ကျွန်တော်ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း(၁၁)
ကျွန်တော် ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း(၁၀)
စာပေ
“စာပေသက်သက် ထက်လက်တွေ့ဘဝက ပိ ုအရေးကြီ းတယ်” ဟုနွ ားကျောင် းသားလေးတစ်ဦးက ပြော၏ ။
(သူ့ စကားမဟု တ်ချေ)
“အေး…အဲဒီအကြောင် းကို စာတွေပေတွေ ထဲမှာ ငါ ဖတ် ဖူ းတယ်” ဟုပါမောက္ခ ကြီ းက ပြန်ဖြေသည်။
တာရာမင်းဝေ
===========================================
စာတွေ ့ထက် လက်တွေ ့က ပို အရေးကြီးတယ်ဆိုပြီး စာ သမား ကို သရော်လှောင်ပြောင် / ထိုးနှက်တိုက်ခိုက်တတ်တဲ့ လူတွေ အများကြီး တွေ ့ဖူးပါရဲ့ ။
လက်တွေ ့ဘဝမှာ စာဖတ်ခြင်းက ရတဲ့ အတွေး အမြင်တွေ ဗဟုသုတတွေ ဟာ ဘယ်လောက်ထိ အရေးပါတယ်ဆိုတာကို မသိနိုင်တဲ့ လူတွေက ပြောကြတယ် ။
စာ တွေ ့ထက် လက်တွေ ့က ပိုအရေးကြီးတယ် တဲ့။
တကယ်တော့ စာဖတ်ခြင်းက ရမယ့် အကျိုးကျေးဇူးတွေ ကို သူတို ့မသိနိုင်ဘူး ။
စာဖတ်ခြင်းဟာ ဗဟုသုတနဲ့ အတွေး အမြင်တွေ / သင်ခန်းစာတွေ ရနိုင်တယ် ။
ဒါ့အပြင် ကြည်နူးစွာ ခံစား သိ နိုင်တဲ့ရသ (ရသကိုးပါးပေါ့) ရနိုင်သေးတယ် ။
မြန်မာ ဘာသာစကားနဲ့ ရေးထားတဲ့ စာအုပ်တစ်အုပ်ကို ဖတ် ။
တခြား ဘာမှ မရဘူးဆိုရင်တောင် မြန်မာစာ အရေးအသားတွေ တိုးတက်လာနိုင်မယ်။
ပြီးတော့ မြန်မာစကားကို ပိုင်ပိုင်နိုင်နိုင် ချက်ကျလက်ကျ ပြောတတ်လာမယ် ။
ဒီထက်မကတဲ့ အကျိုးကျေးဇူးတွေလည်း စာအုပ်ထဲက ရနိုင်ပါသေးတယ်။
=========================================
စာအုပ်ထဲက ဘာကို ယူသင့်သလဲ ။ ဘာကို မယူသင့်ဘူးလဲ ဆိုတာတော့ ကိုယ့်အသိဉာဏ် ကို အားကိုးပြီး ရွေးရမှာ။
(ဒါကလည်း စာတွေ ဖတ်ရင်းနဲ့ကိုပဲ တဆင့်ပြီး တဆင့်မြင့်လာပြီး ဖတ်သင့်တဲ့စာအုပ်ကို ဖတ်လာမယ်။ ယူသင့်တဲ့ အချက်ကို ရွေးယူတတ်လာမယ်လေ။)
မဖတ်သင့်တဲ့ စာအုပ်ထဲက မယူသင့်တဲ့အရာကို ယူတာကတော့ ကိုယ့် ဗီဇနဲ့ကိုယ်/ ကိုယ့်မိုက်မဲမှုနဲ့ ကိုယ်ပေါ့။
ကောင်းပြီ ။
စာဖတ်ပါ ။
ဖတ်ပြီး ဖတ်သမျှထဲက မှတ်သားသင့်တာ မှတ်သား ။
လိုက်နာ ကျင့်သုံးသင့်တာကို ကျင့်သုံး ။
အဲဒါလည်း ကိုယ့်တာဝန်ပဲ ။
ဖတ်သင့်တဲ့ စာအုပ်ထဲက ယူသင့်လို့ ့ယူလိုက်တဲ့ အရာကို သုံးသင့်တဲ ့ နေရာမှာ ထုတ်သုံးတတ်ဖို ့တော့ လိုပါတယ် ။့
( ၁ ) စာလည်း ဖတ်တယ် ။ ဖတ်သမျှ ထဲက ယူသင့်တဲ့ ဗဟုသုတနဲ့ အတွေး အမြင်တွေကို လက်တွေ ့ ဘဝ မှာလည်း စနစ်တကျ ထုတ်သုံးတတ်တဲ့ သူ
( ၂ ) စာတွေ ့ထက် လက်တွေ ့က ပို အရေးကြီးတယ် ဆိုပြီး စာ လုံးဝ မဖတ်ပဲ လက်တွေ ့ဘဝ ကို ဖြတ်သန်းတဲ့ လူ ။
( ၃ ) စာဖတ် စာရေးခြင်းကိုပဲ စိတ်ဝင်စားပြီး လက်တွေ ့ဘဝ ထဲမှာ စာပေသမားအဖြစ်ပဲ သီးသန် ့နေထိုင်တဲ့ စာသမား မှ စာသမားတွေလည်း ရှိတယ် ။
စာသမားဟာ တခြား အပိုင်းမှာ အားနည်းချင်နည်းနေမယ်။ အတွေးအခေါ်နဲ ့ရသ ခံစားမှုပိုင်းမှာတော့ …..သူများထက် သာပါတယ်။
—————————————
ကျွန်တော် နံပါတ် တစ် ဖြစ်ချင်တယ် ။
======================
ကျွန်တော် ကိုယ်တိုင်ကတော့ စာပေက ရတဲ့ အကျိုး ရလဒ်တွေကို ပိုးစိုးပက်စက် ယုံကြည်ပါတယ်။
ကျွန်တော် ကားမောင်းသင်တုန်းက လက်တွေ့ ့မသင်ခင်မှာ ကားမောင်းနှင်နည်း နဲ့ ကားစက်ပိုင်း ဆိုင်ရာ အလုပ်လုပ်ပုံ အဆင့်ဆင့် ရေးထားတဲ့ စာအုပ်တွေကို
ရှာ ဖတ်ပါတယ် ။
ကားမောင်း သင်တန်း တွေမှာ သင်တန်းသားတွေကို ပေးတဲ့ သင်ရိုးစာအုပ် သဘောမျိုးတွေကို အရင်က တတ်ဖူးတဲ့ မိတ်ဆွေ တွေဆီက တောင်း ဖတ် တယ်။
ကညန ကသတ်မှတ်ထားတဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆိုင်ရာ စာအုပ်တွေကိုလည်း ရှာဖွေ ဖတ်ရှု လိုက်ပါတယ်။
စာတွေ ့အနေနဲ ့ ဂီယာ ဘယ်လို ထိုးရတယ် ၊ ဘရိတ် ဘယ်လို နင်းရတယ် ၊ လီဗာ ဘယ်လို နင်း ရတယ် ….စသည်ဖြင့် သိ ထားပြီးမှ ကားမောင်း လက်တွေ ့ သင်ခဲ့တယ် ။
ကျွန်တော် ဖတ်မှတ် လေ့လာပြီး မှ လက်တွေ ့သင်တဲ့အခါ မှာ…….
ဖတ် မှတ်ထားတဲ့ အသိ အမြင်တွေ ကြောင့် လွယ်လွယ်ကူကူနဲ ့ခဏလေးနဲ ့မောင်းတတ်သွားပါတယ်။
ကားကို တည်ငြိမ်အောင်နိုင်နိုင်နင်းနင်းမောင်းနိုင်ချိန်မှာပဲ မြို့ ထဲ လမ်းတွေ ဘက်အထိ အမောင်း ထွက်သင်ခဲ့နိုင်ပါတယ်။
ရန်ကင်းစင်တာ ဘေး တွေ အောက်တွေ ဟိုဝင် ဒီထွက် လုပ် လိုက် …
လမ်းဘေးဈေးကလေး ထဲ မောင်းဝင်သွားလိုက်…..
အဲဒီ အထိ မောင်းနိုင်သွားပါတယ်။
အသက်တော့ မရှုရဲဘူးပေါ့…။
ဘေးက သင်ပေးတဲ့ဆရာကတောင် အံ့ဩ နေပါတယ်။
ကလပ် / ဘရိတ် / လီဗာ တွေ …..ဂီယာ တွေ ဘယ်လို ချိတ်ဆက် အလုပ် လုပ်တယ်ဆိုတာ ကျွန်တော် သိနေလို ့။
ကား မောင်းတတ်ရဲ့ သားနဲ့လာသင်တယ် လို ့တောင် ထင်သွားတယ် ။
————————————
====================
တကယ်တော့ စာပေ ဆိုတာ………….
ကြည်နူးနှစ်သက် စရာ အနုပညာရပ်တစ်ခုလည်း ဖြစ်သလို………….
ဘဝ ခရီးလမ်းအတွက် လိုအပ်တဲ့ အလင်းရောင်လည်း ဖြစ်ပါတယ် ။
စာပေနဲ့ဝေးတဲ ့ လူရဲ့ ဘဝ ဟာ…….
မှောင်မှောင်မည်းမည်း ခရီးထဲ အလင်းရောင်ကင်းမဲ့ ပြီး ခလုပ်တသင်းတွေကြောင့် လဲ ကျ ဖို့ ့အလားအလာ ရှိပါတယ် ။
========================
စာပေဟာ နိုင်ငံ့ ယဉ်ကျေးမှု …
စာပေဟာ နိုင်ငံ့ သမိုင်း ………
စာပေဟာ နိုင်ငံ့ အနုပညာ …..
စာပေ ဟာ နိုင်ငံ့ အဆင့်အတန်း …
စာပေဟာ နိုင်ငံ့ အလင်းရောင် …
စာပေဟာ နိုင်ငံ့ အသိပညာ …
စာပေ ဟာ နိုင်ငံ့ အတွေးအခေါ်မြော်မြင်နိုင်စွမ်းး …
စာပေဟာ အနာဂတ်ရဲ့ လမ်းပြသူ …
စာပေဟာ ပစ္စုပ္ပန် ရဲ ့တန်ဖိုး …..
စာပေဟာ အတိတ်ရဲ့ သမိုင်းအစဉ်အလာ မှတ်တမ်းမှတ်ရာ ….
ခပ်ပြတ်ပြတ်ပြော ရရင်တော့ စာပေ မြ ှင့်မှ လူမျိုး တင့်မယ် ။
(ဒါကြောင့် စာပေ ကို မြှင့် ရ မယ် ။ )
========-=========
ဒါတွေကို …
စာဖတ်ခြင်းကို သရော် လှောင်ပြောင်တတ်တဲ့ ထိုးနှက် တိုက်ခိုက် ချင်တတ်တဲ့ ပုဂိ္ဂုလ်တွေ ( လက်တွေ ့သမား ဆိုသူတွေ ) ကို သိစေချင်တာပါ ။
စာတွေ ့က်ို အထင်သေး ရှုတ်ချ တတ်သူတွေ ကို သိစေချင်လို့ပါ ။
================
================
လက်တွေ ့ဘဝမှာ စာပေဟာ ဘယ်လောက် အရေးပါတယ်ဆိုတာ ကို ဆက်တွေးစေခဲ့တဲ့….
တာရာမင်းဝေရဲ့ စာပေဆိုတဲ့ ဝတ္ထု တိုလေး ဖတ်ပြီးတဲ့အချိန်မှာ …..
ကျွန်တော် ဆက်တွေးမိတဲ့ အတွေးတွေပါ ။
လေးစားစွာဖြင့်
အလင်းဆက်
alinsett.art@gmail.com
————–
==============
တာရာမင်းဝေ
ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း
၁၉၉ရ / နိုဝင်ဘာလထုတ်
===============================
မော်ဒန်ပန်းချီမှာ …..
Pointillim / Pointillisime ဆိုတဲ ့ နည်းစနစ်တစ်ရပ်ရှိပါတယ်.. ။
အင်ပရင်ရှင် နစ် လက်သစ် ဝါဒီတွေရဲ ့ နည်းစနစ်လို ့ သိရပါတယ် ။
ဂျော့ဆူးရတ်ဆိုသူက ဦးဆောင်ပြီး.သုံးစွဲခဲ့တယ်…တဲ ့ ။
ပန်းချီကားတစ်ချပ်ကို သေးငယ်တဲ ့…
အစက်အပြောက်လေးတွေနဲ ့ ဖော်ဖောင်ပြခြင်းလို ့….. ခပ်လွယ်လွယ်ပြောနိုင်ပါတယ် ။
အခု…ဆရာတာရာမင်းဝေ… တင်ပြခဲ့တဲ ့ ဝတ္ထုတိုလေးတွေဟာ…. ဇာတ်လမ်းသဘော / ဇာတ်ကွက်သဘောမျိုးတွေ..ကို
အားပြုတာထက်…..
ပွှိုင့် ( Point ) သဘောကို..ဆောင်နေပါတယ် ။
အယူအဆ အတွေးအခေါ်တွေကို…. ခံစားသိနဲ ့..ဖော်ထုတ်ပေးနိုင်မယ် ထင်ပါတယ် ။
အဲဒီလို…ကျစ်လျစ်လွန်းတဲ ့ စာသားတိုတို ဝတ္ထုလေးတွေကို…
ကျွန်တော်…ချစ်မြတ်နိုးမိပါတယ် ။
ဒါကြောင့်…..
ဆရာတာရာ ရဲ ့ ဖန်တီးမှုကို… မဖတ်ရသေး / မသိရသေးတဲ ့ စာဖတ်သူတွေအတွက်..ပြန်လည် ဝေမျှလိုက်ပါတယ် ။
ဖတ်ပြီး/ သိပြီးသူတွေလည်း….. ပြန်လည် သတိရ ပြီး.ခံစားနိုင်အောင်…..
ကျွန်တော့်အတွေး နဲ ့အရေးက်ိုပါ….. ပူးတွဲပြီး… တင်ပြလိုက်ပါတယ် ။
19 comments
KZ
June 22, 2013 at 8:10 pm
ဆက်ပြီးမတူးဖော်တော့ဘူးမှတ်နေတာရယ်။
သဘူတောပါတယ်။
ရက်ရက်စက်စက်ကြီး သဘူတောပါတယ်။
ရေးထားတဲ့ စာတွေကိုပြောတာ။
အလင်း ဆက်
June 22, 2013 at 8:19 pm
ဆက် တူးဖော်ဖို ့..
အတော်လေး..ပြန် စဉ်းစားလိုက်ရတယ်..မမခိုင်ဇာရေ.. ။
လို ့ နာမည် ပေးရမလိုဖြစ်သွားတာ..။
အဟိ ။
ရက်ရက် စက်စက် ကြီင်္းကို သဘူတောသွားတဲ့ မမခိုင်ဇာကြီးကို
ဒီကလည်း…
ကျေးဇူး…အကြီးးတကာ့အကြီးကြီး..တင်မိကြောင်းပါ…ဗျ ။
😆
မဟာရာဇာ အံစာတုံး
June 23, 2013 at 12:22 am
ကျန်တာတွေ မဖတ်ရသေးဘူး …
ပထမဆုံး ဒါလေး ဖတ်လိုက်ရတာနဲ့တင် … ချယ်ပဲဟ ….
စာပေ
———-
“စာပေသက်သက် ထက်လက်တွေ့ဘဝက ပိ ုအရေးကြီ းတယ်” ဟုနွ ားကျောင် းသားလေးတစ်ဦးက ပြော၏ ။
(သူ့ စကားမဟု တ်ချေ)
“အေး…အဲဒီအကြောင် းကို စာတွေပေတွေ ထဲမှာ ငါ ဖတ် ဖူ းတယ်” ဟုပါမောက္ခ ကြီ းက ပြန်ဖြေသည်။
– တာရာမင်းဝေ
အလင်း ဆက်
June 23, 2013 at 7:20 am
ကျန် တာ တွေ လည်း ချယ် ပါပဲ ဟ
ဆက် ဖတ် ကျိ ပါအုံးး
🙂
😆
သခင် mobile
June 23, 2013 at 1:03 am
ပြောရမယ်ဆိုယင် ဒီနှစ်ခုက သူမသာ ကိုယ်အသုဘပါပဲ…..
ဘယ်ဟာက ကောင်း၏ ဆိုး၏ဆိုတာတော့ ပြောရခက်ပါတယ်……..
ပိုက်ဆံနဲ့ မိန်းမဆိုတာရှိလေကောင်းလေ ဆိုသလိုပါပဲ………
အဆင်ပြေသလိုသာ တွဲဖက်စားသုံးကျကုန်လော့ အသင်လူသားအပေါင်းတို့…..
အလင်း ဆက်
June 23, 2013 at 7:23 am
ပိုက် ဆံ နဲ ့မိန်းမ က ချိလေ ကောင်းလေ ဒဲ့လား ကွယ်။
ပိုက်က က တော့ ချိလေ ကောင်း လေ ဆိုတာ ထားပါတော့
ဟို ဒင်းက တော့ မချိ လည်း ကောင်း ချိ လည်း ကောင်း
မပေါင်းလည်း ခက် ပေါင်းလည်း ခက် ဆိုလား
😆
ဦး ကြိမ်
June 23, 2013 at 5:24 am
တဆင့် ပြန်ပြောရမဲ့ စကားတွေ
ရေးတဲ့ကိုလင်းဆက်
ကျေးဇူးပါပဲ……
အလင်း ဆက်
June 23, 2013 at 7:25 am
ဖတ် ရှု ခံ စား သွားတဲ့
ချစ်သော အိမ်ကြူး ရေ
ကျေးဇူး တင် ပါတယ် လို ့ ။
🙂
ခရီးသည်ကြီး
June 23, 2013 at 9:24 am
ကျုပ်လိုလူနဲ့ လာတွေ့တာဘဲ
ကျုပ်လည်း လွယ်အိတ်ထဲမှာစာရွက်စုတ်တွေအများကြီးရှိတယ်
လိုသလိုသုံးလို့ရတယ်
ရထားစီးရင်းဖင်ခုထိုင်လို့ရတယ်
ပျင်းရင်ထုတ်ဖတ်လို့ရတယ်
ပြီးတော့ ………ရတယ်
ရတယ် ………ရတယ် ….
ကျုပ်ကတော့စာဖတ် ဝါသနာပါတယ်ဗျ
🙂 🙂 🙂 🙂 🙂
အလင်း ဆက်
June 23, 2013 at 10:13 am
ခရီး သည် ကြီးရေ
ဝါသနာ တူတယ် ပဲ ပြောရ မလားး
ကျွန်တော် လည်းးး
ဘယ်နေ ရာ သွားသွား စာအုပ် တော့ပါ တယ်။
ရေး စရာ ဗလာစာအုပ် နဲ ့ဘောလ်ပင် ရယ်
ဖတ် စရာ စာအုပ် တစ်အုပ် အုပ် ရယ်
ကျွန်တော့် ချစ်သူ လို ပါပဲ ။
ကျွန်တော့် ဘေးမှာ အမြဲပါတယ် ။
အခု လောလော ဆယ် ဖတ် နေတာက
ဇော်ဇော်အောင် ရဲ့
မရမ်ကုန်းစစ်တမ်း ဆိုတဲ့ မော်ဒန် စာပေ သ ဘောတရား ဆိုင် ရာ စာအုပ် ပါ ။
😆
ကောင်း ကို
June 23, 2013 at 2:29 pm
စာဖတ်ခြင်းကပဲလူကိုရင့်ကျက်စေပါတယ်…ခေါင်းဆောင်တစ်ယောက်ဟာ… စာမဖတ်တဲ့သူဖြစ်နေရင် …. နောက်လိုက်တွေ ဒုက္ခရောက်ကုန်ပါမယ်…။
အလင်း ဆက်
June 23, 2013 at 4:36 pm
အမှန် ပါပဲ
ကိုကောင်း ရေ
ညလေး
June 23, 2013 at 7:03 pm
အဟီ စကားတစ်ခွန်းးးးးသတိရသွားးတယ်
ရှင့်စာအုပ်သာ ကျမ မျက်နှာမှာရှိရင်ကောင်း မှာပဲနော်
တဲ့ ့ ချစ်သူရီးးစားးး ချိန်းတွေ့တာာ
ကောင်လေခဗျာ စာဖတ်တာ တကယ် ပဲဝါသနာကြီးးးတာလားးး
သူပြောမယ့် စကားကို မမှတ်မိလို့ ပြန်ရှာမရလဖြစ်နေတာလားတော့တိဝူးးး
ညလေး
June 23, 2013 at 7:09 pm
အဟီ စာမဖတ်တာ အရမ်းသိသာသွားပြီ
အ ရေးအသားနဲ စကားပြောမပီမသ နဲ့
မွှားးးကုန်ပါပီ
သည်းခံကြပါ ရှင်
အလင်း ဆက်
June 24, 2013 at 1:16 pm
ညလေး ရေ
ပျောက် ချက်သား ကောင်း နေလိုက်တာ ကွယ် ။
ဖတ် ရှု ခံစား အားပေး မှုအတွက်
ကျေးဇူးအထူးပါနော် ။
ဟာသလေးကလည်းးး ရီ ရတယ်
😆
သူကလေး
June 24, 2013 at 10:37 am
တူးဖော်ထားတာလေးတွေလာဖတ်သွားပါတယ်ဂျာ
မနေ့က စာဖတ်အားနည်းတယ်လို့ပြောမိတော့ နောက်ဆို သူကလေးဖတ်ဖို့ ဘာညာနဲ့ တက်လာမှာတောင်စိုးရိမ်မိသေး အာာာဟိ 😀
နောက်လည်းများများဆက်ဖော်အုံးနော် 😛
အလင်း ဆက်
June 24, 2013 at 12:56 pm
သူလေး ဖတ်ဖို ့တို ့ဘာတို့တော့ လောလောဆယ် အစီအစဉ်မရှိသေးပါဘူးဗျာ ။
ရေးအားလည်း အက်ဒိလောက် မကောင်းပါ ဘူး ။
ဆက် တူးဖော် ပါဦးမယ် ။
🙂
kyeemite
June 24, 2013 at 2:41 pm
“အလိမ္မာစာမှာရှိသည်” လို့ဆိုတယ်မဟုတ်လား…
လောကကြီးကို အားလုံး လက်တွေ့မျက်တွေ့
ခံစားနားလည်ဖို့က ဒီတစ်ဘွ တည်းနဲ့ ဘယ်လောက်နိုင်ပါ့မလဲ(အချိန်)
ဆိုတော့ သူများတွေ့ကြုံသိရှိပြီးသား စာတွေဖတ်ပြီး အချိန်တိုတိုအတွင်း
များများသိနိုင်တာပေါ့…စာဖတ်ပါတယ်…စာဖတ်ကြပါလို့သာ… 🙂
အလင်း ဆက်
June 24, 2013 at 4:40 pm
အမှန်ပါပဲ ဦးကြီး မိုက်ရေ
စာရေးသူ တွေရဲ့ အတွေ ့အကြုံ တွေ ဟာ
ကျွန်တော်တို ့ စာဖတ်သမားတွေ အတွက် တန်ဖိုး မဖြတ်နိုင်တဲ့သင်ခန်းစာတွေ ပါ