ပြည်တော်ပြန်ခရီး

စဆရ ႀကီးJuly 2, 20131min33917

“……..”

တံခါးဖွင့်သံ တိုးညှင်းစွာ ထွက်ပေါ်လာပြီးနောက် ကိုရင်ရှူံးတစ်ယောက် နောက်ဘက်မှ ခရီးဆောင်အိတ်ကို အလျင်အမြန်ချပြီးနောက် ဖွင့်ထားခဲ့သော ကားတံခါးကို လျင်မြန်စွာ ပိတ်လိုက်ရလေသည်။ နေရာကား ဒူဘိုင်းမှ အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင်ဖြစ်၏။ ကားသမား အီဂျစ်အဖိုးကြီးလည်း လျင်မြန်စွာနှုတ်ဆက်ပြီး ကားကို လေးညှို့မှ လွှတ်လိုက်သည့် မြှားတစ်စင်းအလား လျင်မြန်စွာ မောင်းထွက်သွားတော့၏။ ကျေးဇူးကြီးလှပါပေ၏ ဟုလည်း စိတ်ထဲမှ မချင့်မရဲ ရေရွတ်မိပြန်လေသည်။ သူသာ လိုက်မပို့ခဲ့ပါမူ အာရပ်စော်ဘွားများပြည်ထောင်စု၏ အစွန်အဖျားမြို့နယ်၊ အိုမန်နှင့် နယ်စပ်မြို့လေးတွင် နေထိုင်သူ ကိုရင်ရှူံးတစ်ယောက် ကားခ မြန်မာကျပ်ငွေ ၆၀၀၀ဝ ခန့်ကုန်ကျပြီးမှ ရောက်နိုင်မည့် ခရီးကို ဆီဖိုးခန့်မျှဖြင့် ရောက်ခဲ့ခြင်း ဖြစ်ပေသည်။

ဖြတ်သန်းသွားလာနေသော ကားများမှ တစ်စီးတစ်လေများ ထိုင်စီးများ လာလေမလား စောင့်နေသော်လည်း ကားလမ်းမကြီးဘေးတွင် ခရီးဆောင်အိတ်တစ်လုံးကို လက်တွင်ကိုင်ထားပြီး ကျောပိုးအိတ် ဖောင်းဖောင်းကားကားကြီးကိုလွယ်ထားသော အာရှသားတစ်ယောက်မှာ ကန္တာရ ညတစ်ညတွင် ချွေးတောက်တောက် ကျနေတော့သည်။ ညတစ်ည၏ ပူပြင်းခြင်းကို ယခုမှ လက်တွေ့ကျကျ ခံစားမိတော့သည်။ လက်တွင်ပါတ်ထားသည့် နာရီလက်တံမှာမူ ၉း၃ဝ ကို အတော်လေး စွန်းစွန်း ညွှန်ပြနေလေပြီဖြစ်သည်။ လေယာဉ်ထွက်မည့် အချိန်သည်ကား ၁၁း၃ဝ ဟုဆိုထားသည့်အတွက် ကိုရင်ရှူံးတစ်ယောက် ညအပူချိန်ကြောင့်သာမက ဇောချွေးများကြောင့်ပါ ချွေးတောက်တောက် ကျလာတော့လေသည်။ စောင့်ရင်းစောင့်ရင်း မစောင့်နိုင်တော့သည့်အဆုံး မနီးမဝေး ခပ်လှမ်းလှမ်းမှ မီးပွိုင့်ရှိရာသို့ အိတ်ကိုဆွဲရင်း ရောက်သွားသည့်တစ်ခဏ ကံကောင်းလေသည်လားမသိ မီးပွိုင့် မီးနီမိသည်နှင့်ကြုံသဖြင့် ရပ်ထားသော ထိုင်စီးတစ်စီးပေါ်သို့ မမေးမမြန်းပဲ အိတ်ကြီးကို ပစ်တင်ရင်း လေဆိပ်ဟု ခပ်ရှင်းရှင်းပြောလိုက်သည့်တစ်ခဏ ထပ်ပြီးကံကောင်းလေသည်မှာ ကားဦးတည်ထားရာသည်လည်း လေဆိပ်သို့ပင်ဖြစ်သောကြောင့် တစ်ခဏတွင်းမှာပင် လေဆိပ်သို့ရောက်တော့သည်။

သက်ဆိုင်ရာလေကြောင်းရှိရာသို့ တစ်ယောက်တည်း သွားတန်းစီသည့်အခိုက် ပြည်မကြီးသားများသာ ကြွက်စီ ကြွက်စီဖြင့် တန်းစီနေသည်ကို ကြည့်ရင်း ထိုမျှ များပြားသော ဆွေမျိုးပေါက်ဖော်ကြီးများ ရှိလေသတည်းဟု အားတင်းမိသွားတော့သည်။ ခက်သည်မှာကား သူတို့ပြောသမျှ ကိုယ်နားမလည်သဖြင့် တစ်ယောက်တည်းသာ ဖြစ်နေခြင်းလည်း ဖြစ်တော့သည်။ တစ်ရွေ့ရွေ့မျှဖြင့် နာရီဝက်ခန့်ကြာသောအခါ Check-in ဝင်ခြင်းလည်း ဆုံးခန်းတိုင်ပြီးသည့်နောက် ပေါ့ပါး သွက်လက်စွာဖြင့် Boarding လုပ်သည့်နေရာသို့ ထွက်လာတော့သည်။ ထိုနေရာတွင်ကား ထိုသူများချည်းသာ ရှိနေပြန်သဖြင့် ကိုယ့်ဟာကိုယ်ကိုင်ပြီး (ဖုန်းလေးပြောပါတယ်) ဂိမ်းဆော့နေရတော့သည်။ အတော်လေးကြာလာသောအခါ သူများတွေလို ဖွဘုတ်ပေါ်တွင် Check-in လုပ်ပီး နိုင်ဂံဂျားတွင် ရောက်နေကြောင်း သိရှိနိုင်စေရန် အိမ်သာပျက်ရလိုရငြား ဝိုင်ဖိုင်လေးစမ်းကြည့်ရာ မရသဖြင့် လက်လျှော့လိုက်ရလေသည်။ နိုင်ဂံဂျားရောက်နေသည်သော်မျှ သူများနည်းတူ မကြွားဝါနိုင်သည့် ဘွ ဖြစ်ပေတော့သတည်း။

ထိုသို့နေရင်းနှင့်ပင် ခံတွင်းသည်လည်း ချဉ်ခြင်းတပ်လာသည့်အလျောက် Smoking Room ကိုလိုက်ရှာရာ အခန့်သင့်ပင်တွေ့သည့်နောက် ပါလာသည့် ဆေးလိပ်ဗူးလေးမှ ဆေးလိပ်လေးကိုထုတ်၊ နှုတ်ခမ်းတွင်တပ်ပြီး မီးခြစ်လေးကို ထောက်ကနဲ ခြစ်လိုက်သည့်တစ်ခဏ နှုတ်ခမ်းမှ တောင့်တနေသော ချဉ်ခြင်းသည်လည်း အတော်လေး ပြေပျောက်သွားတော့သည်။ ရှေ့တည့်တည့်တွင်တော့မူကား ဆေးလိပ် ကုမ္ပဏီမှ ပြသထားသည့် LCD ထက်မှ ငါးလေးများ ကူးခပ်နေသည်ကို မိန့်မိန့်ကြီးကြည့်ရင်းနှင့် ဆေးလိပ်နှစ်လိပ်ခန့်မျှ ကုန်သွားသည့်နောက် မီးခြစ်ကိုပါ တစ်ပါတည်းလွှင့်ပြစ်လိုက်တော့သည်။ ဘာပဲပြောပြော လိန်ဗျံပေါ်တွင် ပေါက်ကွဲစေတတ်သော မည်သည့် ပစ္စည်းမှ မသယ်ရ ဆိုထားသည်မလား။ (လုံခြုံရေးများမသိအောင် အခန်းထဲသို့ ရအောင်သယ်လာပြီးမှ အမှတ်ယူခြင်းဖြစ်ပါ၏။ ) လက်မှ နာရီသည်ကား ၁ဝး၄၅ တိတိကို ညွှန်ပြနေပြီလည်းဖြစ်သည်။ Boarding လုပ်ရာသို့ သွားသည့်အခါ ဘိုလိုလည်းမတတ်၊ အာရပ်လိုလည်းနားမလည်၊ မြန်မာလိုလည်း နည်းနည်းမှ မသိသည့် လေယာဉ်မယ်လေးများမှ သွားများ အဖြဲသားဖြင့် စောင့်ကြိုနေပြီလည်းဖြစ်သည်။

**********************************************************************************************

” ဇိ.. “

ထိုသို့ ကိုရင်ရှူံးလည်း ဖြဲပြစ်လိုက်သည်။ ထို့နောက် ပါတ်စ်ပို့ အနီရောင်လေးနှင့် လေယာဉ်လက်မှတ်ကိုထုတ်ပြီး ထိုအတိုင်းပင် အသံမြည်အောင် ကျောပိုးအိတ်ကို ပြန်ပိတ်လိုက်ပြီးနောက် ပြည်တော်ပြန်ခရီး စတင်လေပြီဟူသည့်အတွေးနှင့် ပြုံးပြုံးကြီးပေးလိုက်ရင်း ခန့်ခန့်ညားညားကြီးပင် လျှောက်လမ်းမှတစ်ဆင့် ဝင်လာရင်း ပြုံးရွှင်စွာကြိုနေသော လေယာဉ်မယ်လေးများကို လက်ပြနှုတ်ဆက်၊ ကျယ်ကျယ်ဝန်းဝန်းထားထားသော ခုံတန်းများသို့အရောက်… အသာအယာငေးမော၊ နောက်တစ်နေရာတွင် တစ်ခုံပိုလာသော နေရာကို ဖြတ်သည့်အခိုက်… သေသေချာချာလေ့လာပြီး နောက်ဆုံးတစ်တန်းလျင် ၁ဝ ခုံစီထားသော လေယာဉ်နောက်ဆုံးသို့ရောက်လာတော့လေသည်။ ထိုနေရာတွင်ကား ပေါက်ဖော်ကြီးများမှာ အခန့်သားနှင့်။ ကိုရင်ရှူံးလည်း သက်ဆိုင်ရာနေရာတွင် ဝင်ထိုင်ရင်းနှင့် ဟိုဟိုဒီဒီကြည့်ရာ စကားပြောစရာ လူတစ်ယောက်ပင် မမြင်မိပေ။

လေယာဉ်သည်ကား မထွက်ခင်အချိန်ကာလက အတော်လေးအေးမြလှပေသည်။ ကိုရင်ရှူံးတို့ခရီးသည်တိုင်းအတွက် စောင်တစ်ထည်၊ ခေါင်းဦးတစ်လုံး၊ နားကျပ်တစ်ခုနှင့် အိတ်တစ်အိတ်ကို လေကြောင်းလိုင်းနာမည်တပ်ပြီး ထားထားပေးလေသည်။ ထိုအိတ်အတွင်းတွင်မတော့ သွားတိုက်ဆေးပေါက်စလေး တစ်ဗူး၊ သွားတိုက်တံလို့ ခေါ်လို့ရမည့် တစ်ချောင်း၊ ခေါက်ဘီးလေးတစ်ချောင်း၊ မျက်လုံးဖုံးသည့်အရာတစ်ခု၊ နားဆို့သည့် Ear-plug တစ်စုံတို့ပါလေသည်။ များမကြာမီကာလမှာပင် လေယာဉ်မှ လေယာဉ်မယ်တစ်ယောက်မှ ပြည်မကြီးလ်ိုတစ်မျိုး၊ ဘိုလိုတစ်မျိုး လိုအပ်သည်များကို မှာစားတော့သည်။ ခါးပါတ်များကို သေချာပါတ်ထားရန်၊ ဖုံးများကို ပိတ်ထားရန်၊ ဘောင်းဘီဇစ်များကို တပ်ထားရန် အစရှိသည်တို့ ဖြစ်မည်ထင်ပါ၏။ တစ်လှိမ့်လှိမ့် လိမ့်သွားပြီးသည့်နောက် ပြေးလမ်းကြောင်းပေါ်မှ တစ်ဆင့် သိမ့်ခနဲ လေထဲ ထိုးတက်သွားသည့်တစ်ခဏ ပြည်မကြီးသားများမောင်းနှင်သည်ကို သိရှိထားသဖြင့် ငါတော့ သွားလေပြီဟုစိတ်ထဲတွေးထားရာမှ အတော်အတန်ကြာလေသည်အထိ ဘာမှ မဖြစ်သေးသည်ကိုသိရသဖြင့် ပြတင်းပေါက်မှတစ်ဆင့် အောက်ကို ငုံ့ကြည့်လိုက်ရာ ဒူဘိုင်းမြို့တော်ကြီးသည်ကား မာကျူရီမီးရောင်များကြားမှ သက်ဝင်လှုပ်ရှားနေတော့သည်။

ကိုရင်ရှူံးတစ်ယောက် လေယာဉ်ပေါ်တွင် နှစ်ကြိမ်ကျွေးမွေးသည်ကို စားသောက်ပြီး တစ်ညလုံး အိပ်မပျော်ဘဲ ချွေးဒီးဒီးကျကာ လိုက်ပါလာတော့သည်။ ညဘက်တွင် လေယာဉ်ပေါ်တွင် အအေးပေးခြင်းကို လျှော့ချထားသဖြင့်ထင်ပါသည်။ အတော်လေးကို ပူလှပါ၏။ ရ နာရီကျော်ခန့်စီးပြီးသည့်နောက် ကွမ်ကျိုးလေဆိပ်သို့ရောက်လေ၏။ သက်ဆိုင်ရာလေကြောင်းလိုင်းစလွယ်လေးကို လွယ်ထားသော ပြည်မကြီးသူလေးမှ လမ်းညွှန်ခေါ်သွားမှုဖြင့် Immigration ဖြတ်ရန်နေရာကို ရောက်သွားရာ ၂ ယောက်ခန့်မျှသာ ရှိသဖြင့် ခဏလေးအတွင်းမှာပင် လိန်ဗျံပြောင်းစီးရန်နေရာသို့ မဆိုင်းမတွ ရောက်ရှိခြင်းဖြစ်တော့သည်။ မြန်ကျင့်ပြည်သို့ သွားမည့် လိန်ဗျံကို ၂ နာရီခန့်စောင့်ရဦးမည် ဖြစ်သဖြင့် အတော်လေး အချိန်ရသဖြင့် လေဆိပ်အတွင်း လိုက်ကြည့်ရာ ပြည်မကြီးမှ ဝိုင်များနှင့် ဆေးဝါးများရောင်းသည့်ဆိုင်များသာ ရှိလေသည်။ မောင်ဂလာဆင်ရမည့် ကိုရင်ရှူံးလည်း ပြည်မကြီးဆေးများမှ ကောင်းမယ်ထင်ရာလေးကို ရွေးပြီးသည့်နောက် ဘယ်လောက်လားဟု မေးလိုက်သည့်အခါ အန်ကယ်ဆမ် ပိုက်ဆံနှင့် ပြည်မကြီးငွေတို့ဖြင့်သာ ပေးချေနိုင်ကြောင်းသိရသည့်အတွက် လက်လျှော့ပြီး ချောက်တီးချောက်ကပ် ပြည်မကြီး Duty Free ဆိုင်များမှ အသာလေး လစ်ထွက်လာခဲ့တော့သည်။ Dubai Duty Free ဆိုင်များနှင့်စာလျင် နံ့သာနှင့် အီးလိုပင်၊ စကားပင်မတိုးသည့်နေရာဖြစ်သည်။

အပေါ့အပါးသွားလိုသဖြင့် လိုက်လံရှာဖွေရင်း သန့်စင်ခန်း (ကိုသန့်စင်အတွက် အခန်းမဟုတ်ပါ) ကို ရောက်သွားပြန်သည်။ အိမ်သာခွက်များမှာ မြန်မာပြည်မှ အများပြည်သူသုံးများနှင့်မခြားပင်၊ ထို့အတွက်ကြောင့် အခန်းတံခါးပိတ်နေရာများ ရှာလိုက်သောအခါ ရေပန်းမရှိသည့် ဘိုထိုင်ခုံ ညိုညစ်ညစ်များကို တွေ့ရတော့သည်။ ကိုရင်ရှူံးရောက်ဖူးသမျှ လိန်ဗျံဆိပ်များတွင်မတော့ ထို လိန်ဗျံအိမ်သာများသည် မြန်မာပြည် အများပြည်သူသုံးအဆင့်အတန်းကို မှီသည်ကို ဂုဏ်ယူဖွယ်ရာ တွေ့ရလေသည်။ ထို့ထက်ဂုဏ်ယူစရာကောင်းသည်မှာကား Made in ဒီမှာတင်ဆိုသည့် တံဆိပ်များကိုသာ ခန်းလုံးပြည့်သုံးထားသဖြင့်ထင်၊ ကောင်းသည့်နေရာကောင်း၊ မကောင်းသည့်နေရာမကောင်းနှင့်ပင်။ ကိုရင်ရှူံးတစ်ယောက် ကိစ္စဝိစ္စပြီးသည့်နောက် ခံတွင်းမှ ချဉ်ခြင်းတပ်လာပြန်သဖြင့် ကိုသန့်စင်၏ အခန်းဝတွင်ရှိသည့် ရှူရှိုက်သူများနေရာတွင် ဆေးလိပ်သောက်ရင်း ဘေးဘီဝဲယာကြည့်လေရာ ရေသောက်ရန်ပါ စီစဉ်ထားလေသဖြင့် စက်လေးအား ခလုပ်နှိပ်လိုက်သည့်တစ်ခဏ လက်များ အပူလောင်သွားတော့သည်။ ထိုတွင်မှ အသိတရားရပြီးမှ အေးပါသည်ဟု ရေးထားသော ခလုပ်လေးကို နှိပ်လိုက်သောအခါ ရေနွေးများကျလာတော့သည်။ မကျေမနပ်နှင့် ခဏခဏ နှိပ်သော်လည်း ထိုရေနွေးမှလွဲပြီး ရေအေးများ မကျလာသဖြင့် ရှိတာလေးကိုပင် ကျိတ်မှိတ်သောက်လိုက်ရတော့သည်။

အပေါ်ရောက်သောအခါ ကိုရင်ရှူံးတစ်ယောက် အိတ်ကို ဘေးမှာချ၊ ကင်မရာကို တိုင်မာပေးပြီး ပို့စ်မျိုးစုံပေးပြီး ရိုက်တော့သည်။ (ဒါမှလဲ နိုင်ဂံဂျားက ပြန်လာတယ်ဆိုတာ ကြွားလို့ရမယ်မလား) အတော်အတန်ကြာသောအခါ ကိုရင်ရှူံးတို့လို စောင့်နေသူများ အလျှိုအလျှိုထွက်သွားကြသဖြင့် ဘာဖြစ်လေသနည်းဟု LCD ကိုကြည့်သောအခါတွင်မှ ကိုရင်ရှူံးတို့ စီးနင်းမည့် လိန်ဗျံဂျီးသည် တစ်ခြားနေရာမှ Boarding လုပ်ရမည် ဟူသတတ်။ လိုက်ရှာရင်းနှင့် အောက်ထပ်ရောက်သွားတော့သည်။ အောက်ထပ်တွင်မတော့ အပေါ်ထပ်လို့ ဘာ Tube မှမရှိ၊ မှန်ချပ်သာခြားပြီး လေဆိပ်ကြီးကို မြင်နေရလေသည်။ များမကြာမီမှာပင် ဘတ်စ်ကားကြီးတစ်စီး မှန်ချပ်နားတွင် ထိုးဆိုက်လာပြီး ကိုရင်ရှူံးတို့လည်း လိန်ဗျံဂျီးစီးရန် ဘတ်စ်ကားကြီးပေါ် ရုပ်တည်ကြီးဖြင့် တက်လာခဲ့ရလေတော့သည်။ ယခုမှပင် ယခင်မြန်မာဇာတ်ကားများမှ လိန်ဗျံပေါ်တက်သွားသည့်သူများအား လက်ပြနှုတ်ဆက်သည့် ဇာတ်ဝင်ခန်းထဲ ပြန်ရောက်သွားသလိုရှိတော့သည်ဟု ခံစားမိပြန်၏။ ကားရပ်ပြီးနောက် ၉၆၉၃ လှေကားမှတစ်ဆင့် လိန်ဗျံကြီးပေါ်တက်သည့်တစ်ခဏ လက်ပြနှုတ်ဆက်နေသူများ ရှိလေမလား လေဆိပ်ရှိရာကြီးသို့ လှည့်ကြည့်မိပြန်သေး၏။ မည်သူမျှ မရှိပါ။ တစ်ခါဖူးမျှ မရဖူးသည့် အတွေ့အကြုံကို ပြည်မကြီးမှ ပေးလိုက်လေပြီဖြစ်လေသတည်း။

**********************************************************************************************

” ရှိ ရှဲ ရှစ် ရှင်း…”

အစရှိသည့် အသံပေါင်းစုံဖြင့် ရှင်းပြပြီးသည့်အသံကိုကြားရပြီးသည့်နောက် ကိုရင်ရှူံးလည်း ခါးပါတ်ကို သေချာပါတ်၊ ဇစ်များကို သေချာစွာပိတ်ထားပြီးသည့်နောက် ငြိမ့်ကနဲ မြေပြင်ကို ဘီးချလိုက်သည်ကို သိပြီးသည့်နောက် လွမ်းမောတမ်းတခဲ့ရသော မြေကို ပြန်ရောက်လေပြီဟု သိရသည့်တစ်ခဏ ရင်တွင် လေယာဉ်ဘီးနှင့်အတူ သိမ့်ကနဲ ဖြစ်သွားလေသည်။ ထိုမှတစ်ဆင့် ဘယ်နေရာမှာမှ မစိုးရိမ်ဖူးသည့် Immigration ဖြတ်ရန်ကိစ္စကို မြန်မာနိုင်ငံသားစစ်စစ်ပီသစွာ စိုးရွံ့မိလေသည်။ အံ့ဩစရာပင်၊ ဘပြောင်အစိုးရကြောင့်ထင်ပါ၏၊ လွယ်လွယ်ကူကူပင် ဖြတ်ကျော်ပြီးသည့်နောက် ဘယ်သူများ စောင့်မျှော်နေလေမလဲ ပြင်ပကို မျှော်ကြည့်လေရာ ဘယ်သူမှ မတွေ့မိပေ။ ထို့နောက် အစဉ်အလာမပျက် အိတ်ရွေးရန်ကူညီလိုသူများချဉ်းကပ်လာသည်ကို ဖြတ်ကျော်ရင်းနှင့် ကိုရင်ရှူံးတစ်ယောက် ကိုယ့်အိတ်ကိုယ် နာရီဝက်ခန့်စောင့်ဆိုင်းရှာဖွေပြီးနောက် တွန်းလှည်းလေးကို တွန်းပြီးထွက်လာခဲ့လေတော့သည်။ ထိုမှ သက်ပြင်းချမိတော့သည်။

အကောက်ခွန်မှ မမများကို အပြုံးတစ်ပွင့်ချွေပြရင်း အပြင်သို့ထွက်လာသည့်အခိုက် ဇာတ်ကားများထဲကလို

“မောင်… ဟောင်…. ဟောင်… ဟောင်…”

ဟုပြေးလာမည့်သူများရှိလေမလား ဘေးဘီဝဲယာ ကြည့်ရင်း ကြည့်ရင်းနှင့်မှ လူအုပ်ကြားမှ ငါးသလောက်ပြုံးလေးနှင့် လေဒီရှူံးလောင်းလျာလေး ထွက်လာတော့သည်။

လက်ကိုဖွဖွလေး လာဆုပ်ကိုင်ရင်းနှင့်..

” ဆောရီးနော်.. ခုနက ပုံစံတူလူတစ်ယောက်ကို မှားပြီး သွားကြိုမိနေလို့” ဟုဆိုလိုက်သည့်တစ်ခဏ ကိုယ့်နဖူးကိုယ်ရိုက်ပြီး ရေမရှိတဲ့ချောင်းမှာ နှာခေါင်းဖော်သေချင်စိတ်များ ပေါက်သွားသည့် ကိုရင်ရှူံးတစ်ယောက် စိတ်ကူးယဉ်ဇာတ်လမ်းမှ နိုးထလာပြီး အလွဲအချော်များနှင့် စောင့်ကြိုနေသည့် တစ်ကယ့်လက်တွေ့ဘဝထဲသို့ သတို့သားလောင်းလျာကြီးအဖြစ်နှင့် ရောက်ရှိလာတော့လေသတည်း။ ။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

17 comments

  • .org မှာ သဂျီးကနှင်ထုတ်လို့သာ ဒီမှာ ထပ်တင်လိုက်ရတယ်
    ဂယ်… ဖီလင်အောက်သွားတယ်။ နှစ်နာရီလောက် Memory Recall လုပ်ရေးထားရတာ

    စာဖတ်သူများအတွက်နဲ့ စောင့်မျှော်နေသူများအတွက်တော့ အကြွေးဆပ်ခြင်းသက်သက်သာ ဖြစ်ပါကြောင်း…

  • kai

    July 2, 2013 at 4:48 am

    ထပ်လို်က်တာမြန်တယ်မှတ်…
    တော်ကြာနေ.. အဝှာစောင့်ဥပဒေနဲ့ တိုးနေမှ…။ :mrgreen:

  • ကြက်အူလှည့်

    July 2, 2013 at 6:51 am

    ကြွားနိုင်သူတွေ ကြွားဂျပေါ့ကွာ..။ချဉ်ထှာ …ဒီတယောက်ကလည်း ယူသဒဲ့ ဟိုတယောက်ကလည်း စေ့စပ်သဒဲ့ ..။
    လူမှားကြိုတာလေးကိုများ စိတ်ထိခိယက်နေသေး.. ကျုပ်မဖြင့် ကြိုဖို့ဝေးဇွ ..ရေဒီယိုသတ္တိကြွမကြွတောင် သပ်သပ်ခေါ်စမ်းခံထိသေး..။

    :byae:

  • KZ

    July 2, 2013 at 7:43 am

    အို။ ဘယ်မင်းသားကို လူမှားပြီး သွားကြိုလဲမှ မသိ (မြှောက်) :mrgreen:
    စိတ်ညစ်စရာလားးးး
    :mrgreen:

  • အမငီးး
    တော်ဒေးဒယ် …
    မှားပီး တွားကျိုဒဲ့ လူဂ ခေါ်မတွားလို့ …
    နို့မဟုတ်ရင် ကိုရင်ရှုံး တစ်ယောက်ဒေါ့ … :mrgreen:

  • kyeemite

    July 2, 2013 at 1:52 pm

    ကိုရင်စိုင်းကလည်းဗျာ…“ရှူံးနိမ့်မှုများနဲ့.. လူ”
    ဆိုတာကြီးဖျောက်လိုက်ပါတော့..နိုင်နေပီဟာကို.. :hee:
    စိုင်းကွမ်းခေးလည်းကောင်းပါတယ်…
    ခင်တဲ့..

  • အရီးခင်လတ်

    July 2, 2013 at 2:12 pm

    မောင်ရှုံး
    ပျော်နေမှာဘဲ။
    စာတွေ က အရင်လို ဟုတ်တော့ဘူး။
    အင်အားတွေ ပိုပြီးပါနေတယ်။
    ပါရမီ ဖြည့်ဖက် လေး ကို တောင် အလွတ် မပေးပါလားဟေ့။
    သူ့ကိုလဲ ရွာသူ လုပ်ခိုင်းတော့လေ။ 😛

  • Shwe Ei

    July 2, 2013 at 3:08 pm

    အူးလေးကလဲ မယူခင်တုန်းကကျတော့ ဒိထက် ဒရာမာကျကျရေးပီး စိတ်ကူးယင်သေးတယ်

    ဒဂယ်ယူပီးသွားတော့မှ ရေးတဲ့ပို့စ်က ဘီလိုရီးဒုန်း ???

    ဟားနီးမူး ခရီးစင်အကျောင်း ရေးဗျာ .. :mrgreen:

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 2, 2013 at 5:25 pm

    လိင်ဗျံထွက်ရင် ဘာဖြစ်လို့ ဘောင်းဘီဇစ်တပ်ခိုင်းရသဒုံး
    မစီးဘူးလို့သိဘူးဗျာ
    ( မောင်ဂလာဆင်ရမည့် ကိုရင်ရှူံးလည်း ပြည်မကြီးဆေးများမှ ကောင်းမယ်ထင်ရာလေးကို ရွေးပြီး )
    တာတောင်မလွှတ်ရသေးဘူး ဆေးဝါးတွေမှီဝဲနေရဘီလါး ???

  • padonmar

    July 3, 2013 at 12:12 am

    ကိုရှုံးရေ
    အပျော်လွန်နေတဲ့ ကိုရှုံးလက်ရာ ခုမှပဲ ဖတ်ရတော့တယ်။
    လေဒီကို ရွာ့ကွန်ဖရဲ့င့်စ်တက်ခိုင်းလိုက်ပါနော်။

  • စာတစ်ပုဒ်ကို ရေးလိုက်တဲ့အခါမှာ ကိုယ်ရေးချင်တာလေးရေးလိုက်ရပြီ၊ ကိုယ်ဖြစ်ချင်တာလေးတစ်ခု ဝါသနာအလျောက် ဖြစ်မြောက်အောင် လုပ်လိုက်ပြီးပြီလို့ တွေးပြီးကြည်နူးနေတုန်းရှိသေးတယ်…

    အမြဲလိုလိုပဲ လိုက်နီပေးနေတဲ့ ေ-ာက်ညင်ကပ်ပုဒ်မတပ်ပေးနေတဲ့ ဘယ်သူတွေမှန်းမသိတာကြောင့်လဲ ဒီမှာ စာရေးရတာ စိတ်မပါတော့သလို ဖြစ်သွားတာ ဖြစ်ပါလိမ့်မယ်ဆိုတဲ့အကြောင်း…

    (နီလိုသူများ လူအရေအတွက်သိနိုင်ရန် တိတိကျကျ နီပေးကြပါရန်)

  • Ma Ma

    July 3, 2013 at 7:03 am

    ရှုံး..လူ (အဲ-ကြက်အူလှည့်တို့ မနာလိုဖြစ်ရတဲ့ နိုင်…လူ ဖြစ်သွားပြီ) ရေ-
    ကိုယ့်ကို အားပေးနေတဲ့ စာဖတ်ပရိတ်သတ်ကြီးကိုပဲ စိတ်ထဲတားပြီး ရေးစရာရှိတာ ရေးသာရေးပါ။
    အနီပေးတဲ့လူတွေကိုတော့ ဘုရားဖြစ်ဖို့ ပါရမီဖြည့်ပေးရတဲ့ အရှင်ဒေဝဒတ်လိုသာ သဘောထားလိုက်ပါ။

  • TNA

    July 3, 2013 at 11:10 am

    အောင်မယ်လေး တဂျီးနှင်ထုပ်လို့ပါတ်ချာလည်အပေါက်ရှာပြီးမှ ရွာထဲဝင်လာရတယ်။ မောတာ။ ကိုရှုံးလေဗျံ စီးတာမောသလောက်ကိုမောဘာဒယ်။ လူမှားကြိုတာတော်သေးတာပေါ့။ ဟိုကမှားကြောင်းပြောလို့။ မဟုတ်လို့ကတော့ အင်းကိုရှုံးတယောက် ငိငိငိ။

  • ဦး ကျောက်ခဲ

    July 4, 2013 at 11:52 am

    ဦးကျောက်လည်း အလွမ်းတွေပါဆယ်ထုပ်ပြီး ပြည်တော်ကပြန်လာတာပဲ ကိုရင်ရှုံးရဲ့…
    အားကျတယ်ဗျာ… ဝါထွက်ရင်အမှီလိုက်မယ်… :mrgreen:

    • Crystalline

      July 4, 2013 at 8:41 pm

      ူူlog in ဝင်ရခက်လွန်းလို ့အသာငြိမ်နေတာ.. ဟိုပို ့စ်လည်းကြွားထားတာတွေ့ရ…ဒီပို့စ်မှာလည်း
      ကြွားထားတာတွေ့ပြောချင်လွန်လွန်းလို ့ စိတ်ရှည်ရှည်ထားပြီးဝင်ရတယ်.. 🙂
      ကြွားနိုင်သူတွေကြွားထားကြပေါ့လေ.. :mrgreen:

      • ဦး ကျောက်ခဲ

        July 4, 2013 at 8:56 pm

        မနာလိုရှိရင် ပြန်လက်စားချေ… ဖိတ်စာပို့လိုက် ဟတ်ပလား…
        ကျောက်စ်တော့ သဂျီးရိတာ မခံတော့ဘူး… အားဟိ :mrgreen:

Leave a Reply