်းခြင်း ဆိုတာကလည်း
သိပ် အ ရေးပါလှတယ်တော့ မဟုတ်ဘူး ထင် ပါတယ်လေ
က်ိုယ်က မြှားပစ် သမား ဆိုရင်
မြှားကို ကိုယ်တိုင် တပ်ဆင်
ကိုယ်တိုင် ပစ်မှတ်ကို ချိန် ရွယ် ရမှာက ကိုယ့်တာဝန်ပဲ။

အဲဒီနေရာမှာ ဆုတောင်းခြင်း ဆိုတာက
ငါ ဒီပစ်မှတ်ကို ပစ်မှာပါ ဆိုတဲ့ ဥင်္ီးတည် ဆန္ဒပြု မှုလေး တစ်ခုပါပဲ။

ဆန္ဒပြု နေရုံ ( ဆုတောင်း နေ ရုံ နဲ့ )
ပစ်မှတ်ဆီ မြှားက ရောက်မသွားပါဘူး။ ။

လေးစားစွာဖြင့်
အလင်းဆက်

26 comments

  • အလင်းဆက်

    April 16, 2013 at 10:08 am

    ဟန်းဆက် တေးတေးလေးနဲ့ ပိုစ့်ကို တင် လိုက် ရတာ
    ပုံလည်း တင် လို့ ရဘူး

    ဟူးးးးးး မောလိုက်တာ
    :kwi:

  • KZ

    April 16, 2013 at 1:02 pm

    ကျုပ် ကိုယ်တိုင်တော့ ဆု တောင်း ခဲ တယ်ကွယ်။
    ကျန်တာတော့ မပြောတတ်ပါဘူး။
    မပြောတော့ပါဘူး။ :mrgreen:

  • mobile

    April 16, 2013 at 1:03 pm

    ကိုအလင်းဆက် ဆုတောင်းပြောင်းသွား၏ဆိုပါလား…….
    ဟိုး တစ်ခါတင်တဲ့ ဓါတ်ပုံထဲက လေဒီကြီးနဲ့ကော ပေါင်းဖတ်ဖို့ ဆန်ဒမရှိတော့ဘူးလားလို့သိချင်ပါတယ်…
    ပဋိစ္စသမုပ္ပာဒ်စက်ဝိုင် လည်ပုံလေးကိုလည်း လူပိန်းတို့ နားလည်စေမည့်နည်းနဲ့ ရှင်းပြစေချင်တယ်ဗျာ…..

  • အလင်းဆက်

    April 16, 2013 at 2:00 pm

    ဆုတောင်း ခဲတဲ့ KZ
    ဖတ် ရှု ခံစား ပေးလို့ ကျေးဇူး တင် ပါ ၏
    နာမည်တွေလည်း မူး နောက် လှပါ၏
    🙂

    းးးးးးးးးးးးးးးးးးးးးးးးးး
    မိုဘိုင်း ဆိုတဲ့ လူကြီး
    ဟို မမကြီးနဲ ဇာတ်လမ်း ခံစားချက်က လေး သ်ိချင် တယ်ပေါ့လေ
    အီလည်လည် ဇာတ်လမ်းကြီးမို့ အီလည်လည်ကြီး ခံစားနေပါတယ်ဗျာ
    ပေါင်းဖက် ဖို့က တော့ ဆန္ဒ ရှိတာပေါ့
    သူနဲ့ မ ပေါင်းဖက် ရ လည်း
    ချစ်သုဝေ လေးနဲ့ ပေါင်း ရလည်း သေ ပျော်ပါဒယ်

    ဟို စက်ဝိုင်းကြီး လည်ပုံ
    ကျနော့် လာ ရှင်း ခိုင်းလို့က တော့
    ပြီးပါလေ ရော
    ကိုယ့်ဟာကိုယ်တောင် တစ်လုံး နားလည် ဖို့ မနည်း
    ဉာဏ်လေး တစ်ထွာတစ်မိုက်နဲ့ ငမိုက်သားလေး ပဲ ရှိပါသေးဒယ်ဗျာ

    :kwi:

    လေးစားစွာဖင့်

    ဆက်ဆက်

  • kai

    April 16, 2013 at 2:06 pm

    ဆုတောင်းတယ်ဆိုတာ.. ဗုဒ္ဓဘာသာဝင်တွေ.. ထာဝရဘုရားသခင်ကိုးကွယ်သူတွေဆီက.. ခိုးချထားတာလို့… ပြောရမယ်..
    ဗုဒ္ဓသာသနာစစ်စစ်မှာ.. ဆုတောင်း..ဆုပေး..ဆုယူလို့မရပါ..။
    ကိုယ်တိုင်ကျင့်ကြံအားထုတ်မှရကြောင်း… :harr:

  • အလင်းဆက်

    April 16, 2013 at 2:31 pm

    ဟုတ်ပါ့သဂျီးရယ်
    ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်
    ချစ်သုဝေနဲ့ ကျနော် အိမ်ထောင် ကျတာ ကြာပြီ
    ဒီတိုင်းပြည် ကိုယ့်ကျွန် ဘဝက လွတ်တာ ကြာပြီ
    ဟို လူကြီး တွေ သေတာ ကြာပြီ
    ဟိဟိ
    ကျနော်တို့လည်း ဘာအလုပ်မှ မလုပ်ပဲ
    ဆုတွေ တစ်ဆုပြီး တစ်ဆု ထိုင်တောင်း နေတာ ကြာပြီ
    ဆု တောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ

    ဆု တောင်း နေရုံနဲ ့တော့ မြှားက ပစ်မှတ်ဆီ ရောက်မသွားဘူး
    ပေါ့နော်

    သူကြီးရေ
    ကွန်မန့် ချီးမြှင့် လို့ ကျေးကျေး ပါဗျ

    ခင် မင် လေးစားစွာ
    အလက်ဆင်း

    • mobile

      April 16, 2013 at 3:31 pm

      ခီညားတို့မှားနေပီဗျ…..
      ဆုတောင်းလို့ ရတဲ့ဟာရှိသလို မရဟာလည်းရှိပေသဗျ….
      အခြေအနေ အချိန်အခါ ရေကြော မြေကြော နတ်ခတ်တွေပါဝါတွေနဲ့ဆိုင်တယ်ဗျ…….
      ဥပမာ ဆုတောင်းပြီးရတဲ့ဟာ တစ်ခု ခင်ဗျားတို့ကို ကျုပ်ပြောပြမယ်….
      လမ်းဘေးမှာ ပိုက်ဆံတောင်းတဲ့လူတွေကြည့် ကျန်းမာပါစေ ချမ်းသာပါစေ ထီပေါက်ပါစေ ဘာညာပေါ့
      သူတို့မှာ ပိုက်ဆံအကြွေလေးတွေဘာတွေရရ သွားကြတာပါပဲ……………
      ဒါကဆုတောင်းလို့ ရတဲ့အကျိုးပါ ထို့ထက်မက များစွာရှိပေသည်………
      +++++++++++++++++++
      ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးး
      လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၄၀ဝ ဝန်းကျင်လောက်က မြန်မာနိုင်ငံအလယ်ပိုင်း
      မိုးခေါင်းရေရှား ပူပျင်းခြောက်သွေ့ လမ်းမကောင်း သစ်ပင်အရိပ်မရှိတဲ့ ဒေသမှာပေါ့ဗျာ…….
      ရသေ့ကြီးတစ်ပါးရှိသတဲ့ဗျ….. အဲ့ဒီရသေ့ကြီးဟာ အနီးအနားတစ်ဝိုက်မှာရှိတဲ့
      ရွာသားတွေကို သနားလို့ဆိုပြီးတော့ လိုရာဆုတွေပေးဖို့ လာခဲ့ရာမှာ
      လမ်းရောက်တော့ ရွာသားနှစ်ယောက်ရယ် အမူးသမား လူပြိန်းတစ်သိုက်ရယ်နဲ့တွေ့လေသတဲ့…..
      မင်းတို့လိုချင်တဲ့ဆုတောင်းကြပါလို့ဆိုသတဲ့…………………….
      ဒီအခါမှာရွာသားထဲက တစ်ယောက်က ဒီလိုဆုတောင်းသတဲ့…………
      တစ်ဖက်ကို နတ်သမီး တစ်ဖက် ၁၂၅ဝ စီနဲ့ နတ်စီးစိမ်ကို ၂၇၄ ကမ္ဘာတိုင်တိုင် ခံစားရလိုပါ၏လို့
      ဆုတောင်းသတဲ့……………………………..
      နောက်ထပ်ရွာသားတစ်ယောက်ကတော့ ဗျက်မာ့ ပြည်မှာ ဗျက်မာ့ မင်းအဖြစ်နဲ့ ခံစားရလိုပါကြောင်း
      ဆုတောင်းသတဲ့…………………………… ပြီးတော့
      အရက်သမား လူပြိန်းတစ်သိုက်ကတော့ ဒီတို်င်းပြည်ဒီနေရာမှာ ကျုပ်တို့အဖွဲ့သည်
      အုပ်ချုပ်မင်းလုပ်သူများ ဖြစ်ပြီး အသက်ရှည်ကျန်းမာချမ်းသာစွာဖြင့် သွားလေရာဒေသ
      လမ်းကြောင်းရှင်းရှင်းလင်းလင်းဖြစ်ပြီး ရောက်လေရာဒေသ လင်းထိန်သောမီးတို့ဖြင့်
      ဒီနိုင်ငံရဲ့ သယံဇာတတွေကိုလည်း လိုသလိုထုတ်ယူရောင်းစား သုံးဆောင်ခွင့်ရရပါလို၏လို့
      ဆုတောင်းသတဲ့………………………….
      ထို့နောက်မှာ ရသေ့ကြီးက အမောင်တို့၏ ဆုတောင်းများသည် နောက်လာမည့်
      ဂေါတမ ဘုရားရှင် ပွင့်တော်မူပြီး နှစ်ပေါင်း ၂၅၃၅ နှစ်ဝန်းကျင်ကြာသောအခါမှာ
      ပြည့်စုံကြပါလိမ့်မယ်လို့ ဆိုပြီး ပျောက်သွားသတဲ့…………………
      ++++++++++++++++++++
      ဇာပ်ပေါင်းသော်ဝ်
      ပထမဆုံး ဆုတောင်းသောရွာသားသည် ယခုတာဝတိန်သာ နတ်ပြည်မှာ သူဆုတောင်းခဲ့တဲ့
      အတိုင်း နတ်သမီး တစ်ဖက် ၁၂၅ဝ စီနဲ့ ခံစားစံစားနေရသတဲ့ …မယုံရင် သွားကြည့်ပါ……
      ဒုတိယ ဆုတောင်းတဲ့ ရွာသားတစ်ယောက်ဟာလည်း အထက်ကနတ်သားနည်းတူ
      ယခု ဗျက်မာ့ ပြည်မှာ စံစားနေလေသတဲ့ …. ထိုနည်းတူ မယုံရင်သွားကြည့်နိုင်ပါသည်…….
      နောက်ဆုံးဆုတောင်းတဲ့ အရက်သမားလူပြိန်းတစ်သိုက်ကတော့
      ၂၅၃၅ ခုနှစ်ဝန်းကျင်မှစပြီး မြန်မာနိုင်ငံကို အုပ်ချုပ်မင်းလုပ်သူများ ဖြစ်လာကြလေသတည်း…..
      ဆုပေးတဲ့ ရသေကြီးကတော့ ယခုစာများကို ရေးသားနေသူ မောင်မိုဘိုင်း ဖြစ်လာလေသတည်း……
      ကျမ်းကိုး……………..
      ပထမ ကမ္ဘာစစ်မတိုင်မှီ နှစ်ပေါင်း ၄၀ဝ ခန့်အလိုတွင် ရခိုင်ကမ်းရိုးတမ်းမှ တွေ့ရှိသော
      စပိန် အက္ခရာဖြင့် ထွင်းထုရေးသားထားသော ကျောက်စာများကို မြန်မာ ဘာသာပြန်ထားပြီး
      အရှင်အသေမဟာမဟားဒယားဦးဖိုးစိန်တင့်တယ် ရေးသားသော
      ဆုပေးခြင်း ဆုတောင်းခြင်းနဲ့ ဆုတောင်းပြည့်ခြင်းမှ အကြောင်းအရာများကို
      ဇာပ်ပေါင်းသော်ဝ် ထိမရောက်ခင်ထိ ကူးယူဖော်ပြလိုက်ရပါကြောင်းးးးးးးးးးးး
      ++++++++++++++++
      ကျုပ်လည်းသဂျန်းတွင်း ပျင်းနေမူးနေတာနဲ့ တောင်ရေး မြောက်ရေး ရေးသားထားခဲ့ရပါကြောင်းးးးး
      ဝိုင်းဆဲလိုသူများ လွပ်လပ်စွာ ဆဲဆိုနိုင်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • မိုက်ကယ်ဇီးနစ်သ်နိုဗန်ဘာ

    April 16, 2013 at 2:50 pm

    ဆုတောင်းချင်တောင်းပေါ့ဗျာ
    စာမေးပွဲအောင်ပယဇီ လောက်
    စာလည်းကျက်ပေါ့
    မကျက်ဘဲ ဆုသက်သက်တောင်းယင်တော့
    အောင်ဘာလိမ့်မယ် အားကြီးကြီး
    အဲ ဆုတောင်းပီးစာကျက်တော့ ဆိုက်ကော်လော်ဂျစ်လိ
    အရတော့ ကွန်ဖိဒန့်စ်ရဲ့ တန်ဖိုးလေးတချို့ကိန်းမယ်ပေါ့ဗျာ
    ဒါဆို စွတ်ဆက် ပီး ဂလို် ဘယ် ဖာ့စ်ရပါလိုအိ
    ဆုတောင်းပီး ညတိုင်းဘီဘီ ဂလုနေယင်ကော
    ဖြစ်ပါ့မလား (ကျက်တော့ကျက်မယ်ပေါ့လေ တစုံတရာသော
    အတိုင်းတာတခုထိ)
    နောက်တနည်း ဥပုသ်သီလစောင့် ရွတ်ဖတ်သရဇယ်ပီး
    စာမကျက်ဘဲ စာမေးပွဲ ဝင်ဖြေအုံးတော့. အာဟိ

    အလည်လမ်းကသွားချင်ပါရဲ့ဗျို့

    သာဓု ၃
    ကိုအလင်းဆက်ရေ့

  • အလင်းဆက်

    April 16, 2013 at 3:08 pm

    ဟုတ် မိုက်ကယ် ဘာဆိုလား
    နာမည်တွေ ဘယ်လို ဖစ်ကုန်ပါလိမ့်ကွယ်

    ဆုတောင်းခြင်းဆိုတာ ကိုယ့်ရည် ရွယ် ရာဟာ
    ဒါလေးပါ ဆိုပြီး ကိုယ့်ဘာသာ ဆန္ဒပြု ခြင်း လောက်ပါပဲ လို့
    ဘာပဲ ဖြစ်ဖြစ် ဆုတောင်း နေတာထက်
    ကိုယ့်ပန်းတိုင် ကိုယ် သိ ပြီး
    ကိုယ့် ဘာသာ အားတင်း လို့ ရောက်အောင် လျှောက်မှ
    ရောက်မှာပါပဲ နော်
    ဆုတောင်းတယ်ဆိုတာ မရှိလည်း ဖြစ်ပါရဲ့
    ဆုလည်း ဆုတောင်း ကိုယ့်အားကိုယ် ကိုးပြီး ရ အောင် လည်းလုပ်
    ဒါဆို မိုက်ကယ် ဘာဆိုလား ပြောသလို
    အလည် လမ်း ပေါ့နော်
    ဆုတောင်းခြင်းသက်သက်နဲ့တော့
    အင်းးးးးးးးးးး

    းးးးးးးးးးးး
    မိုက်ကယ် ဘာဆိုလားခဗျာ
    ဖတ် ရှု ခံစား
    ဆွေးနွေးမှုအတွက် ကျေးဇူးပါ ဗျ

    ချစ်သော
    အလက်ဆင်း

  • အရိပ်စစ်

    April 16, 2013 at 3:53 pm

    ဆုတောင်းခြင်း ဆိုတာက
    ငါ ဒီပစ်မှတ်ကို ပစ်မှာပါ ဆိုတဲ့ ဥင်္ီးတည် ဆန္ဒပြု မှုလေး တစ်ခုပါပဲ

    ( ဟုတ်တယ်နော်..အဲဒါကို တစ်ခါတစ်လေ မေ့မေ့သွားမိတယ် )

  • အလင်းဆက်

    April 16, 2013 at 4:02 pm

    အူးအူး မိုဘိုင်း
    တောင်းဒဲ့လူတွေ ဆုတောင်းတာက လှူမယ့်သူကို ဆုတောင်းပေးတာ
    အ ကြွေလေးဘာလေး သူတို့ ရတာက သူတို့ တောင်းလို့ ရတာ။
    လှူသွားသူ တွေ ထီပေါက်တာ ဘာညာ ဆိူတာက သူတို့ တောင်းသူကို လှူတဲ့အကျိုး
    ဟုတ်ဖူးလား
    🙂

    ခီညား ပြောတဲ့ ဇာတ်လမ်းဂျီး ဖတ်ပြီး ပြောချင်တတာက တော့

    ဖစ်မှ ဖစ် ရ လေ
    :kwi:

    • mobile

      April 16, 2013 at 4:19 pm

      ဟုက်ပါဘူးဗျ… …… ဆုတောင်းတယ် ဆုပေးတယ်ဆိုတာ………
      အူးဗမာဗျာ……… စာတော်လို့ဆိုပြီး သို့မဟုက် ကိုယ်နဲ့ရင်းနှီးလို့ ကျောင်းသားလေးကို
      ဆရာမက ဆုပေးတယ်ဆိုရင်လည်း ဆုပေးတာပဲဗျ……..
      အူးဗမာ အကယ်ဒမီ ရွှေစင်ရုပ်ရထားတဲ့လူဆီကို သေနတ်ပြတိုက်တဲ့လူကလားပြီး
      မင်းရထားတဲ့ရွှေစင်ရုပ်ငါ့ကိုပေးစမ်းလို့ ပြောရင်လည်း အဲ့ဒါ သူများရထားတဲ့ဆုကို
      တောင်းတာဖြစ်တဲ့အတွက် ဆုတောင်းတယ်လို့ ခေါ်တယ်ဗျ…………….
      (မောင်မိုဘိုင်း၏ ဂဗာကြီးကို လှုပ်ခတ်သွားစေနိုင်သော အတွေးများ(ပထမတွဲ) နဝမအကြိမ်မြောက်
      ဖြည့်စွက်ထုတ်ဝေခြင်း စာအုပ်မှ ကောက်နုတ်ချက်)

  • အလင်းဆက်

    April 16, 2013 at 4:05 pm

    အရိပ်စစ် ရေ
    မေ့တတ်တာက တော့ ကျနော်လည်း ထိုနည်း၎င်း ဘာဘဲဗျာ

    ဝင်ရောက် ဖတ် ရှု ခံစားပေးလို့ ကျေးဇူးပါဗျ

  • ကိုရင်စည်သူ

    April 16, 2013 at 4:12 pm

    ဆုတောင်းတယ်ဆိုတာလည်း ကြီးကြီးတွေတောင်း ရင် မပြည့်တတ်တာများတယ်။
    သေးသေးလေးတွေ တောင်းရင်တော့ ကိုယ်နဲ့ ဆိုင်ရာပိုင်ရာတွေက
    ကူညီချင်ကူညီမှာပေါ့..။ စိတ်လိုလက်ရ…ဆုတောင်းတယ်ဆိုတာ စိတ်တန်ခိုးတစ်ခုလို့
    သတ်မှတ်ထားလို့… လုပ်ရင်း ရုန်းရင် ကြိုးစားရင်းက ဆုတောင်းရင်းနဲ့
    ဖြစ်ချင်တာတွေ ဆုတောင်းပေါ့.. အော်..
    ကမ္မဖလ.. ကမ္မဖလ… :kwi:

  • အလင်းဆက်

    April 16, 2013 at 4:34 pm

    အဟမ်း အဟမ်း
    အူးအူးမိုဘိုင်းခည
    စာတော် ကျောင်းသားလေးကို ဆု ပေးတာ မဟုတ်ပါဘူး
    အက်ဒါက ဆု ချ တာလို့ ခေါ်ပါတယ်ခည

    မင့် ဆု ကြီး ငါ့ ပေးစမ်းကွာ လို့ ဆုကို တောင်းဒယ် ဆိုတာကလည်း
    ဆုတောင်းခြင်း မမည် ဒမြ တိုက်ခြင်းသာ ခေါ်ဆို သမုတ်ထိုက်ပါဂျောင်း

    ( ဂဗာကြော် ဓသန ဆယာဂျီး အလက်ဆင်း၏
    ဂဗာကျော် အ တွေး အ ခေါ်များကို ဆော်ပ လော် တီးခြင်း ကျမ်းဂျီး အတွဲ တစ် မှ
    ကောက် နှုတ်ချက်ပြုတ် )

    🙂

  • အလင်းဆက်

    April 16, 2013 at 4:49 pm

    ကိုယင် ဆီသူ ရေ
    ဖတ် ရှု ခံစား မှုလေးကို ကျေးဇူး အထူးတင် လျက်

    ချစ်သော အလက်ဆင်း

  • uncle gyi

    April 16, 2013 at 10:32 pm

    ဆုတောင်းတိုင်းသာဖြစ်မယ်ဆိုလူတွေဘုရားစင်ရှေ့ကထတော့မယ်မထင်
    အလင်းဆက်ကရိပ်သာကနေဖုန်းကလေးနဲ့တင်လိုက်တာဆိုတော့
    တရားအတော်ေတွေ့လာတယ်ထင်တယ်

  • ဦး ကျောက်ခဲ

    April 16, 2013 at 10:37 pm

    ဟီ ဟိ အိမ်က ရဟန်းအမ မကြီးကို ကြပ်တာသတိသွားရတယ်…
    “ဆုတောင်းတာက မတော်လောဘ”၊ ရနေတာထက် ပိုလိုချင်တာလေ…
    “ဘုရားရှိခိုးတာက သူရဲကြောက်လို့”၊ ဆက်ပြောရင် ရွာ့ပြင်အထုတ်ခံရတော့မယ်…
    ကိုရင်အလက်ဆင်း သင်္ကြန်တွင်းဘုန်းကြီးဝတ်တော့…
    ရေပတ်ခံကားပေါ်မှာပျော်နေတဲ့ မာတုဂါမတွေကိုစိတ်ပြတ်ရဲ့လား… အား ဟိ
    :harr:

  • အလင်းဆက်

    April 16, 2013 at 10:53 pm

    အန်ကယ်ဂျိ
    ကျနော်က
    လူထွက် ပြီးမှ တင် တာပါ
    တရား တွေ ့မ တွေ ့တော့ ပြောချင်တော့ပါဘူး
    တစ် ရက် တရား ရှစ်ကြိမ် ထိုင် ရတာနဲ့
    ၂၂ရ ခု ရှိတဲ့ စည်းကမ်းကြီးနဲ့
    ဆိုတော့ အီစိမ့် နေ တာပဲ

    :kwi:

    —————-

    အူးအူးကျောက်
    မာတုဂါ မ လေးတွေကို
    သတိရဖို့ နေ နေ သာသာ
    တရား တစ်ခါ ထိုင် တစ်နာရီ
    တစ်ခါ နဲ့ တစ်ခါ ကြားမှာ
    နာရီဝက်ပဲ နားချိန် ရှိတယ်
    အဲဒီ နားချိန် နာရီ ဝက်မှာ
    သင် ကန်း ပြင် ရုံ နေရတာလေ
    မဝတ် တတ် လို့

    အဟိ
    🙂

  • ကိုင်းးး
    ဒါဆိုလည်း ဆုတွေ မတောင်းနဲ့တော့ ..
    ဝေဒနာ နဲ့ တဏှာ ကြား
    ဘုရားပွင့်နိုင်ဖို့သာ ကြိုးစားတော့ ……။

  • အလင်းဆက်

    April 17, 2013 at 1:58 pm

    ဝေဒနာ က တဏှာ ဘက် ကူးမသွားဖို့တောင်
    တော်တော် မလွယ် တာနော်

    🙂
    ချစ်သောအံ

    ဖတ် ရှုခံစား ချက်အတွက် ကျေးဇူး တင် ပါသကွယ်
    :kwi:

  • uncle gyi

    April 17, 2013 at 10:30 pm

    လူထွက်မှပို့စ်တင်တဲ့ကိုလင်းခွေးလွှတ်လိုက်စေဗျာ

  • မယ်ဘုတ်

    April 18, 2013 at 1:36 pm

    ” ဆုတောင်းနေရုံနဲ့တော့ ဘာမှ ဖြစ်မလာဘူး “

  • Mr. MarGa

    April 18, 2013 at 4:18 pm

    ဆုတောင်းနေရုံနဲ့တော့ ဘာမှဖြစ်မလာဘူး
    ဟုတ်တာပေါ့
    ကိုယ့်ဘက်ကလဲ ထိုက်တန်တဲ့ အားထုတ်မှု ရှိဦးမှကိုး
    ဒါနဲ့
    အလက်ဆင်း တရားစခန်းမှာ တရားတွေ ပေါက်လာတယ်ထင့်
    အတွေးတွေလဲ ရှင်းသွားသလို လူလဲ ငြိမ်းအေးပြီး အတွေးသစ် အမြင်သစ်တွေ ရလာပုံပေါ်တယ် :mrgreen:

Leave a Reply