Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သတ္တိရှိရင်ထွက်ခဲ့

သတိ္တရှိရင်ထွက်ခဲ့
……………………….
သွေးတစ်စက်ကိုမြေမှာကျလို့

သမိုင်းအနာဂတ်ကောင်းစားစေရမယ်

မွေးကတည်းကဒီစိတ်ဓာတ်

ဘယ်သူချေဖျက်နိူင်အုံးမှာလဲ

အမေပေးတဲ့လက်က

အမေမွေးတဲ့နိူင်ငံကိုချေဖျက်ဖို့မဟုတ်ဘူး

မယုံရင်လှန်လျှောကြည့်လို့ရတယ်

ဖြူစင်တဲ့စာမျက်နှာတွေ

အတိတ်မှာထင်ထင်သာသာရှိနေတုန်းပဲ

ကလောင်တစ်ချောင်းကိုသာကိုင်ခဲ့တဲ့သူကို

အကြမ်းဖက်တယ်လို့ပြောရအောင်

အကြမ်းဖက်ဆိုတဲ့အဓိပ္ပါယ်ကို

ဘယ်လိုပညာတွေနဲ့စွဲချက်တင်လိုက်တာလဲ

ကိုယ်ထင်ရာကိုယ်စိုင်းနေတဲ့အတ္တမာနတွေအတွက်

ငါဂရုစိုက်နေစရာလိုမယ်မထင်ဘူး

ခွေးဟောင်တိုင်းသာထကြည့်နေရမယ်ဆိုရင်

အိပ်ရေးပျက်ရုံသာရှိနေမှာပေါ့

လူဆိုတာအခွင့်ရေးအမျိုးမျိုးရှိကြတာမှန်ပေမယ့်

စည်းဆိုတာလေးဘောင်ကွပ်ထားလိုက်ရင်

စည်းလုံးခြင်း၊ငြိမ်းချမ်းခြင်းတွေနဲ့အတူ

အနာဂတ်မှာလှပနေပါလိမ့်မယ်

အကြောင်းအရာတစ်ခုကိုသေချာမသိဘဲ

သူများဟောင်တိုင်းလိုက်ဟောင်နေခဲ့ရင်

လမ်းဘေးမှာအိပ်နေတဲ့ခွေးနဲ့ဘာထူးမှာလဲ

လူဆိုတာစဉ်းစားဆုံးဖြတ်တက်ဖို့အသိဉာဏ်ပါနေပြီးသားပါ

မှားတယ်မှန်တယ်ဆိုတာပုထုဇဉ်တို့ရဲ့ဓလေ့

အမှားများများကင်းနိူင်ဖို့သာအရေးကြီးတာပါ

မင်းလည်းမှားနိူင်သလိုငါလည်းမှားနိူင်သေးတာပဲ

ကိုယ်မစွမ်းဆောင်နိူင်လို့အရန်ခုံမှာထိုင်နေရသေးတာ

စွမ်းဆောင်နိူင်လို့လုပ်နေသူကိုအပြစ်မတင်လိုက်ပါနဲ့

မင်းစွမ်းဆောင်နိူင်လို့လုပ်ခဲ့မယ်ဆိုရင်

ငါအရန်ခုံမှာထိုင်နေပေးမယ်

ကိုယ်တိုင်ကျတော့လူတွေမုန်းခံရမှာကြောက်ပြီး

ဦးမဆောင်ဘဲချန်ထားခဲ့တာကို

ဦးဆောင်ပြီးလုပ်နေသူတွေအား

လူ့ခွင့်ရေးချိုးဖောက်တယ်ဆိုတဲ့စွဲချက်တွေနဲ့

သူရဲကောင်းကြီးလုပ်မနေစမ်းပါနဲ့

မင်းစွမ်းဆောင်နိူင်လို့သတ္တိရှိတယ်ဆိုရင်

ရှေ့သို့သာထွက်ခဲ့လိုက်

ငါလက်ကမ်းပြီးကြိုဆိုနေအုံးမှာပါ…။            ။

                            ဇွဲမာန်(အင်းဝ)

29 comments

  • ဇွဲမာန်(အင်းဝ)

    June 22, 2013 at 10:59 pm

    အကြောင်းရာကိုသေချာမသိဘဲ သူများအော်တိုင်းလိုက်အော်နေသူတွေ၊ ကိုယ်တိုင်ကျတော့မစွမ်းဆောင်ဘဲ၊သူများစွမ်းဆောင်တာကို လူ့အခွင့်ရေးချိုးဖောက်တယ်လို့ပြောတဲ့သူတွေ စဉ်းစားဆုံးဖြတ်ပြီး သတ္တိရှိရင်ပြည်သူလူထုရှေ့ထွက်ခဲ့လိုက်၊ ဟိုကဟောင် ဒီကလုပ်မနေနဲ့..။

    • e tone

      June 24, 2013 at 8:53 am

      ကိုယ့်ပို့စ်မှာ ကိုယ်ရေးတဲ့ ကော့မန့် BC ပေး ……. ဟေးဟေး ဟေးဟေး
      ဝါသနာပါလို့ညက်ခွက်ပြောင်တယ် မှတ်ပါလေ …သများ အာပဲချောင်တတ်တာ… တပ်တိတော့ မချိပေါင်…… 😆

      • e tone

        June 24, 2013 at 9:03 am

        အော… အောက်မှာ ဟိုလူရီးပျော့စ်ထားသားဗြဲ … မညင်လိုက်လို့နော် … ။ ခိခိ 😉

  • သတ္တိရှိလို့ ထွက်လာတာ မဟုတ်ဘူးနော် ..
    ကြိုပြောထားတာ … :mrgreen:
    ကျုပ်က ကဗျာ ပရိသတ်ဆိုတော့ ကဗျာ လာဖတ်တာ …
    ကျုပ် အနေနဲ့ကတော့ ဒီလောက်ပါပဲ …

  • ခရီးသည်ကြီး

    June 23, 2013 at 12:21 am

    ဟ .!!!!
    လန်​့လိုက်​တာကွာ
    ခုပဲရွာထဲ​ရောက်​တယ်​ ဆဲခိုင်​းတဲ့သူနဲ့
    စိမ်​​ခေါ်တဲ့သူနဲ့
    ​တော်​​တော်​ လူမိုက်​​ပေါတဲ့ရွာဘဲ
    ဟိုတစ်​​ခေါက်​​ရောက်​တုန်​းကလည်​း စင်​​ပေါ်တက်​ဖို့စိမ်​​ခေါ်တဲ့သူ​တွေ့ မိ​သေးတယ်​
    ​လေထဲကမိုက်​တဲ့
    ​လေမိုက်​​တွေပဲ
    ကျုပ်​က​တော့ မမိုက်​ရဲဘူးဗျ
    🙂 🙂 🙂 🙂 🙂

  • သခင် mobile

    June 23, 2013 at 12:40 am

    ခရီးသည်ကြီးပြောတဲ့စဂါးနောက် သံယောင်လိုက်ရရင်….
    ရွာထဲလူမိုက်တွေပေါးတော့ တော်ရုံလူ ရွာထဲမဝင်ရဲတာပေါ့ဗျာ….

  • ဦး ကြိမ်

    June 23, 2013 at 5:11 am

    ဇတ်ထောင်ပြီဆိုကတည်းက အနု အလွမ်း အကြမ်း စုံမှဖြစ်မှာလေ
    သရုပ်ဆောင်ကောင်းမကောင်း….ဇတ်ပစ္စည်းစုံမစုံ….သဘာဝကျမကျကတော့
    ဇတ်ဆရာပေါ်မှာမူတည်ပါတယ်………

  • အလင်း ဆက်

    June 23, 2013 at 5:15 pm

    ဟိုလေ
    သတိ္တိက တော့ ရှိ ပါဒယ်

    ထုတ် မသုံးရဲ သေးဝူးးးး
    🙂

    အလကားစတာပါ ။
    ဖတ် ရှု ခံ စားသွားပါတယ်ဗျ

  • cobra

    June 23, 2013 at 5:17 pm

    ကဗျာလေး ဖတ်သွားပါတယ်။

  • မင်းမင်း

    June 23, 2013 at 7:59 pm

    ထောက်ခံပါတယ်။
    မန္တလေးသားပါ။
    အပြင်ထွက် လက်သီးမတန်းရဲပေမဲ့
    ဒီထဲကနေ လုပ်နိုင်တဲ့သူတွေကို
    ထောက်ခံပါတယ်။
    လူ့အခွင့်အရေးဆိုတာ ကြားလို့ကောင်းပါတယ်။
    ဒီကမ္ဘာပေါ်ကဘယ်နိုင်ငံမှာမဆို လူ့အခွင့်အရေး
    ရတယ်ဆိုတဲ့နိုင်ငံမရှိ (လုံးဝ)ပါဘူး။
    အနည်းစု အများစုဒါတွေနဲ့ပဲ လုံးချာလိုက်နေတာပါ။
    နိုင်ငံကြီးတနိုင်ငံက လူ့အခွင့်အရေးအကြောင်းပြပြီး
    နိုင်ငံတွေကိုတိုက်ခိုက်နေပြီး အရပ်သားတွေပါခံနေရ
    တာတွေမှာ ဘယ်မလဲ အဲဒီအရပ်သားတွေရဲ့လူ့အခွင့်အရေး။
    လူ့အခွင့်အရေးဆိုတာ လူ့မလိုင်တွေအတွက်အကာအကွယ်
    ပေးနေတဲ့ ခံတပ်ကြီးဗျ။ဆင်းရဲသားအရပ်သားတွေကို
    ကာကွယ်သလိုလိုနဲ့ သူတို့အတွက်ပဲအကျိုးဖြစ်ဖြစ်သွားတာ
    ကြီးပဲ။
    ဦးသိန်းတို့ ဦးမန်းတို့ ဒေါ်စုတို့ သမ္မတရူးရူးနေတဲ့အချိန်
    တိုင်းပြည် အထိကရုန်းကြောင့် ပြည်သူတွေ ကျီးလန့်စာစား
    နေတဲ့အချိန် ပြည်သူတွေသက်သာရာရပါစေတော့ဆိုတဲ့
    စေတနာအနစ်နာအမုန်းခံအပင်ပန်းခံ ဆောင်ရွက်နေတဲ့
    သူကိုလူ့အခွင့်အရေးပေတံနဲ့တိုင်း ဝေဖန် အပုတ်ချ ဒါမျိုးတွေ
    လုပ်မဲ့အစား ပြည်သူတွေအားလုံး (အားလုံးနော်)
    အေးချမ်းစွာနေနိုင်မဲ့နည်းလမ်းရှာပေးတာက မြန်မာပြည်သူတွေ
    အားလုံးအတွက်အကျိုးရှိမှာအမှန်ပဲ။
    ကျုပ်ကဘယ်ဘက်ကိုမှမမုန်းဘူး။နှစ်ဘက်လုံးညီညွတ် အပြန်အလှန်ယုံကြည်စွာမှီတင်းနေထိုင်ရေးကိုလိုလားတာ။
    ဒီအချိန်မှာအဖြေရှာနေတာက တဖွဲ့တည်းဆိုတော့။ဒီအဖွဲ့ကို
    ထောက်ခံတယ်။နောက်တဖွဲ့ပေါ်လာလို့ဒီထက်ကောင်းတဲ့နည်း
    လမ်းနဲ့ဆိုနောက်တဖွဲ့ကိုပြောင်းထောက်ခံမယ်။
    နောက်တဖွဲ့ဘယ်သူလာမလဲ?
    သမ္မတလုပ်ချင်တဲ့သူရှိရင်လက်ညိုးထောင်ဆိုရင်ကော?
    တချို့ ဆိုမေးတောင်မမေးရသေးဘူး ပြောနေလိုက်ကြတာ။
    ပြည်သူတွေအတွပ်လုပ်ရမယ်ဆိုတော့
    ဟိုနိုင်ငံသွားရတာနဲ့
    ဒီနိုင်ငံသွားရတာနဲ့
    ခင်ဗျားတို့ခရီးစရိတ်ကို ပြည်သူတွေအတွက်အသုံးပြု
    လိုက်ရင် ရင် ရင်

  • nigimi77

    June 24, 2013 at 12:30 am

    ​လေချဉ်​က​လေး ကိန်​ကနဲ တက်​ပြီး ဖတ်​သွားပါဒယ်​

  • nigimi77

    June 24, 2013 at 12:33 am

    ကိုယ်​့ post ကို ကိုယ်​တိုင်​ BC ​ပေးထားတာ​ကြောင်​့ Double ​လေချဉ်​ ကိန်​ကိန်​ မြည်​​အောင်​ တက်​ပြီး ဖတ်​သွားပါ​ကြောင်​း

  • ကြက်အူလှည့်

    June 24, 2013 at 7:19 am

    ဟဲ့ …ခွေးနဲ့တောင် နှိုင်းထားပါလား …
    မဝေဖန်ဂျနဲ့ ခွေးဖြစ်ကုန်မယ်….

    ဩကာသ ဩကာသ ငါ့ထိုင် ရှိခိုးဂျ…

    အာမင်။

    ပုံ
    ဦးပဇင်းဂီ

    • kai

      June 24, 2013 at 12:49 pm

      ဆိုတော့…
      ဘယ်သူမဆို.. ကိုယ်တန်ရာပဲရမယ်..။
      တူနယ်တူနယ်..
      ဗြောင်…

      ကဲကဲ..
      ဩကာသ.. ဩကာသ.. ငါ့ထိုင်ရှိခိုးကြ..
      ဟိုလူ.. ရှိမခိုးဘူး.. ငရဲပြည်သွား..
      ဒီလူရှိခိုးတယ်.. နတ်ပြည်တက်..

      ငါကွ…
      ငရဲပြည်နဲ့နတ်ပြည်ကြားက.. ပွဲစားကွ… :mrgreen:

  • ခင် ခ

    June 24, 2013 at 9:33 am

    ကိုယ့်ပိုစ့်မှာ ကိုယ်ပြန်ရေးတဲ့ ကွန်မန့်ကို BC ပြန်ပေးတာ တွေ့ခဲတယ်နော်။
    အဲလိုပေးရင် အခုလိုတွေးချင်“ကျန်တဲ့သူတွေအားလုံးမှားသည် ငါဘဲတော်သကွ´´

    • e tone

      June 24, 2013 at 10:42 am

      အန်ကယ်ရေ .. အရင်ကတော့ရွာထဲမှာ ကိုယ့်ပို့စ် ကိုယ်BC ပေးတာမျိုး … ၊ ကိုယ့်ပို့စ်မှာ သူများ ရေးတာ တကယ်လည်းမကောင်း BC ဖြစ်မနေတာကို … BCပေးတာမျိုးလည်း ရှိခဲ့ဖူးတယ် …. အဲ့ဒီတုန်းကတော့ … BC ပေးလိုက်လျှင် ဟိုက်လိုက်လုပ်ထားသလို ဖြစ်သွားတဲ့အတွက် လူပိုဖတ်စေချင်တဲ့ ကော့မန့်တွေဆို .. အဲ့လိုပေးခဲ့ကြောင်းလည်း မှတ်ထားခဲ့ဖူးပါတယ် ။

  • blue lady

    June 24, 2013 at 10:52 am

    ပို့စ် ပိုင်ရှင်က သူ့ comment သူ best comment ပေးတာတော့ မဖြစ်လောက်ပါဘူး..
    သူ့ဟာသူ မတော်တဆ ဘာလုပ်မိလို့ ဒီလို စိမ်းသွားတယ် ဆိုတာရယ်၊ အစိမ်းရောင် hight light ရဲ့ အဓိပ္ပါယ်ရယ်၊ ဘယ်လိုပြန်ဖြုတ်ရမယ် ဆိုတာရယ် မသိတာလဲ ဖြစ်နိုင်ပါတယ်လေ….

    • e tone

      June 26, 2013 at 11:06 am

      ပို့စ်ပေါင်း 43 ခုရေးသားခဲ့ပြီးပြီ …….
      ဆိုလိုတာက မနေ့တနေ့ကမှ .. စာထရေးတဲ့ အသစ်မဟုတ်ဘူးဆိုတာပါ ။

  • မောင် ပေ

    June 24, 2013 at 11:59 am

    ဟေ ဟူ ဟမ် ဟိုက် ဟာ ဟင့် ဟက်
    ရှိဘူး
    ထွက်ဘူး
    ဒီခေတ်ထဲ ငွေရှာရ ခက်ပါဘိသနဲ ့

  • uncle gyi

    June 24, 2013 at 11:26 pm

    လွယ်အိတ်လိုလူမျိုး
    နောက်ကနေဆိုလည်းမနေ
    ရှေ့ကနေဆိုလည်းမနေ
    ဘေးကကန့်လန့်ကန့်လန့်နဲ့
    ဒါပေမဲ့လွယ်အိတ်မပါလည်း
    ထည့်စရာတွေကမကုန်
    ချန်ခဲ့လို့လည်းမရ
    အမြဲတွဲနေတာ

    • အရီးခင်လတ်

      June 25, 2013 at 7:59 pm

      အန်ကယ်ကြီး
      အတက်ချီ ကေ့စ် ကြီး ဆို ဆွဲထား၊ ပိုက်ထားထား ရပါ့။
      အိတ်လွယ်မနေနဲ့တော့။ 😆

  • ဇွဲမာန်(အင်းဝ)

    June 25, 2013 at 5:07 pm

    ဟုတ်ပါတယ်ဗျာ ခလုပ်မှားနှိပ်မိပြီး ပြန်မလုပ်တက်လို့ ဒီအတိုင်းထားခဲ့တာ၊ အဲဒီအဓိပ္ပါယ်လည်းမသိဘူး

  • အရီးခင်လတ်

    June 25, 2013 at 7:57 pm

    အဘ တို့ နားရင်တော့ ထွက်လာပါ့မယ်။
    အခုတော့ ခုံအောက်က ဘဲ ဟောင် နေပါရစေဦး။ 😉
    (တစ်ရွာထဲ သားချင်း ခင်လို့ နောက်တာနော်။) 😛

  • uncle gyi

    June 25, 2013 at 10:37 pm

    အရီးရေ
    အတက်ချီကေ့စ်ကကောင်းပါတယ်သယ်ရတာလက်ညောင်းတယ်
    ပိုက်ပိုက်ကုန်တယ်
    အရီးဝယ်ပေးရင်တော့မညင်းဖူးနော်

  • Wow

    June 26, 2013 at 7:45 pm

    လူထုရှေ့ထွက်ရင် အရင်အဆိုးရ ဘုန်းထားတာတွေ ခွဲပေးမှာလားလို့…. :mrgreen:

    လိုချင်တာကို လိုချင်တယ်လို့ ပြောတာ ပွင့်လင်းတာ သတ္တိရှိတာကွဲ့…

    အာဏာမမက်ပါဝူးပြောပြီး နှစ်ပေါင်းများစွာ ပြည်သူတွေ သွေး၊ ချွေး၊ မျက်ရည်တွေ ပေါ်မှာ စားသောက်နေတာ ဘယ်သူတွေလဲ…

    ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့ …
    အိုဘာတဲ့… သခင်မျိုးဟေ့ ဒိုဘာမင်… :mrgreen:

  • ရွှေ ကြည်

    June 26, 2013 at 7:58 pm

    ဝုတ် ဝုတ် အာ ဝူ အာ ဝူးးးးးးးးးးးးးးးးးးးးး
    သတ္တိရှိလို့ထွက်လာတာ ကိုက်မလား ခင်မောင် ခင်မောင်……။

    • Wow

      June 26, 2013 at 8:04 pm

      ရွေကျိလေး.. ခင်မောင်က အကျင့်မကောင်းဝူး.. သူနဲ့တော့ မကိုက်နဲ့ :mrgreen:

      • ရွှေ ကြည်

        June 26, 2013 at 8:08 pm

        ဟိ အစ်မရေ ကိုက်ချင်နေပြီး မရတော့ဘူး ဘူနဲ့ဖြစ်ဖြစ် ဘက်တူရင်ခွေးမရွေးဘူးကွ ငွား ငွား

        • Wow

          June 26, 2013 at 8:18 pm

          ဟယ်.. ခွေးလုံးလုံးဖစ်မှတော့ ထူးတော့ဝူး သောက်မြစ်ကပ်တဲ့သူ အကုန် ကိုက်ပစ်မယ်… :mrgreen:

Leave a Reply