သူငယ်ချင်းများသို့…………….. လွမ်းချင်း။
ပြောင်းလဲသွားတဲ့ အခြေအနေတစ်ခုမှာ
ရုတ်တရက် သူတို့ကိုကျောခိုင်းခဲ့လိုက်တယ်။
အတူတူ သွားခဲ့ဖူးတာတွေ
အတူတူ စားခဲ့ဖူးတာတွေ
အတူတူ ဆိုခဲ့ဖူးတာတွေ
အတူတူ ဆဲခဲ့ဖူးတာတွေ
အတူတူလှုပ်ရှား အတူတူသွားပြီး
အကြိမ်ကြိမ်သာဓု ခေါ်ဆိုခဲ့ကြတာတွေက
တွေးလိုက်တိုင်း မျက်နှာပေါ်အပြုံးရောက်လာတဲ့
အရောင်တောက်တောက် အမှတ်တရတွေပါ။
နားလည်ပေးနိုင်တဲ့ အတိုင်းအတာတခုထက်
ပိုပြီးခွင့်လွှတ်ပေးခဲ့ကြတဲ့ သူတို့က……….
ကြိုက်တဲ့အချိန်ပြန်လာ နွေးထွေးစွာကြိုဆိုလျှက်ပါတဲ့။
ဝမ်းနဲစရာမကောင်းတဲ့ အဲ့ဒီစကား……….
ကြားလိုက်တော့ မျက်ရည်ဝဲသွားတယ်။
ကြားလိုက်တော့ မျက်ရည်ဝဲသွားတယ်။
အခုချိန်ဆို……..
သူတို့တွေ ပျော်နေကြတယ်
သူတို့တွေ ပျော်နေကြတယ်
သူတို့တွေ ရယ်နေကြတယ်
သူတို့တွေ ပြောနေကြတယ်
သူတို့တွေ ဆိုနေဆဲနေကြတယ်
သူတို့တွေ ပြောနေကြတယ်
သူတို့တွေ ဆိုနေဆဲနေကြတယ်
ခုချိန်ဆိုသူတို့တွေ လှုပ်ရှား
သူတို့တွေသွားကြပြီး
သာဓုတွေခေါ်နေကြတော့မယ်………..
သာဓုတွေခေါ်နေကြတော့မယ်………..
ပြောင်းလဲသွားတဲ့ အခြေအနေတစ်ခုမှာ
နာမည်တစ်ခုနဲ့ဘဝတစ်စိတ် သေသွားခဲ့တယ်။
=============================
တစ်ဦးတိုင်း တစ်ယောက်စီက
တစ်ယောက်တိုင်း တစ်ဦးစီအတွက်နဲ့
အားလုံးအတွက် အပြည့်အဝနားလည်ပေးတတ်တဲ့
အားလုံးအတွက် အပြည့်အဝနားလည်ပေးတတ်တဲ့
သူငယ်ချင်းများသို့…………….. လွမ်းချင်း။
18 comments
Ma Ma
June 20, 2013 at 4:27 pm
သဂျီးသမီးတော်တွေ တစ်ယောက်ပြီး တစ်ယောက် ပျောက်ချက်သား ကောင်းနေကြတာ။
ရွာကြီးလည်း ပျင်းခြောက်ခြောက်ကို ဖြစ်လို့။
ပေါ်လာလို့ ဝမ်းသာတယ် ချာတူးရေ။
🙂
TNA
June 20, 2013 at 5:56 pm
ပြန်လာပလား ချာချာလေးရေ။ ဆံထုံးနောက်သျှောင်ပါ။ အဲလေမွှားလို့ သျှောင်နောက်ဆံထုံးပါတွားဒါလား။ အိမ်ရှင်မွဂျီးလုံးလုံးဖြစ်နေဒါလားကွယ်။ လွမ်းရပါတီ။ ပြန်လာတာဝမ်းသာပါတယ်။
အရီးခင်လတ်
June 20, 2013 at 7:14 pm
ကြည့်ရတာ။
ဘဝ ဟောင်း ကို လွမ်းနေရော့သလား။
😛
အလင်း ဆက်
June 20, 2013 at 9:57 pm
ဝေး ဖူးတယ်…
ငယ်သူငယ်ချင်းတွေနဲ ့…
ခုထိ..ပြန်မတွေ ့သေးးတော့…
အလွမ်းဆိုတာ…
ကျွန်တော့်ရင် ကို ခွဲ စိတ်နေတဲ့ ဓါးတစ်လက်..လိုပါပဲ.ဗျာ..။
ဒီ စာလေး ဖတ်ပြီး..ပို လွမ်းသွားတယ်…။
ဦးကြောင်ကြီး
June 21, 2013 at 9:39 am
ဝေးဂဲ့ဒယ်
နတ်ပြည်နဲ့
နီးနေတယ်
ငရဲပြည်ကို
အခုနေဒါ
လူ့ပြည်ဂျီး
တခုဝေးဒေါ့
တခုနီး
ဒီလိုနဲ့
အသက်ကြီး
ငါ့ယောက်ျားဂ
စစ်ဗိုလ်ဂျီး
ငှီးငှီးငှီးငှီး
်မာန်တွေကြီး..
နွယ်ပင်
June 21, 2013 at 10:51 am
တွားးးးးးးလူဆိုးမကြီး အထုမှ လာပီးလွမ်းပြမနေပါနဲ့
ထားတုန်းကတော့ ထားတွားပီး ချိတ်ကောက်ပလိုက်ရ ….
kyeemite
June 21, 2013 at 11:16 am
ပြန်တွေ့ရတာဝမ်းသာမဆုံးနိုင်ပေ.. 😆
Char Too Lan
June 21, 2013 at 1:57 pm
– အန်တီမမ နဲ့ သဲ တို့ကိုကျေးဇူးတင်ပါတယ် ရုံးမှာလိုင်းမရတော့တာရယ်…
ခရီးထွက်နေရတာတွေရယ် နဲ့ပေါင်းပီး ပြန်မလာဖစ်တော့တာ :'(
– အရီးလတ်ပြောတာမှန်ပါတယ်လို့ ဝံခံပရဇီ :'(
– အလင်းစက်လဲ ဝင်လွမ်းပေးတဲ့အတွက် ကျေးကျေးပါ
မြိုင်မြိုင်ဆိုင်ဆိုင်ဖစ်သွားအောင် နောက်လူတွေလဲဝင်လွမ်းလို့ရပါတယ် ခည!! 🙂
– ဦးကြောင်ဂျီး စိတ်ပုတ်ဂျီး 😛
– ဘင်ဘင် ခဏခဏစိတ်မကောက်နဲ့ ရုပ်ဆိုးတွားလိမ့်မယ်နော် 🙂
– အခုလို…ဆုံတွေ ့ရတာဝမ်းသာမဆုံးနိုင်ဗေ ………. ဦးကြီးမိုက်
KZ
June 21, 2013 at 2:26 pm
ဖတ်ပြီး လွမ်းတယ်တော့။
🙁
ဒီ ဘဝတစ်ခုမှာ စုံတွေ့ခဲ့ရာ..
အစဉ်မြဲ တို့တတွေ တည်ရှိခဲ့ရာ…
နောက်ဆုံးသော အချိန် …
ပြန်ပြီးခွဲခွါ …
သူငယ်ချင်းများစွာ .. 🙁
Moe Z
June 21, 2013 at 2:45 pm
missing you!!!
ဘိုင်သဝေး ဟိုဘမ်းစဂါးတွေ ရေးထားတဲ့လင့်ခ်လေး လွယ်ရင်ပြန်ပေးပါလား
Wow
June 21, 2013 at 7:52 pm
ရှားရှားပါးပါး တစ်ခါထဲလိုက်ဖူးတဲ့ တစ်ခါမှာ ဆုံဖူးသလားလို့… 🙂
Char Too Lan
June 22, 2013 at 10:16 am
– ကျေးကျေးပါ မမကေဇက်
– ဒါဆို ဆြာဝေါင်း နဲ့အတူတူသာဓုခေါ်ဖူးခဲ့ကြတယ်ထင်တယ်ဗျ.. ခပ်ချောချောနဲ့တျောက်လေ ဟိဟိ 😀
– http://myanmargazette.net/45579/society-lifestyle/aha-jokes#comments
လင့်ကတော့ အိုက်ဒါပဲ မိုးဇက်ရေ… ဒါပေမယ့် ဖွင့်လို့တော့မရတော့ဝူး ဟိုကောင်တွေယက်တဲ့ထဲ အဲ့မှားလို့ ဟက်တဲ့ထဲပါတွားလားမတိ 🙁
kai
June 23, 2013 at 6:38 am
နံပါတ်အထိပဲထားပြီးရှာရင်.. ရှိနေတာတွေ့ရပါမယ်..။
http://myanmargazette.net/45579
ဆိုတော့…
ချာချာ.. ယောကျာ်းယူထားတယ်ဆို.. သတင်းကြားတာမို့.. ဟုတ်ရင်.. ကွန်ဖရင်န့်ပွဲအတွက်လက်ဆောင်များနဲ့အတူတူ… လူကြုံနဲ့.. မင်္ဂလာလက်ဖွဲ့ပို့မယ်ဖြစ်ကြောင်း.. သတင်းပေးပါသည်။
Char Too Lan
June 24, 2013 at 11:25 am
ဟုတ်ကဲ့ ယူမိပါတယ် 🙁
ကျေးဇူးအများကြီးတင်ပါတယ် သဂျီးမင်း 😀
===================
တုံချိန်တို့ ချွေအိတို့ရေ… သဂျီးက လက်ဖွဲ ့ပို့ပေးမယ်ဒဲ့ပျော်စယာဂျီး 😀
သယ်ရင်းတို့ရော ဘိုလဲ ???
ချိတ်ပါရင် အိပ်ရာဝင်ခါနီး ဖုံးချက် ဖုံးချက် !! 😀
ဦး ကျောက်ခဲ
June 24, 2013 at 12:23 pm
သဂျီးရေ နောက်ကျသွားပြီ ခင်ဗျ… သားဦးလေးတောင် ရှင်ပြုတော့မယ်တဲ့…

မဟာရာဇာ အံစာတုံး
June 23, 2013 at 7:29 am
မချာတူးလန် ကို တွေ့တော့ တွေ့ဖူးဒလိုဘဲ …
ကောင်းကောင်းဒေါ့ မှတ်မိဒေါ့ဝူးးး
အိုကေ .. ဘာပဲ ဖြစ်ဖြစ် …
အနော်ဂလည်း အလွမ်းဒတ်ခံ ရှိဒဲ့လူဆိုဒေါ့ဂါ ..
ပြန်ပြီး ပစ်လွမ်းပလိုက်တယ်ဂျာ …
ဦး ကျောက်ခဲ
June 24, 2013 at 12:04 pm
ဪ ဗော်ကတိုကြီး မိချာတူးတို့တောင် လူဖြစ်တော့မှာကိုး…
လာမယ် အာဝေနိက ဟီ ဟိ….
amatmin
June 24, 2013 at 1:08 pm
ယူတုန်းကတော့ ဂလိုပဲစိတ်ပါလို့ ယူဘလိုက်တာပဲဆို..
ခုမှ ပတ်ချွဲ.နှပ်ချွဲ ဒွေ လုပ်နေဘာလားးး 😛