ချစ်လို့ ရူးခဲ့မိပါသည် ……။
–
–
++++++++++++++++++++++++++++++++++++
မထင်မှတ်ပါပဲ ချစ်ခဲ့ဖူးသည်
ဖွင့်ဟလို့ ဝန်ခံခဲ့ဖူးပါသည်
ဇွတ်တရွက်လည်း တိုးဝင်ခဲ့ဖူးသည်
အရာရာ လျစ်လျူရှု
အချစ် ဆိုတာ တစ်ခုတွက်နဲ့
ဆက်ချစ်လို့ နေခဲ့ဖူးပါသည်
ပျော်ခဲ့ဖူးသည်
ငိုခဲ့ဖူးသည်
ရင်တထိတ်ထိတ်နဲ့
သူမရဲ့ အရိပ်တွေ
ကြည့်လို့သာ နေခဲ့ဖူးလေသည်
အိပ်ပျက်ညတွေ များခဲ့သည်
အိပ်မက် လှလှတွေလည်း မက်ခဲ့ဖူးသည်
အိပ်မက်ဆိုး လန့်လို့လည်း နိုးခဲ့ဖူးပါသည်
ကာဆီးတတ်တဲ့ လက်ကိုကြောက်လို့
သက်ပြင်းတွေနဲ့ ဖျောက်ခဲ့ရဖူးပါသည်
တိတ်တခိုးနဲ့ မျှော်လင့်ခဲ့ဖူးသည်
တစ်စုံတစ်ရာ စိုးထိတ်လို့
{{တစ်ကိုယ်တည်း}}
တိုးတိုးလေးကြိတ်လို့သာ ပြောနေခဲ့ဖူးလေသည်
“………”
တကယ်ဆို
ချစ်လို့ ရူးခဲ့မိပါသည် ……။
++++++++++++++++++++++++++++++++++++
ဘာရယ် မဟုတ်ပါဘူး …။
ဘော်ဘော် တစ်ယောက်က သူ့ဖီလ်လင်တွေကို ကဗျာစပ်ပေးပါ ဆိုလို့မို့
ရေးလိုက်တာပါ။ ပီးဒေါ့လည်း ခုလို တင်ဒယ်ပေါ့ဂျာ …။
အားပေးဒေါ်မူဂျဘာအုံးလို့ ….။
++++++++++++++++++++++++++++++++++++
34 comments
ဦးဦးပါလေရာ
April 23, 2013 at 9:55 am
အခုတလော
တော်တော်ကြီးကို ကဗျာဆန်နေပါလား 🙂
မဟာရာဇာ အံစာတုံး
April 23, 2013 at 10:09 am
မဟုတ်ရပါဘူး ဥဥပါ ရယ် ..
သယ်ချင်တွေကြား ကဗျာတွေ ဘာတွေ စပ်တာ နံမယ်ကြီးဒါမို့ ..
ဘော်ဘော် တီယောက်ဂ စပ်ခိုင်းလို့ စပ်ပေးလိုက်ဒါဘာ .. ဟီးးး
ခင်ခ
April 23, 2013 at 10:12 am
သူများ ဖီလ်လင်တွေကို အဌားခံစားတာများသွားရင်
ကိုယ်တိုင် ဖီလ်လင်ဖြစ်တာတောင် ဟုတ်ပ ဟုတ်ပ မလား ဖြစ်နေအုံးမယ်နော်။
ကိုယ်စားဖီလ်လင် ကဗျာဆရာကြီးရေ။
မဟာရာဇာ အံစာတုံး
April 23, 2013 at 11:34 am
ကဗျာဆရာဂျီး မီဟုတ်ရဘာဘူးဂျာ ..
ရေးမိရေးရာ လျှောက်ရေးနေဒဲ့ တောင်ဘာ ..
တစ်ခါတစ်ခါ ဝင်ကစွက် လုပ်ကျိဒါပေါ့ ..
အားပေးတွားဒါ ရှဲရှဲပါ ဥဥခ ခီညာ ..
ဦးကြောင်ကြီး
April 23, 2013 at 10:24 am
ခြစ်လို့ရူး
မျှစ်စို့ဗူး
နှစ်ချို့ဖူး
အစ်နို့ပြူး..။
မဟာရာဇာ အံစာတုံး
April 23, 2013 at 11:36 am
အစ်နို့ပြူး
နှစ်ချို့ဖူး
မျှစ်စို့ဗူး
ခြစ်လို့ရူး..။
မောင် ပေ
April 24, 2013 at 12:24 pm
နို ့ပြူး
အို ့စူး (ဦးစို ့)
ကိုယ့်မူး
ပို ့နှူး
ရှို ့ထူး
ဖို ့ကူး
သူကလေး
April 23, 2013 at 10:56 am
ရမ်းရမ်းကိုလန်းနေပါလား တိုတိုအံ
မထင်မှတ်ပါပဲ ချစ်ခဲ့ဖူးသည်
ဖွင့်ဟလို့ ဝန်ခံခဲ့ဖူးပါသည်
ဇွတ်တရွက်လည်း တိုးဝင်ခဲ့ဖူးသည်
အရာရာ လျစ်လျူရှု
အချစ် ဆိုတာ တစ်ခုတွက်နဲ့
ဆက်ချစ်လို့ နေခဲ့ဖူးပါသည်
ပျော်ခဲ့ဖူးသည်
မိုက်အိ မိုက်အိ …
မဟာရာဇာ အံစာတုံး
April 23, 2013 at 12:57 pm
လန်းရမှာပေါ့ သူဂလေးရယ် ..
ရင်ဘတ်ဂျီးနဲ့ ရေးထားတာတွေကိုးကွ … ဟီး ..
အားပေးသွားတာ သန်းကျူးဘဲ ..
ရွာစားကျော် မင်းနန္ဓာ
April 23, 2013 at 12:10 pm
အားပေးခဲ့တယ်..
ခံစားကြည့်တယ်..
အဲ့ဒီနေရာလေး… ဘာကို ဖျောက်တာလည်း မရှင်းဘူး.. 🙄
သူကလေး
April 23, 2013 at 12:41 pm
သေချာသိဘူးနော် …
ထင်တာပြောရရင် … ဟိုစိတ်ကိုဖျောက်တာထင်တယ်
ချစ်တဲ့စိတ်ကိုပြောတာနော် … ဟင်းးးးး
မဟာရာဇာ အံစာတုံး
April 23, 2013 at 1:00 pm
ဒက်စရိုက် .. ဒက်စရိုက် ..
သူဂလေး အားဂျီး တော်ဒလယ် …
ဝုတ်ဒယ် .. ဝုတ်ဒယ် ..
အဲ့ဒီစိတ်၊ အဲ့ဒီ စကားကို သက်ပြင်းနဲ့ ဖျောက်ခဲ့ရဒယ်လို့ ကြောဒါ …
ဟိုလူဂျီး ဘာမှ မခံစားဒတ်ဝူးး
မိန်းမတောင် အိမ်က ပေးစားလို့ ရလာဒါ မီဟုတ်လား ..
သူကလေး
April 23, 2013 at 1:41 pm
မခံစားတတ်လို့ အိမ်ကပေးစားတဲ့မိန်းမကိုရတာ ကိုကိုအံရေ
ခံစားတတ်တဲ့တို့တွေများကျတော့ .. အိမ်ကလည်းမပေးစား
ကိုယ်တိုင်လဲမရဖြစ်နေကြတယ်မဟုတ်လား .. ဟိဟိ
မဟာရာဇာ အံစာတုံး
April 23, 2013 at 6:38 pm
တိန် !!! တိန် !!! တိန် !!!
နာ့ကိုလည်း ထည့်သဟ …
အဲ့လိုဂျီး ပေါဘာနဲ့ သူဂလေးရယ် …
ကိုကိုအံ ခံစားဒတ်ဒါ ရေချိုးမို့ဘာ .. အဲ .. ဘာမွှလည်း ဆိုင်ဝူးး
လူကလေး
April 23, 2013 at 12:17 pm
အံစာအတုံးကြီး ရောဂါကျွမ်းတဲ့ လက္ခဏာမှာ ရှိတယ်..
ကဗျာတွေ လိုက်ဖတ်ရသလောက် မရူးတဲ့ ကဗျာဆိုတာ ဘယ့်နှယ် ရှိမှရှိဘဲ..နှော်..
မဟာရာဇာ အံစာတုံး
April 23, 2013 at 12:53 pm
အဟဲ …
ကျုပ် မဟုတ်ဘူးနော့ …
ကျုပ် ဘော်ဒါ ..
ရောဂါ ကျွမ်းတာတော့ မှန်တယ် ..
ပြောရရင် ကျွမ်းရုံတင် မကဘူး ..
ဒီရောဂါနဲ့ မနေ့ည သန်းခေါင် အချိန်က ဂန့်ပါ ဂန့်တွားဘီ …
ခုဟာက ဒီကောင့်အတွက် ရည်စူးလို့ တင်ပေးလိုက်တာ ..
အဲ့ဒါ .. အဲ့ဒါ …
မယ်ဘုတ်
April 23, 2013 at 3:14 pm
အချစ်နဲ့ ပတ်သက်လာရင် လူတွေက ရူးကုန်ကြတာပါပဲလားနော် …
ဘဲဥ
April 23, 2013 at 3:56 pm
ဟုတ်တာပ မယ်ဘုပ်ရယ်
ညည်းရော မရူးဖူးဘူးလားအေ့
သများဒို့ဂဒေါ့ ခဏ ခဏ ရူးနေရဒါ
မဟာရာဇာ အံစာတုံး
April 23, 2013 at 6:29 pm
လူဒေ အတုန်ဟာ အရူးလား …
ဘဲဥ ဟာ အရူးလား …
နာ ဂဒေါ့ အကောင်းဘာ .. ဟီဟိ ..
ဘဲဥ
April 23, 2013 at 4:05 pm
သများကြားဘူးဒါ ဆေးလိပ်ကို ကွမ်းနဲ့ဖြတ်တဲ့လူက ကွမ်းယာပါစွဲသွားတယ်ကြားဘူးလို့ အူးအူးခ ဘယ်လိုဖြတ်လိုက်တာလဲဆိုတာလေး ပြောပြနော်
ဘဲဥ
April 23, 2013 at 4:07 pm
မှားတင်လိုက်တာ
ဟိုဘက်ပိုစ့် အူးခပိုစ့်မှာ ရေးမလို့
ဘယ့်နှယ့် နာမူးနေဘီလားမတိဝူး……….
ဘဲဥ
April 23, 2013 at 4:10 pm
ဘွာတေးနော် အံချာဒုံး …. ဟီး ဟီးးး
မဟာရာဇာ အံစာတုံး
April 23, 2013 at 4:28 pm
ဟဲ့တောင်မ …
မူးမူးနဲ့ နာ့ခြံထဲ လာရမ်းဂါးနေဒါလား ….
ဒါနဲ့များ ဘီအီး ထပ်တိုက်ခိုင်း နေဒေးဒယ် …
ညည်းနဲ့ဒေါ့ ခက်ဘာဒယ်အေ ..
MaMa
April 23, 2013 at 4:19 pm
အငှားခံစားချက်ဆိုပေမယ့် ပီပြင်လွန်းနေတော့….
ကြည့်ရတာ အဲဒီသူငယ်ချင်းက အပေါ်သွားတစ်ချောင်း ကျိုးနေတဲ့သူဖြစ်ရမယ်။ :harr:
မဟာရာဇာ အံစာတုံး
April 23, 2013 at 6:26 pm
ဟုတ်ဘာဘူး တီတီရယ် .. ဟီး ..


ဒဂယ် အခြား ဘော်ဘော်ရယ်ဘာဂျ .. ဟီး ..
ယုံလိုက်ဘာဂျ .. ဟီး ..
Mr. MarGa
April 23, 2013 at 5:47 pm
ချစ်ခဲ့တာတွေလဲ များပြီ
ရူးခဲ့တာတွေလဲ များပြီ
ဒါလဲ မမှတ်သေးဘူး ရူးဆဲပဲ
နင့် ဘော်ဘော် သဂျိုးကို အဲလိုပြောလိုက်
မဟာရာဇာ အံစာတုံး
April 23, 2013 at 6:24 pm
နင် ထင်ဒလို …
နာ့ဘော်ဘော် က သဂျိုးများ မှတ်နေဒလား …
မှုတ်ဘူးတွ …
သဂျိုး က မိုးတိမ်လို လူစား …
ပေါ့ပေါ့ပါးပါး နေတတ်တယ် …
ဟိုအကောင်က ခပ်ညံ့ညံ့ ကောင်ရယ် …
ဒါပေသိ .. အဲ့အကောင် သေတွားဘီ …
အည .. အည .. အည ..
သာဒု … သာဒု … သာဒု … အု ..
KZ
April 24, 2013 at 12:04 pm
တိဒယ်။
အဲ တနယ်ချင်းက ဇင်မောင် ဆိုတဲ့ ကုမ်ရာသီဖွား အင်္ဂါသားမဟုတ်လား။
ငွင်းငွင်း (ခလက်ဒစ်တူ: အံစာတုန်း)
မဟာရာဇာ အံစာတုံး
April 24, 2013 at 1:47 pm
ဘူ့မှ ပြန်ပျောနဲ့
ဒါဟာ လျှို့ဝှက်ချက် … ရို့ .. ရို့ ..
ရာမည
April 24, 2013 at 1:15 pm
ဆက်ရေးဗျာ
ငယ်တုန်းရေးလို ့ကောင်းတာ
အသက်ကြီးမှရေးရင် ကြီးမှဝက်သက်ပေါက်တယ်ပြောကြလိမ် ့မယ်
မဟာရာဇာ အံစာတုံး
April 24, 2013 at 1:51 pm
ခုလို ဆက်ရေးဖို့ အားပေးဒါ သန်းကျူးဗျာ ..
သို့ပေသိ ..
ရေးဂျင်ဒေါ့ဝူးရယ် …
ရေးလည်း ရေးဒေါ့ဝူး …
ကျုပ်မှာသာ သောက်ရူးဂျီးကို ဖစ်လို့ ..
ဟိုကဒေါ့ တုပ်တုပ်မျှတောင် မလှုပ် …
တိမ်မည်း
April 24, 2013 at 2:15 pm
အင်း ကဗျာလေးကတော့ ယဉ်ယဉ်လေးရူးနေတဲ့ အချစ်ရူးသမားလေးတယောက်ရဲ့ ခံစားချက်မျိုးပဲ…..
ဆယ်ကျော်သက်တွေရဲ့ အရူးအမူးခံစားချက်ပေါ့….
ဒါမျိုးခံစားချက်ကို အူးအံစာတုံးမှာတွေ ့ရတဲ့အတွက် အူးအံစာတုံးလို ့ခေါ်သင့်မလားဆိုတာ နဲနဲ ပြန်စဉ်းစားရတော့မယ်….
အသက်သိပ်မကွာဖူးလို ့ထင်လို ့ပါ……
ကဗျာက ခံစားမှူ ကဗျာကြီးပေါ့နော်…… တိတ်တိတ်လေးခံစားရသူပေါ့…..
အဲ့ကဗျာကြည့်ပီးတော့ ဟိုသီချင်း တပုဒ်သွားသတိရတာ….
“ကျွန်တော်ချစ်တဲ့သူမှာ ချစ်သူရှိတယ်…. အပိုင်ရမှ ချစ်လို ့ မမြင်ပါဖူးကွယ်….. ကျွန်တော် ရေးတဲ့စာလေးတွေ …..”
အဲ့သီချင်းဗျာ… ဆိုသူတော့ မမှတ်မိတော့ဖူးရယ်……
အူးအံစာတုံး ကဗျာလေးကိုဖတ်ပီး ခံစားမိသလို စပ်မိပါတယ်…..
မဟာရာဇာ အံစာတုံး
April 24, 2013 at 2:32 pm
အူးအံစာတုံးလို ့ခေါ်သင့်မလားဆိုတာ
နဲနဲ ပြန်စဉ်းစားရတော့မယ်….
စဉ်းစားယင် အချိန်ကုန်ဒယ် …
အူးကို ဖြုတ်ပလိုက် …
ကျုပ်က (( အင်ဂါ စနေ )) ပြည့်ပြီးပြီ …
ဒီဒေါ့ဂါ ခညား ခေါ်ဂျင်ဒလိုဒါ ခေါ် .. ကိစန မချိဘူး …
ခညားရဲ့ ချစ်သူ့ကျောပြင် ကဗျာလေး မိုက်ဒလယ် …
ခံစားဂျက်ဒွေနဲ့ အားပေးတွားရို့ သန်းကျူး ကြီးကြီး ဘာ ..
ရင် နင့် အောင်
April 25, 2013 at 5:07 pm
ဖတ်သွားတယ်။ ဘာတွေ ရေးထားမှန်း သိပေမယ့် ပျင်းတော့ ပျင်းစရာကောင်းတယ်လို့ ထင်မြင်ယူဆမိပါ၏။
စိတ်တော့ မဆိုးကြေး း)