Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သံတိုင် နဲ့ဘဲ တန်ပါတယ် ..

ကထူးဆန္းAugust 4, 20131min89428

တစ်နေ့ တစ်ရက်လောက်များ အသက်ပိုရှည်မလားရယ်လို့ ညနေ ညနေ ရောက်ရင် ကျွန်တော် နာရီဝက်လောက် လမ်းလျှောက်စက်ပေါ် တက်လျှောက်လေ့ရှိပါတယ် ။

ဒီနေ့ တော့ နဲနဲ စော လျှောက်ဖြစ်ပြီး ထုံးစံ အတိုင်း လမ်းလျှောက်စက် ရှေ့ ကပြနေတဲ့ တီဗွီ ကို ကြည့်မိပါတယ်။

နေပြည်တော် ဝဏ္ဏသိဒ္ဓိ ကွင်း မှာ နေပြည်တော် အသင်း နဲ့ ရန်ကုန် အသင်းတို့ ရဲ့ ဒီနှစ် MNL ပွဲရဲ့ နောက်ဆုံးဘောလုံးပွဲ ပြနေပါတယ် ။ ပွဲပြီးရင် ရန်ကုန် အသင်းကိုလည်း ချန်ပီယံ ဖလား အပ်နှင်းမှာပါ ။

ရန်ကုန် အသင်းအတွက် ဒီပွဲ က အရေး မကြီးတော့ပါဘူး ။ ချန်ပီယန် ဖြစ်နေပါပြီ ။ နေပြည်တော် အသင်းကတော့ ဘယ်အဆင့် ရောက်နေလဲ၊ ဒီပွဲ သူတို့ အတွက် ဘယ်လောက် အရေးကြီး လဲ ဆိုတာ တော့ ကျွန်တော် မသိပါဘူး ။ အရင်တုန်းကလည်း မကြည့်ဖြစ်ပါဘူး ။

ဒီနေ့တော့ မျက်စိရှေ့ ရောက်လာတာရယ် ။ နေပြည်တော်က ကွင်းဆိုတာရယ် ။ မြန်မာတွေ ခေါ်ထားတဲ့ နိုင်ငံခြားသားတွေ ခြေစွမ်းဘယ်လောက် ရှိမလဲ ဆိုတာ သိချင်တာ ရယ် နဲ့ channel မပြောင်းတော့ဘဲ ကြည့်ဖြစ်လိုက်ပါတယ် ။

ရန်ကုန် က ခြေ နဲနဲသာတာ သတိထားမိလိုက်ပါတယ် ။ ဒီလို နဲ့ ဟိုဘက်ဒီဘက် အပြန်အလှန် ကစားကြရင်း ပွဲချိန် မိနစ် သုံးဆယ်လောက်မှာ နေပြည်တော် ကွင်းဘက် ဂိုးစည်း အတွင်းမှာ နေပြည်တော် အသင်းသား နှစ်ယောက်ဝိုင်းပိတ်ဆို့ ရာကနေ ရန်ကုန် အသင်းသားတစ်ယောက်လဲခဲ့ပါတယ် ။ နိုင်ငံခြား ပွဲများလို ကင်မရာ များများစားစား ရှိဟန် မတူတော့ ဘယ်လိုကြောင့် လဲ တယ် ဆိုတာ သေခြာ အနီးကပ် ပြန်မပြနိုင်တဲ့ အတွက် foul ဖြစ်မဖြစ်ဆိုတာတော့ ကျွန်တော် ကတော့ သေခြာပေါက် မပြောနိုင် မသိပေမဲ့ ဒိုင်ကတော့ ပယ်နယ်တီပေးလိုက်ပါတယ် ။

ဒိုင်က ပယ်နယ်တီပေးလိုက်တာကို နေပြည်တော် အသင်းသား နှစ်ယောက်က ပြေးသွားပြီး တွန်းပြီးစောဒဂတက်တာကို တွေ့လိုက်ရပါတယ် ။ စောဒဂတက်တာတော့ တက်ကြတာဘဲ ။ ဒါပေမဲ့ ဒိုင်ကို တွန်းထိုးပြီး ပြောတာတော့ မဖြစ်သင့်ပါဘူး ။ နောက် ဂိုးသမားရယ် အခြားသုံးလေးဦးက စောဒဂ ဝို်င်းတက်ကြပါတယ် ။ ဒိုင်ကတော့ ဆုံးဖြတ်ချက် မပြင်ဘဲ သူ့ကို စောဒဂတက်သူ တွေကို သတိပေးပုံရပါတယ် ။ နောက် သူ့ကို တွန်းထိုးပြောတဲ့ နေပြည်တော်ကစားသမား တစ်ဦးကို အဝါကဒ်ပြ သတိပေးလိုက်ပါတယ် ။

အဝါကဒ်ပြပြီး ပယ်နယ်တီ ကန်ဖို့ ပြင်တဲ့ အချိန်မှာဘဲ အပြင်က လူတစ်ဦးပြေးဝင်လာပြီး ဒိုင်ကို တွန်းထိုး စောဒဂတက်ပါတော့တယ် ။ ဘယ်သူတွေလဲတော့ မသိဘူး ။ ဝိုင်းထိန်းကြပြီး ခေါ်သွားပါတယ် ။ security တို့ လုံခြုံရေး တို့ ဆိုတဲ့ စာတန်းပါတာတွေ တစ်ယောက်မှ မတွေ့မိတာ တော့ အမှန်ပါဘဲ ။

ပယ်နယ်တီ ကို ရန်ကုန် အသင်းက အမှား အယွင်းမရှီ နိုင်ငံခြားသား တစ်ဦးက ကန်သွင်းလိုက်ပါတယ် ။ ဂိုးသွားပြိးနောက် အဲ့ဒီ့ နိုင်ငံခြားသားက ကြော်ငြာဘုတ်တွေ ကို ခုန်ကျော်လို့ ထွက်သွားပြီး ရန်ကုန်အသင်းကို လိုက်လံ အားပေးသူများရှေ့ မှာ အောင်ပွဲ ခံပါတယ် ။ ကျန် ရန်ကုန် အသင်းသားများလဲ လိုက်လာပြီး အောင်ပွဲခံကြပါတယ် ။ ဒီမှာ ပြောလိုတာလဲ အခြေအနေတွေ တင်းမာစပြုတဲ့ အချိန်မှာ အခုလို ကြော်ငြာဘုတ်တွေ ကို ကျော်လွှားပြီး ရန်ကုန် ပရိသတ်ရှေ့မှာ အောင်ပွဲကြာကြာခံတာ မဖြစ်သင့် ဘူးလို့တော့ ကိုယ်က ဘယ်ဘက် ကမှ အားပေးသူ မဟုတ်တော့ ထင်မိပါတယ် ။

ကွင်းထဲလည်း ထုံးစံ အတိုင်း ရေဗူးတို့ ပစ်ပေါက်လို့ ရတာတွေကတော့ စ ပစ်နေကြပြီပေါ့။

ဒိုင်က အောင်ပွဲခံသူတွေကို ကွင်းထဲ ပြန်ဝင်ဖို့ ခေါ်ပြီး ပွဲပြန်စပါတယ် ။ ပွဲ စစ ခြင်းဘဲ နေပြည်တော် အသင်းက ထိုးဖောက်သွားတာ ဂိုးရလု ရခင်ပါဘဲ ။ ရှုပ်ယှက်ခတ်သွားပြီး ဘာဖြစ်လဲတော့ TV မှာ အပြည့်အစုံ မမြင်လိုက်ရဘူး ။ နောက်မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ကျွန်တော်တော့ ဟာ ကနဲဖြစ်သွားပါတယ် ။ TV ရဲ့မြင်ကွင်းကွယ်မှာ ဘာဖြစ်ခဲ့ သလဲတော့ မသိ ။ သူ့ဘာသာသူ ပြန်နေရာယူ နေတဲ့ ရန်ကုန် အသင်းသားတစ်ဦးကို နေပြည်တော် အသင်းသားက သိုင်းသမား အလား ခုန်ကန်တာပါဘဲ။

အဲ့ဒီ့မှာ ပွဲ ထိန်းမရဖြစ်တော့တာဘဲ ။ ရန်ကုန် အသင်းကလည်း ပြန်ထိုးကြိတ်ကြဖို့ ဖြစ်လာပြီး ရုန်းရင်းဆန်ခတ် ဖြစ်တော့တာဘဲ ။ နေပြည်တော် ပရိသတ်လည်းကွင်းထဲ ခုန်ဆင်းလာကြပြီး ခုံတွေဖြုတ်လာပြီး ပေါက်သူပေါက် တွေဖြစ်ကုန်ပါတယ် ။ ကြော်ငြာဘုတ်တွေကို ဆုတ်ဖြဲ ပြီးရိုက်ချိုးတာလည်းတွေ့လိုက်ရပါတယ် ။ အဲ TV ကလည်း ဆက်မပြတော့ ဘာတွေဖြစ်ကုန်လဲတော့မသိပါဘူး။

ခုန ပြောသလိုပါဘဲ အခုလိုတွေဖြစ်နေတာ မှာ security ဘဲဖြစ်ဖြစ် လုံခြုံရေး ဆိုတဲ့ ဟိုး အရင် က မြင်မြင်နေရတဲ့ လက်ပါတ် အနီသမားတွေဘဲ ဖြစ်ဖြစ် လုံထိန်း ရဲတွေဘဲ ဖြစ်ဖြစ် ဘာမှ မတွေ့ ရပါဘူး ။ သာမာန် အဝတ်အစားနဲ့ လိုက်ထိန်းတာတော့ တွေ့မိပါတယ် ။ ပြောချင်တာကတော့ဒီလို အမြဲတန်းဖြစ်တတ်တဲ့ ဘောလုံးပွဲ တစ်ခု မှာ လုံလောက်တဲ့ လုံခြုံရေး ချမထားတာ တော်တော့်ကို အံဩမိပါတယ် ။ နေပြည်တော်မို့လို့ မီးသေပြီးသား ဘယ်သူမှ ဆူဆူပူပူ မလုပ်ရဲပါဘူးလို့ အထင်ပေါက်လို့လားတော့ မသိ ။

ဒီကွင်းက seagame ကစားမဲ့ ကွင်းပါ ။ ဒီကွင်းမှာ ဒီလို ပွဲကြည့် ပရိသတ် လွယ်လွယ်ကူကူ ဆင်းလာနိုင်အောင် ဆောက်ထားတာကိုလည်း အံဩမိပါတယ် ။ ပွဲကို ကောင်းကောင်းမမြင်ရမှာ စိုးလို့ သံတိုင်တွေ ဇကာတွေ နဲ့ မခတ်ထားတာလားတော့ မသိပါဘူး ။ ဒါပေမဲ့ ကိုယ့်ပရိသတ် အကြောင်းကို်ယ်မသိဘူးလား ဆိုတာလည်း အပစ်တင်ချင်စိတ်ပေါ်မိပါတယ် ။ တန်ရာ တန်ရာဘဲ မို့လို့ မြန်မာ ဘောလုံးပရိသတ် အတွက် သံတိုင်တွေ သံပန်းတွေ ခတ်ရမှာပါဘဲ ။ ရေဗူးတို့ ဘိနပ်တို့ နဲ့ ပစ်ပေါက်လို့ ပါ မရအောင် ကာကွယ်ရပါမယ် ။

ဒီပွဲမှာ အားကစားစိတ်ဓါတ် လုံးဝ မရှီ သိုင်းစွမ်းပြတဲ့ နေပြည်တော် ကစားသမားကိုလည်း သူဘယ်လောက်တော်တော် ရာသက်ပန် ပွဲ ပိတ်သိမ်းသင့်ပါတယ် ။ မြန်မာ နေရှင်နယ် အသင်းမှာ ပါနေရင်တောင်မှ ထုတ်ပါယ် သင့်ပါတယ် ။ အခုက ကိုယ့် မြန်မာခြင်း ။ နိုင်ငံခြား ပွဲ တွေမှာ များဖြစ်လိုက်ရင် ဘယ်လောက် ရှက်စရာ ကောင်းလိုက်မလဲ ။ ဒီလို စိတ်ဓါတ် ရှိသူက ဒီလိုဘဲ ဖြစ်ရင် ဒီလိုဘဲ လုပ်ဦးမှာဘဲ ။ လူတော် တွေ မရှိလို့ နိုင်ငံခြားပွဲ မှာ ရှုံးတာ ရှုံးပါစေ ။ အားကစားစိတ်ဓါတ် မရှိတဲ့ မြန်မာတွေလိုတော့ အပြော မခံရပါစေနဲ့ ။

နောက် အခုလို ကွင်းထဲ ဝင် သောင်းကြမ်းသူများအားလုံးကိုလည်း စံပြ အနေနဲ့ ပြင်းပြင်းထန်ထန် ထောင်ဒါဏ် ပါ နှစ်နဲ့ချီလို့ ချသင့်ပါတယ် ။ ပဋ္ဋိပက္ခ တွေဖြစ်တုန်းကတောင် ဒီလို မချဘူးလို့ ပြောစရာတော့ ရှိကောင်းရှိနိုင်ပါ်တယ် ။ ဒါပေမဲ့ ထောင်ဒါဏ် နဲ့ အပြစ်မချလို့ ကတော့ လာမဲ့ seagame မှာ မျက်နှာ ပျက်ရဦးမှာဘဲ ။

နောက်ဆုံးကတော့ ဒီပွဲ တာဝန်ရှိတဲ့ လူကြီးမင်းများပေါ့ ။

အားကစားဝန်ကြီးက စလို့ ..

အသင်းချုပ် တာဝန်ရှိသူများ

လုံခြုံရေး မချထားတဲ့ ကိစ္စ ဘယ်လိုရှင်းမလဲ ဆိုတာ

လမ်းလျှောက်လို့ မမော ပွဲကြည့်ပြီး အမောကြီး မောသွားတဲ့ ကထူးဆန်း မနေနိုင်မထိုင်နိုင် အာချောင်လိုက်ကြောင်းပါ ။

မြန်မာ့ လက်စွမ်း ဘယ်လိုများဖြုတ်လိုက်ကြတယ် မသိ
မြန်မာ့ လက်စွမ်း ဘယ်လိုများဖြုတ်လိုက်ကြတယ် မသိ

28 comments

  • မဟာရာဇာ အံစာတုံး

    August 4, 2013 at 10:06 pm

    အာချောင်လိုက်ရလို့ မောသွားရင် ရေတိုက်မယ်ဗျာ …
    ရော့ … သောက် .. ဥဥထူးဆန်းဂျီး ….
    ဂလု .. ဂလု … (ရေသောက်သံ)

    =========

    Sea Game ကစားမယ့် ကွင်းက ဒီလိုကြီး ဆိုတော့ ….
    မလွယ်ရေးချ မလွယ်လို့ပဲ မှတ်ချက် ပြုချင်ပါတယ် …
    ဒါပေမယ့်လည်း ခုလို စောစောစီးစီး သိလိုက်ရတော့လည်း ကြိုတင် ကာကွယ်သွားနိုင်တာပေါ့လေ …
    သံတိုင်နဲ့ ဆိုတာထက် … ဇကာနဲ့ တန်တယ်ဆို ပိုမှန်ပါဦးမယ်ဗျာ …
    သံတိုင်နဲ့ဆို …. လောက်စလုံး၊ ရေသန့်ဗူး၊ ဖိနပ်တွေ ဝင်နိုင်သေးလို့ပါ ….
    ဇကာ ကတော့ အကွက်အတော်စိပ်တဲ့ ဇကာမှ ရမှာ ….
    ဒီလိုသောက်ကျင့်ကို မပြင်သေးသရွှေ့ ကာလပတ်လုံး …
    ဘယ်တော့မှ ရွှေခေတ် ရောက်မှာ မဟုတ်ဘူး ….
    သေချာတယ် ..။ ပြောရဲတယ် …။
    ဘောသမားတွေလည်း ထိုနည်း လည်းကောင်းပဲ …..
    ပရော်ဖက်ရှင်နယ် ဆိုတာကို တွေးတတ်ဖို့ လိုပါတယ် …..
    ပြောတာ ပြောရတာ ….
    ဘောသမား နာမည် နည်းနည်း ရှိလာတာနဲ့ အပြင်မှာ ဆောင့်ကြွားကြွားနဲ့ …
    အတော် သောက်မြင် ကတ်ဖို့ ကောင်းတဲ့ ကောင်တွေပဲ …
    ဒီလို ကောင်တွေ၊ ဒီလို စိတ်ဓါတ်တွေ၊ ဒီလို လုပ်ရပ်တွေနဲ့ အာရှ မပြောနဲ့ ကမ္ဘာတောင် တိုးနိုင်မှာ မဟုတ်ဘူး ….။

    (ကျုပ်လည်း ဝင်ပီး အာချောင်လိုက်ဒါ .. မောတွားဘီ .. ဟီးးးဟီးးး သူညားကို ပေါရလို့လား သိဝူးးး အရသာ ချိလိုက်ဒါ .. ကွိကွိ)
    :mrgreen:

    • ကထူးဆန်း

      August 5, 2013 at 1:42 pm

      ရော့ရော့ ရှစ်မျက်နှာလည်း ရေပြန်သောက်လိုက်ဦး … 😆

      အလင်းဆက်ရေ … လူမနိုင် လေနိုင် ရမယ်ဆိုတာ အစဉ်အဆက်လုပ်လာကြတာလေ..

      အန်ကယ်ကြီးရေ .. မျှော်သာမျှော်သည် မပေါ်ပြီ ဘဲ .. မတိုးတက် နိုင်သေးတာ .. စိတ်တွေ မပြောင်းနိုင်သေးတာ နဲနဲတော့ အံ့ဩမိတယ် ..

      ခေတ် စံနစ်ကြောင့် ဆိုတဲ့ လက်ညိုးထိုးဖို့တော့ ခက်သား … ဘာဖြစ်လို့လဲ ဆိုတော့ ဗိုလ်ချုပ် မိန့်ခွန်းကြည့်ရင် အဲ့ဒီ့ ကထဲ က ဖြစ်ပျက်နေတာ ဆိုတော့ ..
      သူကြီးရဲ့ အနှစ်တစ်ထောင် ကြိမ်စာ ဘဲ လက်ညိုးထိုးလိုက်တော့မယ် …. :kwi:

  • အလင်းဆက်

    August 4, 2013 at 10:12 pm

    မြန်မာ့ အားဂဇား.
    ဂဘာကို လွှမ်းရမည်….ဆိုလား….
    ဘာ..ဆိုလား…
    ညာ…ဆိုလား….

  • uncle gyi

    August 4, 2013 at 10:15 pm

    ဒါပဲကိုထူးဆန်းရေ
    မြန်မာ့ဘောလုံးဘာကြောင့်ကျဆင်းနေသလဲဆိုတာ
    အဖြေကဒါပဲ
    ကစားသမားကဒိုင်ကိုအပြင်းအထန်စောဒကတက်တာ
    ကစားသမားအချင်းချင်းအလွယ်တကူခိုက်ရန်ဖြစ်တာ
    ပွဲကြည့်ပရိတ်သတ်စည်းကမ်းမရှိတာ
    ခြုံပြောမယ်ဆိုရင်
    အရေးယူမှုအပိုင်းအားနည်းနေတာ
    တနည်းစည်းကမ်းထိမ်းသိမ်းမှုအပိုင်းအားနည်းတာ

    ဒါတွေကိုမပြင်ပဲမြန်မာ့ဘောလုံးတိုးတက်ဖို့ဆိုတာ
    လိုပါသေးတယ်လို့ပဲပြောချင်တယ်ဗျာ

  • Crystalline

    August 4, 2013 at 10:59 pm

    ကျမလည်းဆီးဂိမ်းအတွက်တော်တော်လေးစိတ်ပူမိတယ်.. ပရော်ဖက်ရှင်နယ် မပီသတဲ့ကစားသမားအချို့နဲ့ စိတ်ဓာတ်မြင့်မားတဲ့အိမ်ရှင်ပရိသတ်အချို့ကတော့ မြန်မာ့ဂုဏ်ဆောင်ကြအုန်းမှာသေချာတယ်.. အရင်တစ်ခြေစစ်ပွဲတုန်းကလည်း ဒဏ်ငွေဆောင်လိုက်ရတယ်.. အခုတစ်ခါတော့ အားကစားနည်းစုံဆိုတော့ လျော်ကြေးပေးဖို့စပွန်ဆာပါရှာထားရလောက်တယ်.. 🙂

    • ဦးကြောင်ကြီး

      August 5, 2013 at 12:08 am

      အားဂဇားဆိတ် အပြည့်ရှိဒဲ့ ခရစ်စတယ်လေးဂို ဦးကြောင်ကြီး စပွန်ဆာပေးမယ် ယူမား.. ထမင်းလည်းကျွေးမယ်၊ နေစရာလည်းပေးမယ်.. ညောင်းရင်လည်း နှိပ်ပေးမယ်… ဒီထက်ကောင်းတဲ့သူ ရှိအုံးမား… 😳

      • Aye Lwin Oo

        August 5, 2013 at 3:07 pm

        အားဂိုဂျီး ဘယ်မာနေယဲ အင့် အင် ဟင်

  • အရီးခင်

    August 4, 2013 at 11:13 pm

    ရွှေအကြောင်း ဖယောင်းသက်သေ ပြဖို့ ပွဲ ပေါ့ ကထူးဆန်းရေ။
    စိတ်ဓာတ်ဆိုတာ ပြင်ဖို့ခက်တာ မဟုတ်ပါဘူး။
    အမှားအမှန်သူပြီး ပြင်ချင်တဲ့စိတ်ရှိကြဖို့သာလိုတာပါ။

    အဲဒီလို သတင်းတွေ ကို ယူဖို့ အခုထဲ က အပြေးလေ့ကျင့်ထား။
    တစ်နေ့ နာရီဝက် နဲ့ လောက်ဘူး။
    ၃ဆတိုး လျှောက်။
    😉

  • ဦးဦးပါလေရာ

    August 5, 2013 at 12:55 am

    အဟမ်း…
    ဒါကတော့ မြန်မာလေ .. ဒီလောက်တော့ရှိမပေါ့…
    :mrgreen:

    ကျုပ်တို့ငယ်ငယ်တုန်းက တစ်ရွာနဲ့တစ်ရွာ ကန် တဲ့ ဘောလုံးပွဲတွေ သတိရမိတယ်…

    ဘောလုံးပွဲ တစ်ခါ လုပ်ပြီးရင် သုံးနှစ်လောက် အပြန်အလှန် ရိုက်လို့ မပြီးဘူး…

  • ကျော်စွာခေါင်

    August 5, 2013 at 1:17 am

    ကထူးဆန်း
    မေးပါဦးမယ်….
    အသက်ရှည်ဘို ့အတွက် အပြေးကျင့်တာလား
    ဒါမှမဟုတ်..
    ဆီးဂိမ်း ရန်ပွဲမှာ လွတ်ရာကို မြန်မြန် ပြေးနိုင်အောင်.. ကျင့်တာလား… း၊)

    • ကထူးဆန်း

      August 5, 2013 at 1:55 pm

      Crystalline ရေ .. ကိုဇော်ဇော်လည်း ကမာ္ဘ့ ဘောလုံး အဖွဲ့ချုပ်တွေ ကို ဘယ်လောက် သွားဖြီးပြနေရမလဲ မသိဘူး ..
      အရီးခင် နဲ့ ကိုကျော်စွာခေါင်ရေ .. အဟီး..ကျွန်တော်က အဲ့ဒါမျိုးနေရာတွေဆို နဂိုကတည်းက ဝေးဝေး နေတတ်လို့ ပြေးစရာတော့ လိုဘူး ဗျ … အဝေးကနေပြီး အာချောင်နေတာ .. 😆

      ဟုတ်ပါ့ ဦးပါ နဲ့ အန်တီမမ .. ဒါကြောင့် ဗိုလ်ချုပ် လဲ ပြောခဲ့တာပေါ့ .. ဗိုလ်ချုပ်ကိုတော့ ချစ်ပြနေလိုက်ကြတာ..ဗိုလ်ချုုပ်စကားတော့ နားမထောင်ကြဘူး .. ဘုရားစကားလဲ နားထောင်ကြတာ မှ မဟုတ်တာဘဲလေ .. ဖြေသာပါတယ် … :mrgreen:

      seagame မှာ တပ် ပါ ချရမယ်ထင့်ပါ ဦးကြီးမိုက်ရေ။

      အဟဲ … ခြင်္သေ့ကျွန်း မှုစတာဖာကုန်တိုက် မှာ ကိုကိုဘောသမား ပစ္စည်း အလစ်သုတ်တော့ ကျွန်တော် စလုံးမှာ ရှိနေတယ် ဦးကျောက် ရေ .. နောက်နေ့ ဘယ်လို မျက်နှာ ပြရမှန်းတောင် မသိဘူး .. အဲ ဒါပေမဲ့ အဲ့ဒီ့ အရှက်ရကြပြီး အသားကုန် ကန်လိုက်ကြတာ အဲ့ဒီ့ နှစ်က မရစဘူး မထင်မှတ်ဘဲ ဒုတိယ နေရာရလိုက်သေးတယ် .. တိုက်ဂါး ဖလား မှာလေ…

  • kai

    August 5, 2013 at 3:32 am

    ဘယ်သူမဆိုကိုယ်တန်ရာပဲရမယ်…တဲ့..။
    ဆိုတော့..

    လူထုကရွေးထားတဲ့.. လွှတ်တော်ထဲ.. တရားပွဲထဲ.. ဒီလိုတွေဖြစ်လာတဲ့နေ့… မြန်မာပြည်တိုးတက်တဲ့နေ့ရဲ့.. ပထမခြေလှမ်းရယ်လို့… :mrgreen:

  • kyeemite

    August 5, 2013 at 10:40 am

    ကျုပ်တော့ မကြည့်ဖြစ်လိုက်ဘူးဗျာ..ဒါပေမဲ့သတင်းကြားရပါတယ်
    တော်တော်စိတ်ပျက်သွားမိပါတယ်
    မြန်မာ့စိတ်ဓါတ်တွေတော်တော်ပြုပြင်ရအုံးမှာပဲ…
    ဆီးဂိမ်းအတွက်တော့ တော်တော်ရင်လေးစရာပါပဲ :harr:

  • ဦးကျောက်ခဲ

    August 5, 2013 at 10:54 am

    မြန်မာ့စိတ်ဓါတ် ကမ႓ာကသိ၊ ဘဝတူ ရွှေမြန်မာတွေ သွားလေရာ မျက်နှာပွင့်အောင်…
    စင်ကာပူ အမျိုးသားဘောလုံးကွင်း (National Stadium)မှာ…
    ဒိုင်သူကြီးနဲ့ ပရိတ်သတ်ကို ကော့ပြပြီးဆဲတဲ့ ဘောသမားတောင်ရှိသေးတာ…
    ဒီလောက်ကတော့… အကင်းပဲရှိသေးတယ်လို့ ပြောရမလိုပဲ…
    🙁

  • Ma Ma

    August 5, 2013 at 1:32 pm

    ဒါကတော့ ရှေးရိုးအစဉ်အလာကို ထိန်းသိမ်းတာပါ ကထူးဆန်းရေ။ :mrgreen:
    ကိုယ့်မြို့နယ်ဘောလုံးအသင်းကို အဖေက အုပ်ချုပ်သူအနေနဲ့ လိုက်သွားရလေ့ရှိတယ်။
    ခရိုင်မြို့မှာ သွားကစားတိုင်း ကိုယ့်အသင်းကလူကို သူများအသင်းက ချတာ
    သို့မဟုတ် ကိုယ့်အသင်းက လူက သူများအသင်းကို ချလို့ စသဖြင့်……
    အကွဲအပြဲနဲ့ အသင်းသားစုံ ပြန်ပါလာအောင် မနည်းစုစည်းပြီး ပြန်ခေါ်လာရတယ်။
    အဲဒီလိုနဲ့ အိမ်က အကိုတွေ မောင်လေးတွေ ဘောလုံးပွဲကို ကွင်းထဲသွားမကြည့်ရတော့ဘူး။ 🙁

  • ခင် ခ

    August 5, 2013 at 2:07 pm

    လူပျိုရွယ်တုန်းက အောင်ဆန်းကစားကွင်းမှာ ကန်ခဲ့တဲ့ ဘောလုံးပွဲတွေဆို ခဏခဏ သွားကြည့်ဖြစ်တယ်။
    အဲ သုဝဏ္ဏဘောလုံးကွင်းမှာ နှစ်ခါသွာကြည့်တာ နှစ်ခါစလုံး အားပေးတဲ့ပရိတ်သတ်ချင်း စကားများ ရန်ပွဲဖြစ်တော့ တိုးဝှေ့ပြေးလိုက်ရပြီးကထဲက ဘောလုံးပွဲကို ကွင်းမှာရော တီဗွီမှာပါရော မကြည့်ဖြစ်တော့ တာ ယနေ့အထိဘဲဗျ။ အခု မန်းမှာလည်း ကြားနေရပါတယ် အဲလို အားပေးပရိတ်သတ်ရဲ့ရန်ပွဲတွေ ရယ် ဘောလုံးပွဲကအပြီး ထွက်လာတဲ့ပရိတ်သတ်ကလည်း အပြင်မှာအရှိန်မသေဘဲ ဆိုင်ကယ်တွေစီးရင်း ရမ်းကားသွားတာ ဆဲဆိုသွားတာတွေ တစ်ခါတလေကြုံရတယ် ကိုထူးဆန်းရေ။

  • Mr. MarGa

    August 5, 2013 at 2:11 pm

    အင်း….
    ဒီလို ပုံမျိုးနဲ့တော့
    ရ..ဦး…မှာ
    ရ..ဦး…မှာ
    ရ..ဦး…မှာ
    ပြင်သင့်တာတွေ ပြင်ဖို့တော့ လိုနေပြီဗျ 🙁

  • Ma Ma

    August 5, 2013 at 2:23 pm

    အယ်-
    ထူးထူးဆန်းဆန်း ရွာထဲမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ပြန်ရောက်သွားပြီထင်တယ်။
    လူတိုင်း တန်းတူညီမျှ ကြယ်တစ်ပွင့်တွေ ဖြစ်နေလို့။ 😀

  • ခင် ခ

    August 5, 2013 at 2:37 pm

    သဂျီးခဗျာ org ဘက်ပြေးလိုက် com ဘက်ပြေးလိုက်နဲ့ လမ်းမှာ ကြယ်ပွင့်တွေ ကျခဲ့လို့ ပြန်ပြီး လိုက်ကောက်နေရလို့တဲ့။

    • Mr. MarGa

      August 5, 2013 at 6:58 pm

      ဟုတ်သားဟ
      လေးခ ပြောမှ ပြန်ကြည့်မိတယ်
      ကျွန်တော့် ရှိတဲ့ သုံးပွင့်က နှစ်ပွင့် ပျောက်သွားပါလား
      အင်း သဂျီး လက်ဆော့ပြီ

  • KZ

    August 5, 2013 at 3:32 pm

    စိတ်ဓာတ်/စည်းကမ်း/ကြံ့ခိုင်/စည်းလုံး တဲ့။
    ဘယ်နေရာမှာများ ဒေါင်ဒေါင်မြည်ပါသလဲ မြန်မာ့ အားကစားးး 🙁

  • လင်း ထက်

    August 5, 2013 at 4:13 pm

    အစကကျွန်တော်လည်း အဲ.ပွဲကိုသွားကြည်.အလို. ..တော်သေးတာပေါ….မကြည်.ဖြစ်တာ…Sea Game တောင်T.V ကဘဲကြည်.တော.မယ်ဗျာ…ဒီလိုစိတ်ဓါတ်မျိုးသာဆို…Sea Game မှာ ရွှေမပြောနဲ. ကြည်းတောင်မရဘူး

  • padonmar

    August 5, 2013 at 8:50 pm

    ဒါ့ကြောင့် တရားဥပဒေစိုးမိုးဖို့က အရေးကြီးတယ်လို့ ဒေါ်စု တဖွဖွပြောခဲ့တာ။

  • အားမနာတမ်းပြောရရင်
    ဘာမှဖြစ်မလာနိုင်တဲ့
    ြုဖစ်လာရင်လဲဘာမှအကျိုးမပြုနို်င်တဲ့
    ဘောလုံးသမားတွေကို သိန်းရာချီထောင်ချိအကုန်နေမယ့်အစား
    စာသင်ကျောင်းတွေ မဖွံ့ဖြိုးသေးတဲ့ဒေသတွေ လမ်းပန်းဆက်သွယ်ရေးကောင်းအောင်
    လုပ်တာကမှ သဘာဝကျမယ်။
    ဖြစ်သင့်တယ်လို့ ထင်ပါတယ်.။
    အခုဟာက အရူးထခြင်းသက်သက်လိုဖြစ်နေပါတယ်။

  • ကထူးဆန်း

    August 5, 2013 at 11:30 pm

    source : soccermyanmar.com

    ညနေ (၆)နာရီတွင် စတင်မည့် ပွဲချိန်မတိုင်မီ ညနေ(၄း၃၀) နာရီခန့် နှစ်ဖက် ပရိသတ်များ ကွင်းအတွင်း ဆုံမိချိန်တွင် ပြဿနာများ စတင် အစပျိုးလာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှ စ၍ ပွဲမစမီ တစ်နာရီခွဲခန့် ကာလအတွင်း အရှေ့ဘက်တန်း ပွဲကြည့်စင်နှင့် အနောက်ဘက်တန်းရှိ အထူးတန်း ပွဲကြည့်စင်တို့မှ နေပြည်တော် ပရိသတ်များနှင့် တောင်ဘက်တန်း ပွဲကြည့်စင်တွင် နေရာချထားပေးသည့် ရန်ကုန် ယူနိုက်တက် ပရိသတ်များ အကြား အပြန်အလှန် အော်ဟစ်ဆဲဆိုမှုများ အပြင် နှစ်ဘက် ရေဗူးများနှင့် အပြန်အလှန် ပြစ်ခတ်မှု ဖြစ်ပေါ်ခဲ့သည်။ နောက်ပိုင်းတွင် နေပြည်တော် ပရိသတ်များ ဘက်မှ ကွင်းအတွင်း တပ်ဆင်ထားသည့် ထိုင်ခုံများကိုပင် ဖြုတ်ကာ ပြစ်ပေါက်ခဲ့သောကြောင့် တာဝန်ရှိသူများ တားဆီးခဲ့ရသည်။ အဆိုပါ ရန်ပွဲသည် ပွဲစတင်ချိန်တွင် ခေတ္တငြိမ်သက် သွားခဲ့သော်လည်း ပွဲချိန် (၃၂)မိနစ်တွင် ဒေးဗစ်ထန်အား နေပြည်တော် နောက်ခံလူများမှ ဖျက်ထုတ်ခဲ့သည့် အတွက် ရန်ကုန် ယူနိုက်တက်ကို ပင်နယ်တီ ကန်ခွင့် ပေးခဲ့ချိန်တွင် အရှိန်ပြင်းပြင်းနှင့် ပြန်လည် စတင်လာခဲ့သည်။ နေပြည်တော် ပရိသတ်တစ်ဦး ပွဲကြည့်စင်ပေါ်မှ ခုန်ဆင်းကာ ပင်နယ်တီ ကန်ခွင့်ပေးခဲ့သည့် ကွင်းလယ်ဒိုင် ဦးလှမင်းကို ရန်မူခဲ့သောကြောင့် တာဝန်ရှိသူများက အဆိုပါ ပရိသတ်ကို ထိန်းသိမ်းခဲ့သည်။ ထို့နောက် ဆီဇာက ပင်နယ်တီကို အပိုင်ကန်သွင်းကာ ရန်ကုန် အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပြီး နောက်ပိုင်း ပွဲပြန်စချိန်တွင် နေပြည်တော် ကွင်းလယ်လူ ခိုင်ထူးက ရန်အောင်ကျော်ကို နောက်ကျောမှ ကွန်ဖူးကစ်ဖြင့် ကန်ခဲ့သောကြောင့် နှစ်ဘက် ကစားသမားများ ရန်ပွဲစတင် ဖြစ်ပွားကာ ပွဲကြည့်စင် အပေါ်မှ ပရိသတ် အချို့ပါ ကွင်းအတွင်း ခုန်ဆင်း ပါဝင်လာခဲ့ပြီးနောက် ဝရုန်းသုန်းကား အခြေအနေဖြင့် ပွဲကို ရပ်စဲလိုက်ရခြင်း ဖြစ်သည်။ ကွင်းအတွင်း ကစားသမားများ ရန်ပွဲ ဖြစ်နေချိန်တွင် အထူးတန်း ပွဲကြည့်စင်ပေါ်ရှိ နေပြည်တော် ပရိသတ်များက ခုံများကို စိတ်ရှိလက်ရှိ ချိုးဖျက်ကာ ကွင်းအတွင်း ပြစ်သွင်းကြခြင်းဖြင့် ရန်ပွဲ အတွင်းသို့ အားတက်သရော ပါဝင်ခဲ့ကြသည်။

    ကွင်းပေါ်ရှိ ပရိသတ်များက ခုံများကို ဤသို့ ကွင်းအတွင်း ပြစ်သွင်း ခဲ့ကြသည်

    ကွင်းအတွင် ဖြစ်ပွားခဲ့သည့် ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်နှင့် ပတ်သက်၍ ရန်ကုန် ယူနိုက်တက် နည်းပြချုပ် အိုင်ဗန်ကိုလက်ဗ်က အလွန်စိတ်ပျက် ထိတ်လန့်ဖွယ် အတွေ့အကြုံပင်
    ဖြစ်ကြောင်း ဆိုခဲ့ပြီး နေပြည်တော် ကစားသမားများ၏ ရန်လိုသည့် အပြုအမူများကို မေးခွန်းထုတ်ခဲ့သည်။ “ဒါမျိုး တစ်ခါမှ မကြုံဖူးပါဘူး။ တော်တော်လေး စိတ်ပျက်ဖို့ ကောင်းတဲ့
    အတွေ့အကြုံပါ။ တော်တော်လည်း ကြောက်စရာ ကောင်းပါတယ်။ နေပြည်တော် ကစားသမားတွေ ဘာကြောင့်များ ဒီလောက် ရန်လိုနေရလဲ မသိဘူး။ ဒီတစ်ချက်ကို ကျွန်တော် နားမလည် နိုင်ဘူး”ဟု ကိုလက်ဗ်က ဖွင့်ဟပြောကြားခဲ့သည်။

    အဆိုပါ ဖြစ်ရပ်များကြောင့် ပွဲအပြီးတွင် ကျင်းပရန် စီစဉ်ထားသည့် ဆုပေးပွဲ အခမ်းအနားကိုလည်း ဖျက်သိမ်းခဲ့ရရာ ယခုပွဲမှာ မြန်မာနေရှင်နယ်လိဂ် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ရသည်။ ထိုပွဲကို ရန်ကုန်မြို့မှ ရန်ကုန် ယူနိုက်တက် ပရိသတ် (၁၄၀၀)ခန့် လာရောက် ကြည့်ရှုခဲ့ရာ အဆိုပါ ပရိသတ်များနှင့် ကစားသမားများ၊ မီဒီယာများမှာ ကွင်းအတွင်း အတန်ကြာနေခဲ့ရသည်။ ပရိသတ်များနှင့် မီဒီယာများသည် ည(၉း၃၀)နာရီ ခန့်တွင်မှ ရဲယာဉ်တန်း အစောင့်အရှောက်များနှင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာခဲ့ရပြီး အဝတ်လဲခန်း အတွင်း ပိတ်မိနေခဲ့သည့် ကစားသမားများမှာလည်း (၉း၃၀)နာရီ ကျော်မှ ဟိုတယ်သို့ ပြန်ခဲ့ရကြောင်း သိရသည်။

  • kai

    August 6, 2013 at 12:11 am

    လွန်ခဲ့တဲ့.. ၆၆နှစ်ကဗိုလ်ချုပ်အောင်ဆန်းပြောသွားတာတွေပါ..။ အခုပိုဆိုးလာသလား.. လျှော့သွားသလား…

    ကျွန်တော်တို့ ဗမာတွေမှာ စောက်ကျင့်တစ်ခုရှိတယ်။ ဘာစောက်ကျင့် တစ်ခုရှိလဲဆိုရင်၊ ဒါကလည်းဘဲ ကျွန်ဖြစ်ခဲ့ကြရတဲ့အတွက် ဖြစ်ချင်ဖြစ်မယ်။ ဘာလဲဆိုတော့ ကျွန်တော် ဂျပန်ခေတ်တုန်းက ပုသိမ်ဘက်ကိုသွားတဲ့ အခါလှေပြိုင်ပွဲ တစ်ခုရှိတယ်။ လှေပြိုင်ပွဲလုပ်တဲ့ အခါမှာ ဘာဖြစ်လဲဆိုတော့ လှေနှစ်စင်းပြိုင်တဲ့အခါမှာ နိုင်တဲ့ အစင်းက ပန်းတိုင်မရောက်သေးဘူး ရှေ့ကိုနဲနဲရောက်တယ် ဆိုယင်ဘဲ တက်ထောင်တယ်၊ ကြွားတယ်။ တခါ ရှုံးတဲ့နောက်ကနေတဲ့ လှေကလဲဘဲ ပန်းတိုင်းမရောက်သေးဘူး၊ မကြိုးစားချင်တော့ဘူး၊ ရှုံးတော့မှာပါဘဲကွာ ဆိုပြီး ခြေပစ် လက်ပစ်နဲ့ တယ်မခတ်ချင်တော့ဘူး။ ဒါဟာ ဘာလဲဆိုရင် တကယ့် တိုင်းပြည်ထူထောင်တဲ့ နေရာမှာ လွတ်လပ်တဲ့ လူမျိုးနဲ့ ထိုက်တန်တဲ့ စိတ်ဓါတ်မျိုး မဟုတ်ဘူး။ ဒီစိတ်ဓါတ်မျိုး ရှိနေသမျှကာလပတ်လုံး ကျုပ်တို့ ဗမာတွေ ကျွန်ဖြစ်နေမှာဘဲ။

    လွတ်လပ်ရေး ရရင်လဲ မြန်မြန်ပြန်ကျွန်ဖြစ်မှာဘဲ။ နောက်ဆုံးတနေ့ မရှုံးတဲ့တိုင်အောင် ကျွန်မဖြစ်တဲ့ တိုင်အောင်၊ ခုနလို ဖာသယ် လွတ်လပ်ရေးဖြစ်မှာဘဲ။ ဗမာတွေစိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ် တက်တယ်ဘာညာနဲ့ တလွဲဆံပင် ကောင်းနေတယ် ဆိုတာနဲ့ အတူတူပဲ။ ဒီစကားဟာ ဒီနေရာမှာ သုံးဘို့ဟာတွေဘဲ၊ ဗမာတွေ စိတ်ဓါတ်က မဟုတ်တဲ့နေရာမှာ သွားပြီး ကောင်းနေတယ်။ တကယ့်နေရာတွေ ကျတော့ အသုံးမချတတ်ဘူး။ ဗမာပြည် လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာလဲ အသုံးမချဘူး။ ဗမာပြည်ပြန်လည် ထူထောင်ရေး လုပ်တဲ့နေရာမျိုးမှာလဲ အသုံးမချဘူး။ ဗမာ၊ ဗမာချင်းချဘို့ပဲ လုပ်ချင်တယ်။ အဲဒါမျိုးတွေ လုပ်ချင်တယ်။ ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။ ဒီတိုင်းပြည်ဘယ်တော့မှ ပြန်လည်မထူထောင်နိုင်ဘူး၊ ဒီတိုင်းပြည် ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး။ လွတ်လပ်ရင်လဲ ဘယ်တော့မှ ကျကျနန လွတ်လပ်ရေး မဖြစ်နိုင်ဘူး။ အဲဒီတော့ကာ ကျွန်တော်တို့ အဲဒီစိတ်ဓါတ်မျိုး လုံးဝ ဖျောက်ပစ်ဘို့လိုတယ်။ နောက်ဆုံးတစ်နေ့ ပြီးတဲ့ အချိန်မှာ ရှုံးမယ်ထင်တယ် ဖြစ်စေ၊ နိုင်မယ်ထင်တယ် ဖြစ်စေ မလျှော့တမ်းဇွဲနဲ့ လုပ်သွားရမယ်။

    ခင်ဗျားတို့ဟာ လွတ်လပ်ရေးကို လိုချင်ရင်၊ လွတ်လပ်ရေးရနိုင်အောင် စည်းကမ်းရှိကြပါ။ လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးရနိုင်တဲ့ ညီညွှတ်မှုကို ထိန်းသိမ်းပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ထူထောင်မှုလုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက်၊ ရှေ့ကို လွတ်လပ်ရေး အရသာကို ခံစား၊ စံစားချင်တယ် ဆိုရင်၊ အလုပ်လုပ်ကြဘို့၊ စည်းကမ်းရှိကြဘို့၊ ယခုကထဲက ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကို ပြင်ကြဘို့လို့ဆိုပြီး ကျွန်တော် ကနေ့ ပြောခဲ့ချင်တယ်။

    ၁၉၄ရခုနှစ်၊ ဇူလိုင်လ၊ ၁၃ရက်နေ့တွင် မြို့တော်ခန်းမကြီး၌ မိန့်ကြားသည့် မိန့်ခွန်းများမှ တချို့

    • အဲ့.အသံဖိုင်ကို နားထောင်ဖူးတယ်..

      တီဗီနဲ့ဝေးနေလို့ ဘာဆိုဘာမှမသိတာ အတော်ကြာပြီ.. (သနားဇယာ)
      ဒီကြားထဲ ရုံးမှာလည်း မအားလု့ိ ဂျာနယ်မဖတ်ဖြစ် ဆိုတော့ ပိုဆိုး…

      ကမ္ဘာကြီးနဲ့ အဆက်ပြတ်နေလို့လားမသိဘူး.. ဆီးဂိမ်းဆိုတာ မေ့နေတယ်.. (ဟိုတယ်ဘွတ်ကင်တင်လို့ အခန်းမရမှပဲ SEA game period ဆိုတာ သတိရတယ်..)

      ဆိုတော့ ဘယ်လိုတွေလှုံ့ဆော်နေလဲ…ဘာတွေလုပ်နေလဲ…ဘာတစ်ခုမှမသိလို့..ဖတ်ရုံပဲဖတ်ပြီး မောသွားပါတယ်လို့.. 🙂

  • TNA

    August 6, 2013 at 2:44 pm

    အဲနေ့က ကြည့်လိုက်ရတယ်။ ဒီမိုး ဒီရေ ဒီလေနဲ့ဆိုတာလိုမျိုးတော့ဖြစ်နေပီ။ ပွဲမစခင်ကတဲက နှစ်ဘက် နည်း ပြတွေကလဲစောင်နေကြတယ်ဆိုပဲ။ နေပြည်တော်ကမျိုးလှိုင်ဝင်းတို့ ဖြိုးကိုကိုတင့်ဆန်းတို့အဖွဲ့တဲ့။ ဒီဖက်ကလဲ တေဇတို့ဆိုတော့ ထိပ်သီးနှစ်သင်းစောင်ကြတဲ့ပွဲပေါ့။

Leave a Reply