Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကညာပျိုနဲ့ဇရာအို

DEPARKO DEPARKOJuly 29, 20131min49916

ချစ်ရတဲ့သူ အပြစ်ယူဘို့ရာစဉ်းစား မုန်းမာန်မပွားလိုက်ပါနဲ့
အခြေအနေမပေးလို့ အနေဝေးခဲ့ရပေမည့် အတွေးထဲမှာအမြဲတန်း
မခွဲတန်းနေလိုလျှက်ပါ။
ကညာပျိုနဲ့ ဇရာအိုဇာတ်လမ်း မှတ်တမ်းထားလို့တောင်မသင့်တော်
ရပ်တန်းကရပ်ဘို့ပြော ရင်ထဲမှာမောသား အသက်အရွယ်နဲ့အချစ် မစစ်ဘူးလို့ပြော
ညစ်တဲ့သူတွေသဘောထား တဏှာအားကြီးသတဲ့။
ကျွန်တော့်လမင်းငယ်လေး အရွယ်ငယ်သေးတော့ အဝေးပြေးမှာစိုး
လက်ညှိးတွေတောင်းနဲ့အပြည့် စွေ့စွေ့ခုန်မလိုတမာစကား
နားဝမှာခါးလှချည့်။
အရွယ်နဲ့မလိုက်ဖက် ရက်စက်တဲ့ပြောစကား မကြားချင်ယောင်ဆောင်
အမှောင်ထဲကိုတရွေ့ရွေ့တိုး ကြားလေသွေးမှာစိုးလှဘိ။
တတိယအရွယ်ရဲ့ ပထမဝေဒနာ ကိုယ်ချင်းစာသူမရှိ
သိသူရှိရင်ပြောကြဦး အချစ်ဆိုတာ အရွယ်လွန်နှလုံးသား
အပြစ်ဖြစ်သတဲ့လား။
ကျွန်တော့လမင်းငယ်လေး အဝေးမပြေးစေဘို့ ရွှေပေမှာစာလွှာရေး အမျက်ဖြေတေးသွား
ဘေးစကားမယုံပါလင့် အသင့်ဖြစ်ရင်တို့နှစ်ယောက် ဖူးစာအိမ်လေးဆောက်လို့
မိုးကောင်းကင်အောက် လမ်းအတူလျှောက်လို့ နှစ်ယောက်တစ်အိမ်မက် ဆက်မက်ကြစို့လား။။။။။။။။
(ဒီပါကို ရဲ့ လက်တွဲဖေါ်သို့)

16 comments

  • thar ag

    July 29, 2013 at 8:02 pm

    ဝင်ရောက်ဖတထရှုသွားပါသည်

  • ရှေးတုန်းကလဲ ငယ်ငယ်လေးကိုမှ ချစ်ခဲ့တဲ့ဇာတ်လမ်းတွေရှိပါ့။
    အားမငယ်နဲ့
    “အလွမ်းဝေဝေ”
    ဆောင်းလရက်လျှင်ရာသီဝင်က လျှံထင်ဝင်းဝါ သူရိယာလျင်
    တောင်ညာအနားလှည့်၍သွားသော်
    နေ့ကားအားနည်း ညဉ့်အားသည်းသည်
    ခရီးရှည်ခဲ့ ဆီးရည်ကျရွှမ်း တောတောင်မွှမ်းမျှ
    အလွမ်းဝေဝေ လေလည်းဖြည်းညှင်း
    ရင်တွင်းမြမြ ချမ်းလကလျှင်
    သူဇအသွင် ငါးစုံအင်နှင့်
    ယဂင်မြိတ်လွတ် မမီတတ်ခဲ့
    ဆွတ်ဆွတ်ပြူကွန့် ရွန့်ရွန့်ရွရွ
    စည်းသစ်စလည်း သွယ်မျှကွေးကွေး
    မညွှတ်သေးတည့်။
    ဆေးလေးငယ်မူ ကျွမ်းချစ်သူနှင့်
    အတူတကွ ကိန်းစက်ရသော်
    ဆောင်းလကုန်လေ နွေသို့ရောက်၏။
    ထင်မောလှည့်လိမ့်ချမ်းသည့်ကာလ
    အေးအေးမြဝယ်
    နှမစိတ်တူ အိမ်သူကြင်ကျွမ်း ရွှေဝတ်နွမ်းကို
    မလွှမ်းတို့ရက် ပိုက်၍စက်သော်
    ချမ်းလျက်သည်းထန် လေသွန်ပင့်ညောင်း
    ထပ်ဆင့်လောင်းသည်
    ဆေင်းလရာသီ နရီညရှည်ချမ်းဘိသည်။

    ပျောင်းပျလျက်ပင်မပျော်ရွှင်တည့်
    ကျွမ်းကြင်မိသည် ဆင်းနတ်ရည်ကို
    ဝေးသည်နောင်နှင့်မဖူးမြင်တည့်
    လွမ်းချင့်ဗျာပါ ထပ်ကာကာလျှင်
    သာယာရိပ်ငြိမ် ခန်းကျယ်အိမ်နှင့်
    တင်းထိမ်ကာသန်း အုံးဝန်းစိန်ယှက်
    သလွန်ထက်ဝယ် ညက်ညက်ထွားထွား
    မေး ပါး နှာယောင်
    မျက်တောင့်ကော့သေး စုတ်ဖြင့်ရေးသို့
    ကြောသေးမြမြ မလှစတောင်း
    သွယ်နွဲ့နှောင်းနှင့် ရုံးပေါင်းပျော်ပါး
    ယုုယဖြားလျက်
    သနားတုံတုံ ရင်ငွေ့လှုံလည်း
    ယှဉ်စုံရှေးခါ ရှင်နှင့်ငါကား
    မကွာကြလျက် လွန်းကြင်ငှက်သို့
    ပိုက်ဖက်တူကွ မပျော်ရတည့်
    နွေလသန်တောင်းဆောင်းလည်းနောက်ကြွင်း
    နှစ်လည်းခပ်ပြေ စုံတောခြေ`၌
    ညှာကြွေညွတ်ညောင်း ရွက်ရင့်ဟောင်းသည်
    မောင်းမြဝါနီ ကြွချီပချည်လွှမ်းဘိသည်။

    ညောင်းမြရွက်ကျင် ကြွေလဲစင်က
    ညွန့်ရှင်ဖတ်ဖတ် မြရည်ဆွတ်သို့
    လတ်လတ်သစ်သစ် သရစ်ပေါ်ဦး ရာသီကျူးက
    ပွင့်ဖူးငုံကင်း ဟေဝန်တွင်းဝယ်
    အင်ကြင်းရင်ကတ် ဖက်ဆွတ်ပျဉ်းဖြူး
    ကြူကြူပျံ့မွှေး လေပြည်သွေးက
    ကြိုင်ပြေးနံ့လှောင်း ပန်းပေါင်းပေါ်စတပေါင်းလဝယ်
    နှမစိတ်တူ အိမ်သူကျွမ်းဝင် နောင့်သခင်ကို
    ထိပ်ပြင်ပြည့်မျှ မဆင်ခဲ့ရ
    ဓမ္မမကင်း သီတင်းငါးမြည်
    ဖြူဆွကြည်လျက် ဆံခြည်ခြမ်းမျှ
    ယွင်းခွမရှိ မြဲဇာတိနှင့်
    သီရိစံထွတ်ရွှေမျှားနတ်ကို
    ဆွတ်ဆွတ်ရောင်မြ စက်ဖော်တသည်
    ညောင်းမျှခါညီ ညပြီ မတည် လွမ်းဘိသည်။

    စစ်ချီအလွမ်းရတု ထောင်သင်းမှူးနဝဒေးကြီး

  • kyaw swar kaung

    July 29, 2013 at 11:49 pm

    ကိုဒီပါ..
    အချစ်ဟာ အရွယ်နဲ ့မဆိုင်သလို.. ဘာနဲ ့မှ မဆိုင်တဲ့ ဗိုင်းရပ်စ် ပိုးတခုလို ့ ကျနော် ထင်ပါတယ်..။
    အချစ်နဲ ့ ပါတ်သက်ရင် မျက်မမြင် ပုဏ္ဏား ၆ယောက်မကပါဘူး.. ကမ္ဘာမှာ မျက်မမြင်ပုဏ္ဏား သန်း ၆၀၀ဝ လောက်ရှိပါတယ်..။
    ကျနော်ကအစ ကိုယ်ထင်သလို ကိုယ်ပြောနေတာကိုး…. အားမငယ်ပါနဲ ့ဗျာ..
    သူ ့ဘက်ကသာ ငယ်ရွယ်သူ မို ့ ဘေးစကား နားဝင်မှာဘဲ တွေးပါ..။
    သူတကယ်ချစ်.. သတ္တိရှိမှာပေါ့…
    အချစ်မှာ သတ္တိလိုတယ်..
    အိမ်ထောင်ရေးမှာ ဦးနှောက်လိုတယ်.. ကိုဒီပါ..
    ဆရာလုပ်သလိုဖြစ်နေရင် ခွင့်လွှတ်ပါ..။

    သတ္တိကောင်းပေမယ့် အသည်းဗြန်းဗြန်းကွဲဘူးတဲ့
    ကျော်စွာခေါင်

  • uncle gyi

    July 29, 2013 at 11:53 pm

    အားမငယ်ပါနဲ့ကိုဒီ
    ဟိုတနေ့ကသတင်းထဲဖတ်လိုက်ရတာ
    သတို့သားကအသက်၉၀
    သတို့သမီးကအသက်၂၂
    သူတို့ထက်စာရင်မောင်ကအများကြီး
    လတ်ပါသေးတယ်
    ဆက်လုပ်

  • kai

    July 30, 2013 at 12:18 am

    ကညာဆိုတာ.. အသက်ဘယ်လောက်လည်းဟေ့….
    နှံပြည်စုတ်အမြှောက်နဲ့ထုမှုနဲ့… တရားဆိုင်ရမယ်… :mrgreen:

    • DEPARKO DEPARKO

      July 30, 2013 at 11:22 am

      ၂၁ နဲ့ ၄ရ သူကလေးတို့ မွန်မွန်တို့ လူကလေးတို့ကိုအပြစ်တင် သူတို့ ပို့စ်တွေဖတ်ပြီး ရွစိရွစိနဲ့ မနေနိုင်မထိုင်နိုင် လျှာသရမ်းလိုက်တာ အခုတော့ အင်းဟင်းဟင်း အချစ်ဖျားတက်နေပြီ

  • Ma Ma

    July 30, 2013 at 8:41 am

    MRTV ထင်ပါရဲ့ဒါရိုက်တာ ကြည်စိုးထွန်းပြောသွားတာ။
    ကိုယ်ငယ်ငယ်ကတော့ အသက်၇ဝဆိုရင် အသက်ကြီးပြီဆိုပြီး သေသွားလည်း သေသင့်ပြီလို့ ထင်ခဲ့တယ်။
    ကိုယ်တိုင်လည်း အသက်၇ဝရောက်ရော ကြီးတယ်လို့ကို မထင်တော့ဘူး။
    သေသင့်တယ်ဆိုတာတော့ ဝေးရော တဲ့။ 🙂

  • Min Zarni

    July 30, 2013 at 8:46 am

    လက်တလော ဒါမျိုးလေးတွေ လွှတ်ကြွေနေသဗျာ..
    (အတည်)

  • Myo Thant

    July 30, 2013 at 9:12 am

    ဪ ဪ
    လောကမှာ ငါပဲ အဲသလိုခံစားနေရသလားလို့ ထင်နေတာ
    အခုတော့ အဖေါ်ရပြီပဲ ၊

    သူ့မှာ နှလုံးသားတစ်ခု
    ကိုယ့်မှာလည်း နှလုံးသားတစ်ခု
    စုလိုက်လို့အချစ်ဖြစ်ရင်
    အဲဒါ အပြစ်တင်စရာမရှိ
    အချစ်၏အင်အား
    သင် သိပြီးသားလေ ။

  • ဦးဦးပါလေရာ

    July 30, 2013 at 2:04 pm

    တကယ်တော့ …
    တကယ့်နေရာတွေမှာ (ဘယ်နေရာတွေလဲလို့တော့မမေးကြေး)
    အသက်ငါးဆယ်တော်တော်ကျော်တွေပဲ မင်းသားတွေဖြစ်နေတာနော ……
    ဆိုတော့ … ဆက်လုပ်ကြပါ…။
    အားပေးပါကြောင်း…
    စကားပုံတောင်ရှိသေး..
    ……………..
    🙂

    • အရီးခင်

      July 30, 2013 at 2:39 pm

      စိမ်းစိမ်းစိုစို လေး ကို ကြိုက်တဲ့ စကားပုံလား 🙄
      😛

  • အလင်း ဆက်

    July 30, 2013 at 9:07 pm

    အချစ်ဆိုတာ အရွယ်လွန်နှလုံးသား
    အပြစ်ဖြစ်သတဲ့လား။

    ချစ်ခြင်းမှာ..
    အပြစ်မရှိ ။

  • DEPARKO DEPARKO

    August 1, 2013 at 7:27 pm

    OK အားရှိသွားပြီ ဆက်လုပ်တော့မယ် ရွာသားတို့ရေ လက်ဖွဲ့ဘို့သာပြင်ထား

  • မဟာရာဇာ အံစာတုံး

    August 4, 2013 at 12:44 pm

    ဥရယ် .. ဥရယ် ..
    ဥ မလာဒဲ့ ရက်လေးများမှာ ..
    တာမီးဒေါ့ တိတ်တိတ်လွမ်းဒယ် …
    ကျိတ်ငိုရဒယ် ဂျစ်သော ဥရယ် … ခွိခွိ

  • လုံမလေးမွန်မွန်

    September 14, 2013 at 8:44 pm

    ဖျား..ခုမှ ကြည့်မိတယ်..အနော်တို့ကို အားကျလို့တဲ့… ဘိုပဲဖစ်ဖစ်.. အားပေးပါအိ… ဒါမယ့်..ခေးကို အတင်းမချုပ်ချယ်ရဝူးနော်… ချုပ်ချယ်မယ့်အစား..သူ့နဲ့အပြိုင် သူလုပ်တာအကုန်လျှောက်လုပ်… ကိုယ်ပါ နုပျိုသွားလိမ့်မယ်…အိုစခေ… ??? 🙂

  • TNA

    September 14, 2013 at 10:16 pm

    အချစ်မှာအပစ်မချိ။ ဂွတ်တယ်ထင်ဒူးသာဒူးပါလေ့။ နှစ်ကိုယ်တူချစ်သမျှရင်ပီးတာပဲနော့

Leave a Reply