တက်မိတဲ့သင်တန်း
အခုတလောကျွန်မတော်တော်လေးဒေါသတွေထွက်နေရတယ်။ ကိုယ်က ပဲ အဆိုးမြင်နေတာ လား။ လူတွေကပဲ စေတနာမပါတာလား။ ကိုယ်ကပဲ မဟုတ်မခံတာလားတော့ မသိတော့ပါဘူး။ က ကျွန်မလွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်က နာဂစ်မဖြစ်ခင်က မုန့်ဖုတ်သင်တန်းတက်ခဲ့ပါတယ်။ အခြေခံကော အဆင့်မြင့်ရောပေါ့။ အဲတုန်းကတော့ စက်တွေရှားပါနေတုန်းမို့ လက်နဲ့ပင်ပန်းတကြီး လုပ်ခဲ့ရပါတယ်။ ပေါင်မုန့်၊ ကိတ်မုန့် အပါအဝင်မုန့်အားလုံးကိုပေါ့။ ကျွန်တို့ အခြေခံမှာ မုန့် ၁၅ မျိုး၊ အဆင့်မြင့်မှာ မုန့် ၁၅ မျိုးသင်ပါတယ်။ ဆရာတွေရဲ့စေတနာနဲ့ လုပ်ရင်းပိုပိုသင်ပေးလို့ အားလုံးအ မျိုး ၄ဝ လောက်ရခဲ့ပါတယ်။ တကယ့်ကိုအတတ်သင်ပါတယ်။ အခြေခံ၊ အဆင့်မြင့် ပေါင်းတလ။ မနက် ၉ ညနေ ၃ တနေကုန်ထမင်းဘူးနဲ့တက်ခဲ့ရပါတယ်။ ကိုယ့်အစုနဲ့ကိုယ် ကိုယ့်မုန့်ကိုယ် တာဝန်ယူလုပ်ရပါတယ်။ တစုမှာလေးယောက်လို့ထင်တာပဲ။ သိပ်မများဘူး။ ဆရာတွေက သူတို့ ထိပ်ကနေ သူတို့မုန့်သူတို့လုပ်ပြတယ်။ ကျွန်မတို့ကလဲ ကိုယ့်အဖွဲ့နဲ့ ကိုယ် နောက်ကလိုက်လုပ်။ မုန့်ပျက်လဲရတယ်။ ပျက်တာပေါ့ ပေါက်ကရလုပ်တာကိုး။ တတ်မှမတတ်ပဲဟာ။ ပြီးမှဆရာတွေကလိုက်ကြည့် လိုအပ်တာပြော။ ဘာမှားတယ်။ ဘာလိုတယ်သင်ပြပေါ့။ ဆရာစား လုံးဝမချန်ပဲ မုန့်တခုရဲ့ အရေးကြီးဆုံးလျို့ဝှက် ချက်တွေပါပြောခဲ့ပါတယ်။ ဘာလုပ်ရင်မုန့်ပျက်မယ်။ ဘာလုပ်ရင်မုန့်ပို ကောင်းမယ်။ ရောင်းတန်းဆိုအချိုးဘယ်လို ဘာလေးထည့်ဆိုတာကစလို့ အသေးစိတ်ပြောပြ ခဲ့ပါတယ်။ ကျွန်မလဲ စီးပွားဖြစ်မလုပ်ဖြစ်သေးပေမဲ့ အိမ်မှာတော့ ကိုယ့်ဟာကိုယ် လုပ်စားဖြစ်ပါတယ်။ အခုနောက်ပိုင်းစက်တွေပေါ်လာတော့ စက်တွေနဲ့မို့မကြာ ခဏလုပ်စားဖြစ် ပါတယ်။ ရောင်းတန်းဝင်အောင်ထိကျွမ်းကျင်လာခဲ့ပါတယ်။ အခုတလော သုံးလေးလလောက်အလုပ်တွေရှုပ်ပြီး ဘာမုန့် မှအိမ်မှာမလုပ်ဖြစ်ခဲ့ဘူး။ အလုပ်နဲနဲလဲအားရော မုန့်ရောဂါပြန်ထလာပါတယ်။ မုန့်ပြန်ဖုတ်မယ်ပေါ့။
အဲဒီအချိန်မှာပဲ YWCA မှာ အဆင့်မြင့်မုန့်သင်တန်း ငါးရက်တဲ့ဆိုတော့ ကိုယ်ကတွေးလိုက်တာက ငါတို့သင်တာတလကိုတနေကုန်သင်ရတယ်။ အခုက အဆင့်မြင့် ငါးရက်ထဲဆိုတော့ နောက်ပီး မနက် ၉ ကနေ ၁၂ နာရီထိဆိုတော့ တော်တော်အဆင့်မြင့်မှာပဲပေါ့။ ( မုန့်သင်တာက ငါးရက်ဆို တတ်မှမတတ်ပဲဟာ )။ မေးလဲမမေးပဲ ကိုယ့်အတွေး နဲု့ကိုယ်ပေါ့။ ကိုယ်ညံ့တာပါ။ နောက်ဈေးနှုန်း ကလဲ တရက်တသောင်းနီးပါးဆိုတော့ ဒါမွန်းမံသင်တန်းပေါ့။ အဆော့တက်ကိတ်လဲပါမယ် ဆိုတော့ ပန်းဖေါ်နည်းလဲပါမယ်ပေါ့။ ကိုယ့်ဟာကိုယ်လူတတ်ကြီးလုပ်တာ။ အဲဒါနဲ့ အသိကိုလှမ်း ဖုန်း ဆက်ပြီး အပ်လိုက်ပါပေါ့။ သူကလဲ အပ်လိုက်တယ်ပေါ့။ မနက် ၉ နာရီအရောက်လာပါပေါ့။ အဲဒါနဲ့တက်ရမဲ့ရက်ရောက်တော့ သွားတာပေါ့။ ရောက်တော့ အခန်းနေအထား စားပွဲအနေအထား နဲ့ တက်တဲ့လူနဲ့ကြည့်လိုက်တော့ စိတ်ထဲမှာတမျိုးဖြစ်သွားတယ်။ ဒါပေမဲ့အဆင့်မြင့်ဆိုတော့ နေရာမလိုဘူးပေါ့။ အဲလိုပဲတွေးလိုက်တယ်။ ခဏနေတော့သင်မဲ့ဆရာမနှစ်ယောက်ရောက်လာ တယ်။ မိတ်ဆက်ကြတယ်ပေါ့။ သင်တန်းသားတွေလဲမိတ်ဆက်ပေါ့။ ကိုယ်လဲနီးစပ်ရာစပ်ရာမိတ် ဆက်တော့မှ လုံးဝမတတ်သေးတဲ့သူတွေတက်တာဖြစ်နေတယ်။ အရမ်းအံ့ဩသွားတယ်။ ဘယ်လိုများသင်မှာပါလိမ့်ပေါ့။ ငါတော့မှားပြီလို့ခံစားလိုက်ရတယ်။ ခဏနေတော့ သင်မဲ့စာရွက်က လေးတွေလာဝေတယ်။ အဲဒီမှာ အကြီးအကျယ်ခံလိုက်ရပြီဆိုတာသိလိုက်ရတယ်။ စာရွက်ထဲမှာလုံးဝကိုမပြည့်မစုံရေးထားတယ်။ စာအုပ်တောင်မဟုတ်ပဲ စာရွက်ကော်ပီ ကလေး တွေဖြစ်နေတယ်။ စတက်ပလာလေးနဲ့ချုပ်ထားတယ်။ ရေးထားတာကလဲ ပါဝင်ပစ္စည်းတွေကို အဖြစ်ကလေးရေးထားတာတွေ့ရတယ်။ ( လုံးဝမတတ်သေးသူတွေကတော့မသိပေမဲ့ တတ်ပြီး သားကျွန်မကတော့သိလိုက်တယ် )။ လုပ်နည်းကလဲ ဂျုံ၊ သကြား၊ ထောပတ်ထည့်မွှေပါ။ မိနစ်နှစ်ဆယ်နှပ်ထားပါ။ ပုံဖော်ပါ။ ဖုတ်ပါ ဆိုတာထက်ပိုမရေးထားပါဘူး။ အဲဒါနဲသင်မယ်လာပါဆို တော့အားလုံး ၈ ပေ ၄ ပေလောက်ပဲကျယ်တဲ့စားပွဲမှာ လူ ၃ဝ လောက်ဝိုင်းလိုက်ပါတယ်။ ရှေ့ကလူပဲမြင်ရပြီးနောက်ကလူတွေမမြင်ရတော့ပါဘူး။ အဲဒီမှစတွေ့တာပါပဲ။ သူတို့ကလုပ်မဲ့ပါဝင် ပစ္စည်းတွေကို အိမ်ကတဲက ချိန်တွယ်ပြီးပေါင်းထည့်လာပြီးသား။ အဲဒါလေးဇလုံထဲထည့် ပွအောင်မွှေလိုက်တဲ့။ ဘာပါလဲဆိုတာစာရွက်ထဲမှာရှင်းအောင်မရေးထားသလို သူဘာတွေစပ် လာလဲ အလေးချိန်ဘယ်လောက်လဲဆိုတာလဲရှင်းအောင်မပြောပါဘူး။ ထောပတ်သုံးမျိုးပေါင်း ထည့်လာတာကျွန်မသိပေမဲ့ တခါမှ ဘာဆိုဘာမှမသိတဲ့သူတွေကဘာတွေမှန်းမသိလိုက်ပါဘူး။ မေးတော့လဲအပေါက်ကဆိုးသေး တယ်။ သေချာမဖြေပါ ဘူး။ နောက်ပီးသူတို့မုန့်တိုက်ကမုန့်ဆရာ ခေါ်လာပြီးသူချည်းလုပ်သွားပါတယ်။ သင်တန်းသားတွေလုပ်တာမှားရင် နင်တို့ငါ့မုန့်ကိုဖျက်စီးနေ တာလားဆိုပြီးတွန်းထုပ်ပြီး သူတို့ကိုယ်တိုင်လုပ်ပါတယ်။ ဘာလို့လဲဆိုတော့ မုန့်ထွက်လာရင် ရောင်း စားရအုံးမှာမို့သူတို့မုန့်ပျက်လို့မဖြစ်ပါဘူး။ မုန့်သင်တန်းဆိုတာ အခြေခံဖြစ်တဲ့ ဂျုံ၊ ထော ပတ်၊ ပွဆေးတွေအကြောင်းရှင်းပြရမှာကိုလုံးဝရှင်းပြတာမကြားလိုက်ရဘူး။ နောက်မုန့်လုပ် တဲ့နေရာမှာ လျိူ့ဝှက်ချက်ကလေးတွေရှိတယ်။ အဲဒါလေးတွေမှားရင် မုန့်ပျက်တတ်တယ်။ အဲဒါလဲ လုံးဝမပြောပါဘူး။ ပေါင်မုန့်ကျစ်သွားတာ။ ကိတ်မုန့်စီးသွားတာ အဲဒါလေးတွေက သေးသေးမွှား မွှား အမှားလေးတွေကနေဖြစ်တာပါ။ ဒါကို သင်တန်းမှာအဓိကထားပြောပေးရမှာပါ။ လုံးဝမပြော ပါဘူး။ ကျွန်မလေ ပိုက်ဆံနှမျောလို့သင်တန်းနေ့တိုင်းသွားတက်နေပေမဲ့ ဒေါသတွေထွက်တာ ကလဲနေ့တိုင်းပါပဲ။ တကယ့်ဆို သင်တန်းရောက်မှ သင်တန်းသားတွေရှေ့မှာ ဂျုံဘယ်လိုချိန်၊ ထောပတ်ဘယ်လိုချိန်၊ ဆိုပြီးချိန်ပြရမှာပါ။ နောက် ဂီးဆိုတာ မုန့်ကိုဘယ်လိုအကျုးိပြုတယ်။ Butter ဆိုတာဘယ်နှစ်မျိုးရှိပြီးဘယ်မုန့်မှာ ဘယ် Butter သုံးရမယ်။ ဂျုံဆိုလဲ ဘယ်မုန့်ကို ဘယ်ဂျုံသုံးရမယ်။ ပွဆေးဆိုရင်လဲ ယိစ့်ကဘယ်လို၊ ဘေကင်၊ ဆော်ဒါ၊ အာမိုးနီးယား ဘယ်မုန့်မှာ ဘယ်လိုသုံးရမယ်။ ကောင်းကျိုးဆိုးကျိုးဘယ်လိုရှိတယ်ဆိုတာ သင်ကိုသင်ရမှာပါ။ လုံးဝမသင် ပါဘူး။ နောက်ကိုယ်သုံးမယ့် ပစ္စည်းတွေကို သက်တန်းကုန်မကုန်စစ်နည်း အဲဒါတွေကလဲ မသင် မဖြစ်သင်ရမှာပါ။ သူ့ဆီမှာ မုန့်ဆရာသွားလုပ်ရင်တော့ ပညာချန်တာနားလည်နိုင်ပေမဲ့ အခုက သူ့ပညာကို ပိုက်ဆံပေးတက်တာမို့ ပညာကုန်သင်ပေးရမယ်လို့ကျွန်မခံယူပါတယ်။ တန်ရာတန် ကြေးထက်ပိုယူထားပါတယ်။ တနေ့တသောင်းနီးပါးဆိုတာ တန်အောင်သင်ပေးသင့်ပါတယ်။ ဒီလိုဆရာစားချန်တာမျိုးကိုတော့ လူပါးဝတယ်လို့ခံစားရပါတယ်။ ပိုက်ဆံလဲနင့်နေအောင်ပေးထား ရသေးတယ်။ အပေါစား ပစ္စည်းတွေနဲ့လုပ်ထားတဲ့မုန့်ကို လဲ ဈေးကြီးပေးပြီးပြန်ဝယ်ရသေးတယ်။ ဒီမှာလုပ်ပြတာနဲနဲပဲလုပ်ပြပြီး အိမ်ကနေအားလုံးလုပ်ယူလာတာဟာ ကျွန်မတို့ကိုစော်ကားတာပဲလို့ ခံစားရပါတယ်။ အိမ်ကလုပ်လာတဲ့ဟာကိုလဲရှင်းလင်းအောင်မပြောပြပါဘူး။ နောက်ဆုံးနေ့ ကျတော့ သူတို့သင်တန်းဆင်းလက်မှတ်ဟာ နိုင်ငံတကာအဆင့်မှီ တယ်တဲ့။ အဲဒါနဲ့ဘယ်နိုင်ငံက မုန့်ဖုတ်သင်တန်းနဲ့များ Join ထားလို့လဲပေါ့။ ကြည့်လိုက်တော့ သူတို့ ညီအမလက်မှတ်ရယ်။ YWCA ကျောင်းတံဆိပ်ရယ်ကလွဲလို့ဘာမှမပါပါဘူး။ ထားပါ YWCA မို့နိုင်ငံတကာကလက်ခံ တယ်ပဲထား။ လက်မှတ်ကြီးရပြီး ပေါင်မုန့်လေးတောင်ဖြောင့်အောင် မဖုတ်တတ်ရင်နိုင်ငံခြားမ ပြောနဲ့ ပြည်တွင်းမှာတောင်အလုပ်ရမှာမဟုတ်ပါဘူး။ အဲလိုရိုက်စားသင်တန်းမျိုးတွေ ဒီနိုင်ငံမှာ ဘယ်လောက်တောင်များနေပါလိုက်သလဲလို့။
အဲဒီသင်တန်းလာတက်တက်သူအများစုက ထောပတ်ဆိုရင် Mother Choice ကလွဲလို့မသိ တဲ့သူတွေအများကြီးပါ။ ဂီးထောပတ်ဆိုတာအခု မှကြားဖူးပြီးမြင်တောင် မမြင်ဖူးတဲ့သူတွေပါပါတယ်။ အဲဒါတွေကိုလုံးဝပြောမပြပါဘူး။ ပွဆေးအကြောင်းတွေသိဖို့ဆိုတာအဝေးကြီးမှာပါ။ လုံးဝကိုရှင်းပြမပေးပါဘူး။
ကျွန်မကတော့ ကိုယ်သိထားတာအားလုံးကိုဆရာစားမချန် အဲဒီသင်တန်းကနီးစပ်ရာ ခင်မင်မိသူ တွေကို သင်ပေးခဲ့ပါတယ်။ ဆရာမတွေကတော့မျက်စောင်းတခဲခဲနဲ့။ ကျွန်မကလဲတခါတရံရွတ် ရွတ်ပြီးသွားမေးရင်ဖြေတော့ဘူး။ ဆောင့်အောင့်နေတယ်။ ရီရတယ်။ ကျွန်မများမှားသွားလားမသိဘူး။ ဟီဟိ။
40 comments
အရီးခင်လတ်
July 14, 2013 at 2:14 pm
မမှားပါဘူး။
ဒီလို လူမျိုး တွေ အများကြီး လိုနေတာ သဲနု ရေ။
TNA
July 14, 2013 at 5:53 pm
မတတ်တဲ့သူတွေကို ကိုယ်ချင်းစာလို့ပါအရီးရေ။ သူတို့မှာ ပိုက်ဆံလဲအများကြီးပေးရသေး။ အချိန်လဲပေး ရ သေး။ ဘာမှရမသွားဘူးဆို ဖြစ်မှာစိုးလို့ တခုခုတော့ရပါစေဆိုပြီး သူတို့မသင်လဲငါသင်မယ်ဆိုပြီးလုပ် ခဲ့တာပါအရီးရေ။ သူတို့ဈေးကွက်လဲကိုယ်မလုခဲ့ပါဘူး။ သူတို့လူလည်ကျတာမခံချင်လွန်းလို့ပါ။ အားတော့ နာပါတယ်။ ဒါပေမဲ့လဲလာတက်တဲ့ကလေးတွေကိုတတ်သွားစေချင်တယ်။
အလင်း ဆက်
July 14, 2013 at 4:46 pm
သင်တန်းတွေမှာလည်း
အဖြစ်တွေ မျိုးစုံ ရှိနေတာပါလားးး
=======
ဆရာစားချန်တယ် ဆိုတာ
မရင့်ကျက်တဲ ့စိတ်ထားကနေ လာတာ ထင်တယ်နော်
TNA
July 14, 2013 at 5:54 pm
စုံတယ်အလက်ဆင်းရေ။ ငါလဲသင်တန်းတွေအများကြီးတက်ဖူးပါတယ်။ ဒါပေမဲ့ဒီလောက်စေတနာမပါတဲ့ သင်တန်းဒီတခါပဲတက်ဖူးတယ်။ အံ့ဩရောပါဟ။
naywoon ni
July 14, 2013 at 9:37 pm
သင်တန်းဆိုမှတော့ သင်တန်းလောက်ပေါ့ …..။ ရန်ကုန်မှာတောင် အဲဒိလိုသင်တန်းတွေရှိတယ်ဆိုရင် နယ်မှာ ပိုပြီးဆိုးတာပေါ့ …..။ အနော်ကတော့ ခုတစ်လော ဘာသင်တန်းမှအထင်မကြီးဘူး ပိုက်ဆံ ညာတောင်းတဲ့နေရာလို့ပဲမြင်နေတယ်….။ သက်ဆိုင်ရာတွေက ကြပ်ကြပ်မတ်မတ်နဲ့ မှတ်ပုံတင်ချပေးရင်ကောင်းမယ်…။ ဒါပေမဲ့ လူတစ်ချို့ကလည်းဒီလို ညာမဲ့သူတွေပဲလိုက်ရှာနေကြတယ် ဆိုးတယ်နော်
TNA
July 15, 2013 at 10:58 am
ဟုတ်တယ် တချို့ကလဲလက်မှတ်ရပီးရောဆိုတဲ့သူတွေရှိနေတယ်။ တော်တော်ဆိုးပါတယ်။
kai
July 15, 2013 at 1:53 am
မြန်မာတွေအဂ္ဂိယတ်ထိုးပြီး.. ဖုန်းဒိုင်းအုံးဂွမ်း.. တန်ခိုးဆိုပြီး.. အာရွှီးနေချိန်… အနောက်နိုင်ငံတွေက.. အဂ္ဂိယတ်ကနေ.. ဓာတုဗေဒဘာသာရပ်အဖြစ်.. ဓါတ်သတ္တုတွေစနစ်တကျရှာတွေ့သွားကြတယ်…
အဂ္ဂိယတ်ဆရာ.. ဥပမာ..ပုဂံခေတ်က.. ရှင်အဇ္ဇဂါဏလိုပေါ့..
သူ့နည်းပညာကြီးဆရာစားချန်လိုက်တာ.. လူတွေ.. ဆိတ်နွားမျက်လုံးတတ်မရတော့ဘူးပေါ့…။
ရွေ၂ပိဿာကနေ.. ၁ပိဿာဖြစ်နည်း.. အဲ..အဲ.. ပြဒါးကရွှေဖြစ်နည်းတွေ မသိတော့ဘူးပေါ့…
ဘာကြောင့်လည်းသိလား…
အဲဒီဆရာစားဆိုတာကြောင့်ပဲ..
ဆရာစားချန်တာဘယ်ကလာသလည်းဆိုတော့… အနန္တော အနန္ဒကလာတယ်…
အနန္တော အနန္ဒဆိုမှတော့.. ဆရာကိုတန်းတူထား… စကားမေးမရ.. ထိုင်သာကန်တော့နေပေတော့…ပေါ့…။
ဆရာပေးရင်ယူ… နိုးဘလိမ်း.. နိုးကလိမ်း…။
အနန္တော အနန္ဒကြီးပါဆိုမှ…
ဦးကြောင်ကြီး
July 15, 2013 at 7:58 am
သဂျီးတို့လို မိစာ္ဆဒိဋ္ဌိတွေ လက်ထဲ အဂိ္ဂရိတ်ပညာ ရောက်သွားမှာစိုးလို့ နေမှာပေါ့ဗျာ… ကိုယ့်ဖာသာကိုယ် နွားကင်စား ဘီယာမူး အိပ်နေပါဗျာ… ဂန္ဓာရီစခန်းဆိုတာ သိပ်ဝေးလွန်းတယ်… 😛
surmi
July 15, 2013 at 9:56 am
သဂျီးကဘည်း စကားအတင်းစပ်ပြီးလှော်တော့တာဘဲ 🙂
ကဲပါလေ …ဒီလိုလုပ်ဗျာ
မသဲနုကိုယ်တိုင် စေတနာ မုန့်လုပ်နည်းသင်တန်း ဆိုြပြီး ဖွင့်ဗျာ
ကျုပ်လာတက်မယ် 🙂
TNA
July 15, 2013 at 11:00 am
တကယ်တက်မလားကိုဆာမိ။ တကယ်ဖွင့်လိုက်မနော်။ မတက်လို့ကတော့အိမ်ရှေ့က လာ အော်မယ်။ သဂျီးပြောဒါတော့တခုထောက်ခံတယ်။
ဆရာကိုတန်းတူထား… စကားမေးမရ.. ထိုင်သာကန်တော့နေပေတော့…ပေါ့…။
ဆရာပေးရင်ယူ… နိုးဘလိမ်း.. နိုးကလိမ်း…။
အဲဒါလေးတော့မှန်တယ်။
Ma Ma
July 15, 2013 at 2:43 pm
သဲနုအေးရေ-
သင်တန်းဖွင့်ဖြစ်ရင် တပည့်၂ယောက်ရပြီလို့သာ သဘောထားလိုက်။
🙂
ဒါ့ထက် မုန့်လုပ်နည်းတတ်ချင်သူတွေအတွက် ပထမတက်ခဲ့တဲ့ သင်တန်းနာမည်နဲ့ လိပ်စာလေးပါ ရေးပေးရင် ပိုကောင်းမယ်နော်။ 🙂
TNA
July 15, 2013 at 3:28 pm
မမရေ ပထမတက်တဲ့သင်တန်းက ဘောင်ဒရီမှာပါ။ ဆရာနှစ်ယောက်ကတကယ့် ကိုစေတနာပါပါတယ်။ အဲတုန်းကဆို အခြေခံကော အဆင့်မြင့်ပါ ၃၀၀၀ဝ ပဲပေးရပါတယ်။ အဖိုးနည်းဝန်ပါတက်ချင်သူများ အဲဒီမှာပဲတက်သင့်ပါတယ်။ အလှဆင်မယ်ဘာညာဆိုရင်တော့ တမျိုးပေါ့။ ဥပမာ Parisian လိုဟာမျိုးဆို ရင်တော့လဲ Do Co Mo မှာ ကိုးသိန်းခွဲတဲ့။ ဆိုင်ဖွင့်မယ်ဆိုရင်တောင်မှ ဒီလိုဘောင်ဒရီလို ဟာမျိုးမှာတက်ပြီး အင်တာနက်နဲ့ပေါင်းစပ်လိုက်ရင် ဆိုင်ကောင်းကောင်းတဆိုင်ဖြစ်နိုင်ပါတယ်။ အခုစက်တွေဝယ်ရင်လဲ အဲဒီဝယ်တဲ့ဆိုင်တွေက မုန့်လုပ်နည်းပါပူးတွဲသင်ပြပေးပါတယ်။ ကိုယ်ကတော့တတ်ရမှာပေါ့။ သူတို့နည်းနဲ့ ပေါင်းစပ်လိုက် ရင်ဖြစ်ပါပြီ။
TNA
July 15, 2013 at 3:30 pm
လိပ်စာကတော့ ဓမ္မစေတီလမ်းနဲ့ သံလွင်လမ်းဒေါင့်မှာပါ။ ဓမ္မစေတီလမ်းပေါ်ကဝင်ရပါ တယ်။ ဖုန်းနံပါတ်ကတော့ ၅၃၆၂၈ဝ ပါ။
မင်းမင်း
July 15, 2013 at 9:52 am
အင်းးးခပ်တည်တည်နဲ့ တွယ်နေပါရောလားးး
ဒီလို ဖြစ်နေတာကလဲ့ အဆင့်မြင့် အထူး စပါယ်ရှယ်
နိုင်ငံတကာအဆင့် စတာတွေမှ အထင်ကြီးတဲ့ သူတွေ
ကြောင့်လည်း ပေါ်လာတာ ရပ်တည်နေနိုင်တာလည်း ပါမယ်ထင်တယ်။
သင်းတန်း တခုမတတ်ခင် ကိုယ်တတ်မယ့် အကြောင်းအရာ ကို တီးမီးခေါက်မီး
လေ့လာဖို့ လိုနေသလိုလို။ ပိုစ့်ရေးသူလို အတွေ့အကြုံ ရှိရင်ပိုကောင်း။ ဒါမှ အလိမ်မခံ
ရနိုင်ဘူးပေါ့။ သင်တန်းကို အမြည်း သဘော တရက်လောက်
ပေးပြီးမှ သင်တန်းကြေးသွင်းဆိုမှ သင်တန်းတတ်လို့
မမှားနိုင်ဘးထင်ပါရဲ့။
TNA
July 15, 2013 at 11:04 am
ခပ်တည်တည်တွယ်တာမဟုတ်ပါဘူး။ အရှိကိုအရှိအတိုင်းပြောတာပါ။ တကယ့်ကိုမကျေနပ်တာပါ။ ကိုယ့်အတွက်မဟုတ်ပါဘူး။ မတတ်သေးတဲ့သူတွေအတွက်ပါ။ ကိုယ်ကတော့ဘာမှပွန်းသွားတာမရှိပါဘူး။ ဒါကြောင့်လဲ တချို့တကယ့်စေတနာပါတဲ့သင်တန်းတွေက တက်ကြည့် အဆင်ပြေမှငွေသွင်းဆိုတာမျိုးတွေ လဲ ရှိပါတယ်။ ရက်ရှည်သင်တန်းတွေဆို တချို့တပါတ်ထိတက်ကြည့်ခိုင်းပါတယ်။ ကြိုက်မှ အဆင်ပြေမှအပ် ဆိုတာမျိုးတွေလဲရှိပါတယ်။ အခုဟာက လက်ခံတာက တနေရာ၊ လာသင်တဲ့သူကသင်မဲ့နေ့မှလာတာမို့ အင်ဖော်မေးရှင်းအစုံမရလိုက်တာလဲပါပါတယ်။
လူကလေး
July 15, 2013 at 10:08 am
အဲဂျုံတွေနဲ့ သူတို့ကိုပေါက်ခဲ့ပါတော့လား .. “ဟေး.. ပျော်ဂျာဂြီးဆိုပြီး..”
TNA
July 15, 2013 at 11:05 am
ကျွန်မသင်တန်းမှာသိပ်အချိုးမပြေတာသူတို့လဲသိပါတယ်။
Garfield
July 15, 2013 at 11:12 am
မွသဲရယ်။
စိတ်လျှော့ပါ။
ပင်ပန်းခံလို့ဗျာ။
မုန့်လုပ်နည်းသင်တန်းတွေ တက်ရတယ်လို့။
မုန့်စားနည်းသင်တန်းတို့ ဘာတို့ဆိုဟုတ်တုတ်တုတ်။
မုန့်လုပ်တတ်တာ သူများဖို့။
မုန့်စားတတ်မှ ကိုယ့်ဖို့။
ဒါပဲနော်။ ခု သိသွားပြီ။ ကျွမ်းကျင် အဆင့် ဆိုတာ။
ပြန်လာရင် ဟုမ်းမိတ် မုန့် လာစားမှာပဲ။
TNA
July 15, 2013 at 12:04 pm
လာစား လာစား။ ရတယ်။ ဘီလိုဖစ်လို့နာမည်ပြောင်းသတုန်း။ ညက်ချိလည်အောင်လို့အေ။
Garfield
July 15, 2013 at 12:50 pm
ရန်ဒူဒွေ ရော
အကြွေးရှင်ဒွေရော
ပတ်လည်ဝိုင်းနေတဲ့ ဘွမို့ပါဗျာ။
TNA
July 15, 2013 at 3:22 pm
အိုက်လာကြောင့်လဲ ရုပ်ဖျက်လိုက် ရေထဲခုန်ချလိုက်ပေါ့လေ။
Ma Ei
July 15, 2013 at 2:08 pm
မုန့်လုပ်တာလေးတွေ စိတ်ဝင်စားလို့စာအုပ်တွေ၊
အင်တာနက်ထဲကနေ နမူနာယူလုပ်နေရတာရယ်…
သင်တန်းတက်ချင်ပေမယ့် အချိန်ကလည်းမပေးနိုင်တော့…
အဲ့လို မတတ်မယ့် သင်တန်းတွေကလဲ ရှိနေပြန်ဆိုတော့ …
… …
မုန့်လုပ်နည်းလေးတွေ မျှဝေပါလို့နော်….
😀
TNA
July 15, 2013 at 3:23 pm
နောက်တခါမုန့်လုပ်ပြီးရင် ဒါ့ပုံရိုက်ရွာထဲတင်ပေးပါမယ် အန်တီအိရေ။
kyeemite
July 15, 2013 at 3:34 pm
အော..အော..သင်တန်းကဂလိုချည်းလား
ဒါဆိုနောက်နေ့ကစ မတက်တော့ပဲ ငွေပြန်တောင်းရမှာဗျ….
TNA
July 15, 2013 at 3:39 pm
အိုက်လိုပြန်တောင်းမဆိုးလို့လားမသိဘူး အူးကြိုက်မီးရေ မျက်နှာဂျီးဒွေကစူပုတ်နေဒါဘဲ။ မေးရင် လဲ ကောင်းကောင်းဖြေဘူးရယ်။ အပေါက်ကလဲဆိုးသေး။ ဟီးးးးးးးးးးးးးး
Inz@ghi
July 16, 2013 at 2:02 am
အင်တာနက်မယ် ကိုယ့်ထမင်းကို၏စားပီး အလကားပဲတင်း သင်ပေးမယ့်လူတွေမှ
များယီး. ရယ်. ဒချိ. ဒချိ.
ဘာသင်ချင်တုန်ုး. ပျော.
ပုံ
ဧရာလွင်.
သွပ်သွပ်သွပ်သွပ်.
TNA
July 16, 2013 at 4:29 pm
အင်တာနက်ကတော့ကောင်းပါတယ်အေ။ ဒါပေသိ တခါတရံ သူတို့သုံးတဲ့ ရက်စီပီးဒွေကဒီမှာ ရဝူးရယ်။ ရရင်လဲဈေးကြီးသတော့။ နဲနဲပဲမှီးရတာပေါ့အေ။
Inz@ghi
July 17, 2013 at 11:40 am
ဟင်းချက်တဲ့အကြောင်းပါလာရင် တင်မေထွန်း ကို သဒိ ယ ယ လာပြန်ရောဗျ..
ဘာတဲ့ ..စေတနာ ရနံ့လေး ပါ သင်းနေတယ် ဆိုလားဗျာ…
ဦးကျောက်ခဲ
July 16, 2013 at 9:16 am
ဆရာ မပြ နည်းမကျဆိုပေသည့်…
ဒီဘက်ခေတ် ဆြာတွေက၊ ပညာလျှို ရိုက်စားလုပ်လွန်းလို့…
အင်တာနက်ကို ဆရာတင် ကိုယ့်ဟာကိုယ် လက်တဲ့စမ်းရင်…
အချိန်တန်တော့လည်း ဖြစ်သွားတာပါပဲ… အားဟိ
ကျောက်စ် ဒိုင်လုပ်အကဲဖြတ်ပေးမယ်၊ မုန့်ဖုတ်ပြီးရင် ဖိတ်လိုက်ပါ… ဟိ ဟိ
kai
July 16, 2013 at 1:12 pm
အသိတယောက်ရှိပါတယ်..
ယူတုက.. ဗီဒီယိုနဲ့..ယူတုဆရာတင်.. မုန့်ဖုတ်ပြီး လူတကာလှည့်ကျွေးနေတာ.. အင်မတန်ဆန်းဆန်းလှလှမုန့်တွေမြင်ရတယ်.။
ဆိုတော့..
အင်တာနက်ဆရာဟာ.. တကယ်ကောင်းပါကြောင်း..
(ပြေးဖို့..)
TNA
July 16, 2013 at 4:30 pm
တဂျီး ပါဒဲ့ ပစ်စည်းလေးဒွေဝယ်ပို့ပေးစေလိုဘာဂျောင်း။ ပြေးဘီ။
TNA
July 16, 2013 at 4:29 pm
ကုန်သည်ကြီးများဟိုတယ်ကမုန့်တော့မှီမှာမဟုတ်လို့အိုက်မှာပဲလာစားဗျဇေ အုအုကျောက်ရှင့်။
ဦးဦးပါလေရာ
July 17, 2013 at 6:25 am
မုန့် မှမဟုတ်ပါဘူး
ရန်ကုန်မှာနယ်ပယ်မျိုးစုံက ရိုက်စားသင်တန်းပေါင်းစုံ တော်တော်များနေတာကြာပါပြီ။
အဲဒါတွေကို လက်တွေ့ထိန်းချုပ်နိုင်မယ့်နည်းလမ်းကတော့
မသဲနုအေးလို ဖွင့်ချပြောပြမယ့်လူတွေ များသထက်များလာဖို့ပဲ..။
အပြုသဘောဆောင်တဲ့ အကျိုးများတဲ့ ဒီပိုစ့်လေးကို ချီးကျူးထောက်ခံပါကြောင်း…
TNA
July 17, 2013 at 4:04 pm
ဟုတ်တယ် ကျွန်မတို့မြန်မာတွေက အားနာတတ်တာခက်တယ်။ နာမည်နဲ့ပြောလိုက်ရင် သူထမင်းအိုးခွဲသလို ဖြစ်မယ်။ နောက်မဆက်ဆံတော့ပါဘူး။ ဘာညာနဲ့ ခံခံလာကြတာများတယ်။ ကျွန်မကတော့ အဲလိုမထင်ဘူး။ ဒီလိုများများပြောမှ တကယ့်ကွာလတီကောင်းတဲ့သင်တန်းတွေဖြစ်လာမှာ။ သူတို့လဲမှိန်းတုတ်လို့မရဘူး။ ငါတို့ပြင်မှဆိုတဲ့အသိလေးတွေဖြစ်လာမယ်လို့ထင်ပါတယ်။
ခင် ခ
July 17, 2013 at 11:35 am
မသဲနုအေး တက်တဲ့သင်တန်းက “မုန့်လုပ်နည်းပြတဲ့သင်တန်း´´လား ။ “မုန့်လုပ်ပြီးပြတဲ့သင်တန်း´´ လား ။ သင်တန်းခေါ်စာကို သေချာပြန်ကြည့်ပေးပါအုံးနော်။
အဲဒီလို ရိုက်စားသင်တန်းတွေ ဘယ်လောက်များရှိနေမလဲမသိဘူးနော်၊ ကိုယ်တိုင်သင်တန်းသား တစ်ယောက်ဖြစ်ခဲ့ရင် ဘယ်လိုတွေးမလဲ ဘယ်လိုများနေမလဲ နည်းနည်းမှ စဉ်စားပေးပုံ ကိုယ်ချင်း စာ ပေးပုံမပေါက်ဘူးဗျာ။ ဒါကြောင့်လည်း အခုခေတ်မှာ ဆရာကိုတွေ့ရင် သိပ်မလေးစားကြ တာလည်း ဒီလိုမျိုးတွေရှိနေလို့နေမှာနော်။ ခက်တော့ခက်သားဗျာ။
TNA
July 17, 2013 at 4:08 pm
ဟုတ်တယ်ကိုခင်ခရေ။ သူတို့ကိုများလမ်းမှာတွေ့ရင်ခေါ်ချင်စိတ်မပေါက်မိပါဘူး။ တကယ့်ကိုပါပဲ။ သူတို့ မုန့်တိုက်က မုန့်သမားတွေကိုဆက်ဆံသလိုကိုဆက်ဆံခံရတာတော်တော်လေး မသက်မသာဖြစ်မိပါတယ်။
Shwe Ei
July 17, 2013 at 4:29 pm
ဟ..ဟ အမသဲ တို့ ဒေါသထွက်မှ ပညာခန်းတွေ ထွက်ကျလာတယ်..
အနော်ကတော့ မုန့်လုပ်နည်းထက် ဆွိပြောတဲ့ မုန့်စားနည်းကို ပိုစိတ်ဝင်စားတယ်
အားပေးပရဇီ…
TNA
July 17, 2013 at 4:54 pm
အားပေးနိုင်ဘာဒယ်။ မုန့်စားနည်းကလဲလွယ်တာမှတ်လို့နော်။ သူလဲပညာရှိတယ်။ ဒေါ်ကေဇီကို မုန့်စား နည်းသင်တန်းဒီလာဖွင့်လှည့်လို့။
Garfield
July 17, 2013 at 4:59 pm
စားသမျှ မုန့်တွေ ဘူ စပွန်စာပေးမှာတုန်းးးးး
ခွင့် ရက်ရှည်ယူပြီးကို လာဦးမယ်။
ဘယ်မုန့်ကို ဘယ်အချိန်မှာ ဘယ်သူနဲ့ စားပြီး ဘာစကားတွေပြောသင့်တယ် ဆိုတာမျိုး သင်တန်းတွေ ပေးအူးမှာ။
TNA
July 17, 2013 at 10:02 pm
လောလောချယ်ဒေါ့ ထရိတ်ဒါးကမုန့်တော်တော်ကောင်းဆိုလား။ အိုက်အချိန်လောက်မှန်းလာပေါ့အေ။ ကျုပ်တို့ အမုန်းဆွဲပီး ဗုန်းကြဲရအောင်။ အာဟိ။