“ ဂဇက် ကဗျာချစ်သူများ၏ ကဗျာပြခန်း ” ဖွင့်နိုင်ရေး…ဝိုင်းဝန်း.ဆွေးနွေးပေးကြပါဦး …

alinsettMay 9, 20131min44551
ကျွန်တော်ချစ်သော ကဗျာ
ကျွန်တော်ချစ်သော ကဗျာ

ရွာထဲမှာ တင်ပြလာတဲ့ ကဗျာတွေကို ဖတ်မိတိုင်း ကဗျာနဲ့ ပက်သက်ပြီး စိတ်ကူးတွေအမျိုးမျိုး ပေါ်ခဲ့ပါတယ် ။

ကဗျာ ဟာ ဒီရွာထဲမှာ အင်အားတစ်ခု အနေနဲ့ တောင့်တောင့်တင်းတင်း ရှိနေတယ်လို ့လည်း… ထင်ပါတယ်။

ကဗျာ ရေးတဲ့ ရွာသူားတွေ ရော / ကဗျာဖတ်တဲ့ ရွာသူားတွေရော ကဗျာကို ချစ်မြတ်နိုးတန်ဖိုးထား တတ်ကြမယ်ဆိုတာလည်း….. သေချာပါတယ်။

ရွာထဲမှာ ကဗျာတွေ စာတွေနဲ့ပက်သက်ရင် ကျွမ်းကျင် အဆင့်တွေ မနည်းဘူး ဆိုတာလည်း…… သတိပြုမိပါတယ်။

အနည်းဆုံးတော့ ဒီရွာသူားတွေဟာ… ကဗျာတွေ / စာတွေနဲ ့မစိမ်းတဲ့ ပုဂိ္ဂုလ်တွေပါ။

———————————————-

အခုတော့ ကဗျာ တွေ နဲ့ပက်သက်ပြီး စိတ်ကူးတစ်ခုကို ကျွန်တော်…..အကောင်အထည်ဖော်ချင်လာပါတယ်။

ဒီစိတ်ကူးကတော့…………………

———————————————-

ဟ်ိုတလောက အလုပ်နားရက်မှာ ပန်းချီပြပွဲတစ်ခု သွားကြည့်ဖြစ်တဲ့ အချိန်မှာ တွေးမိတဲ့ စိတ်ကူးပါ ။

ပန်းချီပြခန်းထဲမှာ ပန်းချီကားချပ် တွေ အစီအရီ ချိတ်ဆွဲပြထားတာကို မြင်ရတာ ရင် ခုန်ချင်စရာကောင်းလိုက်တာ ။

အရောင်အသွေးစုံစုံ ဟန်ပန်အမျိုးအစားစုံစုံ ပန်းချီလက်ရာတွေကို ကျယ်ပြန် တဲ့ပန်းချီပြခန်းကြီးထဲမှာ စုစုစည်းစည်း မြင်ရတာကိုး။

မတူတဲ့ ပုံစံမျိုးစုံတွေကို တစ်နေရာထဲမှာ တစ်ခုပြီးတစ်ခု လိုက်ကြည့်ရတာ ရင်သပ်ရှုမော ပါပဲ ။

အသက်ရှုမြန်လာလိုက် ၊ နှေးသွားလိုက် ၊

တစ်ခါတစ်ခါတော့လည်း အသက်ရှုဖို့ တောင် မေ့သွားလောက်တဲ့ အထိ။

ပြခန်း ထဲမှာ စုစုစည်းစည်း ပြထားတဲ့ ပန်းချီကား တွေကို ကြည့်ရှုခံစားရတာ အရသာစုံတဲ့ ထမင်းဝိုင်းကြီးကို စားရသလို အရသာ ရှိ လွန်းလို့ မမေ့နိုင်စရာပါပဲ ။

ဒါကြောင့် ပြခန်းတစ်ခုထဲမှာ ပန်းချီ သာမက အခြား အနုပညာ ရပ်တွေကိုပါ စုစည်းပြကြတာပဲ ။

———————————————————

အဲဒီ အတွေးကနေ ဆက်ပြီး ကျွန်တော်တို့ ဂဇက်ရွာမှာလည်း စာပန်းချီလို့ တင်စားရမယ့် ကဗျာအလှ အနုပညာ ဖန်တီးမှုတွေ ရှိနေတယ်..။

ဆိုတော့ကာ…….

အဲဒီစာပန်းချီတွေကို ပြခန်းတစ်ခုထဲမှာ ပြထားသလို စုစည်းနိုင်ရင် ကောင်းမယ်လို ့ တွေးမိပါတယ်။

ရသ စုံတဲ့ ကဗျာ တွေ တစ်နေရာထဲမှာ စုစည်းလိုက်တာဟာ ကဗျာ့ အင်အားကိုပြတာပဲပေါ့ ။

ကဗျာတွေ တစ်နေရာထဲမှာ စုစည်းလိုက်တာဟာ ပြခန်းတစ်ခုထဲက အနုပညာ ပဲ။

အရသာ စုံလင်လှတဲ့ ထမင်းဝိုင်းကြီးပဲ ။

ပန်းမျိုးစုံလင်စွာ လှပတင့်တယ်တဲ့ ဥယျာဉ်ကြီးပါပဲ ။

အဲဒီ အတွေးကြောင့် ……. ကျွန်တော် ကဗျာ ပြခန်း တစ်ခန်းလောက် ဖွင့်ချင်သွားပါတယ် ။

——————————————————-

ဒန်တန်တန်……….. 🙂

——————————————————–

ကဗျာပြခန်းဆိုတော့ ဘယ်လိုလုပ်မလဲ စဉ်းစားရပါတယ်။

ကျွန်တော့် ဆီကို မေးလ်နဲ့ ကဗျာ လေးတွေ ပို့ ပေးစေချင်ပါတယ်။

ကဗျာ ဆရာတစ်ယောက်ကို ကဗျာ တစ်ပုဒ်ပေါ့။

ရောက်လာတဲ့ ကဗျာ လေး ငါး ဆယ် ပုဒ်ကို ပြခန်းတစ်ခန်း အဖြစ် စုစည်းပြီး ကျွန်တော်က ပိုစ့်တစ်ပုဒ် အဖြစ် တင်ပေးပါမယ်။

ကဗျာ တစ်ပုဒ်ချင်း ကို ကဗျာရေးသူ နာမည် နဲ ့တကွ ဖော်ပြမှာပါ။

အဓိက က ပြခန်းထဲမှာ စုစည်းမိဖို ့ပါ။

ဂဇက်ရွာသူား ကဗျာဆရာတချို ့ရဲ ့ကဗျာတချို့ကို တစ်နေရာထဲမှာ စုစုစည်းစည်း စီစီရီရီ ဖတ်ရှုခံစား နိုင်ဖို့ပါ။

အဲဒီလို ကဗျာစုစည်း မှု ပိုစ့်တွေကို တစ်လကို အနည်းဆုံး ပိုစ့် (၁ )ပုဒ်ကနေ ပိုစ့် ( ၃ ) ပုဒ်လောက်အထိ တင်ပြချင်ပါတယ်။

ဒီတော့ ကဗျာဆရာတစ်ယောက်က တစ်လ ကို ကဗျာ ( ၁ ) ပုဒ်ကနေ ( ၃ ) ပုဒ်အထိ ပို့ပေးစေချင်တာပါ။

ကဗျာဆရာရဲ ့သဘောအရ ကျွန်တော့်ပိုစ့်ထဲမှာ ဝင် စုစည်းပေးတာက တစ်ပိုင်း/

ကိုယ့်အစီအစဉ်နဲ့ကိုယ် ပုံမှန် ကဗျာပိုစ့် တင်တာက တစ်ပိုင်းပေါ့။

————————————————————

ကျွန်တော် က ရောက်လာတဲ့ကဗျာတွေကို စုပြီး ပိုစ့်တစ်ပုဒ်ပြီးတစ်ပုဒ်တင်နေတော့ ကျွန်တော်ကပဲ သူကြီးဆီက ပွှိုင့်တွေ ရနေမှာပါ။

(ပျော်စရာကြီး )
:kwi: :kwi: :kwi:

ကဗျာဆရာတွေက ကိုယ် ရေးတဲ့ကဗျာ ကိုယ့် ဘာသာတင်ရင် ပွှိုင့်က ကိုယ့် ပိုစ့်နဲ့ကိုယ်ဆိုတော့ ကိုယ်ပဲ ရမယ်။

အခု ကျွန်တော်က စုစည်းတင်ပြပေးမယ်..ဆိ်ုတော့..ကျွန်တော်က သိမ်းကြုံး ရသွားမယ် ။

အဲဒီ ပြဿနာလေးကိုတော့ ကျွန်တော် သိပ်မရှင်းတတ်သေးပါဘူး။

လောလောဆယ်ပြောနိုင်တာက ကိုယ့်ပွှိုင့်ကို ကိုယ်ပဲလိုချင်တဲ့ ဆရာက ကိုယ့်သဘောနဲ့ကိုယ် တင်ပြရုံပါပဲ။

ကျွန်တော်က အတင်းရော အဓမ္မ ရော..တိုက်တွန်းလို ့မရပါဘူး ။

အဲ . . . ဒီလိုပြောတာ ပြောသာပြောရတာပါ ။

ဒီရွာထဲက ကဗျာဆရာတွေက ပွှိုင့်လေး ငါး ဆယ် / တစ်ရာလောက်ကို တွက်ချက် တွက်ကပ်နေမယ့်သူ တွေ မရှိနိုင်ပါဘူး။

:kwi: :kwi: :kwi:

ဒီပှွိုင့်ကိစ္စကို ကျွန်တော်တို ့ မေ့ထားလို ့ရမယ်ထင်ပါတယ် ။

အဓိက က ပြခန်းတစ်ခုထဲမှာ ပြဖို ့/ စုစည်း မှု အင်အားပြမှု ထဲမှာ ပါဝင် ဖို ့က အဓိကပါ။

ဒါကြောင့် ပွှိုင့်တွေ ရပိုင်ခွင့်တွေကို သိပ် အရေးမထားတဲ့ အနုပညာသမားတွေပီပီ ကဗျာ စုစည်း အင်အားပြခြင်း ကိုသာ အလေးထား မယ်ဆိုတာ ကျွန်တော် ယုံထားပါတယ်။

ကျွန်တော်က ကဗျာပြခန်းကို နာမည်တစ်ခု ပေးထားပါတယ်။

ပိုစ့်ခေါင်းစဉ် အနေနဲ ့မြင်တွေ ့နေရမယ့် နာမည်ပါ။

မန္တလေးဂဇက် ကဗျာချစ်သူများ၏ ကဗျာပြခန်း

မန္တလေးဂဇက် ကဗျာချစ်သူများ၏ ကဗျာပြခန်း ( ၁ ) ( ၂ ) စသဖြင့် ဆက်လက် တင်ပြနေချင်မိပါတယ်။

မော်ဒန်ကဗျာ ဖြစ်ဖြစ် / သမားရိုးကျ အစဉ်အလာ ရှေးရိုးကဗျာ ဖြစ်ဖြစ်

ပိုစ့်တစ်ပုဒ် ( ပြခန်းတစ်ခန်း ) ထဲမှာ ပေါင်းပြီး….တင်ပြမှာပါ။

အမျိုးအစားစုံလင်တဲ ့ပန်းဥယျာဉ်ထဲမှာ အရောက်အသွေးစုံလင်တဲ့ ပန်းပွင့်တွေ စိုက်ပျိုး လို ့လန်းဆန်းနေတာကို မြင်စေချင် လို့ပါ။

ပြခန်းတစ်ခုထဲမှာ ပန်းချီကားတွေ အမျိုးအစားစုံလင်စွာ မြင်တွေ့ခံစားပြီး ရသ စုံတဲ့ ကြည်နူးမှုကို ရစေချင်လို့ပါ။

အရသာ စုံတဲ့ ထမင်းဝိုင်းကြီးကို မြိန်ယှက်စွာ စား စေချင်လို့ပါ။

ဒါကြောင့် ဘယ်လို ကဗျာ အမျိုးအစား ဖြစ်ဖြစ် ပြခန်းတစ်ခန်းထဲမှာ အတူ ထားပါမယ်။

ကဗျာ ခံစားသူက ကိုယ် ခံစားချင်တဲ့ကဗျာကို ရွေးချယ်ပြီး ခံစားယူ သွားလို့လည်း ရတာပဲလေ။

ဒါမှမဟုတ်…………

ကိုယ် မခံစားဖူးတဲ့ ကဗျာ အမျိုးအစားကိုပါ တစ်နေရာထဲမှာ ခံစားသွားလည်း ရတာပဲ။

ချိန်ထိုး ယှဉ်ပြိုင် ရတာကိုမှ သဘောကျရင် ပြခန်းထဲက ကဗျာ တွေထဲက တစ်ပုဒ်နဲ့တစ်ပုဒ် ဘယ်ကဗျာလေးတော့ ပိုကောင်းတယ် ဆ်ိုပြီး အကဲခတ်သွားလို့လည်း ရပါတယ်။

ကဗျာ နဲ့ စိမ်းတဲ့သူကလည်း ကဗျာပြခန်းကြီးရဲ ့ တည်ငြိမ်ထည်ဝါမှု / လှပတင့်တယ်မှုတွေကို လမ်းကြုံ ဝင်လေ့လာ သွားဦး ရတယ် ။

————————————————————-

ကဗျာ ပြခန်းကြီး တည်ဆောက် နိုင်ပြီး…… ရေရှည်တည်တံ့စေချင်ပါတယ်။

ကဗျာဆရာတွေ ပုူးပေါင်းလိုက်ရင် ဖြစ်မယ်လို ့ယုံကြည်ပါတယ်။

ဂဇက်မှာ ကဗျာတွေ ရဲ့ ကဏ္ဍ တောက်ပ ထည်ဝါစေ ချင်တဲ့စေတနာနဲ ့ ဒီစိတ်ကူးကို ကျွန်တော်တွေးပါတယ်။

ကဗျာပြခန်း ကိစ္စ စိတ်ဝင်စား ပြီး ပါဝင် အားဖြည့်ချင်တဲ ့ ကဗျာချစ်သူများ ကဗျာ ဆရာများ ဒီစိတ်ကူးကို အကောင် အထည်ဖော်ရာမှာ ဝိုင်းဝန်း ဆွေးနွေးပေးကြပါဦး။

အရပ်ကူပါ လူဝိုင်းပါ..ပေါ့ဗျာ..။

:kwi:

ကဗျာပြခန်း ဖြစ်မြောက်ရေး ဒို့အရေး ဒို့အရေး….စသဖြင့်လည်း… နည်းနည်းအော်ပေးကြပါဦး။

အဲ…အဲ…သဘူမတော့သူတွေကတော့…..

ကဗျာပြခန်း မဖြစ်မြောက်ရေး…ဒို ့အရေးပေါ့လေ….။

အော်ကြပါ..။

ရေငုံနှုတ်ပိတ်နေရတာထက်စာရင်…တစ်ခုခုအော်နေတာက အမြတ်ထွက်နိုင်တာပါ ။

ကိုယ် ဖြစ်ချင်တာကိုယ်အော်ကြ ။

ဒီခေတ်က အော်တာ ဟစ်တာတောင် ရချင်မှရတဲ ့ခေတ်.. ။

——————————————

အခု တင်ပြခဲ့သလောက်မှာ လိုနေတာ / ပိုနေတာတွေ / လှစ်ဟာ လွဲချော်နေတာတွေ ရှိရင်လည်းထောက်ပြ ဝေဖန်ပေးပါဦး ။

——————————————

ကျွန်တော်တို ့ရဲ ့ ကဗျာပြခန်းထဲမှာ ကဗျာလေးများ ပြသ ချင်တဲ ့ဆရာများ alinsett.art@gmail.com ကို ကဗျာ များ ပေးပို ့ကူညီ ပေးပါခင်ဗျာ ။

==========================================

အနုပညာဖြင့် ကမ္ဘာတစ်ခုတည်ဆောက်အံ့
အနုပညာဖြင့် ကမ္ဘာတစ်ခုတည်ဆောက်အံ့

( ( ( အင်း ကျွန်တော် မျှော်မှန်းထားတာက အများကြီးပါ ။

ကဗျာဆရာတွေ စုပြီး… တွေ့ ့ဆုံပွဲလေးတွေလုပ်ဖို ့တို ့….

ကဗျာပြခန်းထဲက ကဗျာရော..

ပြခန်းပြင်ပ က ဂဇက်ကဗျာတွေရော…

တင်ပြ လာသမျှ ကဗျာ တွေကို ဖတ်ရွေးတွေ ထပ်ဖွဲ့ပြီး..

မန်ဂဇက်ကဗျာချစ်သူများ ကဗျာဆု တွေဘာတွေ လုပ်ဖို ့အစီအစဉ်တို ့…….

ပြောချင်သေးတယ် ။

လောလောဆယ်..ဂဇက်က ကဗျာတင်ပြသူ ဆရာတွေ ရဲ ့ ကဏ္ဍကို နည်းနည်း..

ထိမိတို ့မိ အသိအမှတ်ပြု မိတဲ့ သဘောလောက်နဲ ့ စချင်ပါတယ် ။

ကျန်တာကိုတော့ နောက်မှ ဆက်ဆွေးနွေးကြမယ်လေ။

အခုတော့ပြခန်း ဖွင့်ဖြစ်ရင်ကို ကျေနပ်ပါပြီ ။ )))

——————————————-

ရွာထဲက ကဗျာရေးသားခြင်းမှာ..ကျွမ်းကျင်ကြတဲ ့ ( ကဗျာအရေးကောင်းကြတဲ ့… )

ကိုရင် ( Koyin )

အဘနီ ( နေဝန်းနီ )

က Myo Thant

လေးလေးခင်ခ

ရင်နင့်အောင်

ရွှေကြည်

မခိုင်ဇာ

အံစာတုံး

ပိတောက်မိုး ( ပိတောက်မိုးက ကဗျာတစ်ပုဒ်တောင် ပို ့ထားပြီးပြီ ။)

မိုးမင်းသား ( မိုးမင်းသားကတော့…( ကဗျာဆရာတွေ တွေ ့ဆုံပွဲလေးတွေ လုပ်တဲ့အခါ.ကျွန်တော့်ပွှိုင့်တွေထဲကနေ ကဗျာပြခန်းအတွက်ရတဲ့ ပှွိုင့် အရေအတွက်ပမာဏကို

ငွေသားအဖြစ်..ကျွန်တော်က သူကြီးမပေးခင် ကိုယ့်အိတ်ထဲက ကို်ယ်ထုတ်ပြီးစိုက်လို ့မှ ) မလောက်ရင်… ထပ်စိုက်ပေးမယ်လို ့ စပွန်ဆာပေးတယ် )

ဦးကြောင်ကြီး ( ကဗျာ ရေးတာ သိပ်မတွေ ့ရပေမယ့်…ကာရန်တွေ နဘေတွေ ပိုင်လွန်းလို ့ သူရေး ပေးမှာ သေချာတယ် .)

ဦးမာဃ (ဒီ သိကြားမင်းလည်း.. ကဗျာ ဇ မသေးဘူး ဆိုတာ သိတယ် ။ )

လေးလေးမောင်ပေ ( လေးလေးပေလည်း.ကဗျာ..ရေးပေးရမယ် ။ )

သူကလေး

လူကလေး

marblecommet

ကိုရင်စည်သူ

Wow

ဖက်ဖက်ကက် ( ဖော့(စ)ထရော့ချာလီ )

မွန်မလေးလုံလုံ ( အဲ.. ) လုံမလေးမွန်မွန်

လေးလေးဘလက်ချော

nay khin

…………

စတဲ ့ …ကဗျာ ရေးသူ များအပြင်…..

ကျွန်တော်နာမည် ထည့်မပြောခဲ့ပေမယ့်…..

ကဗျာရေးနိုင်ကြတဲ ့ သူတွေ အများကြီး ဆိုတာ သိပြီးသားပါ…။

ကဗျာ ဘက်မှာ…ကျွမ်းကျင်တဲ ့ ပုဂိ္ဂုလ်တွေ..အများကြီး ရှိနေတာ သိပြီးသားပါ ။

ဒါကြောင့်…..

ကဗျာချစ်သူများ…. ပါဝင်တဲ ့…

ကဗျာပြခန်းကြိီးတစ်ခု..ဖွင့်နိုင်ရေး…ဒို ့အရေး…ဒို ့အရေး…..

:kwi:

:kwi:

=============================================

ဆွေးနွေးပေးကြပါဦး ။

=============================================

လေးစားစွာဖြင့်

အလင်းဆက်

9 . 5 .2013 .

alinsett.art@gmail.com

51 comments

  • ဝင့်ပြုံးမြင့်

    May 10, 2013 at 12:23 am

    ဪ .. ကဗျာပြခန်းတဲ့လား။ အင်း … ရူးလည်းရူးပါပေ့၊ ကဗျာကို ဒီလောက်ရူးသွပ်တဲ့ ကိုသူရအတွက် ကဗျာပို့ပေးမယ်နော်။ ပြခန်းထဲ ထည့်ပေး 🙂

  • ဦးဦးပါလေရာ

    May 10, 2013 at 12:39 am

    ကောင်းတယ်…
    ထောက်ခံတယ်….
    အားပေးဖတ်ရှု့မှာဖြစ်သလို ကိုယ်ခံစားရတာလေးတွေလဲ ကွန်မင့်ရေးဆွေးနွေးမယ်…။

  • kai

    May 10, 2013 at 4:28 am

    လုပ်ဖြစ်တယ်ဆိုရင်..
    အဲဒီပြခန်းထဲက ကဗျာအယ်ဒီတာရွေးတဲ့..တပုဒ်ကို.. သတင်းစာထဲပုံနှိပ်ဖေါ်ပြပေးပါမယ်..။ စာမူခ ၁ဝပေးပါမယ်..။ တွေ့ဆုံပွဲလုပ်တဲ့အချိန်..ဥပမာ ၆လတကြိမ်မှာ ငွေသားပို့ပေးပါမယ်..။

    အဲလိုဆိုရင်ကော..။
    =
    ဖြစ်နို်င်ရင်တော့.. ရွာသူားတွေကော်မန့်နဲ့..တရားဝင်ဗုတ်တာမျိုးကနေ.. ရွေးချင်တာပါ..။

  • အလင်းဆက်

    May 10, 2013 at 7:38 am

    ဆရာမ ဝင်ပြုံးမြင့် ဆီက ကဗျာ ရ ရင်
    ကျွန်ေော်တို့ ရဲ့ ကဗျာ ပြခန်းက ပို လှသွားပြီ ပေါ့ဗျာ
    ကျေးဇူးပါဗျ ။
    ကျွန်တော် ကဗျာနဲ့ ပက်သက် ရင် ရူးသွပ်ပါတယ်။ ဘယ်လောက်ထိ ရုူးသွပ်သလဲဆိုရင် ရူးလို ့ရူးနေမှန်း
    မသိလောက် အောင် ရူးပါတယ် ။
    🙂 🙂

  • အလင်းဆက်

    May 10, 2013 at 7:52 am

    ဦးဦးပါ
    ထောက်ခံ အားပေးတယ်ဆိုလို ့ ဝမ်းသာမိပါတယ်
    အားလည်း တက်သွားတယ်
    ကျေူးးဇူးပါဗျ
    🙂

    • မယ်ဘုတ်

      May 10, 2013 at 12:14 pm

      ဟီးးး အပြာရောင်လေးဖြစ်လားစမ်းကြည့်တာနော် …
      ချိတ်ချိုးနဲ့ … :kwi:

  • KZ

    May 10, 2013 at 8:09 am

    ခေါင်းစဉ်နဲ့တင် စိတ်ဝင်စားပြီး အားပေးမို့ လာခဲ့ရာက ကျုပ်နာမည်ကြီးတွေ့လိုက်တော့ လန့်သွားတယ်။
    ကျုပ်က ကဗျာနဲ့ ဝေးတယ်လို့ ဟိုး စ စ ကတည်းက ဝန်ခံထားပါတယ် အမောင် အလက်ဆင်းရယ်။ :mrgreen:

    စိတ်ထဲ မထိန်းနိုင်လို့ စာတွေ ရေးမိတာကလွဲလို ကာရံတွေ ကဗျာပီပီတွေ မရေးတတ်ပါကွယ်။

    အဲတော့ ကျန်တာကူမယ်လေ၊ နော်။

    ဒါမှမဟုတ် ရသစုံအောင် နိုင်ငံတကာ ကဗျာကို ပြန်လည် ခံစားပြီး အညွှန်းရေးတာတို့ ဘာတို့ ရော ပါဝင်လို့ ရလား။
    အဲဒါဆိုရင်တော့ ရေးပေးမယ်။

    ရင်တွင်းဖြစ်ကမထွက်လို့ပါအေ။ :mrgreen:

  • htet way

    May 10, 2013 at 8:11 am

    “ဂဇက်မှာ ကဗျာတွေ ရဲ့ ကဏ္ဍ တောက်ပ ထည်ဝါစေ ချင်တဲ့စေတနာနဲ ့ ဒီစိတ်ကူးကို ကျွန်တော်တွေးပါတယ်။ ”
    လေးစားပါတယ် ညီလေး အလင်းဆက် ။အကို မင်းကို ကဗျာ စာအုပ် လေး ပေးဖို့ ရှိပါသေးတယ် ။အာဇာနည် နေ့ကဗျာစာအုပ်။
    လုပ်ဖြစ် အောင် လုပ်ပါ အကိုလည်း အားပေးပါ့မယ်။ ပို့ပေးပါ့မယ် ။ မင်းရည် မှန်းတဲ့ ဂဇက် ကဗျာ သမားတွေ ထဲ အကို နာမည် များ ပါလေ မလား သေချာအောင် ရှာမိပါသေးတယ်။
    မတွေ့မိဘူး။
    အင်း…..သို့သော် အကိုလည်းကဗျာနည်းနည်းပါးပါးရေးပါတယ်။

  • Myo Thant

    May 10, 2013 at 9:18 am

    အနော့်နာမည်ကြီးတွေ့တော့ လန့်သွားတယ်ဗျာ

    အနော်က အဲလောက် ဟုတ်ပါဘူး

    အန်းနီးဝေး myanmargoal@gmail.com ဆီက အီးမေးလ်ကို မျှော်နေလိုက်ပါနော်

    မောင်မျိုးသန့် ( ရင်တွင်းပျက် ) ရဲ့ ကဗျာ ရောက်လာပါလိမ့်မယ် ၊

  • ဦးကြောင်ကြီး

    May 10, 2013 at 9:46 am

    ကဗျာပြခန်း
    တဏှာခွရမ်း
    ပဏ္ဏာဝခမန်း
    အလ္လာတစမ်း…
    မနာကလှမ်း
    ကမာ္ဘညချမ်း
    ဇကာဆွဗျန်း
    ဗလာကြွပန်း…

  • အော်ကိုအလင်းဆက်ရေ ကောင်းလိုက်တဲ့ အကြံဗျာ…
    ကျောင်းသားဘဝတုန်းက ကဗျာတွေရေးခဲ့ပေမယ့်…အခုတော့ အလုပ်ကများနဲ. ခံစားချက်မထွက်လို.မရေးဖြစ်တာကြာပေါ့…
    အခုလိုဆိုတော့လဲ ပိုကောင်းသွားတာပေါ့… အခုလတ်တလောမှာ ရွာထဲ ပို.စ်တင်တဲ့ကဗျာ အရမ်းမိုက်တဲ့ဟာတွေကို ကျွန်တော်ကူးကူးပြီး သိမ်းထားပါတယ်… အဲဒီကဗျာဆရာတွေနာမယ်လဲ မှတ်ထားတယ်…. ကျောင်းတုန်းကလို စာအုပ်လေးထုတ်မလား စဉ်းစားမိလို.ပါ…
    အခုလို ကဗျာပြခန်းလေးဆိုတော့လဲ ပိုအဆင်ပြေသွားတာပေါ့……
    အားပေးပါတယ်ဗျာ……….

    ကဗျာခံစားတတ်သူ
    အနုပညာသမား ရွှေတိုက်

  • အလင်းဆက်

    May 10, 2013 at 10:08 am

    သူကြီးရေ

    အခုလ်ို အသိအမှတ်ပြုတာ ကြုံရတော့ ကဗျာ့ ကိုယ်စား ကြက်သီးထ ပြီး
    ဝမ်းသာမိပါတယ်။
    ကဗျာ တွေထဲက အကြိ ုက်ဆုံးကဗျာ ကိုပဲ ရွေးချယ် နိုင် မယ်
    အ ကောင်း ဆုံး ကဗျာ ဆိုတာ ကြီးကိုတော့ ရွေးဖို့ ရာ သတိ္တ လိုပါသေးတယ်။
    ရွေးချယ်ရေး အစီအစဉ်ကိုတော့
    သူကြီး ပြောသလို
    ရွာသူားတွေရဲ ့ ကွန်မန့် တွေနဲ့ ဗုတ်ကြ ရင် ပိုကောင်းမှာပါ။
    ကဗျာ အတွက် ဖတ်ရွေး အဖွဲ့လေးတစ်ဖွဲ့ ထပ် ဖွဲ ့ဖို့ဆိုတာက ကျယ်ပြန့်လှ ပါတယ်။

    ကျွန်တော်က တော့ လောလော ဆယ် ကဗျာ ပြခန်းလေး ဖွင့်ဖြစ် ရင် ကို
    တော်တော် ကျေနပ်ပါတယ်။

  • အလင်းဆက်

    May 10, 2013 at 10:18 am

    မမ ခိုင်ဇာ
    ရင် တွင်းဖြစ် မထွက်လို့ နိုင် ငံတကာ ကဗျာတွေကို ပြန်လည်ခံစားပြီး
    အညွှန်း ရေးတာတို့ ဘာတို့လည်း ပါနိုင် တာပေါ့ဗျ
    ရသ စုံတဲ့ ဖန်တီးမှုတွေ ပြသမယ့် ကဗျာပြခန်းပါ။
    အဲ ပြခန်းကြီး ကျယ်ပြန့် လာပြီး
    ဆုရွေးချယ် ရေး တွေ ဘာတွေ ဖြစ်လာ ရင်တော့
    ရင် တွင်း ဖြစ် ကဗျာတွေကို ဦးစားပေးရမှာ ပေါ့နော်

    ဘာပဲဖြစ်ဖြစ် ကူ ကြပါ
    ကူညီကြပါ ကူညီကြပါခည

    :kwi:

  • ရာမည

    May 10, 2013 at 10:43 am

    စိတ်ဝင်စားစွာ အားပေးနေပါမယ် ။
    အမြန်ဆုံး ဖြစ်လာနိုင်ပါစေဗျာ ။

  • အလင်းဆက်

    May 10, 2013 at 10:50 am

    ကိုထက်ဝေး ရေ
    ကျွန်တော် ဒီပိုစ့် ရေးနေ ရင်း ကဗျာ နဲ့ မစိမ်းတဲ့ ရွာသူားတွေ နာမည်ကို
    စဉ်းစားပြီး ချ ရေး ရာမှာ မ မေ့သင့်တဲ့ ကိုထက်ဝေးကို မေ့ခဲ့ပါတယ်
    တော်တော် ညံ့တဲ့ ကျွန်တော့် ဉာဏ်ပါပဲ ။
    ဒါပေမယ့် နာမည်တွေ ကျန်ခဲ့ သော်လည်း
    ကျွန်တော့် ရင် ထဲ မယ် ယုံထားတာက
    ဒီရွာသူား တိုင်းလိုလိုဟာ
    ကဗျာနဲ့ မစိမ်းတဲ့ ကဗျာချစ်သူ တွေ လို့ သတ်မှတ်ထားပြီး ဖြစ်ပါကြောင်း
    ဒါ့ကြောင့်
    နာမည် တပ်ဖို့ အခွင့် မသာခဲ့ခြင်း ကို
    ဗွေမယူကြပါနဲ ့လို့ နော့

    ကိုထက်ဝေး ရေ
    ကဗျာပြခန်းက ကြိုဆိုပါ တယ်ဗျာ

    လေးစားစွာဖြင့်
    အလင်းဆက်

  • အလင်းဆက်

    May 10, 2013 at 11:04 am

    ကမျိုးသန် ့ရေ
    ကဗျာပြခန်းက ကမျိုးသန် ့ရဲ့ ကဗျာကို မျှော်နေပါပြီ ။
    နွေးထွေးစွာ ပူးပေါင်းလာလို ့ ကျေးဇူးပါပဲဗျာ
    =================

    အူးကြောင်

    အခု ရေးသွားတာက ကဗျာပြခန်းထဲမှာ ပြသ ဖို ့ပေးသွားတာလား
    :kwi:

    ================

    ရွှေတိုက် ( ချစ်သုတိုက် )
    ကဗျာ စာအုပ်က လေး ထုတ်ဖို ့ဆိုတာက
    အတိုင်းထက်အလွန် ပိုကောင်းတယ်နော်။
    ဒါမျိုး ဖြစ်လာဖို ့ မျှော်လင့်ချက် ထား ဖူးတယ်။
    အခုထိလည်း မျှော်လင့်နေတုန်းပါပဲ ။

    ကဗျာခံစားတတ်သူ ရွှေတိုက်ကိုလည်း ကျေးဇူးပါ

    =================

    ရာမည ရေ

    အားပေး မှုအတွက် ကျေးဇူးတင် ပါတယ်ဗျ

    ခင် မင် လေးစားစွာ

    အလင်းဆက်

  • kaung kin pyar

    May 10, 2013 at 11:09 am

    ရွာသားထဲက (နာမည်မမှတ်မိတဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်…) တင်တဲ့ ကိုမင်းခိုက်စိုးစန်ရေးတဲ့ ” ဒီစစ်ပွဲပြီးရင် ကျောင်းပြန်တက်ချင်တယ်” ဆိုတဲ့ ကဗျာလေး ပြန်ဖတ်ချင်ပါတယ်…။ ကြိုက်လွန်းလို့ Stick နဲ့ ကူးခဲ့ပေမယ့် Virus မိသွားလို့ ပျက်သွားတာကြောင့်ပါ…။ ကိုယ်တိုင် မရေးတတ်ပေမယ့် ရွာသူားတွေရဲ့ ကဗျာတွေကို မျှော်နေပါတယ်..။

  • အလင်းဆက်

    May 10, 2013 at 11:18 am

    တစ်ခု ပြောချင် တာက
    ဆုရွေးချယ်တာတွေ ဘာတွေ ထိ ဖြစ်မလာရင်တောင်
    ကဗျာ လေးတွေ စုစည်းပြီး ပြခန်း အဖြစ် ပြသ သွားမှာတော့ သေချာပါတယ်

    ရသ လောက် အပုဒ် ရေနဲ့ ပြခန်းကို ဖွင့်မယ်ဗျာ
    ရင် တွင်း ဖြစ် ရော
    ရင် တွင်း မဖြစ် ရော
    ကဗျာက ကဗျာလို လှ နေဖို ့ပဲ လိုတယ် ။
    မူရင်း ကဗျာ ဆရာ နာမည် ပါဖို ့ပဲ လိုတယ်။
    ရသ စုံအောင် ပြသ သွားဖို ့
    တစ်နေ ရာထဲမှာ စုစည်း ပြနိုင် ဖို ့က အ ရေး ကြီးတယ် ။

    ဆုတွေ ဘာ တွေ ထိ လုပ်နိုင် သွား ရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ။

    ဒီပြခန်း မှာ ပြထားတဲ့ ကဗျာတွေရော
    ကိုယ်စီကိုယ်စီ ပြထားတဲ့ ကဗျာ တွေ ရော
    ကဗျာ မှန်သမျှ
    ဒီ ရွာ မှာ တင့်တယ် စေရမယ် လို ့ ခံယူ ပါကြောင်း

  • ရွာစားကျော် မင်းနန္ဓာ

    May 10, 2013 at 11:45 am

    ဒို့လည်း မဖြစ်ညစ်ကျယ် ရေးထားတဲ့ ကဗျာတွေ ပို့မယ်..
    မကောင်းလို့ ပို့စ်ထဲ ပြခန်းထဲ မထည့်ရင် ဒုတ်နဲ့ရိုက်မယ်.. ဓားနဲ့ခုတ်မယ်.. (ခြိမ်းခြောက်တာ)
    ဟီ ဟိ

  • GaviaGirl

    May 10, 2013 at 11:54 am

    နာ့နာမည်ဂျီးလည်း ပါတယ်တော့… ဟိုလေ. တင်ထားပီးသားထဲက ကြိုက်တာလေးတွေရော ပို့လို့ရလားဟင်… ကဗျာအသစ်က ခံစားချက်အတော်ပြင်းမှ ထွက်တတ်လို့ပါ.. ပြခန်းအတွက် တတ်နိုင်သလောက် ကဗျာတွေ ပို့ပေးပါမယ်လို့… ဟို… ကိုယ့်ဘာသာလည်း တင်မယ်နော် ပွိုင့်ကြောင့်မဟုတ်ပါဝူး “မွန်မွန်ရဲ့ကဗျာ” ဆိုတဲ့ Tag လေးထဲ ထည့်ချင်လို့ပါ .. ရတယ်မို့လားဟင်င်

  • မယ်ဘုတ်

    May 10, 2013 at 12:10 pm

    ကဗျာတွေကိုတော့ကြိုက်တယ်..
    ရေးတော့ရေးတတ်ဘူးရယ် …
    အားပေးပါ့မယ်ဗျာ …. :hee:

  • ရွှေ ကြည်

    May 10, 2013 at 7:56 pm

    ပါဝင်ပါ့မယ် အလင်းဆက်ရယ် ဆုရမှာမရမှာတွေထက် ကဗျာပြခန်းလေးဖြစ်စေချင်တာရယ်
    ကဗျာတွေကြိုက်သလို ဝါသနာအရ မဖြစ်ညစ်ကျယ်လေးရေးဖြစ်နေဦးမှာဖြစ်လို့ ပါဝင်ပါ့မယ်
    ကြိုတော့ပြောထားပါရစေ ပညာရှင်မဟုတ်ပါဆိုတာလေးပါ။
    ကဗျာအတွက်စေတနာထားတဲ့ အလက်ဆင်းကိုလေးစားပါရဲ့ 😆

  • အလင်းဆက်

    May 10, 2013 at 8:06 pm

    အင်းးးးးးးးးးးးးး ခရမ်းရောင်လေးတွေများ…..လှမှလှ…
    :kwi:
    :kwi:

    ==================

    ကိုရွာစားကျော်ရေ…

    ပို့ သာပို့လိုက်ပါ..နော် ။
    ပြခန်းက ကိုရွာစားကျော်တို ့လို အနုပညာ ချစ်သူတွေ ရဲ ့ကဗျာ
    လှလှလေးတွေကို စောင့်ကြိုနေပါတယ်လို ့။
    ———————

  • အလင်းဆက်

    May 10, 2013 at 8:19 pm

    ကောင်းကင်ပြာရေ..

    အဲဒီ ကဗျာပိုစ့်က …
    .လေးလေးဘလက်ချော တင်လိုက်တာပါ ။
    ကျွန်တော်လည်း..အဲဒီ ကဗျာလေးက်ို ကြိုက်လွန်းလို ့..ရင်ထဲမှာ ရှိနေပါတယ် ။

    http://myanmargazette.net/152712

    အဲဒီမှာ .သွားကြည့်လို ့ရပါတယ်ဗျ။

    ———
    ကိုယ်တိုင် မရေးဖြစ်သေးပေမယ့်..
    ရွာသူရွာသား ကဗျာချစ်သူများရဲ ့ ကဗျာတွေကို ခံစားဖို ့ အသင့်ဖြစ်နေတဲ ့အတွက်..
    ကျေးဇူးတင်ပါတယ်ဗျာ..။

    • kaung kin pyar

      May 11, 2013 at 9:29 am

      ကိုအလင်းစက်ကို ကျေးဇူးတင်ပါတယ်….လို့…။

  • ကိုရင်စည်သူ

    May 10, 2013 at 8:30 pm

    ဂေဇက် ကဗျာတွေနဲ့ ဂဟေစပ် မဟာတွေ ဖြစ်တော့မယ်..
    ကိုယ့်ကဗျာတွေက မော်ဒန် မမျှော်မှန်ဖြစ်နေတော့..
    ရေးထားတာရှိတောင် နားလည်မယ့်လူမရှိလောက်ဘူးထင်လို့..
    စာအုပ်မှာပဲ သိမ်းထားပါတော့မယ်.. တိုအလက်ဆင်းရေ….
    ကဗျာတစ်ပုဒ်တော့ ရေးဖြစ်အောင် ပို့ပေးပါ့မယ်..
    ဘယ်နေ့နောက်ဆုံးထား ပို့ရမလဲ. မသိ.. :mrgreen:

  • အလင်းဆက်

    May 10, 2013 at 8:35 pm

    လုံမလေးမွန်မွန်…
    ညီမလေး….
    အဟိ ချော့ထားရတယ် ။သူ က နိုင်ကွက်တစ်ခု ရှိနေတော့ကာ…။
    ————-
    ပိုစ့်အဖြစ်…တင်ပြီးသားထဲက ကဗျာတွေကို..
    ပြန်တင်ဖို ့ရာက….အင်းးးးးးးး

    ကျွန်တော် တွေးမိတာလေးက…..
    ကဗျာ တစ်ပုဒ်ထဲက..ကိုယ်တိုင် တင်ထားတာလဲ..တွေ ့ရပြီးသားကို
    ပြခန်းထဲမှာ..ထပ်တွေ့နေရဦးမယ်..ဆိုရင်….
    ပြခန်း..လန်းဆန်းပါတော့မလားလို ့။
    တင်ထားပြီးသား..ပြန်ထည့်ပြထားချင်ပါတယ် ။
    ပြရင်လည်း..ရတော့ ရပါတယ် ။
    တင်ခဲ့ဖူးတဲ့ နေ့စွဲလေးတွေ.တော့..ပြထားရင်ပိုကောင်းမယ်ထင်တယ် ။
    ကျွန်တော် ကတော့..
    ဘယ်လိုကဗျာကို ဖြစ်ဖြစ်..ပြခန်းထဲမှာ..ပြထားချင်ပါတယ် ။
    ရသစုံမှာကိုးးးး

    ဒီတော့… လောလောဆယ်တော့…
    အဟောင်းပဲ..ဖြစ်ဖြစ် အသစ်ပဲ.ဖြစ်ဖြစ်… ရပါတယ်ပေါ့ ။

    🙂

  • အလင်းဆက်

    May 10, 2013 at 8:44 pm

    မယ် ဘုတ်ရေ

    အားပေးမယ်ဆိုလို ့..ဝမ်းသာပါတယ် ။
    ကျေးကျေးပါ..။
    ————————-
    မမရွှေကြည်…

    ကဗျာမှာ.မမရွှေ လည်း.. ဇ မသေးဘူးဆိုတာ သိပြီးသား..။
    ပါဝင်ကူညီမယ်.ဆိုလို ့ကျေးဇူးပါပဲဗျ ။

  • အလင်းဆက်

    May 10, 2013 at 8:47 pm

    လေးလေးပေ…
    အဲဒီ အသာ ထနမ်းတဲ ့..စာသားလေးကို ကဗျာ ညချမ်းဖြစ်သွားတာ…။
    ကဗျာ ချီးမြှင့်ဦးနော် ။ လေးလေးပေရဲ ့ ကဗျာလည်း.ပြခန်းထဲ…မှာ..ချိတ်ထားချင်သေးတယ် ။
    ———————–
    🙂
    လေးစားခင်မင်စွာ…

  • အလင်းဆက်

    May 10, 2013 at 8:51 pm

    ကရင်စည်သူ..

    မော်ဒန်ကဗျာလည်း.လာထားပဲနော် ။

    ကျွန်တော် ့တစ်ယောက် သဘောပြောရ ရင်..ကျွန်တော်က သမားရိုးကျ အစဉ်အလာတွေထဲက
    ခွဲထွက်လာတဲ့ အဲဒီမော်ဒန် ကဗျာ ဆိုတာကို..ပို သဘောကျတာ ။

    ဘာပဲပြောပြော..အရသာ စုံတဲ့ စားပွဲကြီးဖြစ်ဖို ့….
    ဘယ်လိုကဗျာမျိုးလာလာ… ကြိုဆိုနေပါတယ် ။

    —————-

    တစ်ဆက်တည်း…လေးလေးဆာမိ..ရေ….

    ဟာသနှောတဲ့ ကဗျာလေးတွေကိုလည်း.မျှော်နေတယ်နော် ။

  • နေဝန်းနီ

    May 10, 2013 at 10:05 pm

    ဂေဇက်မှာ တင်ထားတဲ့ ကဗျာတွေကို မောင့်ရင်သဘော ကြိုက်သလို လုပ်လိုက်ပါ….။ ဘာလို့ဆို
    တစ်လကို ကဗျာ 10 ရေးချင်ရေးဖြစ်မယ် သုံးပုဒ်ပဲ ပို့ရမယ်ဆိုတော့ကာ အကြိုက်ချင်းမတူမှာစိုးလို့ပါ….။ ကိုယ်ကြိုက်တာက တစ်မျိုး မောင်ရင်ကြိုက်တာက တစ်မျိုးဖြစ်နေရင်မကောင်းဘူး …..။ ဟုတ်တယ်ဟုတ်

  • ကဗျာ ပြခန်း ဖွင့်နိုင်ရေး ဆိုဘာလား ကိုကိုအအလင်းလင်းဆက်ဆက် ရဲ့ ….
    ကျုပ် နံမယ်ဂျီးဂလည်း ကန့်လန့်ကန့်လန့် ပါလာလိုက်ဒေး … ဟေဟေး
    ဂယ်တော့ .. ကျုပ်က ကဗျာ ရေးဒတ်ပါဘူးဂျ …
    စာအရှည်ဂျီး ရေးရမှာစိုးညို့ ကဗျာလိုလို ဘာလိုလို တွယ်ထည့်လိုက်ဒါ .. ဟီးးး :mrgreen:
    ဘာဖစ်ဖစ် ကဗျာပြခန်းလေး ဖွင့်ရင် အားပေးဘာမယ်ရို့ …
    ခုလို ဥဆောင် လုပ်ဆောင်ဒဲ့ ကိုကိုအအလင်းလင်းဆက်ဆက် ဂိုလည်း
    ဘိုပေါရမဲ .. ရှဲရှဲ သန်းကျူး လို့ဘဲ ပေါဒေါ့မယ် ….

  • Mr. MarGa

    May 11, 2013 at 11:54 am

    အင်း…………………….
    ကျုပ်နာမည် ပါလာတော့ မျက်လုံးတောင် ပြူးသွားတယ်
    ကဗျာနဲ့ ဝေးပါသဗျာ။
    တကယ်ပြောတာပါ။
    သို့ပေမင့်
    ဒိလို တောင်းဆိုလာတော့လဲ
    ကြိုးစားကြည့်မဗျာ……..
    ကဗျာ ထွက်မထွက်တော့ မသေချာ
    နောက်
    တစ်လလုံး မပါချင်လဲ မပါဘဲ နေလောက်တယ်
    တစ်ခုတော့ ရှိပါတယ်
    ကဗျာ ပြခန်း ဖြစ်မြောက်ရေးအတွက်တော့ ကူညီပေးပါမယ် လို့
    အဲဒါလေး :hee:

  • အလင်းဆက်

    May 11, 2013 at 7:18 pm

    အဘနီ ရေ. .
    ကျေးဇူးပါဗျ ။
    ကျွန်တော်တော့လောလောဆယ်…
    အဆင်ပြေမယ့် ကဗျာလေးတွေကို
    စုစည်းသွားပါ့မယ် ။
    ဆုရွေးချယ်တာတို ့ ဘာတို ့တော့…..
    တဖြည့်ဖြည်း အရှိန်မြှင့်သွားဖို ့စဉ်းစားထားပါတယ် ။
    ———-
    အခက်အခဲတွေ ကတော့ တွေ ့ရတယ် ။
    လုပ်ရင်းကိုင်ရင်းနဲ့ပဲ…ရှင်းလင်း ဖို ့လုပ်ရမယ်ပေါ့နော် ။

    ကဗျာကိစ္စ အခုလို… တက်ညီလက်ညီ ပါဝင်လာတဲ့အတွက်.. ဝမ်းသာမိပါတယ်။

    • နေဝန်းနီ

      May 11, 2013 at 8:49 pm

      အလက်ဆင်း အလင်းဆက်ရေ…………
      တစ်ခါက ဆရာအောင်သင်းလား ကျွန်တော်အကြိုက်ဆုံး ဝတ္ထု တို ဆိုတာ ရွေးဖူးတယ် ရေးဖူးတယ်…….။
      အဲဒိလိုရွေးရင် ရေးရင် ကောင်းတာပေါ့ …..။ ဆုတွေ ဘာတွေနဲ့ဆိုရင် ကြီးကျယ်သွားမလားလို့ …..။ ဒါပေမဲ့ ဂေဇက်က ကဗျာတွေကို မှန်ဒါပြောရရင် အားမရသေးဘူး ….။ အချစ်ကဗျာတွေ ချည့် များနေသလားလို့ ………။ တို့တစ်တွေလည်း အချစ်ကဗျာနဲ့တော့ စခဲ့တာပဲ….။ ဒါပေမဲ့ အချိန်အကြာကြီးချစ်မနေဘူး …..။ ချစ်မနေနိုင်ဘူး ….။ ပတ်ဝန်းကျင် မြင်မြင်ကရာ တွေ့ကရာ ကြားတဲ့အရာ ကဗျာ ရေးဖြစ်တော့တာ ………..။ အင်း အဲဒါလည်း ဖြတ်သန်းရတဲ့ ဘဝနဲ့ဆိုင်မလားတော့မသိဘူး….။ လုပ်ကြပါ ကိုယ်လုပ်နိုင်တဲ့အရာတွေကို လိုတာရှိရင်လည်း ပြောပါ ဝိုင်းကူနေမှာပေါ့ တတ်နိုင်သလောက် တတ်သလောက်မှတ်သလောက် ကူညီပေးချင်ပါတယ်…။

  • အလင်းဆက်

    May 11, 2013 at 7:23 pm

    အမ်မလေး..အံစားတုံးရယ်..

    စာအရှည်ဂျီး ရေးရမှာစိုးညို့ ကဗျာလိုလို ဘာလိုလို တွယ်ထည့်လိုက်ဒါ ..တဲ့လား ။
    ကဗျာ့ သဘောထားက ကြီးကျယ်ခမ်းနားပါပေ့ ။
    :kwi:

    ဘာပဲဖြစ်ဖြစ်..ကဗျာရေးဖြစ်ဖို ့ဆိုတာ မလွယ်ပါဘူး ။
    ကဗျာတစ်တစ်ပုဒ်ဟာ.. စက်ရုံတစ်ရုံက ထုတ်လိုက်တဲ့ ကုန်ပစ္စည်းမဟုတ်တဲ့အတွက်…ကိုက
    တန်ဖိုးပါ ။ အနုပညာရဲ ့တန်ဖို း ဟာ.အခြားအရာတွေရဲ ့ တန်ဖိုးနဲ့ မတူပါဘူး နော် ။

    အဲအဲ….အနုပညာအကြောင်း ပြောဖြစ်ပြန်ပြီ ။
    နောက်မှ အနုပညာ ရဲ ့ အသုံးဝင်မှုတန်ဖိုးအကြောင်း….စာတစ်ပုဒ်ရေးတော့မယ် ။
    🙂

  • အလင်းဆက်

    May 11, 2013 at 7:29 pm

    အူးမာဂရေ… ကဗျာပြခန်းဖြစ်မြောက်ရေး..ကူင်္ညီပေးမယ်ဆိုလို ့ ဝမ်းသာမိပါရဲ့ ။
    ကျေးဇူးလည်း..တင်ပါရဲ့ ။
    ကဗျာလည်း.ရေးပါအုံး
    🙂

  • အလင်းဆက်

    May 11, 2013 at 9:07 pm

    အဘနီ ရေ..
    အကြိုက်ဆုံးကဗျာ ရွေးနို်င်ဖို ့ရေးနဲ့ …
    ကဗျာပြခန်းလေး..ပိုမိုကောင်းမွန်စွာပေါ်ထွက်လာဖို့အရေးးးး
    သကြားမင်း ရယ်..
    အံစာတုံးရယ်..
    ကျွန်တော်ရယ်…
    ပြီးတော့…နောက်ထပ် ပါဝင်ချင်သူတွေ ရယ်…
    တိုင်ပင် ဆွေးနွေးနေကြပါပြီ ။
    —————
    အဘနီ ရဲ ့အကြံဉာဏ်တွေ လည်း..ချီးမြှင့်စေချင်ပါသေးတယ် ။
    🙂
    —————

    ဂဇက်ကဗျာတွေထဲမှာ. အပီအပြင် ဖန်တီးနေတဲ့ကဗျာတွေကို တွေ ့နေရပေမယ့်
    အဘနီပြောသလို…
    အချစ်အကြောင်း ( သို ့မဟုတ် ) ကိုယ် ခံစားရတာလေးတစ်ပိုင်းတစ်စကို
    ကဗျာမပီ စာမပီ ရေးတာလေးတွေလည်း..တွေ ့တော ့တွေ ့နေရပါတယ် ။
    ဒါပေမယ့်.. ကဗျာအဖြစ်…. သတ်မှတ်လို ့ရနေလေတော့..
    ကဗျာတွေ ရဲ ့ အခန်းကဏ္ဍလေ း ကို လျှော့တွက်လို ့မရတော့ဘူး..လို ့တွေးမိလာပါတယ် ။

    တကယ်တမ်း ဆုအနေနဲ ့အကြိုက်ဆုံး ကဗျာလေးတွေ ရွေးချယ်တဲ့အခါမှာတော့..
    လိုအပ်တဲ့ ကဗျာ့သဘောသဘာဝ စံ လေးတွေ ထားပြီး..ရွေးမှ ဖြစ်မယ်လေ ။
    အဲဒီအခါ…………..
    ……………………

    🙂

  • ခင်ခ

    May 12, 2013 at 12:00 am

    အဟောင်းလဲမထုတ်
    အကောင်းလဲမဟုတ်
    တွေးမိတွေးကာ ရေးမိရေးတာ
    ကဗျာအဖြစ် ရှိခဲ့ပါမူ
    မောင်မင်းပြခန်း သုံးစေမှန်းလို့
    ပို့ကာပေးမည် ခင်ခသည်။

  • Kyi Lwin

    May 17, 2013 at 12:49 pm

    ဒီကဗျာ က ဆရာတင်မိုးရေးတာပါ။
    နဲနဲတော့ရှည်တယ်။
    ဒါပေမယ့် ဖတ်ရှုအားပေးစေချင်တာနဲ့ ကူး ပေးလိုက်ပါတယ်။
    သူတပါးအပြစ်ဖို့ရင်း ကိုယ့်အိတ်ထဲကိုယ်ထည့် ကိုယ့်စီးပွါးဖြစ်အောင် လုပ်စားတတ်သူတွေရဲ့ လုပ်ရပ် ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါတယ်။

    ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများ
    ရေးသူ- တင်မိုး

    (၁)
    ဒီလူကြီးတွေ…ဒီလူကြီးတွေ….
    သွားရေတွေ တများများ
    လူသားစား ကျားပါးစပ်နဲ့
    အရပ်မှာ “ဗျိုး” ဟစ်ပြီး
    “ကွန်မြူနစ်ဆန့်ကျင်ရေး” တဲ့
    အရေးပါတဲ့ ဒီဆောင်ပုဒ်နဲ့
    လုပ်စားပေါင်းများခဲ့ပြီ။

    (၂)
    ကွန်မြူနစ်တွေဆိုတာ
    ဘုရားမရှိ တရားမသိ
    အမှားအတိနဲ့
    အလကားငတိတွေထင်အောင်
    တွင်တွင်ကြီး ဝါဒဖြန့်
    ကွန်မြူနစ်တစ္ဆေနဲ့လှန့်
    ရွာအနှံ့ ရပ်အနှံ့ မောင်းထု
    ပြည်သူကိုတော့ ထောင်းထုပြီး
    မကောင်းမှုမှာ သရဖူဆောင်း
    သူရဲကောင်းကြီး ဟန်ပန်လုပ်
    အာဏာကို အချောင်အုပ်ကြတယ်၊
    ပုပ်လိုက်တဲ့ သမိုင်း
    ယုတ်ပတ်တဲ့ အကြံရိုင်းပေပ။

    (၃)
    ကွန်မြူနစ်ကို လက်ညှိုးထိုး
    ကိုယ်ကျိုးကို အရနှိုက်
    ဓါးပြတိုက် ခါးပိုက်ဆောင်တပ်တွေနဲ့ပါလား။

    လဲဗီးတဲ့….ပြူစောထီးတဲ့…
    လက်နက်မဲ့ ပြည်သူတွေကို
    ကူညီမလို အကြောင်းပြပြီး
    ထောင်းလမောင်းထအောင် နှိပ်စက်ခဲ့တာ
    မပျက်နိုင်တဲ့ သမိုင်းတကွက်ပါ။
    ကွန်မြူနစ် ရန်စွယ်ဟာ
    ဓမ္မ န္တရာယ် အစစ်ပါပဲလို့
    ကလိမ်ကညစ် နည်းထုံးတွေနဲ့
    ဖြီးလုံးတွေလွှင့်ထုတ်
    စာအုပ် စာတမ်း ရေဒီယို
    ထိုထိုသော သတင်းစာတွေနဲ့
    အတင်းညာကာ ဝါဒဖြန့်
    ရွာလန့်အောင် လုပ်ကြတယ်။
    ရိုးသားတဲ့ ဗုဒ္ဓဘာသာ
    တို့မြန်မာလူထုရဲ့ စိတ်ထဲ
    ကွန်မြူနစ် သူရဲပုံပြင်တွေနဲ့
    ယုံထင်ကြောင်ထင် ဖြစ်အောင်
    သံကြောင်တွေ ဟစ်ကြတယ်
    တကယ်ညစ်တာက သူတို့….သူတို့။

    မသိဘူးလို့များမထင်နဲ့
    ပြည်သူတွေက “မြင်”ပါတယ်။
    ပြည်သူတွေက “လျင်”တယ်။

    (၄)
    မှန်တဲ့စကားတခွန်း
    တစွန်းတစ မဟလိုက်လေနဲ့
    ကွန်မြူနစ် တံဆိပ်ကပ်
    အရပ်နဲ့ လှည့်တိုက်မယ်။

    အခွင့်အရေး ဆိုစကား
    တပြားဘိုးမျှ မတောင်းလိုက်လေနဲ့
    ကွန်မြူနစ်တွေ သွေးထိုး
    သူပုန်မျိုး အဖျက်သမားတွေလို့
    မတရားစွပ်စွဲပြီး
    နည်းမျိုးစုံ ဖြိုခွဲပစ်မယ်။
    အမှန်ကို ချစ်တာနဲ့
    ကွန်မြူနစ် ဖြစ်ရရောလား။
    လူကြီးမင်းများ ခင်ဗျား….
    စဉ်းစဉ်းစားစားလဲ လုပ်ကြပါအုံး။

    (၅)
    ကျောင်းသားတွေ မခံနိုင်လို့
    သံပြိုင်ဟစ် အုံကြွတော့လဲ
    သူပုန်ထမဲ့ ဗကပ တဲ့
    ဗကပ လှုံ့ ဆော်လို့
    ကြွေးကြော်သံ အနန္တနဲ့
    အလျှံထမတတ်
    ဆန္ဒပြကြတာတဲ့။
    ဒီလိုပုတ်ခတ် လုပ်ဇာတ်ခင်းပြီး
    ပြဿနာရဲ့ အတ္ထုပ္ပတ် အရင်းအမြစ်ကို
    မစိစစ် မဖွေရှာ
    အာဏာပြ ပါဝါပြပြီး
    အဓမ္မနှိမ်နင်း
    အပြစ်ကင်းတဲ့ ကလေးငယ်တွေကို
    ပစ်ကွင်းအဖြစ် ရွယ်ကြပြန်တယ်။

    ကျောင်းသားတွေရဲ့ ခွပ်ဒေါင်းအလံဟာ
    အတန်တန် သွေးစွန်းခဲ့ရတယ်။

    လွတ်လပ်ရေး ရပြီးကတည်းက
    တကသ ဗကသ
    ကျောင်းသားသမဂ္ဂတွေကို
    ဗကပရဲ့ သူပုန်ဌာနချုပ်ရယ်လို့
    ယုတ်မာကောက်ကျစ် ညစ်ညစ်ပတ်ပတ်နဲ့
    ပစ်ခတ် သတ်ဖြတ်ခဲ့တာ
    မှတ်တိုင်ကြီးတတိုင်
    ဇူလိုင် ရ ရက် သက်သေပါ။
    တခါလာ ဗကပနဲ့ တခါလာ ဗကပနဲ့
    ဟာသ ရသတောင်မြောက်ကုန်ပြီ
    ဗကပတစ္ဆေ ခြောက်တုန်းပါကလား။

    (၆)
    အမှန်တကယ်အဖြစ်က
    ပြည်တွင်းစစ်နဲ့ စားသာနေတာ
    အာဏာလက်ရှိ လူတစုပါ။
    ပြည်တွင်းစစ်ကို လက်ညှိုးညွှန်
    ကွန်မြူနစ်ကို အပြစ်ပုံချ
    ရသမျှအခွင့်အရေး အိပ်ထဲပိုက်
    နှိုက်ချင်တိုင်း နှိုက်
    ပိုက်ချင်တိုင်း ပိုက်
    မိုက်ချင်တိုင်း မိုက်
    ရိုက်ချင်တိုင်း ရိုက်
    ရွှေစိတ်တော် အကြိုက်ပ၊
    မြို့ ရွာတွေ မီးတိုက်လိုတိုက်
    ငမိုက်သားတွေ တန်ခိုးကြီးသထက်ကြီး
    အမျိုးသမီးတွေ ယူလိုယူ
    ဇမ္ဗူပေါ်မှာ ဇိမ်တွေကျ
    အိမ်တွေရ တံဆိပ်တွေရ
    ဧရာမ သူရဲကောင်းလို့
    အကြောင်းပြလို့လဲကောင်းသေး
    ကွန်မြူနစ်ဆန့်ကျင်ရေး ဆိုင်းဘုတ်နဲ့
    ဝိုင်းအုပ် ဝိုင်းတုတ်လိုက်ကြတာ
    အလုပ်ကိုဖြစ်လို့၊
    တကယ့် မျိုးချစ်ပုဂ္ဂိုလ်တွေ ပါလားနော်။

    (၇)
    ဒီလူတွေနဲ့ ငြိမ်းချမ်းရေး
    ဘယ့်နှယ်လုပ် ဆွေးနွေးကြမလဲ
    ငြိမ်းချမ်းရေး အသံကြားရင်
    နားဝမှာ ခါးနေတဲ့လူတွေ
    စစ်ရှိမှ ကြီးပွါး
    စစ်နဲ့ဘဲ လုပ်စားနေကြတာ
    စစ်အား မကောင်းရင်
    ဂျစ်ကားတောင် မောင်းနိုင်မှာ မဟုတ်ဘူး။
    စစ်အလုပ် ကင်းဝေးမဲ့
    ငြိမ်းချမ်းရေး ကိစ္စကိုများ
    တရားသဘောနဲ့
    အလကား ဟောမနေနဲ့
    မောရုံသာ အဖတ်တင်မယ်
    “ဝတ္ထုနိပါတ် ပိဋကတ်”ကို
    လျှာပြတ်အောင် ဟောသော်လဲ
    ဟောရင်းသာ ပျံတော်မူရမယ်
    “ဆန်ဖြူတခွက်မျှ ထွက်နိုင်ပုံမရ”ဆိုတဲ့၊
    ဦးပုညဖွဲ့တဲ့ လူစားမျိုးပါတကား။

    (၈)
    ဒီလိုနဲ့ပဲ
    တို့လူထုမှာတော့
    ပူမှုတွေဖုံး
    အပူလုံးတွေကြွ ယူကျုံးမရ
    ပြည်တွင်းစစ်ဒုက္ခနဲ့
    ပြေးရ လွှားရ ပုန်းရ အောင်းရ
    ဘဝတွေ ပျက်ခဲ့ပြီ။
    လက်နက်တွေ တလကြမ်းနဲ့မို့
    အမျိုးသားပန်းမှ ပွင့်နိုင်ပါအုံးမလား။
    တနိုင်ငံလုံး ပြာပုံပေါက်
    တည်ဆောက်လို့မှ ရနိုင်ပါအုံးမလား။
    စစ်မီးတွေ တလောင်တည်းလောင်
    ပစ္စည်းတွေလဲ ပြောင်ခဲ့ပြီလေ
    ပြောင်ခဲ့ပြီလေ။

    (၉)
    ဒီလို ဒီလိုနဲ့
    ဒီမိုကရေစီ ပြုတ်ကျ
    စစ်ဗိုလ်ကြီးတွေ တန်ခိုးထတဲ့
    မဆလတွေ မင်းမူခဲ့
    တိုင်းပြည်ရဲ့ ရန်သူဟာ ဗကပလို့
    တဖွဖွ စွပ်စွဲရင်း
    ဖွတ်မွဲစာရင်း တို့တတွေ ရောက်ကုန်ပြီ၊
    မှိုလိုပေါက်လာတဲ့ မဆလဗဟိုကော်မတီ
    ဘာကောင်စီ ညာကောင်စီ
    အလံနီ အလံဖြူ လက်နက်ချနဲ့
    မဆလ စစ်ဗိုလ်ကြီးတွေဟာ
    တသီးတသန့် အခန့်စားစံရာ
    ပါရမီ ငွေကြာရံ
    ရန်ကင်း ကမ္ဗောဇ ဗိုလ်ချုပ်ရွာတွေမှာ
    တိုက်တာကြီးတွေ ဟိန်းထ
    ပစ္စည်းတွေက သိန်းမက
    ဘိန်းချသလား အောက်မေ့လောက်အောင်
    ဆိုရှယ်လစ်နိဗ္ဗာန် အရောက်ချီတက်ခဲ့ကြတယ်။

    ကွန်မြူနစ် ဆိုရှယ်လစ် ကျေးဇူးတွေနဲ့
    စားဦး စားဖျားတွေ ဝေစားခဲ့ကြတယ်။

    မဆလက မွေးဖွားတဲ့ လူတန်းစားတရပ်
    မားမားမတ်မတ် ပေါ်ပေါက်ခဲ့တယ်

    အခွင့်အရေးမှန်သမျှ လက်ကုန်နှိုက်
    အရက်တငုံ ကျိုက်ပြီး လွှတ်တော်ဝင်
    မဆလလမ်းစဉ် အောင်ရမယ်လို့
    မယုံကြည်ပဲ ကြွေးကြော်ပြီး
    အရေးပေါ် ဆိုရှယ်လစ်တွေက
    စခန်းသစ် ဖွင့်ခဲ့ကြတယ်။
    မြန်မာ့ဆိုရှယ်လစ်တခေတ် ထူထောင်ပုံတွေလေ။

    (၁၀)
    ခုတခါ လူထုကနာပြီမို့
    တပါတီစနစ် ဖြုတ်ချ၊ ဒီမိုကရေစီ အများဆန္ဒနဲ့
    အစိုးရဖွဲ့ရေး လူထုက ဟစ်ကြွေးတော့
    ဆူပူရေးသမား ဗကပများတဲ့။
    လုပ်စားနေတဲ့ လူကြီးများက
    ရှေးနည်းအတိုင်း တံဆိပ်တပ်ပြီး
    လူထုလုပ်ရပ် သေးသိမ်အောင်
    ကလိန်စေ့ငြမ်းဆင် နေပြန်ပြီ။

    ပြည်ထောင်စု ပြိုကွဲပြီး
    ဖရိုဖရဲ မဖြစ်အောင်တဲ့။
    မျိုးချစ်စိတ်ဓါတ် တခွဲသားနဲ့
    စကားကို တရားလုပ်
    လွှင့်ထုတ်နေကျ ဓါတ်ပြားဟောင်းအတိုင်း
    အပ်သွားကြောင်းထပ်ပြီး
    အဓမ္မပါးစပ်နဲ့
    ကျားကျား မီးယပ်လုပ်ကြပြန်ပြီ။
    ကျောင်းသားနဲ့ ပြည်သူ
    ဆူပူအောင်လုပ်တာ ဗကပ လို့တမျိုး
    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်း
    ကွန်မြူနစ်တွေ စီးနင်းလေဟန်
    သတင်းတွေ ချဲ့ ကား
    အတင်းလိမ်လည် လှည့်စားလို့တမျိုး
    မဟားဒယား ကြံစည်ပြီး
    ဒီမိုကရေစီကို ဟန့်တားနေပြန်ပြီ။

    (၁၁)
    ခုတော့
    သမိုင်းကသိ လူကမိပြီ
    လူကြီးမင်းတို့ လက်ရာ
    ညာလို့ မရတော့ဘူး
    နိုးကြားနေတဲ့ ပြည်သူတွေမို့
    အထူ အပိန်းတွေ မထင်ကြနဲ့တော့
    ပါးစပ်ဟ လိုက်တိုင်း
    အူမကို အတိုင်းသားပါပဲ။
    လူကြီးမင်းတို့ ဖော်နည်းကားတွေ
    ခေတ်မစားတော့ဘူး
    ခေတ်နောက်ကျ သွားပါပြီ။
    “ပြည်သူတွေဟာ ဗကပ မဟုတ်”
    ဗကပ နဲ့လှန့်တိုင်း
    လန့်လိမ့်မည်မဟုတ်။
    နိုင်ငံရေး အခြေအနေ
    ရေ-မြေ-လေ-မီး ဓါတ်ကြီးလေးပါးကို
    ပိုင်းခြားလို့ သိနေပြီ။
    ကွန်မြူနစ်ဆန့်ကျင်ရေး လက်သုံးဓါးနဲ့
    တသက်လုံး လုပ်စားဖို့ကြံရင်
    ပန်လန်လက်
    ပက်လက်လန် မည်သာမှတ်ပေရော့။
    ပါးစပ်က ဘုရား ဘုရား
    လက်က ကားယားကားယားနဲ့
    စားဖား လူကြီးမင်းများ ခင်ဗျား…………။ ။

    တင်မိုး။

  • အလင်း ဆက်

    May 17, 2013 at 1:12 pm

    အားပါးပါးးးးး
    စကားလုံး မြစ်တစ်စင်းးးးးးး

    ဟုတ် ကဲ့
    တကူးတက ကူးလာပေး လို ့ကျေးဇူးပါဗျ

    🙂

Leave a Reply