အဖြေ
အချစ်…
အချစ်ဆိုတာ ဘာလဲ။ ကျွန်မ မကြာခဏ စဉ်းစားခဲ့ဖူးသည်။
ခပ်ချောချောအစ်ကိုကြီးတစ်ယောက်ကို သဘောကျမိခြင်းသည် အချစ်လား၊ သို့မဟုတ် စာတော်သော သူငယ်ချင်းလေးကို စိတ်ဝင်စားမိခြင်းသည် အချစ်လား၊ သို့မဟုတ် ကျွန်မကို ဂရုတစိုက်ရှိသောသူအပေါ်မှာ ပျော်ဝင်မိနေခြင်းသည် အချစ်လား။
အချစ်ကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြသည်။ အချစ်သည် ခံစားသူနှင့်သာ သက်ဆိုင်သောကြောင့် အမြဲတမ်းမှန်ကန်နေသော ဖွင့်ဆိုချက်မရှိဟုလည်း ဆိုကြပြန်သည်။
သို့ဆိုလျှင် ကျွန်မကရော မည်သို့ ခံစားမိသနည်း။ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ကြည့်သည်။ အဖြေက ဝေဝါးဆဲ။ ဘုရားရေ..ကျွန်မ ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးဘူးလား။
ကျွန်မ၏ ခံစားချက်နှင့် ခံယူချက်တို့သည် အမြဲလိုပင် လွဲချော်လေ့ရှိသည်။ ခံစားချက်မှန်သမျှကို ခံယူချက်က ပယ်ချသကဲ့သို့ ခံယူချက်နောက်သို့လည်း ခံစားချက်က လိုက်လေ့မရှိပေ။ ထိုသည်မှာပင် ကျွန်မ၏ဘဝ ဖြစ်ပေသည်။
ကျွန်မ သဘောကျမိသော ယောက်ျားများသည် (ကျွန်မနှင့် ပတ်သက်လျှင်) အေးတိအေးစက်နိုင်သူများသာ ဖြစ်ပေသည်။ ကျွန်မ၏ ခံစားချက်ကို (သိလျက်နှင့်) မသိချင်ယောင်ဆောင်တတ်သူ၊ လျစ်လျူရှုတတ်သူများ ဖြစ်သည်။ ကျွန်မအပေါ် (အားနာပါးနာနှင့်) အလိုက်အထိုက်လိုက်လျောပေးရမှာကိုပင် အလွန်ဝန်လေးသူများဖြစ်သည်။ ဂရုစိုက်ခံချင်သူ ကျွန်မအတွက်ကတော့ စူးစူးနစ်နစ် ခံစားရစေသော ဝေဒနာများပင်။ သူငယ်ချင်းများကတော့ မှတ်ချက်ပေး၏။ “နင့်ကံကိုက အဲဒီအတိုင်းဖြစ်နေတာ” ဟူ၍။
ကျွန်မကို သဘောကျသော ယောက်ျားများကတော့ (ပတ်ဝန်းကျင်ပြောစကားအရ) ကျွန်မကို အလွန်ချစ်ကြပါသည်တဲ့။ တစ်ခါတစ်ခါတော့ ကျွန်မကိုယ်တိုင်လည်း ခံစားမိပါသည်။ ကျွန်မလိုချင်သော ဂရုစိုက်မှုများကလည်း အဆင်သင့်။ သို့သော် ကျွန်မ၏ ခံစားချက်များက အေးစက်နေသည်။ အားလုံးထက်ပိုပြီး ကျွန်မသတိပြုမိလောက်သည့် တစ်ယောက်အပေါ်တွင်ပင် ကျွန်မသံယောဇဉ်များက တင်းတစ်လှည့်လျော့တစ်လှည့်။ အမေကတော့ မှတ်ချက်ပေးပါသည်။ “စိတ်မှ မမှန်တာ” တဲ့။
အမြဲလိုလို လွဲချော်နေသည့် ကျွန်မ၏ ကံတရားနှင့် ဝန်လေးမှုတစ်ခု ကြီးစိုးနေသည့် ကျွန်မ၏ စိတ်နှလုံးသားကို ဆန်းစစ်ကြည့်မိသည်။ ဘယ်အရာတွေက မှားယွင်းနေသနည်း။ အတော်လေး အချိန်ယူပြီးသည့်နောက် အဖြေတစ်ခုက ကျွန်မ၏ ဦးနှောက်ထဲက ထွက်ပေါ်လာလေသည်။
အဘယ်ကြောင့်ဆိုသော် ကျွန်မသည် အတ္တကြီးသူ ဖြစ်သောကြောင့်ပင်။ ကျွန်မ၏ ဘဝတွင် ယောက်ျားတစ်ယောက်ကို နေရာမပေးချင်သေး။ ကျွန်မ၏ လွတ်လပ်ခွင့်၊ ကျွန်မ၏ ကြိုးစားခွင့်၊ ကျွန်မ၏ အချိန်များကို ဆုံးရှုံးမှာကြောက်သည်။ တည်ငြိမ်နေသော ကျွန်မဘဝသည် ယောက်ျားတစ်ယောက်ကြောင့် လှုပ်ခတ်သွားမှာကို ကြောက်သည်။ အထူးသဖြင့် ကျွန်မ၏ အချိန်ကို ဖဲ့မပေးချင်လောက်အောင်ပင် ကျွန်မသည် မချစ်တတ်သူ ဖြစ်လေသည်။ အမှန်တော့ ကျွန်မသည် ရယူမှုအပေါ်တွင် သာယာတတ်ပြီး ပေးဆပ်မှုအပေါ်တွင် ထိတ်လန့်တတ်သော ခပ်ဆိုးဆိုး မိန်းမတစ်ယောက်သာ ဖြစ်၏။
ကျွန်မ၏ မကောင်းသည့် ဉာဉ်က ကျွန်မ၏ မသိစိတ်ကို စေ့ဆော်ပေးသည်။ သို့ကြောင့်ပင် ကျွန်မ သဘောကျသည်ဟု ရွေးချယ်မိသောသူသည် ကျွန်မဘဝထဲသို့ ဝင်မလာနိုင်သည့်သူများ ဖြစ်ပြီး ကျွန်မဘဝထဲသို့ ဝင်လာနိုင်သည့်သူများကိုတော့ ကျွန်မ၏ မသိစိတ်က အလိုလို ကန့်ကွက်ပေးသည်။ ဤနည်းဖြင့် ချစ်တတ်ကြသော ပတ်ဝန်းကျင်အလယ်တွင် ကျွန်မသည် နားလည်ရခက်သည်ဟု ကင်ပွန်းတပ်ခံရသူ ဖြစ်လာလေသည်။
ကျွန်မ စိတ်မဆိုးမိတော့။ ကျွန်မတွင် အဖြေရှိသည်။ မည်သု့ိပင် ပြောကြစမ်းပါစေ။ ကျွန်မနှလုံးသား၏ အဖြေကို ကျွန်မရှာဖွေတွေ့ရှိခဲ့ပြီ။ သို့သော် ကျွန်မတွင် ဆန ္ဒတစ်ခုတော့ ရှိသည်။ ဘဝမှာ တစ်ခါလောက်တော့ ကျွန်မ ချစ်တတ်ချင်ပါသည်။
၁၀.၇.၂၀၁၃
မနက် (၁) နာရီ
**အရမ်းကြိုက်တဲ့ စာရေးဆရာမကို အားကျလို့ လိုက်ရေးကြည့်တာ..အတည်မမှတ်ကြပါနှင့်..
61 comments
Myo Thant
July 10, 2013 at 11:20 am
ည ၁ နာရီအထိရေးခဲ့တာကိုး
အဲအချိန်ဆို ငါ အိပ်မက် ၃ ခါလောက်ရပြီ ၊
( အတည်မမှတ်ကြပါနှင့်.. ) ဆိုတော့လည်း မမှတ်ပါဘူးလေ နော့ ။
လုံမလေးမွန်မွန်
July 10, 2013 at 12:58 pm
ည (၁) နာရီဆိုတာ ပုံမှန်လို ဖြစ်နေတာ ဦးမျိုးရဲ့… အိပ်နိုင်သူတွေကို အားကျပါ၏… 🙂
အတည်မမှတ်ပါနဲ့နော်..
ခရီးသည်ကြီး
July 10, 2013 at 11:20 am
အချစ်ဆိုတာ
အလိုအလျောက်ဖြစ်တည်လာတာ
ဖန်တီးလို့မရ
ကာဆီးပိတ်ပင်လို့မရ
ချစ်တတ်တာနဲ့ အချိန်တွေကုန်ရအောင်
တချိန်လုံး ချစ်နေတာမှမဟုတ်ဘဲ
အချစ်နဲ့အလုပ်ဆိုတာ
တွဲ မထားကောင်းတာမှမဟုတ်ဘဲ
အချစ်အတွက်
တက်လမ်းတွေ ဆုံးရှုံးမှာတဲ့လား
လောကမှာ
လူတွေကမတ်တပ်ရပ်လမ်းလျောက်တယ်
ငှက်တွေကမိုးပေါ်ပျံတယ်
ငါးတွေက ရေကူးတယ်
အဲဒါ သဘာဝလေ
အဆင့်မြင့်သတ္တဝါမှာ
ခံစားမှုအနေနဲ့
သံယောဇဉ်ချစ်တဲ့စိတ်ကို
မပိတ်ပင်ပါနဲ ့
သဘာဝကျကျ
နေကြည့်စမ်းပါလေ
မချစ်တတ်အောင် တားဆီးရင်တော့
ကင်းြမြီးကောက်ထောင်လမ်းလျောက်သလိုဖြစ်လို့
တစ်ခုလောက်သတိပေးပါရစေ
ကင်းြမြီးကောက်ထောင်လျောက်ရင်
ထမီစကပ်တွေရှောင်လို့
ရှော့ပင်တစ်ထည်လောက်ဝတ်ထားပါ …. လို့ ….
လုံမလေးမွန်မွန်
July 11, 2013 at 12:31 pm
ခရီးသည်ကြီးရဲ့စကားတွေက တည့်တည့်ထိပါတယ်… 🙂
စကားအတင်းစပ်..ပြခန်းကို ကဗျာတစ်ပုဒ်လောက် ပို့ပေးပါလားဟင်င်…
အလင်း ဆက်
July 10, 2013 at 11:33 am
ကျွန်တော် သ ဘောကျတံ့ ဆရာမ ရဲ့ အရေးအသားနဲ့ တူသလိုလို ဖြစ်နေပြီ မို ့
ကျွန်တော်လည်း အမွန့်အရေးအသားကို သ ဘောကျမိပါတယ်
အချစ်ဆိုတာ ဘာလဲတော့ င်္ကျန်တော်လည်း သိချင်ပါစေးသည်
အကြော်စုံရောင်းသော ဒေါ်ဖွားမေကို သတိရနေတတ်တာ အချစ်လားးးး
ချစ်သုဝေနဲ့ မှောင်မှောင်ဆိုတဲ့ ငနဲရဲ့ သတင်းတွေ ကြားတုန်းက
တင်ပါးမှာ သွေးစုနာ ပေါက်သလို ထိုင်မရ ထ မရ ဖြစ်တာ အချစ်လားး
. . . . .
. . . .
သူကလေး
July 11, 2013 at 9:32 am
မဖွားမေ အခုအညှော်မိလို့ အိပ်ရာထဲလဲနေတယ်တဲ့ ခိ …..
လုံမလေးမွန်မွန်
July 11, 2013 at 12:34 pm
တူသလိုလို ဖြစ်နေပြီလား..အဟိ..ပျော်ထှာ..
ချစ်သုဝေ ရယ်၊ မဖွားမေ ရယ်…အင်း..နောက်ခါ ဘယ်သူလာဦးမလဲမသိ… နီ့သံယောဇဉ်က များထှာ..
ဦးကျောက်ခဲ
July 10, 2013 at 11:44 am
ခက်စ်တော့နေပြီ… တူမရယ်
အချစ်ဆိုတာ ကိုယ့်စိတ်ကိုယ်အလိုလိုက်တဲ့ အတ္တတစ်မျိုးပဲ…
ရယူချင်တာလည်း အတ္တ၊ ပေးဆပ်ချင်တာလည်း အတ္တ…
နောက်ဆုံးတော့ ကိုယ်စိတ်ချမ်းသာဖို့က အဓိက…
ဟီ ဟိ… အတည်မမှတ်နှင့်…
လုံမလေးမွန်မွန်
July 11, 2013 at 12:38 pm
အတည်မမှတ်နဲ့ဆိုလည်း မရဝူး..တီတီရေ..ဟောဒီမှာ လာကြည့်ပါ…
ကတောက်စ်..ဖွဘုတ်လို mention လုပ်လို့ရရင်ကောင်းမယ်.. 🙂
သျှားသက်မာန်
July 10, 2013 at 12:44 pm
မျက်မှန်ကျန်ခဲ့တယ်လေ..မဟုတ်ဘူးလား..ခပ်ချောချော.ဆိုလား.အဟိ
လုံမလေးမွန်မွန်
July 11, 2013 at 12:47 pm
ဘူ့ကို ပေါဒါလဲဟင်င်.. လူတွေက များနေလို့ မတိဒေါ့ဝူး…
Mr. MarGa
July 10, 2013 at 12:58 pm
ဪ…………ဪ……………
ချစ်တတ်ချင် သတဲ့
မိန်းကလေးရေ
အချစ်……….ဆိုတာ
လိုက်လေ ပြေးလေ ကွယ့်
အခွင့်အလမ်းက
နှစ်ခါ မလာတတ်ဖူးနော့
ဆိုတော့
ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိဦးရော့မလား………….ဟင်
ဟီဟီ
လုံမလေးမွန်မွန်
July 11, 2013 at 1:31 pm
ပြောကြပါကွယ်… ပြောကြပါ… မိုက်တယ်ဆိုလည်း မိုက်တယ်လို့ပဲ မှတ်လိုက်ပါ.
ဟီး..
Mon Kit
July 10, 2013 at 1:35 pm
မွန်မလေးရေ…
ဆရာမဂျူး များ ဂဇက်မှာ ဝင်ရေးနေသလားလို့…
ဖတ်လို့ ကောင်းပါတယ် လုံမရယ်..
အမြဲအားပေးနေမယ်..
ဒါလေးကို ပို သဘောကျမိလို့ ((အချစ်ကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြသည်။ အချစ်သည် ခံစားသူနှင့်သာ သက်ဆိုင်သောကြောင့် အမြဲတမ်းမှန်ကန်နေသော ဖွင့်ဆိုချက်မရှိဟုလည်း ဆိုကြပြန်သည်။))
လုံမလေးမွန်မွန်
July 11, 2013 at 1:34 pm
အဲ..မြောက်သွားတာ..ခေါင်းဆောင့်မိလို့ ဘုသီးထွက်သွားတယ်..
ဂျူးရဲ့ အမှတ်တရကို ပြန်ဖတ်မိပြီး သူ့လို ရေးချင်စိတ်ပေါက်လာလို့ လျှောက်ရေးကြည့်လိုက်တာ…
အားပေးနေတယ်ဆိုလို့ အားကြီး ဝမ်းသာသွားတယ်.မမမွန်ကစ်ရေ… (တို့နှစ်ယောက်က မွန် ချင်းလည်း တူတယ်နော်..)
🙂
အရီးခင်လတ်
July 10, 2013 at 1:36 pm
လုံမလေးရေ့
{ ဘဝမှာ တစ်ခါလောက်တော့ ကျွန်မ ချစ်တတ်ချင်ပါသည်။ }
လို့ဆိုထားသမို့ …
အကြံပေးမယ်။ 😉
အသင့်တော်ဆုံးသူတစ်ယောက် ကို လက်ထပ် လိုက်။
(ချစ်စရာမလို၊ လေးစားနိုင်ဖို့ဘဲ လိုတယ်)
သားသမီးလေး ရလာချိန်မှာတော့ အချစ် ဆိုတဲ့ “အဖြေ” ကို အသေအချာတွေ့သွားလိမ့်မယ်။
BUT (BIG BUT ….)
အဲဒီလို ချစ်တတ်လာချိန် ကိုယ့်လွတ်လပ်ခွင့်တွေ၊ လုပ်ချင်တာတွေ
အားလုံး လဲ နောက်ကိုရောက်သွားပြီမို့ ……..
ဒါမျိုး တကယ်ဘဲ ချစ်တတ်ချင် လား ?????
ဘဝတစ်ခုလုံးနဲ့ ရင်းရတဲ့ Deal နော။
😆
မင်းမင်း
July 10, 2013 at 4:44 pm
အရီးနော်ကလေးကိုမြှောက်ပေးနေတယ်
ကလေးရမှ တွေ့နိုင်တာ သံယောဇဉ် နှောင်ဖွဲ့မူ့ပါ
လုံမလေးရေ အချစ်ကို အရင်ရှာ။
တွေ့ရင် ခြစ်။
လင်းသွားလိမ့်မယ်
လုံမလေးမွန်မွန်
July 12, 2013 at 9:57 am
တိန်..ဘွတစ်ခုလုံးရင်းရမယ်…
ဟင့်..မစွန့်စားပါရစေနဲ့ အရီးရယ်…အဲ့လိုသာဆို တစ်သက်လုံး အော်မေ့ဂိုဏ်းဝင်ပဲ လုပ်တော့မယ်…
ဒါနဲ့..ဒါ ချစ်တဲ့အရီးရဲ့ ကိုယ်တွေ့လားဟင်င်င်.. 🙄
Ma Ma
July 10, 2013 at 2:00 pm
အရေးအသားကိုဖတ်ပြီး အရမ်းကြိုက်တဲ့ စာရေးဆရာမတစ်ယောက်တိုးလာပြီ။ 😀
လုံမလေးမွန်မွန်
July 12, 2013 at 9:54 am
ဂယ်လားဟင်င်..တီတီ.. 🙂
•*¨နန်းတော်ရာသူ •*¨
July 10, 2013 at 2:06 pm
အချစ်ဆိုတာခံစားချက်တစ်ခုပါ
ပုံသေ တစ်ယောက်တည်းကိုသတ်မှတ်ထားလို့မရဘူး
အရင်လူတွေကော လက်ရှိလူကော နောက်လူကော အားလုံးကိုချစ်လို့ ခံစားခဲ့ကြတာချည့်မို့လား
ဥပမာ ကိုကိုကိုလည်းချစ်တပဲ ။မိုက်မိုက်ကိုလည်းချစ်တာပဲလေ :hee:
လုံမလေးမွန်မွန်
July 12, 2013 at 10:01 am
ယောက်ခမရဲ့ ဒဿနကို အကြိုက်ဆုံးပဲ…
မိုးယံဇွန်လည်း ချစ်တယ်..အာကာ လည်း ချစ်တယ်…
Shwe Ei
July 10, 2013 at 2:11 pm
ခန ခနခြစ်ကျိဘာ………. ခြစ်တတ်လာပါလိမ့်မီ
မှတ်ချက်။ ။ အတီပျောချင်းဖစ်သီ
လုံမလေးမွန်မွန်
July 12, 2013 at 10:04 am
ခြစ်နည်း သင်ပေးပါလားဟင်င်..မေမေ..
ပီးရင် အကုန် ခြစ်ပစ်မယ်… နော်.. 🙂
ခင် ခ
July 10, 2013 at 2:35 pm
သစ်ပင်ပေါ်က ရော်ဝါရွက်လေးတစ်ရွက် ကြွေကာကျလို့ မြေခခဲ့တယ် သူ့သဘာဝအရ ဖြစ်တာနော်။ ဒါပေမယ့် အဲဒါကို တွေ့လိုက်တဲ့ အချစ်ရှုံးသမားအဆွေးများနဲ့သူက ဪ့ သစ်ရွက်လေးကြွေလိုမြေခ ခဲ့သလို သစ်ရွက်ကလေးရေ ငါ့အချစ် လည်းမြေခကြွေမွပါပြီကွယ်တဲ့။
အဲဒီအချိန်မှာဘဲ သူ့ရှေ့က စုံတွဲတစ်တွဲဖြတ်လျောက်ရင်း ခုန သစ်ရွက်ကြွေတာကို သူတို့လဲမြင် မိတော့ ကောင်မလေးကပြောတယ် “အကို သစ်ရွက်တွေရော်ဝါပြီး မြေခကြရတယ် ကိုကကော အသက်အရွယ်ကြီးအိုမင်းတဲ့ထိ ဒို့ ကိုချစ်မှာလား´´ ကောင်လေး ကဖြေ တယ် “သစ်ရွက်လေးမြေခ ကြွေကျသလို သူ ရိုးမြေကျစေအုံး အချစ်ဆုံးပါဘဲကွယ်´´ တဲ့။
အဲဒီသစ်ရွက်ကြွေတာကို အချစ်နဲ့ပက်သက်လို့ ဘာမှ မသိ မရှိ မခံစားတတ်တဲ့ အပျိုကြီး တစ်ယောက်ကမြင်ပြီး သစ်ရွက်ကို ခလုပ်တောင်တိုက်သွားကာ လမ်းဆက်လျှောက်သွားလေရဲ့ သူစိတ်ထဲ ဘာဆို ဘာမှ ခံစားသွားပုံမပေါ်ဘူးလေ။
ဒီအဖြစ်လေးအရ “ဘဝမှာ တစ်ခါလောက်တော့ ကျွန်မ ချစ်တတ်ချင်ပါသည်။´´ ဆိုရင် မေးလိုက်ချင် ပါတယ် “လုံမလေးရော ခံစားတတ်ပြီလားလို့……….´´
လုံမလေးမွန်မွန်
July 12, 2013 at 10:07 am
ဝါး…လေးလေးပြောတဲ့ အဖြစ်လေးက ကောင်းလိုက်တာ.. ခံယူတဲ့သူပေါ်မှာ မူတည်တာပေါ့နော်..
အဲ…ပြောရရင်တော့..ကိုယ့်ကိုကိုယ် ခံစားတတ်လား..မခံစားတတ်လားတောင် ဝေဝါးဆဲ… ခံစားချက်တစ်ခုခုရှိလာရင်တော့ ပူလောင်တတ်တာများတယ်..
အယ်..ပြောနေတာ… အတည်မမှတ်ပါနဲ့ဆို..ဘွာတေး..
Wow
July 10, 2013 at 2:39 pm
အချစ်ဆိုတာ တစ်ယောက်ချင်းစီကို နဲနဲခြင်းလေ့ကျင့်ယူရတယ်…
Practice make perfect ဆိုလား…
ကြာတော့လဲ ချစ်တတ်လွန်းလို့ အချစ်တွေများနေမယ်…
လုံမလေးမွန်မွန်
July 12, 2013 at 10:12 am
ဘယ်နှစ်ယောက်လောက်ဆိုရင် perfect လို့ ပြောလို့ရပြီလဲဟင်င်..မမဝေါင်း.. 🙂
Wow
July 13, 2013 at 2:06 pm
အာ့က learning skill နဲ့လဲဆိုင်တယ်၊ ဆက်လုပ်.. မွန်လေးက လက်စောင်းပိုထက်ချင် ထက်သွားမာ…
ဦး ကြိမ်
July 10, 2013 at 2:44 pm
အတည်မှတ်ပါတယ်………..
ရွေးစရာများနေလို့ပါမမွန်…..ဂဂျီဂဂျောင်သိပ်မကျပါနဲ့……စင်းလုံးချောတော့ဘယ်ရပါ့မလည်း…ဒါမျိုးတွေက
အပျိုကြီး ဖြစ်ဖို့များတဲ့ ဇာတာပိုင်ရှင်မို့ပါ..။
လုံမလေးမွန်မွန်
July 12, 2013 at 10:29 am
တိန်…အတည် မှတ်ပါတယ်တဲ့.. မှတ်တယ်ဆိုလည်း မှတ်တယ်ပေါ့နော်..
ရွေးစရာလည်း မများပါဝူးချင့်…သာမီးကိုယ်တိုင်ကိုက ဂေါက်သီးမို့ပါ… ဂဂျီဂဂျောင်လည်း တကယ်ကျတာမို့ အကုန်လုံးကဝိုင်းပြောပါတယ်.. “အပျိုကြီး” တဲ့.. 🙂
မဟာရာဇာ အံစာတုံး
July 10, 2013 at 3:38 pm
ဂျူးက ရေနံဂျောင်း ကနော် …
ကျုပ်ကလည်း ရေနံဂျောင်း ကဘဲ …
ကိုလေးဖြူ စကားနဲ့ ပေါရရင် ..
ကျနော်ဒို့ အညိုးဒွေဘာ … ပေါ့ ..
သူကလေး
July 11, 2013 at 9:33 am
အွန့် .. ဘာမှလဲဆိုင်ပု
အတင်းကာရော … ဆွဲထည့်နေတယ်
နောက်ဆို ဆေးသောက်နော် .. မကြိုက်တာတွေမစားနဲ့ ဒါဗျဲ 😛
ကိုရင်စည်သူ
July 11, 2013 at 2:52 pm
သွားကျိူးကြီး ခင်ညားကို ကြည့်မရတော့ဘူးးး
ကြည့်ရင်းကြည့်ရင်း ဖတ်ရင်းနဲ့ ချစ်ချစ် လာလို့…
ပိုင်ရှင်ရှိရင် လုမယ်.. ကြူသူရှိရင် ခူးမယ်.. ဒါဘဲ.. ဂရားးး 👿
မဟာရာဇာ အံစာတုံး
July 11, 2013 at 3:01 pm
အွမ် …
ကျောင်းချာဂျီးးးး
လုမယ် .. ခူးမယ် … ဒဲ့ …
ဖစ်ဒေါ့ဝူးးး ဝှက်ထားမှ …
လုံမလေးမွန်မွန်
July 12, 2013 at 10:41 am
အတင်း အမျိုးစပ်တာ များနေပီနော်.. သိပ်ကြည့်မရတော့ဝူး..ဒါဗျဲ.. 🙂
KZ
July 10, 2013 at 3:46 pm
ဘာမှ “အချစ်” ဆိုတဲ့ ပညတ်ချက်ကြီးကို လက်ကိုင်မထားနဲ့။
လိုချင်ရင် ရအောင်ယူ။
မရတော့လည်းးးးး လက်လျှော့လိုက်တာပေါ့။
လက်လျှော့ပြီး နောက်တစ်ယောက်ထပ်တွေ့။
တွေ့တော့ နောက်တစ်ခေါက်ကြိုးစားးးးးးး
ရတော့လည်း ကြာရင် ရိုးအီသွားမဲ့ ကိစ္စတွေမို့ မမြဲ။
ဘဝကတိုတိုလေးးးး
သံသရာက အရှည်ကြီးးးးးးးး
ကိုယ်လုပ်ချင်ရာကိုယ်လုပ်…
ကိုယ်ဖြစ် ကိုယ်ခံ…..
(အတည်မမှတ်နဲ့နော်)
လုံမလေးမွန်မွန်
July 12, 2013 at 11:02 am
အွန်..ဖတ်လာခဲ့ပြီးမှ အတည်မမှတ်နဲ့တဲ့..
မမဆွိနော်… အတည်မှတ်ပီး အကုန်လျှောက်လုပ်ပလိုက်မယ်..
kyeemite
July 10, 2013 at 4:05 pm
“အချစ်”..လား…သူဖျားနေတယ်..ဟိ
နောက်မှထပ်မန့်တော့မယ်
လုံမလေးမွန်မွန်
July 12, 2013 at 2:32 pm
ထပ်မန့်မယ်ဆို.. အူးမိုက်.. 🙂
ရဲစည်
July 10, 2013 at 4:05 pm
နင့်ကံကိုက အဲဒီအတိုင်းဖြစ်နေတာ”
“စိတ်မှ မမှန်တာ”
“နားလည်ရခက်တာ”
ဆိုတော့ ဒါကို စကားပြေ ပြန်စီလိုက်တာ နင့်နင့် သည်းသည်း ခံဇားရဒယ် …… ။
😀
နောက်ပီး … ဒီစဂါး “တစ်ခါလောက်တော့ ကျွန်မ ချစ်တတ်ချင်ပါသည်” အရ …
မွန်မလေး လုံလုံယေ …
အဲ့လို ခြစ်တတ်ဖို့အရေး … တခါလောက်တော့ အချစ်ခံကြည့်ပါကွယ် ….
ကိုယ်ဇား … ကိုယ်ဇား ဝင်ပြောပေးဒါ 😛
ညင့် ညင့်
လုံမလေးမွန်မွန်
July 12, 2013 at 5:21 pm
ခံဇားတွားရတလားဟင်င်င်..
တစ်ခါတစ်လေ တိုက်ဆိုင်မှုတွေရှိလာတော့ငါ..အမှတ်တမဲ့မင်းကို လွမ်းပါတယ်… ခိ..တချင်းဆိုတာ…
မချစ်တတ်သလို..သူများချစ်တာလည်း အချစ်မခံတတ်ဝူးတော့… လူက ဂေါက်သီးဆိုတာ့ လက်လန်သွားကြမှာ..
DEPARKO DEPARKO
July 10, 2013 at 4:57 pm
မွန်မွန်ရေ
အချစ်ဆိုတဲ့အရာက
၁၆နှစ်အရွယ်မှာတော့ ရင်ခုန်စရာပေါ့
၂ဝလဲကျော်လာရော ရင်တုန်စရာနော့်
၃ဝလည်းကျော်လာရော ရင်ဘတ်ထဲဖုန်မှုန့်တွေဝင်သလိုဘဲ
၄ဝလည်းကျော်လာရော ရင်ခုန်ဘို့ဆိုတာဝေလာဝေး
ဒီလိုနဲ့ ငါတော့၅ဝ နားကပ်တဲ့အထိ
အဖေါ်မရှိ
အချစ်ဆိုတာမသိခဲ့ရတော့
အင်း ချစ်တယ်ဆိုတာ နာလားဟင်
လုံမလေးမွန်မွန်
July 13, 2013 at 11:16 am
ချစ်တယ်ဆိုတာ..နာလားဆိုတော့…ဘိုပြောရမဲဟင်င်..
ချစ်ဖူးတဲ့သူတွေ လာဖြေပေးကြပါ… 🙂
ဒါဆို..အူးလေးက..အသက် (၄၀) ကျော် လူပျိုကြီးပေါ့နော်… 😛
ရှူံးနိမ့်မှုများနဲ့.. လူ
July 11, 2013 at 6:00 am
အင်း… ချစ်တယ်၊ ချစ်တယ်နဲ့
ဘာတွေကို ချစ်လို့ ချစ်နေကြမှန်းတော့မသိဘူးပေါ့လေ
++++++++++++++++++++
ကလေးတစ်ယောက်အတွက်တော့ ချစ်တယ်လို့ ဆိုခြင်းမှာ သူတို့နှစ်သက်မြတ်နိုးသဘောကျတဲ့ သဘောလေးတွေပါတယ်ပေါ့လေ.. တစ်ခုခုကို အရမ်းသဘောကျလို့ ချစ်တယ်လို့ ပြောခဲ့တာပေါ့
ဆယ်ကျော်သက်အရွယ်ကျတော့ ချစ်တယ်ဆိုတာကို ပြန်ပြောင်းမြင်လာပြန်ရော.. အဲဒီအချိန်မှာကျတော့ ချစ်တယ်ဆိုတာ နည်းနည်း အဖိုးတန်လာပေမယ့် သိပ်လဲ တန်ဖိုးမမြင့်သေးပြန်ဘူး.. အချစ်ဆိုတာ ရင်ခုန်လှိုက်မော ထိတ်လန့်ကြောက်ရွံ့စရာ အနေနဲ့၊ အရမ်းကို စိတ်ဝင်စားစရာ ကောင်းတာကြီးတစ်ခုအနေနဲ့ အချစ်ဆိုတာကြီးကို စမ်းသပ်ကြည့်ချင်လာပြန်ရော.. စစချင်း သိကျွမ်းလိုက်ရတဲ့ အချစ်ဆိုတာကြီးကိုတော့ (တစ်ချို့က) တစ်သက်လုံး သယ်ဆောင်သွားကြပြန်တယ်..
၂ဝ ကျော်အရွယ်မှာတော့ အချစ်ဆိုတာ အရမ်းကို စိတ်ဝင်စားစရာ ကောင်းလာတယ်.. အဲဒီအချစ်ကြောင့်ပဲ လူရာဝင်ကြတယ်၊ အဲဒီအချစ်ကြောင့်ပဲ ဘဝတွေပျက်ကြတယ်၊ အဲဒီအချစ်ကြောင့်ပဲ ရည်မှန်းချက်၊ မျှော်လင့်ချက်တွေရှိလာပြန်ရော။ အချစ်နဲ့တွဲတဲ့ အလှအပကိုလည်း ခံစားတတ်လာပြန်တော့ အချစ်တည်ရှိနေတယ်လို့ ထင်ရသူကို မက်မက်မောမော စွဲလန်း တွယ်တာတတ်ကြသေးတာ။
တစ်ကယ်တော့ အချစ်ဆိုတာ ဘာမှရယ်တော့မဟုတ်ပါဘူး.. တစ်ယောက်တည်းမနေတတ်သူတွေအတွက် တစ်ယောက်သောသူကို ကိုယ့်ကိုချစ်စေချင်သလို ချစ်နေတာဖြစ်ပြီး ကိုယ်ချစ်သလို ကိုယ့်ကို လာမချစ်တဲ့သူကိုတော့လည်း မခံစားတတ်ဘူး ဖြစ်ကြပြန်ရော.. ဒါနဲ့ပဲ ရတာမလို၊ လိုတာမရလူတွေ ဖြစ်လာတယ်ထင်ပါတယ်
တစ်ချို့တွေ ခံစားနားလည်တတ်တဲ့သူတွေကျတော့ သိပ်ချစ်တတ်တာပဲလို့ အပြောခံကြရပေမယ့် တစ်ကယ်တော့ သူတို့ဟာ သူတို့လိုချင်တာကို မျှော်လင့်နေတာထက် သူတို့မျှော်လင့်နေသလို အဲဒီသူတစ်ယောက်ကို ချစ်ပြလိုက်ခြင်းပါပဲ
ရောင့်ရဲတတ်သူများကျတော့လည်း သူတို့လိုချင်တာ ဘာမှမရှိပဲ သူတို့ကို ပေးလာတဲ့အချစ်တွေကို ကျေကျေနပ်နပ်ကြီး လက်ခံသွားတတ်ပြန်တယ်။
တစ်ကယ်တော့ အဲလိုပါပဲ.. ချစ်တယ်ဆိုတာ ချစ်နေခြင်းသက်သက်ပါပဲ.. ကိုယ်ကျေနပ်သလိုပုံစံနဲ့ ချစ်နေကြတာပါပဲ.. အဖြေရှာမရတဲ့၊ သိပ်တော့လဲ မထူးဆန်းတဲ့ ဟာကြီးတစ်ခုသာဖြစ်ကြောင်းပါ လုံမလေးမွန်မွန်ရေ
လုံမလေးမွန်မွန်
July 13, 2013 at 11:19 am
တစ်ယောက်တည်း မနေတတ်သူ ဆိုတာကလွဲလို့ ကျန်တာတွေက အတော်လေးထိပါ၏… 🙂
Foreign Resident
July 11, 2013 at 7:36 am
” ကျွန်မ၏ ဘဝတွင် ယောက်ျားတစ်ယောက်ကို နေရာမပေးချင်သေး ။
ကျွန်မဘဝသည် ယောက်ျားတစ်ယောက်ကြောင့် လှုပ်ခတ်သွားမှာကို ကြောက်သည် ”
ဒါကတော့ ၊ မိန်းကလေး ရယ် ၊ ယောက်ျားလေး ရယ် မဟုတ် ၊
လူငယ် အများစုရဲ့ စိတ်ထဲမှာ အနည်း နှင့် အများ ခံစားနေကျပါ ။
သို့သော် ၊ အဘ တို့ ၊ သက်ကြားအို အရွယ် တွေရဲ့ အမြင်ကို ပြောပြရရင် ။
အဘ ငယ်ရွယ်စဉ် Cadet ဘဝမှာ အစွမ်းကုန် ကဲခဲ့ ၊ ဆိုးခဲ့တယ် ။
ဖဲ ရှုံးတာ ဆိုရင် ၊ အဲဒီခေတ်က ကား တစ်စီးစာလောက်ကို ရှုံးခဲ့တာ ။
Same Batch သူငယ်ချင်း သင်္ဘော အတူတူလိုက်ခဲ့သူ တွေ ၊
ပါရမီ လို နေရာမှာ ခြံတစ်ခြံ ပိုင်သွားချိန်မှာ ၊
အဘ က ၊ ခြံပိုင် ဖို့ နေနေ သာသာ ၊ အကြွေးတွေ နှင့် ။
ဒါပေမယ့် ၊ အခုပြန်စဉ်းစားမိရင် ၊
အဲလို ကဲခဲ့ ၊ ဆိုးခဲ့ တာကို နောင်တ မရပါဘူး ။
အခု ပိုက်ဆံ ရှိလို့ ၊ အချိန် ရှိလို့ ကဲချင် ၊ ဆိုးချင် ပါပြီ ဆိုရင်တောင်မှ ၊
( ၁ ) ခန္ဓာကိုယ် ( ၂ ) ဂုဏ်သိက္ခာ ( ၃ ) အခြေအနေ အရ မလုပ်နိုင် / မလုပ်သင့် တော့ဘူးလေ ။
ဆိုလိုရင်းက ၊ ငယ်ရွယ်စဉ် အချိန်မှာပဲ လုပ်လို့ရတဲ့ ၊ သင့်တော်တဲ့ ကိစ္စတွေ ရှိတယ် ။
( ငယ်နုစဉ် ၊ ရူးရူး မိုက်မိုက် ) အချစ် ဆိုတာလည်း ၊ အဲဒါတွေထဲက တစ်ခုပဲ ။
အဲဒီတော့ ၊ ကိုယ့်ဖာသာကိုယ် ၊ အရမ်းတော့ ထိမ်းချုပ် ထားမနေနှင့် ။
ငယ်နုတုန်း အချိန်မှာပဲ ခံစားလို့ရတာတွေကို ၊ လွတ်လွတ် လပ်လပ် ခံစားပြစ်လိုက်စမ်းပါ ။
ဒီလို ငယ်နုတဲ့ အချိန်တွေ နောက်တစ်ခါ ပြန် မရပါဘူး ။
ချစ် ပစ်လိုက် ။ အချစ်ခံ ပစ်လိုက် ။ အသဲ ကွဲလဲ ကွဲခံ ပစ်လိုက် စမ်းပါ ။
မှား ပစ်လိုက် ။ ဆိုး ပစ်လိုက် ။ လူငယ် ဘဝ မှာ မှားမိ ဆိုးမိတာ အပြစ် မဟုတ်ဘူး ။
အရသာ တစ်မျိုးစီ ၊ အတွေ့အကြုံ တစ်မျိုးစီ ကို ၊ ခံစားပြစ်လိုက်စမ်းပါ ။
တစ်ခုတော့ ရှိတယ် ။
( ၁ ) မှားတာကို ဘဝ ပျက်လောက်တဲ့ အထိ မဖြစ်စေ နှင့် ။
( ၂ ) ဆိုးတာကို ယုတ်မာတဲ့ အဆင့်ထိ မရောက်စေ နှင့် ။
KZ
July 11, 2013 at 7:49 am
ပထမ အရွယ် Got Time, Got Energy but No Money
ဒုတိယ အရွယ် Got Energy, Got Money but No Time
တတိယ အရွယ် Got Money, Got Time but No Energy ဆိုတာမျိုးပေါ့ ဘဖောရယ်..
Ma Ma
July 11, 2013 at 8:40 am
FR ပြောတာမှန်ပါတယ်။
ဒါပေမယ့် အဆုံးထိအောင် ဖတ်ဖို့တော့ အရေးကြီးတယ်။
တချို့သောသူတွေက မှားပစ် ဆိုးပစ်လိုက်တာ တစ်ဘဝစာ။
ပြန်ကို ကောင်းမလာတော့ဘူး။ 🙁
လုံမလေးမွန်မွန်
July 13, 2013 at 11:40 am
ဒီနေရာမှာတော့ နည်းနည်း တစ် ပါတယ် အဘရေ…
မြန်မာမိန်းကလေးဖြစ်နေတဲ့အတွက် မမှားရဲ..မဆိုးရဲပါဘူး… ခေတ်လူငယ်ပီပီ အတိုင်းအတာတစ်ခုထိ လွတ်လပ်ပွင့်လင်းတာက လွဲလို့ တစ်ချို့နေရာတွေမှာ စိတ်အလိုမလိုက်မိအောင် ထိန်းချုပ်မိနေပါတယ်… တန်ဖိုးထားမခံရတော့တဲ့ မိန်းကလေးဖြစ်မှာကို အသေကြောက်လို့ပါ….
အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်
July 11, 2013 at 7:58 am
တနေ့သေကြရမည် .. မသေခင် လုပ်ချင်တာလုပ်ကြ။
လုံမလေးမွန်မွန်
July 13, 2013 at 11:44 am
အသေမဦးခင် ဉာဏ်ဦးအောင် ကြိုးစားအားထုတ်ပါတော့မည်… …. ….
သူကလေး
July 11, 2013 at 9:40 am
အမှန်တော့ ကျွန်မသည် ရယူမှုအပေါ်တွင် သာယာတတ်ပြီး ပေးဆပ်မှုအပေါ်တွင် ထိတ်လန့်တတ်သော ခပ်ဆိုးဆိုး မိန်းမတစ်ယောက်သာ ဖြစ်၏။ ~~
ကြိုက်ချက်ပဲ ချစ်မမမွန်ရေ ~ တကယ်မိုက်ဒလယ် 🙂
လုံမလေးမွန်မွန်
July 13, 2013 at 11:55 am
တူသွားသလား..သူလေး.. 🙂
aung moethu
July 11, 2013 at 4:14 pm
ဘယ်စာရေးဆရာမလည်းဆိုတာ တန်းသိလိုက်တယ်။ ဒါမယ့် ပို့စ်လေးကို ဒိထက် ရသပိုထည့်နိုင်ရင် ကောင်းမယ်လို့ထင်တယ်။ 🙂
လုံမလေးမွန်မွန်
July 13, 2013 at 11:58 am
ကွန်မန့်အတွက် ကျေးဇူးပါ အစ်ကိုရေ…
အဲ့ ရသ ဆိုတာကြီးက ပြဿနာအကြီးကြီး… အနော်..မရေးတတ်တာ..အဲ့ ရသပဲ… 🙂
ဒါမယ့် ရသဆို စာရော..အဆိုတော်ရော ကြိုက်တယ်..
ဦးကြောင်ကြီး
July 12, 2013 at 9:04 am
အခြစ်ဆိုသည်မှာ
ညှစ်လျင်
စပျစ်ရည်အလား
ချိုမြိန်ပေ၏
လစ်လျင်
ကစ်များများပေး
နှစ်တိုင်း
သစ်နေမည်သာတီး….
လုံမလေးမွန်မွန်
July 13, 2013 at 12:00 pm
ခြစ်တာနဲ့ ညှစ်တာ ဘာမှလည်း ဆိုင်ဝူး.. 🙂
โทรศัพท์มือถือ
July 12, 2013 at 12:26 pm
လုံဂရေးရဲ့ အဖြေဆိုတာကို
စိတ်ဝင်တစား ဂရုတစိုက် ဖတ်ရှု့ပီးသကာလ
ဒဂယ်မမှတ်ကြပါနဲ့ဆိုဒေါ့ ဘယ်လိုကြီးလဲဗျ………
ဒါပေသိ
ကွန်မန်းမှာရေးထားကြတဲ့ အရွယ်အစားစုံ ခံစားချက်ယူဆချက်အစုံလေးတွေကို
ဖတ်ရတာ ဗဟုသုတဖြစ်စေပါတယ်………….
လုံမလေးမွန်မွန်
July 13, 2013 at 12:11 pm
တကယ်မမှတ်နဲ့ဆိုတော့လည်း မမှတ်နဲ့ပေါ့ မိုင်းဘိုရယ်..ချို့ကတော့ အတည်မှတ်တယ်တဲ့.. 🙂
လာဖတ်သွားတာ ကျေးဇူးအကြီးကြီးပါ..
စနေ
July 13, 2013 at 2:39 pm
ကျွန်မ၏ ဘဝတွင် ယောက်ျားတစ်ယောက်ကို နေရာမပေးချင်သေး။ ကျွန်မ၏ လွတ်လပ်ခွင့်၊ ကျွန်မ၏ ကြိုးစားခွင့်၊ ကျွန်မ၏ အချိန်များကို ဆုံးရှုံးမှာကြောက်သည်။
အဲဒါကြောင့် နာလဲ ခုထိအမွန့်လို အပျိုကြီးဖြစ်နေတာ ……. 🙂