အနုပညာအကြောင်း ခပ်ကြမ်းကြမ်းလေး ပြောကြည့်မယ် (၂)

alinsettJuly 7, 20131min61228

အနုပညာအကြောင်းခပ်ကြမ်းကြမ်းလေးပြောကြည့်မယ်  ( ၁ )

အနုပညာစကား ။ ရ ။

အနုပညာရဲ ့ အသုံးဝင်မှု တန်ဖိုး ကို မပြောခင်

အနုပညာကို တန်ဖိုးဖြတ်ခြင်း ကနေ အရင် စရပါမယ်။

အနုပညာမှာ တန်ဖိုး ရှိသလား ။

ဘယ်လို တန်ဖိုး ရှိတာလဲ ။

ဘယ်လောက်တန်ဖိုးရှိတာလဲ ။

အနုပညာမှာ တန်ဖိုး ရှိသလား ဆိုရင် ရှိတယ် လ်ို့ပဲ ခပ်ပြတ်ပြတ် ပြောရမှာပါပဲ ။

ဘယ်လိုတန်ဖိုး ရှိသလဲ ဆိုတော့ အသုံးဝင်မှု တန်ဖိုး ရှိပါတယ်။

အဲဒီ အသုံးဝင်မှုတန်ဖိုး အပြင် ပကတိအရှိတန်ဖိုး ဆိုတာလည်း ရှိပါသေးတယ် ။

ပကတိတန်ဖိုး အရှိတန်ဖိုး ဆိုတာကတော့ ရှင်းပါတယ်။

အနုပညာ ပစ္စည်းတစ်ခုကို ကြည့်လိုက်ပါ ။ ဥပမာ ဆိုပါစို ့။

ကဗျာ တစ်ပုဒ် ။ အဲ ဒီ ကဗျာ ဟာ အနုပညာပစ္စည်း ဖြစ်ပါတယ် ။

အဲဒီလို ကဗျာ / အနုပညာပစ္စည်းကို တရိစ္ဆာန်တွေ မဖန်တီးနိုင်ပါဘူး ။

သစ်ပင်တွေ ကဗျာ ကဗျာ မရေးနိုင်ပါဘူး ။

ပင်လယ်တွေ ကဗျာ မရေးနိုင်ပါဘူး ။

ပန်ဒါတွေ ပင်ဂွင်းတွေ ကဗျာ မရေးနိုင်ပါဘူး ။

လူသားမှသာ ကဗျာ ရေးနိုင်ပါတယ် ။

လူသားထဲမှာတောင်မှ အနုပညာသမားမှ သာ ကဗျာရေးနိုင်ပါတယ် ။

အနုပညာသမားထဲမှာလည်း ကဗျာ မရေး တဲ့အနုပညာသမားတွေ ရှိတယ် ။

(စာရေးဆရာတိုင်း ကဗျာ မရေးပါဘူး ။ သူ ့အားသန်ရာ ဖန်တီးမှုနဲ့သူ အနုပညာ ပစ္စည်းတွေ သီးခြား ဖြစ်တည်နေမှာပါပဲ )

ဆိုတော့ ကဗျာကို ကဗျာဆရာ / ကဗျာသမားမှ သာ ခံစားပြီး ရေးပါတယ် ။

ဒါကြောင့် သာမန်ပစ္စည်း တစ်ခု နဲ့ ကဗျာ တစ်ပုဒ် အရှိတရား

( ဖြစ်တည်မှုသဘော ) မတူပါဘူး ။

ဥပမာ ထီးတစ်လက်နဲ ့ကဗျာတစ်ပု ဒ် ။

ထီးတစ်လက် ဟာ ဘယ်ဈေးနှုန်း ဘယ်လောက်ဆိုတာ ရှိပေမယ့်. . .

ကဗျာတစ်ပုဒ် ဟာ ဘယ်လောက်တန်တယ်ဆိုတဲ့ သတ်မှတ် တန်ဖိုး မရှိ ။ ( မရှိသင့် )

ကဗျာ / စာပေအနုပညာဟာ သူ့ ့ပကတိတန်ဖိုးနဲ့ ့သူ သီးခြားရပ်တည်ပါတယ် ။

ကဗျာတစ်ပုဒ်ကို မဂ္ဂဇင်းအယ်ဒီတာ တစ်ယောက်က သူ့မဂ္ဂဇင်းမှာ ထည့်သုံးဖို ့. . . .  ရော့ ငါးထောင် ဆိုပြီး ကဗျာစာမူခ ပေးလိုက်တာကတော့ သိပ်အကြမ်းထည် ဆန်လွန်းတဲ့ တန်ဖိုးဖြတ်ခြင်းပါ ။

ကဗျာတစ်ပုဒ် /စာမူခ / ၅၀၀ဝ ကျပ် ဆိုတာ ခပ်ညံ့ညံ့ တန်ဖိုးတစ်ခုကို ခပ်လွယ်လွယ် ချလိုက်တာ မို ့ စကားထဲ ထည့် မပြောချင်ပါဘူး ။

======================================

အနုပညာစကား ။ ၈ ။

တန်ဖိုးဖြတ်ခြင်း ။

အနုပညာ ပစ္စည်းတစ်ခု ( ကဗျာတစ်ပုဒ် ) ကို ဖတ်ရှု ခံစားသူ နဲ ့ဝေဖန် အကဲဖြတ်သူ ဆိုပြီး ပုဂိ္ဂုလ် နှစ်မျိုးက ထိ တွေ ့ပါတယ် ။

ဖတ်ရှု ခံစား သူက ကဗျာကို ဖတ်တယ် ။ ခံစားကြည့်တယ် ။

သူ ့အကြိုက် နဲ ့ညီရင် သူ ့ခံစားချက်နဲ ့ကိုက်ညီရင် ဒီကဗျာ ကောင်းတယ် ။

အကြိုက်နဲ ့မကိုက်ညီရင် ဒီကဗျာ မကောင်းဘူး ။

ဒီလို သတ်မှတ်တာ ဟာ သဘာဝကျတာမို ့ စာဖတ်သူ / ခံစားသူ ဘက်က အပိုင်းကို အထူးအထွေ ပြောစရာ မလိုတော့ပါဘူး ။

ဝေဖန် အကဲဖြတ်သူ က တော့ တန်ဖိုးဖြတ်ခြင်းကိုပါ လုပ်ရပါတယ် ။

ကဗျာကို သီဝရီတွေ စံနှုန်းတွေ သဘောတရား တွေနဲ ့အခြေအမြစ်ရှိရှိ ချိန်ထိုး တိုင်းတာပြီး

ဒီကဗျာ ဟာ အနုပညာအရ တန်းဝင်သော ကဗျာလားးးး

ရသ မြောက်သော ကဗျာလားးးးဆိုတာကို သတ်မှတ်ရပါတယ် ။

ကဗျာ တစ်ပုဒ်ကို ဝေဖန်အကဲဖြတ်သူဟာ အဲဒီ ကဗျာ ( အဲဒီ အနုပညာ ပစ္စည်း)ကို တန်ဖိုးတစ်ခု ဖြတ်ရပါတယ်။

အဲဒီ တန်ဖိုးကတော့ အနုပညာရဲ ့အသုံးဝင်မှု တန်ဖိုး ဖြစ်ပါတယ်။

===============================

အနုပညာစကား ။ ၉။

အနုပညာရဲ့ အသုံးဝင်မှုတန်ဖိူး ။ ။

ကဗျာတစ်ပုဒ် / ဝတ္ထုတစ်ပုဒ် / ပန်းချီကားတစ်ချပ် / စာပေ လက်ရာ တစ်ခုခု စသည်ဖြင့်ပေါ့ဗျာ အနုပညာပစ္စည်းတစ်ခု ဟာ ဘယ်နေရာမှာ အသုံးဝင်သလဲ ဆိုတဲ့ အချက်ကို ပြောပါမယ်။

ဥပမာ ထီးတစ်လက် ဆိုပါတော့ ။

ထီးတစ်လက်ဟာ မိုးရွာတဲ့အခါ နေပူတဲ့အခါ အကာအကွယ်အဖြစ် ဆောင်းသွားဖို ့အသုံးဝင်ပါတယ် ။

ဒါပေမယ့် ကဗျာတစ်ပုဒ်ကျတော့ မိုးရွာတဲ့အခါ အဲဒီ ကဗျာကို မိုးကာဖို ့ဆောင်းသွားလို ့မရ ။

နေပူတဲ့အခါ နေကာဖို ့အဲဒီ ကဗျာကို ( စကားလုံးတွေကို ) ဆောင်းကာ သွားလို့မရ ။

နောက်ထပ်ဥပမာ တစ်ခု ပြောရ ရင် ငရုပ်သီးဆယ်တောင့် ဆိုပါတော့။

ငရုပ်သီးဆယ်တောင့်ကို ထောင်းပြီး ဟင်းချက်တဲ့အခါ . . . .ထည့်ချက်လိုက်ခြင်းအားဖြင့် ခပ်စပ်စပ်အရသာရှိတဲ ့ ဟင်းတစ်ခွက်ဖြစ်ဖို ့ငရုပ်သီးတွေက အသုံးဝင်ပါတယ်။

ကဗျာ ဆယ်ပုဒ်ကို ငရုပ်ဆုံထဲ ထည့်ထောင်းပြီး ဟင်းထဲ ထည့်ချက်လို ့မရ ။

ကဗျာတွေကို ဝါးစားလို ့မရ ။

ဒီလိုဆိုတော့ နေပူကာဖို ့/ မိုး ကာ ဖို ့/ ဟင်းချက်ဖို ့/ လမ်းခင်းဖို ့/ တိုက်ဆောက်ဖို ့ . . . စသည် စသည်တို့အတွက်တော့ (အနုပညာပစ္စည်း ) ကဗျာက အသုံးမဝင်ပါဘူး ။

အဲဒီလိုနေရာတွေမှာ အသုံးမဝင်တော့ အနုပညာက အသုံးဝင်မှုမရှိ ။

တန်ဖိုးမရှိ တဲ့သဘော ဖြစ်သွားရော ။

တကယ်တော့ . . . .

အနုပညာမှာ အဲဒီလို အကြမ်းထည်ဆန်တဲ့ တန်ဖိုးသတ်မှတ်ချက်တွေ / အကြမ်းထည် အသုံးဝင်မှုတွေကနေ လွန်မြောက်နေတဲ ့ သီးသန် ့တန်ဖိုး / သီးသန် ့အသုံးဝင်မှုနဲ ့ ဂုဏ်ရှိန် မြင့်မားစွာ ရှိနေလို ့. . . .

အနုပညာကို တန်ဖိုးဖြတ်ရ ခက်နေကြတာပါ ။

===================================

အနုပညာစကား ။ ၁ဝ ။

အနုပညာ ရဲ့ အသုံးဝင်မှု တန်ဖိုးဆိုတာ . . . . .

ရသ ခံစားမှု အဖြစ် ကူးစက်သွားပြီး ဖြစ်တည်လာတဲ့ အခြေအနေပါ ။

အနုပညာပစ္စည်းတစ်ခုကို ခံစားကြည့်တဲ့အခါ. . . . . . .

ခံစားသူရဲ့ စိတ်နှလုံးကို ကြည်နူးနှစ်သိမ့်မှု ပေးနိုင်တဲ့ အတွက် . . . . . ။

အင်မတန် နက်နဲ သော ရှင်းပြရန် ခက်ခဲသော ကိစ္စ နဲ ့အတူ  နက်နဲသိမ်မွေ့သော အသုံးဝင်မှု တန်ဖိုး အဖြစ် ရှိနေပါတယ် ။

အနုပညာမှာ နက်နဲသော ခက်ခဲသော သိမ်မွေ ့ကျယ်ပြန့်သော သဘော သဘာဝနဲ ့အတူ သီးသန် ့ဆန်သော အသုံးဝင်မှုတန်ဖိုး ရှိကြောင်းးးးးး

ကျေးဇူးရှင် ဆရာ ကြီး ဇော်ဂျီက အနုပညာဆိုတာ စိတ် ကိစ္စ လို ့ ပြောခဲ့တာကို ဖတ် မှတ်ခဲ့ ဖူးကြောင်းးးးးးးးးးးးကျွန်တော် တွေးမိသလောက် ပြောခဲ့ပါရစေ ။

 

လေးစားစွာဖြင့်

အလင်းဆက်

alinsett.art@gmail.com

28 comments

  • surmi

    July 7, 2013 at 10:55 am

    အင်​းးးးး တန်​ဘိုးကို​တော့ အဖြတ်​တတ်​ပါဘူး
    ဒါ​ပေမယ်​့
    ​နေရာ​တော်​​တော်​များများကဗျာရှိ​နေမယ်​ထင်​မိတယ်​
    တစ်​ခု​တော့ရှိတယ်​ … ကဗျာမျက်​မှန်​​လေး​တော့ တပ်​ထား​ပေါ ့

    • အလင်း ဆက်

      July 7, 2013 at 11:12 am

      ဟုတ်ကဲ့ လေးလေးဆာမိ ရေ
      ကဗျာ မျက်မှန် တပ်ထားသူ အတွက်တော့
      မြင်သမျှ လိုလိုက ကဗျာ တွေပဲပေါ့ ။

      ကျွန်တော့်မှာတော့ ကဗျာ မျက်မှန် မရှိသေးဘူးဗျ
      အခု ကဗျာ မှန်ဘီလူးကြီး ကိုင်ထားတယ်

      😆

  • မောင် ပေ

    July 7, 2013 at 12:26 pm

    အနုပညာကို ခံစားကြတဲ့နေရာမှာလဲ တစ်ယောက်နဲ ့တစ်ယောက် ကွဲလွဲတာကို နားလည်ပေးသင့်တယ်
    ဥမပါ … ဒီနေ ့ ဆန်းဒေး ဦးပုသ် အားလို ့ ၊ ပီးမက်ခ် ရုပ်ရှင် သွားကြည့်တာ
    လူများတွေ ရယ်နေကြချိန်
    ကိုယ့်မှာ မျက်ရည်တွေလည်ပြီး ခံစားခဲ့ရတာကလား

    • အလင်း ဆက်

      July 7, 2013 at 1:01 pm

      ဟုတ်ပါတယ် လေးလေးပေ ရေ
      အနုပညာနဲ့ပက်သက်ပြီး ကိုယ့်အယူအဆ သူ့အယူအဆ ကွဲလွဲ နေတာတွေရှိပါတယ်
      လွတ်လပ်စွာ ကွဲလွဲ ခွင့်ရှိလို ့ ကွဲလွဲနိုင်ကြပါတယ်။

      🙂

    • ရဲစည်

      July 7, 2013 at 5:35 pm

      ဒီရုပ်ကြီးက … သရဲကားကြည့်ပီး ငိုခဲ့တယ်ပေါ့
      ကျွတ် … ကျွတ်စ်
      အံ့ဩဘ အေ ..

  • အတွေးလေး

    July 7, 2013 at 12:52 pm

    ကျေးဇူးပါ အကိိုအလင်းဆက်ရေ ။အဲလိုရှင်းပြပေးတဲ့အတွက်ပေါ့။ကျတော် က လေ ကဗျာ တစ်ပုဒ်ရေးရင် ပေါ့ပေါ့တန်တန် ပဲ စိတ်ကူးပေါက်ရာ ကို ချရေး လိုက်မိတာဗျ ။နောက်တော့ဆင်ခြင်ရမယ်။

    • အလင်း ဆက်

      July 7, 2013 at 1:04 pm

      ညီငယ် အတွေးလေးရေ
      ကျွန်ေ့် စာတမ်းကို ဖတ်ပြီး အတွေးစလေးတစ်စလောက်
      ရသွား တယ်ဆိုရင်ပဲ ကျေနပ်ပါပြီ ။

      စာတမ်းလေးကို လာဖတ် သွားတဲ့အတွက် ကျေးဇူးပါနော်။

      ကဗျာလေးတွေ ရေးပြီးရင်လည်း ကဗပြခန်းအတွက်
      ပေးပို ့ကူညီပါဦး လို ့

      ကဗျာပြခန်းအတွက် ကဗျာပို့ချင်ရင်
      ကျွန်တော့် mail ကို ပေးပို ့နိုင်ပါတယ်နော်

  • ရဲစည်

    July 7, 2013 at 5:42 pm

    အနုပညာ အကြောင်းပြောရင် … ကန်ဘာလောကကြီးကို မမေ့စကောင်းဘူးကွယ်
    ……..
    လူတွေက သူတို့သာလျှင် အနုပညာကို ဖန်တီးတတ် တန်ဖိုးထားတတ်တယ်လို့ လွှတ်ယူဆဂျတာ ….
    အဲ့ဒါကိုက နည်းနည်းလွဲနေသလိုဘဲ …
    သူ့ဘာသာ ရေနဲ့ကုန်းနဲ့ ဆက်စပ်ပီးလှပနေတဲ့ ပုလဲဆိပ်ကမ်းလေးနဲ့ ဟီရိုရှီးမား မြို့လေးဟာ ဂျပန်နဲ့ အမေရိကန်တို့ အပြန်အလှန် ဒွန့်လိုက်တာကြောင့် ဗွက်ပေါက်သွားပါရောလား …. ဂွီ ဂွီ .. 😀

    နည်းနည်းဂေါက်နေလို့ ခွေးလွှတ်ပါ ဆြာလေး ဒညင်းဝက် .. 😛

  • အလင်း ဆက်

    July 7, 2013 at 7:29 pm

    သွားးးး ကရဲစည်.. လူဇိုးးးးး

    သားကို အက်ဒီ့ ဒညင်းဝက်ဆိုတာကြိး.ခေါ်ပါနဲ့ရှို..

    😆

  • kotun winlatt

    July 7, 2013 at 7:57 pm

    အနုပညာဆိုတာ စိတ်ကိစ္စဆိုတဲ့ စကားးးလေးးးနှစ်ခြိုက်မိပါအိ….။

    • အလင်း ဆက်

      July 7, 2013 at 8:00 pm

      ဟုတ်တယ် လေးလေး ရေ…
      ဆရာဇော်ဂျီတို့ကတော့.. မြန်မာ့ အနုပညာ သမိုင်းမှာ ထည့်ပြောကိုပြောရမယ့်စကားတွေ ချန်ထားခဲ့တယ်
      လေးစားစရာ..စကားတွေပါ…။

  • Mr. MarGa

    July 7, 2013 at 7:57 pm

    ငါ……………………….တယ်…………..
    ပြောလိုက်ရ မကောင်း ရှိတော့မယ်
    ဒီလို ဒီလို ရေးမယ် ဆိုလဲ လာလာပြီး အစဆွဲထုတ် မပြနဲ့ပေါ့
    အခုက
    ကျုပ်တို့က ထည့်ရမလား မထည့်ရဘူးလား ဆိုတာ
    မျက်စိ လည်သွားပြီ
    နောက်တစ်ခါ ဒီလိုဆိုရင် မသက်သာဘူးမှတ်……………. :devil:

    • အလင်း ဆက်

      July 7, 2013 at 8:03 pm

      အဟီးးးး ။ နာက… တကယ် ထည့်ပြဖို ့အစီအစဉ် မရှိပါဘူးဟ ။ ဟိုမှာ.နီတို့ကို သက်သက် နောက်တာပါ ။
      ထည့်မယ်ဆိုရင်… ဘယ်သူက အရေးတယူဖတ်မှာတုန်း ဟ။
      ဒီလိုဆောင်းပါးမျိုးက..ဖတ်မယ့်သူနည်းတယ် ။
      ပြိးတော့.. နာ့လို ဘာမဟုတ်တဲ့ အလက်ဆင်းလေး…ပြောတဲ့ အနုပညာအကြောင်း…က..ဘာများ ထူးခြားမှာတုန်း…။
      တခြား..ထူးခြားတာလေး.ရှာမယ်ဟေ့…

      နောက်တစ်ခါဆို…
      အတည်ပေါက်နဲ့..နောက်ဦးမယ်…

      အဟိ

      😆

      • Mr. MarGa

        July 8, 2013 at 6:54 pm

        ကြပ်ကြပ်လုပ်
        တစ်ရက်မှ ကြပ်ဖို့ မှတ်ထားမယ်
        အနုပညာအကြောင်းတွေ အခုကတည်းက ကြိုရှာထား
        ဒါဗျဲ

        • အလင်း ဆက်

          July 8, 2013 at 7:05 pm

          ဟေ့ သကြား
          အနုပညာအကြောင်းက ရှာစရာ လိုဘူးကွ
          ကျုပ်နှလုံးသားထဲမှာ အနုပညာရှိတယ်
          ကိုယ့် နှလုံးသား ကိုယ်ပြန် ငုံ ့ကြည့်ရုံနဲ့ အနုပညာကို တွေ့တယ်
          ဟာဟ

          😆

  • naywoon ni

    July 7, 2013 at 8:26 pm

    သိုးတွေက ကဗျာမရေးဘူးတဲ့……………။ ဆရာမောင်လေးအောင် ပြောဖူးတယ်..။
    ဆရာချောနွယ်ကျပြန်တော့ ဗမာပြည်မှာ ကဗျာဆရာဖြစ်ရတာ ဝဋ်နာကံနာတဲ့………..။

    • အလင်း ဆက်

      July 7, 2013 at 8:31 pm

      သူတို ့က ကဗျာ့သဘောနဲ ့ မြန်မာ့ စာပေလောကအကြောင်း နောကျေနေတဲ့လူကြိးတွေဆိုတော့..
      သူတို့ပြောတာ.. အမှန်လို ့ ပြောရမှာပေါ့.. အဘနီရေ… ။

      🙂

  • ဟိုဒင်း …
    သစ်ပင်ဒွေ၊ ပင်လယ်ဒွေ ကဗျာ မရေးဒတ်ဘူးဆိုဒါဂို
    ပျင်းပျင်းထန်ထန် ကန့်ဂွက်ဘာဒယ် …
    ကန့်ဂွက်ဘာဒယ် …
    သူရို့လည်း ကဗျာ ရေးဂျဘာဒယ် …
    မမျင်ဘူးရင် ရမ်းမတုတ်နဲ့ …
    နာကိုယ်ဒိုင် ညက်စိနဲ့ တပ်အပ်ညင်ခဲ့ဒါ …
    ဘာမှတ်နေလဲ … ငွင်းးး ငွင်းးး :mrgreen:

    • အလင်း ဆက်

      July 8, 2013 at 7:58 am

      အန်ဇာ

      နီ ဒဒယ် မြင်ခဲ့တာလား
      နာ့ကို သေချာပေါပြ စမ်းပါဟ

      နာလည်း
      သစ်ပင်တွေ ပင်လယ်တွေ ရေးထားတဲ့ကဗျာကို
      ဖတ်ဖူးချင်တယ်

      😆

  • KZ

    July 8, 2013 at 9:13 am

    အနုပညာ စကား ရ လိုမျိုး စကားမျိုး အပိုင်း (၁) ကတည်းက ပြောမို့ပဲ။
    ခုတော့ ပြောစရာလိုတော့ဘူးးးး :mrgreen:

    ပြောချင်တာပြောရရင် …..
    အနုပညာရဲ့ ပြီးပြည့်စုံမှုက
    ဖန်တီးသူနဲ့ ခံစားသူ
    အပေးနဲ့ အယူ ပမာဏ တထပ်တည်း ကျတဲ့ အချိန်မှာပဲ တွေ့နိုင်တယ် ဆိုတာပါပဲ။ :mrgreen:

    • အလင်း ဆက်

      July 8, 2013 at 10:34 am

      ဖန်တီးသူနဲ့ ခံစားသူ တစ်ထပ်တည်းကျတဲ့ အခါ
      အနုပညာက ပြီးပြည့်စုံတယ်ပေါ့လေ

      အင်းးးး အဲဒီ အဆိုကို လက်ခံချင်သလိုလို ရှိပေမယ့်. . . .

      ဖန်တီးသူနဲ့ ခံစားသူ
      အပေးအယူ ပမာဏ တစ်ထပ်တည်း မကျပေမယ့်

      ပြီးပြည့်စုံနေတဲ့
      အနုပညာပစ္စည်းတွေ ရှိတယ် 😆

      ========

      မမခိုင်ဇာရေ

      ဖတ်ရှု ဆွေးနွေးသွားတဲ့အတွက်
      ကျေးဇူးပါ

  • မင်းမင်း

    July 8, 2013 at 3:38 pm

    အလင်းစက်ရေ

    အများမတူတဲ့အတွေးမို့

    ခွင့်လွတ်ပါကွယ်။ အဟီးးးးးး

    ကဗျာတပုဒ်ကို ၅၀၀ဝ နဲ့

    တန်ဖိုးဖြတ်တယ် ဆိုလားးးးးး

    အဲလိုတော့မခံယူစေချင်ပါဘူးး။

    အဲဒီငွေ ၅၀၀ဝ ကကဗျာ တပုဒ်ကို

    တန်ဖိုးဖြတ်လို့မရမှန်း ပေးသောသူ

    အားလုံးက(ကြားဖြတ်ကိုယ်စားပေးရန်

    တာဝန်ပေးခံရသူမပါ ပါ။)

    သိပြီးသားပါ။အဲဒီငွေက တန်ဖိုးမဖြတ်

    နိုင်ပေမဲ့ ကဗျာဆရာကိုတော့ ရှေ့ဆက်ဖို့

    ရပ်တည်ဖို့ လိုရာပန်းတိုင်ကိုဆက်နိုင်ဖို့

    ပေါင်းကူးခ လို့ ခံယူစေချင်ပါတယ်။

    ဒါမှ ကဗျာတွေ စာတွေ ပန်ချီတွေ

    အနုပညာတွေကိုဆက်ဖန်တီးနိုင်မယ်မဟုတ်လား။

    ဒါကို တနည်း အနုပညာကြေးလို့ ခေါ်ကြသေးတယ်မလား။

    တကယ်တော့ငွေကြေးနဲ့ပါတ်သတ်ပြီး ခံယူချက်ကို

    ခပ်ကြမ်းကြမ်းလေး ထားမယ် ခံယူမယ်ဆို ရှေ့ ဆက်ခရီးမှာ

    စနိုးစနှေင့် ဖြစ်စရာကိစ္စတခုရှင်းသွားမယ်ထင်ပါတယ်။

    ခုတောင် ဒီရွာထဲ တပြားမှမရပဲ ဝိုင်းမန့် ပေးတာနဲ့တောင်

    ပျော်ပြီး ဆက်ရေးနေရတာ။(phone bill တော့ကုန်၏။)

    မင်းမင်း တပုဒ်ကို ၅၀ဝ ပေးမယ်ဆိုပြီး ပေး ရေးခိုင်ကြည့်ပါလား

    ဟာ ငါ့ကို အနုပညာကြေးပေးရလောက်အောင်ဆိုပြီးပျော်လိုက်မဲ့

    ဖြစ်ခြင်း။ ဒါဟာလဲ အနုပညာကို အသိအမှတ်ပြုခြင်း (ဆက်ပြီး

    ရပ်တည်နိုင်အောင်ထိန်းထားခြင်း) အားငွေကြေးနဲ့ပဲ လုပ်လို့ရ

    မယ်ထင်ပါတယ်။

    ရေးရင်းနဲ့ နဲနဲ လည်သွားတယ်နော့် ဟီးးးးးးး

  • အလင်း ဆက်

    July 8, 2013 at 3:58 pm

    အင်းးး
    ဦးဦးမင်းမင်းရေ
    အနုပညာ ကြေး လို ့စကားလှလှ သုံးရင်လည်း ရသပေါ့ဗျာ
    ဒါပေမယ့်
    ကျွန်တော်ဆိုလို တာကလည်း အဲဒီ အနုပညာ ကြေး ဆိုပြီး ပေးတဲ့ ဥပမာ ၅၀၀ဝ ဟာ
    အနုပညာ ရဲ့ တန်ဖိုုး အစစ်မဟုတ်ကြောင်း ပြောချင်တာပါ ။
    ရှင်းအောင် သိပ်မရေးတတ်လို ့ပါ ။

    အမှန်တော့
    ကျွန်တော် တို့ ကဗျာ / စာ ရေးတာဟာ
    အနုပညာ ဗီဇ စိတ် ခံစားမှု အရ
    ဒါမှမဟုတ် ဝါသနာ အရ ရေး တာများပါတယ် ။

    ဘယ်လောက် ရရ သိပ်ဂရုမစိုက်ပဲ
    ကိုယ့် ကဗျာ / စာလေး ကို
    စာဖတ်သူတွေ မြင်အောင် ပြနိုင်ရင်
    ပြခွင့်ရရင် ကို ပျော်နေတတ်တာပါ
    တချို့ဆို ကိုယ်ရေးတာ
    ဘယ်သူမှ မဖတ် ရ မမြင် ရ လည်း ကိုယ့် ဒိုင်ယာရီထဲ ထည့်သိမ်းပြီး ပျော်နေတဲ့ အနုပညာသမားတွေလည်း ရှိတယ်

    ဘက်ဆဲလားကြီး ဖြစ်ပြီး ငွေနောက်လိုက် သွားတဲ့ သသူတွေကိုတော့ ထည့်မပြောတော့ပါဘူး ။

    ဒီနိုင်ငံ အနေအထားနဲ့ က
    စာပေအနုပညာ သမား လုပ်ရတာ
    စာမူခ ကို ထည့် မတွက်မှ ဖြစ်မယ်ဗျ ။

    အဲ ပြောရင်းနဲ့
    ဘယ်တွေ ရောက်ကုန်ပါလိမ့်
    😆

    =========

    ဦးမင်းမင်းရေ
    ဝင်ရောက် ဖန်ရှု ဆွေးနွေး ပေးတဲ့အတွက်

    ကျေးဇူးပါ လို့

  • Ma Ma

    July 8, 2013 at 5:11 pm

    အနုပညာအလင်းတွေကို ဆက်ပေးနိုင်မယ့် အလင်းဆက်ရေ-
    ရူးသွပ်ခြင်းဆိုတာကို အလင်းဆက်ရဲ့ စာတွေကိုဖတ်ပြီး သိလိုက်ရတယ်။
    အနုပညာနဲ့ပတ်သက်ပြီး ခံစားတတ်၊ မျှဝေတတ်၊ ချပြတတ်တာတွေကို ဖတ်ပြီး အနုပညာဝမ်းစာတွေ ဖြည့်နေတဲ့၊ ပြည့်လာတဲ့ အလင်းဆက်ကလေး ဆန္ဒနဲ့ ဘဝ တထပ်တည်း ကျပါစေလို့ ဆုတောင်းပေးပါတယ်။ 🙂

    ဒါ့ထက် ခပ်ကြမ်းကြမ်းတန်ဖိုးဖြတ်ခြင်းနဲ့ ပတ်သက်ပြီး ……..
    ကမာ္ဘကျော်ပန်းချီဆရာအကျော်အမော်တစ်ယောက်ဟာ သူ့ပန်းချီကားကို သူပြန်မဝယ်နိုင်ဘူးဆိုပဲ။

    အဲသဟာကြောင့်…
    အကြမ်းတန်ဖိုးဖြတ်ခြင်းသည် အနုလက်ရာများ ထပ်မံဖန်တီးနိုင်ရန်အတွက် တွန်းအားပေးသော အားဆေးဖြစ်သည်ကြောင့်…..
    ကောင်းချေသည်တမုံ့။ 🙂

    • အလင်း ဆက်

      July 8, 2013 at 6:44 pm

      ဗန်ဂိုးရဲ ့ ပန်းချီကားတွေ ဈေးနှုန်းကလည်း
      ( သူသေပြီးမှ ) အံ့ဩ မကုန် ဖြစ်လောက်စရာပါ ။

      သေချာတာကတော့ ဗန်ဂိုးဟာ သူ ့ပန်းချီကား
      ဘယ်လောက် တန်စေ ဆိုတဲ့ သတ်မှတ် တန်ဖိုးကို ကြည့်ပြီး
      ဆွဲခဲ့ တာ မဟုတ် ။

      အနုပညာ သမားအတွက် ဈေးကြီး ပေးကြတဲ့ အနုပညာကြေးရတာ
      အင်မတန် ကောင်းပါတယ်
      သူ ့ဘဝ ရပ်တည်မှုအတွက် ငွေကလည်း ရှိဦးမှ ကိုး

      ဒါပေမယ့် အနုပညာမှာ
      ငွေကြေး ပမာဏနဲ့ တိုင်းတာလို့ မဖြစ်တဲ့
      တန်ဖိုး နဲ့ အသုံးဝင်မှု
      အဲဒါလေး ရှိကြောင်းပါ ။
      😆
      =======
      အန်တီမမရေ
      ပေးတဲ့ ဆုလေးပြည့်ချင်လို ့
      ကြိုးစားပါမယ်
      😆

  • ဦးကြောင်ကြီး

    July 9, 2013 at 10:17 am

    တန်ဖိုးဖြတ်မရရင် တန်ဖိုးဖျက်ကြည့်မယ်ကွာ.. 👿

    • အလင်း ဆက်

      July 9, 2013 at 1:18 pm

      တန်ဖိုးတော့ ဖျက်လို ့ရပါတယ် အူးကြောင်။။။

      တန်ပိုတော့မဖြတ်လေနဲ ့…။
      ဖြတ်ချင်ရင်.. ဘာလေးညာလေးတော့..ပေးးးး

      အဟိ
      😆

Leave a Reply