“ကောင်းစားပြီသာ မှတ်ပေတော့´´
“ကောင်းစားပြီသာ မှတ်ပေတော့´´
တစ်ခါတုန်းက မြို့ငယ်လေးတစ်မြို့မှာ သူဌေးကြီးတစ်ယောက်နဲ့ သူဌေးမကြီး နှစ်ယောက်ရှိကြတယ်။
သူဌေးကြီးက ရွှေဆိုင်ပိုင်ရှင်ဖြစ်ပြီး သူဌေးမကြီးနှစ်ယောက်မှာ တစ်ယောက်က ဆန် အရောင်းအဝယ် ပွဲရုံပိုင်ရှင် ဖြစ်ပြီး နောက်တစ်ဦးကတော့ ဂျုံ စက်ပိုင်ရှင်ဖြစ်ကြပါတယ်။
သူတို့ သုံး ဦးဟာ အဲဒီမြို့ငယ်လေးမှာတော့ ချမ်းသာဆုံးစာရင်းဝင် မြို့မျက်နှာဖုံးရှင်တွေဖြစ်ပြီး သုံးဦးစလုံး ကလည်း တစ်မြို့တည်းနေမိတ်ဆွေတွေအဖြစ် ခင်ခင်မင်မင်ရှိကြတယ်လေ။ မြို့ရေးရွာရေးဆိုရင်လည်း သူတို့ သုံးဦးကဘဲ ငွေအားလူအား ပံပိုးကာဦးဆောင်လုပ်တတ်ကြလို့ အဲဒီမြို့နေသူတွေရဲ့ လေးစားခံရသူတွေဘဲပေါ့။
အဲဒီသူဌေးကြီး နဲ့ သူဌေးမကြီး နှစ်ဦး ဖြစ်တဲ့ သူတို့ သုံးဦးဟာ အလှုတစ်ခုမှာ ဆုံကြတဲ့အခါ စကားဝိုင်း သဘောမျိုး အလှုမှတည်းခင်းသော အချိုပွဲစားရင်း စကားပြောဖြစ်ပုံက –
သူဌေးကြီး – ခင်ဗျားတို့ နှစ်ယောက်မှာ ဘယ်သူက ပိုပြီးချမ်းသာကြွယ်ဝနိုင်သလဲ စမ်းစစ်ကြည့်မိကြလားဗျ။
ဆန် သူဌေး – သူဌေးကြီး ဒီမနက် မနက်စာ ဘာစားခဲ့လဲ
သူဌေးကြီး – မနက်လမ်းလျှောက်ပြီး အပြန် ထုံးစံအတိုင်း မောင်မြင့်ဆိုင်မှာ လက်ဖက်ရည်နဲ့ အီကြာကွေးပေါ့။
ဆန် သူဌေး – မနေ့က ညစာရော ဘာစားလဲလေ။
သူဌေးကြီး – ညစာတော့ ထမင်းစားတာပေါ့ဗျ။
ဆန် သူဌေး – သူဌေးကြီးကတော်ရော မနေ့က ညစာဘာစားလဲဟင်
သူဌေးကြီး – ဟာ ထမင်းအတူတူစားတာပေါ့၊ ကျုပ်တို့က မနက်စာတာ အလုပ်တွေနဲ့ ဟိုဒီသွားနေရလို့ တစ်ခါတလေ အတူမစားဖြစ်ပေမယ့် ညစာတော့ စကားလက်ဆုံပြောရင်း မျက်နှာချင်းဆိုင် စားတယ်ဗျ၊ ခရီးထွက်ဖြစ်တဲ့ ရက်ကလွဲပြီးတော့လေ။ မနက်စာကလည်း ဆိုင်ကို ထမင်းဂျိုင့်ထဲ့လာတာနော် အတူထိုင်မစား ဖြစ်တာဘဲ ရှိတာပါ။
ဆန် သူဌေး – အခုရောဘာစားလဲ
သူဌေးကြီး – ခင်ဗျ ဒါတော့ မေးတာလွန်ပြီနော် အခု ခင်ဗျတို့နဲ့ ဒီအလှုမှာ ထမင်းစားတယ်လေ၊ နေစမ်းပါအုံး ခင်ဗျက အဲဒါတွေဘာလို့ လိုက်မေးနေတာလဲ၊ ကျုပ်မေးတာနဲ့ ဘယ်လိုများဆိုင်လို့လဲဗျ
ဆန် သူဌေး – အခု သူဌေးကြီးကို မေးတော့ ထမင်းစားတဲ့ အကြိမ်အရည်အတွက်က မများပေဘူးလား၊ ထမင်းက ဆန်ကချက်ရတာဆိုတော့ ဂျုံ နဲ့ ဆန် ဘယ်ဟာက ပို သုံးဖြစ်ကြလဲ အဲဒါဘဲကြည့်ပြီး စဉ်စားလိုက် ရင် သူဌေးကြီးမေးတဲ့ အမေးရဲ့ အဖြေက ရှင်းနေပြီပေါ့လေ။
သူဌေးကြီး – ခင်ဗျားပြောတာလဲ ဟုတ်တာဘဲလေ။
ဂျုံ သူဌေး – သူဌေးကြီးမှာ ကလေးရှိတယ်မလား
သူဌေးကြီး – ၄ ယောက်ရှိတာ ခင်ဗျားတို့ အသိဘဲလေ ဘာလို့လဲ
ဂျုံ သူဌေး – ဒါဆို ဆန်သူဌေးမေးတဲ့ အကြိမ်အတိုင်းဘဲ ပြန်မေးကြည့်မယ်၊ ဒီနေ့မနက်စာ ကလေးတွေရော ဘာစားလဲ
သူဌေးကြီး – တစ်ယောက်က ခေါက်ဆွဲခြောက်ထုပ်ပြုတ်သောက်တယ်၊ ၂ ယောက်က ပေါက်စီနဲ့ လဘက်ရည်၊ ကျန် တစ်ယောက်က ကျုပ်လိုဘဲ အီကြာကွေးနဲ့ လဘက်ရည် စားကြတယ်။
ဂျုံ သူဌေး – သူဌေးကတော်ကရော
သူဌေးကြီး – သူကတော့ မနေ့က ထမင်းကြမ်းလေးကျန်တာ လွင့်ပစ်ရမှာ နှမြောလို့ ကြော်စားတယ်ဗျ။
ဂျုံ သူဌေး – ဒါဆို မနေ့က ညစာရော ကလေးတွေ ဘာစားကြလဲ
သူဌေးကြီး – နှစ်ယောက်က ဟမ်ဘာကာ၊ တစ်ယောက်က ခေါက်ဆွဲကြော်၊ အကြီးမလေးကတော့ ကျုပ်တို့နဲ့ ထမင်းစားတယ်၊
ဂျုံ သူဌေး – အခု ဒီအလှုကို သူဌေးကတော်ဘဲလိုက်လာတာတွေ့တယ်၊ ကလေးတွေကိုရော ခေါ်မလာဘူးလား၊ အလှု ထမင်း ဟင်းက ကောင်းမှ ကောင်းလေ။
သူဌေးကြီး -ဒီကောင်တွေက ထမင်း ဟင်း မက်တဲ့ကောင်တွေဟုတ်ဘူး၊ အကြီးမလေးတစ်ယောက်ဘဲ ကျုပ်တို့လို ထမင်းဟင်းအတူစားတာ ဟမ်ဘာကာ ပေါင်မုန့် ဆန်းဝှစ် ခေါက်ဆွဲကျော်မှ ကြိုက်ကြတာ။ အခုလည်း အလှုသွားမယ်ဆိုတော့ သူတို့မှ မစားချင်တာ မလိုက်တော့ဘူး ခေါက်ဆွဲကြော်ဘဲ သွားစားကြ မယ်ဆိုပြီး နေခဲ့ကြတာလေ အဲဒီတော့ အကြီးမလေးလည်း ကျန်တဲ့ကောင်တွေထိန်းဖို့ နေခဲ့ရတာပေါ့ဗျာ။
ဂျုံ သူဌေး – ကလေးတွေ ကျောင်းသွားတဲ့ နေ့တွေမှာ မုန့်ကော ထဲ့ပေးရသလား
သူဌေးကြီး – ဘယ်နဲ့ပြောပါလိမ့် ထဲ့ပေးရတာပေါ့ ဘယ်နေလိမ့်မလဲ
ဂျုံ သူဌေး – ဒါဆို ဘာထဲ့ပေးတတ်လဲ
သူဌေးကြီး – ထုံးစံအတိုင်း ကိတ်မုန့်တို့ ပေါင်မုန့်ယို သုတ်တို့၊ ဘီစကွတ်တွေ ကွတ်ကီးတွေပေါ့ဗျာ
ဂျုံ သူဌေး – ကလေးအများစုကလည်း ဒီလိုပါဘဲ ထမင်းထက် သူဌေးကြီးပြောသလို ဂျုံ နဲ့လုပ်တဲ့ ပေါင်မုန့် ကိတ်မုန့် ဟမ်ဘာကာ နဲ့ ခေါက်ဆွဲကို ပိုခုံမင်စားကြတာလဲရှိတတ်တာမို့ သူဈေးကွက်နဲ့ သူတော့ ရောင်းနေ ရတာဘဲလေ။ ဒါကြောင့်လည်း သူဌေးကြီးရယ် သူမသာကိုယ်မသာ ရှိကြတာပါဘဲလေ။
သူဌေးကြီး – အင်း ဟုတ်ပါတယ် သူ့ဈေးကွက်နဲ့သူ သူဖောက်သည်နဲ့သူတော့ ရှိနေကြလို့လည်း လုပ်ကိုင်လို့ ရနေကြတာဘဲပေါ့ဗျာ။ တစ်ခုဘဲ ကိုယ်ရောင်းတဲ့ ပစ္စည်းကို သုံးဆွဲမည့်သူက ဘယ်လိုလဲဆိုတာဘဲ သိကြဖို့နဲ့ ဘယ်အချိန်ဆို ကိုယ့်ပစ္စည်းပိုရောင်းရနိုင်လဲ သိကြဖို့ဘဲ့လိုတာပေါ့ဗျာ။ ကျုပ်ဆို သီတင်းလေးကျွတ်ပြီး ကောက်နှံပေါ်ချိန် အများက ငွေထက် ရွှေဝယ်စုထားတာ စိတ်ချရတယ်ဆိုပြီး လာဝယ်ကြမှာမို့ ဈေးလေးတိုး ထားလိုက်၊ သင်္ကြန်နီး ကျောင်းတွေပိတ် ရှင်ပြုလှုတွေ လုပ်ချင်ကြ သင်္ကြန်ပျော်ချင် ဘုရားဖူးခရီးသွားချင်တော့ ဆုထားတဲ့ရွှေစလေး လာရောင်းကြမယ်၊ သင်္ကြန်ပြီး မိုးကျခါနီး ပျိုးဝယ်ကြရမှာမို့ ခုနလိုဘဲ စုထားတဲ့ ရွှေစလေး ရောင်းကြမှာမို့ တပေါင်း တခူး ကဆုန် တွေမှာတော့ မသိမသာရွှေဈေးလေးချထားလိုက်နဲ့ အဲလို ခါတော်မှီ လုပ်နေရတာဘဲလေ။ အဲဒီတော့ ဘာဘဲဖြစ်ဖြစ် ကိုယ်လုပ်တဲ့ အလုပ်အကြောင်းနဲ့ ဘယ်လိုဆို အကျိုးရှိမယ်၊ ဘယ်လိုဆို အကျိုးမရှိဘူး ဆိုတာလေ့လာသိကြရင် ကောင်းစားပြီသာမှတ်ပေတော ့ပေါ့လေ မဟုတ်ဘူး လားဗျာ။ ကဲ စကားလည်းကောင်းနေလိုက်တာ အချိန်တောင်နည်းနည်းလင့်သွားပြီး ပြန်ကြအုံးစို့လေ။
ဆိုပြီး သူတို့ သုံးဦး ထိုင်နေရာစားပွဲမှ အသီးသီးထကြပြီး အလှုရှင်တွေကို နုတ်ဆက်ကာထွက်သွားကြတာကို ခင်ခ လည်းငေးကာကြည့်ပြီး ခဏအကြာမှာတော့ အဲဒီအလှုကနေ ပြန်ခဲ့ရပါတော့သတည်း။
ဖတ်ရှု့သူများကျေးဇူးပါ။
ခင်ခ။
(ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်ဟန်၊ ကိုယ်တိုင်ရေးသည်။)
13 comments
မင်းမင်း
June 6, 2013 at 2:27 pm
အတွေးအခေါ်စိတ်ကူးကောင်းပါတယ်။
များများတွေး များများကူး
တနေ့လူကြီးဖြစ်မည်။ ဟီးးး
စတာပါ။အားပေးသွားပါတယ်။
ဦး ကျောက်ခဲ
June 6, 2013 at 2:42 pm
ဆရာခရေ…
ကိုယ်လုပ်နေတဲ့အလုပ်ရဲ့ ရည်ရွယ်ချက်ကိုသေချာသိရင် အောင်မြင်ဖို့သေချာပြီလို့…
ဆရာ့ဆရာကြီးများက မှာတမ်းချွေကြတာပဲဗျာ…
အင်း… တော်တော်များများက အများယောင်လို့လိုက်ယောင်ကြတာမို့…
လက်မထောင်ပြီး အားပေးသွားကြောင်းပါ….
အရီးခင်လတ်
June 6, 2013 at 3:51 pm
ကိုခ ရေ
မှန်ပါတယ်လို့ပြောပြီး ထောက်ခံ သွားပါတယ်။
ကိုခ စာတွေဟာလဲ အကျိုးရှိသမို့ ဖတ်ရကျိုးနပ်ပါတယ်။
ဒါထက်
အဲဒီ ဝိုင်းထဲ ဘိန်းသူဌေး မပါလို့။
တော်သေးရဲ့။
😆
ခင် ခ
June 6, 2013 at 4:06 pm
အရီးရေ
အဲဒီ မြို့ငယ်လေးက နယ်စပ်နဲ့ဝေးသလို တောင်ယာစိုက်ခင်းပေါကြတဲ့ နေရာလေးတစ်ခုပါ။
ပြီးတော့ အချိန်ကာလ အနေနဲ့လည်း ခင်ခ လူငယ်ဘဝအရွယ် အတော်လေးကြာခဲ့တဲ့အချိန်လေးမို့ အခုခေတ်လိုတော့ ငွေဖြူလုပ်နည်းတွေ ဘာတွေရှိသေးဘူးလေ။
ပြန်တွေးပြီး အခြေခံကာ ဖွဲ့နွဲ့ရေးတာပါ။
အလင်း ဆက်
June 6, 2013 at 5:27 pm
အ တွေး နဲ ့ ရသ အတူ ခံစားပြီး ဖတ် ရှုသွားပါကြောင်းးး
မောင် ပေ
June 6, 2013 at 9:45 pm
သီတင်းကျွတ်ပြီဟေ့ ဆိုတာနဲ ့
မန်းတလေး ဈေးချို နာရီစင် တဝိုက် နဲ ့ ကျန်ဈေးများအနီးတဝိုက်တွင်
ခါးပိုက်နှိုက်များ ဇိပ်များ ပျော်မြူးကြကုန်လေသတည်း
uncle gyi
June 6, 2013 at 11:31 pm
ကျွမ်းကျင်ရာလိမ္မာရာ
ကိုယ့်အလုပ်ကိုယ်အာရုံစိုက်လုပ်ဖို့အရေးအကြီးဆုံးပါကိုခရယ်
KZ
June 7, 2013 at 9:06 am
ဖတ်ရင်း နဲ့ ကောင်းကောင်း စားချင်စိတ် ပေါက်လာတယ် ကိုခ။
ဘိုက်ဆာလာပြီ။
အဲ့ ဒီ ပါတဲ့ မုန့်တွေ ဝယ်ကျွေးပါ။
:kwi:
Ma Ma
June 7, 2013 at 9:58 am
စဉ်းစားမိသလောက်ပြောရရင်-
ဟိုခေတ်တုန်းကလူတွေက ဆန်စားများလို့ ဆန်သူဌေးက ပိုချမ်းသာမယ်။
ခုခေတ်လူငယ်တွေက ဂျုံစားများလို့ ဂျုံသူဌေး ပိုဟန်ကျမယ် ထင်တယ်။ :harr:
ပြောရရင် ဆန်စားတဲ့ နိုင်ငံဆိုတာ ဆင်းရဲတဲ့နိုင်ငံ မဖွံ့ဖြိုးတဲ့ နိုင်ငံတွေ များပြီး
ဂျုံဆိုတာကတော့ အနောက်နိုင်ငံကြီးတွေမှာ အစားများလို့ သူဌေးစာလို့ ပြောရမယ်ထင်တယ်။
ခုခေတ်ကလေးတွေ ဂျုံစားများတယ်ဆိုတော့ နိုင်ငံဖွံ့ဖြိုးတိုးတက်လာတဲ့ သာဓက တစ်ခုလို့ ပြောနိုင်မယ်ထင်တယ်။
တကယ်လက်တွေ့မှာလည်း ဆန်စားတဲ့ကလေးထက် ဂျုံစားတဲ့ကလေးက ဦးဏှောက်ရော ကိုယ်ခန္ဓာပါ ပိုမိုသန်မာထွားကြိုင်းတယ်။ :hee:
ဦးကြောင်ကြီး
June 7, 2013 at 9:59 am
အဲဒီသဌေးဂျီး လူသားဂေါ မစားဘူးလား.. ဂုခေတ်လို သွားရေးလာရေးမလွယ် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတော့ မြို့ပေါ်တက်ကဲခွင့် ကြုံမသွားရရှာဗူး… သူလည်း ဘွအရသာဂို တင်းပြည့်ကျပ်ပြည့် မခံစားရ၊ သာမီးလေးတွေလည်း ပိုက်ပိုက်မရလိုက်… အိုဗဲ့ နှစ်တထောင်ကျိန်စာ (ခရဒစ်တူ ဥခိုင်မ်စ်) :hee:
Mr. MarGa
June 7, 2013 at 12:09 pm
အဓိက ကတော့
ကိုယ့်အလုပ်ကို ဘယ်လို တိုးတက်အောင်လုပ်မလဲဆိုတာနဲ့
ကိုယ့်အလုပ်ကို ဘယ်လောက် ကျွမ်းကျင်တယ်ဆိုတာပါပဲလား
ကျွန်တော်တော့ အဲလိုပဲ မှတ်ယူသွားပါတယ်ဗျို့
ပို့စ်နဲ့ မကိုက်ရင်တော့ ခွင့်လွှတ် :kwi:
e tone
June 7, 2013 at 4:28 pm
သူဌေးတွေ လေပေါနေမယ့် အစား … အလုပ်ခွင်ပြန်ပြီး အလုပ်လုပ်ကြလျှင် ပိုပြီး ချမ်းသာ ဂျဦးမယ် …
cobra
June 7, 2013 at 6:50 pm
တယ်ကောင်းတဲ့စာပါလား
စာဖတ်ပီးအတွေးကျန်အောင်ထားခဲ့တဲ့ ကိုခင်ခ
လေးစားပါတယ်