Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြောတတ်သလိုဒဲ့ပြောမည်(တစ်ကပြန်စ)

ဤပိုစ့်ကိုဝင်ရောက်ဖတ်ရှု့ကြသောသူအပေါင်းအား
မင်္ဂလာအပေါင်းနဲ့ခညောင်းကြပါစေကြောင်းရှေးဦးစွာ
နုတ်ခွန်ဆက်အပ်ပါတယ်။
အသက်ကဒီအတိုင်းငြိမ်ငြိမ်လေးမနေ။ဆက်တိုက်တဖြည်း
ဖြည်းချင်းကြီးလာတာမို့အရင်ကအကြောင်းတွေ ဖတ်မိတာ
တွေ ကြည့်မိတာတွေ ကြုံရဆုံခဲ့ရတဲ့အတွေ့အကြုံတွေကို
ပြန်စဉ်းစားမိတော့ အများအားဖြင့်ခပ်ရေးရေးတော့ပေါ်မိသား။
ဒါကြောင့်မှတ်မိတာလေးတခုကို ပြောချင်တာလေးနဲ့ပြောမလား
စိတ်ကူးမိပါတယ်။သိပ်မမှတ်မိပေမဲ့ကြောရိုးကလေးကိုအားပြု
ပြီး လက်ရှိအတွေးနဲ့ ဖြည့်စွက်ပြီးစာမလှ လှအောင်ပြောပေး
ပါမယ်။ (ကျနော်ကစာရေးရင် အချက်အလက်စုခြင်း အကြမ်း
ရေးထားခြင်းမရှိ ပဲ စိတ်ကူးပေါ်ရင်ပေါ်သလိုကောက်ရေးတာမို့
စာမချောတတ်သည်ကိုမိမိကိုယ်မိမိသိရှိပါကြောင်း ဟီးး :mrgreen:

တီဗီရုပ်သံအစီအစဉ်တွင်လား။ ဗီဒီယို(တိတ်ခွေ) ဖြင့်လောသိပ်မမှတ်မိ
ပြိုင်ပွဲတပွဲကြည့်ဖူးသည်။ ပြိုင်ပွဲဝင်လိုသူများအဖွဲ့လိုက်စာရင်းပေးသွင်း
၍ပြိုင်ပွဲဝင်ရသည်။တဖွဲ့ လျှင် ရ ယောက်ခန့်ပါဝင်သည်။ အဖွဲ့ ၅ ဖွဲ့
ပါဝင်စာရင်းပေးသည်။ ဘာပြိုင်ပွဲမှန်းကြိုပြောထားပုံမရ။ အဖွဲ့တဖွဲ့ချင်း
စီတွင်အမျိုးသမီး အမျိုးသား ရောရက်ပါသည်။ စာရင်းပေးသွင်သူများ
အားပြိုင်ပွဲကြီးကြပ်သူတစ်ဦးမှ (အမျိုးသမီးများအား)ဘောင်းဘီ လဲဝတ်
စေသည်။ စကတ်တိုရှည်ဖြင့်ပြိုင်ပွဲဝင်ခွင့်မပြု။ အားလုံးပြိုင်ပွဲဝင်ဖို့အသင့်
ဖြစ်နေကြပြီ။ပြိုင်ပွဲဝင်မည့်သူများ ကလဲ ဘာပြိုင်ရမှန်းမသိသော်လည်း
ပြိုင်ချင်လှပြီ။ အားလုံးလူပ်လူပ်ရွရွ ဖြစ်နေကြပြီ။ ပရိတ်သတ်ကလည်း
ကြည့်ချင်နေကြပြီ။
ထိုစဉ်ပြိုင်ပွဲကြီးကြပ်သူတဦးက လက်ကိုင်အသံချဲ့စက်ဖြင့် ပရိတ်သတ်
ကိုခပ်လှမ်းလှမ်းရှိချောင်းတခုစီသို့ညွန်ပြ၍သတ်မှတ်ထားသောနေရာ
တွင်ကြည့်ရှု့အားပေးရန်ကြေငြာသည်။ပရိတ်သတ်များအပြေးအလွှား
နေရာယူရန်ထွက်သွားကြသည်။ထို့နောက်ပြိုင်ပွဲဝင်အဖွဲ့သားများအား
အဆိုပါချောင်း၏အစပ်နားတွင် တဲတလံးရှေ့တဖွဲ့နေရာယူစေသည်။
(ပိုနေသောတဲများလည်းရှိသည်။အဖွဲ့များပါကလုံလောက်အောင်စီမံ
ထားသည်ထင်ပါသည်။)
ဒိုင်လူကြီးအဖွဲ့ နေရာယူသည်။အလယ်မှဒိုင်လူကြီးမိုက်ခွက်ကိုင်၍ပြိုင်ပွဲ
အကြောင်းစတင်ရှင်းပြသည်။ရှင်းပြနေစဉ် ပြိုင်ပွဲအကူများကတဲကို
(ယာယီတဲ)ကိုတစစီဖြုတ်နေသည်။ ပြိုင်ပွဲမှာဖောင်ဖွဲ့ ပြိုင်ပွဲဖြစ်သည်။
ဖောင်ဖွဲ့ပြီးသည်နှင့်တဖက်ကမ်းရှိ စိုက်ထူထားသောအလံကိုဖြုတ်ယူ
ရန်ဖြစ်သည်။ လိုအပ်ပစ္စည်းများကို ပလပ်စတစ်အိတ်ထူကြီးများဖြင့်
ထုတ်ပိုးပေးထားသည်။ သတ်မှတ်အချိန် ၂ နာရီပေးထားသည်။
ပြိုင်ပွဲ နာရီကိုအချိန်ညှိလိုက်သည်။ ၁၂ဝ မိနစ်တွင်ပြနေသည်။
ထိုမှတဖြည်းဖြည်းလျော့ပြီး ဝဝမိနစ်တွင်သတ်မှတ်ချိန်ပြည့်မည်ဖြစ်သည်။
“ဒိုင်း” ပြိုင်ပွဲစတင်ရန်အချက်ပေးသေနပ်ဖောက်လိုက်သည်။
အဖွဲ့များအားလုံးလူပ်ရှားကြသည်။အိတ်များကိုအလျင်စလိုဖောက်ကြသည်။
အဖွဲ့နှစ်ဖွဲ့ကတော့ထူးခြားပုံရသည်။အိတ်များကိုစနစ်တကျဖောက်သည်။
မလိုအပ်သည်များကိုဘေးတွင်ပုံထားသည်။ ကျန်သုံးဖွဲ့က ပေးထားသော
ပစ္စည်းများမှလိုအပ်သည်များကိုရေစပ်သို့ချကာ စတင်ဖောင်ဖွဲ့နေကြသည်။
၁ဝ မိနစ်ခန့်သာရှိသေးသည်။ တဖွဲ့က ဖောင်ဖွဲ့ခြင်းကိုဆက်လက်မလုပ်နိုင်
ဟုယူဆပုံရသည်ပြိုင်ပွဲကိုနုတ်ဆက်လက်ပြလျက် အရှုံးပေးနုတ်ထွက်
ကာပရိတ်သတ်ကဲ့သို့အားပေးသည်။
ထူးခြားသည့်အဖွဲ့နှစ်ဖွဲ့က တော့အချင်းချင်းတီးတိုးတိုင်ပင်ကာ
တာဝန်ခွဲလျက်ဖောင်ဖွဲ့သည်။ တဦးစီ ဦးဆောင်သူခန့်သည်။
နှစ်ဦးကပစ္စည်းသယ်သည်လေးဦးကရေထဲဆင်းဖောင်ဖွဲ့သည်။
တဦးကရေစပ်မှဖောင်ဖွဲ့သူများ ပစ္စည်းသယ်သူများကို လိုအပ်
သလိုညွှန်ကြာသည်။ ၄၅ မိနစ်ခန့် တွင်ဖောင်ဖွဲ့ခြင်းအတူတူ
ပြီးကြသည်။ ကျန်နှစ်ဖွဲ့ကတော့ ကတိုက်ကရိုက် အမြန်ပြီးရေး
ဆောင်ရွက်နေကြ၍ပြီးသော်လည်း ပစ္စည်းတချို့ပိုသည် အဖွဲ့
ကပိုသည်။လိုနေသည်ထင်သည့်အဖွဲ့ကဒိုင်အဖွဲ့ထံလှမ်းအော်၍တောင်း
သည်ကတောင်းသည်။ဒိုင်အဖွဲ့ကလက်ကာပြသည်။ပစ္စည်းများမပိုရ
မလိုရ။
စနစ်တကျအဖွဲ့နှစ်ဖွဲ့ဖောင်ဖွဲ့ ခြင်းပြီး၍တဖက်ကမ်းမှအလံဖြုတ်ယူရန်
အဖွဲ့သားများဖောင်ပေါ်သို့ တတ်လိုက်ကြသည်။ နှစ်ဖောင်စလုံးလူများ
ဖောင်ပေါ်တတ်လိုက်သည်နှင့်မြုပ်ကုန်သည်။တဖက်သို့ကူးမရ။
အဖွဲ့သားများကုန်ပေါ်ပြန်တတ်လာကြသည်။ဖွဲ့ထားသောဖောင်ကို
ပြန်ကြည့်သည်။ ပြန်ဆန်းစစ်သည်။အပြစ်ရှာသည်။အမှားရှာသည်။
မတွေ့။ကျန်နှစ်ဖွဲ့ကသူတို့နှစ်ဖွဲ့ကိုကြည့်ပြီး ဒီလောက်စနစ်ကျတာတောင်
အလုပ်မဖြစ်ရင်ငါတို့ဘယ်လိုမှဖောင်ကိုဆက်ဖွဲ့နိုင်မှာမဟုတ်ဘူး ဟု
ယူဆပုံရလျက်ပြိုင်ပွဲမှထွက်သွားကြပြန်သည်။
နှစ်ဖွဲ့ကအောင်မြင်အောင်ဖောင်ဖွဲ့နိုင်သည်။သို့သော်သုံးမရ။
အဖွဲ့ ၁ အဖွဲ့ ၂ ဟု ပဲပြောကြပါစို့။
အဖွဲ့ ၁ ရော ၂ ပါ ဝိုင်းထိုင်ပြီး ဆွေးနွေးကြတယ်။တိုင်ပင်ကြတယ်။
နှီးနှောကြတယ်။ငြင်းခုံကြတယ်။ ဗြုန်းဆို အဖွဲ့ ၂ က ဖောင်ကိုမပြင်ပဲ
ရေမြုပ်တန်းလန်းနဲ့ချောင်းတဖက်ကို ခက်ခက်ခဲခဲ ဖြတ်သန်းဖို့
ဆုံးဖြတ်ချက်ချတယ်။အားလုံရဲ့မျက်နှာတွေမှာ မျော်လင့်ချက်တွေ
အားမာန်တွေ ရဲဝံတဲ့ ဟန်ပန်အမူအရာနဲ့ အားတင်းအံကြိတ်ပြီး
ဖောင်ပေါ်တတ်တယ်ဖောင်ကလူတွေတတ်လို့အောက်ကိုမြုတ်တယ်။
အကုန်တော့မဟုတ်ဘူး။သူတို့ဒူလောက်ထိပဲမြုတ်တာ။ဒါနဲ့ ဖောင်ကိုကမ်း
ကခွာဖို့ပေးထားတဲ့ ဖောင်ထိုးတံနဲ့ ချောင်းအလယ်ကို တွန်းထိုးလိုက်တယ်။
အဆင်ပြေတော့ပြေတာပေါ့။ကမ်းကလူတွေကလဲအားပေးကြတယ်။
လက်ခုပ်သံတွေကြားလာရတယ်။ရေလယ်ကိုတရွှေ့ရွှေ့ ရောက်လာတယ်။
အားလုံးဒူးထိရေမြုပ်နေတာဆိုတော့ ဖောင်ကိုထိုးနေတဲ့သူကလွဲလို့ကျန်
တဲ့သူတွေမတ်တပ်နဲ့တုတ်တုတ်မှမလူပ်ရဲဘူး။အခြေအနေကိုစိုးရိမ်စွာနဲ့
ကြည့်နေရရှာတယ်။ရေလယ်ရောက်လာပါပြီ။ ရေလယ်က ရေစီးနဲနဲသန်တယ်။
ဖောင်ထိုးတဲ့သူကလည်းအရင်ကထက်အားစိုက်ပြီးထိုးတယ်။ကျန်တဲ့
သူတွေကလဲဖောင်ထိုးတဲ့သူကိုအားကိုးတကြီးနဲ့ ကြည့်နေရရှာတယ်။
ဘယ်သူမှလူပ်လို့မရ။ကူလို့မရနဲ့။တဖြည်းဖြည်းနဲ့ရေလယ်ကိုကျော်လာတယ်။
ဟိုဘက်ကမ်းဘက်ကိုနီးလာပြီ။အချိန်က ၂နာရီပြည့်ဖို့ ၄၅ မိနစ်
လောက်ကျန်သေးတယ်။
အဖွဲ့ ၁ ကတော့ကမ်းပေါ်မှာတိုက်ပင်တုန်း ငြင်းခုန်တုန်း။
ဖောင်ကဟိုဘက်ကမ်းကိုရောက်ဖို့ ၁၅ ပေလောက်ပဲလိုတော့တယ်။
အဖွဲ့နှစ်ကအောင်ပွဲခံနိုင်တော့မယ်။အသွားခရီးအောင်မြင်ရင် အပြန်ခရီး
အတွက်ပူစရာမလိုတော့ဘူးလေ။ ဒီအချိန်လေးမှာပဲ ကမ်းနာမှာရှိလေ့
ရှိထရှိတတ်တဲ့ရေအောက်က ကျောက်ဆောင်နဲ့ ဖောင်ဦးနဲ့ ဒုတ် ဆို
ပြီးတိုက်မိတယ်။ဖောင်ရဲ့စုစည်းထားတဲ့အရာတွေပြုတ်ထွက်သွားတယ်။
အပေါ်ကလူတွေဝရုန်းသုန်းကားနဲ့ရေထဲပြုတ်ကျကုန်တယ်။အသက်ကယ်
ဝတ်စုံတွေနဲ့ဆိုတော့ရေပေါ်ဗော်လော်ပေါ်မြောပြီးအောက်ဘက်က ပိုက်တန်း
မှာသွားညှိကုန်တယ်။အဖွဲ့ ၂ က ပြိုင်ပွဲကထွက်လိုက်ရပါပြီ။
အဖွဲ့ ၁ ကဘာလုပ်နေကြသလဲဆိုတော့ သူတို့ရဲ့ဖောင်ဖွဲ့ပြီးသားကို
ပြန်ဖြုတ်နေကြတယ်။ပရိတ်သတ်တွေက နားမလဲနိုင် ။ဟင် သံတွေ
ထွက်လာတယ်။လှောင်တဲ့သူကလှောင်ကြတယ်။ ဒါပေမဲ့သူတို့ ကအဲ
ဒီအသံတွေကိုနားမထောင်ဘူး။သူတို့ရဲ့ဦးတည်ချက်အတိုင်ဆက်လုပ်နေတယ်။
ဖောင်ဖြုတ်လို့ပြီးပြီ။ ၃ဝ မိနစ်ပဲကျန်တော့တယ်။ဒီနောက်ကမ်းဘေးက
မလိုအပ်လို့စုပုံထားတဲ့ပလပ်စတစ် အိပ်တွေကို လေမှုပ်ပြီးထိပ်ကနေကြိုး
တွေစည်းပိတ်လိုက်တယ်။အိတ်တော်တော်များများလေဖြည့်ပြီးတာနဲ့
ရေထဲချတယ်။ပေါ်နေတဲ့အိတ်တွေပေါ်ကိုဖောင်ပြန်ဖွဲ့တယ်။ သူတို့လုပ်ရပ်
ကိုပရိတ်သတ်ကရိပ်မိ နားလည်ချိန်မှာတော့လက်ခုပ်သံတဖြောင်းဖြောင်း
တီးအားပေးကြတယ်။ အချိန် ၁ဝမိနစ်ပဲ ကျန်တယ်။
အရင်တခေါက်ဖောင်ဖွဲ့တဲ့အတွေ့အကြုံတကြိမ်ရှိခဲ့တော့ဖောင်ကိုမြန်မြန်
ဖွဲ့နိုင်ခဲ့တယ်။ အားလုံးဖောင်ပေါ်နေရာယူကြတယ်။ အိုကေ ။
၈မိနစ်။ ဖောင်ကိုတဖက်ကမ်းကိုစထိုတယ်။အဖွဲ့ ၂ တုန်းကလိုတစ်ယောက်
တည်းထိုးတာမဟုတ်နှစ်ယောက်ထိုးနိုင်ခဲ့တယ်။ ဖောင်ကရေပေါ်မှာ
လွတ်လွတိကျွတ်ကျွတ်ပေါ်နေတော့တဖွဲ့လုံးဖောင်တဖက်ကမ်းရောက်ဖို့
ကြိုးစားနိုင်ကြသည်။ ဝါးကူထိုးနိုင်သည်။လိုအပ်သလိုနေရာရွှေ့လျက်ဖောင်သွား
ရာလမ်းကြောင်းဖြောင့်စေရန်လုပ်ဆောင်ကြသည်။
၄ မိနစ် ။ တဖက်ကမ်းသို့ရောက်နေပြီဖြစ်၍အလံကိုတယောက်ကပြေး
ဖြုတ်သည်။ ပန်းတိုင်ဖြစ်ရာမူလကမ်းဘက်သို့ဖောင်ကိုဦးတည်လိုက်သည်။
ကမ်းထက်မှပရိတ်သတ်များ အော်ဟစ်အားပေးသံကျယ်လာသည်။
အဖွဲ့သားများအချိန်နီးကပ်လာသဖြင့် အလာတုန်းကထက်ိပုအားစိုက်
လာသည်။အလံရသော်လည်း သတ်မှတ်ချိန်မမှီလျှင် အောင်ပွဲခံခွင့်
ရမည်မဟုတ်။
၁ မိနစ်။ မူလကမ်းနှင့်နီးကပ်လာသည်။အချိန်က မိနစ်ပိုင်းမကျန်တော့။
စက္ကန့်ပိုင်းသာလိုတော့သည်။ဖောင်ကမ်းသို့ကပ်မိသည်နှင့်တပြိုက်နက်
အဖွဲ့သားများကမ်းပေါ်သို့ခုန်ဆင်းသည်။
စက္ကန့် ၃ဝ ။ ခုန်ဆင်းတုန်က အဖွဲ့သားအမျိုးသမီးတဦး အကျမတော်၍
ခြေကျင်းဝတ်ခေါက်ပုံရသည်။လမ်းမလျောက်နိုင်တော့။ သူမပါပဲ ဒိုင်လူ
ကြီးများထံ ခေါင်းဆောင်ဖြစ်သူက အလံမအပ်ချင်။ သူ့လူများကိုပြန်စု
စေသည်။ခြေကျင်းဝတ်ခေါက်သွားသူအမျိုးသမီးကိုဝိုင်းတွဲစေသည်။
သူကအလံကိုကိုင်မြောက်လျက် အဖွဲ့သားများနှင့်တွဲလျက် ဒိုင်အဖွဲ့ရှိရာ
သို့ စီတန်းလျက်လျောက်လာသည်။ သဲသောင်မို့ ခရီးကမတွင်ကျယ်။
နောက်ဆုံးစက္ကန့် ။ ဒိုင်အဖွဲ့နှင့်လက်တကမ်းရောက်ပြီ။ပရပ်သတ်များ
စက္ကန့်သွားသည့်အတိုင်း အော်ဟစ်အားပေးသည်။ဖောင်အဖွဲ့သားများလည်း
အားအင်နည်းပါးနေပြီ။ ငါး လေး သုံး နှစ် ။
ပရိတ်သတ်များ၏ “တစ် ” ဆိုသည့် အသံအရောက်တွင် အဖွဲ့
ခေါင်းဆောင်လက်ထဲမှ အလံသည် ဒိုင်လူကြီးလက်ထဲသို့ ရောက်ရှိ
သွားလေတော့သည်။
ဒါပါပဲ။ကြည့်မိတာလေးကို မှတ်မိသလောက်နဲ့ နဲနဲ့ကွန့်ပြီးရေးလိုက်တာပါ။
ဒီကနေ ကျနော်ဘာရလိုက်သလဲဆိုတော့
ပြသနာတခု ရလာပြီး ဖြေရှင်းရခက်နေပြီ ဆိုရင် စုပေါင်းအဖြေရှာတယ်။
အဖြေတွေ့လို တစ် ကနေပြန်စ ရမယ်ဆိုလဲ ရဲရဲကြီး တစ် ကနေ
ပြန်စလိုက်တာပါပဲ။

ဒီအထိဖတ်မိရင် အတွေးတခုတော့ရမယ်လို့ မျော်လင့်မိပါတယ်။

3 comments

  • kai

    July 24, 2013 at 12:59 pm

    စုပေါင်းတာဝန်ယူတာပေါ့…
    မှားရင်လည်း.. စုပေါင်းတာဝန်ခံရတာပေါ့…

    ဒီမိုကရေစီပါ..

    • မင်းမင်း

      July 24, 2013 at 2:01 pm

      သူဂျီးမင်းရေ

      အမှန်ကပြောချင်တာက တမျိုး။

      ပိုစ်က ရေးရင်း ရေးရင်းနဲ့ လမ်းကြောင်း

      ပြောင်းပစ်လိုက်မိတယ်ဗျာ။

      အစပိုင်းရေးဖို့စဉ်းစားမိတာက တမျိုးဗျ။

      ဒါကိုတော့ဒီမှာပြောပါရစေ။

      တီဗီအစီအစဉ်တွေမှာ အကြောင်းအရာတခုကို

      ဝိုင်းဆွေးနွေးကြတဲ့အစီအစဉ်တွေကိုခုတလော

      သဘောကျမိတယ်။ ဦးဆောင်သူက ဆွေးနွေးမဲ့

      အကြောင်းအရာ ခေါင်းစီး တခုကို သတ်မှတ်ပြီး ဖိတ်ကြားခံရ

      သူတွေကဝိုင်းဆွေးနွေးတာမျိုးပါ။

      ဒီမှာလဲဒီလိုသဘောမျိုးရှိဆစချင်တယ်။

      ပိုစ့်တခုကိုဝင်ဆွေးနွေးရတဲ့ လွတ်လပ်မူ့နဲ့

      ခေါင်းစဉ်တခုကိုဝင်ဆွေးနွေးရတဲ့ လွတ်လပ်မူ့

      ကွာခြားမယ်လို့ထင်ပါတယ်။ အားလုံးပါဝင်ဆွေးနွေး

      ဖို့လွယ်ကူမယ်ထင်ပါတယ်။ ပိုစ့် ပိုင်ရှင် မရှိတော့ ဆွေးနွေးရ

      ပိုလွတ်လပ်မယ်ထင်ပါတယ်။

      နောက်ဆွေးနွေးမဲ့ခေါင်းစီးကို အပေါ်မှာ တပတ်တန်သည် နှစ်ပတ်တန်

      သည် ကပ်ပေးထား။ တဦးနဲ့တဦး ဆွေးနွေး မေးမြန်း နဲ့။ ကျနော်တော့

      ကောင်းမယ်ထင်ပါတယ်။

      ကျနော်ဖေ့ဘုတ်မှာ ဂရုလေးလုပ်ပြီး စမ်းကြည့်တော့ ဝေါမှာမပြောရဲတာတွေ

      ကွန်မန်းမပေးရဲတာမျိုးတွေ ပြောရဲ ဆိုရဲရှိလာကြတယ်။

      ဒီလိုတွေမပြောလောက်ဘူး နားထောင်သမား လောက်ထင်တဲ့သူတွေ

      ကအတော်ပြောလာတာကြုံရတယ်။ အဲဒီမှာတော့နိုင်သလောက်ပဲ

      ဆွေးနွေးဖြစ်တာပေါ့ဗျာ။ ဒီဂရုထဲပါတဲ့သူဆတွပဲသိနိုင်တယ်ဆိုတဲ့

      အသိကလည်း သူတို့ကိုပြောရဲတတ်စေတယ်ထင်ပါတယ်။

      အကြံပြုကြည့်တာပါ။

      • kai

        July 24, 2013 at 3:05 pm

        ယူအက်စ်ရဲ့.. တီဗီအစီအစဉ်/ရေဒီယိုအစီအစဉ်တွေမှာ.. အကြောင်းအရာတခုခုဦးတည်ပြီး.. အဲလိုဖိတ်ထားသူတွေ.. ဝိုင်းဆွေးနွေးတာမျိုး..တော်တော်(တော်တော့်)ကိုလုပ်ပါတယ်…

        ဖိတ်ထားသူတွေက.. (အများအားဖြင့်) ပရိုတန်းတွေပေါ့..
        ပရိုတွေအားပြိုင်ဆွေးနွေးကြတဲ့အခါ.. ကြည့်ရ/နားထောင်ရသူတွေအင်မတန်အကျိုးများတာပါ…။
        တီဗီ/ရေဒီယိုက သတင်းသမား(ဟို့စ်)ပရိုက.. ခေါင်းဆောင်ပြီး… ညှိထိမ်းပေးရတာပါ…
        ဒီလိုဆွေးနွေးတာမျိုးတွေက.. သတင်းသမားလို.. တို့ထိ.. ရွစိပေးတတ်တဲ့သူမျိုးလိုကိုလိုပါတယ်..
        ဒါမှ.. ကြည့်သူ..နားထောင်သူတွေ… အကျိုးပိုများစေတယ်ဆိုပါစို့…။

        မန်းဂဇက်ရဲ့.. ဖေ့စ်ဘုတ်ထက်သာတဲ့.. အားသာချက်တခုက.. အဲဒါပါပဲ…။

Leave a Reply