ပြက္ခဒိန်အဟောင်းလေးတွေ တစ်ခုပြီးတစ်ခု နံရံပေါ်ကနေ ခုန်ဆင်းသွားကြလေပြီ။ သေးငယ်တဲ့ အစိတ်အပိုင်းများစွာထဲမှ ရန်လိုမှုတွေဟာ ကျွန်တော့် ဘဝကို ဦးဆောင်နေခဲ့ပါတယ်။ ယခု တစ်ခေါက် ကျွန်တော် ပင်လယ်ပြင်လုပ်သက် ၁ဝ လ ကျော်ခဲ့ပြန်လေပြီ။ မဝေးတော့တဲ့ အချိန်မှာ ရွှေပြည်ကို ပြန်လာရဖို့နီးလေလေ မင်္ဂလာဦးည ကုတင်ပေါ်က အပျိုဖြန်းလေးတစ်ယောက်ရဲ့ ရန်ခုန်မှုမျိုး ထပ်တူဖြစ်နေမယ်ဆိုတာ လများစွား ပေခံနေကြရတဲ့ ကျွန်တော်တို့ သင်္ဘောသားတိုင်းရဲ့ ဖော်ပြလို့မရနိုင်တဲ့ ခံစားချက်မျိုးပါ။ အထီးကျန်ခြင်းဆိုတဲ့ အချိန်အခါ တွေကို ကျော်ဖြတ်ဖို့အတွက် အချိန်အခါ မဟုတ်လည်း ကျွန်တော်က ပျော်ပျော်နေတတ်အောင် ကျင့်ယူ စိတ်မွေးမြူခဲ့ရပါတယ်။ ဒါကြောင့် လူဆိုတာ “အချိန်အခါမဟုတ်ပဲ… မပျော်ရွှင်ရဘူး” ဆိုတဲ့ စကားကို ကျွန်တော်က လက်မခံမိပါဘူး။ မလှပခဲ့တဲ့ ဘဝအချိုးအကွေ့တွေမှာ ဘယ်သူဟာ စကားလုံးတွေကို ယုံကြည်စွာ […]