ဟင်းချက်ရတာ ဘယ်လောက်ခက်လဲ။
ကိုယ်တိုင် ဟင်းမချက်ခင်တုန်းက ဟင်းချက်ရတာ ဘယ်လောက်ခက်လဲဆိုတာ မသိခဲ့ဘူး။ ဟင်းချက်နည်းကို သိရင်၊ ချက်တတ်ရင် ရပြီလို့ပဲ ထင်ခဲ့တယ်။ ကိုယ်တိုင်ချက်ကြည့်တော့မှ ဟင်းချက်ရတာ ဒီလောက်မလွယ်ပါလားလို့ သိလိုက်ရတယ်။ အိမ်မှာ နေ့တိုင်းဟင်းချက်ကျွေးတဲ့ အမေ့ကျေးဇူးကို ပိုသိတယ်။ အမေ ဘယ်လောက်ပင်ပန်းမလဲဆိုတာ ပိုနားလည်လာတယ်။
ဟင်းချက်တဲ့အခါ ဟင်းချက်တာ၊ ဟင်းမချက်ခင် ပါဝင်ပစ္စည်းတွေကိုပြင်တာ၊ ဟင်းချက်ပြီးတော့ သုံးပြီးတဲ့ ပန်းကန်၊အိုး၊ခွက်တွေကို ဆေးတာနဲ့တင်မပြီးပါဘူး။ ဒီနေ့ဘာဟင်းချက်ရမလဲဆိုတဲ့ မေးခွန်းက တော်တော်ဖြေရခက်ပါတယ်။ အိမ်မှာရှိတဲ့သူတွေ ဒီနေ့ဘာစားချင်လဲ၊ မနေ့ကကြက်သား၊ တစ်နေ့ကငါး ချက်ပြီးပြီဆိုတော့ ဒီနေ့ဝက်သားချက်ရမလား၊ ဝက်သားကို ဘယ်လိုချက်ရမလဲ။ ဒီလောက်တောင် ခေါင်းရှုပ်မှန်းမသိခဲ့ပါဘူး။ အဲဒါကတော်ပါသေးတယ်။ တစ်နည်းမဟုတ်တစ်နည်းတော့ ကြံစည်ရင်း အဖြေတစ်ခုတော့ ထွက်လာပါသေးတယ်။
အဆိုးဆုံးက ကိုယ်ချက်တဲ့ဟင်းကို စားမကောင်းဘူးလို့ပြောတာပါပဲ။ အဲ စားလို့မကောင်းဘူးလို့ပြောရုံတင်မကဘူး၊ ရွံဖို့ကောင်းတယ်လို့ ပြောလာတော့ စိတ်ထဲမှာနဲနဲတစ်မျိုးဖြစ်သွားတယ်။ အဲဒီလောက်ဖြစ်လှတာ နောက်နေ့ဟင်းမချက်ပေးဘူးဟာလို့ တွေးပေမယ့် နောက်နေ့မနက်ကျတော့လည်း မနေနိုင်ပဲ ထချက်ရတာပဲ။ ဒါပေမယ့် အဲဒီလို ချက်ပေးတာကို စားမကောင်းဘူးလို့ ထပ်ပြောတော့ တော်တော်ကို တင်းသွားပြီ။ ကိုကပဲ ဖြစ်သလိုစားတတ်တာလား၊ ကိုယ်တိုင်ချက်ထားတာမို့လို့ပဲသည်းခံပြီးစားနိုင်တာလားတော့ မသိဘူး။ ကိုယ်တိုင်စားကြည့်တော့လည်း အဲဒီလောက်မဆိုးပါဘူး။ စားနိုင်တဲ့အဆင့်မှာရှိပါတယ်။ တစ်ခုတော့ရှိတယ်။ ချက်ထားတာကို ချက်ချင်းမစားတော့ အေးသွားပြီး စားလို့မကောင်းတာလား။ အဲဒါလည်း နွေးပြီးစားလို့ရပါတယ်။ နွေးရင် ၂မိနစ်လောက်ပဲ ကြာမှာပါ။ စားတဲ့သူကပဲ အကောင်းကြိုက်တတ်လို့ ကိုယ်ချက်တဲ့ဟင်းကို မစားနိုင်တာလား။ စဉ်းစားလေ၊ ဒေါသထွက်မိလေ၊ ဝမ်းနည်းလေပဲ။ နောက်ဆုံးတော့လည်း အမေဟင်းချက်ကျွေးတုန်းက ဟိုဟာမကြိုက်ဘူး၊ ဒီဟာမကြိုက်ဘူးနဲ့ ဂျီးများခဲ့လို့ ပြန်ခံရတာပဲနေမှာပါလေလို့ ဖြေလိုက်ပါတယ်။
ဒီအကြောင်းကို အမေကို ပြောရင်လည်း ငါ့သမီးဝမ်းနည်းနေတယ်ဆိုပြီး ဝမ်းနည်းမှာလည်းစိုးရတယ်။ သူ့ကို တည့်တည့်ပြောမယ်ကြံတော့လည်း ကတောက်ကဆမဖြစ်ချင်ဘူး။ ဘယ်သူ့ကို ပြောရမလဲဆိုတာစဉ်းစားရင်း နောက်ဆုံးတော့လည်း မရောက်တာကြာပြီဖြစ်တဲ့ ဂဇက်ရွာကိုပြန်ပြီး ရွာသူရွာသားတွေဆီမှာ ရင်ဖွင့်ရတာပေါ့။ အဟင့် ရွှတ် ဖတ်
ကဲ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ ရွာသူရွာသားတို့လည်း ဒီပို့စ်လေးကိုဖတ်ပြီးတော့ အခုထိအမေ၊အဒေါ်၊အစ်မက ထမင်း၊ဟင်းချက်ကျွေးတုန်းဆိုရင် တန်ဖိုးထားကြ၊ ကိုယ်က ချက်ကျွေးနေရတယ်ဆိုရင် ကိုယ်ချက်ကျွေးနေရတဲ့သူကို ဒီပို့စ်ဖတ်ခိုင်းပြီး ရွှေတုတ်ကို ကော်မရှင်ခ ပေးကြ။ ဒါဗြဲ။
ပြီးပါဘီ။
49 comments
mashwetote
June 6, 2013 at 2:34 pm
စိတ်မပျော်ပါဘူး ဆိုမှ Copy/paste ကို မပြောင်းမိလို့ ပွိုင့်မရတော့ဝူး။ ငိုဘီ။ ဗြဲ…..
ကြက်အူလှည့်
June 6, 2013 at 2:42 pm
ခွေးတစ် ရိုက်တင် ဖစ်တွားဘာဘီကွီ
အစကတည်းက ပြည်ပကရေးတာမို့ တပြားမှ ရဖို့မရှိတာလေးလည်း ပြောခဲ့ပယဇီကွီ
mashwetote
June 6, 2013 at 2:48 pm
ဘီလိုလုပ် ဖစ်တွားတာတုံး။ တပြားမှ မရလည်း တခါတလေမှ ရေးတာဆိုတော့ တက်လာတဲ့ ပွိုင့်လေးတွေကြည့်ပြီး ပျော်ရတယ်တော့။
ဦး ကျောက်ခဲ
June 6, 2013 at 3:04 pm
ညှင်း ညှင်း… ဟင်းချက်ရတာက မပင်ပန်းဘူးခင်ဗျ…
ဟင်းချက်ဖို့ ဈေးဝယ်ရ၊ အသား တုံး ဆား/အသားမှုန့်နယ်၊ ကြက်သွန်နဲ့ အဆာပလာတွေလှီး၊ ချက်ပြီးရင် အိုးခွက်ပန်းကန်တွေဆေးရတာကမှ ပင်ပန်းတာ။ ဟင်းချက်တာကို အနုပညာတစ်ခုလို့ ခံစားပြီးချက်ကြည့်ပါ။ စိတ်လည်းပျော် အရသာလည်း တိုးတက်လာပါလိမ့်မယ်… အားဟိ
:harr:
ခင် ခ
June 6, 2013 at 4:19 pm
တစ်ခါတလေ ဝါသနာသည် ပင်ပန်းမှု့တွေကို ပပျောက်စေပြီး ပျော်ရွှင်ဖွယ်ရာဖြစ်တတ်တာလေးတော့ ရှိတတ်တယ်ဗျ။
ဥပမာ – ဘောလုံးပွဲဝါသနာရှိသူက ညညဉ့်နက်ချိန် မအိပ်ဘဲ ထိုင်ကာကြည့်ပေမယ့် အိပ်ရေးပျက်တယ်လို့ မခံစားရဘဲ ပျော်နေတတ်သလို။ ပန်းချီဝါသနာအိုးကလည်း ပန်ချီထိုင်ဆွဲကာဈန်ဝင်နေရင် ထမင်းမေ့ဟင်းမေ့ ပါဘဲ၊ ဒါကြောင့် အချက်ပြုတ်ဝါသနာပါသူတွေကလည်း အချိန်မရနဲ့ ချက်မယ်ဆိုတာကြည်ဘဲလို့……..။
mashwetote
June 6, 2013 at 10:29 pm
ချက်တာကို ပင်ပန်းတယ်လို့ မထင်ပါဘူး။ အိုးတွေခွက်တွေ ဆေးတာတောင် အရင်ကဆို ပျင်းလို့ ညည်းညူပြီး တောင်လိုပုံတဲ့ထိ မဆေးပဲပစ်ထားပေမယ့် ခုနောက်ပိုင်း မညည်းမညူ ဆေးပါတယ်။ (အိုးတွေခွက်တွေက ပစ်ထားလည်း သူ့ဘာသာသူ သန့်မသွားဘူးဆိုတာ သိရပြီးနောက်)
ဟင်းချက်ရတာပျော်ပါတယ်။ ဒါပေမယ့် စားမယ့်သူမရှိပဲ ပိုနေပြီး နောက်ဆုံးသွန်ပစ်ရတာများတော့ ဟင်းချက်ချင်စိတ် ပျောက်ပျောက်သွားတယ်။
Ma Ma
June 6, 2013 at 3:18 pm
အစကတည်းက ပြည်ပကရေးထာမို့ ပွိုင့်မရလည်း ……….. တန်ပါတယ်လေ။
ကိုယ်ရင်ဖွင့်ချင်တာလည်း ဖွင့်လို့ရတယ်။
ထွက်နေတဲ့ ဒေါသလည်း ဖောက်ချထားခဲ့လို့ရတယ်။
ဒါတောင်မက သူများချက်တာ စားနေတဲ့သူတွေဆီကလည်း ကော်မရှင်ခ ရအုံးမယ်။
အဲ-
ကော်မရှင်ပေးရမယ့်အထဲ ကိုယ်လည်း ပါနေပါပေါ့လား။ :harr: :harr: :harr:
မင်းမင်း
June 6, 2013 at 3:28 pm
ဟင်းချက်ရင် စေတနာ မေတ္တာ တွေကို
စားမည့်သူတွေကိုတွေးရင်ထည့်ချက်ပါ ကပိုကောင်း၏
လို့ဖတ်ဖူးပါတယ်။
ကျနော်လည်းတခါတလေချက်ရတဲ့အလှည့်ရောက်ခဲ့ရင်
အဲသလိုချက်လို့ ပါမစ်တောင်ရတော့မလို့။ ဟီးးးး
ဟင်းချက်ကောင်းသော လက်ရာကောင်းသော
စဖိုမှုးကြီးဖြစ်ပါစေ။
Shwe Ei
June 6, 2013 at 3:32 pm
သများတော့ တခါတလေ ကိုယ်တိုင်ချက်ပြီး ကိုယ်တိုင် မစားချင် ဖစ်မိတယ်ကွီ….
ဘာပုလို့ပါလိမ့် :byae:
အဲ…ကိုယ်ချက်တာ လာစားပြီး ဘာဖြစ်သလေး ညာဖြစ်သလေး ဂျီးများမဲ့လူဆိုရင်တော့
ရိုက်သတ်ချင်တယ်…ကွိ..ကွိ
mashwetote
June 6, 2013 at 10:37 pm
တိန်.. ကိုယ်တိုင်ချက်ပြီး ကိုယ်တိုင်မစားချင်ဆိုတော့… ကိုယ်ကချက်တဲ့သူဘဲ ကိုယ်စားချင်ဒါဘဲချက်ပေါ့ရို့။ တူညားတွေ ဘာစားချင်လဲ ဂရုမစိုက်နဲ့။ ကိုယ်စားချင်တာကိုယ်ချက် နင်တို့စားချင်တာ နင်တို့ချက်ဆိုပြီး ပစ်ထားလိုက်။ :kwi:
KZ
June 6, 2013 at 3:47 pm
အဲလာတွေဂျောင့် ဒို့ က မရှက်ဘူး (အဲလေ) မချက်ဘူး။
:harr:
အဖို ဆို မီးဖို နားကို မကပ်ဘူး။
အဟွတ်။
ဟင်းချက်ရမဆိုးလို့။
:kwi:
mashwetote
June 6, 2013 at 10:42 pm
အဲ့ဒါ အကောင်းဆုံးပဲကွယ်။ :harr:
အရီးခင်လတ်
June 6, 2013 at 4:02 pm
သူများချက်တာ မကြိုက်ရင် ကိုယ့်ဟာကိုယ်ချက်၊ အိုးတွေလဲ ကိုယ့်ဟာကိုယ် ဆေးလို့သာ (တွေ့လား အပေါ်မှာ ကိုကျောက်ပြောတာ) ပြောလိုက် ရွှေတုတ် ရေ။
အရီး လဲ ဟင်းချက် မကောင်းဘူး။
😆
mashwetote
June 6, 2013 at 10:44 pm
အဲ့ဒါဘဲ။ အဲ့လိုမျိုးကို ပြောချင်တာ။ ရန်မဖြစ်ချင်လို့။ ငှင်း ငှင်း..
ဆူး
June 6, 2013 at 4:02 pm
အချက်အပြုတ် ကိစ္စ နဲ့ပတ်သတ်ပြီး ပြောရမယ် ဆိုရင်ဖြင့် ကိုယ်တွေ့ကြုံရတာ ပြောစရာတွေ အများကြီးပေါ့..
ဘာမှ မပြောချင်တော့လို့ ဘာမှ မပြောတော့ဘူး။
ဘာချက်ချက် စားကောင်းတယ် ဆိုပြီး များများစားတာပဲ မြင်ချင်တယ်။
mashwetote
June 6, 2013 at 10:45 pm
အဲ့လို ဘာချက်ချက် များများစားမယ့် စားသုံးသူတစ်ယောက်လောက်ရှိရင် ကောင်းမယ်ကွယ်။ ခုတော့ ဘာချက်ချက် စားကောင်းတယ် ဆိုပြီး များများစားတဲ့သူက ရွှေတုတ်ကိုယ်တိုင်ဖြစ်နေတယ်။ :kwi:
ဆူး
June 7, 2013 at 8:34 am
စားကောင်းတဲ့ နေ့ဆိုရင် ဒီနေ့ ထမင်း ချက်တာ နည်းတာလားတဲ့..
ထမင်းကတော့ ပုံမှန် အချိန်ခွက်နဲ့ ချက်တာ.. ဟင်းမကြိုက်လည်း ထမင်း ကုန်အောင် စား ဆိုပြီး ဗီဒိုအာဏာ နဲ့ မအိပ်ခင် အိုးခွက် အကုန် ဆေးမှောက်နိုင်အောင် စားခိုင်းပါကြောင်း။
ရွှေတိုက်စိုး
June 6, 2013 at 4:33 pm
ဟင်းချက်တာခက်လားမခက်လားတော့မသိဘူး……
မရွှေတုတ် နံမယ် မြင်လိုက်တာ…….မန်းလေးက ရွှေတုတ်လက်ဖက်သုပ် သွားသတိရတယ်.. ရှလွတ်
mashwetote
June 6, 2013 at 10:54 pm
အင့် ကောင်းရော။ ဘာပြန်ပြောရမလဲတောင် တိတော့ဝူး။
Hnin Hnin
June 6, 2013 at 5:26 pm
ဟင်းချက်လုပ်ငန်းစဉ်..
– အချိန်ကုန်(ဈေးသွား၊ဝယ်ခြမ်း၊ချက်ပြုတ်ရန် ပြင်ဆင်)
– နာ(၅)နာ
– ခြေညောင်း(ဆေးလိုက်၊ချက်လိုက် မထိုင်ရလို့)
– ညှော်ရှု
– မီးပူခံ
– ထိခိုက်ဒဏ်ရာရ (ဆီပေါက်၊မီးဟပ်၊ရေနွေးပူလောင်)
– လက်အရေတွန့်(ပန်းကန်တွေ ဆေးရလို့)
– မီးဖိုသန့်ရှင်းရေး(ချက်ပြီး)
– ခြေကုန်လက်ပန်းကျ
ဒီ (၉) ချက် ကျော်ဖြတ်ပြီးမှ ရလာတဲ့ ဟင်းခွက်တွေကို..မိန့်မိန့်ကြီး ထိုင်စားသူတွေ
ချက်သူရဲ့ စေတနာ၊မစေတနာ၊ဝါသနာ၊မဝါသနာ၊အနစ်နာတွေကို လေးစားသမှုနဲ့
ကောင်းကောင်း၊မကောင်းကောင်း ပါးစပ်ကလေးကိုပိတ်ပြီး စားသင့်ကြပါတယ်လို့။
mashwetote
June 6, 2013 at 10:48 pm
Hnin Hnin ရေးထားတာကို ရေလည်ခိုက်တွားဘီ။ နောက် ကိုယ်ချက်တဲ့ဟင်းကို ကွန်ပလိန့်တက်လာရင် ဒါကို ကိုးကားပြီးတော့ ပြန်ပက်တော့မယ်။ ကျေးဇူး။ :hee:
lele kyi
June 6, 2013 at 5:43 pm
ကျမ ဆိုရင် သူတို့ကိုဖျားယောင်းပစ်လိုက်တယ်။ အရသာနောက်မလိုက်နဲ့- ကျန်းမာရေးနဲ့ညီညွတ်အောင် ဘာမှထဲ့ထားဝူး။ ဘာညာဘာညာပေါ့။ ထမင်းစားတိုင်းပြောတယ်။နားးညည်းလို့လားမသိဘူး ဘာမှပြန်ပြောကြဝူး။ အခုတော့ ဟင်းချို မှုံ့မထဲ့ ဆီမပါပဲ သူငယ်ချင်းတွေ အသုပ်လုပ်တတ်သွားပြီ။ပါဖျားယောင်းရကျိုးနပ်တယ်။ 🙂
mashwetote
June 6, 2013 at 10:58 pm
ဆားပေါ့ရင်၊ ဆီနည်းရင် ဒါမှ ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာ ရွှေတုတ်လက်သုံးစကား :harr:
ဆားငန်သွားရင်တော့ မပြောတတ်တော့ဘူး။ ဒါပေမယ့် ခုဟာက ကိုယ်စားကြည့်တော့ စားလို့ရပါရက်နဲ့ ဘယ်နားက ဘာမကောင်းမှန်းကို မသိတော့တာပ။
TNA
June 6, 2013 at 6:03 pm
ဟင်းချက်တာကတော့ ပထမဆုံးအတွေ့ကြုံကိုပြောရမယ်ဆိုရင်ဖြင့် ပထမဆုံးစချက်တဲ့ဟင်းက ချဉ်ပေါင်ရွက် ချဉ်ရည်ဟင်း ဝက်သားပြုတ်ကြော်။ ဝက်သားပြုတ်ကြော်ကတော့ အားလုံးထည့်လုံးရေထည့်ကျက်။ အဲ ချဉ်ပေါင်ရွက်ချဉ်ရည်မတော့ ဘယ်လိုကဘယ်လိုဖစ်တယ်မတိ။ လုံးဝမချဉ်ဘူး။ ချိုတိုကြီး။ အိုက်လာနဲ့ ရွှေညာဏ်တော်ဆူးရောက်ပီး မန်ကျည်းမှည့်တွေဖျော်ထည့်ပလိုက်တယ်။ ချဉ်ရော။ ဒါပေမဲ့ မန်ကျည်းမှည့်တဖတ်နှစ်ဖတ်ချဉ်ဟင်းထဲပါတွားဒေါ့အိမ်ကသိပီး ပြောလို့မဆုံးတော့ဘူး။ အိုက်ဒါမှတ်မှတ်ရရပါဘဲ။ အခုဆားဗစ်ရင့်တွားဒေါ့လဲ အေးဆေးဖြစ်တွားဒလို့ ကိုယ့်လက်ရာအားပေးမဲ့တူ ကလဲ စားလို့ရပီးရေရှိုဒေါ့ကာ အတော်ကံကောင်းတယ်ပြောရမယ်။ အာဟဲ။
mashwetote
June 6, 2013 at 11:17 pm
စစချက်ချင်းတော့ အဲဒီလို လုပ်တာတွေ အများကြီးပဲ။ ဟီးဟီး။ အချိုးအဆကလဲ သေချာမသိတော့ ဟင်းတစ်ခွက်ချက်ရင် မြည်းကြည့်လိုက်၊ ငံပြာရည်နည်းနည်းထပ်ထည့်လိုက်၊ ဆားနည်းနည်းထပ်ထည့်လိုက်နဲ့ ခိခိ။ TNA လိုပဲ ငါလဲ ဝါရင့်ရင်တော့ ဟင်းချက်ကောင်းလာမှာပါ ဆိုပြီး ကိုယ့်ဘာသာကိုယ် ဖြေသိမ့်ရတယ်…
Foreign Resident
June 6, 2013 at 6:12 pm
မ ရွှေတုတ် ရေးထားတာကိုဖတ်ပြီး ၊
သူမ ကိုယ်တိုင် တပါတ် ၆ ရက် အလုပ်လုပ်နေရပါလျက်နှင့် ၊
အိမ်မှာ ဘာ အလုပ်မှ မရှိဘဲ ငုတ်တုတ်ထိုင်နေတဲ့ သူ့လင် ( အဘ ) ကို ၊
ဟင်းချက် ကျွေးနေရှာတဲ့ ၊ အဘ မိန်းမ ကို သနားသွားပြီ ။
ဒါပေမယ့် ၊ သူ ချက်ကျွေးတဲ့ ဟင်းတွေကို မကြိုက်လှပေမယ့် ၊
ကြိုက်ချင်ဟန်ဆောင်ပြီး ၊ မကုန် ကုန်အောင် စားပေးနေရတဲ့ အဘ ကိုရော ၊
ဘယ်သူက သနားမှာလည်းကွယ် ။
ကြက်အူလှည့်
June 6, 2013 at 6:40 pm
အွန်.
ဖိုးကံကောင်း အဘရေ.
(ကံဆိုတာ အလုပ်မို့ အလုပ်ကောင်း၂ လုပ်ခဲ့လို့ အကျိုးကောင်းကောင်းခံစားနေရတဲ့ ) ဖိုးကံကောင်း အဘရေ.
ဗမာ အမျိုးသမီး စစ်စစ်ကြီး ယူထားတယ် လို့ဆိုထားလေတော့. ဗမာစတိုင် စားဖိုမှူးလက်ရာက
တီလုပ်သွေးပါတဲ့ အဘပါးစပ်မှာ. အောင်မှတ်ရယုံပေမယ့် ဂုဏ်ထူးမထွက်ဘူး ထင်ပါရဲ့.
ဒါပေသိ.
စိတ်ချလက်ချသာစားပါဗျာ. ဆြာဝန်မဖြစ်လို့. ရောဂါရမှာတွေမကျွေးမယ့်အပြင်.
အဘကို ကြွေလွန်းတယ် ဆိုတာလည်းတွေးမိသမို့. . သူမ ကိုယ်တိုင်ပင်လျင် (ကိုယ်တိုင်မကြိုက်သော်ငြား)
အဘကြိုက်တတ်တဲ့ ဟင်းလျှာမျိုး စီစဉ်ပေးမှာမို့. အန္တရာယ်ကင်းပြီး စေတနာအနံ့သင်းမယ့်
အစားအစာတွေ စားနေရတဲ့ ဖိုးကံကောင်းကို ဘယ်သူမှ သနားမှာမဟုတ်ကြောင်းရယ်ပါ.
ကွိကွိ
:harr:
Foreign Resident
June 6, 2013 at 7:10 pm
အဲလောက်လဲ ဟုတ်ပါဘူး ၊ ဂီဂီ ရယ် ။
အဘ မိန်းမ ချက်တတ်တာကလည်း ၊ ဟင်း ဆယ်မျိုးလောက်ပဲရှိတာပါကွယ် ။
အားရက်မှာ သူ ဟင်း တစ်ခါချက်ပြီးရင် ၊ နောက် ၃ ရက်လောက်က ၊
အဘတို့ အဲဒီ ဟင်း ကို မကုန်မချင်း စားရတာကွယ့် ။
သူ ကြေးအိုး ချက်တာကတော့ စားကောင်းတယ်ကွယ့် ။
အဘ လဲ အနောက်နိုင်ငံတွေမှာ နေတာပါကွယ် ၊
သိပ်ပြီး တစ်ကိုယ်ကောင်း မ ဆန်ပါဘူး ။
သူ ဟင်းချက်ရင် အဘ ပန်ကန် ဆေးပေးပါတယ်ကွယ့် ။
ဟင်းသီး ဟင်းရွက် လည်း ဝင်လှီးပေးပါတယ်ကွယ့် ။
အဘ လည်း တစ်ခါတစ်လေ ပြန်ချက်ကျွေးပါတယ်ကွယ့် ။
အဘ က မုန့်ဟင်းခါးကို တစ်နာရီ အတွင်း အပြီးချက်တတ်တယ် ။
( နန်းသပြေ ဆိုတဲ့ မုန့်ဟင်းခါးထုတ် ကို ချက်တာလေ )
TNA
June 7, 2013 at 10:04 pm
အဘ သီးပွင့်စုံ မုန့်ဟင်းခါးထုပ် ကပိုကောင်းတယ်သိလား။ နန်းသပြေထက်ပိုကောင်းတယ်။ အိုက်ဒါလေး ကြော်ငြာ ဝင်ပေးတာပါ။ နိုင်ငံခြားရောက်မြန်မာများ တကယ့်မြန်မာ့မုန့် ဟင်းခါးဆိုင် မှာစားရသလိုကောင်းလို့ပါ။
padonmar
June 6, 2013 at 9:17 pm
ဆရာကြီး မင်းသိင်္ခရဲ့တပည့်မ တစ်ဦးကရေးဖူးတယ်။
ဟင်းချက်ရင် စားမယ့်သူတွေကို လွမ်းတဲ့စိတ်(စားကောင်းစေချင်တဲ့ စိတ်)နဲ့ စိတ်ရှည်ရှည် ချက်မှ ဟင်းကောင်းတစ်ခွက်ရတယ်တဲ့။
ထားသင့်တဲ့ အပူချိန်၊ထားသင့်တဲ့ မိနစ်နာရီ အံကိုက်ဖြစ်မှ ဟင်းကောင်းဖြစ်လို့ ဟင်းကို လုံးချက်တယ်လို့ မခေါ်ပဲ လွမ်းချက်တယ်လို့ သုံးပါတဲ့။
အင်း…မရွှေတုတ်ကလေးကိုသာ ဆရာတတ်လိုက်ရတာ အန်တီကိုယ်တိုင်လည်း ဟင်းချက်မကောင်းဘူး။
ပုံမှန်ဟင်းတွေလည်း ချက်ရတာ ဝါသနာမပါဘူး။
ဟင်းအထူးအဆန်းတွေဆိုရင်တော့ ချက်ကြည့်ချင်တယ်။
သူများအိမ်မှာ စားသောက်ဆိုင်မှာ အဆန်းစားပြီးရင် အိမ်မှာ ပြန်ချက်ကြည့်ချင်တယ်။
ဟင်းချက်နည်း အသစ်တွေ စာအုပ်ထဲတွေ့ရင် စမ်းချင်တယ်။
ဒါကြောင့် အဖေရှိတုံးက အန်တီ မီးဖိုထဲ ဝင်ပြီဆိုတာနဲ့ ဘာတွေ ကွန့်နေပြန်ပြီလဲလို့ ဆူတတ်တယ်။
(အားပေးပုံ)
ကွန့်ဟင်းလျာတွေကိုတော့ ဘယ်သူမှ အားမပေးလည်း ကိုယ့်ဖာသာကိုယ်စားပစ်တာပေါ့။
ဒါကြောင့် ကိုယ့်ဟင်းကို ဘယ်တော့မှ မိန်းဒစ်ရှ် မထားဘူး။
ဟင်းချက်မကောင်းဘူးပြောလည်း စိတ်မဆိုးပါနဲ့။
No man is perfect လူဆိုတာ နေရာတိုင်းတော့ ဘယ်တော်နိုင်ပါ့မလဲ၊ငါ ဟင်းချက်လေးတော့ ညံ့ပေးလိုက်ပါမယ်လေ လို့ ပြန်ပြောလိုက်။(ရှူးတိုးတိုးနော် ၊အမှန်ကတော့ ညံ့တာတွေ အများကြီး)
mashwetote
June 6, 2013 at 11:07 pm
တရုတ်ကားတွေ၊ ကိုရီးယားကားတွေထဲမှာလည်း အန်တီ ပဒုမ္မာ ပြောသလိုတွေ့ဖူးတယ်။ ဟင်းချက်ရင်းနဲ့ ပျော်စရာတွေတွေးနေရင် အဲဒီဟင်းကို စားတဲ့သူက စားပြီးပြီးချင်း ပြုံးတယ်ဆိုလား။ လွမ်းတဲ့စိတ်နဲ့ စိတ်ရှည်ရှည်ချက်မှ စားကောင်းတယ်ဆိုတော့ ဆုံးဖြတ်ချက်ချလိုက်ပြီ။ ဒေါသမပြေမချင်း ဟင်းမချက်တော့ဘူးလို့ :hee:
kai
June 7, 2013 at 3:10 am
ကျုပ်လုပ်ဖူးတဲ့အလုပ်တွေထဲ.. ဟင်းချက်အလုပ်က.. ဝါသနာပါတဲ့အလုပ်တခုပါ..။ အင်မတန်စိတ်ဝင်စားဖို့ကောင်းတာမို့.. ပရိုတန်းအထိ.. တက်ခဲ့တယ်..။
ဆိုတော့.. အနုပညာပါပဲ..။
အနုပညာကို ခံစားစံစားအဖြေထုတ်ပေးမယ့်သူတွေများ.. အပြည့်…အပြည့်…။
အဲဒီလိုနဲ့..
.. လေဒီခိုင်နေ့တိုင်းဟင်းချက်ကျွေးနေရလေသတည်း.. ကွိ… :kwi:
mashwetote
June 7, 2013 at 5:41 am
သဂျီးရေးတာ ဖတ်မိတော့လည်း အဘဖောတို့ ကံကောင်းတာလောက်တော့ လေဒီခိုင်က အေးဆေးပဲ ဖြစ်နေပြီ။ အားကျတယ်ဗျို့!!
weiwei
June 7, 2013 at 9:10 am
ဟင်းချက်ရတာ စားမယ့်သူတွေညီရင် ပျော်စရာကောင်းပါတယ် ..
ဒါပေမယ့် …
သွေးတိုးရှိနေတဲ့ အဖေရယ် .. ဆီးချိုရှိနေတဲ့အမေရယ် ..
သတ်သတ်လွတ်စားတဲ့ အဒေါ်ရယ် …
အသားငါး အဟာရပြည့်ဝဖို့လိုတဲ့ မူလတန်းအရွယ် ကလေးတွေရယ် ..
အဲဒီလို လူမျိုးစုံတဲ့ အိမ်ကြီးထဲမှာတော့ ..
ဟင်းလျာစီမံ ချက်ပြုတ်နေရတာနဲ့တင် သေချင်စော်နံပါတယ်လို့ ….
ဆူး
June 7, 2013 at 9:47 am
အဖေ ရှိတုန်းကတော့ အသည်း ဆီးချို နဲ့ သွေးမတိုးအောင် အချိုမှုန့်မပါ ဆီမပါ အငံမပါတဲ့ ဟင်းတွေ တူတူ စားခဲ့ကြတာ ပျော်စရာကြီး.. အိမ်ကို ဧည့်သည်လာရင် ဘယ်သူမှ ထမင်းမစားနို်ငဘူး လူမမာစာ လိုမျိုး ဖြူဖြဲဖြဲ ဟင်းတွေ ဖြစ်နေလို့..
အခု ကိုယ့်အိမ်နဲ့ ကိုယ်ဟင်းချက်တော့.. အရသာ တော်ယုံ ထည့်လို့လည်း မရဘူး။ ဆီကလည်း များများချက်မှ ကြိုက်တာနဲ့ စိတ်ကြိုက် ပုံစံ ချက်ပေးရတာနဲ့.. အမေ အိမ်မှာ ဟင်းချက်ရင် အမေ က နင် ဟင်းချက်ရင် အဆီတွေ အရမ်းများတာပဲတဲ့…
အိမ်မှာ ကိုယ်တိုင် ဟင်းမချက်ပဲ သူများ ချက်တာ စားရတဲ့ နေ့ဆို ရေသိပ်ငတ်တာပဲ..
သူဟင်းချက်ရင် ဆီ အရမ်းသုံး.. ဆားလည်း ထည့်တယ် အချိုမှုန့်လည်း ထည့်တယ် ကြက်သားမှုန့်လည်း ထည့်တယ်။ (ပညာပြတာလား မသိပါဘူး)
သူချက်တဲ့ ဟင်းတွေချည်း နေ့တိုင်း စားရင်တော့ ယခုထက် ၂ဆ ပိုပြီး ဝ လာဖို့ များတယ်။
နောက်တော့လည်း ကျန်းမာရေးနဲ့ညီညွတ်အောင် ကိုယ့်ဟာ ကိုယ်ပဲ ချက်ရတော့တာပါပဲ။
Mon Kit
June 7, 2013 at 9:55 am
ရွှေတုတ်လေးရေ…
မမ တို့ကျတော့ နှစ်ယောက်လုံးက ချက်တတ် ပြုတ်တတ်တော့ တစ်ယောက်ချက်နေရင်တစ်ယောက်က ဝင်ဆရာလုပ်တယ်တော့.. အဲဒါကြောင့် သူဟင်းချက်နေရင် အမ လှည့်မကြည့်သလို မမ ချက်တဲ့အချိန်ဆိုရင် သူ့ကို မီးဖိုထဲ အဝင်မခံတော့ဘူး… နို့မို့ စကားများရလွန်းလို့…
:hee:
ဦးကြောင်ကြီး
June 7, 2013 at 10:07 am
ကြောင်ဆီဗူးဟင်း ဘူစားမဲ.. လောလောလတ်လတ် ပါပီးမှ ရေမဆေးဗဲ ချက်ကျွေးမှာ.. :harr:
Ma Ma
June 8, 2013 at 10:33 am
ဟောဒီမှာ……… ကြောင်ကြီး ကိုယ့်ကိုယ်ကို Suicide လုပ်နေပါတယ်ဗျို့………….
တော်ကြာမှ အမှုတွဲထဲ ဆွဲထည့်ခံနေရမှာစိုးလို့ :harr:
ဆူး
June 8, 2013 at 10:50 am
ကြောင်ကြီး သတ်တော့ မသေလောက်ပါဘူး အရှင်လတ်လတ် ကွက်လှီး မှာ ဖြစ်လိမ့်မယ်..
ဓါးကိုင်လှီးပေးဖို့ ဘပု ကို အကူအညီတောင်းထားတယ် လို့ သတင်းကြားတယ်။
Ma Ma
June 8, 2013 at 2:11 pm
စိုးရိမ်မိလို့ပါ ဆူးရေ။ :kwi:
ဒါ့ထက် အညစ်အကြေးကို ရေမဆေးဘူးဆိုတာ ငြင်းစရာမရှိပါဘူး။
ကြောင်တွေ ဘယ်လိုရှင်းတယ်ဆိုတာ သိထားတော့…… :harr:
ဆူး
June 8, 2013 at 2:36 pm
ကြောင်တွေရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးကတော့ လျှာ ကလေးနဲ့ လျက်ကာ လျှက်ကာရယ် သန့်ရှင်းရေး လုပ်တယ်။ အင်း… အဲ… အဲ့လိုနေမှာပေါ့
marblecommet
June 7, 2013 at 2:32 pm
မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံး
ပွင့်တာနဲ့ နှဖူးပေါ်လက်တင်ပြီး
မနေ့ညဦးက တွေးထားခဲ့တဲ့အတွေးစလေးကိုပြန်ဖော်
အဲဒါကဘာလဲဆိုတော့
ငါမနက်ဖြန် ဘာချက်ရမလဲ…?
အဲဒီမေးခွန်းလေးကိုဖြေဖို့ နှဖူးပေါ်လက်တင်ရင်း ဇိမ်မှေးလေးနဲ့စဉ်းစား
ယောင်ဝါးဝါး ဟင်းတွေအတွေးထဲ ရေးရေးပေါ်လာ
ဟုတ်သေးပါဘူးလေ ဟိုဟာ ဝယ်ရနိုးနိုး ဒီဟာ ချက်ရနိုးနိုး…
အော်…..နောက်ထပ်ချက်ရမယ့်ဟင်းမရှိတော့ဘူးလား
အတွေးကလဲ ခေါင်ပါ့ နေ့တိုင်းချက်စရာဘာရှိလို့တုန်း
ကြက်၊ ဝက်၊ အမဲ၊ ငါး ဒါပဲ ရှိတာ ဒါပဲလှည့်ပတ်ချက်ရမှာပဲ
အဲ….နေပါဦးလေ….ပင်မဟင်းကြီးနှစ်မျိုးလောက်ကိုအရင်စဉ်းစား
ပြီးတော့မှ အရံအတားအတိုအထွာ ကို ဈေးထဲရောက်မှ
ဓာတ်ကျသလို ထပ်ဖြည့်မယ် ဟုတ်ပြီ အဲ့အတိုင်းကောင်းတယ်
အိပ်ရာထ ကွိစိကွစ ပီးတော့ ဈေးသွားမယ်လုပ်ပီပေါ့ ဒီတော့
ကြ မီးဖိုချောင်ထဲ ပြန်ဝင် ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ ကြက်သွန်၊ ငံပြာရယ်၊
ဘဇွန်ခြောက်၊ ပဲမှုန့် စုံစံနဖာတစ်ခုချင်းလိုက်စစ် မေ့ကျန်ခဲ့ရင်
တိုက်ခန်းပေါ်နောက်တစ်ခေါက်ထပ်မတက်နိုင်ဘူး၊
မီးသွေးအိပ်ကအစ သေချာကြည့် ထင်ရှူးစည်းလေးပါရှိရှိ
သင်္ခါရတရားထဲမှာ လျှပ်စစ်မီးက ထိပ်ဆုံးက ပါသကိုး…
အားလုံးပြီးပြီဆိုတော့မှ လှေသူကြီးတစ်ယောက်ရဲ့
ယုံကြည်မှုမျိုးနဲ့ဈေးကိုသွားပါတယ်….ဈေးကိုရောက်တော့..
ခေါင်းဆောင်မရှိတဲ့ စစ်မြေပြင်က နောက်လိုက်တစ်ယောက်လို
ယောင်ဝါးဝါးဖြစ်ရပါတော့တယ်…
ဟိုဒင်းဝယ်ရမလိုလို ဒီဒင်း ဝယ်ရမလိုလို ဆိုင်နှစ်ဆိုင်ကြား ဒွိဟဖြစ်
အလယ်မှာ ကလန့်တန့်တန့်လုပ်နေတော့
နောက်လူတွေက တောင်ကဝင်တိုက် မြောက်ကိုယိမ်း မြောက်ကဝင်တိုက်လို့တစ်ဖန်
အရှေ့ ငါးဗန်းကိုနင်းမိမလိုဖြစ် တစ်ခါ ငါးဗန်းကိုရှောင် ခွေးကကိန်ကနဲအော်..
အဲလိုနဲ့အဲဒီနေရာက အရာကိုမဝယ်ဘူး၊ နောက်တစ်နေရာကိုချီတက်၊
နောက်တစ်နေရာရောက်ပြန်တော့ သို့လော သို့လော ဖြစ်ရပြန်
တစ်ခါ ကိုယ်လိုချင်တဲ့ဟင်း ဝယ်ပြန်တော့လည်း နှစ်ယောက်စာလောက်လေး
ဝယ်မိပြန်ရင် တစ်လက်စတည်း တစ်ထောင်ပဲပေး ယူသွား
နှစ်ထောင်ပဲပေး ယူသွားဆိုပီးတော့ ငါးယောက်စာ ဆယ်ယောက်စာကို
အတင်းကာရော ဂျင်းထည့်ပြီးရောင်းတာ ခံရသေး…
တော်ပါ တန်ပါ ငါးဖိုးမှ ငါးရာဖိုးမရမဝယ် အရှက်ကွယ်ပြီးမူရသေး
ဒလိုနဲ့ သူ့ဘက်ကိုယ်ဘက် အပီတွက်ပြီး ခွန်နရာ ဖိုးလောက်မှာ အယူတည့်ကြရင်
ဟင်းတစ်မည်ရဖို့အောင်မြင်လေပြီပေါ့ခင်ဗျာ
အဲသလိုနဲ့ စားလိုတဲ့ဟင်းလေးငါးမည်လောက်ကို
အဲသလို လေးငါးကြိမ်လောက် တုံ့ချီဆိတ်ချီလုပ်ပြီးတဲ့အခါ
ဝယ်ထားတဲ့ ဟင်းတွေကို တွဲစပ်ချက်ပြုတ်ဖို့ နံနံ၊ ရှောက်၊ သရက်၊ ဂျင်း၊ မိဿလင်၊
ထွေလီကာရော အသေးပိုင်းထပ်ဖြည့်ရပြန်
သို့ကလို သို့ကလိုနဲ့ နံနက်စောစော မင်္ဂလာမနောမှာ
ရှုပ်ထွေးပွေလီ ဦးနှောက်ပလုံစီပြီးမှ ဈေးကနေ အိမ်ကိုရောက်တာ နေအတော်
မြင့်ရော့ထင့်
အိမ်ရောက်တော့ ပါလာသမျှ ထွေလီကာစွ ကို
အသားတန် အသား အရွက်တန်အရွက် အမှုန့်တန် အမှုန့် နေရာချ
အမောဖြေရေသောက်ပြီးတော့မှ
ဘဇာဟင်းကိုအရင်ချက်မတုန်း၊ မီးမလာရင်ကောင်းရဲ့၊ မီးမလာရင်
မီးသွေးနဲ့ချက်ရမှာလား ဒါဆို ဟင်းတစ်အိုးနဲ့တစ်အိုးကြား မီးသွေးအလကားမကုန်အောင်
တစ်အိုးပြီး တစ်အိုးရေဒီဖြစ်အောင် ကြိုတင်ပြင်ဆင်
ချက်ရမယ့်ဟင်းနဲ့ချက်ရမယ့်အစာသွပ် အဆင်သင့်ဖြစ်အောင်လုပ် အုပ်မယ့်အရွက်ကအစ
အသင့်ရေစိမ်..
ပ၊ ဒု၊ တ၊ စ၊ ဘာဟင်းပြီးရင် ဘာလာမယ် တစ်ခါတည်း
သင်းဘောသီးဆရာတို့ ရေကြောင်းမြေပုံဆွဲသလိုစီကာစဉ်ကာထား
ပြီးတော့မှ တစ်အိုးပြီး တစ်အိုးဇယ်ဆက်သလို အုန်းဒိုင်းဂုံးဂွပ်ချက်ပြုတ်ကြော်လှော်
တစ်ခုလုပ်လို့ မီးပေါ်တင်ထားတုန်းနောက်တစ်ခုကို အမီလုပ် သို့ကလို သို့ကလိုနဲ့
ဟင်းအကြီး၊အသေး၊ အရံအတား၊ အတို့အမြှုပ် အားလုံးဆုံးခန့်တိုင်တဲ့
အဆင့်သို့ရောက်လတ္တံ့
ပြီးပလား မပြီးသေး
အားလုံးမျိုဖို့ ဆိုဖို့ (အဲလေ….)စားဖို့သောက်ဖို့
ပြင်ဆင်တဲ့အနေနဲ့ ပန်းကန်အပြား၊ အလုံးအကြီးအသေး၊ ဆေးကြောသန့်စင်၊ နေရာချ
အငွေ့တစ်ထောင်းထောင်းလေးနဲ့ ခူးလို့ခတ်လို့ စားဖို့အဆင်သင့်ဖြစ်တော့
ဟောဒီမှာ ထမင်းစားလို့ရပြီဗျား …..လို့ ထပ်မံ ပင့်ခေါ်ချေဦး အိမ်ဦးနတ်တို့ကို
တစ်ခါ စားကြသောက်ကြ အရိုးနွှင်ကြ အဖတ်ဆွဲကြ ပလုပ်ပလောင်း
ပဒေါင်းပဒင်းလုပ်ကြရင်း မာတယ်ပျော့တယ် ဖန်တယ်ခါးတယ်ကြားရပြန်လျှင်
ထမင်းလည်ပင်နင်ရင်းဆက်စား ပြီးပလား
စားပြီးပြီ..အင်း.
စားပြီးပြီဆိုမှ ကြောက်စရာအကောင်းဆုံး
အချိန်ကို ရောက်ပါလေပြီ
အားလုံး စားပြီးလို့ ဗိုက်တွေ လေးတိလေးကန်နဲ့
ဖုတ်ဖက်ခါ ထသွားတဲ့အချိန်
ထမင်းဆီလေး တရစ်ရစ်နဲ့
သူများစားပြီးသား အရိုးအရင်းတွေ
ဆီတရွှဲရွှဲတစ်ဝေ့ဝေ့
ထမင်းလုံးတွေက သရိုးသရိ အေ့ ဝေါ့ဝေါ့
အဲဒါတွေ အကုန်လုံး ဆေးပါဦးရော့……
ဝါး………..
မပြီးသေးဘူးနော့
လက်ညောင်းသွားဘီ……..
ကိန် ကိန်……..
ဆူး
June 7, 2013 at 3:01 pm
ကိုကမ်း ရဲ့ ကမန်း က ပိုစ်တခုလောက် ရှည်တယ်.. အဲ့ဒါ ဖတ်ပြီး ကိုယ့်ဘွ ကို စိတ်မကောင်း ဖြစ်မိသွားတယ်။ ဒီနေ့က စပြီး ထမင်းဟင်း မချက်တော့ဘူး.. ဈေးမသွားတော့ဘူး ပန်းကန် မဆေးတော့ဘူး… ဆိုင်မှာပဲ သွားဆွဲတော့မယ်..
ဝမ်းနည်း မှတ်တမ်း လာ ရေးသွားတယ်.. ရွတ်ဘတ်..
mashwetote
June 8, 2013 at 12:56 am
အောင်မငေး…
ရေးတဲ့သူတော့ မသိဘူး။ ဖတ်ရတာ မောလိုက်တာ။
TNA
June 8, 2013 at 7:06 pm
အောင်မယ်လေး ကိုကမ်းရေးမှပဲ ကိုယ့်ဘွကိုယ်တော်တော် တနားဇယာကောင်းတယ်လို့ခံစားမိပြီး မျက်ရည်လေးတစမ်းစမ်းနဲ့ဖတ်သွားဘာဂျောင်း
e tone
June 7, 2013 at 3:09 pm
မရွှေတုတ်ရေ …
မီးဖိုချောင်ကိစ္စက ခဏလေးအပျော်တမ်းလုပ်စားတဲ့အချိန်လောက်သာ မီးဖိုထဲဝင်ရတာ ပျော်စရာကောင်းပေမယ့် နေ့တိုင်း ဝတ္တရား တစ်ခု လုပ်ရတော့မယ်ဆိုလျှင် တော်လေး စိတ်ရှုပ်စရာကြီးပါ .. အပေါ်မှာ အစ်မပြောခဲ့သလိုပေါ့ .. ချက်ဖို့ item ရွေးချယ်မှု အပြင် သန့်ရှင်းမှုအတွက်ပြင်ဆင်ရတာရော ၊ အစပ်ဟပ်တည့်ဖို့ချက်ရတာရော ၊ ပြန် သိမ်းဆည်းရတာရော နေ့တိုင်း လုပ်ရတာ ….. အိမ်မှာ အမြဲ နေတဲ့ မိန်းမတစ်ယောက်အတွက်တော့.. အချိန် ကုန်တာ ဂလောက်ကြီး မသိသာ ပေမယ့် ..အပြင်ထွက်အလုပ်လုပ်နေရတဲ့ မိန်းမမျိုး ၊ သားသမီး ဝေယျာဝစ္စလုပ်ရတဲ့ မိန်းမမျိုးဆို ..အ တော်လေး အလျှင်မီအောင်လုပ်ရမှာ … ဒါတောင် ချက်တာ မကောင်းဘူး ပြောခံရတော့ .. နည်းနည်း တော့ ဖီးလ်ကွေးတာပေါ့နော် … ။
အကြံပေးမယ် အစ်မရေ … ။ ဆိုင်က ဟင်းဝယ်ပြီး ကိုယ်ချက်ထားထားတဲ့ ဟင်းနဲ့ ရောကျွေးပါ … ။ ဆိုလိုတာက … အရံဟင်းလောက်ပဲ ကိုုယ့်ဘာသာ ကိုယ်ချက်ပြီး…. ဟင်းပွဲကြီးတွေကိုတော့ ဆိုင်က ဝယ်ကျွေးပစ်လိုက်ပါ …. တပတ် ၊ နှစ်ပတ်လောက် စားလို့ ယဉ်သွားပြီး ဂဂျီဂချောင် မလုပ်တော့မှ .. ကိုယ့်လက်ရာလေး ပြောင်းကျွေးကြည့်ပါ ….. ။ တချို့ကျတော့လည်း ပုံသေကြီး … မကောင်းဘူးဆိုတဲ့ စိတ်ကြီး စွဲနေတာကြောင့်ဘာဝါးဝါး အရသာ မရှိတဲ့ အသိက .. အလိုလိုဖြစ်နေတာ … ။
ဟီး .. အားမငယ်ပါနဲ့ …… ဖိုက်တင်င်း …ခိခိ
may july
June 8, 2013 at 12:12 pm
ထမင်းဟင်းချက်ရတာ ဝါသနာပါရင် ပျော်ဖို့ကောင်းပါတယ် …
ကိုယ်တိုင်လဲ အချက်အပြုတ်ပညာကို တတ်ထားသင့်ပါတယ် …..
မောင် ပေ
June 8, 2013 at 1:02 pm
ယောက်ျားတွေရဲ ့ဗီဇ တစ်ခု လို ့ပဲ ပြောရမလားမသိဘူး။
ဟင်းတစ်ခွက်ကို ဘယ်လို ချက်ရလဲ ဆိုတာ မသိပေမယ့်
မီးဖိုခန်းထဲကို ရောက်တဲ့အချိန်မျိုးကြရင် ၊ တစ်ခုခု ချက်ပြုတ်ချင်စိတ် ပေါ်လာတာကလား
Char Too Lan
June 8, 2013 at 6:10 pm
ဘယ်လောက်ခက်လဲ မခက်လဲတော့မတိဝူး ရွာထဲမှာတော့ အီဇီးကွတ် ပဲတဲ့ဗျာ………… 😛