မောင်မျိုးသန့် ( ရင်တွင်းပျက် )
မနေ့က မမျှော်လင့်ပဲ ငယ်သူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ သီဟ နဲ့ဆုံတယ် ၊
သူနဲ့က တီတီစီမှာ ၃ တန်းကနေ ၁ဝတန်းအထိ အတူတူ တက်ခဲ့တာပါ ၊
ဆိုင်တစ်ဆိုင်မှာထိုင်ပြီး စကားတွေပြောရင်း သူက တစ်ခွန်းမေးတယ် ၊
မျိုးသန့် မင်းဘဝကြီးကို ဒီလိုပဲ ဖြတ်သန်းနေတော့မှာလား တဲ့ ၊
အမ် ငါက ဘယ်လိုဖြတ်သန်းနေလို့တုန်းဆိုတော့
မင်း နေ့စဉ် ဘယ်လိုနေသလဲ တဲ့ ၊
အင်းးးး ငါ မနက် ရ နာရီခွဲ အိပ်ယာထတယ် ၊ ရေမိုးချိုး ယူနီဖေါင်းလဲ အိမ်ကထွက်
မနက် ၈ နာရီ လှည်းတန်းမှတ်တိုင်ရောက်ပြီ ၊ ဘတ်စ်ကားစီး သံလမ်းရောက်ရင် လှိုင်မင်းမှာ လဘက်ရည်သောက် ၊
၁ဝနှစ်လောက် ထိုင်လာတဲ့ဆိုင်မို့ အဖျော်ဆရာက ငါ့တွေ့တာနဲ့ ကျဆိမ့်တစ်ခွက်ဖျော်ပြီးသား ၊
ကားတွေ လူတွေကို ခဏငေး ၊ ၈ နာရီ လေးဆယ့်ငါးမှာ ရုံးထဲဝင် ၊
ဖင်းဂါးပရင့်ဆိုတာကြီးကိုနှိပ် ၊ စားပွဲမှာထိုင် ၊ ကွန်ပြူတာဖွင့် အီးမေးလ်စစ် ၊ လာစရာ မေးလ်ကလည်း ခပ်ရှားရှား ၊
နောက် အားကစားသတင်းဆိုက်တွေဝင်ဖတ် ၊ ရေးစရာရှိတာရေး ၊ ဖေ့စ်ဘုတ်ကလေးမှာ တောင်လုပ်မြောက်လုပ်ကလိ ၊
၁၁ ခွဲရင် ထမင်းဆိုင်ဆီဒိုး ၊ ၁၂ နာရီထိုးပြန်လာ ၊ စာဆက်ရေး ၊ ဆေးလိပ်ကလေးဖွာ ၅ နာရီမှာ ပြန် ၊
လှည်းတန်းဈေးမှာ ဈေးဝယ် ၊ ရပ်ကွက်ထဲက ဆိုင်ကလေးမှာ ခဏတာ အပန်းဖြေ ၊
၆ ခွဲမှာ အိမ်ပေါ်တက် ၊ အမေချက်ထားတာမစားခင် ရေချိုး ၊
၈ နာရီလောက်မှာ ဖိုက်စီးရီး ဖိုက်မူဗီ လျှောက်ကြည့် ၊ ၁ဝ ခွဲ ၁၁ လောက်မှာအိပ် ၊
ဒါ တနင်္လာ ကနေ စနေအထိ ဒီပုံစံပဲလေ ၊
တနင်္ဂနွေဆို ရ နာရီထ ရေချိုးပြီးသွားရင် ဂျန်းရှင်းစကွဲယား အလွန်နားက အခွန်လွတ်ဈေးကိုသွား ကိုယ် စားချင်တာဝယ်
လဘက်ရည်သောက် ၊ အိမ်ပေါ်ရောက်ပြီးရင် ဟိုချက်ဒီချက် ပြီးရင် တီဗီကြည့် ထမင်းစား တီဗီထပ်ကြည့် ( သွားစရာမှ မရှိရှာသူကိုး )
ညနေ ၅ နာရီ အမှိုက်ပစ်ရင်း ဆိုင်ခဏထိုင် ၊ ရ နာရီလောက်ပြန်တက် ၊ ထမင်းစား ၊ အိပ် ၊
ဒါပဲလေ ဆိုတော့ သီဟက အေး ငါပြောတာ အဲဒါပဲ ဘယ်မလဲ မင်းမှာ ပျော်ရွှင်စရာ တဲ့ ၊
သားသမီးတွေ ရှိတာပဲကွာ တစ်ခါတစ်လေ ငါ့သားနဲ့ငါ ကေတီဗီ သွားတယ်ကွာ ဆိုတော့ ဟုတ်သေးပါဘူး တဲ့ ၊
မင်း အရွယ်ရှိသေးတာပဲကွာ နောက်အိမ်ထောင်ပြုသင့်တယ်ကွာ တဲ့ ၊
မြတ်စွာဘုရား လက်စသတ်တော့ မင်း ငါ့ကို အချွန်နဲ့လာမ နေတာပါကလား ၊ ကဲ ငါ ဘယ်သူ့ယူရမတုန်း ဆိုတော့ ရှာပေါ့ တဲ့ ၊
တော်ပါပြီ ဆရာရယ် ရှားရှားပါးပါး သံယောဇဉ်လေး ထားမိပါတယ် ၊
နောက်ဆုံးတော့ ဦးရယ် ဒီဘဝ မဖြစ်နိူင်တော့ပေမယ့် နောင်ဘဝမှာဆုံဖို့ ဆုတောင်းခဲ့ပါတယ် ဆိုတဲ့ စကားနဲ့ပဲ ငါ့မှာ အရှက်ကွဲ ကျန်ခဲ့ရသူပါ ၊
တော်ပါ တန်ပါပြီ ကံကြမ္မာက ပေးလာလို့ ထပ်တွေ့ရင်တော့ မပြောတတ်ဘူး ၊ ကိုယ်ကစ လိုက်ရှာတာမျိုး မလုပ်ပါရစေနဲ့တော့ကွာ ၊
အမေကတော့ ပြောရှာပါတယ် ၊ သားကို တကယ်နားလည်ပေးပြီးချစ်မယ့်သူ ဆို အမေသဘောတူမှာပေါ့တဲ့ ၊
ခက်တာက ငါ့ ကံကို ငါမယုံတော့ဘူး ၊ အချစ်ဆိုတာကို အရူးအမူးဖြစ်နေရမယ့် အရွယ်လည်း မဟုတ်တော့ဘူးလေ ၊
မင်းက အိမ်ပြန်ရင် ဆီးကြိုမယ့် ဇနီးသည် ရှိသလို
ငါ့မှာလည်း ဖုန်းစခရင်ကိုဖွင့်လိုက်တိုင်း ပြုံးပြနေတဲ့ ငါ့ချစ်သူပုံလေးရှိနေတာပဲကွာ ၊
တော်ပြီပေါ့ ၊ ငါ ပျော်ပါတယ်ကွာ အမြဲတမ်း သူက ပြုံးပြနေတာကိုး ။
27 comments
kyeemite
July 11, 2013 at 2:25 pm
ကိုမျိုးသန့်(ရေတွင်းပျက်) ရဲ့ တစ်နေ့တာ အင်တာဗျူးလေးပေါ့ 😆
KZ
July 11, 2013 at 2:26 pm
အပူမရှာပါနဲ့ဗျာ။
လွတ်လပ်တဲ့ ဘဝက ဘယ်လောက်အေးချမ်းတုန်းးးးးးးး
စားချင်ရာစားးးးးး
သွားချင်ရာသွားးးးးးး
ပြောချင်ရာပြော
မျောချင်ရာမျော
သမုဒယ ဆိုတာမျိုးက ဒီ တိုင်းရပ်နေတာမျိုးမဟုတ် ဒုက္ခပါ ပါလာမှာ။
အဲဒီတော့ သမုဒယ နှောင်ကြိုး အသစ်တွေမရှာတာသာ အကောင်းဆုံးးးးး
ဟီးဟီးးးး
အတည်မမှတ်နဲ့နော်။
နေ့ခင်း ရုံးမှာ အိပ်ချင်မူးတူးမို့ ပြောချင်ရာပြောသွားတာ။
Myo Thant
July 11, 2013 at 2:34 pm
သူကျတော့ ရှာနေတာ ဒီက မသိတာမှတ်လို့
( ဟို တစ်စုံတစ်ယောက် ဆိုလား ) 🙂
မဟာရာဇာ အံစာတုံး
July 11, 2013 at 2:32 pm
တိန် !!!
ဟက်လူဂျီးး
အိုက်ဒါ လှည်းတန်း တံတားဂျီး မဟုတ်လား ..
ဘယ်မှလည်း ပြုံးပြနေဘဲနဲ့ …
ခွီခွိ …
တစ်ယောက်တည်းနေ တစ်စိတ်တည်း ထား .. တဲ့ …
အပူ ထပ်ရှာ မနေပါနဲ့တော့ဗျာ …
တော်ကြာ .. ကျုပ်တို့အတွက် အပူတွေ လျော့သွားမှာစိုးညို့ …
Myo Thant
July 11, 2013 at 2:42 pm
အဲဒီတံတားကို မနေ့ညက အိမ်အပြန်မှာရိုက်လိုက်တာ ၊ အချိန်လား ?
ကားတွေဒီလောက်ရှင်းနေမှတော့ မှန်းကြည့်ပေါ့ ၊
အပူ ဆိုတာကလည်း ဘာတဲ့ ဟိုကြော်ငြာ
ပူပူလေးနဲ့ ကောင်းတယ် ဆိုလား 🙂
surmi
July 11, 2013 at 2:55 pm
သူများတွေပြောတာကတော့
ဆယ်ကျော်သက်အချစ်က … စမ်းသပ် ကာလ
နှစ်ဆယ်ကျော်အချစ်က ….. မထိတထိ
သုံးဆယ်ကျော်အချစ်က …… နဲနဲတော့သိလာြပြီ
လေးဆယ်ကျော်အချစ်က …. သေသေချာချာ သိရှိ
ငါးဆယ်ကျော်အချစ်က ….. နက်နက်ရှိုင်းရှိုင်း ဆိုတော့
ရဲဘော် !!!!!! ဆက်လုပ် 🙂 🙂 🙂
Myo Thant
July 11, 2013 at 3:04 pm
ဦးဦးပါလေရာက ဒီအတိုင်းနေ တဲ့
ဦးဆာမိက ဆက်လုပ် တဲ့
ကဲ အရပ်ကတို့ရေ
သားသား ဘာလုပ်ရမလဲဟင် ?
မဟာရာဇာ အံစာတုံး
July 11, 2013 at 3:35 pm
အိုက်လူဂျီး နှီယောက်ကို
အရင်ဆုံး ဖိုက်တင် ပတေးဖို့ ပေါ ..
နိုင်ဒဲ့လူ စကားကို အတည်ယူပလိုက် ..
ဦးဦးပါလေရာ
July 11, 2013 at 2:38 pm
ရေပြင်က တည်ငြိမ်စိမ်းလဲ့နေရင်
ခဲလုံးလေး ကျ မလာတာ ပိုကောင်းပါသဗျာ…
ဆိုတော့ …
ကိုမျိုးသန့်ကို ထောက်ခံပါတယ် လို့..
ဘင်္ဂလားပင်လယ်အော်မှ အသားအမည်းဆုံး ယောင်္ကျားတစ်ယောက်
July 11, 2013 at 3:26 pm
အပူပေါ့ ….
အွန်း ဟုတ်တယ် …
ကျနော်လဲ တလောက အဲ့ အပူကို လိုက်ရှာလိုက်သေးတယ် ….။
ကံကောင်းတယ်ဘဲ ဆိုရမလား
ကံဆိုးတယ်ဘဲ ပြောရမလား ..။
သူပူ မပူတော့ မသိ ကျနော်ပူပီး ကျန်ခဲ့တယ် … ( ခံစားချက်တွေ ပြောတာပါ )
ဆိုတော့ကာ … ကိုယ်က အမှတ်မရှိ အဲ့အပူကို တဂယ်မပူသေး သရွေ့ ရှာချင်နေတော့ ….။
အင်း လူအမျိုးမျိုး စိတ်အထွေထွေ ဘဝအကြောင်းကြောင်း …
ခက်စ်တော့ ခက်စ်နေပါဘီ
🙂
Ma Ei
July 11, 2013 at 3:55 pm
fb မှာ နေ့စဉ်ကြော်ငြာ နေရာက
ခုတော့ ရွာထဲမှာပါ ကြော်ငြာဝင်နေပါရော့လား….
🙂
Myo Thant
July 11, 2013 at 4:27 pm
ကြော်ငြာဝင်တာလည်း မဟုတ်
ကျော်အောင် ညာတာလည်း မဟုတ်ရပါဗျာ ၊
ဒီလိုဘဝမျိုးမှာ ကြုံရတာလေး ရေးမိတာပါနော့ ၊
အပူမရှာချင်လို့လည်း ရ နှစ်ကျော် ဒီလိုပဲ နေနေတာပါ ။ 🙂
ဦး ကြိမ်
July 11, 2013 at 5:22 pm
ကိုမျိုးသန့်…
ကျနော်ကိုတိုင်မဖြတ်သန်ဖူးတဲ့ လမ်းမို့….ပြောမဲ့စကားမှားသွားမလားမသိဘူးဗျာ
သားတွေ သမီးတွေရဲ ့သံယောဇဉ်တွေကိုအသိုက်အမြုံ ဖွဲ့ပြီး ပျော်ရွှင်စရာကောင်းမဲ့အိမ်တခုကိုခိုင်ခံ့အောင်
တည်ဆောက်စေချင်ပါတယ်……..။
အလင်း ဆက်
July 11, 2013 at 6:39 pm
ကျွန်တော်သည်လည်းးးး
နှလုံးလမ်းေဂျောင်းမှာ ကျွန်းတွေရော
ပျင်းဂဒိုးတွေရော ခံနေသူပါကွေ
😆
Foreign Resident
July 11, 2013 at 7:06 pm
” ငါ ပျော်ပါတယ်ကွာ ”
အဓိက က ကိုယ် ကျေနပ်နေရင် ပြီးတာပါပဲ ။
kai
July 12, 2013 at 6:09 am
အဲလိုပြောနေတာကိုက.. မပျော်နေဘူးလို့ထင်တယ်..
ဆိုတော့…
ပူအူ..အေးအေး.. ရှာလိုက်…ရှာလိုက်.. မြန်မြန်…
အဆင်မပြတော့လည်း.. နောက်တယောက်ပေါ့…
လူတယောက်နှစ်၁၀ဝ နေရတာမှ.. မဟုတ်တာနော..
ဘဝအချိန်တိုတိုလေး…
ဦးကြောင်ကြီး
July 13, 2013 at 10:53 am
ပြုံးပြတဲ့
ဂတုံးမ
အုံးခွလို့
ရုန်းထ
ုုမုန်းရသမို့
ဗုံးချ
နုံးလှသဗျို့
ဟုန်းထ…
လုံမလေးမွန်မွန်
July 13, 2013 at 11:57 am
မိန်းမမရှိဘဲ ကလေးရှိတာ ဘယ်လောက်မိုက်တဲ့ ဘဝလဲလို့…
အတွေးမမှားပါနဲ့…အူးလေး.. 🙂
Myo Thant
July 13, 2013 at 12:03 pm
ဗျာာာာာ
ကိုယ်ချင်းစာကြည့်ကွယ်
ဟွန်း မပြောချင်ဘူး ၊ သူရို့ကျတော့ 🙂
ကိုရင်စည်သူ
July 13, 2013 at 2:50 pm
ဪခုမှ သိတယ်.. လေးမျိုးက စင်ဂယ်ဖားသားကိုးးး။
အပူတွေထပ်မရှာပါနဲ့… တားတို့လို အေးချေးလေးနေပီးး
သားသမီးနောင်ရေးအတွက် စိတ်ချရအောင် စဉ်းစားထားပါ။
လေးလေးအတွက်ဆို တားက အသင့်နော်…
Myo Thant
July 13, 2013 at 3:05 pm
လာပြန်ပြီ
ရှိတာက ၂ ယောက်
လိုချင်သူက အံဇာရယ် ကိုကိုကြောင်ရယ် အခု ကရင်စည်ရယ်ဆိုတော့
၃ ယောက်ပတ်လည် ဗိုလ်လုကြတော့ကွယ် ၊ 🙂
ကိုရင်စည်သူ
July 13, 2013 at 3:26 pm
အန်ကယ်လေးလေး… လုစရာလိုဖူးး.. သူတို့က လူပျိုယောင်ဟန်ဆောင်ပီး
ကလေးငါးယောက် ကျိတ်ရှာကျွေးနေတဲ့ ကြောင်နဲ့ အံစာတွေ။ ။
တားက အချဉ်လေးပါ။ ဓါတ်ပျက်မှာဆိုးလို့ ဆားငန်ရေတောင်
မထိဖူးပါဘူး..
Myo Thant
July 13, 2013 at 3:34 pm
ဪ ဒင်းတို့က ဂလိုလား
တော်သေးတာပေါ့ကွယ်
ငါ့သာမီးတွေခမျာ ကြောင်ခြစ်တဲ့ ဒဏ်ရာနဲ့
အံဇာတုန်းလို မျက်နှာ ၆ ဘက်ဖြစ်တော့မလို့ ၊
သရဲမကြောက်တဲ့ စည် လေးကို စဉ်းစားပေးရတာပေါ့ကွယ် 🙂
Mr. MarGa
July 13, 2013 at 5:40 pm
ရင်တွင်းပျက်
အမြင်ချင်းဆက်
ပင်ဂွင်းငှက်
Nyein Nyein
July 13, 2013 at 6:51 pm
ဦးမျိုးရေ.. နေနိုင်ရင်တော့ ဒီတိုင်းနေတာ အကောင်းဆုံးပါပဲ။ အပူမရှာပါနဲ့။ တစ်ယောက်တည်း ဘဝက အကောင်းဆုံးပဲ။ ကိုယ့်အချိန်တွေက ကိုယ့်အတွက်ပဲ။(သားလေးအတွက်လည်းပါမှာပေါ့နော်။)
Myo Thant
July 14, 2013 at 1:08 am
ကျနော်လည်း သိပ်စိတ်မကူးတော့ပါဘူး
ဒါပေမယ့် သဂျီးခိုင်က နားငြီးလို့
တစ်ယောက်ယောက်နဲ့ နေရာချထားပေးမယ် ဆိုရင်လည်း တတ်နိူင်ဘူးပေါ့နော့
အင်းးး အံဇာ သဂျား ကြောင်မိုက်များနဲ့ လွဲရင် ဘာဖြစ်ဖြစ်ပါ ။ 😛
kai
July 15, 2013 at 4:54 am
အလုပ်နဲ့..အကိုင်နဲ့.. တည်ငြိမ်နေတဲ့ဘဝရှိပြီးသားမို့… ယူချင်တဲ့မိန်းမတွေရှိမယ်ထင်ပါတယ်..။
ဘာမှထပ်မံစွန့်စားနေစရာမလို.. တည်ငြိမ်ပြီး… ဘဝအဖေါ်ကို.. လိုချင်သူများရှိမှာပါပေါ့…။
ယောကျာ်း-မိန်းမ ဒီကမ္ဘာမှာတွဲရှိနေတာ.. မျိုးပွားဖို့တခုထဲမဟုတ်တာနော…
ဆိုတော့…
မီးစိမ်းသာပြလိုက်..။ အများးးး ကြီးထွက်လာမှာပါ…။
တခုတော့ရှိပါတယ်..
အရွယ်မရောက်သေးတဲ့.. သားသမီး(ကိုယ့်မှီခိုနေသူများ) ရှိရင်.. သူတို့သဘောလည်း.. မေးပါဦး..။