Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

MAHASEN ရဲ့ အလွန်မှာ…………..

Mr. MarGaMay 16, 20131min102724

မဟာစင် မုန်တိုင်းကတော့ ကမ်းခြေကို ဝင်ရောက်ဖို့ အရှိန်အဟုန်နဲ့ လာနေပြီ။

နောက်ဆုံးခန့်မှန်းချက်တွေအရတော့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံ ကြားကနေ ဝင်လိမ့်မယ်လို့ ပြောလို့ရတယ်။
မြန်မာဘက်မှာဆို မောင်တော၊ ဘင်္ဂလားဒေ့ရှ်မှာတော့ စစ်တကောင်းပေါ့
ဒီမြို့တွေက အဓိက လမ်းကြောင်းပေါ်ကို ရောက်နေတယ်။

အထူးသဖြင့် စစ်တကောင်းက မုန်တိုင်းရဲ့ လမ်းကြောင်းနဲ့ တည့်တည့်ပဲ။

မြန်မာ အနေနဲ့တော့ မုန်တိုင်းလမ်းကြောင်းနဲ့ တည့်တည့်မှာကျတာ ချင်းပြည်နယ် တစ်ခုပဲရှိတယ်

ကျန်တာတွေက မုန်တိုင်းဗဟို မရှိဘူး။
ဆက်ပြီး ခန့်မှန်းချက်အရဆိုရင် မြန်မာနိုင်ငံ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထိကို ဆက်သွားမယ်ဆိုတော့ မြန်မာဘက်က ရခိုင်ကမ်းရိုးတမ်းနဲ့ ချင်းပြည်နယ်ဘက် အဓိက အာရုံစိုက်ရလိမ့်မယ်။
ကံကောင်းတာတစ်ခုက အဲဒီဘက်မှာ ရခိုင်ရိုးမ ရှိနေတာကြောင့် အသင့်အတင့် အားလျော့သွားမယ်လို့တော့ ယူဆမိတယ်။
နောက် ဆက်ကာဆက်ကာ ထွက်လာတဲ့ ခန့်မှန်းချက်တွေအရ၊ ပြီးတော့ မုန်တိုင်းရဲ့ သဘောသဘာဝအရ ကုန်းတွင်းပိုင်းကို ရောက်တာနဲ့ စတင် အားပျော့လာတာဆိုတော့ အပေါ်က ပြောခဲ့တဲ့ စစ်ကိုင်းနဲ့ ချင်းက ရခိုင်ကမ်းရိုးတမ်းလောက်တော့ မခံရတော့ဘူးပေါ့။
ဒီပို့စ်မှာ အဓိက ပြောချင်တဲ့ အကြောင်းကတော့ မုန်တိုင်းအကြောင်း မဟုတ်ပါဘူး
မုန်တိုင်းအပြီးမှာ စတင်ရမယ့် ကယ်ဆယ်ရေးနဲ့ ပြည်လည်ထူထောင်ရေး အကြောင်းကို အနည်းငယ် သုံးသပ်ပြချင်တာပါ။
ပြောရမယ်ဆိုရင် မဟာစင်အလွန်မှာ ပေါ်ထွက်လာမယ့် တွေ့ကြုံရမယ့် မြင်ကွင်းတွေပေါ့။
ဒီနေရာမှာ အဓိက စိတ်ဝင်စားမိတဲ့ အချက်ကလေး တစ်ခုကတော့ ဒီမုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံလုံးကို တစ်ပြိုင်နက်နီးပါး ဖြတ်မှာဆိုတော့ မုန်တိုင်းအလွန်မှာ စတင်မယ့် နှစ်နိုင်ငံရဲ့ ကယ်ဆယ်ရေးလုပ်ဆောင်ပုံတွေ၊ ပြန်လည်ထူထောင်ရေး အစီအမံတွေကို ယှဉ်လို့ ဆန်းစစ်နိုင်လိမ့်မယ်။
နိုင်ငံတကာရဲ့ အကူအညီတွေဟာလဲ နှစ်နိုင်ငံလုံးကို ညီတူညီမျှလောက် ပံ့ပိုးမယ်လို့ ယူဆမိတယ်။
ဒီအခြေအနေဟာ ဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာ အစိုးရအနေနဲ့ ကမာ္ဘ့အလယ်မှာ ပိုလို့ ဂုဏ်တက်အောင် ပြုလုပ်နိုင်မယ့် အခွင့်အရေး ဖြစ်သလို တစ်ဖက်ကလဲ တစ်ခုခု မှားယွင်းခဲ့မယ်ဆိုရင် နိုင်ငံတကာရဲ့ မျှော်လင့်ချက်တွေ၊ စိတ်ဝင်စားမှုတွေကို လျော့ကျသွားစေနိုင်တယ်။
စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်က ရခိုင်ပြည်နယ်ဟာ မကြာသေးခင်ကာလကမှ ဆူပူမှုတွေ ဖြစ်ပွားခဲ့ပြီး လက်ရှိမှာ ဒီ ဆူပူအကြမ်းဖက်မှုတွေကို တည်ငြိမ်အောင် လုပ်ဆောင်ထားရတဲ့ နောက် နိုင်ငံသား မှတ်ပုံတင် စီစစ်မှုကို လုပ်ဆောင်နေဆဲဖြစ်တဲ့ ဒေသဖြစ်နေတယ်။
မုန်တိုင်း အဓိက သွားမယ့် လမ်းကြောင်းကလဲ ဆူပူမှုတွေ အဓိက ဖြစ်ပွားတဲ့ မြို့နယ်တွေပေါ်မှာ ဖြစ်နေတယ်။
ဆိုတော့ မုန်တိုင်းအလွန် ကာလမှာ ပြန်လည်ထွက်ပေါ်လာမယ့် နိုင်ငံသား မှတ်ပုံတင် စီစစ်မှုတွေ၊ မုန်တိုင်းဒဏ်ခံ ဒေသတွေမှာ ကိုင်တွယ်ပုံတွေဟာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ အတွက် သတိထား စောင့်ကြည့်စရာတွေ ဖြစ်လာလိမ့်ဦးမယ်။
ဒါ့အပြင် နိုင်ငံသား မှတ်ပုံတင်ကလဲ စီစစ်ဆဲကာလ ဖြစ်နေတာကြောင့် မုန်တိုင်းအလွန်ကာလမှာလဲ ဒီလုပ်ငန်းစဉ်ဟာ ရှုပ်ထွေးမှုတွေ၊ အဆင်မပြေမှုတွေနဲ့ ထပ်မံတွေ့ရဦးမယ်ဆိုတာကိုလဲ တွေးရုံနဲ့တင် သိနိုင်တယ်။
သို့သော် ဖြေသာစရာ ဖြစ်စေတဲ့ အချက်ကတော့ မြန်မာပြည်သူတွေဟာ နာဂစ်မုန်တိုင်းဒဏ်ကို ခံရပြီးတဲ့ နောက်မှာ သဘာဝဘေးအန္တရာယ်တွေကို ပိုလို့ သတိရှိနေတယ် ဆိုတဲ့ အချက်ပါပဲ။
ဒါ့အပြင် ဒီနှစ်တွေ အတွင်းမှာ မြန်မာနိုင်ငံအတွင်း လူမှုကွန်ရက် ဝက်ဘ်ဆိုက်ဖြစ်တဲ့ facebook ကို ပိုလို့ သုံးစွဲလာတာကြောင့် ပြည်သူတွေ အနေနဲ့ သဘာဝ ဘေးတွေ အကြောင်းကို ပိုလို့တောင် အလွယ်တကူ သိရှိနိုင်တဲ့ အခြေအနေတွေ ကို ဖန်တီးပေးနေတယ်လေ။
အင်တာနက် သုံးစွဲမှု ကျယ်ပြန့်လာခြင်းရဲ့ အကျိုးရလာဒ်ကို အခု မုန်တိုင်းဖြစ်စဉ်မှာ တွေ့ရလိမ့်မယ်။
ဒီအကျိုးဆက်တွေကို ထောက်လို့ ပြောရမယ်ဆိုရင် ဒီတစ်ခါ မုန်တိုင်းမှာ အရင်တစ်ခါ နာဂစ်၊ ဂီရိ စတာတွေ ဝင်ရောက်စဉ်ကထက် လူအသေအပျောက်၊ ပျက်စီးဆုံးရှုံးမှု လျော့နည်းမယ်လို့ အကြမ်းဖျဉ်း တွက်လို့ ရပါတယ်။
လာမယ့်နှစ်မှာ အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို ရယူမယ့် မြန်မာနိုင်ငံ အတွက်လဲ စိန်ခေါ်မှု၊ စမ်းသပ်မှု တစ်ခုလို ဖြစ်နေတာကြောင့် နိုင်ငံ့ခေါင်းဆောင်တွေ အနေနဲ့လဲ တတ်နိုင်သလောက် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကြိုးစားကြပါလိမ့်မယ်။
မုန်တိုင်းအလွန် ကာလမှာ ဖြစ်ပေါ်တဲ့ သတင်းတွေဟာ အင်တာနက်ဝက်ဘ်ဆိုက်တွေပေါ်ကို အချိန်နဲ့ တပြေးညီ ရောက်ရှိလာလိမ့်မယ်။
အင်တာနက် သတင်းတွေ ဟာ စိတ်ချရတာရော သတင်းမှားရော ဒွန်တွဲနေတာကြောင့် ဒီမုန်တိုင်းဟာ အဲဒီအထဲက ယုံကြည်နိုင်မယ့် သတင်းမီဒီယာတွေကို ထွက်ပေါ်လာစေနိုင်တယ်။
ပြည်တွင်းမှာ စတင်စ ပြုနေတဲ့ ပုဂ္ဂလိက နေ့စဉ် သတင်းစာတွေ အနေနဲ့လဲ မှန်ကန်တိကျတဲ့ သတင်းအချက်အလက်တွေကို ဖော်ပြပြီး ပြည်သူလူထုရဲ့ ယုံကြည်မှုကို အရယူနိုင်စေမယ့် အခွင့်အရေးလဲ ဖြစ်နေပြန်တယ်။
အင်တာနက် ဖွံ့ဖြိုးမှုရဲ့ ရလာဒ်အဖြစ် ပြည်သူတွေ အနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့ရဲ့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကို ပိုပြီးတော့ လွယ်လွယ်ကူကူ ယှဉ်ထိုးကြည့်နိုင်မယ့် အခြေအနေမှာ ရှိနေတယ်။
ဒီအခြေအနေက အစိုးရရဲ့ ကိုင်တွယ်ပုံကို ဆန်းစစ် တိုင်းတာပေးမယ့် အဓိက ပေတံလို့ ပြောရမလားပဲ။
ပြောရမယ်ဆိုရင် မီဒီယာရဲ့ အခန်းကဏ္ဍကို ပိုလို့ မြင်သာလာစေမယ့် အနေအထားပေါ့။
ဒါ့အပြင် ဒီမုန်တိုင်းဟာ နောက်လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက်လဲ အကျိုးသက်ရောက်မှုကို ဖြစ်စေမယ်လို့ ခန့်မှန်းမိတယ်။
အာဏာရ ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုး အနေနဲ့ ဒီဖြစ်ရပ်ကိုသာ အဆင်ပြေပြေ ကိုင်တွယ်နိုင်မယ်ဆိုရင် နောက်လာမယ့် ရွေးကောက်ပွဲမှာ အထောက်အကူ ဖြစ်စေနိုင်လိမ့်မယ်။
ထို့အတူပဲ အတိုက်အခံ ပါတီတွေ အနေနဲ့လဲ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ရင်းနဲ့ လာမယ့် ရွေးကောက်ပွဲအတွက် အမာခံ အင်အားတွေ စုဆောင်းနိုင်မယ်။
ဒါတွေကို ကြည့်မယ်ဆိုရင် ဒီမုန်တိုင်းဟာ သဘာဝ ဘေးတစ်ခု အဖြစ်နဲ့သာ မြန်မာနိုင်ငံကို ဝင်ရောက်လာပေမင့် အနာဂတ် မြန်မာ့ရဲ့ ပုံရိပ်ကိုပါ ထင်ဟပ်စေနိုင်မယ်ဆိုတာ မှန်းဆလို့ ရနေပါပြီ။
ဒီ မုန်တိုင်းလွန်ကာလမှာ တာဝန်ရှိသူတွေ၊ တာဝန်သိသူတွေရဲ့ ကိုင်တွယ်ဖြေရှင်းနိုင်မှုဟာ နောင် ဆက်လာမယ့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကိုပါ ဖန်တီး ထင်ဟပ်ပေးစေနိုင်မယ်။
ဒါကြောင့် ခြုံငုံ သုံးသပ်ချက် အနေနဲ့ ပြောရမယ်ဆိုရင်ဖြင့် အခု ဘင်္ဂလား ပင်လယ်အော်ကနေ အလည်လာတဲ့ ဆိုင်ကလုန်း မဟာစင် (ဒေါက်တာထွန်းလွင်ပြောတဲ့ မဟာဆန်သူ) ဟာဖြင့် ဒီနိုင်ငံရဲ့ တုံ့ပြန်နိုင်စွမ်းနဲ့ နိုင်ငံရေးပါတီတွေ လူမှုရေး အသင်းအဖွဲ့တွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို ဆန်းစစ်နိုင်မယ့် အခွင့်အလမ်းကို ယူဆောင်လာတယ်လို့သာ ဆိုပါရစေတော့။

လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)

24 comments

  • ရာမည

    May 16, 2013 at 10:33 am

    နာဂစ်အပြီးမှာလည်း အချိုရည်စက်ရုံပိုင်ရှင်ကြီး နိုင်ငံတော်သဌေးဖြစ်သွားတာ ဒီလိုအကွက်တွေပေါ့
    ယခုလည်း
    ပြင်ဆင်နေကြပါပြီ
    မုန်တိုင်းဟာ တစ်ချို ့သောသူတွေရဲ့ဘဝတွေကိုဖျက်ဆီးချေမွခဲ့ပေမယ့်လည်း
    တစ်ချု ိ့ လူတွေအတွက်တော ့ ဘဝမြှင့်တင်ရေးနည်းလမ်းတစ်ခုပါ …ဆိုတော ့

    သူတည်းတစ်ယောက်
    ကောင်းဖို ့ရောက်မူ ………..

    • Mr. MarGa

      May 16, 2013 at 10:57 am

      တော်သေးတာက
      အခုတစ်ခါမှာတော့
      အဲဒီလောက် ဆိုးရွားမယ့်ပုံ မပေါက်ဘူးလို့ ယူဆနိုင်တယ်ဗျ ကိုရင်ရ။
      ဒီတစ်ခါ မုန်တိုင်းအလွန်မှာတော့
      ဘဝမြှင့်တင်ရေးတွေ ပိုလို့ အဆင်ပြေပြေ လုပ်နိုင်မယ်
      နောက်
      ဖျက်ဆီးခံရတဲ့ ဘဝတွေလဲ
      ပိုလို့ နည်းမယ်လို့သာ ယူဆမိပါတယ်။

    • kai

      May 16, 2013 at 2:50 pm

      သူတည်းတယောက် ကောင်းဖို့ရောက်မူ.. သူတယောက်လည်း… ချမ်းသာရမည် ဓမ္မတာတည်း.. :kwi:

  • သူကြီး

    May 16, 2013 at 12:00 pm

    ကျုပ်တော့ဖြင့် ဘာမှကိုမသိ သတိမထားမိဘူးဗျာ ။ ရခိုင်ဖက်မှာဖြစ်တယ်ဆိုရင် မုန်တိုင်းအပီးမှာ မြင်သာတဲ့ ဆိုးကျိုးတွေကော မမြင်သာတဲ့ ဆိုးကျိုးတွေ ဖြစ်လာမှာ စိုးရိမ်မိတယ်။

    • Mr. MarGa

      May 16, 2013 at 1:05 pm

      ဆိုးကျိုးတွေ မဖြစ်ဘူးလို့တော့ ပြောလို့မရတာ မှန်ပေမယ့်
      တတ်နိုင်သမျှ အနည်းဆုံး ဖြစ်အောင် လုပ်ဆောင်ကြမယ်လို့ မြင်မိပါတယ်ဗျ

  • Good™

    May 16, 2013 at 12:15 pm

    ခုမဟာဆန် မုန်တိုင်း ဖျက်အား ဘယ်ပျင်းတယ် မပျင်းဘူး ထက် လူထုတွေဆီ သတင်းရောက်ရှိမှု ကတော့ နာဂစ် ထက် ၉၅% လောက် ပိုရှိနေတာ မို့ အန္တရာယ် အသေအပျောက် နဲ့ ဆုံး ရှုံးမှု အများကြီး သက်သာမယ် လို့ ခန့်မှန်းပါတယ်။

    • Mr. MarGa

      May 16, 2013 at 1:16 pm

      မှန်တာပေါ့
      နောက် စိတ်ချရမှာတစ်ခုက
      ဒီမုန်တိုင်းဟာ နာဂစ်ထက် ဖျက်အား မပြင်းပါဘူး
      နာဂစ်တုန်းက လေတိုက်နှုန်းက တစ်နာရီ ကီလိုမီတာ တစ်ရာကျော်တယ်
      မဟာစင်ကတော့ ပျှမ်းမျှ တစ်ရာ၊ တစ်ရာအောက် ဝန်းကျင်မှာပဲ ရှိနေတယ်လေ။

  • ဦး ဂျစ်

    May 16, 2013 at 1:17 pm

    သက်သာစေချင်ပေမဲ့လည်း … ဘေးလွတ်ရာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြေးကြတဲ့
    စက်လှေမြုပ်လို့ ဘင်္ဂလီ ၈ဝ ခန့် သေပျောက်ခဲ့ပါပြီ …။

    • Mr. MarGa

      May 16, 2013 at 2:01 pm

      ဒါတွေကိုတော့
      အပြစ်ပဲ ပြောရမလား
      စာနာတယ်ပဲ ပြောရမလား တွေးနေဆဲပါပဲဗျာ
      သေချာတာတော့
      အဲဒီအချိန်မှာ စက်လှေတွေကို ကမ်းမှာပဲကပ်ထားဖို့ သတိပေးထားတယ် ဆိုတာပါပဲ။

  • Mr. MarGa

    May 16, 2013 at 3:14 pm

    နောက်ဆုံးရ သတင်းအရ
    မုန်တိုင်းဟာ လမ်းကြောင်းပြောင်းလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ဝင်ရောက်သွားပြီဖြစ်ကြောင်း
    သိရပါတယ်။
    http://blog.mmweather.com/2013/05/16/cyclonemahasen-made-landfall/

    • အမလေးးး လေးးး
      ကိုယ့် ကွန်မန့် ကိုများ ဘတ်စ်ကား ပေးရဒယ်လို့ …
      ချက်လည်း ချက်ဝူးးတော့ … :mrgreen:

      အဟမ်းးးး
      ဘင်္ဂလားဒေ့ရှ် ဘက်ကို ပြောင်းသွားပြီ ဆိုဒေါ့
      ဝမ်းသာသွားဒယ်ပေါ့ ….
      နာ ပေါဂျင်ဒါ အိုက်ဒါဘဲ …..
      ဘယ်သူ သေသေ၊ ငတေ မာရင် ပြီးရော … ဆိုဒါ အိုက်ဒါဘဲ ….
      နင့် တစ်ယောက်တည်းကို ပေါဒါ မီဟုတ်ဝူးးနော့ .. ဟဲဟဲ .. :mrgreen:

      • Mr. MarGa

        May 17, 2013 at 7:30 pm

        အနည်းငယ် ဝမ်းသာမိတာ ဝန်ခံတယ်
        ဒါပေသိ ဖြစ်စေချင်တာ အိုက်လိုမဟုတ်ဘူး
        ဒါပဲကွယ်

  • Ma Ei

    May 16, 2013 at 3:32 pm

    တော်ပါသေးရဲ့လို့ပြောပြီးမှ…:hee:
    သူများတွေအတွက်တော့ စိတ်မကောင်းပါဘူးနော့…

    • Mr. MarGa

      May 17, 2013 at 7:35 pm

      အမှန်တကယ် စိတ်မကောင်းတော့ ဖြစ်မိပါတယ်
      ဒါပေသိ ကိုယ့်နိုင်ငံ မဝင်တာကိုလဲ တကယ် ဝမ်းသာမိတယ်
      လူ့စိတ်များ အဲလိုပဲနော်

  • ခရီးသည်ကြီး

    May 16, 2013 at 4:17 pm

    ဟိုဘက်ရောက်သွားပြီဆိုတော ့
    ဒီဘက် မိုးခေါင်ဦးမှာပေါ့
    :harr:

    • Mr. MarGa

      May 17, 2013 at 7:39 pm

      ဒါကတော့ ပြောလို့ရမယ် မထင်ဘူး
      မုန်တိုင်းတိမ်တိုက်တွေ ဝင်လာရင် မိုးကောင်းဦးမှာဗျ

  • မောင် ပေ

    May 16, 2013 at 6:57 pm

    ပြည်ခိုင်ဖြိုး တိုင်းဒေသကြီး စည်းရုံးရေးမှူး ကြီးကိုးဗျ
    ၅စားပါမယ်

    • Mr. MarGa

      May 17, 2013 at 7:47 pm

      ဟိုက်
      ဘယ်ကဘယ်လို ပြည်ခိုင်ဖြိုး ဖြစ်သွားပါလိမ့်
      ကပေ အဆင်း ဘီးမတပ်နဲ့ဗျ :hee:

  • အလင်း ဆက်

    May 16, 2013 at 8:18 pm

    ရခိုင်ပြည်နယ်…
    အဲဒီ မောင်းတောတို ့… ဘူးသီးတောင်တို ့နားမှာ…
    နာ ့အမျိုးတွေ ..ချိတယ် ။
    မုန်တိုင်း တိုက်ခံရနေကျ ဆိုတော့…
    သူလို ့..က ရိုးတော့ရိုးနေပါပြီ ။
    ဒါပေမယ့်.. ရေတွေ ပါမလာစေချင်ဘူးးးးး

    • Mr. MarGa

      May 17, 2013 at 7:48 pm

      မုန်တိုင်းမှာ ရေမပါရင်
      လေ ပါလာမပေါ့
      ကြည့်ကျက် လုပ်ဦး ဆရာရဲ့ :kwi:

  • padonmar

    May 16, 2013 at 8:31 pm

    မဟာစင် (ဒေါက်တာထွန်းလွင်ပြောတဲ့ မဟာဆန်သူ) ဟာဖြင့် ဒီနိုင်ငံရဲ့ တုံ့ပြန်နိုင်စွမ်းနဲ့ နိုင်ငံရေးပါတီတွေ လူမှုရေး အသင်းအဖွဲ့တွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို ဆန်းစစ်နိုင်မယ့် အခွင့်အလမ်းကို ယူဆောင်လာတယ်လို့သာ ဆိုပါရစေတော့။

    သိကြားမင်းရေ
    မုန်တိုင်းဒဏ်လည်းမခံရ ၊စာမေးပွဲလည်း အောင်ပြီပေါ့။
    တက်တွေ အထောင်မစောကြဖို့ သတိထားကြရအုံးမယ်နော်။

    • Mr. MarGa

      May 17, 2013 at 7:58 pm

      အဲဒါလဲ သတိထားစရာကိစ္စပါပဲ ဒေါ်လေးရေ
      လောလောဆယ်မတော့ မုန်တိုင်း မဝင်တာနဲ့တင် အတော်လေး တည်ငြိမ်သွားတယ် ပြောရမယ်
      အခုတော့ အဲဒီကိစ္စနဲ့ ဂယက် နည်းနည်း ရိုက်သွားတယ်လို့ ပြောရမယ်

  • kyeemite

    May 17, 2013 at 1:34 pm

    သတ္တဝါဟူသမျှ ဘေးကင်းရန်ကင်းရှိကြပါစေ…

    • Mr. MarGa

      May 17, 2013 at 8:04 pm

      သတ္တဝါတစ်ခု ကံတစ်ခုတဲ့ဗျ :kwi:

Leave a Reply