ဆဲလ်ဖုံး Bill မဲလုံးရွှေ
တယ်လီဖုံး ပြောဆိုခကို ငါးဆယ်ကနေ သိသိသာသာ လျှော့ချမယ်လို့ ဆက်သွယ်ရေး ဒုဝံဂျီး ဦးသောင်းတင် ပေါသွားဒေါ့ စီအန်အန်သတင်းမှာ ဖတ်ရတာလေး သဟုတုဗ အဖြစ် ပိတ်သက်ကျီးကို ဝေငှပါရစေ။ အစိုးရများ ငွေလိုတဲ့အခါ ဆူလွယ်နပ်လွယ် ရှာလို့တဲ့ ဂွင်တခု ဖြစ်ပြီး မြန်မာပြည်မှာလည်း တနေ့တခြား ပီပြင်လာနေတဲ့ ဈေးကွက်ကြီး ဖြစ်လို့နေပါပြီ။ ဝင်ငွေခွန်၊ စည်ပင်ခွန်၊ ပါမစ်ခွန် ဘာညာခွန်တွေ တိုးကောက်ရင် ကုန်ဈေးနှုန်းကို တိုက်ရိုက်သက်ရောက်လို့ တိုင်းပြည်အတွင်း ပူညံပူညံ ဖြစ်လေ့ရှိပေမဲ့ ဒီဆဲလ်ဖုံးခွန်ကတော့ အတော်လေး ညှင်သာ ထိရောက်ပုံပဲ။ ဟုတ်တယ်လေ.. မပေးချင် မကိုင်နဲ့၊ ဖုံးမပေါ်ခင် စာတိုက်ကနေပဲ စခန်းသွားခဲ့ဂျဒါ၊ နောက်တော့ကော လိုင်းဖုံးအသေတွေနဲ့ နှစ်အကြာကြီး နေလာပြီး မိုဘိုင်းလ်ခေတ်ရောက်မှ ဆဲလ်ဖုံးမရှိရင် ဘဝဆုံးပြီနဲ့.. အလဂါး အပိုတွေ။။ ခုဆို ပိုဆိုးသေး.. ဖုံးပြောဖို့တင်မက လက်ကမြင်းဖို့ မျက်စေ့ နားအရသာခံ ကိလေသာထဖို့ အင်တာနက် ဒေတာဆားဗစ်ပါ အပိုထည့်လာတယ်။ ဒီတော့ ပေးပေါ့ဗျာ၊ ပြောဂျတာရှိတယ် “ပေါပေါသုံး များများရှာတဲ့…. ခြိုးခြံခြစ်ခြုတ်စု မနေနဲ့ပေါ့…” ကိုဘေးနွားကင် အယာတိုလာ မာမွတ်ရှာပွတ် ၇၈၆ ခိုမ်မေနီဂျီးကို မေးကြည့်ရင် ပိုသိပါလိမ့်မယ်။ စကားနိဒါန်း အနေနဲ့ ဒီလောက်ပါပဲ….။
ဖွက်ထားတဲ့ ဖုံးဘီလ် ၁၇% “ဆဲလ်ဖုံးဘီလ်ဖိုး ပေးရတာ ဝိုင်ယာလက်စ်ဖုံး ကုမ္မဏီတခုထဲကို မကဘူးဗျို့…”
မြို့ပြ ပြည်နယ် ဖက်ဒရယ် အစိုးရများ၊ အရေးပေါ်နံပါတ် ၉၁၁ စနစ်နဲ့ ခရိုင်ကောင်စီများကနေ သတ်မှတ်တဲ့ အခွန်အခကြောင့် ဆဲလ်ဖုံးအသုံးပြုသူများဟာ ဆဲလ်ဖုံးဘီလ်ရဲ့ ပျမ်းမျှ ၁၇.၂% အပိုဆောင်း ပေးရပါတယ်။ လွန်ခဲ့တဲ့ ၁၅လကဆို ၁၆.၃% ပဲရှိခဲ့တာပါ။
ခုဂဏန်း ရာခိုင်နှုန်း အရောင်းခွန်နဲ့ အကျွမ်းတဝင် ရှိခဲ့တဲ့ ကပ်စတန်မာများအဖို့ အခု ဆယ်ဂဏန်း ရာခိုင်နှုန်း အရောင်းခွန်ဟာ အတော့်ကို ကသိကအောက် ဖြစ်စေပါတယ်။ အခြား အရောင်းခွန်၊ ဝင်ငွေခွန်၊ မြေခွန်တွေနဲ့ မတူတာ ဆဲလ်ဖုံးအခွန် အတော်များများကို ကွယ်ဝှက်ထားလို့ လကုန် ပေးရတဲ့ ဖုံးကြေးအမှန်ကို မကြာခဏ သတိလက်လွတ် ဖြစ်သွားတတ်ကြတယ်။
အဲလိုမဖြစ်သင့်ဘူး…။ ဒေါ်လာ ၆ဝတန် ဖုံးဘီလ်ဆိုပေမဲ့ တကယ်တမ်းမှာ ပျမ်းမျှ ဒေါ်လာ ၇၀.၃၂ ပေးရတယ်။
အမြင့်ဆုံး ဝိုင်ယာလက်စ် အခွန်ချတဲ့ နီဗရားစကား ပြည်နယ်မှာဆို ကပ်စတန်မာတဦးဟာ ဒေါ်လာ ၇၄.၆၉ ပေးရတယ်။ အော်ရီဂွန်ပြည်နယ်က ဖုံးသုံးသူထက် အလားတူ ဆားဗစ်ကိုပဲ တလ ဆယ်ဒေါ်လာ ပိုပေးရတယ်။ အော်ရီဂွန်က အနိမ့်ဆုံး ဝိုင်ယာလက်စ် အခွန်ကောက်ခံတဲ့ ပြည်နယ်ဖြစ်လို့ပါ။
“ဝိုင်ယာလက်စ် အခွန်ပြသနာက အခွန်အခ ကောက်ခံတဲ့ ဥပဒေပြဌာန်းမှု နယ်ပယ် အများအပြား မတူကွဲပြား နေခြင်းပါပဲ” လို့ စီးပွားရေးပညာရှင် စကော့ ဒရန်ကက်ဒ်မှ ထောက်ပြသည်။
ဥပမာအားဖြင့် နယူးယောက်သား တဦးဟာ အခွန်အခ ၁၂မျိုးအထိ ဝိုက်ယာလက်စ်ဘီလ် ဆောင်ရပါတယ်။
ပိုများလာတဲ့ ဝိုင်ယာလက်စ်အခွန်တွေ နောက်ကြောင်းလိုက်ကြည့်ရင် အေတီအမ်တီ ဖုံးကုမ္မဏီကြီး မဖြစ်ခင် “Ma Bell” ခေတ်မှစခဲ့ပြီး လူအများအပြား ဆဲလ်ဖုံးတွေ အသုံးပြုလာတော့ အစိုးရများကနေ ဆဲလ်ဖုံးအခကနေ ကျေးလက် တယ်လီဖုံး ဆက်သွယ်ရေး အခြေခံအဆောက်အဦး ဆောက်လုပ်ရေးမှ ကျခံစေပါတယ်။ အခုဆို အမေရိကန်တွေရဲ့ ဆဲဖုံးလ်ဘီလ် ၅.၈၂% ဟာ နဂိုမူလ ကျေးလက်ဖုံး ဝန်ဆောင်မှုအတွက် ဖွင့်လှစ်ထားတဲ့ ဖက်ဒရယ်ဘုံ ဝန်ဆောင်မှု ရံပုံငွေထဲ ရောက်သွားပါပြီ။
ဖုံးဘီလ်မြင့်တက်လာမှုကို အတိုက်အခံပြုသူ အချို့ကတော့ ပြည်နယ်၊ မြို့တော်နဲ့ အခြားခရိုင် အစိုးရများဟာ အခြားအခွန် တိုးမြှင့်ကောက်ခံလို့ ဖြစ်လာမည့် နိုင်ငံရေး အငြင်းပွားမှုကနေ ရှောင်လွဲဖို့ လက်ရှိ ဝိုင်ယာလက်စ် အခွန်စနစ်ကို ခိုးကြောင်ခိုးဝှက် သုံးနေကြောင်း ဆိုပါတယ်။
ဝိုင်ယာလက်မှရတဲ့ အခွန်ငွေဟာ ပြည်နယ် မြို့တော်နဲ့ အခြားခရိုင်များအတွက် အကြောင်းပြချက် ခိုင်လုံတဲ့ မက်လောက်စရာ ဝေပုံကျ ကာလရှည်စွာ ဖြစ်ခဲ့ပါတယ်။ ဟိုးတုံးကတော့ လူချမ်းသာများနဲ့သာ ဆိုင်တာကိုး၊ အခုအခါ လူတိုင်း ဆဲလ်ဖုံး ကိုင်နေကြလို့ သူဌေးကိုသာ ပစ်မှတ်ထား ကောက်ခံမှုအဖြစ် မပြောနိုင်တော့ပါဘူး။
အရောင်းခွန် မရှိတဲ့ ပြည်နယ်မှာ နေရင်တောင် မြင့်မားတဲ့ ဆဲလ်ဖုံးဘီလ်ဟာ မြင်မားတဲ့ အခွန်နှုန်းတွေကနေ မလွတ်ပါ။ အရောင်းခွန် ကင်းလွတ်ရာ အလက်စကာပြည်နယ်မှာ ဝိုင်ယာလက်စ် အခွန်နှုန်း ၁၇.၉% ရှိနေကာ အဲဒီထဲက ၆%သည် ကျေးလက်တယ်လီဖုံး ဖွံ့ဖြိုးမှု အတွက်ဆိုတဲ့ ကိုရွှေဖက်ဒရယ် ဘုံဝန်ဆောင်မှု ရံပုံငွေထံ ရောက်ပါတော့တယ်။
အခွန်အခနဲရာ နေရာတွေနဲ့ နီးကပ်နေလို့ ဟိုဖက်ကဆဲလ်ဖုံး ဝယ်သုံးလည်း လွတ်မည်မထင်ပါနဲ့။ ၂၀၀၂ခုနှစ် မိုဘိုင်လ်း တယ်လီဖုံး ဆက်သွယ်ရေး အက်ဥပဒေမှာ အခွန်ဆောင်ရမည့် လိပ်စာကို ဆဲလ်ဖုံးကုမ္မဏီကနေ အသုံးပြုသူရ အဓိကအသုံးပြုရာ နေရာကို သတ်မှတ်ဖို့ ပြဌာန်းထားပါတယ်။ စာဖတ်သူက ဝါရှင်တ်မှာနေတယ် ဆိုပါစို့ — ဝိုင်ယာလက်စ်အခွန် ဒုတိယ အများဆုံး နေရာနော် — ဖုံးခွန်အနည်းဆုံးချရာ အော်ရီဂွန်ပြည်နယ်မှာ ဝယ်ခဲ့ပြီး လူလည်ကြ မရတဲ့ သဘောပါ။
အခွန်နှုန်းထား သက်သာလာဖို့ မမြင်မိပေမဲ့ ဝိုင်ယာလက်စ် အခွန်အခနှုန်းထား မြင့်တက်လာမှု မကြာင်ခင် ရပ်ဆိုင်းသွားဖွယ် ရှိပါတယ်။ ကွန်ဂရက်ကနေ နှစ်ပါတီစလုံး ကြီးမှူးပြီး သင့်တော်မျှတ ဝိုယ်ယာလက်စ်အခ အက်ဥပဒေ နှစ်ရပ်ကို ရေးဆွဲနေလို့ပါ။ အခွန်တွေ လျော့ကျမှာ မဟုတ်ပေမဲ့ ပိုများမလာဖို့ အဟန့်အတား ဖြစ်စေပါလိမ့်မယ်။
“လိုအပ်နေတာ ဒီသောက်သုံးမကျ ဘော်ချက်တဲ့ အခွန်မူဝါဒကို မြေလှန်ပြုပြင်ဖို့်” လို့ တယ်လီကွန်အသင်း အစိုးရ မူဝါဒရေးရာဆိုင်ရာ ဒုတိယဥက္ကဌ ဦးလက်သမား Carpenterမှ ပြောဆိုလိုက်ပြီး တဆက်ထဲတွင် အဲလို မပြင်နိုင်ခင် ဆီလိုအပေါက်ရှာ အခွန်ချနေမှုကို ရပ်ပစ်ရမှာဖြစ်ကြောင်း သတိပေးသွားသည်။
The hidden 17% tax: Your cell phone bill
NEW YORK (CNNMoney)
Your wireless carrier isn’t the only one pocketing money when you pay your cell phone bill.
Local, state and federal governments, 911 systems and even school districts tack on taxes and surcharges to your wireless bill that end up costing American cell phone customers an extra 17.2%, on average, according to the Tax Foundation. That’s up from 16.3% fifteen months ago.
For consumers accustomed to single-digit sales taxes, these double-digit fees can appear unusually burdensome. But unlike sales, income or property taxes, wireless taxes remain largely hidden — tacked on to the end of your monthly wireless bill and often ignored.
They shouldn’t be. A $60 cell phone bill actually costs the average customer $70.32.
In Nebraska, which has the country’s highest wireless tax rate, customers would pay $74.69 each month for a $60 cell phone bill. That’s $10 per month more than customers in Oregon would spend for the same services. Oregon has the nation’s lowest wireless tax rate.
“The problem with taxes on wireless is so many different jurisdictions impose taxes and fees,” said Scott Drenkard, an economist with the Tax Foundation.
Related story: What an Internet sales tax will cost you
A wireless customer who lives in New York, for instance, could have up to 12 different taxes and surcharges show up on his or her wireless bill.
High wireless taxes date back to the “Ma Bell” days of AT&T (T, Fortune 500), when few Americans had cell phones and various governments saw wireless surcharges as a way to support expensive services, such as rural telephone infrastructure build-outs. Every American today pays 5.82% of their cell phone bill to the federal Universal Service Fund, which originally paid for those rural phone services.
Some opponents to the current wireless tax structure argue that states, cities and other districts see cell phone bills as an undercover way to dodge the political fallout of raising other taxes.
“Wireless taxes have long been a fairly frictionless way for states and cities to get revenue,” said Jot Carpenter, vice president of government affairs at telecom industry association CTIA. “It used to be a tax on the wealthy, but now that most people have cell phones, it’s hard to say it’s just targeting the rich now.”
Even living in a state with no sales tax doesn’t save you from having to pay high taxes on your cell phone bill. Sales-tax-free Alaska has a higher-than-average 17.9% tax rate on wireless services, thanks in large part to its hefty 6%, state-imposed Universal Service Fund tax to support rural telephone services.
Related story: Watch out bullies and slow drivers, you’re about to get fined
People in a high-tax state bordering a state with low fees can’t escape by buying a phone across the border. The Mobile Telecommunications Sourcing Act of 2002 demands that taxes be levied at the address that the cell phone company determines to be a customer’s “place of primary use.” So if you live in Washington — the state with the nation’s second-highest wireless tax rate — it doesn’t necessarily pay to buy your next phone in Oregon, which has the lowest rate in the country.
Relief probably isn’t coming any time soon, but wireless taxes may soon stop spiking. Two versions of a “Wireless Tax Fairness Act” that are floating around Congress have garnered bipartisan support. Though the act wouldn’t lower taxes, it would place a moratorium on raising them.
“What needs to happen is an overhaul of this poorly thought-out tax policy,” Carpenter said. “But before you can fix it, you have to stop digging the hole.”
11 comments
မင်းမင်း
July 12, 2013 at 10:36 am
ဦးကြောင်ရေး တမိနစ်ငါးဆယ်ကနေလျော့
ချမယ်ဆိုကြိုဆိုပါတယ်ဗျာ။
အင်တာနက်သုံးခကိုမလျော့ချင်နေပါ။
လိုင်းကောင်းအောင်တော့လုပ်ပေးစေချင်ပါတယ်။
ကျန်တဲ့ us ကဖုန်းဘေလ်တော့ ဗဟုသုတ
ဖတ်သွားပါတယ်(သိပ်တော့နားမလည်ဘူး :mrgreen:)
မဟာရာဇာ အံစာတုံး
July 12, 2013 at 11:22 am
နောက်ဆုံးဒဒင်းများအရ …
ဖုန်းဘီလ်အား တစ်မိနစ် ၅ဝ မှ …
၄၉ ကျပ် ၉၉ ပြားသို့ လျှော့ချတော့မည်ဟု သိရသည် …။
မောင်ထက်ကြီး(မုံရွာ)
July 12, 2013 at 1:26 pm
အဲဒီလောက်ကို လျှော့ပေးမှာလား မီနစ် ၁၀ဝ ဆိုရင် ၁ ကျပ်သက်သာနေပြီ မဆိုးဘူးဗျ …..
Yin Nyine Nway
July 12, 2013 at 11:56 am
2014 မှတဲ့ မျှော်တော်ယောင်ရအုံးမှာမလား လေးလေးကြောင်
ဦးကျောက်ခဲ
July 12, 2013 at 12:09 pm
တကယ်တော့ဗျာ အဲသည့်ဆဲလ်ဖုန်းဆိုတာ ကောင်းကျိုးထက် ဆိုးပြစ်ပိုများနေသလားလို့…
အလုပ်က ဖုန်းပေးရင် အဲဒါ ခလောက်ဆွဲပြီလို့ ခေါ်တယ်ခင်ဗျ…
နောက်ပြီး ချစ်ချစ်က “စပရိုက်ချက်” ဝင်လို့ ဂိသွားတဲ့သူတွေလည်း မနည်းဘူး…
ပိုက်ပိုက်လည်းကုန်သေး ဆိုတော့…
ဖိုးလျှာရှည်… မယ်လျှာရှည်များ မွဲဖို့သာပြင်ထား… အား ဟိ
ကထူးဆန်း
July 12, 2013 at 12:42 pm
ဦးကျောက် က ကိုယ်တွေ့ ရေးနေကြသူ နော ်…
ဦးကျောက်ခဲ
July 12, 2013 at 1:21 pm
ဟမ်မရေး… ဆြာကိုထူးဆန်း…
ကျောက်စ်ကိုယ်တွေ့ မဟုတ်ရပါဘူးခင်ဗျ…
ဘော်ဘော်များရဲ့ အဖြစ်ပါ… ဟီးဟီး
surmi
July 12, 2013 at 1:30 pm
လွယ်ပါတယ်
ဗမာပြည်မှာက အေယိရာ ပြင်ပဖြစ်နေကျဆိုတော့
ဘက်ထရီသာဆွဲဖြုတ်ထားလိုက် 🙂 🙂
•*¨နန်းတော်ရာသူ •*¨
July 12, 2013 at 1:52 pm
ဖုန်းက၅ဝမို့၄ကျပ်တန် အင်တာနက်ပဲသုံးတယ်။
ကျိရတာ ဒတ်တစ်ယောက် အူရီဒူးမှာဝင်လုပ်နေတာလား :p
အလင်း ဆက်
July 12, 2013 at 5:54 pm
တစ်မိနစ် ၅ဝ ကနေ လျော့တာကိုပဲ လောလောဆယ် ကျေးဇူးတင်အုန်းမယ် ဟာ
ရေ ရှည်ကို ကျိရိုးထုံးစံမရှိသူ ပီပီ
မောင် ပေ
July 18, 2013 at 8:13 pm
တစ်ခုရှိသေးသဗျ
ဖုန်းဘီလ် ငွေဖြည့်ကဒ် ထဲ ပါတဲ့ ကုဒ် (ခ) ဂဏန်းများကို ထည့်ရာမှာ
error ဖြစ်ပြီး တစ်ပြားတစ်ကျပ်မှ ဘီလ်ထဲ မဝင်လို ့ လွှင့်ပစ်ရတဲ့ ငွေဖြည့်ကဒ်တွေ ကိစ္စကိုလဲ
ဘယ်သူမှ မရှင်းပေးဘူးဗျ
တာဝန်ယူမှုတွေ ကောင်းပုံများဗျာ