ကျွန်ုပ်ရောက်ရှိခဲ့သော ကျတ်တို့ဌာနီ
ကျွန်ုပ်ရောက်ရှိခဲ့သော ကျတ်တို့ဌာနီ
ကျတ်ဆိုတာ ပြိတ္တာမျိုးနွယ်ဝင်တမျိုးလို့… ကြားဖူးပါတယ်…
ငယ်ငယ်တုန်းက လူကြီးသူမများပြောကြားဖူးတဲ့ ပုံပြင်တွေထဲမှာလို…
ဇာတ်ဆရာအိမ်ကို ညတွင်းချင်းဇာတ်လာငှား… လိုချင်တဲ့အခကြေးငွေကိုလဲပေးတော့…
အသင့်စီစဉ်ပေးထားတဲ့မြင်းကိုစီး… ဇာတ်ငှားတဲ့ရွာလဲရောက်ရော သေသေချာချာပြင်ဆင်ပေးထားတဲ့ ဇာတ်စင်ပေါ်မှာတက်က…
မောမောနဲ့အိပ်ပျော်သွားပြီး… နိုးလာတဲ့အချိန်လဲကျရော…
သင်္ဂျ ိုင်းကုန်းလိုနေရာက မြေကြီးပေါ်မှာအိပ်နေတာတွေ့ရတယ်ဆိုတဲ့… လူတွေကို ကျီစယ်တတ်တဲ့သူတို့ရဲ့အကြောင်းကို…
ငယ်ငယ်တုန်းက ကြားဖူးခဲ့တာကြာပါပြီ… အသက်လေးနဲနဲကြီးလာတော့လဲ သူတို့အကြောင်းကို စာအုပ်တွေထဲမှာ ထပ်ဆင့်ဖတ်ခဲ့ရဖူးတော့…
ဇာတ်စုံပေါ့…
ဒီနှစ်ပိုင်းထဲမှာ ခရီးသွားဖို့ကံဇာတာဓာတ်ကျနေတဲ့ ကျွန်တော့်အဖို့… အဲဒီကျတ်တို့နေထိုင်ရာနေရာကိုသွားရောက်ဖို့
အကြောင်းကဖန်လာပါတယ်…
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲမှာရှိတဲ့ ကျတ်တို့ဌာနီကိုသွားဖို့ ဗီဇာမလို… ပတ်စ်ပို့မလိုဘဲ…
အလုပ်ကမိတ်ဆွေတွေစုပေါင်းပြီး တစ်ယောက် (၃၀၀၀)နဲ့ ကားငှားသွားရင် ကျတ်တို့ဌာနီကိုရောက်မတဲ့လေ…
စိတ်မဝင်စားဘဲမနေနိုင်တဲ့ ကျွန်တော်… ကျတ်တို့ဌာနီကို လိုက်ပါဖို့… သဘောတူလိုက်ပါတယ်…
အဲ့လိုနဲ့ နောက်တစ်နေ့မနက် (၆)နာရီထိုးတော့ ကျတ်ဌာနီလမ်းပြတစ်ဦးရဲ့အကူအညီနဲ့…
လွိုင်ကော်မြို့မှ (၇)မိုင်ခန့်ဝေးမယ်လို့ခန့်မှန်းရတဲ့ နေရာကို ကားနဲ့ခရီးဆန့်ခဲ့ပါတယ်…
တောင်ပေါ်လမ်းတို့ ထုံးစံအတိုင်းမိုးရွာထားပေမယ့် လမ်းကောင်းလေးကို ရာသီဥတုအေးအေးလေးနဲ့ ခရီးဆက်နိုင်ခဲ့ပါတယ်…
အဲဒီလမ်းလေးဆုံးပြန်တော့ မြေနီလမ်းလေးကိုလဲ ထပ်ဖြတ်ရပြန်ပါတယ်…
အဲဒီမြေနီလမ်းလေးပြီးတော့ ကတ္တရာလမ်းလေးပေါ်ပြန်ရောက်ပြီး ကျတ်ဌာနီသို့ လမ်းညွှန်လေးကို တွေ့ရပါတော့တယ်…
ကျတ်ဌာနီသို့သွားရာလမ်းထဲကိုချိုးဝင်လိုက်တော့… ကားသွားနိုင်လောက်တဲ့အကျယ်အဝန်းမရှိတာမို့…
လမ်းဆင်းလျှောက်ဖို့ အားလုံး ဆုံးဖြတ်ပြီး… စီးတော်ယာဉ်ကို အဲဒီနေရာမှာပဲ ထားခဲ့လိုက်ရပါတယ်…
အဲဒီလမ်းလေးကနေတဆင့် နာရီဝက်ခန့် မနားမနေလျှောက်လိုက်တဲ့အချိန်မှာတော့ တစ်ချိန်က ကျတ်တို့ပျော်စံရာ ကျတ်ဌာနီ (သို့) ကျတ်ဂူကို
အခုလို လှမ်းမြင်ရပါတော့တယ်…
ထုံးဖြူဖြူ သင်္ကန်းလေးနဲ့ တောင်ပေါ်ကဘုရားကိုရောက်ဖို့ ခပ်ကျဉ်းကျဉ်းတောင်တက်လမ်းလေးကို အင်တိုက်အားတိုက်တက်ခဲ့ရလို့…
ဓာတ်ပုံရိုက်ဖို့တောင်မေ့ခဲ့ပါတယ်… ကိုယ့်ပုံစံနဲ့ တောင်ပေါ်ကပြုတ်ကျလို့ ကျော်မကောင်းကြားမကောင်းဖြစ်မှာလဲ စိုးရိမ်ရသေးသကိုး…
အဲဒီလိုနဲ့ တောင်ပေါ်ရောက်တော့ သစ်သားလေးနဲ့ ဆောက်ထားတဲ့တောရကျောင်းလေးမှာ ရှမ်းသံဝဲဝဲနဲ့ဆရာတော်ကိုဖူးခဲ့ရပါတယ်…
ဝယ်လာခဲ့တဲ့ လှူဖွယ်ပစ္စည်းတွေကိုလှူဒါန်းပြီးနောက် ဆရာတော်ကိုဦးချရှိခိုး… ဆရာတော်ရဲ့ဆုံးမစကားကိုနာခံပြီး…
ကျတ်ဂူထဲကို ဝင်ဖို့စတင်ပြင်ဆင်ရပါတယ်…
ဒီနေရာမှာ ကျတ်ဂူအကြောင်းအနဲငယ်ပြောရမယ်ဆိုရင်…
ထုံးကျောက်လှိုဏ်ဂူပါပဲ… ပင်းတယလှိုဏ်ဂူလိုမျိုး၊ ပိတ်ချင်းမြှောင်လိုမျိုးပါပဲ…
ထူးခြားတာက လူသွားလူလာနည်းပါးတော့ ပြုပြင်ထားခြင်း၊ သွားလာရလွယ်ကူအောင် လျှောက်လမ်းလုပ်ထားခြင်း၊
လျှပ်စစ်မီးမရရှိခြင်းစတဲ့လိုအပ်ချက်တွေနဲ့မို့ ဂူထဲရောက်ဖို့ကို အတော်လေးခက်ခက်ခဲခဲ ကျောက်တုံးတွေကို ကုတ်ဖက်ပြီး
တွယ်တက်… တွယ်ဆင်းလုပ်ရတာပါ… အတွေ့အကြုံသစ်တစ်ခုပေါ့…
ထုံးကျောက်လှိုင်ဂူဖြစ်တာမို့ ကျောက်ပန်းဆွဲတွေက အလွန်တရာလှပပါတယ်…
ခက်တာက ဂူအထဲမှာ အလင်းရောင်လုံလောက်အောင်မရှိတာပါပဲ…
ဂူထဲဝင်တဲ့လမ်းဟာ အစိုဓာတ်ရှိတာမို့ ချော်မလဲအောင်အထူးဂရုပြုရသလို… လူသွားလူလာနည်းပါတာကြောင့်…
မြွေ၊ ကင်းစတဲ့တိရိစ ္ဆာန်တွေကိုလဲ ဂရုပြုရပါသေးတယ်…
ဂူအဝင်ပထမအဆင့်က ပေ (၁၀၀)လောက်လျှောက်ပြီး ခိုင်ခိုင်ခံ့ခံ့သိပ်မဟုတ်တဲ့ သံလှေကားနဲ့ အောက်တစ်ဆင့်ကိုထပ်ဆင်းရပါတယ်…
လှိုဏ်ဂူရဲ့ဒုတိယအဆင့်ရောက်တဲ့အချိန်မှာတော့ အလင်းရောင်အတော်နည်းပါးသွားသလို…
အောက်စီဂျင်လုံလောက်မှုလဲလျော့သွားပါတယ်…
အဲဒီအတွက် အရင်ခေတ်အခါတုန်းက မီးတုတ်တွေနဲ့သွားလာရတဲ့အချိန်မှာ မီးတုတ်တွေငြိမ်းသွားနိုင်တဲ့အထိပါ…
ကျောက်နံရံတွေမှာ… ခေါင်းတလားလို သစ်တစ်လုံးထဲကိုထွင်းထားတဲ့ဟာတွေကိုတွေ့ခဲ့ရပါတယ်…
ဒေသခံတွေယုံကြည်ထားတာကတော့ ကျတ်တွေရဲ့ခေါင်းတလားတွေလို့ဆိုပါတယ်…
ကျွန်တော့်အမြင်ကတော့ ရှေးလူများရဲ့သဂြိုဟ်ရာသချိုင်းတစ်ခုလို့ထင်မြင်မိပါတယ်…
ဒေသအတွင်းရှိ လင်းနို့ချေးကျုံးယူသူတွေက ဝါးလုံးရှည်များနဲ့ ထိုးချတာတွေရှိလို့ မူလနေရာကနေပြုတ်ကျပျက်စီးသွားတာတွေ
အတော်ကိုကုန်သလောက်ဖြစ်နေပါပြီ…
အပျက်အစီးများနဲ့ လင်းနို့များတွေ့မြင်ပြီးတော့ လမ်းတလျောက်တွေ့ရတဲ့ သဘာဝကျောက်ပန်းဆွဲများရဲ့အလှကိုလဲ ရှု့စားကြပါဦးခင်ဗျာ…
အဲဒီလိုနဲ့ လှိုဏ်ဂူထဲမှာ တစ်နာရီလောက် တောက်လျောက်ဝင်လာရင်း… မှောင်သထက်လဲမှောင်လာပါတယ်…
ဒေသခံတွေအဆိုအရတော့ လှိုဏ်ဂူဟာ ရှမ်းပြည်ထဲမှာလမ်းဆုံးသွားတယ်လို့ဆိုပါတယ်… ဒါပေမယ့် အလွန်တရာရှည်လျားခြင်း….
အောက်စီဂျင်မလောက်ငခြင်းတို့ကြောင့် ဘယ်သူမှအဆုံးအထိမသွားနိုင်ခဲ့ကြဘူးလို့လဲပြောကြပါတယ်…
နောက်ဆုံးတော့ လာလမ်းအတိုင်းပြန်ပြီး ကျွန်တော်တို့လှိုဏ်ဂူခရီးစဉ်ကို အဆုံးသတ်ဖို့ လှိုဏ်ဂူအပေါ်ကို ပြန်တက်လာခဲ့ပါတော့တယ်…
လှိုဏ်ဂူပေါ်ပြန်ရောက်တော့ ကယားပြည်နယ်ထဲက ဆွေမျိုးတစ်ဦးကို ပါလာတဲ့ငါးမုန့်ကြော်ကျွေးရင်း စကားတွေပြောဖြစ်ခဲ့ပါသေးတယ်…
ပြန်အတက်မှာတော့ ကျွန်တော်နဲ့အတူတူ ကျတ်ဌာနီကို ခရီးသွားခဲ့ကြတဲ့မိတ်ဆွေများအမှတ်တရဓာတ်ပုံလေးရိုက်ခဲ့ပါသေးတယ်…
နောင်တစ်ချိန်ကျရင် ပြန်ဆုံကြသေးတာပေါ့လို့လဲ ပြောခဲ့ပါတယ်…
နောက်တစ်ခါကျရင် မြန်မာတစ်နိုင်ငံလုံးရဲ့အားထားရာ လောပိတရေအားလျှပ်စစ်စက်ရုံကိုသွားလည်ဖို့ ကြိုးစားကြပါဦးမယ်…
နေ့လည် (၂)နာရီခန့်မှာတော့ လွိုင်ကော်မြို့ပေါ်ကို ပြန်လည်ရောက်ရှိပြီး…
နေ့လည်စာကို အမောပြေခေါင်ရည်လေးသောက်ရင်း… စေတီခရုစွတ်ပြုတ်လေးသောက်လို့…
ကျတ်ဌာနီခရီးစဉ်ကို အဆုံးသတ်လိုက်ပါတယ်ခင်ဗျား….
(ယခုခရီးစဉ်ရှိဓာတ်ပုံများကို Apple iPhone 4 ဖြင့်ရိုက်ယူမှတ်တမ်းတင်ပါသည်…ခိခိ)
ခင်မင်လျက်-
ကြောင်ဝတုတ်
၂၀၁၃၊ မေလ
20 comments
မဟာရာဇာ အံစာတုံး
May 21, 2013 at 1:34 pm
ဟက်လူရီး …
ကျတ် ဟုတ်ဘူး …။
ကြပ် …. တဲ့ ……။
ကျုပ်တောင် တစ်ခါမှားဘူးသေးတယ် …။
နည်းနည်းလေး ကြော်ငြာဝင်မယ်နော် … ချစ်ကိုဂျီး … ဟီးးး
“ကျွန်တော်ကြားခဲ့ရသော ကြပ်တစ္ဆေတို့၏ အသံများ”
http://myanmargazette.net/51757
ဒါ့ထက်ဗျာ ….။
သွားတာ တွေ့ခဲ့ဝူးပေါ့နော် ….။
“မိတ်ဆွေများအတွက် အမှတ်တရ…” ထဲကတော့ ကြပ်တွေ ဟုတ်ဘာဝူးနော် .. ဟီး …
ဘယ်သူတွေ ဘာပဲပြောပြော …
ကျုပ်တော့ဖြင့် အဲ့ဒီ ကြပ် ဆိုတာကို ယုံသဗျို့ ….။
ကြောင်ဝတုတ်
May 21, 2013 at 1:58 pm
ကိုအံဇာကြီးရေ…
ကျုပ်တော့ သူတို့ရေးထားတဲ့အတိုင်း ရေးလိုက်တာပဲ…
ခင်မင်လျက်-
ဖက်ဖက်ကက်
Ma Ei
May 21, 2013 at 1:52 pm
သံလှေကား ဖင်ထိုင်လျက်ဆင်းနေပုံကိုမြင်ယောင်မိပါရဲ့…
ဟိုဟာတွေက ကျောက်ဂူနံရံမှာ ချိတ်ထားတာလား၊
အမောပြေလေးကိုကြည့်လို့ အူယားမိပါကြောင်း…
နောင်တစ်ချိန် လမ်းပန်းဆက်သွယ်ရေး ကောင်းခဲ့ရင်ဖြင့်
ခရီးသွားများအသွားအလာများတဲ့နေရာဖြစ်သွားမယ်ထင်ပါတယ်…
Khaing Zar Win
May 21, 2013 at 2:11 pm
ကျတ် စရာကြီး ….
အဲလေ !
ကြောက်စရာကြီး ဆိုပြီး ဖတ်သွားပြီးမှ …..
နောက်ဆုံး ၃ ပုံကြည့်မှ ဗိုက် ဆာ လာရောပဲ ကိုကြီးဖက်။
:kwi:
Moe Z
May 21, 2013 at 2:18 pm
တော်ပါသေးရဲ့ ပြန်ရောက်လာလို့
သစ်သားတန်းနဲ့ သံလှေကားပုံကြည့်ပြီး
တိုရီးကြောင်ဝတုတ်ဘယ်လိုဆင်းမလဲတွေးနေတာ
ဟင်းထုတ်က ဘာတွေပါလဲဗျ…
Lay Pai
May 21, 2013 at 2:33 pm
စေတီခရုစွတ်ပြုတ် နဲ့ ကယားဟင်းထုတ် ကို သွားရည်ကျမိ သဗျာ။
ကျုပ်တို့ အောက်အရပ်ဒေသ က ခရုဖင်ချွန်း နဲ့ တူ သလိုလို နဲ့ စေတီခရု က နဲနဲ ပို သေး တယ် လို့ ထင်ရတယ်။
kai
May 21, 2013 at 2:44 pm
ယူရုတ်ပီယံတွေစိတ်ကူးယဉ်တဲ့.. elf လိုအကောင်ကနေ..ကော်ပီကူးတာဖြစ်မယ်…
ဘာပဲဖြစ်ဖြစ်…
တကောင်လောက်မိလာရင်… ထော…ထောစ်…
ပြီးခဲ့တဲ့… ၃ရက်ခရီးသွားခဲ့တာမှာ.. ကမ္ဘာ့ထုအကြီးဆုံးအပင်ကိုလည်း ဓါတ်ပုံရိုက်ခဲ့တယ်..
အခု..ပုံနှိပ်သတင်းစာလုပ်နေသမို့.. အားသွားရင်..ပုံတွေတင်မယ်လေ..
အိုဘယ့်… မိခင်သဘာဝအံ့ဖွယ်.. :kwi:
Munetez
May 21, 2013 at 2:44 pm
ညီးနှယ့် ရှာရှာဖွေဖွေ ကြံကြံဖန်ဖန် အေ…
ပန်းသီးက ပါလိုက်ရသေးဒယ်…
ကွကိုယ် ပဲ အေးအေးချမ်းချမ်း နော့ကင်းအွန်သီဟဲဗင်းဒေါ
မယ်လိုဒီလေး ထိုင်မှုတ်နေတာပဲ ကောင်းပါဒယ်။
:harr:
ဦးဦးပါလေရာ
May 21, 2013 at 2:51 pm
အဲဒီခေါင်းတလားတွေက ကျတ်တွေရဲ့ ခေါင်းတလားတွေဆိုတာ ဟုတ်နိုင်တာပေါ့…
အဲဒီ လူ တွေသေပြီး တချို့က ကျတ် ဖြစ်နေတာ ဖြစ်မှာပေါ့…။
ကျတ်ဆိုတာ ကမ္မဇိဋ္ဌိရှိတဲ့ ပြိတ္တာတစ်မျိုး လို့ ဆိုတာကိုး….။
အရပ်စကားနဲ့တော့ တန်ခိုးနဲနဲရှိတဲ့သရဲတွေပေါ့နော…….
TNA
May 21, 2013 at 4:01 pm
ဖက်ဖက်ကက်ရယ်။ ခရီးကိုလဲစိတ်ဝင်စားပါရဲ့။ နီ့ကိုယ်လုံးနဲ့ ဘီလိုဆင်း ဘီလိုတက်လဲဆိုတာလဲ စိတ်ဝင်စားပါရဲ့။ ဟင်းတွေကိုလဲစိတ်ဝင်စားပါရဲ့။ ထူးဆန်းသောနေရာလေးမို့ မှတ်ထားလိုက်အုံး မယ်အေ။ သေချာလေးလုပ်နိုင်ရင်တော့ ပင်းတယလှိုင်ဂူလိုဖြစ်မယ်ထင်တယ်နော်။
ရဲစည်(ခ)စောဖွပြေး
May 21, 2013 at 4:02 pm
ကျုပ်မှာလဲ ဒါ့ပုံ တပုံရှိသဗျို့ မြို့ငယ်လေးတမြို့ အတိုင်းပဲ အမှိုက်သရိုက် ဘာတခုမှ မရှိရှင်းလင်းနေတာ
ကြုံရင်တော့ တင်ပေးပါအုံးမယ်။
ကျုပ်ဖတ်ဖူးသလောက်တော့ ကျပ်/ကြပ်တွေဟာ အကောင်အတော်ကြီးပီး မျက်လုံးမဲမဲဂျီးတွေ ဆိုဘဲ
:kwi:
Mon Kit
May 21, 2013 at 4:22 pm
ရှလွတ်စ်…
အောက်ဆုံးက ကယားဟင်းထုပ်ကြီး စားချင်လိုက်ထာနော်…….
မရောက်ဖူးတဲ့ဒေသ အကြောင်းတွေ သိရ မြင်ရလို့လည်း ကျေးဇူးတင်ပါတယ်နော်..
အရီးခင်လတ်
May 21, 2013 at 4:30 pm
ဟိုတစ်ယောက် မောင်စည် က ဒုတ် နဲ့ လှမ်းထိုးမှ ဘဲ ထွက်လာတော် မူပေတော့ တယ် မောင်ဖက်ရယ်။
ပျောက်နေတာ လမ်းများ နေတာကိုး။
ဒီ ထဲ က အစားပုံတွေ မြင်ရင်တော့ တို့ တွေ ငှက်ကထကြီး ဒုက္ခများပေဦးတော့မည်။ 😆
Mobile13
May 21, 2013 at 4:42 pm
ကျုပ်ကြားဖူးတဲ့ကြပ်ဆိုတာကတော့
ပွဲလမ်းသဘင်ပုံစံဖန်းတီးပြပီး အနီးအနား ရောက်လာသူတွေကို ထင်ယောင်ထင်မှားလှည့်စားပါသတဲ့။ ဒဂဲ့ပွဲ ကြည့်ရသလို ပျော်စရာအလွန်ကောင်း ဈေးသည်ဆိုလည်း အင်မတန်ရောင်းကောင်း၏ လို့ဆိုကြပါတယ်။ ကျနော် ငယ်ငယ်ကနေခဲ့တဲ့ ရွာမှာဆိုရင်လည်း ကြပ်ကုန်းဟု လူအများခေါ်ဝေါ် ကြသောနေရာ နှစ်ခုလောက်ကိုရှိပါတယ်။ မြေနည်းနည်းမြင့်ပီး ကုန်းဖြစ်နေတဲ့နေရာတွေပါ။ ဘာအမှတ်အသားမှတော့မရှိပါဘူး။
လက်တွေ့မြင်ဖူးတဲ့ “ကြက်”ကုန်းကတော့ မြဝတီမှာပါ။
ယခုလည်း မည်သူမဆို သွားကြည့်လို့ ရပါတယ်။ တစ်ခါကြည့်ခကတော့ မြန်မာငွေ ၆၀၀၀,၈၀၀၀,၁၀၀၀ဝ ရှိတယ်လို့ သိရပါတယ်။ မြို့လယ်လောက်မှာ အထင်အရှား ကိုယ်ယောင်ပြကြတဲ့ အဲ့ဒီနေရာကိုတော့ အခြားမြို့အခြားနေရာတွေမှာ တစ်ခါမှ မမြင်ဖူးလို့ စကားကြုံတုန်း ကြက်
စိတ်ဝင်စားသူများအတွက် ပြောလိုက်ရပါကြောင်းးးးးးးးးး
လုံမလေးမွန်မွန်
May 21, 2013 at 9:23 pm
ဖျား… ပုံတွေကြည့်ပြီးတောင် ကြောက်တယ်…. သူများတွေပြောသလိုပဲ အနော်လည်း လှေကားကိုကြည့်ပြီး နာ့ကိုရီး ဘိုများအဆင်းအတက်လုပ်ခဲ့လဲလို့ တွေးမိတယ်… အာဂသတ္တိပဲ.. (ကိုအာဂမဟုတ်..)
ဘာပဲပေါပေါ..ကိုယ်တိုင်သွားခဲ့သလို ပုံတွေကြည့်ပြီးသွား.. ဒါမယ့်.. နောက်ဆုံးက ခေါင်ရည်နဲ့ ဟင်းထုပ်ကိုတော့ တကယ်စားချင်တယ်ဗျ…
ဦးကြောင်ကြီး
May 22, 2013 at 9:17 am
ကျတ်ဌာနီ
လက်ဖွာသည်
ငတ်လာပြီ
ထွက်ရှာဂျီ
သက်လျာချီ
ဖွက်စာပလီ
ဓာတ်မာညီ
နှက်ပါမည်..။
Miss Crystalline
May 22, 2013 at 10:05 am
ဖျားဖျား..အဲဒီကိုယ်လုံးနဲ ့ အဲဒီလှေကားကိုဆင်းရဲတယ်ဆိုကတည်းက တော်တော်လေးစားသွားပြီ..နည်းတဲ့ သတ်တိမဟုတ်ဘူး.. 🙂
အော်ဇီမှာ အဲဒီလိုလှိုဏ်ဂူတွေကို နာမည်လှလှလေးနဲ ့ crystal cave ဘာ ကေ့ဗ်..ညာကေ့ဗ်နဲ ့ ဂူတွေလည်းတော်တော်လှပါတယ်.. ဂိုက်နဲ ့..ပိုက်ဆံသဲ့ယူတာ.. ပိုက်ဆံဝင်ကြေးကနည်းတာမဟုတ်ဘူး.. သူတို ့သဘာဝပျက်စီးမှာစိုးလို ့ မီးမှိန်မှိန်ထွန်းပြီး တချို ့နေရာဓာတ်ပုံတောင်ရိုက်ခွင့်မပေးဘူး..
kyeemite
May 22, 2013 at 10:48 am
အော်..အော်
ဖက်တီးကက်တစ်ယောက် ရွာရိုးကိုးပေါက်လျှောက်သွားနေသကိုး..
တစ်ခုစဉ်းစားမရတာက..တောင်ပေါ်ဒေသဖြစ်ပြီး.. စေတီခရု ကဘယ်ကနေရပါလိမ့် 🙄
e tone
May 22, 2013 at 4:45 pm
☺ ကျတ်ဆိုတာ ပုံပြင်ထဲမှာပဲ ကြားဖူးတာ … အပြင်မှာတော့ .. မကြုံဖူးလို့ … လူကြီးတွေပြောတဲ့… ညဘက်မှ ထွက်တဲ့ ကျတ်တွေကို လက်မခံနိုင်ဘူး ။ ဒီကျတ်ဂူဆိုတာကလည်း .. နာမည်တူလား .. အစွဲပြုပြီးခေါ်တာလား ..ဘာလားမသိ … အဟီး .. သူ့ ရာဇဝင်မှမသိရဗြဲကိုး … ။
☺ ကဖက် ခမ်ဒါကိုယ်ရီးနဲ့ အိုက်လှေခါး … ဘယ်လိုမှ လားလားခြင်း မဆိုင်… တွေးကျိရင်းတောင် တအိအိရယ်မိဒယ် … လှေခါးကျိုးနိုင်ဒယ် … ။
☺ ဂူထဲ ခေါင်းတလားတွေပဲ ချိတာ .. ဘီ အရူးက ဆီမီးပူဇော်သွားပျံတာတုန်း … ခိခိ … ။ (ချတောင်ပို့တောင် သိုက်တွင်းဆိုပြီး ဖင်ဗူးထောင်းထောင် ရှိခိုးဂျသူတွေလည်း ချိတော့.. မပျော့စ်တော့ပါဘူး ) …
☺ စေတီခရုတော့ .. . စားချင်ဝူး … ညင်ရတာနဲ့တင် အန်ချင်နေတယ် …
☺ အေဘီစီ ခွက်ရီးရှေ့ချပီး ခေါင်ရည်လို့ ဖြီးလိုဖြီ … ။
☺ SAMPAOO ရေသန့်က ဖြန့်ချီအား .. သိပ်ကောင်းဒါဗြဲ … ။
ဧရာဝတီဘက်သွားတုန်းကတောင် … သူတို့ဒေသကလုပ်တဲ့ ရေသန့်တံဆိပ်ကို သုံးဂျဒါ တွေ့လို့ .. ထရန်စပို့တေးရှင်းချာ့ချ် သက်သာသတဲ့တော် … ။
☺ အိုက်လွယ်အိတ်ရီး ကိုင်လာတာ သုံးနှစ်သုံးမိုးချိဘီ .. လဲလိုက်တော့ …. :kwi:
အလင်း ဆက်
May 22, 2013 at 8:43 pm
ဗဟုသုတ ရပါ ့ဗျာ ။
အရင်က ကျွန်တော် ကြားဖူးနားဝ ရှ်ိတဲ ့ကြက်ဆိုတာက တစ်ခုပဲ ..
ဈေးထဲက… ကြက်သားးးး
:kwi: