“ခေါင်းမာမနေဘဲ ပြောင်းလိုက်ကြရအောင်ပါ”

“ခေါင်းမာမနေဘဲ ပြောင်းလိုက်ကြရအောင်ပါ”

 

 

မနေ့ညနေစောင်း အောင်တော်မူဘုရားကအပြန်မှာပေါ့။

လမ်း၃ဝ အတိုင်း အနောက်ဘက်ကို ဆင်းလာပြီး ၇၈လမ်းရောက်တော့

တောင်ဘက်ကိုကွေ့ပြီးလာခဲ့ပါတယ်။

၃၆လမ်းရောက်တော့ လမ်း၈ဝဘက်ပြန်သွားဘို့ ဆိုင်ကယ်ကို အကွေ့

မျက်လုံးဒေါင့်မှာ  ရိပ်ကနဲမြင်လိုက်လို့ကြည့်လိုက်တော့

လမ်းပြောင်းပြန်စီးလာတဲ့ ဆိုင်ကယ်နှစ်စီးကိုဘွားကနဲတွေ့လိုက်ရပါတယ်။

ကျနော်ကလဲ ဆိုင်ကယ်ဘရိတ်ကိုဆောင့်အုပ်လိုက်တော့ ဟန်ုချက်ပျက်ပြီးဆိုင်ကယ်လဲမလိုဖြစ်သွားပါတယ်။

ကျနော့်ရှေ့တည့်တည့်မှာ တစ်စီးကို သုံးယောက်စီ စီးလာတဲ့ ဦးထုပ်မပါ ဘာမပါနဲ့

လူငယ်တွေကိုတွေ့လိုက်ရပါတယ်။

လဲသွားသူကို ထူပေးရကောင်းမှန်းလဲမသိ။

ဆိုင်ကယ်ပေါ်ကမဆင်းဘဲ  ကြည့်နေတဲ့  သူတို့မျက်နှာပေး မထီတရီကိုမြင်ရတော့

စိတ်ထဲမှာထောင်းကနဲဖြစ်သွားပါတယ်။

ဘေးနားမှာရပ်နေတဲ့ ကောင်လေးနှစ်ယောက်က ပြေးလာပြီး

“လေးလေး ဘာဖြစ်သွားသေးလဲ” လာမေးတော့ မှလမ်းပြောင်းပြန်စီးလာတဲ့ ဆိုင်ကယ်သမားတွေက ဝေါကနဲမောင်းပြေးကြပါတယ်။

ဒါနဲ့ဘဲ ဆို်င်ကယ်ဆက်မောင်းလာခဲ့တော့ ဒီ ၃၆လမ်း ၇၈-၈ဝကြား မှာ

တစ်လမ်းမောင်းလုပ်ထားတကိုကို သိပါလျက်နဲ့အနောက်ကနေ အရှေ့ကို ဆန်တက်လာကြတဲ့

ကားတွေ ဆိုင်ကယ်တွေကို တွေ့လိုက်ရပါတယ်။

နေဝင်စ ခပ်မှောင်မှောင်မှာ မီးမထွန်းဘာမထွန်းနဲ့ အရှိန်ပြင်းပြင်းနဲ့ တဝေါဝေါမောင်းလာကြတဲ့

ဆိုင်ကယ်တွေမြင်ရတော့  “ငါ့များ ဝင်တိုက်လိုက်ရင်”ဆိုတဲ့ အတွေးကြောင့်

ကျောချမ်းလာတာတော့အမှန်ပါဘဲ။

ဒါပေမယ့်လဲ မန်းလေးမြို့ရဲ့ ထုံးစံအတိုင်း မသိစိတ်ရဲ့အလိုလိုညှိနိုင်းမူ့နဲ့ဘဲ

လွတ်တဲ့နေရာကနေ ရှောင်ကွင်းပြီးသွားကြတော့တာပေါ့။

အားလုံးအတွက်ကတော့ ဒါမျိုးကရိုးနေသလိုပါဘဲ။

 

နောက်နေ့မနက်အလုပ်အသွားမှာ ဘုရားကြီးစာတိုက်ကွေ့အရောက် အရှေ့ဘက်ကနေ

အရှိန်ကုန်မောင်းပြီးပြောင်းပြန် ဆင်းလာတဲ့ ဆိုင်ကယ်မြင်တော့

ကမန်းကတန်း လွတ်အောင်ရှောင်ရပြန်ပါတယ်။

အဲဒီကနေ ဆက်သွားတော့ ၄၂လမ်းကျောက်ထိုးရုံကွေ့ရောက်တော့လဲ ဒီအတိုင်းပါဘဲ။

ကုန်းအောက်ဖက်ကနေ ဆိုင်ကယ်နဲ့ တက်လာတဲ့ “ကိုကို“မမ” တွေက ၄၂လမ်းထဲကို

လမ်းပြောင်းပြန် ဝင်ကြပါတော့တယ်။

အရှိန်လဲမရှော့ ဝင်လာတဲ့ ပုံကလဲ အလုအယက် တကယ့်ကို ဇွတ်ဘဲ ဆိုတော့

လမ်းမှန်စီးလာတဲ့သူကဘဲ အလိုက်တသိရပ်ပေးလိုက်ရပါတယ်။

မသေချင် မကျုးိချင်တဲ့လူ တွေက အလိုကတသိရှောင်ပေးပေါ့။

 

**********************************************************************

မန္တလေးမြို့မှာအရင်ကတော့ တစ်လမ်းမောင်းဆိုတာ မရှိခဲ့ပါဘူး။

မှတ်မှတ်ရရ ၁၉၈၄-၈၅လောက်မှာ ကျုံးနံဘေးက၂၆ဘီလမ်း ကို ၆၆လမ်းကနေ တရုတ်တန်း

လမ်း ၈ဝအထိကိုတစ်လမ်းမောင်းသတ်မှတ်လိုက်ပါတယ်။

အရှေ့ကနေ အနောက်ကိုဘဲသွားခွင့်ပြုတာပါ။

အနောက်ဘက်နေလာရင်တော့ ၂ရလမ်းကသွားပေါ့။

အဲဒီအချိန်တုံးက မန်းလေးမြို့က အခုလိုလဲ လူမစည်ကားပါဘူး။

အနောက်ကနေ အရှေ့ကိုလာရင် ၇၃လမ်းကျော်ပြီး မြို့တော်ခန်းမလွန်တာနဲ့

လူနေအိမ်ခြေကျဲသွားပါတယ်။

ရှိတဲ့အိမ်ကလည်း ကိုယ့်ဝင်းကိုယ့်ခြံနဲ့သီးသန့်နေကြတဲ့သူတွေဘဲရှိပါတယ်။

ည ရနာရီကျော်ရင်အဲဒီလမ်းမှာ လူအသွားအလာမရှိသလောက်။

နန်းရှေ့ကနေ မြို့ထဲကိုလာပြီးအလုပ်လုပ်တဲ့သူတွေအခက်တွေ့ကုန်တာပေါ့။

လမ်းမီးကမူန်ဝါးဝါး လူကလဲပြတ်ဆိုတော့ မကြာခဏ လုတာ လူကိုရိုက်သွား တာတွေရှိလာပါတယ်။

သီးသန့်နေတဲ့ လူတန်းစားတွေဘဲရှိတဲ့ရပ်ကွက်ဖြစ်နေပြန်တော့ အော်ခေါ်ပြီးအကူအညီတောင်းလည်း

ထွက်ကြည့်မယ့်သူမရှိပါဘူး။

အတော်လေးကို အခက်အခဲတွေ့ခဲ့ကြရတာပါ။

နောက်တော့  ကျုံးနံဘေးကအရင်လိုဘဲ နှစ်လမ်းသွားပြန်ဖြစ်သွားပါတယ်။

 

နောက်ပိုင်းမှာတော့ မြို့ထဲက အသွားအလာများတဲ့ လမ်းတွေကို

တစ်လမ်းမောင်းတွေ သတ်မှတ်လို့လာခဲ့ပါတယ်။

မန်းလေးလမ်းတွေက ကျဉ်းမြောင်းတယ် ယာဉ်အသွားအလာများတယ်ဆိုပြီး တစ်လမ်းမောင်းသတ်မှတ်ခဲ့တာပါဘဲ။

 

အစဦးဆုံးလုပ်ခဲ့တာကတော့ ၂၆ဘီလမ်းကနေ၃၅အေလမ်းကြားက လမ်းတွေကို

တောင်မြောက်လမ်းတွေကို အရင်ဆုံးတစ်လမ်းမောင်းအဖြစ်သတ်မှတ်ခဲ့တာပါ။

၈၁လမ်းကို တောင်ကနေမြောက်၊

၈၂လမ်းကိုမြောက်ကနေတောင်၊

၈၃လမ်းကို တော့ တောင်ကနေမြောက်ဘက် တစ်လမ်းသွားလို့သတ်မှတ်ခဲ့ပါတယ်။

အစကတော့ လမ်း၈ဝနဲ့၈၄လမ်းမကြီးကတော့ နှစ်လမ်းသွားပေါ့။

နောက်ဈေးချိုတစ်ဝိုက်ဖြစ်တဲ့ ၈၄-၈၅ကြားမှာ ၂၈လမ်းကအရှေ့ကနေအနောက်၊

၈၅လမ်းက မြောက်ကနေတောင်၊

၂၉လမ်းကတော့ အနောက်ကနေအရှေ့ အဦးဆုံးသတ်မှတ်ခဲ့တဲ့တစ်လမ်းမောင်းတွေပါဘဲ။

အဲလိုတစ်လမ်းမောင်းလုပ်ခါစမှာ တော့ အကျွမ်းမဝင်သေးတဲ့ ယာဉ်မောင်းသူတွေမှာမကြာခဏအဖမ်းခံ

ရပါတယ်။

အဲဒီအချိန်တုံးကတော့ မသိလို့လမ်းပြောင်းပြန်ဝင်ကြတာပါ။

သိသိနဲ့ဝင်တဲ့သူကလည်း မရွှံ့မရဲ မဝံ့မရဲနဲ့ လမ်းပြောင်းပြန်ဝင်ကြတာပါ။

အဲလိုဝင်ရင်လဲ လမ်းတစ်ဖက်ဖက် ကို ကပ်ပြီး မောင်းကြတာများပါတယ်။

လမ်းပြောင်းပြန်ဝင်တဲ့သူလဲနည်းပါတယ်။

အဲဒီအချိန်တွေတုံးကလဲ မန်းလေးမြို့မှာ ဆိုင်ကယ် ကားအရေအတွက်ကနည်းသေးတာလဲ

ကြောင့်လဲဖြစ်နိုင်ပါတယ်၊

*************************************************************************

တစ်လမ်းမောင်းလုပ်တယ်ဆိုတာက လမ်းကျဉ်းလို့ လုပ်တာပါ။

ဒါပေမယ့် တစ်လမ်းမောင်းလုပ်လိုက်တာနဲ့အဲဒီလမ်းပေါ်မှာရှိနေတဲ့ အိမ်တွေ ဆိုင်

တွေအတွက် ယာဉ်ရပ်နားစခန်းဖြစ်သွားပါတော့တယ်။

ကျောက်လမ်းမရဲ့ ဟိုဘက်ဒီဘက်နှစ်ဖက်စလုံးမှာ ကားအပြည့်ရပ်ထားတာ မရွှေ့စတမ်းပါဘဲ။

အဲတော့ ကားနှစ်စီးရပ်ထားတဲ့ကြားက အလည်လမ်းလေးမှာသာ စက်ဘီး ဆိုင်ကယ် ကား

ကျပ်ကျပ်သိပ်သိပ်နဲ့ သွားကြရပါတော့တယ်။

အထူးသဖြင့် ၈၃လမ်းဆိုရင် ၂၉လမ်းနဲ့၂၆ဘီလမ်းအကြားက အဆိုးဆုံးပါဘဲ။

စာအုပ်ဆိုင် ၊လျပ်စစ်ပစ္စည်းရောင်းတဲ့ဆိုင်၊အသံချဲ့စက်တွေရောင်းတဲ့ဆိုင်၊ဟိုတယ်တွေ

ဘဏ်တွေနဲ့ ဆန်စက် ရေစုပ်စက်အစရှိတဲ့လယ်ယာသုံးပစ္စည်းရောင်းတဲ့ဆိုင်တွေတသီ

တတန်းကြီးရှိနေတဲ့ အမြဲတမ်းလူတွေရှုပ်ထွေးကျပ်သပ်နေတဲ့ လမ်းပေ့ါ။

ကိုယ်ပိုင်ကားတွေက လမ်းတစ်ဖက်တစ်ချက်မှာ အသေရပ်ထား။

အဲဒီလမ်းမှာဖွင့်ထားတဲ့ ဆိုင်တွေကို ပစ္စည်းလာချတဲ့ကားတွေကလမ်းတစ်ဝက်လောက်ပိတ်ပြီး ကုန်တင်ကုန်ချလုပ်။

ဟိုတယ်တွေကိုလာတဲ့ယာဉ်တွေကော

ဘဏ်တွေကိုလာတဲ့ ကားတွေဆိုင်ကယ်တွေကလဲ လမ်းမပေါ်မှာရပ်။

စက်ပစ္စည်းရောင်းတဲ့ သူတွေကလဲ လမ်းမပေါ်မှာ သူုတို့ရောင်းတဲ့ပစ္စည်းတွေချ။

လမ်းပေါ်မှာတင် ရေပိုက်တွေဖြတ်တဲ့သူက ဖြတ်။

ဒီဆိုင်တွေကို ဈေးဝယ်လာတဲ့ကားတွေကလဲ လမ်းမပေါ်မှာနှစ်ထပ်ရပ်။

အဲဒီနားက ဆိုင်တွေက ရေပိုက်တွေ စက်တွေ ကို သယ်ပြီးကားဂိတ်တွေကို

သွားပို့မယ်လက်တွန်းလှည်းတွေ ဆိုက်ကားတွေကလည်း မနိုင်မနင်းနဲ့

လမ်းပြောင်းပြန်ဝင်လာနဲ့မနက်မိုးလင်းက မိုးချုပ်ရှုပ်ယှက်တွေခပ်နေတာပါဘဲ။

၈၂လမ်းပေါ်မှာတော့ သုံးဘီးကားအပျက်တွေကို လမ်းပေါ်မှာရပ်ထားတဲ့သူကရပ်။

လမ်းဘေးထွက်တဲ့မုန့်ဆိုင်လေးတွေကလဲ ပလက်ဖောင်းအရှေ့မှာဆိုင်ခင်း။

အဲတော့ တစ်လမ်းမောင်းကနေ ကားတစ်စီးဘဲမောင်းလို့ရတဲ့အနေအထားကို

ရောက်သွားပြန်ပါတယ်။

အဲလိုကျဉ်းကျဉ်းကျပ်ကျပ်လမ်းထဲကို လက်တွန်းလှည်းတွေစက်ဘီးတွေ

ဆိုင်ကယ်တွေက လမ်းပြောင်းပြန်ဝင်လာတော့ပိုကျပ်သထက်ကျပ်သွားပါတယ်။

ပြောင်းပြန်ဝင်ကြတာက တစ်ဘက်ထည်းမဟုတ်ပါဘူး။

ဘယ်ဘက်ကလူကလဲဝင် ညာဘက်ကလူကလဲဝင်နဲ့နှစ်ဖက်ညှပ်ဝင်ကြတာပါ။

ဒီတော့တစ်စီးနဲ့တစ်စီးလွတ်တယ်ဆိုရုံလေး ဖြည်းဖြည်းခြင်းသွားကြရတော့တာပေါ့။

အဲဒီလိုကျပ်နေတဲ့အထဲကနေ ဆိုင်ကယ်စတန့်မင်းသားတွေက ဟိုကွေ့ဒီကောက်

ဟိုဝင်ဒီထွက်နဲ့ ကားတွေကြားထဲကနေ ရှေ့မရောက် ရောက်အောင်စီးကြ။

အဲဒါကတော့ တစ်လမ်းမောင်းလုပ်ထားတဲ့နေရာတိုင်းမှာအနည်းနဲ့အများမြင်တွေ့နေရတဲ့

မြင်ကွင်းတွေပါဘဲ။

ဈေးချိုရှေ့က ၈၄လမ်းမကြီးကို အရင်က ကားတွေရပ်ခွင့်မပေးတော့ အရင်ထက်စာရင်

အရမ်းကိုကျယ်ပြန့်လို့သွားပါတယ်။

မရပ်ရလို့ စည်းကမ်းသတ်မှတ်ပြီးကာမှ ခဏတော့ ရပ်လို့ရတယ်လို့ ခွင့်ပြုလိုက်ပြန်တော့

လမ်းတစ်ဘက်တစ်ချက်မှာရပ်ထားတဲ့ကားတွေကတော့ရှိနေမြဲ။

ဒါပေမယ့် ၂ရလမ်းထိပ်အစ ကုန်းကျော်တံတားအောက်မှာတော့ ဆိုက်ကားတွေက

လမ်းပိတ်ရပ်ထားပြန်တော့ အဲဒီနားလေးက လမ်းကအရင်လိုရှုပ်ယှက်ခတ်စမြဲပါဘဲ။

 

****************************************************************

၂၀၁၂မှာတော့ မော်တော်ကား အဟောင်းတွေအပ်နိုင်တယ်ဆိုရင် ကားဝယ်ခွင့်ပါမစ်တစ်စောင်ပြန်ရပါတယ်။

အဲဒီအခါမှာတော့ အရင် က ဆီထုတ်ရောင်းဘို့လောက်သာ အသုံးချဘို့ အိမ်ထဲမှာသိမ်းထားတဲ့

ဘီးလှိမ့်ရုံလောက်သာမောင်းလို့ရတဲ့ ကားအိုကားဟောင်း ကားစုတ်ကားပြတ်တွေကနေ

ကားအကောင်းတွေအဖြစ်ဘဝပြောင်းပြီး လမ်းမပေါ်ကိုရောက်လာကြပါတယ်။

နောက် တရုပ်ဘက်က ယိုးဒယားဘက်က ခိုင်းဝင်လာတဲ့ဆိုင်ကယ်တွေကို တရားဝင်လိုင်စင်တွေချ

ပေးလိုက်ပြန်ပါတယ်။

ငွေကျပ်တစ်သိန်းစွန်းစွန်းလောက်ရှိရင် လမ်းပေါ်မှာပြေးလို့ရတဲ့ ဆိုင်ကယ်ကိုဝယ်လို့ရတော့

အရင်က စက်ဘီးနဲ့စခန်းသွားနေရတဲ့ အခြေခံလူတန်းစားတွေကလဲ ဆိုင်ကယ်ပေါ်ရောက်သွားပါတယ်။

ပြည်ပက ကားတင်သွင်းခွင့်တွေ ကို လျော့ပေါ့လိုက်တာရယ်၊

လွတ်လပ်စွာတင်သွင်းခွင့်ပြုလိုက်တာရယ်၊

ကားအဟောင်းပိုင်ရှင်တွေကို ကားအသစ်တင်သွင်းခွင့်ပေးလိုက်တာကြောင့် ကားဈေးတွေပြုတ်ကျကုန်ပါတယ်။

အဲတော့ အရင်ကသိန်းထောင်ချီတဲ့ကားက သိန်းရာကြီးဂဏန်းဖြစ်သွားပြီး

အရင်းက သိန်းရာကြီးဂဏန်းရှိတဲ့ကားလေးတွေက သိန်းရာဂဏန်းစွန်းစွန်းဖြစ်ပြီး

သိန်းရာဂဏန်းရှိတဲ့ကားလေးတွေက သိန်းဆယ်ဂဏန်းကိုရောက်သွားပါတယ်။

အဲတော့ ဂျစ်ပုလေးတွေတို့ စက်မူ့ဇုံထုတ် လိုက်ထရပ်လေးတွေကို သာမန်လူလတ်တန်းစားက

ဝယ်စီးနိုင်တဲ့အဆင့်ကိုလျောကျသွားပါတယ်။

အဲတော့လဲမန်းလေးမှာ ရှိတဲ့အိမ်တိုင်းလောက်မှာ ကားမရှိတဲ့အိမ် ဆိုင်ကယ်မရှိတဲ့အိမ်ကမရှိသလောက်။

အချိုအိမ်တွေဆိုရင် အိမ်ရှိလူကုန် ဆိုင်ကယ်တစ်စီးစီတော့ရှိတဲ့အနေအထားကိုရောက်သွားပါတယ်။

ယာဉ်အရေအတွက် တွေ တိုးလာပေမယ့် ထပ်ကျယ်အောင်ချဲ့လို့မရတာကတော့မန်းလေးမြို့ရဲ့လမ်းမ

အကျယ်အဝန်းပါဘဲ။

ဟိုရှေးရှေး မြင်းလှည်းခေတ် ဆိုက်ကားခေတ် စက်ဘီးခေတ်တုံးကတော့ မန်းလေးမြို့ရဲ့ကျောက်လမ်းမ

ကျဉ်းကျဉ်းလေးတွေက ပြဿနာမရှိ သူ့အိုးနဲ့သူ့ဆန်တန်ရုံလောက်ပါဘဲ။

အခုလို ယာဉ်တွေပေါများလာချိန်မှာတော့ ဝင်းတွေနဲ့ တည်ထားခဲ့တဲ့ လေးထောင့်စပ်စပ်မြို့ဖွဲ့စည်း

ပုံကြောင့် လမ်းထပ်ချဲ့စရာနေရာမကျန်တော့ပါဘူး။

 

ဒုတိယကမ္ဘာစစ်အပြီးနဲ့ မန္တလေးမြို့ ကြီးမီးသင့်ပြီးတဲ့အခါ အိမ်တွေပြန်ဆောက်ကြတဲ့အချိန်

မှာ လမ်းမတန်းမှာနေသူအတော်များများက လမ်းမြေကို ကိုယ်ပိုင်မြေအဖြစ်

ဝင်းခတ်ပြီးအပိုင်ယူခဲ့ကြပါတယ်။

ဒါပေမယ့် ၁၉၈၈အလွန် စစ်အုပ်ချုပ်ရေးပြောင်းလဲချိန်မှာတော့ ကျုံးပါတ်ပါတ်လည်နဲ့ ၂၆ဘီလမ်းမကြီးပေါ်ကလမ်းမြေကိုယူထားတာတွေကို ပြန်သိမ်းပြီးလမ်းချဲ့ပါတော့တယ်။

အဲဒီအချိန်ကတော့ မန်းလေးမြို့လည်း မီးမလောင်စစ်မဖြစ်ဘဲမြို့ပျက်ကြီးလိုဖြစ်သွားပါသေးတယ်။

မြေတိုင်းရုံးနဲ့ စည်ပင်ပေါင်းပြီး ကျကျနန တိုင်းပြီး ရှေးကတည်းက ရှိခဲ့တဲ့လမ်းမြေကို အတိအကျပြန်

ယူကြတဲ့အခါ လမ်းမြေပေါ်မှာ အခို်င်အမာဆောက်ထားခဲ့တဲ့ အိ်မ်တွေကိုဖျက်တာဖျက် နောက်ဆုတ်တာ

ဆုတ်ပေးရဆိုတော့ လက်သမားပန်းရံနဲ့ တိုက်ကန်ထရိုက်ဆောက်သူတွေအတော်လေးအလုပ်ဖြစ်

သွားခဲ့တယ်ဆိုရင်လဲ မမှားပါဘဲ။

ငြိမ်-ပိလက်ထက်မှာတော့ မန်းလေးမြို့ရဲ့လမ်းတျွေကျယ်လာတာအမှန်ပါဘဲ။

လမ်းကြိုလမ်းကြားကအစ လမ်းတော်တော်များများ ဟာ မြေလမ်းကျောက်ကြမ်းလမ်းကနေ

ကတ္တရာလမ်းမတွေဖြစ်ကုန်တာလဲအမှန်ပါဘဲ။

ဒါပေမယ့် ကျယ်လာတဲ့လမ်းက တစ်စထက် တစ်စ တိုးလာတဲ့ယာဉ်အစီးအရေ နောက်ကို

အမှီမလိုက်နိုင်တဲ့အခါ လမ်းတွေကျပ်နေတာလဲအမှန်ပါဘဲ။

********************************************************************

မန်းလေးမြို့ဖွဲ့စည်းပုံထဲမှာ လက်ရှိခေတ်ကာလနဲ့ မကိုက်ညီတော့တဲ့ အဆောက်အဦးကတော့

မန္တလေးဘူတာကြီးပါဘဲ။

၇၈နဲ့၇၉လမ်းမ  တစ်ပြပေါက်ကြီးကို ၂၆ဘီလမ်းကနေပိတ်လိုက်တာ ၃၅အေလမ်းအထိပါဘဲ။

မီးရထားသံလမ်းကလဲ လမ်းမကြီးကို ၇၉လမ်းနဲ့လမ်း၈ဝအကြားမှာ လမ်း၃ဝကနေ ဟိုးရှမ်းစုဘူတာ

ရောက်တဲ့ အထိပါဘဲ။

ဒါပေမယ့် ၃၅လမ်း ၄၂လမ်းနဲ့ ရှမ်းစုဘူတာအလွန် ဦးပွားဘုရားနားမှာသာကုန်းကျော်တံတားရှိပါတယ်.။

ဒီတော့ကျန်တဲ့နေရာတွေမှာ မီးရထားလာတာနဲ့ လမ်းကို ခေတ္တပိတ်ရပြန်ပါတယ်။

ဟိုးအရင်ကတော့ ကုန်းကျော်တံတားတွေကို ဆိုင်ကယ်တွေဖြတ်သန်းခွင့်ပေးထားပါတယ်။

ဒါပေမယ့် ကုန်းကျော်တံတား ကို ဖြတ်ကြတဲ့ ဆိုင်ကယ်တွေက စည်းကမ်းအတော်လေးမဲ့

ကြပါတယ်။

ကုန်းကျော်ပေါ်က ဆင်းလာတဲ့ ဆိုင်ကယ်တွေက မီးနီမိတယ်ဆိုရင် အတက်လမ်းကြောပေါ်ထိ

ပိတ်ပြီး နေရာယူကြ ကုန်းကျော်ကို တက်လာတဲ့ ယာဉ်တွေကို လမ်းပိတ်ထားသလိုဖြစ်ပြီး

လမ်းတွေကျပ် ပြီး လမ်း၈ဝ ကုန်းကျော်ကနေ ၇၈လမ်းကုန်းကျော်အထိ ပိတ်ကုန်ပါတော့တယ်။

အဲလိုမကြာခဏဖြစ်လာတဲ့အခါ ကုန်းကျော်တံတားသုံးခုရှိတဲ့အထဲကနေ ဦးပွားကုန်းကျော်တံတား

တစ်ခုဘဲ ဆိုင်ကယ်တက်ခွင့်ပြုပါတော့တယ်။

ကျန်တဲ့ ၃၅လမ်းနဲ့၄၂လမ်းကို စက်ဘီးဆိုင်ကယ် မတက်ရတော့ပါဘူး။

ကုန်းကျော်မတက်ရ ရုံတင်မကဘဲ အရင်နှစ်လမ်းမောင်းဖြစ်တဲ့ ရ၈လမ်းနဲ့လမ်း၈ဝကြား ကို

၃၆လမ်းကနေ လမ်း ၄ဝအထိတစ်လမ်းမောင်းအဖြစ်ပြောင်းလိုက်ကြပါတယ်။

၃၆လမ်းကို အရှေ့ကနေအနောက်၊

၃ရလမ်းကတော့ အနောက်ကအရှေ့၊

78စူပါမတ်ကက်နံဘေးက ၃၈လမ်းကိုတော့ နှစ်လမ်းသွား၊

၃၉လမ်းကအနောက်ကအရှေ့၊

လမ်း၄ဝကတော့အရှေ့ကအနောက်သတ်မှတ်ပေးလိုက်ပါတယ်။

အဲတော့ ဆိုင်ကယ်ကားတွေကို တစ်ဖက်တည်းစုပေးသလိုဖြစ်သွားပါတယ်။

နောက်ပြီး ကိုယ်သွားချင်တဲ့နေရာကိုရောက်ဘို့ တစ်ပြပိုမောင်းရသလိုလဲဖြစ်သွားပါတယ်။

၇၈လမ်းကနေ လမ်း၈ဝဘက်ကိုကူးဘို့ရာဆိုရင် ၂ရလမ်းနဲ့၃၅လမ်းကြားထိလမ်းဖြတ်ကူးစရာနေရာ မရှိ။

ဘူတာကြီးက ကန့်လန့်ခံပြီးလမ်းပိတ်ထားပါတယ်။

၂၉လမ်းအကျော်မှာ မီးရထားကုန်းကျော်တံတားရှိပေမယ့် လမ်းဖြတ်သန်းခ ငါးဆယ်ပေးရပါတယ်။

ဒါပေမယ်လည်း ဒီတံတားက ကားတစ်စီးစာလောက်ဘဲကျယ်တော့ များများ ဖြတ်လို့မရသလို

တွင်ကျယ်အောင်သုံးလို့ရမနို်င်ပါဘူး။

 

မန်းလေးဘူတာကြီး ရထားလမ်းကလဲ ရ၈လမ်းနဲ့လမ်း၈ဝအကြားမှာ ဘုရားကြီးအထွက်ရှမ်းစုဘူတာထိရှိနေပြန်ပါတယ်။

တစ်ရက်တစ်ရက် ဒီလမ်းပေါ်ကိုဖြတ်တဲ့ ရထားအစင်းရေကလဲမနည်းပါဘူး။

အဲတော့ရထားဖြတ်တိုင်းလမ်းကို ပိတ်ရပါတယ်။

ဒီတော့ နေ့စဉ်နဲ့အမျှသွားလာနေရတဲ့အခါ မီးရထားဖြတ်လို့လမ်းပိတ်ထားတာကိုစောင့်ရတာလဲ

အချိန်ကုန်လူပန်းပါဘဲ။

တစ်ခါတစ်လေမီးရထားမလာသေးဘဲကြိုပိတ်ထားတာကြာရင် လူတွေကို နေပူလှမ်းထားသလိုပါဘဲ။

မီးရထားလာဘို့ကြာလေလေ လမ်းဖြတ်ကူးဘို့စောင့်နေတဲ့ ကားဆိုင်ကယ် အစီး ရေကများလေလေပါဘဲ။

ဒီအထဲမှာ လမ်းပြောင်းပြန်ဝင်လာတာနဲ့ဆုံရင် ဘယ်သူမှသွားမရဘဲ ပိတ်နေတတ်ပါတယ်။

 

ဟိုအရင်အချိန်က လမ်းပြောင်းပြန်စီးရဲသူနည်းပါတယ်.။

မော်တော်ပီကယ် အဖမ်းခံရမှာကြောက်ကြပါတယ်။

ဆပ်ပရိုက်ချက်တာမဟုတ်ဘဲလဲ ဖမ်းချင်ဖမ်းပါတယ်။

အခု အစိုးရသစ်လက်ထက်မှာ သိပ်အဖမ်းအဆီးမလုပ်ဘဲ လွှတ်ထားပေးလိုက်တဲ့အခါ လူတွေက

အကမ်းတက်လာပါတယ်။

ယဉ်ထိန်းတွေက လဲ ပြဿနာတက်မှာ အခြေအတင်ဖြစ်မှာစိုးရိမ်တဲ့အတွက်

ရှောင်တစ်ခင်စစ်ဆေးချိန်ကလွဲရင် သူတို့ရှေ့မှာ လမ်းပြောင်းပြန်ဖြတ်ဖြတ် ဦးထုပ်မပါဘဲသွားသွား

သုံးယောက်ဘဲစီးစီး နံပါတ်ပြား ပါချင်ပါ မပါချင်နေ မဖမ်းတော့ပါဘူး။

ဖမ်းလိုက်လို့ပြဿနာတစ်စုံတစ်ရာပေါ်ခဲ့ရင်သူ့ဘဲဖြေရှင်းနေရမှာစိုးတော့ ကြည့်နေတာများပါတယ်။

အဲလို နည်းနည်းလေး လွှတ်ပေးလိုက်တာနဲ့ လူတွေကလဲ အကမ်းတက်ပါတယ်။

လမ်းပြောင်းပြန်မှန်းသိလျက်နဲ့ တမင်ဝင်ပါတယ်။

လမ်းအလည်ခေါင်ကမောင်းပါတယ်။

အဲတော့ လမ်းမှန်လာသူနဲ့ မျက်နှာချင်းဆိုင်တိုက်မိကြပါတယ်။

အထူးသဖြင့် ၃၆-၃၇-၃၉-၄ဝ တစ်လမ်းမောင်းတွေမှာ လမ်းပြောင်းပြန်ဝင်ကြပါတယ်။

တစ်ခါတော့ ၃၆လမ်းမှာ လမ်းမှန်လာတဲ့ကားနဲ့လမ်းပြောင်းပြန်လာတဲ့ကားခေါင်းခြင်းဆိုင်ပြီး

ရပ်နေကြတာ လမ်းတွေပိတ်တာ နာရီဝက်နီးပါးကြာပါတယ်။

တစ်လမ်းမောင်းကိုပြောင်းပြန်ဝင်တာအဆိုးဆုံးကတော့ ဘုရားကြီးပါတ်ပါတ်လည်ကလမ်းတွေပါဘဲ။

ဘုရားကြီးအရှေ့မုဒ်တည့်တည့်ကလမ်းက အရှေ့ဘက်၇၈လမ်းကနေဘဲ အနောက်ဘက်ကိုဆင်းလို့ရပါတယ်။

ဘုရားကြီးအရှေ့၈၁လမ်းကလဲ တောင်ကနေမြောက်ကိုသွားရတာ ၄၂လမ်းအထိ။

ဘုရားကြီးမြောက်ဘက်မုဒ်ရှေ့ကလမ်းက အနောက်ကနေဘဲအရှေ့တက်လို့ရပြီး ၄၂လမ်းကတော့ အရှေ့ကနေဘဲ

အနောက်ကိုသွားလို့ရတဲ့ တစ်လမ်းမောင်းပါ။

ဒါပေမယ့် ဒီလမ်းကို လူအတော်များများက ပြောင်းပြန်မောင်းကြပါတယ်။

အဲလိုစည်းမဲ့ကမ်းမဲပမောင်းရင်းက ကြာတော့ ဒီလမ်းတွေကို တစ်လမ်းမောင်းသတ်မှတ်ထားမှန်းတောင်မသိတော့သလောက်ဖြစ်ကုန်ပါတယ်။

တစ်လမ်းမောင်းကိုအရှိန်မရှေ့ာမောင်းသူနဲ့ငါလမ်းမှန်ဘဲကွ ဆိုပြီးဘေးကပ်မပေးတဲ့သူ

တိုက်မိရင် ပွဲချင်းပြီးပါဘဲ။

ဒီလမ်းပြောင်းပြန်တွေက ကျန်တဲအချိန် သွားချင်သလိုသွားလွှတ်ထားပေး။

ယာဉ်ထိန်းရှေ့ဖြတ်သွားလဲမဖမ်းဘဲ ဒီအတိုင်းကြည့်နေ။

ဘဏ္ဍာတော်ငွေလိုမှ ဆပ်ပရိုက်ချက်ဆိုပြီးလမ်းပိတ်ပြီး တသီတတန်းကြီးဖမ်းဆိုတော့

ထားချင်သလိုထားခဲ့ပြီးမှ သိမ်းကျုံးဖမ်းပြီး ဒဏ်ငွေဆောင်ခိုင်းတာက တော့

တမင်သက်သက် အကွက်ဆင်ထားသလိုပါဘဲ။

 

လမ်းကျဥ်းလို့ဆိုပြီး တစ်လမ်းမောင်းလုပ်ပါတယ်။

တစ်လမ်းမောင်းလို့သတ်မှတ်လိုက်တာနဲ့ ကားတွေကို တစ်နေကုန်ရပ်ချင်သလိုရပ်ထား

ပြောင်းပြန်ဝင်တဲ့သူကဝင်ဆိုတော့ လမ်းက ကျဉ်းတဲ့အပြင်ပိုရှုပ်ထွေးပြီး လမ်းပိတ်ကုန်ပါတယ်။

တစ်လမ်းမောင်းလို့သတ်မှတ်ထားပေမည့်လည်း မဖမ်းဘူးဆိုပြန်တော့ တမင်လမ်းကိုပြောင်းပြန်

ဝင်တော့ အမြဲတမ်းတိုက်မိခိုက်မိကြပါတယ်။

ဘူတာကြီးလမ်းက ကန့်လန့်ခံနေတော့၇၈လမ်းနဲ့လမ်း၈ဝကူးဘို့အတွက် အတော်ခက်ခဲပါတယ်။

ဒီတော့လဲ လမ်းတွေမှာယာဉ်တွေများပြီး ပိတ်ဆို့မူ့ရှိနိုင်ပါတယ်။

 

ပြီးခဲ့တဲ့လက ဂျပန်လေ့လာရေးအဖွဲ့လာသွားတော့ မန်းေးလဘူတာရုံကြီးကို ရွှေ့ဘို့ အကြံပေးသွားပါတယ်။

အခုအချိန်ခါမှာကားတွေလဲပေါ ကားလိုင်းတွေလဲပေါဆိုပြန်တော့မီးရထားနဲ့ခရီးသွားတဲ့လူလည်းနည်းလာပါပြီ။

အဲတော့ ဘူတာကြီးကိုရွှေ့မယ်ဆိုရင်ရွှေ့လိုရတဲ့အချိန်ရောက်နေပါဘဲ။

ခရီးသည်အများစု အသုံးပြုနေတဲ့ကားကြီးကွင်းကလဲ ကျွဲဆည်ကန်မှာအခြေတကျ။
ကုန်စည်ပို့ဆောင်တဲ့ ကားဂိတ်တွေကလဲ မန်းလေးမြို့အထွက်မှာ အခြေကျစ။

အဲတော့ မြို့လည်ခေါင်မှာ ပိတ်နေတဲ့ ဘူတာကြီးရယ် ၊တစ်ဖက်ထဲကဘဲ လာလို့ရတဲ့ မြို့ဟောင်းကကုန်တင်

့နေရာနှစ်ခုကို ဟိုဘက်ဒီဘက်သွားနို်င်တဲ့ မြို့ပြင် မှာပြောင်းသင့်တယ်လို့ထင်ပါတယ်။

ကျွဲဆည်ကန်ကားဝင်းအလွန် အမြန်လမ်းမကြီးနံဘေးက တံခွန်တိုင်ဘူတာလိုနေရာမျုးိကိုပြောင်းရင်

အတော်လေးကိုသင့်တော် မြို့ထဲမှာလည်း လမ်းပိတ်တာ မီးရထားလာလို့ရပ်ထားရတာမရှိနိုင်တော့ပါဘူး။

******************************************************************************

နောက်တစ်ချက်ကတော့ မန်းလေးမြို့လမ်းကျဉ်းကျဉ်းမှာ တလမ်းမောင်းလုပ်လိုက်လို့လဲပိုထူးမသွားပါဘူး။

တစ်လမ်းမောင်းလုပ်ထားတဲ့လမ်းမှန်သမျှမှာ ယာဉ်တွေကို တရားဝင်ရပ်ခွင့်ပေးထားသလိုဖြစ်နေတာရယ်

တစ်လမ်းမောင်း နာမည်ခံထားပေမယ့် စည်းမဲ့ကမ်းမဲ့ သွားချင်သလိုသွားနေကြတာရယ်ကြောင့်

မန်းလေးမြို့မှာတစ်လမ်းမောင်းစံနစ်ကို ဖျက်သိမ်းသင့်တယ်လို့ယူဆပါတယ်။

တစ်လမ်းမောင်းဆိုပြီးလမ်းမှန်မောင်းတဲ့သူကလဲ အရှိန်မလျော့၊

လမ်းပြောင်းပြန်ဝင်တဲ့ယာဉ်ကလဲ တိုက်ချင်တိုက်ဂရုမစိုက် အဲလိုဆိုတော့ ပိုလို့တောင်အန္တရာယ်များပါသေးတယ်။

အန္တရာယ်များရုံတင်မကဘဲ စည်းကမ်းဖောက်ဖျက်တယ်ဆိုပြီးထောင်ဖမ်းလို့ရတဲ့ထောင်ချောက်တစ်ခုလိုဖြစ်နေ

တယ်ဆိုတာလဲ တကယ်တွက်ကြည့်ရင် မသင့်တော်ပါဘူး။

အဲတော့ခေါင်းမာမနေဘဲပြောင်းစရာရှိတာကိုပြောင်းလိုက်ကြရအောင်ပါ။

 

ကိုပေါက်(မန္တလေး)

16-5-2013

 

 

မရွှေ့မပြောင်းတဲ့ သုံးဘီးကားလေးပါ
မရွှေ့မပြောင်းတဲ့ သုံးဘီးကားလေးပါ

 

 

 

20 comments

  • မင်းမင်း

    May 16, 2013 at 9:48 am

    ရေးချင်တာလေးတွေမရေးရလို့စိတ်မကောင်းဖြစ်နေချိန်မှာပြည့်
    ပြည့်စုံစုံလေးရေးထားတာတွေ့ရလို့ဝမ်းသာပ်တိဖြစ်ရပါတယ်
    ဗျာ။မန်းမြို့ကောင်စီကလူကြီးမင်းတွေဖတ်စေချင်ပါတယ်။ဖတ်မိပြီး
    လုပ်နိုင်တာတွေ လုပ်သင့်တာတွေ ပြင်သင့်တာတွေ လုပ်ပေးနိုင်
    ရင်မြို့လူထုအတွက်ကောင်းမှာပါ။
    ဆိုင်ကယ်စီးကြမ်းတာကတော့ အများစုက နယ်ကလာတဲ့ လူတန်းစားပေါင်းစုံနဲ့ မြို့စွန်က အလုပ်ကြမ်းသမားအများစုပါလို့
    နေ့စဉ်မြင်တွေ့နေရပါတယ်။ ဝုန်းကနဲ့ဆို နယ်က ဟိုအဆောင်က
    နေတဲ့သူ အုံးကနဲ့ဆို ပန်ရံသမား ဆေးသူတ်သမား ဒါတွေမြင်ရ
    တာများပါတယ်။ဒါကမျက်စိရှေ့တင်တွေ့ရတာပါ။နောက်မိဘတွေ
    ရဲ့ အသိပါ။၁ဝနှစ်သား သမိး ဆိုင်ကယ်စီးတတ်တာဂုဏ်ယူနေ
    ကြတယ်။
    လမ်းကမကောင်း လူကစည်းစနစ်မရှိ ဟူးးးး

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 16, 2013 at 9:58 am

    လမ်းတွေနဲ့ပတ်သက်လာရင်တော့ ညှာနေကြရင်တော့ ပြဿနာတွေက ဘယ်တော့မှဆုံးတော့မှာမဟုတ်ဘူး
    လေးဘေါက် ပြောသလိုဘါဘဲ တစ်လမ်းမောင်း ဆိုတာ လမ်းကျဉ်းလို့လုပ်တာ ဆိုပေမယ့်
    ဆိုခဲ့သလို လမ်းဧရိယာပေါ်တက်လာရင် ကြောင် တွေကိုတောင် ခွင့်မလွှတ်သင့်ပါဘူး
    လမ်းဘေးဘါညာကွိကွထက်ကိုကျော်ပြီး လမ်းပေါ်တက် လော်စပီကာဖွင့်တဲ့ အလှူခံမဏ္ဍပ်အထိ
    ဆွဲစိဘို့လိုအပ်ပါတယ်
    ှမန္တလေးမြို့ထဲကိုတော့ တစ်ခါမှမရောက်ဖူးပေမယ့် လမ်းတွေကတော့ မီးကုန်ရမ်းကုန်ကျဉ်းပုံတော့မရပါဘူး
    ( ထင်တာရမ်းပြောဒါ )
    ဆိုတော့ကာ လမ်းဧရိယာလို့သတ်မှတ်တဲ့ နေရာတွေမှာရှိတဲ့
    ဆွမ်းလောင်းတဲတွေတောင် မကျန်အောင် ဖျက်ပြစ်ရပါမယ်
    လမ်းကိုအလယ်ဂေါင်ကနေ စင်တာမျဉ်းတားပြီးသုံးမယ်ဆိုရင်
    ဝမ်းဝေးထက်တူးဝေးဖြစ်သွားတဲ့အပြင် ယဉ်မောင်းသူတွေအနေနှင့်လည်း
    စင်တာလိုင်းကို ကြည့်ပြီးမောင်းနိုင်တဲ့အတွက် ယဉ်တိုက်မှု့ပြဿနာလည်း လျှော့ကျသွားမယ်ထင်ပါတယ်
    စကားမစပ် လမ်းကိုအလယ်ကနေဆေးသုတ်ခြင်ရင် ကန်ထရိုက်ယူခြင်ဘါဒယ် :mrgreen:

  • ဦးဦးပါလေရာ

    May 16, 2013 at 10:28 am

    စည်းကမ်းမဲ့တာကတော့ စည်းကမ်းမဲ့လို့ ရလို့ မဲ့တာပါ…။
    ယာဉ်စည်းကမ်းလမ်းစည်းကမ်းဖေါက်ဖျက်သူတွေ တပ်မတော်မှာ ငါးနှစ် စစ်မှု့ထမ်းရမယ်ဆိုပြီး လုပ်ကြည့်ရင်ကောင်းမလား…
    :harr:

    တနေ့ကလဲ ရန်ကုန်မြို့လည်ခေါင်မှာ လမ်းဘေးဈေးသည်တွေက စည်ပင်ဝန်ထမ်းကို ဝိုင်းရိုက်ကြပါတယ်။
    ဆိုတော့… လက်ရှိအရေးအကြီးဆုံးက စည်းကမ်းလိုက်နာဖို့ ဥပဒေလိုက်နာဖို့ ပါပဲ..။

    အဲဒီအတွက်-
    အမှန်တကယ် တရားမျှတပြီး လူများစုအကျိုးကိုရှေ့ရှု့တဲ့ ပုံစံဖြစ်အောင် ဥပဒေစည်းကမ်းတိုင်းကို ပြန်ပြုပြင်ရပါမယ်။
    အဲဒါလဲ ဥပဒေဆိုတာ တစ်ခါပြဌာန်းပြီးရင် ကမ္ဘာတည်သရွေ့ခံရမယ်လို့ မစဉ်းစားထားသင့်ပါဘူး..
    ဥပဒေတစ်ခု ပြင်ဖို့ ခြောက်လ တစ်နှစ် အချိန်ယူနေမှဖြင့် တနိုင်ငံလုံးကိုပြင်ဖို့ ဘယ်တော့မှ ပြီးတော့မှာ မဟုတ်ပါဘူး…။
    လိုတာအမြန်ရေးဆွဲပြုပြင်ပြဌာန်း၊ လူတွေသိအောင်ချပြ ရှင်းပြ၊ လိုအပ်တာရှိရင် အချိန်မဆိုင်းပြန်ပြုပြင်ဖြည့်စွက်နဲ့ အတင်းတွန်းပြီး ကောင်းသထက်ကောင်း ပြည့်စုံသထက်ပြည့်စုံအောင်လုပ်သွားသင့်တာပါ။

    ဥပဒေတွေရလာပြီဆိုရင်တော့ အသက်ဝင်အောင်လုပ်ပြီး အတိအကျ မျက်နှာကြီးငယ်မရွေး အရေးယူသင့်ပါတယ်။
    အရေုးယူမှု့မှာလဲ စည်းကမ်းမဲ့တာ စည်းကမ်းကို မထေမဲ့မြင်ပြုတာ ခေါက်ရိုးကျိုးနေပြီဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံအတွက်တော့
    ကနဦး အရေးယူမှု့တွေဟာ အမှန်တကယ် ထိရောက်ဟန့်တားတဲ့ အရေးယူမှု့မျိုးဖြစ်ဖို့လိုပါတယ်။
    အရေးယူဖို့တာဝန်ရှိသူတွေက အရေးမယူရင် သူတို့ကို ပြန်စောင့်ကြည့်အရေးယူဖို့ကိုလဲ တစ်ပါတည်း စီမံရမှာဖြစ်သလို-
    တရားမျှတမှန်ကန်သောဥပဒေအရ အရေးယူတာတွေကို နှောက်ယှက်ဟန့်တားမှု့တွေရှိလာရင်
    (ဥပဒေကို ကာကွယ်တာဟာ တိုင်းပြည်နဲ့ ပြည်သူတွေရဲ့အနာဂတ်ကို ကာကွယ်တာပဲလို့ ရှင်းရှင်းလင်းလင်းနားလည်ပြီး)
    အဲဒီနှောက်ယှက်ဟန့်တားမှု့တွေကို (ဘာသာရေး၊ လူမျိုးရေး၊ ဒီမိုကရေစီရေး၊ အလုပ်သမားရေး၊ လူ့အခွင့်အရေးစတဲ့ ဘာမျက်နှာဖုံးတပ်ပြီးလုပ်လုပ်)
    ပြတ်ပြတ်သားသားဖယ်ရှားရှင်းလင်းဖို့လဲ တစ်ပါတည်း ပြင်ဆင်စီမံထားသင့်ပါတယ်။

    စည်းကမ်းပျက်တာဟာ တိုင်းပြည်ပျက်တာတစ်မျိုးပါပဲ
    ပျက်မှန်းမသိ တဖြေးဖြေးပျက်လာတာမျိုးပေါ့…..။
    တနေ့မှာတော့ ခြုံးခြုံး ပြိုလဲ ပုံကျသွားမှာပေါ့….။

    အဲဒါကို နိုင်ငံခေါင်းဆောင်လောင်းတွေ နားလည်ကြပါစေ။

  • kyeemite

    May 16, 2013 at 10:49 am

    ကိုပေါက်ရေ…
    မန်းလေးကိုလာတုံးက…မန်းလေးမြို့မှာတစ်လမ်းမောင်းစံနစ်တွေလုပ်ထားတာမသိတော့
    တော်တော်ဒုက္ခရောက်သဗျို့…ဘုရားကြီးအပြန်အထွက် တစ်လမ်းမောင်းကို
    ပြောင်းပြန်ဝင်မိမလို ကွေ့လိုက်တာ…လမ်းဘေးဆိုက်ကယ်သမားတစ်ယောက်က
    အော်ပြောမှ နောက်ပြန်ဆုတ်ထွက်ခဲ့ရတယ်….တစ်မြို့လုံးလည်း ဆိုင်ကယ်တွေပြည့်နေတော့
    မောင်းရင်းနဲ့ ကြောက်နေမိတယ်ဗျာ..

  • ခင်ခ

    May 16, 2013 at 11:11 am

    ကိုပေါက်ရေ တစ်လမ်းမောင်းဘဲ သတ်မှတ် သတ်မှတ်၊ နှစ်လမ်းမောင်းဘဲ လုပ် လုပ် တကယ်တမ်း လိုအပ်တာတော့ လူတိုင်း လူတိုင်း စည်းကမ်းကို စနစ်တကျ လိုက်နာတဲ့ အကျင့် စိတ်ဓာတ် ရှိဖို့လိုတာပါဘဲ။ တိုးတက်တဲ့ အခြားတိုင်းပြည်တွေ လေ့လာကြည့်ရင် လူတိုင်း သတ်မှတ်စည်းစနစ်ကို ကိုယ့်အသိတရားနဲ့ကိုယ် လိုက်နာကြတာတွေ့ရလိမ့်မယ်။ အဲဒီတော့ ကိုယ့်တိုင်းပြည် တိုးတက်ချင်တယ် ဒီမိုကရေစီတိုင်းပြည် ဘာဘာညာညာသာ လေလုံးထွား ကြားကောင်းအောင်အော်နေကြတာ စည်းစနစ် ရှိဘို့တော့ အတော်ြ့ပုပြင်ယူရအုံးမယ်လေ။
    မန္တလေးမှာတော့ မီးပွိုင့်ဆိုတာ လမ်းဆုံလမ်းခွတွေမှာရှိတာမဟုတ်ဘူး မီးပွိုင့်ဆိုတာ ယာဉ်မောင်းသူ(ဆိုင်ကယ်၊ ကား၊ စက်ဘီး)ရဲ့ မျက်နှာတွေမှာရှိတာပါ။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သူက ဒီဘက်ဆို ကိုယ်ကဟိုဘက် ကမောင်း နေကြ တဲ့ မြို့လို့ဘဲ ကျွန်တော်ကတော့ သတ်မှတ်ထားတယ်ဗျ။ အဲ မန်း အနေကြာတဲ့သူက မျက်နှာရိပ်မျက်နှာကဲတော့ ပိုကျွမ်းကျင်လာမယ်လို့ထင်ပါကြောင်းဗျို့။

  • Mr. MarGa

    May 16, 2013 at 11:25 am

    ခေါင်းမာတာ မကောင်းမှန်းလဲ မသိမဟုတ် သိနေတယ်။
    ဒါတွေ ဒီလို ဖြစ်နေမှန်းလဲ မသိမဟုတ် သိနေတယ်
    လုပ်သင့်တာကိုလဲ သိတယ် လုပ်နိုင်တာကိုလဲသိတယ်
    လုပ်နေတာကသာ ဘာတွေမှန်းမသိတာ
    အကျိုးဆက်ကတော့
    အခုထိ မန္တလေးဆိုရင် ယာဉ်စည်းကမ်းဘက်မှာ အတော် အပြောခံရတဲ့ အဖြစ်ကို ရောက်သွားစေတာပါပဲ။
    ဆက် ခေါင်းမာနေကြရင်တော့ ဒီထက် ကောင်းဖို့ မရှိတာ အမှန်ပဲ။

  • Good™

    May 16, 2013 at 2:44 pm

    ဆိုင်ကယ်ပေါတယ် ဆိုလို့ မန္တလေးမှာ အမျိုးသမီး တွေ က အမျိုးသားတွေ ထက် ဆိုင်ကယ်မောင်းတာပိုမြန်တယ် လို့ ထင်တယ်။ ဗျူးဗျဲ ရှူးရှဲ မောင်းတာ ကို ပြောတာ မဟုတ်ဖူး ပုံမှန်မောင်းတာချင်း ကို ပြောတာ။ဗျူးဗျဲ ရှူးရှဲ မောင်းတာက ယောကျားလေးတွေပဲ အလုပ်များတာလေ။

  • kai

    May 16, 2013 at 3:51 pm

    ဆိုင်ကယ်/ကားရှိသူ.. ယဉ်မောင်းသူတွေ.. အာမခံမဝယ်မနေရ.. ဥပဒေထုတ်သင့်တယ်…
    အဲဒီစနစ်ကိုလည်း.. ပုဂ္ဂလိကက..ကိုင်သင့်တယ်..

    တိုက်ထည့်လိုက်သလား.. အာမခံပရီမီယံကြေးတက်…
    ၂ခါတိုက်ဖူးသလား.. အာမခံပရီမီယံကြေးတက်…
    ဦးထုတ်မဆောင်းသလား.. အာမခံပရီမီယံကြေးတက်…
    ရဲကဖမ်းခံရတဲ့အကြိမ်များရင် .. အာမခံပရီမီယံကြေးတက်…

    အဲလို.. ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေလုပ်ကြတယ်.. ဖြေရှင်းကြတယ်..။ :buu:

    • ကို ငြိမ်းမောင်

      May 16, 2013 at 4:48 pm

      မြန်မာပြည်မှာ အာမခံ စနစ်က မီးအာမခံလောက်ဘဲ ထားကြတယ်လေ။
      ဒါတောင် အခုနောက်ပိုင်းမှ ထားရကောင်းမှန်သိလာကြပြီး လုပ်ငန်းလုပ်သူတွေ ထားကြတာပါ၊ ဆိုင်ကယ်/ကား အတွက်တော့ ဥပဒေရှိပေမယ့် မထားကြတာများပါတယ်။ ပုဂ္ဂလိကကို ပေးဖို့ အစိုးရက တင်ဒါခေါ်ပေမယ့် ယူတဲ့သူနည်းတာလေ့လာမိတယ်။
      တကယ်လို့သာ အာမခံစနစ်ပြန့်ပွားကျယ်ပြန်လာရင်တော့ ကောင်းတာပေါ့လေ။

    • Mr. MarGa

      May 16, 2013 at 4:56 pm

      သဂျီးရဲ့
      ယာဉ်မောင်းတွေတော့ အာမခံမဝယ်မနေရ ဥပဒေ မရှိဘူးထင်တယ်
      ယာဉ်လိုင်စင် လုပ်ရင်တော့ သူတစ်ပါးထိခိုက်မှုအာမခံကို မထားမနေရ ထားရသဗျ
      အဲဒီ အာမခံက မထားမနေရမို့ ထားတော့ ထားကြပါတယ်
      သိပ်တော့ စိတ်ဝင်စားမှု ရှိကြတဲ့သူတွေ ဟုတ်ဖူးရယ်
      တကယ်လို့ ဖြစ်လာရင်တောင်မှ အချင်းချင်း ညှိပြီး ရှင်းကြတာပါပဲ :buu:

  • MaMa

    May 16, 2013 at 6:28 pm

    ခုရက်ထဲ ကားကြီးတွေ တဝေါဝေါနဲ့ ပိုင်းလော့တွေလို မောင်းနေတာကို ရေးချင်နေတာ၊
    ဒီမိုကရေစီနဲ့ လူတစ်ဦးချင်းစီရဲ့ အသိစိတ်ရှိမှုတွေ ဘဲလန့်ညီဖို့ လိုလိမ့်မယ်။
    စနစ်ကြောင့်မဟုတ်ဘူး ဆိုတာကို လက်ခံရမလို ဖြစ်လာပြီ။ :hee:

  • ရွှေ ကြည်

    May 16, 2013 at 7:04 pm

    လေးပေါက်ရေ အများကြီးနားမလည်လို့ သိပ်မပြောတော့ပါဘူး
    လေးပေါက်လည်း အစစအရာရာသတိထားပါ ကိုယ်ကမှန်နေပေမယ့် စည်းကမ်းမဲ့သူတွေကြောင့် တခုခုဖြစ်မှာစိုးလို့ပါ။

  • မောင် ပေ

    May 16, 2013 at 7:07 pm

    အခု ယာဉ်ထိန်းရဲ အင်အားတွေ တော်တော်တိုးလာတာ ကို မြင်နေရ သတိထားမိနေရတယ်ဗျ
    လမ်းစည်းကမ်းဖောက်ရင် ရိုက်မယ့် ဒဏ်ငွေကလဲ ၅သောင်းကျပ် ဆိုလားပဲ
    နောက်ပြီး ၊ ညပိုင်းတွေပါ ၊ စည်းကမ်းဖောက်တဲ့ယာဉ်မောင်းတွေကို လိုက်ဖမ်းတော့မယ် ဆိုလို ့ ၊ ကျုပ် တောင် စိတ်ပူနေရပြီ ( ကျုပ် က ည ဆိုင်ကယ်မောင်းရင် ဆိုင်ကယ်စီး ဦးထုပ် မှ မယူတာကိုး )
    တစ်ကယ်လို ့
    ယာဉ်ထိန်းရဲ အင်အား အလုံအလောက်ရှိမယ်
    ဒဏ်ငွေ ကို လဲ ချမှတ်ထားတဲ့အတိုင်း အတိအကျ ဒဏ်ရိုက်မယ် ဆိုရင်တော့
    ယာဉ်စည်းကမ်း လမ်းစည်းကမ်း အတိအကျ လိုက်နာလာကြမယ်လို ့မျှော်လင့်မိပါတယ်ဗျား

  • သူကြီး

    May 16, 2013 at 7:19 pm

    ကျုပ်ကတော့ မန်းလေးရောက်ရင် ဝမ်းဝေးတွေဘာတွေ ဘယ်နားရှိမှန်းသိတာဟုက်ဘူး အသွားအလာ တစ်ကြောင်းထဲပဲ ရှိနေတယ်ဆိုရင်ဝမ်းဝေး ဟိုဖက်ကော ဒီဖက်ကော သွားလာနေသူတွေရှိရင် ဒါဝမ်းဝေးမဟုက်ဟု မှတ်ယူပီး သွားလာပါတယ်။
    ဘဂျီးပေါက် ဒီလိုပြဿနာတွေ မကြုံချင်ရင် နေပြည်တော်မှာ သွားနေရတယ်ဗျ လမ်းတွေလဲ ကျယ်မှကျယ်။ လူလဲရှင်းမှရှင်းပဲ။
    အဲ့လိုစည်းကမ်းမဲ့တာတွေကို ကျုပ် ဟင်္သာတ နယ်ဖက်ကိုသွားတုန်းက တစ်ခါတွေ့ဖူးတယ်။ ဒီမိုကရေစီရပီကွ ဆိုပီး လမ်းပေါ်မှာယာဉ်ကို ငါမောင်းချင်သလိုမောင်းမယ် ငါရပ်ချင်သလိုရပ်မယ် ဒါဒီမိုကရေမဟုက်ဘူး ရမ်းကားတယ်လို့ခေါ်တယ် ။၊။။။
    :harr:

  • uncle gyi

    May 16, 2013 at 10:47 pm

    ဆိုင်ကယ်ပဲစီးစီး ကားပဲမောင်းမောင်း
    ကိုယ်ကလမ်းမှန်တယ်ဆိုပြီးစီးလို့ကတော့
    မန်းမြေမှာအလုပ်မဖြစ်
    ကိုယ်ကမှားလည်းသူ့ကိုလွတ်အောင်ရှောင်
    ကိုယ်ကမှန်လည်းသူ့ကိုလွတ်အောင်ရှောင်
    ဒါမှမန်းမြေမှာအသက်ရှည်မယ်

    တလမ်းမောင်း၂လမ်းမောင်း
    ဘယ်လိုပဲသတ်မှတ်သတ်မှတ်
    လိုအပ်လို့တာဝန်ရှိသူကလုပ်တာလုပ်ပါစေ
    လုပ်တာကိုစည်းစနစ်မှန်ကန်ဖို့ကြပ်မတ်ဖို့အဓိကလို့မြင်တယ်ကိုပေါက်ရေ
    အခုကသတ်မှတ်လိုက်ပြီး
    အနောက်ကဘာမှကြပ်မတ်မှုမရှိ
    လာစစ်တဲ့သူကလည်းထမင်းစာလက်မှတ်မဟုတ်ကားဝယ်တိုက်ဆောက်လက်မှတ်
    ရထားသလိုထင်နေကြတာ
    အမှန်ပြင်ရမှာက
    ကားဝယ်တိုက်ဆောက်လက်မှတ်လို့ထင်နေတာတွေပျောက်ပြီး
    အမှန်တကယ်စီးကမ်းထိမ်းသိမ်းရေးတွေလုပ်ဖို့လို့ထင်တယ်ဗျာ
    အဲဒါဆိုကိုပေါက်ဖြစ်လာသလိုအဖြစ်တွေတဖြည်းဖြည်းပပျောက်သွားမယ်လို့မြင်ပါကြောင်း

  • ဦးကြောင်ကြီး

    May 17, 2013 at 10:10 am

    တလမ်းမောင်း
    မရမ်းဂေါင်း
    အစမ်းချောင်း
    နပန်းထောင်း..

  • TNA

    May 17, 2013 at 10:22 pm

    မန်းလေးရောက်ရင်တော့ အတတ်နိုင်ဆုံးလမ်းမကူးဘူးလေးပေါက်ရေ။ တခါလမ်းကူးတာ တလမ်းမောင်း ဆိုတော့တဖက်ပဲကြည့်တာပေါ့။ ဦးလေးက နှစ်ဘက်လုံးကြည့်လို့ပြောတယ်။ ဦးကလဲတလမ်းမောင်းလေ ဆိုတော့ဘယ်ဟာမှမသေချာဘူး နှစ်ဘက်လုံးကြည့်တဲ့။ မှတ်ထားလိုက်ပြီးနောက် လမ်းကူးရင်ခေါင်းကို ချာချာ လည်ကြည့်ရတော့တာပဲ။ လမ်းကူးမယ်ဆိုရင်းပြောလက်စဖုန်းတောင်ချလိုက်ရတယ်။ မန်းလေးက အဲလို ကြောက်စရာကြီးပဲနော်။ လမ်းဆုံတွေဆိုပိုဆိုးသေးတယ်။ ရန်ကုန်မှာကားလမ်းကူးရခက်တယ်ဆို တာမန်းလေးရောက်မှ ရန်ကုန်ကလွယ်လွယ်လေးဆိုတာသိတော့တယ်။ အကိုကပြောတယ်။ မီးပွိုင့်တပ် လိုက် တော့ငါတို့မမောင်းတတ်တော့ဘူးတဲ့။ မီးပွိုင့်မတတ်တုန်းကမှ သူဘာလုပ်မယ် ငါဘာလုပ် မယ်မှန်းမောင်းလို့ရတယ်တဲ့။ အထူးအဆန်းတွေကြားရတယ်။ လေးပေါက်လောက်တော့ အသေးစိတ် မသိ ပေမဲ့ရောက်တုန်းခဏတော့ လေးပေါက်ပြောတာတွေအားလုံးခံစားမိပါရဲ့။

    • ko pauk mandalay

      May 19, 2013 at 3:21 pm

      ဘယ်ကြည့်
      ညာကြည့်
      ဘယ်ပြန်ကြည့်
      ညာပြန်ကြည့်
      တည့်တည့်ကြည့် ပြေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
      အဲဒါမန်းလေးလမ်းကူးနည်းပါ

  • မန်းလေးကို ရောက်ဒုန်းက
    ဘုရားကြီးရဲ့ ဘယ်ဘက်မုဒ်တုန်းဒေါ့ သိဝူးးရယ် ..
    အိုက်မုဒ်ရှေ့က လမ်းက တစ်လမ်းသွား ဆိုပဲဗျ …
    ဒါမယ့် လမ်းပြောင်းပြန်တွေ မောင်းနေကြတာ တွေ့ခဲ့ရတယ် …
    ဒီလို မောင်းတာ အတော် အန္တရာယ် များပါတယ် … ဒက်ဒီပေါက်ရေ ….
    ဂရုစိုက် မောင်းဗျ … အိုက်မှာက ဆိုင်ကယ်တွေက အားဂျီးဘဲ … ဟီးးး

  • ko pauk mandalay

    May 19, 2013 at 3:19 pm

    ကျေးကျေးပါဘိုအံဇာ
    ဆိုင်ကယ်မောင်းတဲ့အခါမှာ မှန်ခြင်းမှားခြင်းကို အသာဖယ်ထားပြီး
    ဘယ်နားကနေမောင်းရင် အန္တရာယ်ကင်းပြီး မြန်မြန်ရောက်မလဲလို့ဘဲ စဉ်းစားပြီးမောင်းပါတယ်။
    ဘုရားကြီးပါတ်ပါတ်လည်က တစ်လမ်းမောင်းတွေဘိုအံ။
    ဒါပေမယ့် လေးလမ်းသွားဖြစ်သွားတယ်၊

Leave a Reply