Online ပေါ်မှ ကိုယ်ရေးကိုယ်တာများအား အကာအကွယ်ပေးရေး

manawphyulayJuly 29, 20101min925


Online ပေါ်မှာရှိတဲ့ ကိုယ်ရေးကိုယ်တာတွေနဲ့ပတ်သက်ပြီး အကာအကွယ်ပေးရေးအတွက် အချက် ၁ဝ ချက် တွေ့ရှိထားပါတယ်။
၁။ သင့်ကိုယ်ရေးကိုယ်တာ အီးမေးလ်အတွက် သီးခြား account ဖွင့်ထားပါ။
E-mail အသုံးပြုသူတွေဟာ လုပ်ငန်းခွင် Account ကို အသုံးပြုပြီး ပေးပို့တာတွေရှိတတ်ပါတယ်။ လုပ်ငန်းခွင်ဆိုတာက တစ်ခါတလေ စောင့်ကြည့်ခံရနိုင်ပါတယ်။ ကိုယ့်သီးခြား Account နဲ့ ကိုယ်ပို့ရင်တော့ အလုပ်ခွင်က e-mail server အသုံးပြုစရာ မလိုတော့ပါဘူး။ ဒါဆို ကိုယ်ရေးကိုယ်တာ အချက်အလက်တွေဟာလည်း Server ထဲ ရောက်သွားစရာ အကြောင်းမရှိနိုင်တော့ပါဘူး။

၂။ Website တွင် တင်ထားသည့် ပုဂ္ဂလိကဆိုင်ရာ ပေါ်လစီများကို ရှာဖွေကြည့်ရှုပါ။
Website ဆိုတာ ကိုယ်က ဘယ်လိုကွန်ပျူတာမျိုး သုံးသည်ဖြစ်စေ၊ ဘယ်လိုဆော့ဝ်ဝဲမျိုး ဟာဒ့်ဝဲမျိုးတွေ သုံးနေသည်ဖြစ်စေ၊ ဘယ်လိုင်းကိုသုံးနေသည်ဖြစ်စေ ကိုယ်သိချင်တာတွေကို ကြည့်ချင်တိုင်း ကြည့်နိုင်ဖို့ စုဆောင်းသိုမှီးထားရာ နေရာတစ်နေရာဖြစ်ပါတယ်။ Website တစ်ခုဟာ အကြောင်းအရာ အချက်အလက်တွေ မည်မျှပါဝင်သည်ဖြစ်စေ မိမိသိလိုတဲ့ အကြောင်းအရာကို စုံစမ်းရယူနိုင်တဲ့ နေရာမျိုးဖြစ်ရန် လိုပါတယ်။ Website ကိုဝင်ပြီဆိုရင် ကိုယ်ဝင်တဲ့ Website ဟာ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေကို ထိန်းသိမ်းပေးထားနိုင်စွမ်းမရှိခဲ့ရင် အဲဒီ ဆိုက်မျိုးဟာ အလကားပါပဲ။ ဒါကြောင့် မသုံးခင်ကတည်းက အဲဒီဆိုက်မှာ တာဝန်ယူနေတဲ့ Operator ထံကို ဆိုက်နဲ့ပတ်သက်ပြီး ဦးစွာ စုံစမ်းသင့်ပါတယ်။ E-mail နဲ့ဖြစ်ဖြစ် လှမ်းပြီး ပုဂ္ဂလိက အရေးနဲ့ပတ်သက်ပြီး ဘယ်လောက်အရေးပေးမပေးဆိုတာကို စုံစမ်းပါ။

၃။ သင့်ကလေးတွေကို ပညာပေးပါ။
ကလေးတွေကို အွန်လိုင်းကနေ ကိုယ်ရေးကိုယ်တာအချက်အလက်များကို သူစိမ်းတွေဆီ ပေးပို့ခြင်းဟာ မလုပ်သင့်ကြောင်း ပညာပေးပါ။ နာမည်၊ လိပ်စာနဲ့ အခြားအလျက်အလက်တွေကို တစ်ဦးတစ်ယောက်ထံ ပေးပို့တော့မယ်ဆိုရင်လည်း လူကြီးတွေကို ဦးစွာ အသိပေးဖို့ ပြောပြပါ။
၄။ အင်တာနက်ကိုကြည့်ပြီးတိုင်း ရှင်းသင့်တာတွေကို ရှင်းထားပြီး Memory သက်သာအောင် လုပ်ထားပါ။
အင်တာနက်ကို ဝင်ပြီးတိုင်း မိမိစိတ်ကြိုက်သတင်းတွေနဲ့ ပုံတွေကို ကူးယူထားတာတွေ ရှိတတ်ပါတယ်။ အဲဒီလိုကူးယူထားတာတွေ ရှိတတ်ပါတယ်။ အဲဒီလိုကူးယူထားရင် နောက်ပိုင်းမှာ Site ကို ဝင်ရတာ ပိုပြီး လွယ်ကူစေတယ်ဆိုတဲ့ သဘောနဲ့ ကူးထားတာဆိုရင်တော့ မှားနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ မှတ်တမ်းဟာ ကျန်နေမှာ ဖြစ်တဲ့အတွက် သွယ်ဝိုက်သောအားဖြင့် စုံစမ်းရရှိသွားနိုင်ပြီး လုံခြုံမှုမရှိနိုင်တော့ပါဘူး။ ဒါကြောင်း ကူးပြီးရင် လက်စဖျောက်ပါလို့ အကြံပေးချင်ပါတယ်။

၅။ အွန်လိုင်းဝင်ခွင့်ပုံစံဟာ လုံခြုံမှုရှိမရှိ သေချာအောင်စုံစမ်းပါ။
အွန်လိုင်းပုံစံဆိုတာ တရားဝင်ခွင့်ပြုချက်တွေမရှိဘဲ ရယူသုံးစွဲနိုင်တဲ့ အားနည်းချက်တွေရှိတတ်ပါတယ်။ အွန်လိုင်းပုံစံတွေဟာလည်း အလွယ်တကူရယူနိုင်တာ ဖြစ်လို့ပါ။ ပုံစံတွေကို ဖြည့်ပြီးပို့မှ အင်တာနက်ကို ဝင်လို့ရမယ့် လူသစ်တွေအနေနဲ့ ကိုယ့်ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ပေးပို့တော့မယ်ဆိုရင် icon ပုံလေးကို သတိထားဖို့ လိုပါလိမ့်မယ်။ icon လေးဟာ သော့ဖွင့်ထားတဲ့ပုံစံ ဖြစ်နေရင် လုံခြုံမှုမရှိပါဘူး။ သော့ခတ်ထားတဲ့ ပုံစံဖြစ်နေရင်တော့ လုံခြုံစိတ်ချရမှုရ​ှိပါတယ်။ ဆေးမှတ်တမ်း၊ ဘဏ္ဍာ ရေးဆိုင်ရာ မှတ်တမ်းတွေစတဲ့ အထူးဂရုပြုရမယ့် အချက်အလက်တွေကို Webpage မှာ မတင်ထားပါနဲ့ လုံခြုံစိတ်ချရမှု လုံးဝမရှိနိုင်ပါဘူး။

၆။ Cookies လို့ ခေါ်တဲ့ မလိုအပ်တဲ့ Text file တွေကို လက်မခံပါနဲ့။
Cookies တွေဟာ သင့်ကွန်ပျူတာထဲမှာ သိမ်းဆည်းထားဖို့ Website ကနေ ရောက်လာတဲ့ သတင်းအချက်အလက်ဆိုင်ရာ ဖိုင်တွေ ဖြစ်ပါတယ်။ တစ်ကြိမ်လောက် သူတို့ ဆိုက်ကို ရောက်သွားမိတာနဲ့ နောက်ပိုင်းမှာ ဆက်သွယ်သည်ဖြစ်စေ မဆက်သွယ်သည်ဖြစ်စေ သင့်အသုံးပြုသူရဲ့နာမည်၊ Password တွေ သုံးပြီး Cookies တွေကို ပေးပို့နေတတ်ပါတယ်။ အင်တာနက်မှာ လွှတ်ထားတဲ့ သီးခြားပုဂ္ဂလိကလိုင်းတွေအနေနဲ့ Cookies တွေကို အကြောင်းအရာသစ်တွေ အမြဲပို့တတ်ပါတယ်။ များသောအားဖြင့်တော့ ကြော်ငြာတွေကို အဓိကထားပြီး ပေးပို့တတ်တယ်။ Cookies တွေရဲ့ အပြစ်ကတော့ ကိုယ့်အကြောင်းနဲ့ အချက်အလက်တွေကို အမြဲခြေရာခံလိုက်နိုင်တာကြောင့် မကြာမကြာ သတိထားပြီး ဖျက်ပစ်ဖို့ လိုအပ်ပါတယ်။

၇။ ပေးပို့သူရဲ့အမည်နေရာမှာ အမည်မသိဆိုတဲ့ အသုံးအနှုန်းမျိုး အသုံးပြုပါ။
အမည်မသိဆိုတဲ့ အသုံးအနှုန်းမျိုးဟာ လွတ်လပ်စွာ ဆွေးနွေးတဲ့နေရာနဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို များစွာ အထောက်အကူပြုပါတယ်။ ဥပဒေမဲ့ပြုလုပ်လိုသူတွေအတွက် ကြိုတင်ကာကွယ်တားဆီးပေးရာလည်း ရောက်ပါတယ်။ အီးမေလ်းနည်းပညာက ဒစ်ဂျစ်တယ်လမ်းကြောင်းအတိုင်း ပေးပို့မှုကို လက်ခံနိုင်ရန် စီစဉ်ထားပါတယ်။ အမည်မသိပေးပို့သူဆိုတာ ကိုယ်ရေးလွတ်လပ်ခွင့်အရ စီစဉ်ထားတဲ့ လိပ်စာဖြစ်ပြီး၊ ပေးပို့လို့ရတဲ့ အီးမေလ်းမျိုးဖြစ်တာကြောင့် အွန်လိုင်းမှာ သက်သေခံချက်မကျန်အောင် အသုံးပြုသင့်ပါတယ်။

၈။ အီးမေလ်းကို ကိုယ်ရေးကိုယ်တာအတွက် သီးခြားအသုံးပြုပါ။
အီးမေလ်းဆိုတာ ထင်သလောက် မလုံခြုံဘူးလို့ စိတ်ထဲမှာ စွဲမှတ်ထားစေချင်ပါတယ်။ ဟတ်ကာတွေက အနံ့ခံ Tools တွေနဲ့ တစ်ယောက်ယောက်ဆီပေးပို့လိုက်တဲ့ အီးမေးလ်ပေးပို့ရာမှာ ပရိုဂရမ်အချို့ကို အသုံးပြုခြင်းဖြင့် တားဆီးကာကွယ်ပေးနိုင်တာတွေရှိပါတယ်။ အဲဒါတွေကတော့ Netscape Messenger နဲ့  Internet Explorer Outlook တို့ပဲဖြစ်ပါတယ်။ Pretty Good Privacy (PGP) ကိုလည်း စီးပွားရေးအတွက် အသုံးပြုတာ မဟုတ်ဘူးဆိုရင် အခမဲ့သုံးစွဲနိုင်ပါတယ်။

၉။ အင်တာနက်ကို Browse လုပ်ရန်အတွက် အမည်မသိဆိုသည့် အသုံးအနှုန်းမျိုးကို အသုံးပြုပါ။
Website address ကို ရိုက်ထည့်ပေးရတော့မယ်ဆိုရင် မှတ်တမ်းကို ထိန်းသိမ်းပြီး log လုပ်ပေးထားမယ့် Website ကိုသာ အသုံးပြုသင့်ပါတယ်။ အသုံးပြုသူရဲ့အချက်အလက်တွေကို ခြေရာခံလိုက်နိုင်တဲ့ Tools တွေ အများကြီး ရှိနိုင်ပါတယ်။ ဒါကြောင့် အမည်ကို အမှန်အတိုင်း မဖော်ပြပါနဲ့။

၁၀။ သာမန်အသုံးပြုမှုမျိုးကိုသာ အသုံးချလုပ်ဆောင်ပါ။
အွန်လိုင်းပေါ်ကို ရောက်တဲ့အခါမှာ သာမန်မေးခွန်းလေးတွေက သင့်ကို အထောက်အကူပြုနိုင်ပါတယ်။

source : http://manawphyulay.mmsarpay.org

5 comments

  • Pyaung Gye

    July 29, 2010 at 9:24 am

    ခုလို အကြံလေးတွေပေးတာ မသိသေးသောသူတွေအတွက်အများကြီး ဗဟုသုတရပါတယ်

  • zawana

    July 29, 2010 at 9:54 am

    အင်တာနက်သုံးတဲ့ လူတွေအတွက် အလွန် အကျိုးရှိပါတယ်ခင်ဗျာ ….

  • etone

    July 29, 2010 at 10:20 am

    မသိသူကျော်သွားသိသူဖော်စားပေါ့နော် ။

  • manawphyulay

    August 16, 2011 at 4:40 pm

    ဟုတ်ပါတယ်ရှင်… တချို့ဟာတွေက လုပ်ဆောင်သင့်တယ်လို့ မြင်မိတာတွေပါပဲ။

  • snow white

    March 6, 2012 at 5:40 pm

    အရမ်းအကျိုးရှိပါတယ် ဒီစာလေးတွေဖတ်လို်က်တာနဲ့ မသိသေးတဲ့အရာတွေကိုတွေ့လိုက်ရပါတယ် နဲနဲတက်သွားတာပေါ့ မမမနောညီမကူးယူမှတ်သားထားပါတယ်

Leave a Reply