ငါကွ ~
မနက်ဖြန် မနက်စောစောမှာ…
ငါ့နှလုံးသားကို.. ဆားနယ်ပြီး..ထားခဲ့ပါရစေ။
============================================
((( ဒီနေ့ တစ်နေ ့လုံး..မင်းကိုငါ သတိရနေတာ.မင်းမသိပါဘူး ။ )))
ဒါပေမယ့်… သာမန် ပန်းတစ်ပွင့်လို အပွင့်တွေ ပွင့်..
သာမန် သစ်တစ်ပင်လို အရွက်တွေဝေ….
သာမန် သစ်သိင်္းတစ်လုံးလိုဖြစ်တည်မှု နဲ ့..
ငါ့ အလုပ်ကိုငါ ဆက်လုပ်နေ မှာ..ပါ ။
===============================================
ဒီလောက မှာ… ငါမရှိလို ့မဖြစ်ဘူး.လို ့ ငါတွေးတဲ ့ နေ ့ဟာ…
ဒီလောကထဲမှာ.ငါ မရှိသင့်တော့တဲ ့နေ ့..ဆိုတာ..ငါ သိပါတယ် ။
မင်းရော
ငါရော..
သူရော..
.ဟောဟိုက လုူတွေရော…
အတ္တဆိုတဲ ့ ဝတ်ရုံကို ခြုံဖူးကြတာပဲ..မဟုတ်လား ။
အတ္တတွေ တဖြည်းဖြည်း ပါးလျားပျေက်ကွယ် သွားဖို ့…
ငါတို ့ကြိုးစားကြည့်ဖူးကြတာပဲ..မဟုတ်လား ။
=====================================
ငါ..ဘာကောင်လဲ…လို့.. ငါသိတယ် ။
မင်း ဘာလဲ……လို ့လည်း..ငါ သိသလိုလို ရှ်ိတယ် ။
ခက်တာက..မင်းကိုယ်မင်း… ဘာလဲ..မသိသေးဘူး ။
ရေလောင်းချသွားပါကွယ်….။ ငါ အနံ့ အသက်တွေ သိပ်မခံနိုင်တတ်လွန်းလို ့။
=============================================
မာနကို လာလာ ခလုပ်တိုက်လွန်းတော့လည်း…
တချို ့ကို ခါးကော့ပြချင်တယ် ။
ရိုင်းတယ်လို ့ ဆိုချင်ဆို……..
ယဉ်ကျေးမှု ဆိ်ုတာပြတိုက်ထဲမှာ.သွားကြည့်ပြီးမှ..ငါ့ကို ရိုင်းတယ် ပြောပါလား ။
=============================================
တချို ့က ငါ့ကို.. မီးခိုးငွေ ့လိုပဲလို ့ ပြောကြတယ် ။
ငါ မီးခိုး ဆိုရင်… …
ငါ..မီးခိုးဆိုရင်…….
အဲဒီလို မီးခိုး ဖြစ်ဖို ့….
ငါ့ရင်ထဲက နှလုံးသားကို.. လောင်ကျွမ်းစေခဲ့…
ပူလောင် ပြင်းပြစေခဲ့ရတာ….
သူတို ့မှ ကိုယ်ချင်းမစာတတ်တာကွယ်…။
===============================================
တကယ်တော့.. မနက်ဖြန်ဆိုတာ..
ဆက်ရန်မရှိတဲ ့..ဇာတ်လမ်းတစ်ပုဒ်လိုပါပဲ ။
ငါ့ကို ထိုးနေကြတဲ ့… လက်ညှိုးတွေကို..
ငါကိုယ်တိုင် ချစ်မြတ်နိုးလာအောင်..ကြိုးစားရဦးမှာ..။
================================================
မင်းဘယ်လောက် ပွင့်တတ်တယ် ။
ဘယ်လောက် ဖူးတတ်တယ် ။
ဘယ်လောက် ဝေတတ်တယ်..ဆိုတာကို…
မင်းဘာသာမင်းသိအောင်လုပ်ပါ ။
ငါ့ လာလာ မပြောနဲ ့။
ငါလည်း..
ငါ ဘယ်လောက် …အလင်းပေးဖို ့…
ငါ ဘယ်လောက် ပူလောင်ပေးရမလဲ..လို ့…
ဘယ်သူ့မှ မပြောပဲ… ငါ့ဘာသာ သိအောင် လုပ်ပါ့မယ် ။
=================================================
ငါ့ဘက်ကမ်းမှာ.. မီးမလင်းပါဘူး ။
ဒီတော့..မင်းဘက်ကမ်းက… မီးကိုလည်း… မမှိတ်လိုက်ပါနဲ ့။
လင်းနေပါ ….
လင်းချင်းတောက်ပမှုကို…မင်းဘဝ အတွက်… ယူဆောင်ပါ ။
မင်း..လင်းမယ်ဆိုရင်… ငါ..မှောင်ပေးပါ့မယ် ။
( လိုအပ်ရင်ပေ့ါ ကွာ.. )
===============================================
ကမ္ဘာမြေက ငါတို ့ အားလုံးအတွက်.. လက်ဆောင်တွေ အသီးသီးပေးပြီးပါပြီ ။
မင်းက….သူတပါးကို တိုက်ခိုက်စော်ကား ပုတ်ခတ်ရခြင်းကိုပဲ..
တပ်မက်ပြီး…
အရသာခံ..ပြီး….
လက်ဆောင်တစ်ခု ရသလို.ကျေနပ်နေရင်တော့ မင်းသဘောပေ့ါ ။
================================================
တကယ်တော့… မင်း မရှ်ိရင် ဖြစ်ဖြစ်….
ငါ မရှိရင်ဖြစ်ဖြစ်…..
ဟိုလူတွေမရှိရင်ဖြစ်ဖြစ်…..
ချက်ကော့ ရဲ ့ ဝတ္ထုတိုတွေလိုမျိုးပဲ….
ဘာမှ ဖြစ်ပျက်မသွားဘူး ။
=================================================
တယောသံတွေ မင်း မထိုးလည်း..ကြားနေဦးမှာပဲ…။
မင်းမကြားလည်း… ထိုးနေဥိးမှာပဲ…။
နေမင်းကြီး.. ငါ မရှိလည်း.. သာနေဦးမှာပဲ…
နေမင်းကြီး…မသာလည်း…ငါရှိနေဦးမှာ..ပဲ ။
================================================
ငါ့အသွေးထဲ..အသားထဲက.. တောက်ပလင်းလက်လာတဲ ့ အလင်းတွေကို…
မင်း….မှောင်တယ် လို ့မပြောသင့်ဘူး ။
မင်း မပြောသင့်ဘူး.လ.ို ့..ငါ မပြောသင့်ဘူး ။
ငါ မပြောသင့်ဘူးလို ့…မင်းမပြောသင့်ဘူး ။
မင်း မပြောသင့်ဘူးလို ့…. ငါ မပြောသင့်ဘူး ။
=================================================
ငါ့အတွက်… ထိရှခဲ့တဲ ့………
မင်းပေးလိုက်တဲ ့ ဒဏ်ရာဒဏ်ချက်တွေက…
မင်း အတွက်.. အာဟာရ ဖြစ်မယ်..ဆိုရင်…
ငါ…နာကျင်ရတာ တန်ပါတယ် ။
မင်း….အတွက်…အရသာ ရှိခြင်းက..
ငါ့အတွက်.. နာကျင်ခြင်း ဖြစ်ခွင့် ရတဲ့အတွက်…
ငါ…..
ငါလေ….ငါ……
ဘုရားသခင်ကို ကျေးဇူး မတင်ပါဘူး ။
မင်းကိုပဲ..ကျေးဇူးတင်တယ် ။
================================================
လူတစ်ယောက်ရဲ ့ ဒဏ်ရာအနာတရက..
အခြားလူတစ်ယောက်ရဲ ့… ကျေနပ်မှု ဖြစ်နေတဲ့အခါ…
လောကကြိးက…တရားမျှတတယ်.လို ့.. မပြောချင်ဘူး ..။
ရှူုး….တိုးတိုးးးနော့ ။
လောကကြီးကြားသွား ရင်… ငါ့ကို… ဆွဲထိုးလိမ့်မယ် ။
===================================================
စကားများများ ပြောရင်..နားများများ..ခါးတတ်သလား…
နားများများခါးရင်.. စကားများများပြောတတ်သလား…
တော်ပြီ …ဒီလောက်ပဲ.။
နောက်ထပ်.. ကကြိးလေးတစ်လုံးပဲ…ရေးတော့မယ် ။
အဲဒီ ငါရေးမယ့်……..
ကကြီးလေးတစ်လုံးကိုတော့.. ဆုံးအောင် ဖတ်ကြည့်ပေါ့… ကွယ်.. ။
====================================================
အပင် မြင့်မြင့်ကို..လေတိုက်တတ်တယ်..ဆိုရင်…
အပင်နိမ့်ပေးရင်ကော…
လမ်းဘေးခွေးက သေးပန်းသွားရင်..ဘယ်လိုလုပ်မလဲ…
====================================================
ကိုယ်က များများပေးနိုင်လာလေ….
ကိုယ် ပြန်ရတာတွေ က… တနင့်တပိုး..ဆိုးချက်တွေ…ဖြစ်လာလေလေ….
အဲဒီ ဖြစ်စဉ်တွေက်ို.ဘယ်သူကများ..စနစ်တကျ မှားယွင်းစေခဲ့ပါလိမ့် ။
====================================================
ခင်မင်ရတဲ ့ စာပေမိတ်ဆွေ တစ်ယောက်က ပြောတယ်..။
စာပေသမားဆိုတာ.. ဘယ်တော့မှ မယုတ်မာဘူး..တဲ ့။
ငါ အခု ရယ်မယ်နော် ။
=====================================================
အဲ…..အဲ….
ကကြီးလေး…. နည်းနည်း…
အတွန့်တက်သွားတယ် ။
ဆောရီး ။
#####################################################
လေးစားစွာဖြင့်..
အလင်းဆက်
17 comments
အရီးခင်လတ်
July 23, 2013 at 2:09 pm
နှလုံးသားက ဆားနယ်ခံ ပြီး ပေါက်ကွဲ ထွက်နေပါရော့။
မဖွားမေက အကြော်မရောင်း တော့ဘဲ ငါးခြောက် Business ပြောင်းသွားလို့လား။
😆
အလင်း ဆက်
July 23, 2013 at 3:47 pm
ဟုတ်တယ် အရီးရေ
🙂
==========
အခု ရက်တွေမှာ
လူက
ဝမ်းသာ ဝမ်းနည်း ဖြစ်ရပ်တွေ တအား များပြီး ဆက်တိုက်လိုလို စိတ်ဖိစီးမှုတွေ ဖြစ်နေတော့
ရေးမိရေးရာ
ချရေး လိုက်တာပါ
စာရေးပြီးရင်
ကိုယ်ရေးတာလေး အများမြင်အောင်ပြချင်တဲ့ ပိုး ကလည်း ရှိတော့ ပိုစ့်အဖြစ် တင်လိုက်မိပါလေရောာ
တင်ပြပြီးမှ
ကျွန်တော် ရေးထားတာတွေက
ဖတ်တဲ့သူကို
အကျိုးပြုမယ်လည်း
မထင်ဘူး
တင်ပြီးသားကိုလည်း
မဖျက်ချင် တော့ဘူးးး
ရှိစေတော့
==========
လေးစားစွာ
အလက်ဆင်း
koyinmaung
July 23, 2013 at 7:37 pm
အို…..အလင်းဆက်ရေ..
ကိုအလင်းဆက် ရဲ့…ဝမ်းသာ ဝမ်းနည်း ဖြစ်ရပ်တွေ တအား များပြီး ဆက်တိုက်လိုလို စိတ်ဖိစီးမှုတွေ ဖြစ်နေလို့ ရေးလိုက်တဲ့ပေါက်ကွဲမှု့သံစဉ်တွေကလဲ
အံမခန်းပါဘဲလား…
(….မာနကို လာလာ ခလုပ်တိုက်လွန်းတော့လည်း…
တချို ့ကို ခါးကော့ပြချင်တယ် ။
ရိုင်းတယ်လို ့ ဆိုချင်ဆို……..
ယဉ်ကျေးမှု ဆိ်ုတာပြတိုက်ထဲမှာ.သွားကြည့်ပြီးမှ..ငါ့ကို ရိုင်းတယ် ပြောပါလား ။…)
…………………………………………………………………..
(အပင် မြင့်မြင့်ကို..လေတိုက်တတ်တယ်..ဆိုရင်…
အပင်နိမ့်ပေးရင်ကော…
လမ်းဘေးခွေးက သေးပန်းသွားရင်..ဘယ်လိုလုပ်မလဲ…)……
……………………………………………………………………
(ကိုယ်က များများပေးနိုင်လာလေ….
ကိုယ် ပြန်ရတာတွေ က… တနင့်တပိုး..ဆိုးချက်တွေ…ဖြစ်လာလေလေ….
အဲဒီ ဖြစ်စဉ်တွေက်ို.ဘယ်သူကများ..စနစ်တကျ မှားယွင်းစေခဲ့ပါလိမ့် ။)…….
………………………………………………………………………
ဒါလေးတွေတော့ပိုကြိုက်တယ်ဗျို…
အလင်း ဆက်
July 23, 2013 at 8:35 pm
ဦးရင်မောင်ရေ…
ကျွန်တော် က..အဲဒီစာသားတွေ..
နည်းနည်း ကြမ်းသွားလို ့..
ရေးပြီးမှ…ဖတ်မိတဲ ့သူတွေကို အားနာနေမိတာဗျ ။
😆
============
ဆရာကြီးမောင်သာရ လားး
ဦးသုမောင်လား..မမှတ်မိတော့ဘူး ….
ပြောခဲ့တာလေး..သတိရသွားတယ်…
စာရေးရင်.. မင်းနဲ ့ငါ..ရေးတာ ရိုင်းတာပေါ့…တဲ ့။
ဖတ်တဲ့သူတွေထဲမှာ..
ကိုယ့်ထက်ကြီးတဲ ့ သူတွေ ပါနေတယ် ။
ဘုန်းကြီး သီလရှင်တွေ..အမယ်အိုတွေ တောင် ပါနေနိုင်လို ့…
မင်းနဲ ့ ငါနဲ ့..မရေးသင့်ကြောင်း..ဆုံးမ တာလေးးးးး
ကျွန်တော်..
အခု….
ငါနဲ ့..မင်းနဲ ့.. သုံးပြီးရေး လိုက်မိပါတယ် ။
(တောသားတစ်ယောက်ရဲ ့ အရိုင်းဆန်မှု ပေါ့..)
ရေးပြိီးမှ…
ဒီ စာမျိုး… မရေးသင့်ဘူး.လို ့.. ယူဆ ပစ်လိုက်တယ် ။
အဲလိုပဲ…
ကျွန်တော်က …
အမှားအယွင်းတွေ နဲ ့..
စနစ်တကျ နေထိုင် နေမိလျက်သားးးး
🙁
kai
July 24, 2013 at 12:38 pm
မြန်မာစာပေရဲ့..ဖခင်ကြီးတဦးဖြစ်တဲ့.. ဦးဖေမောင်တင်ကတော့… မြန်မာတွေ .. နင်နဲ့ငါလို့သုံးနှုန်းပြောဆိုတာကို.. ကြိုက်တယ်တဲ့..
“ငါဆိုတဲ့စကားဟာ..အလွန်အဖိုးတန်တဲ့စကား”တဲ့..
သခင်ဘသောင်းကိုပြောပြတာ….
“မြန်မာ့နို်ိင်ငံရေးနှင့်သခင်ဘသောင်း” စာအုပ်ထဲမယ်ပါပါတယ်…။
ဆရာကြီးမောင်သာရ ဒါမှမဟုတ်..
ဦးသုမောင်က.. ငါမသုံးရပြောခဲ့ရင်တော့… သမိုင်းတွင်စရာဖြစ်ရော့မယ်…
အလင်း ဆက်
July 24, 2013 at 7:15 pm
ခက်တော့ နေပြီ သူကြီး ရယ်...
ကျွန်တော်လည်း…
နင်နဲ ့ငါ ရေးတာ ဖတ်သူကို..မယဉ်ကျေးမှု နဲ ့ဆက်ဆံတာဆိုတဲ ့..စကား..
ဖတ်ဖူးခဲ့တယ် ။
ခက်တာက.. ဆရာကြီးမောင်သာရလား..
ဦးသုမောင်လား.. စဉ်းစားလို ့..မရချင်ဘူး ။
ပြောခဲ့တာတော့သေချာတယ် ။
မှတ်ခဲ့တာလည်း..အဲဒီ အဒိတ်ပယ် လေး….သေချာတယ် ။
ဘယ်သူရေးတဲ ့..
ဘယ်စာအုပ်ထဲလည်း.ဆိုတာ.. မမှတ်မိတာ ။
ဖတ်ခဲ ့တာတွေ က.. ကိုယ် ့ဥဏ်တစ်ထွာတစ်မိုက်နဲ ့ တိုင်းတာရင်…
များခဲ့တယ်..ဆိုတော့.. ဝိုးတဝါးဖြစ်နေတယ် ။
ဖြစ်နိုင်ချေများတာတော့..
ဦးသုမောင်….ပြောတာ ဖြစ်နိုင်ချေများတယ် ။
==============
ဆိုတော့…..
အဲဒီဘက်ကကြည့်တော့…
ကျွန်တော် ဒီလို ရေးလိုက်တာ…
ကောင်းနေပါရောလား…။
==============
အင်း…..
………….
………..
ဦးကြောင်ကြီး
July 24, 2013 at 10:29 am
ကွချင်လို မြင်းစီး
ဆားနယ် ကြာကြာခံ
အရွက်ဝေ အမှိုက်ရှုပ်
မီးလင်း မီတာတက်
စာသမား မယုတ်မာ
တုတ်မှာသာ အပြစ်ရှိ
ကိလေသာ ၁၅၀၀
ခွမိတဲ့ သံသရာ…
အလင်း ဆက်
July 24, 2013 at 11:03 am
good တယ်
ဦးကျောင်
😆
Ma Ma
July 24, 2013 at 3:11 pm
ဒီလိုရင်ဖွင့်ချင်တာတွေ ရင်ဖွင့်နိုင်အောင် ဟစ်တို်င်ထူပေးထားတဲ့ သဂျီးကိုတော့ ကျေးဇူးတင်ရမယ်။ 🙂
ရဝေနွယ် (အင်းမ) ဆရာတော်ရေးတဲ့ ရဝေနွယ်အသစ် စာအုပ်မှာ အကုသိုလ်စိတ်ကို ဖြေဖျောက်တဲ့နည်းထဲက တစ်နည်းက ….
အတူနေပုဂ္ဂိုလ်တွေနဲ့ မေ့မေ့ပျောက်ပျောက်စကားပြောလိုက်ပါတဲ့။
ဒါမှမဟုတ် ခင်မင်ရတဲ့သူတွေဆီ ဖုန်းဆက်လို့ပဲဖြစ်ဖြစ်၊ သွားလို့ပဲဖြစ်ဖြစ် အလွတ်စကားတွေ အေးအေးဆေးဆေး ပြောနေလိုက်ပါတဲ့။
ခုလည်း…….
အလဇန္ဒြား အလင်းဆက်ကလေး စိတ်ပြေလောက်ရောပေ့ါ။ 🙂
အလင်း ဆက်
July 24, 2013 at 7:29 pm
မပြေ ့ တပြေလေးပေါ့…
အန်တီမမရယ်… ။
ဂဇက် ရှိနေလို ့…
ကျွန်တော် ..ဒီလောက်ထိ…
ပျော်နေသယောင် ဆောင်နေနိုင်တာ..ပါ ။
kyeemite
July 24, 2013 at 3:32 pm
တကယ်တော့ ငါဆိုတာမရှိရင်
လောကကြီးလည်းမရှိနိုင်ပါဘူး
ကိုရင်စည်သူ
July 24, 2013 at 3:41 pm
ခံစားမှု အဆင့်မြင်ပီး အနုပညာ ခံစားမှုအားကောင်းတဲ့
အတွေးတွေ မြင်နေရတယ်..။ အောင်ရဲလင်းတောင် မစောင့်ရဲ ဆင်းရတဲ့ ကိုအလက်ဆင်း..
ကျိုးစားပါ.. ခိုးမစားပါနဲ့… 🙂
အလင်း ဆက်
July 24, 2013 at 7:40 pm
ကျိုးလည်း.မစားချင်တော့ဝူး..
ခိုးပဲ….စားချင်တော့တယ်ဂျာ..။
အဟိ ။
===============================
အောင်ရဲလင်းနဲ ့..တူဒယ်ဆို ပြီးရော..
😆
KZ
July 24, 2013 at 3:52 pm
အလက်ဆင်း စာလေး ကျော်သွားမိတော့မလို့။
ဟိုနေ့က စကားပြောဆိုပြီးတင်တဲ့ ပို့(စ)မို့လို့ ကျုပ်တို့များ ပေါက်ကွဲသလားမှတ်နေတာ။
မဟုတ်ဘူးမလားဟမ်???
စိတ်က လည်း တစ်ခုခုကို ပြင်းပြင်းထန်ထန်ခံစားမိမှ ပြောင်ပြောင်မြောက်မြောက် စကားလုံးတွေ ပိုထွက်တတ်သလား မသိ။
အလင်း ဆက်
July 24, 2013 at 7:38 pm
မမခိုင်ဇာတို ့ကို…
ဘာများပေါက် ကွဲ စရာ ရှိမလဲ.ဗျာ..။
တကယ်တော့..မရှက်တမ်း ဝန်ခံ ရရင်..
ကျွန်တော် ့ရီးစားဟောင်း က… နိုင်နံခြားက ပျံလာတယ် ။
ပတ်တနနည်းနည်း..တက်တယ် ။
ဒေါ်ဖွားမေ ကိစ္စတွေ ရော..
မိသားစု ပတ်တနာတွေရော..
အလုပ်က စိတ်ဖိစီးမှုတွေရော…
..နောက်…
ပြောပြလို ့မရတာတွေရော…
အခု ရက်ပိုင်းလေးမှာကို..
ဆက်တိုင်.. စုံပလုံစိအောင် ထ ဖြစ်တာ ..။
လူ ့လောကမှာတောင်.. မနေချင်လောက်အောင်ပဲ…
မဟာရာဇာ အံစာတုံး
July 24, 2013 at 4:23 pm
ပို့စ်ခေါင်းစဉ်နဲ့ ရေးသူကို တွဲဖက်လိုက်ဒေါ့ဂါ …
ငါကွ ~ အလင်းဆက် ဆိုပီး ဖစ်တွားရော …
ဒီဒေါ့ဂါ … နင်က အလင်းဆက် လေ .. ဟုတ်ဒါးဘဲ ..
အလင်းဆက် တောင်မှ အောင်ရဲလင်းနဲ့ မတူတဲ့ အလင်းဆက် …
အလင်း ဆက်
July 24, 2013 at 7:35 pm
ဟွန် း….ချစ်သော အံ..
နီ က…နာ ချိတ်ညစ်နေချိန်မှာ..
ချိတ်ချမ်းတာအောင်…
အောင်ရဲလင်းနဲ ့ တူဒဲ့အလင်းဆက် လို့တောင် မပြောနိုင်ဘူးပေါ့လေ…
တော်တော်..စက် ရက်..တဲ ့.. အံ ..
😆