မိုးခါးရေ
ငါဟဲ့မင်းလောင်း မောင့်ကျက်သရေခေါင်းပေါင်းနဲ့
ထီးဖြူခေါင်းပေါ်ဆောင်းလို့ ကျွေးဟောင်းတွေလျှော်ပစ်မတဲ့။
ငါဟဲ့မင်းလောင်း ဝန်ထမ်းတွေနေရာပြောင်းလို့
မကောင်းမှုတွေဖယ်ကာရှားလို့ နတ်သုဒ္ဒာ နင်တို့စားရမဟဲ့
တိုင်းပြည်ကိုရတနာပုံဆိုက်ရအောင် လုပ်ပေးမယ်တဲ့။
အပြောက ကောင်းကောင်းနဲ့ လှတောသူမျက်ရည်ကျလောက်အောင်
အဆောင်အယောင်ဂုဏ်ရှိန်ကြီးပါဘိ ပုခုံးတစ်ဘက်စောင်း။
ငါဟဲ့သမတလောင်း အခြေအနေဘယ်လိုပြောင်းစေတော့
ယုံကာလေပုံကာအပ်မည်မို့ အတွေးတစ်ချက်ကောင်း။
ကျားသေကိုအသက်မသွင်းလိုဘု မျက်ရည်တွေအခါခါမဆဲသည်မို့
မိုးခါးရေပုံပမာရှိသည်မို့ ယုံပါလို့မပြောလိုပါ
ကြုံလာတဲ့ကံကြမ္မာ ဖန်လာသည်အခါခါပေမို့
ထိုက်တန်သူပြည်သူအပေါင်းအတွက်ပါ
ငါဟဲ့မင်းလောင်း၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
7 comments
အလင်း ဆက်
July 11, 2013 at 10:44 am
အပြိုင် ဆိုင် တော့ ပေါပြီ ဟေ့
ကျွန်တော်လည်း မင်းလောင်း ပဲ ဗျ
😆
DEPARKO DEPARKO
July 11, 2013 at 11:17 am
ဟယ် တကယ်လား
အလင်း ဆက်
July 11, 2013 at 12:00 pm
တကယ်ပါဗျ
ကျွန်တော့်နာမည်လည်း မှတ်ထားဦး
ဘားရက်အိုလင်းဆက်
မဟာရာဇာ အံစာတုံး
July 11, 2013 at 12:53 pm
ကျော်ကဒေါ့ မင်းလောင်း မတိဘူး
လောင်း ဆို ရေလောင်း ဒါနဲ့
အလောင်းကောင်ပဲ တိဒယ် …
ဘိုပဲဖြစ်ဖြစ် …
မင်းလောင်း လည်း အလောင်း ဖြစ်မှာဘာဘဲ …
Ma Ma
July 11, 2013 at 2:32 pm
ကဗျာအဖွဲ့သားတို့ရေ-
ကဗျာအားဖြည့်ဖို့ ဒီမှာ ကဗျာဆရာကဝိဒီပါ တစ်ယောက် ရှိတယ်နော်။ 🙂
DEPARKO DEPARKO
July 11, 2013 at 4:24 pm
မမရေ ကဗျာဆရာလုပ်ချင်ဘူး
ကဗျာရေးရင်ထမင်းငတ်မှာတဲ့
သမ္မတဘဲလုပ်မယ်
မလျှော့ဘူး သမ္မတ ဆိုသမ္မတဘဲ
Ma Ma
July 12, 2013 at 8:13 am
ကျွန်တော်မျိုးမကြီး သေသင့်ပါတယ်။ 😆
သမ္မတဖြစ်ချင်တဲ့ ရည်မှန်းချက်ကိုတော့ ထောက်ခံပါတယ်။ 😀