Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဟော… ကြားလိုက်သလား

koyin sithuMay 5, 20131min65616

ပြက္ခဒိန်အဟောင်းလေးတွေ တစ်ခုပြီးတစ်ခု နံရံပေါ်ကနေ ခုန်ဆင်းသွားကြလေပြီ။ သေးငယ်တဲ့ အစိတ်အပိုင်းများစွာထဲမှ ရန်လိုမှုတွေဟာ ကျွန်တော့် ဘဝကို ဦးဆောင်နေခဲ့ပါတယ်။ ယခု တစ်ခေါက် ကျွန်တော် ပင်လယ်ပြင်လုပ်သက် ၁ဝ လ ကျော်ခဲ့ပြန်လေပြီ။ မဝေးတော့တဲ့ အချိန်မှာ ရွှေပြည်ကို ပြန်လာရဖို့နီးလေလေ မင်္ဂလာဦးည ကုတင်ပေါ်က အပျိုဖြန်းလေးတစ်ယောက်ရဲ့ ရန်ခုန်မှုမျိုး ထပ်တူဖြစ်နေမယ်ဆိုတာ လများစွား ပေခံနေကြရတဲ့ ကျွန်တော်တို့ သင်္ဘောသားတိုင်းရဲ့ ဖော်ပြလို့မရနိုင်တဲ့ ခံစားချက်မျိုးပါ။ အထီးကျန်ခြင်းဆိုတဲ့ အချိန်အခါ တွေကို ကျော်ဖြတ်ဖို့အတွက် အချိန်အခါ မဟုတ်လည်း ကျွန်တော်က ပျော်ပျော်နေတတ်အောင် ကျင့်ယူ စိတ်မွေးမြူခဲ့ရပါတယ်။ ဒါကြောင့် လူဆိုတာ “အချိန်အခါမဟုတ်ပဲ… မပျော်ရွှင်ရဘူး” ဆိုတဲ့ စကားကို ကျွန်တော်က လက်မခံမိပါဘူး။

မလှပခဲ့တဲ့ ဘဝအချိုးအကွေ့တွေမှာ ဘယ်သူဟာ စကားလုံးတွေကို ယုံကြည်စွာ ထွန်ယက်ရဲခဲ့ ကြပါသလဲ။ အပြောင်းအလဲ များလှတဲ့ ဘဝချိန်ခွင်မှာ ကျွန်တော့်နှလုံးသားဟာ ပိုမို ရင့်ကျက်လာပြီး အားပါတဲ့ အလှအပဟာ နေရာအနှံ့ခုန်ပေါက် နေပေလိမ့်မယ်။ ခါးသီးသော အဖြစ်အပျက်တွေကြားမှာ လူတစ်ယောက်ရဲ့ လောဘကို ခင်ဗျားတို့လည်း ကိုယ်ချင်းစာနိုင်မိပါလိမ့်မယ်။ အဲ့ဒီအခါမှာ ကျွန်တော်ဟာ တခါတလေ သဘာဝတရားလို ပူမယ်။ အေးမယ်။ မာကျောရိုင်းစိုင်းမိမယ်။ ယဉ်ကျေးသိမ်မွေ့မိမယ်။ အရာရာကို ဥပေက္ခာပြုမိမယ်။ ခမ်းနားကြီးကျယ်မိမယ်။ ရုတ်တရက်အခြေအနေမျိုးတွေမှာ အကြောက်အလန့်ကင်းဟန်ဆောင်ပြီး ကျွန်တော်က ဈေးကြီးသလို နေထိုင်ခဲ့တယ်။ ကိုယ့်ကိုယ်ကို အမြဲမပြတ် စောင်ကြည့်စစ်ဆေးခဲ့တယ်။ နောက်ဆုံးတော့… ရိုးသားမှုကလွဲပြီး အားလုံးကို ရယ်သွားပစ်ခဲ့တယ်။

ရက်စွဲတွေ ကြွေခဲ့ကျ..
ရက်စွဲတွေ ကြွေခဲ့ကျ..

ပြီးတော့ လူတစ်ယောက်ရဲ့ ဘဝဖြစ်တည်မှုနဲ့ အောင်မြင်ဖို့အတွက် လိမ်ညာခြင်းဟာ တစ်ခါတစ်လေ လိုအပ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ ထို့အတူပဲ အမှန်တရားဟာ တကယ်ရှိတယ်လို့လည်း ယုံကြည်ခဲ့ပါတယ်။ သေချာတာကတော့ ဒီကမာ္ဘကြီးရဲ့ ကျဉ်းမြောင်းတဲ့ မျက်လုံးများစွာအောက်မှာ ကျွန်တော့်တို့ မြန်မာ ပင်လယ်ကူး သင်္ဘောသားတွေ ဘယ်တော့မှ မသိမ်ငယ်ဘူးဆိုတာ သေချာပါတယ်။

သင်္ဘောတစ်စီး၊ ဆိပ်ကမ်း၊ ပင်လယ်ပြာ၊ သဲငွေ့တွေဝေနေတဲ့ ဆိပ်ကမ်းတွေကြားမှာ လ တွေ အတော်များများမှာ ကျွန်တော်ကတော့ သစ်ရွက်အကြွေလေး တစ်ရွက်၊ လရောင်၊ ဖုန်းစုတ်လေးပေါ်က သီချင်းသံ၊ ဗေဒင်စာအုပ်၊ အင်တာနက်၊ ကော်ဖီခါးစိမ့်၊ ဆေးလိပ်၊  မြတ်တရားကိုရှာဖွေခဲ့သူ စာအုပ်၊ နွမ်းနေတဲ့ ဘွိုင်လာစု လိမ္မော်ရောင်၊ မိုးလေဝသအခြေအနေ အစရှိတဲ့ အမည်နာမ အပိုင်းအစများမှာ ကျွန်တော်က ရဲရင့်စွာ ကူးခတ်ခဲ့ပါတယ်။ အချိန်ကာလဆိုတာ လူတစ်ယောက်ကို ကျွမ်းလောင်စေနိုင်ပါသလား။

ရှေးနှစ်ပေါင်းများစွာထဲက လောင်းလှေတွေနဲ့ သင်္ဘောကြီးတွေဟာ ပင်လယ်သမုဒ္ဒရာကို နှေးကွေးတဲ့ အရှိန်နဲ့ ဖြတ်ကူးခဲ့ကြပြီး အခုချိန်ထိတိုင်အောင် နှေးကွေးစွာ ဖြတ်ကူးနေကြဆဲ။ အခုအချိန်ထိတော့ ကျွန်တော်ဟာ နှေးကွေးတဲ့ အရှိန်တွေကို သဘောကျမိနေတုန်းပါပဲ။

၁ဝ လ ကျော်တွဲခဲ့သော ချစ်သူ... အိပ်ရာက မထ သိက္ခကကျ.. :oops:
၁ဝ လ ကျော်တွဲခဲ့သော ချစ်သူ… အိပ်ရာက မထ သိက္ခကကျ.. 😳

ဟော.. ချစ်သူ… မင်းကြားလိုက်သေးသလား။

ပဋိပက္ခတွေကြားထဲက ဓမ္မတေးသံကို။

လူတစ်ဦးက တစ်ဦးကို ဘယ်လောက်တောင်

မှားယွင်းတတ်ပြနေသလဲ…။

ဒါပေမဲ့ ငါတို့ သမိုင်းမျက်နှာစာပေါ်မှာတော့

အနာတရမရှိဖို့လိုတာပေါ့။

ဟော… ချစ်သူ… မင်းကြားလိုက်သလား..။

နေလောင်နေတဲ့ ငါ့မျက်နှာပြင်မှာ

မျှော်လင့်ချက် အင်းဆက်တွေ

အသက်ရှင်နေတုန်းပဲ။ မင်းအသံကြောင့်

နေရောင်ခြည်ဟာ အစကထက်တောင်

ပိုနွေးထွေးသွားခဲ့။

ဟော… ချစ်သူ… မင်းကြားလိုက်သလား..။

အရှေ့ကနေ အနောက်ရပ်အထိ

တောင်ကနေ မြောက်အရပ်အထိ

အားလုံးက သိကြပြီးပြီ။

ငါက တခါတလေမှ ဖြူစင်သူဆိုတာ…။

ဟော… ချစ်သူ… မင်းကြားလိုက်သလား..။

ရောက်ရှိလာတော့မယ် မာနတရား၊

ရောက်ရှိလာတော့မယ် မျက်နှာဖုံး၊

နောက်ထပ်ရောက်ရှိလာတော့မယ့် အပျော်တမ်းများ။

ဒါတွေဟာ အနာဂတ်တွေဆိုပေမဲ့

မေတ္တာတရားနဲ့ စာနာမှုတွေကိုတော့

ငါက မိုးမခေါင်စေချင်ဘူးပေါ့။

(ကိုရင်စည်သူ)

16 comments

  • Foreign Resident

    May 5, 2013 at 8:17 pm

    ” ယခု တစ်ခေါက် ကျွန်တော်
    ပင်လယ်ပြင်လုပ်သက် ၁ဝ လ ကျော်ခဲ့ပြန်လေပြီ ”

    တောင့်ထား ၊ ကိုရင် ရေ ။
    ရန်ကုန်မှာ အလုပ်တွေ ရှားနေတယ် ။
    2nd Mate အောင်ပြီး AB နှင့် လိုက်နေရတယ် ။
    ရသလောက် ဆွဲထား / စုထား ။

    • ကိုရင်စည်သူ

      May 6, 2013 at 11:35 am

      အဘဖော @ ဟုတ်တယ်.. အဘရေ.. ရွာမှာ အရမ်းအလုပ်ရှားနေတယ်ကြားတယ်..
      ကိုရင်ထွက်လာခဲ့နီးလောက်ကတည်းက အဲ့လိုမျိုးတွေ ဖြစ်တော့မယ်မှန်းမှန်းမိလို့..
      ဒီတစ်ခေါက်တော့ စိတ်ဒုံးဒုံးချပြီး..။ အမုန်းဆွဲ ဘုန်းကျဲပြီး နေမှာဖြစ်ကြောင်း… :mrgreen:
      ဆွဲတယ်.. စုတယ်.. ဥထားတယ်.. အဘရေ.. :kwi:

    • Foreign Resident

      May 6, 2013 at 1:23 pm

      နောက်ဆုံးတော့ ဒီ ေ – – ာ က် အစိုးရကိုဘဲ အပြစ်တင်ရမှာပဲ ။
      အလုပ်အကိုင် Demand ကိုထည့်မစဉ်းစားပဲ ၊
      သင်္ဘောသား Supply ကို ၁ ။ BEST ၂ ။ MMMC ၃ ။ MMU
      သုံးခုပေါင်းပြီး မြိုင်မြိုင်ဆိုင်ဆိုင် ငါ့လက်ကလွတ် ဗျွတ်ဆိုပြီး လုပ်လွှတ်ကြတာလေ ။
      အခု Over Supply က ပက်ပက်စက်စက် ( ပက်ပက်စက်စက် ) ဖြစ်နေပြီလေ ။

      နောက်ဆို 2nd Mate အောင်ပြီးသူများသာ Bosun / AB လျှောက်ထားခွင့် ရှိသည် ဆိုပြီး ၊
      Manning Company တွေက ကြေငြာလိမ့်မယ် ။

      တရုတ်ကြီးလို သူ့နိုင်ငံ ဝင် ၊ သူ့ကုန်တင်တဲ့ သင်္ဘောတွေ ၊
      သူ့ တရုတ်လူမျိုး မခန့်မနေရ ဆိုပြီးတော့လည်း ပြောရဲတာ မဟုတ်ဘူး ။

  • အလင်းဆက်

    May 6, 2013 at 9:45 am

    မင်္ဂလာဦးည ကုတင်ပေါ်က
    လူပျိုဖျန်းလေး တစ်ယောက် ရဲ့
    ရင် ခုန်ခြင်း မျိုး နဲ့ ဖတ်လိုက်တယ်

    ဟော . . . .
    ကြား လိူက်တယ်

  • ဦး ကျောက်ခဲ

    May 6, 2013 at 9:54 am

    ရင်ခုန်သံတွေကြားနေရတယ် ကိုရင်စည်…
    ကိုယ်ချင်းလည်းစာပါရဲ့… အဲ… အဘဖောပြောတာလေးလည်း မမေ့နဲ့ဦး…
    ဘဝဆိုတာဒီလိုပေါ့… ” ပျော်ရာမှာမနေရ တော်ရာမှာနေရ ” … တောက်စ်

  • ဗုံ ဗုံ

    May 6, 2013 at 11:55 am

    ဟော.. မိဗုံ.. နင်ကြားလား
    ရောက်ရှိလာတော့မယ့် ကရင်စည်
    ရစရာရှိမယ့် အကြွေးတောင်းဖို့
    ဘယ်တော့မှ မမေ့နဲ့နော်…… :mrgreen: :mrgreen: :mrgreen:

  • KZ

    May 6, 2013 at 12:19 pm

    ချစ်သူကို ကြားလားလို့ မေးတာဆိုတော့
    ကျုပ်တို့ ကြားတယ်လို့ ဖြေလို့ မဖြစ်ဘူးထင်တယ်။ :mrgreen:

    ဘီ စထရောင်း
    ဘီ ဘရေ့
    ဘီ ဟက်ပီး
    ဘီ ဖလက်စေဘယ်
    ဘီ ယာ
    ဘီ အီး

    အဲ ဟီးဟီး အားပေးတာလွန်သွားဘီ။ :mrgreen:
    ဒါနဲ့ (မြှောက် စရာတစ်ခုရှိသေးတယ်။) ကရင်စည်ကို ဟောလီဝုဒ် မင်းသားတစ်ယောက်နဲ့ တူတယ်လို့မှတ်တာ။ ဟိုနေ့ကမှ ဘယ်သူဆိုတာ ဖော်လို့ရတယ်။
    :mrgreen:

    • ကိုရင်စည်သူ

      May 6, 2013 at 12:26 pm

      KZ @ ကိုရင်ပေါက်စ အခါလယ်သားတုန်းကတော့.. ဖလန်းဖလန်းဖြစ်တုန်းကတော့
      ကောင်မလေးတွေ ပြောကြပါတယ်အေ.. ရိန်း (Rain) ဆိုလား.. ဘာလား.. :mrgreen:
      ဒေါ်ဆွိရေ.. ကိုယ်ကတောင် ခပ်နာနာပါအေ.. ဒီရုပ်ဒီရည်ကိုများ
      ရွက်ကြမ်းရေကြို ရိန်းလောက်နဲ့ နှိုင်းစရာလားလို့ဆိုပီး.. :kwi:

      • KZ

        May 6, 2013 at 12:29 pm

        ရိန်းက ရုပ်ဆိုးပါတယ်အေ။။
        ဟောလီဝုဒ်မင်းသားပါဆိုနေ။
        အသက်ကတော့မတူပါဘူး။
        :mrgreen:

    • ရွာစားကျော် မင်းနန္ဓာ

      May 7, 2013 at 3:02 pm

      ဘီ စထရောင်း.. ခိုင်မြဲသန်မာစေ
      ဘီ ဘရေ့.. ရဲရင့်ပါလေ
      ဘီ ဟက်ပီး.. ပျော်ရွှင်ပါစေ
      ဘီ ဖလက်စေဘယ်… သင့်တင့်မျှတအောင် နေပါအေ
      ဘီ ယာ… အင်း..အဲ
      ဘီ အီး.. ချီးထုပ် (သောက်ကျိုးနဲ)… :harr:

  • kyeemite

    May 6, 2013 at 1:40 pm

    ကရင်စည်…ကျန်းမာရေးလည်းကရုစိုက်ပါကွာ…
    ၁ဝ လတောင်ရှိသွားပြီကိုး….ကိုယ်ချင်းစာပါတယ်…
    ဝမ်းရေးအတွက် လွမ်းရေးမဖက်နိုင်ပဲ
    လမ်းကလေးဆက်နေခဲ့တာ..ကောင်းပါလေ့ဗျာ…
    ခင်တဲ့..
    ကြီးမိုက်။

  • KZ

    May 7, 2013 at 3:13 pm

    ဟွန့်။
    ဟိုး အပေါ်က ဟာတွေ ဘာသာပြန်လာတာ ဟုတ်နေဘီဟာကို ….
    နောက်ဆုံးမှ ဘာဖြစ်သွားသတုန်း။
    ဒီလိုပြောလို့ သင်္ဘောသီး စိတ်ဆိုးသွားမယ်။
    တူညားက အကောင်း အားပေးထားတာကို။

    :harr: :harr:

  • ဒီကရင်စီ မေးမှ ..
    အလန့်ထညက် ကိုယ့်အနောက် ကိုယ်ပျံကျိမိဒယ် …
    ဂယ် … ဂယ် …
    ကျား မလိုက် ပါဘူးဟယ် … :mrgreen:

    ကဗျာလေး အားပေးတွားဘာဒယ် ခီညာ …

  • ဦးကြောင်ကြီး

    May 8, 2013 at 11:02 am

    ဆယ်လရှိ
    ငယ်မှသိ
    ရှယ်စွဘိ
    နယ်ဖွကြည့်
    အယ်မဂွိ
    လွယ်ရညှိ
    ဆွယ်ပြ၏
    တွယ်ချမိ။။

  • min min san

    May 10, 2013 at 12:24 am

    ko yin
    be strong with your heart !
    i know you can make it .

Leave a Reply