စိတ်ကူးတည့်ရာ လက်တဲ့စမ်း အာတီဒုံရဲ့ ဃနာနို့ဆွမ်း
ကျမကလေ အချိုအဆိမ့်သိပ်ကြိုက်ပါတယ်။
ဒီအသက်အရွယ်ရောက်တာတောင်မှ ကုံးအိုက်စကရင်မ်(ဝေဖါခွက်လေးနဲ့ရေခဲမုန့်)ကို ကြုံရင် စားတုံး။
ဒီပါဝလီမှာ ဟိန္ဒူတွေ လက်ဆောင်ပေးတဲ့ မလိုင် ဆိုသိပ်ကြိုက်။
ရွှေပုဇွန်မှာ ဆို ကူလ်ဖီးပဲ စားတယ်။(ကြုံရင် ဝယ်ကျွေးနိုင်ပါတယ်)
အုန်းထန်းလျက်၊ မြေပဲယို၊နှမ်းပျစ်၊ ဇီးထုပ် ၊ဇီးတော်ဖီ တွေလည်း မပြတ်စားတုံး။
(ဒါကြောင့်လည်း ရွာထဲမှာ ကလေးတွေနဲ့ပေါင်းပြီး ကလေးဗိုလ်ကြီး လုပ်နေမိတာ ဖြစ်မှာပဲ)
အချိုစားလွန်းလို့ ကျမအကိုက နင်ဒီအရွယ်ထိ အချိုကြိုက်နေရင် ဆီးချိုဖြစ်လိမ့်မယ် လို့ ဆူခံရသေး။
(ဒီအဖွားကြီးကို ဆူမယ့်သူရှိသေးတယ်ဆိုတာ မယုံမရှိပါနဲ့၊အိမ်မှာဆို ကလေးပါ)
ဒီလောက် အချိုတွေစားပေမယ့် ဝိတ်မတက် သွယ်လျနေတာကိုတော့ မနာလိုမရှိကြပါနဲ့။
ကိုယ်ကုသိုလ်နဲ့ကိုယ်ဖြစ်တာပါနော။
အဲဒီတော့ ဘယ်လိုအကြောင်းပြပြီး ချိုချိုဆိမ့်ဆိမ့်တွေ စားရပါ့မလဲလို့ အမြဲ ကြံစည်နေပါတယ်။
ကဆုန်လပြည့်နားနီးတော့ ဗုဒ္ဓဝင်မှာ မြတ်စွာဘုရားအလောင်း သိဒ္ဓတ္ထတောထွက်ရဟန်းကို သုဇာတာသူဌေးမကြီးက သူ့သားလေး `ယသ´ကိုယ်ဝန်ရအောင် ဆောင်မပေးတယ်လို့ ထင်ထားတဲ့ ရုက္ခစိုး အမှတ်နဲ့ နှစ်စဉ်လှူနေကျ ဃနာနို့ဆွမ်း ကပ်လှူတယ်လို့ ကြားနာရပါတယ်။
ကလေးတွေကို ဗဟုသုတပြောပြရရင် အဲဒီ သုဇာတာက နု့ိစားနွားမ ၁၀၀ဝ ကို နွယ်ချိုတောမှာ လွှတ်ကျောင်းပြီး အဲဒီထဲက နွားမ ၅၀ဝ ရဲ့နို့ကို ကျန်နွားမ ၅၀ဝ ကိုပြန်တိုက်စေပါတယ်။
အဲဒီထဲကမှ နွားမ ၂၅ဝ ရဲ့ နို့ကို နောက်နွားမ ၂၅ဝ ကိုပြန်တိုက်စေတယ်တဲ့။
အဲသလို တစ်ဝက်စီ ခွဲခွဲပြီး နေက်ဆုံး နွားမ ၈ကောင်ရဲ့ နို့ ကိုတော့ သလေးဆန်နဲ့ရောပြီး ဃနာနို့ဆွမ်း ချက်ပါတယ်တဲ့။
နွားမတွေခွဲပုံ မူကွဲတွေကလည်း အမျိုးမျိုးဆိုတော့ အဲဒါအရေးမကြီးလှပါဘူး။
အဓိက ကတော့ ကောင်းသထက်ကောင်းအောင် စီမံထားတယ်ဆိုတာပါပဲ။
နတ်တွေကလည်း နတ်သုဒ္ဓါတွေ လာထည့်ပေးကြပါတယ်။
ကဆုန်လပြည့်နေ့ရဲ့ ညဦးယာမ်မှာ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်(ရှေးရှေးဘဝတွေကိုသိ)
ညဉ့်လယ်ယာမ်မှာ ဒိဗ္ဗစက္ခုဉာဏ် (လောကအလုံးကို နတ်မျက်စိကဲ့သို့မြင်)
မိုးသောက်ယာမ် လင်းအားကြီးမှာ အာသဝက္ခယဉာဏ် (ကိလေသာတွေကို အမြစ်ပြတ်ဖြတ်)ပြီး
သဗ္ဗညုတ ဘုရားအဖြစ်ကို ကျမတို့အခေါ် ကဆုန်လပြည့်ကျော် ၁ရက် မနက်မှာ ရောက်ပါတယ်။
ုဘုရားလောင်းက နို့ဆွမ်းပျစ်ပျစ်ကို ၄၉ လုပ် ဘုဉ်းပေးသုံးဆောင်လိုက်တာ နောက်ထပ် ရ ရက် ရ လီ ၄၉ ရက် ဘာမှ ထပ်မသုံးဆောင်ပဲနေနိုင်အောင် အာဟာရ ပြည့်ပါတယ်။
အဲဒါလေးကြားတော့ ဘုရားကို နို့ဆွမ်းကပ်ဖူးချင် (ပြီးရင် ကိုယ်စားချင်) တာနဲ့ လက်တည့်စမ်းလိုက်ပါတယ်။
အမွှာညီအမက ရွာထဲတင်ပါလားဆိုလို့ မရွှေတုတ်ရဲ့ နောက်ကလိုက်ပြီး ရမ်းသမ်း မှန်းသမ်းကွတ်တဲ့ ဃနာနို့ဆွမ်းအကြောင်းတင်လိုက်ပါတယ်။
သည်းခံခွင့်လွှတ် ဖတ်ကြပါကုန်လော့။
အချိုးအစားကတော့ မမေးနဲ့။
စားချင်သလောက် ကိုယ်ကြိုက်သလောက်သာထည့်။
ဆန်ပြုတ်ကိုတော့ ဓာတ်ဗူးထဲ ဆန်နဲ့ ရေနွေးထည့် တစ်နာရီဆို ဆန်ပြုတ်ဖြစ်ပါပြီ(ဒီနည်းကို ဒီရွာထဲကပဲရပါတယ်။ နွယ်ပင်တင်ပေးခဲ့တာ ထင်ပါတယ်)
အချိန်ကတော့ စမ်းစမ်းကြည့်တာ တစ်နာရီဆို လုံလောက်ပါတယ်။(အင်နာဂျီနဲ့ အချိန် ချွေတာတဲ့ ဆန်ပြုတ်ပြုတ်နည်းမို့ သိပ်ကြိုက်ပါတယ်)
ဆန် နို့ဆီဗူး တစ်ဝက် ပြုတ်နဲ့ နွားနို့ ၅ဝ သား ဆို အနေတော်ပါပဲ။
သာကူစေ့ရောင်စုံကတော့ အလှထည့်တာပါ။
ရေနွေးလေးနဲ့ သပ်သပ်ပြုတ်ပြီး ချခါနီးမှ ရောလည်းရပါတယ်။
ဖရုံယို၊စပျစ်သီးခြောက်၊နွားနို့၊သကြား၊ဆားအနည်းငယ် က ဓာတ်ဗူးထဲက ဆန်ပြုတ်နဲ့ရောမွှေပါတယ်။
၁ဝမိနစ်လောက်မွှေရင် ရပါပြီ။
သီဟိုစေ့၊ဖရုံစေ့တွေက ချခါနီးမှ ထည့်ပါ။
ဒူးရင်းသီးကြိုက်လို့ထည့်ရင် ပိုကောင်း(ဆွေမျိုးမေ့) :hee:
အားလုံးပြီးလို့ ဆွမ်းကပ်ပြီး ပိုတာ စားကြတော့ ကျမ အမ က ဩဘာပေးပါတယ်။
နင့် နို့ဆွမ်းက စမိုင်နဲ့ တူတယ်တဲ့ :kwi:
41 comments
TNA
May 24, 2013 at 11:16 am
မှတ်သားသွားပါတယ် အန်တီကြာရေ။ အိမ်မှာလဲ နို့ဆန်ပြုတ်လုပ်သောက်နေကျမို့ အန်တီကြာရဲ့ ရက်စိပီးစုံလှတဲ့ ဃနာနို့ဆွမ်း လေးကိုဖြင့် ကုသိုလ်လဲရ ဝမ်းလဲဝမို့ မှတ်သားသိမ်းဆည်းသွားပါတယ်။
padonmar
May 24, 2013 at 5:29 pm
အားပေးကြတဲ့ သည်းနုအေး၊မယ်ဆွိ၊စနေ(မီးလေးလို့ထင်ပါတယ်)တို့ရေ
ကျေးကျေးပါ။
ဒူးရင်းသီးအကြောင်းလည်း ပြောချင်ပါတယ်။
အဲဒီဒူရင်းသီးက မလေးရှားသီးတဲ့။ ယိုးဒယားသီးလောက် အလုံးမကြီးပဲ ၆ လက်မအချင်းလောက် အသီးလေးကို ခွာလိုက်တာ အဲဒီဖေါ့ဘူးအပြည့်ရတယ်။အစေ့လည်းသေးတယ်။အရသာလည်းကောင်းတယ်။
အဲဒါ ဝယ်ရင်းနဲ့ တွေးမိတယ်။
ဒို့ အရင်က သံတောင်သီးတို့ ကျိုက်ကော်သီးတို့ မော်လမြိုင်သီးတို့ ဆိုတဲ့ အင်မတန်စားကောင်းတဲ့ ပြည်တွင်းဒူးရင်းမျိုးတွေ ဘယ်ရောက်ကုန်ပါလိမ့်လို့။
သူများတိုင်းပြည်က ကောင်းသထက်ကောင်းတဲ့ မျိုးတွေ ဖော်ထုတ်ပြီူ အိတ်စပို့ လုပ်နေချိန် ဒို့တိုင်းပြည်က မျိုးကောင်းတွေ ပျောက်ကုန်ပြီလား။
အဲသလိုတွေးလိုက်တာ ဒူးရင်းသီးအရသာပျောက်ပါတယ်။
KZ
May 24, 2013 at 6:47 pm
အာတီဒုံ။
မလေးရှားမှာတောင် ဘယ် ဒီဗီးရှင်းက ဒူးရင်းသီးအကောင်းဆုံး ဆိုလား ဆိုင်မှာ ခွဲရောင်းသေးတယ်။
နောက်မှ မေးခဲ့ပါဦးမယ်။
စားပြီး ဆွေမျိုးတွေပါ မေ့သွားလို့ မမှတ်နိုင်လို့ပါ။
:528:
– အသားပြည့်
– အစေ့သေး
– ချိုခါး အရသာလေးပြည့်စုံ
– အရောင် လှ
– အနံ့ကောင်း
ပဂိုးဒါး။
မစားရ ဝခမန်း လာပွါးရင် စားချင်လာပါပေါ့။
:kwi:
http://durianinfo.blogspot.sg/p/durian-seasons-in-durian-production.html
ဒါ မလေးရှားမှာ သူတို့ ဒီဗီးရှင်းနဲ့ ခွဲထားတဲ့ ဒူးရင်းသီးအမျိုးအစားပဲ။
KZ
May 24, 2013 at 11:22 am
ခွိ။
တူတူပဲ အချိုကတော့ ဘာကြိုက်သတုန်း မမေးနဲ့။
ဒူးရင်းသီးကလည်း မလျှော့နိုင်။
စမိုင်နဲ့ တူတယ် ဆိုလို့ အစမ်းကို လုပ်စားကြည့်ဦးမှပဲ။
:528:
စနေ
May 24, 2013 at 11:42 am
ဒူးရင်းသီးလဲ အရမ်းကြိုက်
နို့ဆန်ပြုတ်လဲ အရမ်းကြိုက်
အချိုလဲ အရမ်းကြိုက်
ဘယ်လောက်စားစား မဝတာလဲ တီတီနဲ့ တူတယ် …..
စိတ်ကူးနဲ့ အဝစားသွားပါကြောင်း …….
:528:
Foreign Resident
May 24, 2013 at 11:49 am
တခြားတော့ မသိဘူး ။
Organic Raisins ဆိုတာလေးတော့ သဘောကျသား ။
padonmar
May 24, 2013 at 5:30 pm
FR
အဲဒီ စပျစ်သီးခြောက်စားချင် သူကြီးဆီမှာပေတော့။
Foreign Resident
May 24, 2013 at 5:50 pm
” အဲဒီ စပျစ်သီးခြောက်စားချင် သူကြီးဆီမှာပေတော့ ”
ဟင် ၊ အဲဒါ ရန်ကုန်မှာ ဝယ်လို့ ရတာ မဟုတ်ဘူးလား ။
ကျနော်က ” Organic ” ဆိုလို့ ၊ မြန်မာနိုင်ငံသားတွေ ၊
ကျန်းမာရေးအသိ တော်တော် ရှိလာပြီဆိုပြီး သဘောကျနေတာ ။
padonmar
May 24, 2013 at 7:13 pm
စပျစ်သီးခြောက်တော့ ရန်ကုန်မှာဝယ်လို့ရပါတယ်။အဲဒီ တံဆိပ်လည်း City Mart တွေမှာ ရောင်းပါတယ်။
ပြည်တွင်းဖြစ် အော်ဂဲနစ် သီးနှံတွေ ထုတ်ဖို့ ကြိုးစားနေကြပေမယ့် ဈေးကွက်ထဲ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နိုင်အောင် အားမပေးကြသေးပါဘူး။
Mr. MarGa
May 24, 2013 at 1:01 pm
ဒေါ်လေးရေ
အားရပါးရ အငွေ့နဲ့ သုံးဆောင်သွားပါတယ်
စမိုင်က ဒီထက် ကျဲမယ်ထင်တယ် ဟီဟိ
ပြုလုပ်နည်းကို အသေအချာ မှတ်သွားပါတယ်ခင်ဗျ :hee:
မောင် ပေ
May 24, 2013 at 1:28 pm
ချိုချိုပစ်ပစ် ချစ်ချစ်ပျိုပျို
ဘိုဘိုဟန်ကတော့
““ ချိုချိုရေ ပစ်သွားပြီလား ”” ရယ်လို ့
ဆိုခဲ့တယ် မို ့လား တီတီမာရဲ ့
padonmar
May 24, 2013 at 5:35 pm
သိကြားမင်းက နတ်သုဒ္ဓါ လာထည့်သွားသေးတယ်မလား။
တစ်ဖက် ၅၀ဝ သင်ပေးပြီး တစ်ပန်းကန်စီ လာပို့ခိုင်းလိုက်လေ။
……
မောင်ပေ
အချိုကိုတော့ သေတဲ့ထိ မပစ်နိုင်ပါဘူးကွယ်၊ကြိုက်လွန်းလို့။
Ma Ma
May 24, 2013 at 4:21 pm
ပြောထားလို့ ဒီနေ့ ကပ်ဖို့ စဉ်းစားထားပြီး ဝီရိယကောင်းလွန်းလို့ စိတ်ကူးယဉ်အိမ်မက်ထဲမှာပဲ ကပ်ဖြစ်လိုက်တယ်။
နောက်လုပ်တတ်အောင် အချိန်မီ အမြည်းသွားစားအုံးမှထင်တယ်။
ကြည့်ရတာတော့ အမြည်းစားရဖို့ထက် ပန်းကန်ဆေးရဖို့ များတယ်….. :harr:
padonmar
May 24, 2013 at 5:31 pm
မြည်းချင်ရင် အခုမြန်မြန်လာ
နောက်ကျရင် တာဝန်မယူ။
မဟာရာဇာ အံစာတုံး
May 24, 2013 at 4:52 pm
ဂလု .. ဂလု .. အု …
တီတီ ဃနာနို့ဆွမ်း မျင်ဒေါ့ စားဂျင်စိတ်က တဖွားဖွား …
အပေါ်က စာတွေ ဖတ်မိဒေါ့ …
ရယ်ချင်စိတ်က တခွိခွိ …
အချိုဒွေ ဂလောက် စားဒါဒေါင် ဝိတ်မတက်ဘဲ စလင်းလေး ဖစ်နေဒဲ့ နာ့တီတီ ကို ဘူဒွေ မီနာလို ဖစ်နေဂျဒါဒုံးဟင်င်င်င် …. 😈
စကားမစပ် …
ဘုရားလောင်းကို ကပ်ဖို့ ဃနာနို့ဆွမ်း ချက်တော့ …
ဟိုသီချင်းထဲကလိုဆိုရင် …
လောကပါက နတ်မင်းကြီးတွေ ဖိုခနောင့်ကို စောင့်တယ်ဒဲ့ ….
ဗြဟ္မာကြီးတွေက ထင်းကူရှာပေးဒယ်ဒဲ့ …
သိကြားမင်း ကလည်း မီးကူထိုးပေးဒယ်ဒဲ့ ….
ဟီးးးး ကျုံဒုန်းလေး ကျားဖူးဒါ ပေါကျိဒါဘာရို့ ….
padonmar
May 24, 2013 at 5:42 pm
ကဲ
စလင်းဘော်ဒီ ၊ငါးနီတူဘော်ဒီ(ငါးဖောင်ရိုးဆို အရပ်ရှည်ရမယ်လေ၊ငါးနီတူဆို ကိုယ့် အရပ်နဲ့ အတော်ပဲ)တီတီ့ကို မနာလိုနေတဲ့
ဦးနေချားကို လက်သီးနဲ့သွားထိုးပေးနော်။မောင်အံ့ကို အားကိုးပါတယ်။
……..
ဗုဒ္ဓဘာသာမှာ အဲသလို နတ်တွေကူလုပ်တဲ့ ဇာတ်လမ်းတွေ အများကြီးပဲ။
ဘုရားတွေဆို လူတစ်ရစ်နတ်တစ်ရစ်တည်တယ်ဆိုတာမျိုး။
မဟာရာဇာ အံစာတုံး
May 24, 2013 at 5:53 pm
တောက်စ် ..
ဦးနေးချားကြီးတော့ ဒီတစ်ခါ တွေ့လို့ကတော့ကွာ
အတွေ့ပဲ မှတ် .. ဟီးးး ဟီးးး
nature
May 27, 2013 at 5:48 pm
….ဗုဒ္ဓဘာသာမှာ အဲသလို နတ်တွေကူလုပ်တဲ့ ဇာတ်လမ်းတွေ အများကြီးပဲ။….
လူမစွမ်းနတ်မဆိုသလိုမျိုးပေါ့။
အထင်မလွဲလိုက်ပါနဲ့။ မနာလိုဖြစ်ဖို့နေနေသာသာ ဆရာမဖြစ်တော့မှာမို့ ဖားနေရတာ။ အုံးဂွမ်…
BMTM Mdy
May 24, 2013 at 5:54 pm
တော်တော် အရသာရှိမှာပဲ ဂလု
padonmar
May 24, 2013 at 9:30 pm
BMTM Mdy တွက် မွေးနေ့အမှတ်တရ စားသွားပါနော်.
ဦးဦးပါလေရာ
May 24, 2013 at 11:31 pm
ပိုစ့်ဖတ်နေရင်းနဲ့
ပြောမလို့စကားတခွန်းခေါင်းထဲဝင်လာတာ
မပဒုမ္မာအမ က ဦးသွားတယ်…
:harr:
ကျွန်တော်က မွတ်ဆလင်မိတ်ဆွေတစ်ချို့နဲ့ အပြန်အလှန်လေးလေးစားစား ခင်မင်ဖူးပါတယ်။
ဆိုတော့ – စမိုင်ကို ပုံအမျိုးမျိုးနဲ့စားဖူးတယ်ပေါ့…
(နွားနို့မကြိုက်ပေမယ့် အောင့်ပြီး စားပါတယ်)
ချိုတယ် ဆိုတာထက် တော်တော် အာဟာရပြည့်စုံတဲ့အစာမျိုးပါပဲ…။
ကျွန်တော်တို့ ဇာတိမြို့လေးမှာတော့ ကဆုန်လပြည့်မှာ ဘုရားကို ဆွမ်းလေးဆယ့်ကိုးလုပ် ကပ်လှူတဲ့ဓလေ့လဲရှိပါတယ်။
ဘုန်းကြီးကျောင်းမှာလုပ်တာပေါ့
တစ်ညလုံးချက်ပြုတ်ပြင်ဆင်ပြီး အရုဏ်တက်တဲ့အခါ ဘုရားဆွမ်းတော်ကပ်တာပါ…။
ဆွမ်းလုံး ကို ဒေါင်းဥ (တင်းနစ်ဘောလုံးနီးပါး)လောက်မှန်းပြီး လေးဆယ့်ကိုးလုံးလုပ်၊ ဗန်းထဲစီထည့်ပြီးကပ်တာပါပဲ။
အဲသည်ဓလေ့ကို စ လုပ်တဲ့ အဖွဲ့မှာ ကျွန်တော့်မိခင်ကြီးလဲ ပါပါတယ်။
အဲဒီဆွမ်းကို ဘယ်လိုတွေပြင်ဆင်တယ်ဆိုတာတော့ မမှတ်ထားမိလို့ မပြောပြနိုင်ပေမယ့်
ဆွမ်းတော်အကျကို စောင့်ပြီး အလုအယက်ယူကြပုံထောက်ရင် တော်တော်ကောင်းမယ့်ပုံပဲ….။
စေတနာသည် ကံ မည်ပါသတဲ့…..
အမတော်ရဲ့ကောင်းမှု့ကို သာဓုခေါ်ပါကြောင်း…..။
padonmar
May 25, 2013 at 6:36 am
ဦးပါတို့မြို့ကတော်တော် ပျော်ဖို့ကောင်းမယ်။
ဝါဆိုလမှာ ဝါဆိုထမင်းစားရမယ်။
ကဆုန်မှာ ဆွမ်းတော်ကျစားရမယ်။
စားချင်လိုက်ပါဘိ။
ရွာသူားတွေကို အလည်ဖိတ်ပါလား။
kai
May 25, 2013 at 7:42 am
လွန်ခဲ့တဲ့..နှစ်၂၆၀ဝ က ဃနာနို့ဆွမ်းလုပ်ပုံကို.. ဒီခေတ်.. ဆွစ်ဇလန်က.. ချိစ်လုပ်ပုံနဲ့ယှဉ်တွေးနေမိတယ်…
အပူချိန်တိုင်းတဲ့ကရိယာတွေ.. အဟာရ..ဗီတာမင်.. စတီးပေါင်းအိုး.. အောက်စီဂျင်.. စသဖြင့်.. ဓါတ်ခွဲခန်းတွေ.. ကိုလက်စရော.. အဆီ.. အချို.. အငံ.. စတာတွေနှုတ်ဖယ်တဲ့..စက်တွေ.. နဲ့… အရသာစစ်တဲ့.. ပရိုဖက်ရှင်နယ်လူတွေ… ပရိုဖက်ရှင်နယ်.. ကျမ်းမာရေး..နူထရေးရှင်းဝန်ထမ်းတွေ…
အင်း..
မြန်မာပြည်က.. အသားမစားရ.. နို့မသောက်ရ.. ကြက်ဥမစားရ…စသဖြင့်.. မှိုင်းသွင်းခံထားရတဲ့.. အဟာရမပြည့်တဲ့ကလေးတွေကို.. ဗီတာမင်ဆေးတွေ.. အလုံးလိုက်..အလုံးလိုက်လှူကြွေးချင်စိတ်တွေ… ဖြစ်နေမိတယ်… :harr:
padonmar
May 25, 2013 at 11:06 pm
သူကြီးလာလှူရင် အခမဲ့ ဝန်ဆောင်မှု ကူပါ့မယ်။
( ၈၈ မတိုင်မီက UNICEF က ကလေးတွေကို ဗိုက်တာမင်အေ ဆေးလုံးတွေ တိုက်တယ်။
ကျမတို့ငယ်ငယ်က လူရည်ချွန် နို့မှုန့်ကို မိခင်နဲ့ ကလေးမှာ အခမဲ့ သွားတောင်းလို့ရတယ်။)
ko pauk mandalay
May 25, 2013 at 10:14 am
(မန်မာပြည်က.. အသားမစားရ.. နို့မသောက်ရ.. ကြက်ဥမစားရ…စသဖြင့်.. မှိုင်းသွင်းခံထားရတဲ့.. အဟာရမပြည့်တဲ့ကလေးတွေကို.. ဗီတာမင်ဆေးတွေ.. )
ကိုခိုင်ရေ
မြန်မာပြည်မှာ သတ်သတ်လွတ်စားကြတယ်ဆိုတာ လူနည်းစုပါ
ကလေးတွေကို အဲလိုမစားရလို့မိူင်းသွင်းထားတာ မရှိပါဘူး။
(အဲ ကျနော်မဖတ်မိဘူးဆိုရင်တော့ ဖော်ပြပေးစေချင်ပါတယ်)
အရှင်းဆုံးပြောရရင် မွဲ လို့ မစားနိုင်ကြတာပါ။
ဘာ မွဲလဲပြောရင် ငွေတင်မက အသိဉာဏ်ပါ မွဲကြတာပါ။
ကလေးစားရမယ့် အဟာရတွေကို လူကြီးတွေက စားသွားလို့ပါ.
ကိုယ့်သားမီးကို နို့တစ်ခွက် ကြက်ဥတစ်လုံးတိုက်ဖို့ သတိမရတဲ့အဖေက
ညနေ ဘီယာထိုင်ဘို့ ဆေးလိပ်သောက်ဘို့ ကွမ်းစား ဘို့ အရက်သောက်ဘို့တော့ ပိုက်ဆံသုံးနိုင်တယ်ဗျာ။
နောက်ကျောင်းတွေမှာ ကလေးတွေအတွက်လို့ ရည်စူးလိုက် တဲ့ဟာတွေက လူကြီးလက်ထဲမှာတင်
ပျောက်သွားတယ်လေ။
မိူင်းအသွင်းမခံရပါဘူး စဉ်းစားတွေးခေါ်တတ်တာတွေပျောက်ပြီး အတ္တတွေဘဲရောက်လာတာပါ။
တစ်ခုတော့ ရှိပါတယ် စံနစ်ကျ အောင်မြင်ပြိးသားတိုင်းပြည်နဲ့စာရင် ဘရမ်းပတာ နဲ့ မွဲနေတဲ့ တိုင်းပြည်မှာ
လိုအပ်ချက်တွေအများကြီးရှိနေတာ အသေအချာပါဘဲ။
padonmar
May 25, 2013 at 10:50 pm
မှန်လိုက်လေ ကိုပေါက်ကွ။
ဆူး
May 25, 2013 at 10:17 am
စားကောင်းမည့်ဟာတွေချည်းပဲ စု ထည့်ထားတော့ စားကောင်းမှာသေချာတယ်လို့ ၁၀၀% ယူဆပါတယ်။
မှန်းကြည့်တာ အရမ်းအီမလား မသိဘူး..
အန်တီ ဒုံ ရဲ့ လက်တည့်စမ်း လေးတွေ အပြင်မှာ မြည်းစမ်းရရင်တော့ သိပ်ကောင်းမှာပဲ..
kyeemite
May 25, 2013 at 10:38 am
အင်း..
မြန်မာပြည်က.. အသားမစားရ.. နို့မသောက်ရ.. ကြက်ဥမစားရ…စသဖြင့်.. မှိုင်းသွင်းခံထားရတဲ့.. အဟာရမပြည့်တဲ့ကလေးတွေကို..
သဂျီးရေ…မှိုင်းသွင်းခံထားရလို့မဟုတ်ပါဘူး..
ဆင်းရဲလို့ မစားနိုင်ကြတာပါ… သဂျီးလှူမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့.. :hee:
အန်တီဒုံရေ…ဆံပြုတ်တော့ စားလေ့မရှိပါ..
နေမကောင်းရင်တောင်ဆံပြုတ်မသောက်ပါ
ကိုယ့်အကြောင်းနဲ့ကိုယ် စိတ်နာနေလို့ပါ… :kwi:
အဟာရအပြည့်ရှိမဲ့ ပုံပဲ….ကောင်းပါ၏။
ကြက်အူလှည့်
May 25, 2013 at 11:21 am
ဂလိုဗျ. သဂျီးပြောချင်တာ ကျနော်ဖမ်းမိတယ် ထင်တာပဲ.
မားးးခိုင်ကိုယ်တိုင်လည်း ပြောဖူးတယ်လေ သူငယ်ငယ်က
အဘွားက ကလေးငယ် ကို အသားကျွေးရင် ဥကျွေးရင်
သံထမယ် ဘာဖြစ်မယ် စတဲ့လွဲမှားတဲ့ ကျန်းမာရေးအသိပညာနဲ့
ဟိုဟာ မစားရ သည်ဟာမစားရ ဖြစ်ခဲ့ရတာတွေ
(တတ်နိုင်တာမတတ်နိုင်တာဘေးချိတ်နော) တတ်နိုင်လျက်ကနေ အယူလွဲလို့
ဖြစ်ထွန်းသင့်သလောက် အာဟာရမဖြစ်တာတွေ ကို ဆိုလိုချင်ရဲ့ထင့်.
နောက်ပြီး ဒုတိယအချက်. အမဲသားရှောင်တဲ့ မိသားစုမှာ လူသွားဖြစ်တဲ့ကလေး
ကျန်းးးးး. သူ့မိဘမချက်တဲ့ဟင်းလျာမို့ ဆေးဘက်ဆိုင်ရာရှုထောင့်အရ
ဘယ်လောက်အာဟာရပြည့်တဲ့ အစာ ပင်ဖြစ်စေ သူ့ခညာ မစားရရှာဘု.
အော်. အဲ့သည့်လောက် မကောင်းတဲ့ အာဟာရနဲ့ လူမှန်းသိတတ်တဲ့အရွယ် ထိ
အသက်ရှင်ခဲ့ရတယ်. လူမှန်းသိလာတော့လည်း မစားလက်စနဲ့မစား
အကျွမ်းတဝင်မဖြစ် သူက ပမာဏ တခုရှိမယ်မလား. ငယ်ကမစားဖူးပေမယ့်
အယူမရှိလို့(ဝါ) ကောင်းမှန်းသိလို့ စ စားလာတဲ့ပမာဏ လည်းရှိမပေါ့လေ.
မတတ်နိုင်လို့မစားရတာထက် တတ်နိုင်နေပါလျက် အတွေးအယူလွဲလို့
သင့်တော်တာ မစားရရှာတာ ပိုရင်နာစယာ လို့ယူဆပါကြောင်း.
( မားးးးခိုင်တျောက် ကတောက် ငယ်တုန်းက နာသာအမဲသားစား နွားနို့သောက်
ခဲ့ရင် အရပ်ကြီး မိုးထိုးနေပီး ခုထက်ပို ကော့ကေးရှန်း မမတေကြာုမှာ ပိုစွံမှာ ဖြစ်တယ်လို့
တွေးပြီး ရေးခဲ့တာ ကို မိဂီ ဖတ်မိရင်တော့. ဝန်ဒါမိပါခည)
အာဟိ
ဒက်ဂလောက်. ဒက်ဂလောက်.
padonmar
May 25, 2013 at 11:03 pm
မောင်ဂီ ထောက်ပြတဲ့ သဂျီးရဲ့ ကွန်မန့်တစ်ခု အန်တီလည်းဖတ်ဖူးတယ်။
အဘွားက ဟိုဟာမစားရ ဒီဟာမစားရပညတ်ခံရတဲ့ သဂျီးပေါက်စလေးကို မြင်ယောင်ပြီး သနားမိပါသေး။
…
ဒါပေမယ့် အဲဒါ အင်မတန် ရှေးရိုးဆန်တဲ့ အဖွားတွေ ကြီးဒေါ်တွေရှိတဲ့ မိသားစုတွေမှာသာ တွေ့ရမှာဖြစ်ပြီး
အန်တီတို့ ဟောက်ဆာဂျင်ဆင်းချိန်လောက်မှာတောင် အဲသလိုအယူတွေ သိပ်မတွေ့ရတော့ဘူး။
ကိုယ်က တောပိုင်းတွေထိ မရောက်ခဲ့လို့ မသိတာလည်းဖြစ်နိုင်ပါတယ်။
အဓိကကတော့ ဆင်းရဲမွဲတေလို့ စားချင်ရက်နဲ့မစားနိုင်တာ ကျွေးချင်ရက်နဲ့ မကျွေးနိုင်တာပါပဲ။
ကြုံကြိုက်ရင်တော့ ရွာသူားတွေနဲ့အတူ ဆင်းရဲတဲ့ ရွာလေးတစ်ရွာက ကလေးတွေကို နို့ဆန်ပြုတ် စတုဒီသာ သွားကျွေးချင်ပါတယ်။မိဘမဲ့ကျောင်းက ကလေးတွေကမှ အလှူရှင်ရှိလို့ စားရပါသေးတယ်။
ဆင်းရဲတဲ့ မိဘစုံက မွေးပြီး ကျောင်းတက်နေ/ကျောင်းမနေနိုင်တဲ့ ကလေးတွေဆို အာဟာရဖြစ်တာ မစားရရှာပါဘူး။
(နယ်မှာနေခဲ့တုံးက ဆန်၄ပြည်လောက် အုန်းဆန်ပြုတ်ပြုတ်ပြီး လာသမျှ ကလေးတွေကို အဝတိုက်တာ သိပ်ပျော်ဖို့ကောင်းတာပဲ၊ကလေးတွေဆိုတော့ ကောင်းတယ်မကောင်းဘူး မဝေဖန်ကြဘူး.)
padonmar
May 25, 2013 at 10:51 pm
ဦးကြီးမိုက်ကြည့်ရတာ မဒမ်မိုက်ရှေ့မှာ ဆုတ်ပြန်ခဲ့ရလို့ ဆန်းပြုတ်ဆို စိတ်နာနေပုံရတယ်။
Ma Ma
May 25, 2013 at 2:08 pm
ကိုယ်တိုင်ပဲ ဆန်ပြုတ်ကြိုက်လို့လား မသိဘူး ဆန်ပြုတ်သောက်တာကို အားပေးတယ်။
ဆင်းရဲတဲ့လူလည်း ဆန်ပြုတ်သောက်ရင် အဟာရအပြည့်ရနိုင်တယ်။
ရာသီဥတုပူပြင်းလွန်းလို့ အစားအသောက်မကောင်းရင် ဆန်ပြုတ်သောက်တာ ရင်အေးပြီး စားဝင်တယ်။
အသက်ကြီးတဲ့လူနဲ့ လူမမာတွေအတွက်လည်း ဆန်ပြုတ်က သင့်တော်တယ်။
ဆန်ပြုတ်မဲဆွယ်ပွဲအနေနဲ့ စားကောင်းစားဝင်တဲ့ လူငယ်လူလတ်တွေကို အခုလို ဃနာနို့ဆွမ်းကျွေးလိုက်ရင် ကြိုက်ကြမှာပဲထင်တယ်။
ဆန်ပြုတ်ကို အသားငါးမထည့်နိုင်တောင် ကန်စွန်းဥလေးထည့်ပြုတ်သောက်လည်း ကောင်းတာပဲ။
ပြောရင်းနဲ့ မန်းဂေဇက်ရဲ့ တွေ့ဆုံပွဲမှာ အာတီချုပ်… အဲ- အာတီဒုံရဲ့ ဃနာနို့ဆွမ်း စတုဒိသာ လှူကြရင် ကောင်းမလား။ :hee:
ဆူး
May 25, 2013 at 2:42 pm
ဒါနမြောက်စေရန် ပါရမီ ဖြည့်ပေးဖို့ အသင့်.. အဟိ.. ဂလု ရှလွတ်..
padonmar
May 25, 2013 at 11:09 pm
တွေ့ဆုံပွဲမှာ နို့ဆန်ပြုတ်ဆို ဟို သမဂ္ဂဝင်တွေက သပိတ်မှောက်ကြမှာပေါ့။
may july
May 25, 2013 at 3:21 pm
စမိုင်နဲ့ တူတယ်နော်.. စားချင်လိုက်တာ .. :hee:
padonmar
May 25, 2013 at 11:11 pm
မေဂျူလိုင်နဲ့ ဆူးရေ
ကိုယ့်ဖာသာကိုယ်တော့ အီဆိမ့်သွားလို့ တစ်လလောက် ထပ်မလုပ်ချင်တော့ဘူး။
သူများစမ်းသပ်ရင်တော့ လာမြည်းပေးပါ့မယ်။
surmi
May 26, 2013 at 10:24 am
ဪ ……
နောက်ကျလို ့ ဘာမှတောင်မကျန်တော ့ပါလား
ပန်းကန်ဆေးပြီးလှည့်ပြန်ရမယ့်ကိန်း….
ရောက်လက်စနဲ့တော ့ မထူးတော ့ပါဘူး နည်းတွေမှတ်သွားပါတယ်
နောက်တစ်ခါ စောစောလာခဲ့ပါမယ်
:hee:
padonmar
May 26, 2013 at 10:47 pm
ကဆာမိ
ဒီလို တိတ်တိတ်လေး လှည့်ပြန်လို့ ဘယ်ရမလဲ၊
ဆွမ်းတော်ကျကို ဦးပါနဲ့ လုစားနေကျ မလား၊
ရော့ ဆွမ်းတော်စွန့်တာယူစား၊
ပြီးတော့ ရွာထဲမရောက်တာကြာလို့ ဒဏ်ပေးတဲ့ အနေနဲ့ ပန်းကန်ဆေးခိုင်းမယ်။
Ma Ei
May 28, 2013 at 10:38 am
အချို၊အဆိမ့် အကုန်ကြိုက်၊ အုန်းနို့၊နို့ ဆန်ပြုတ်လဲကြိုက်
အဲ့လို နိူ့ဆန်ပြုတ်မျိုး ရွာသူ မွန်ကစ် ဒါလင် ရုံးကိုယူလာကျွေးလို့ စားဖူးတယ်…
ပြောင်းဖူးစေ့၊ကြာစေ့ လေးတွေလဲပါတယ်…ချိုဆိမ့်လေး ကောင်းမှကောင်း…
အိမ်မှာ လုပ်စားဖို့ စိတ်ကူးထားလိုက်ပြီး…နောက်ဆုံးကနေ လှမ်းမျှော်လိုက်ရပါတယ်….
padonmar
May 28, 2013 at 8:46 pm
မွအိပြောမှ နောက်တစ်ခါဆို ပြောင်းဖူးစေ့၊ကြာစေ့ပါထည့်ဖို့ သတိရပြီ။
ဒါပေမယ့် ကြာစေ့က ရင့်ရင် အထဲက အပင်ပေါက်လေးက ခါးတော့ နုနုလေး ရွေးရမယ်။
weiwei
May 28, 2013 at 10:45 pm
ဆန်ပြုတ်ကို ဘယ်လိုပြုတ်ပြုတ်ကြိုက်ပေမယ့် နို့ထည့်လိုက်ရင်တော့ မကြိုက်တော့တဲ့အတွက် မြည်းမကြည့်တော့ဘူးနော် …
စမိုင်ကိုတော့ ကြိုက်တယ် … ဆန်နေရာမှာ စမိုင်ဖတ်ကိုထည့်ပြီး စိတ်ကူးနဲ့ စားသွားပါတယ် …