ဓါတ်တော်ချိုင့် ရေတံခွန် သဘာဝအလှ
၁၇-၄-၂၀၁၃ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မနက် ၆ နာရီခွဲမှာ ဓါတ်တော်ချိုင့်ကို ရောက်ခဲ့တယ်။ အဆင်းအတက်ခရီးစဉ် အခြေအနေနဲ့ ဓါတ်ပုံတွေကို နောက်ထပ်ပို့စ်တစ်ခုမှာ တင်မှာဖြစ်ပြီး အခုပို့စ်မှာတော့ အလှသီးသန့် ခံစားကြည့်ရအောင် လှတာတွေရွေးပြီး တင်လိုက်ပါတယ်။




















16 comments
MaMa
May 3, 2013 at 6:36 am
ကြည့်သွားလိုက်တာ ပုံတွေများမှန်း မသိဘူး။
အောက်ဆုံးရောက်မှ ပုံ၂ဝတောင် ပါလားလို့ တွေ့မိတယ်။
ပုံ ၆ နဲ့ အောက်ဆုံးပုံ၂ဝ အကြိုက်ဆုံးပဲ။ :hee:
weiwei
May 3, 2013 at 8:19 am
အဲဒီ ပုံ ၂ဝ ကို ၂ ရက်ကြာတယ် … အခုတလော ဂဇက်မှာ ပုံတင်ရတာ ပြသနာနဲနဲရှိနေတယ်ထင်တယ် … ကော်နက်ရှင်ကြောင့်မဟုတ်ပဲ အချိန်အရမ်းကြာလို့ ..
ကထူးဆန်း
May 3, 2013 at 6:38 am
ရှဲ ရှဲ ပါ မဝေ ။အခုမှ ကျွန်တော် ငယ်ငယ်က တွေ့ခဲ့ဖူးသော ရေကူးခဲ့ဖူးသော ဓါတ်တော်ချိုင့်ရေ အရောင် ဖြစ်ပါသည် ။ ဒါဆို သိပ်မပျက်စီးလောက်သေးဘူး ..
weiwei
May 3, 2013 at 8:22 am
သဘာဝတရားရဲ့ ထူးခြားဆန်းကြယ်မှု …
တကယ့်ကို ဘာမှ မပြုမပြင်ပဲနဲ့ ဒီအတိုင်းနှစ်ပေါင်းများစွာတည်ရှိနေတာ အံ့ဩစရာပါ ..
လွန်ခဲ့တဲ့ ၁ဝ နှစ်က တစ်ကြိမ်ရောက်ဖူးတုန်းကလဲ ဒီအတိုင်းပဲ ..
မိုးရာသီဆိုရင် ရေပိုများပေမယ့် ရေအရောင်က အခုလိုစိမ်းမနေပဲ ဝါတဲ့ဘက်ကိုရောက်ပါတယ်တဲ့ ..
နွေရာသီဆိုရင် ရေနဲသွားပေမယ့် ကြည်လင်နေတယ် ..
မကြည်ပြာ
May 3, 2013 at 10:03 am
ကြည့်ရတာ မျက်စိအေးလိုက်တာဗျာ :hee:
ရေအရောင်လေး စိမ်းနေတာ သဘောအကျဆုံးဘဲ။
kyeemite
May 3, 2013 at 10:33 am
ဓါတ်ပုံတွေ အားလုံးလှပါတယ်…အံ့ဘွယ်သဘာဝအလှတရားပေါ့..
ကျော်တော့ မရောက်ဖူးသေးဘူး…သွားချင်ပါသေးတယ်..
surmi
May 3, 2013 at 11:17 am
fb မှာတွေ ့လို ့ ကူးထားလိုက်သေးတယ်
ကလေးတွေငယ်သေးလို ့ သိပ်မသွားဖြစ်ဘူး နောက်နှစ်တော ့ သွားမယ်အားခဲထားတယ်
အခုကျနော့အလုပ်ကဘာလဲဆိုတော ့
ရွာထဲကခရီးသွားပို ့စ်တွေကို လိုက်စုနေတာပဲ
သွားခါနီးရင် ပြန်နွှေးမလို ့ 🙂
ဆူး
May 3, 2013 at 11:27 am
ရေကြည့်ပြီး ဒိုင်ပင်ပစ်ပြီး ဆင်းကူးချင်စိတ်ပေါက်မိတယ်..
ပုံလေးတွေ အားကျပါတယ်.. ခရီးကြမ်းတယ် ဆိုလို့ မသွားရဲဘူး.. ဆင်းပြီး ပြန်မတက်နိုင်မှာ စိုးလို့
weiwei
May 3, 2013 at 11:48 am
အရမ်းမဆိုးပါဘူး … နောက်တစ်ခါ မေမြို့ရောက်ရင် သွားလိုက်ပါ ..
ဖြည်းဖြည်းချင်း နားတက်လို့ရတယ် … အေးတဲ့အချိန်သွားရင် အမောပိုသက်သာမယ် ..
ကိုပေါက်(မန္တလေး)
May 4, 2013 at 9:58 am
မဝေရေ အလင်းရောင်ကောင်းကောင်းရချိန်မှာဆိုု သက်တန့်တွေ့ပါ ရနိုင်မယ်ထင်မိတယ်။
မရောက်ဘူးသေးဘူးအေ့။
ရှက်တာအေ .
15-16 ကြိုက်တယ်ဗျို့
မဟာရာဇာ အံစာတုံး
May 4, 2013 at 10:10 am
အိုက် .. ရေတွေက နစ်လားဟင်င် ..
ဟိုဒင်းလေ …
အကောင်ဗလောင်တွေရော ချိဒလားဟင်င် ..
ဟိုဒင်း .. မိဂျောင်းတို့ ငါးမန်းတို့ ချိဒလားဟင်င်င် …
တားဂ ရေဆို ကျောက်ဒယ် ….
မတော် .. မိဂျောင်းဒွေ ဘာဒွေနဲ့ တွေ့မှ
မိန်းမ မရခင် မျိုးကန်းနေမှာ စိုးညို့ …
အိုက်ဒါ .. ကျို မေးကျိထားဒါ … ဟီး …
ခင်ခ
May 4, 2013 at 1:29 pm
သူများတွေများ ရိုက်တတ်လိုက်တာဗျာ။
ဓာတ်ပုံများ လှမှ လှပါ။
ရွှေ ကြည်
May 4, 2013 at 4:58 pm
အကုန်ကြိုက်တယ်ဗျို့ သိပ်လှတာပဲ ရောက်ဖူးချင်လိုက်တာ မဝေ ရယ်
စလုံးကလူတွေမြင်ရင် ငေးသွားမယ်
Novy
May 8, 2013 at 10:24 am
မဝေရေ..
တော်တော်လေးကိုထူးဆန်းပါတယ်
မဝေသွားတဲ့ရက်နဲ့ နိုဗွီသွားတာ ရက်ပိုင်းလောက်ပဲကွာပါတယ်
ရေအရောင်က သိသိသာသာကြီးကိုကွာနေတယ်
မဝေရဲ့ဓါတ်ပုံတွေထဲမှာ ရေကကြည်နေတယ်
ဒေသခံတွေပြောသလိုရေနောက်ရင် လူသေတက်တယ်တဲ့
တကယ်ကြီးလားမသိဘူးနော်
http://myanmargazette.net/174263
weiwei
May 8, 2013 at 2:08 pm
ကျွန်မရောက်တဲ့အချိန်က ဘယ်သူမှမရောက်သေးတဲ့ မနက် စောစောဖြစ်နေလို့ ရေကြည်နေတာလဲ ဖြစ်နိုင်ပါတယ်။
မနိုတို့က နေ့လည်မှရောက်တာဆိုတော့ မနက်ပိုင်းမှာ ရေဝင်ဆော့ထားတဲ့လူတွေကြောင့် ရေနောက်တာလဲ ဖြစ်နိုင်တယ်။
အလင်းဆက်
May 8, 2013 at 12:04 pm
သားလည်း ရောက် ဖူး ချင် လိုက်တာ