Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘယ်သူ့ကြောင့်လို့ အပြစ်တင်ရမလဲ

Ma MaAugust 10, 20131min79825

 

မနက်စောစော အိပ်ယာကမနှိုးတဲ့ မေမေ့ကို စိတ်ဆိုးမိတယ်။

 

စာမေးပွဲနီးနေပြီမို့ ကျူရှင်နောက်ကျလို့ မဖြစ်ဘူးလို့ ပြောထားရဲ့သားနဲ့။

 

မေမေကတော့ ပြောပါတယ်။

ညက စာကျက်တာ ညဉ့်နက်သွားလို့ မနှိုးသေးတာတဲ့။

 

ပြောသာပြောရတယ်…. ကိုယ်ကအခုမှနိုးတာ။

မေမေက မနက်စာ အဆာပြေ ထမင်းကြော်လို့တောင် ပြီးနေပြီ။

 

မျက်နှာသစ် သွားတိုက်ပြီး အဝတ်အစား မြန်မြန်ဆန်ဆန်လဲရမယ်။

နောက်ပြီးရင် ညက ဖတ်ပြီး မသိမ်းရသေးတဲ့ စာအုပ်တွေကို လွယ်အိတ်ထဲ အမြန်ထည့်မှ။

 

စိတ်ထဲကနေ လုပ်စရာတွေကအစီအစဉ်ချရင်း လက်ကလည်း မရပ်မနားလုပ်လိုက်တယ်။

 

၁၅မိနစ်လောက် အကြာမှာတော့ …….

`မေမေရေ- သမီးကျူရှင်သွားတော့မယ်။´

မေမေ လုပ်ပေးထားတဲ့ မနက်စာ အဆာပြေတောင် မစားတော့ပဲ  စက်ဘီးဆွဲပြီး ထွက်လာခဲ့လိုက်တယ်။

 

ကျူရှင် နောက်ကျမှာစိုးတာနဲ့  စိတ်ထဲမှာ လောကြီးနေမိတယ်။

 

မြန်အောင်လို့ ရပ်ကွက်ထဲကလမ်းက မသွားပဲ  လမ်းမကြီးပေါ်တက်ပြီး စက်ဘီးကို လမ်းပြောင်းပြန်နင်းလာလိုက်တယ်။

မနက်စောစောဆိုတော့ လမ်းမကြီးပေါ်မှာ ကားက ရှင်းနေတယ်။

 

ကျူရှင်လမ်းချိုးရောက်ခါနီးမှ ဆောက်လုပ်ရေးပစ္စည်းကားကြီးက လမ်းဘေးမှာ ရပ်ထားတာတွေ့ရတော့  လမ်းမပေါ်ကွေ့တက်လိုက်တယ်။

ဝုန်း… ဒုန်း …… အားးးးးးးးးးးးးးးးးးးးးးးးးးး

******************************************************************

 

ဆောက်လုပ်ရေးတွေ များလာတော့ ဆောက်လုပ်ရေးပစ္စည်းရောင်းရတာ အဆင်ပြေတယ်။
အရောင်းအဝယ်ကောင်းတဲ့အခါကျတော့လည်း ဆိုင်မှာရောင်းဖို့ပစ္စည်းတွေလာချတဲ့ကားနဲ့၊
လာဝယ်တဲ့သူတွေရဲ့ ပစ္စည်လာတင်တဲ့ကားတွေနဲ့ ဆုံနေရင် …….

ကိုယ့်ဆိုင်ရှေ့မှာ နေရာမရှိတော့ သူများဆိုင်ရှေ့ ကားသွားရပ်ရတယ်။
သူများဆိုင်တွေကလည်း ကိုယ့်ဆီလာပြီး ပစ္စည်းတင်/ချတဲ့ကားရပ်ရင် သူ့ဆိုင်နဲ့မလွတ်၊ ငါ့ဆိုင်နဲ့ မလွတ်ဘူးဆိုပြီး

မရပ်စေချင်လို့ လာလာပြောကြတာ စိတ်ညစ်ဖို့ကောင်းတယ်။

 

လုပ်ငန်းအောင်မြင်တော့လည်း ပတ်ဝန်းကျင်က မနာလို မရှု့စိမ့်ကြဘူး။

သူများလို အောင်မြင်ချင်ရင် သူများလို လုပ်ကြပါလားလို့ ပြောလိုက်ချင်တယ်။

စီးပွားရေးလုပ်နေရတာဆိုတော့ ဘေးဆိုင်တွေနဲ့လည်း အဆင်မပြေမဖြစ်ချင်ဘူး။

 

အဲဒီတော့………

ကိုယ့်ဆီလာဝယ်တဲ့ ပစ္စည်းသယ်တဲ့ကားကိုတော့ အချိန်အတိအကျ ချိန်လို့ မရဘူး။

 

ကိုယ့်ဆိုင်မှာရောင်းဖို့ ဝယ်ထားတဲ့ ပစ္စည်းတွေကိုတော့ ညနေစောင်း ဆိုင်ပိတ်ခါနီးအချိန်လောက်မှသယ်ပြီး ဆိုင်မှာချ။
ကားကို ဆိုင်ရှေ့မှာ ညအိပ်ထားပြီး မနက်ပိုင်း ကားပြန်ထွက်တော့ ပစ္စည်းတင်လာတဲ့ကားနဲ့မဆုံနိုင်တော့လို့ သူများဆိုင်ရှေ့သွားရပ်ရတဲ့ ပြဿနာ မဖြစ်တော့ဘူးပေ့ါ။

 

ဒီခေတ်ကြီးမှာ ကားတွေအများကြီး သွင်းလာတော့ ကားမောင်းတဲ့သူ ရှားပါးတဲ့ပြဿနာကလည်း ကြီးမားလာတယ်။

လုပ်ငန်းသုံးကားဆိုတော့ မောင်းတတ်ကာစလေးတွေကို စိတ်မချလို့ မခေါ်ချင်ဘူး။

 

အဲဒါကြောင့် ကိုယ့်ဆီမှာ လုပ်တာကြာပြီဖြစ်တဲ့ ကပ်တတ်တတ်သူကိုပဲ သည်းခံပြီး ခိုင်းနေရတယ်။

အဲဒီလူကလည်း ကားမောင်းကျွမ်းကျင်ပေမယ့် စည်းကမ်းမလိုက်နာတဲ့ အကျင့်ဆိုးက ပြင်မရဘူး။

 

ဆိုင်ကားကို ညအိပ်ရပ်ရင် ဆိုင်ရှေ့ကပ်ပြီး လမ်းဘေးချရပ်ဖို့ နေ့တိုင်းပြောရတယ်။

ကားပါကင်ထိုးနေတုန်းကို စောင့်ပြီးမပြောမိတာနဲ့ လမ်းမပေါ်ရပ်သွားပြီသာ မှတ်ပေတော့။

 

အရောင်းအဝယ်ကြောင့် မောရတာက တမျိုး။

ပတ်ဝန်းကျင်က တမျိုး။

ကားသမားက တမျိုး။

ဒီကြားထဲ စည်ပင်ကလည်း လာတတ်သေး။

 

ဝှုးးးးးးးးးးးးးးးးမောပ့ါ။

*********************************************************************

 

သွင်းလိုက်တဲ့ ကား။

ပေါလိုက်တဲ့ တက္ကစီ။

ကြပ်လည်းကြပ် ကြမ်းလည်းကြမ်းတဲ့လမ်း။

အဲဒီလို အခြေအနေတွေမှာ ဖြစ်လာရတဲ့ တက္ကစီသမားဘဝ။ 😥

 

မိသားစု စားဝတ်နေရေးဖူလုံဖို့ သူများတွေ မနိုးခင် မနက်စောစောကတည်းက ကားထွက်ရတယ်။

 

ဒီမနက်တော့ ကံကောင်းထောက်မစွာနဲ့ စောစောစီးစီးမှာပဲ ……

`ဘုရင့်နောင်သွားမယ်။ ဘယ်လောက်လဲ ´ ဆိုပြီး လူရွယ်တစ်ယောက်က လှမ်းတားတယ်။

`၃၀၀ဝ ပဲပေးပါ အစ်ကို။´ ဆိုတော့ ဈေးမဆစ်ပဲ လိုက်လာတယ်။

 

ကြည့်ရတာ ပညာတတ်အသို်င်းအဝိုင်းထဲက ဖြစ်ပုံပေါ်ပါရဲ့။

 

မွန်မွန်ရည်ရည်နဲ့ ပါစင်ဂျာက တစ်နေ့ဝင်ငွေဘယ်လောက်ရှိလဲ။ အဆင်ပြေလား စသည်ဖြင့် မေးလာတယ်။

 

မိသားစုများလို့ မနက်စောစော ကားထွက်ရကြောင်း၊ ကားတွေများလို့ အရင်ကလောက် အဆင်မပြေကြောင်း၊ ကားလမ်းတွေကြပ်လို့ တစ်နေ့တစ်နေ့ ရတဲ့အခေါက်ရေ နည်းလာကြောင်း အလာပ သလာပ တွေ ပြောရင်း မောင်းလာခဲ့တယ်။

 

ဗဟိုလမ်းက ဘုရင့်နောင်လမ်းလောက် မကျယ်ပဲ လှိုုင်းကလည်း များသေးတယ်။

ဒါပေမယ့် မနက်စောစောမှာ ကားရှင်းပြီး လမ်းမပိတ်လို့ အဲဒီလမ်းကပဲ သွားလိုက်တယ်။

 

ဘူတာရုံလမ်းအလွန်လောက် အရောက်မှာ ချိုင့်ကြီးကြီးတွေ့တာနဲ့ လမ်းဘေးကပ်ရှောင်လိုက်ချိန်မှာ……

ကျွီ ကျွီ ကျွီးးးးးးးးးးးး
ဒုန်းးးးးးးးးးးးးးးးးးးးးးးးးး

Two business partners signing a document

 

25 comments

  • ကထူးဆန်း

    August 10, 2013 at 12:14 pm

    ညန်မာ လို အပြစ်တင်ရရင်တော့ ကံကြမ္မာ ပေါ့ .. အဟိ .. အဟိ..

    • kai

      August 10, 2013 at 2:39 pm

      ကံဆိုတာလူကလုပ်သည်…
      ဆိုတော့…
      ကားလမ်းတွေမှာ စက်ဘီးသွားလမ်း သီးသန့်မျဉ်းသားပေးထားတာသာရှိခဲ့ရင်…

      ကားကြီးတွေက စက်ဘီးသွားလမ်းကို ပိတ်ရပ်ခဲ့ရင် ရဲကတစ်ကက်ပေးတဲ့စနစ်ရှိခဲ့ရင်..
      လမ်းမတွေကို တွင်းချိုင့်ပျက်တာတွေမရှိအောင် ပုံမှန်ထိမ်းသိမ်းတဲ့ လမ်းပြင်အဖွဲ့အစည်းရှိခဲ့ရင်…
      မြို့တော်ကိုပုံမှန်ထိမ်းသိမ်းဖို့.. ကားအခွန်လမ်းအခွန်အာမခံတွေသာ အပြည့်အစုံရှိခဲ့/ရခဲ့ရင်…
      ..ရင်..
      .. ရင်..
      ♪ ♫ ♫ ဘယ်သူ့ကြောင့်လို့မင်းထင်သလည်း..♪♭ ♯
      ♪ ♫ ♫ ဘယ်သူမဆို ♪♭ ♯ ကိုယ်တန်ရာပဲရမယ်..♪ ♫ ♫

      ကွိကွိတဲ့… ကထူးဆန်းရေ.. :mrgreen:

      • San Hla Gyi

        August 10, 2013 at 3:43 pm

        ဟုတ်ကဲ့ ဟုတ်ကဲ့ တကယ်တော့ လမ်းပြင်တာ လမ်းတွေကို ပြုပြင်ထိန်းသိမ်းတာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို ကြပ်မတ်ပေးရတာဟာ ပြည်သူကို တာဝန်ခံရတဲ့ ပြည်သူဆီကနေ အခွန်ယူထားတဲ့ ပြည်သူ့ကိုယ်စားလှယ် ဖြစ်တဲ့ အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်ဗျာ။
        သာမန်ပြည်သူတွေမှာ တာဝန် မရှိပါဘူး။ စေတနာ ရှိလွန်းလို့ ကိုယ့်ဘာသာ လိုက်လုပ်လည်း တနိုင်ပဲဖြစ်ပြီး အာဏာပိုင် အဖွဲ့အစည်းလို တာဝန်မရှိပါဘူး။
        အခု အယ်ဒီတာ သဂျီးရဲ့ ဒီကွန်မန့်ကို ကန့်ကွက်ပါရစေ။ ကန့်ကွက်ပါတယ် ခင်ဗျာ။ ရှူးရှူးရှားရှား ဖြစ်ပြီး စိတ်မဆိုးပါနဲ့ဦး။
        ဘာလို့လည်းဆိုတော့ လမ်းပျက်တဲ့ ကိစ္စနဲ့ မဆီမဆိုင် ဗုဒ္ဓဘုရားရှင်ရဲ့ ပုံတော်ကို ကွန်မန့်ထဲမှာ ထည့်ပြပြီး ပုံတော်ရဲ့ အပေါ်မှာလည်း ဘယ်သူမဆို ကိုယ်တန်ရာပဲရမယ်လို့ ရေးထားပါတယ်။ ဘာမှ မဆိုင်ပါဘူးခင်ဗျာ။ ဒါဟာ ဗုဒ္ဓဘုရားရှင်ကို စော်ကားတဲ့ အပြုအမူ ဖြစ်ပြီး မန်းဂေဇက်ရဲ့ စည်းကမ်းချက် ၆နဲ့ ဒဲ့ငြိပါတယ်။
        ကဲ သဂျီး စည်းလွတ် ဘောင်လွတ် ရေးရင် ကြည့်မနေပါဘူး ပြောတဲ့ မော့ဒရေတာတွေ ဒီကိစ္စကို ကြည့်မနေကြဖို့ တိုက်တွန်းပါရစေ။ စေတနာနဲ့ ဖြစ်ပါတယ်။ တော်ကြာ မန်းဂေဇက်က မိုးပြာ မူဆလင်လို့ ပြောနေကြတဲ့ သဂျီးက ဗုဒ္ဓကို ပုတ်ခတ်တယ်ဆိုတဲ့ သတင်းမျိုး ဖြစ်လာရင် စည်းကမ်းချက်နဲ့ ငြိတော့မှာပါ။

      • ကိုရင်စည်သူ

        August 10, 2013 at 4:06 pm

        သဂျီးခင်ည.. တင်ပြပုံလေးလွဲနေလားလို့..
        ရွှေတိဂုံစေတီက ထောင့်တစ်ခုက မြတ်စွာဘုရားထင်ပါတယ်… သဂျီးတင်ပြချင်တာက..
        သံဃာတော်များသာဆိုတဲ့ ဆိုင်းဘုတ်ကို ရည်ညွှန်းချင်တာဆိုပေမဲ့..
        တန်ဖိုးဆိုတာ တန်ဖိုးသိသူတွေသာ သိပါကြောင်း…။ ☺§♫♫♪
        လမ်းပုံအောက်မှာ သီချင်းဆိုပီး.. အဲ့အောက်မှာ ဘုရားရုပ်ပွားတော်ပုံတင်တင်ဆိုတော့…
        အင်းအင်း… ဗေလုဝနတ်စောင်းတီးတဲ့နေရာများ လုချင်နေပီလား… :mrgreen:

      • ကထူးဆန်း

        August 10, 2013 at 8:59 pm

        ♪ ♫ ♫ ဘယ်သူ့ကြောင့်လို့မင်းထင်သလည်း..♪♭ ♯
        ♪ ♫ ♫ ဘယ်သူမဆို ♪♭ ♯ ကိုယ်တန်ရာပဲရမယ်..♪ ♫ ♫

        အဲ့ဂလိုကြီးပြောရလွန်းလို့ အား နဲနဲ နာလာလို့ .. ထုံးစံ အတိုင်း လက်ညိုးထိုးကောင်းတဲ့ ပြန်မပြောတတ်တဲ့ ကံကြမ္မာကြီးကို ထိုးလိုက်ကြောင်းပါ .. ဟိဟိ …

  • ဦးကျောက်ခဲ

    August 10, 2013 at 12:27 pm

    အခုမှ ကွန်မန့်ပွင့်သွားတယ်…
    ဖြစ်ချိန်တန်လို့ဖြစ်တယ်ဆိုပေမယ့် အရွယ်မတိုင်ခင် မသေစေချင်ပါ…
    ဥုံဖွ ကလေးမလေးလည်း ဘာမှမဖြစ်ပါစေနဲ့… ကားဆရာလည်း ဘေးကင်းပါစေ…
    ချိုင့်ကြီးကြီးတွေကို မပြင်တဲ့ စည်ပင်နဲ့ အတ္တကြီးသူတွေ ဗိုက်နာတိုင်း အိမ်သာရှာမရပါစေနဲ့…
    😀

  • သူဘက်က နည်းနည်းဖောက်
    ကိုယ့်ဘက် နည်းနည်းဖောက်
    ဒီလို ဒီလို စည်းကမ်းတွေဖောက်ရင်း
    ဘဝတွေပျောက်ကုန်ကြတာပါခင်ဗျာ။

  • ခင် ခ

    August 10, 2013 at 2:47 pm

    မနက်က တစ်ခေါက်ဝင်ဖတ်တော့ ကွန်မန့်ပိတ်နေလို့ အခုတော့ မန့်လို့ရပြီမို့ ဝမ်းသာသွားတယ်။
    စနစ်ဘဲလား လူကြောင့်ဘဲလား ဘာမှန်းမသိဘဲ အဖြေရှာရင်း နေထိုင်နေရတာ ကျွန်တော်တစ်သက်ဘဲဗျာ။ ခုထိလည်း သေချာတဲ့အဖြေမရသေးဘူး၊ ဘယ်တော့များမှ အဖြေမှန်ရမလဲဆိုတာလည်း မပြောတတ် တော့ပါဘူးဗျာ။
    နောင်ဘဝရဲ့ လားရာဘယ်ကိုဆိုတာမျိုး စီစဉ်သူရှိရင်သိပ်ကောင်းမှာဘဲလို့ တစ်ခါတလေ အတွေးခေါင် မိတယ်ဗျ၊ အဲလိုသာစီစဉ်သူရှိမယ်ဆိုရင် ကြိုတင်သွားလျှောက်လွှာတင်ထားမလို့ မြန်မာပြည် ကိုတော့ ပြန်လွှတ်မယ့်ဗီဇာမျိုး မလုပ်ပါနဲ့လို့။

  • garfield

    August 10, 2013 at 3:40 pm

    ဘယ်သူ့ကြောင့်လို့ ပြောကြေးဆို
    ပစ်မလွဲ အဖွဲအစည်းကြီးးး တစ်ခုလုံးရှိတယ်။
    😀

    ဒီမှာတော့ စက်ဘီးလမ်းသပ်သပ်၊ ဘတ်(စ) လမ်း သပ်သပ်ရှိတယ်။ လျှောက်လမ်းသပ်သပ်ရှိတယ်။

    • GARFIELD

      August 11, 2013 at 6:35 am

      ဒီမှာတော့
      စက်ဘီးလမ်း၊ ကားလမ်း၊ ဘတ်စ်ကားလမ်း၊
      လျှောက်လမ်း၊ အကုန်ပူးပြီးရှိတယ်
      အောလ်အင်ဝမ်းရုဒ်

      ဂါဂါး

  • ဦးဦးပါလေရာ

    August 10, 2013 at 5:07 pm

    ဒီနေရာမှာ “ကြောင့်” ဆိုတဲ့စကားက အကြောင်းကို ရှာတဲ့ စကားပေါ့နော..။

    တစ်စုံတစ်ခုကို ဖြစ်စေရာမှာ အကြောင်းတွေများစွာပါဝင်ပါတယ်။
    အဲသည် “အကြောင်း” တွေ ဖြစ်စေဖို့လဲ အကြောင်းပေါင်းများစွာ ဆင့်ကဲဆင့်ကဲ ရှိနေတတ်ပါတယ်။
    ဒါကြောင့် အကြောင်း ကို ရှာတယ် ဆိုရင်ဖြင့်-
    အဓိက အကျဆုံး အချက်နှစ်ရပ်ဖြစ်တဲ့ နီးသောအကြောင်းဖြစ်ခြင်း နဲ့ အားကြီးသောအကြောင်းဖြစ်ခြင်း တို့အရသာ ရှာရပါတယ်..။

    ဒီကိစ္စမှာတော့
    နီးသောအကြောင်းက – (စည်းကမ်းမရှိလို့ရတဲ့အတွက်) လူတွေစည်းကမ်းမရှိတာ
    အားကြီးသောအကြောင်းက- (စည်းကမ်းရှိအောင်မလုပ်နိုင်တဲ့အတွက်) အစိုးရ ညံ့တာ
    ဖြစ်ကြောင်း တပ်အပ်စွပ်စွဲလိုက်ပါကြောင်း……

  • ဦး ကြိမ်

    August 10, 2013 at 8:39 pm

    .ကောင်မလေးစီးတဲ့ဘီးကအဖြုုရောင်
    အတိုက်ခံရတဲ့စက်ဘီးက အနီရောင်………
    တို့ ရွာသားတွေစိတ်ပူနေကြတယ်မဟုတ်လား……ကဲ စိတ်အေးအေးသာထားကြတော့
    ကောင်မလေးဘာမှမဖြစ်ဘူးတဲ့ ။

  • padonmar

    August 10, 2013 at 9:09 pm

    ဦးကြိမ်
    အတော်ဆုံးပဲ။(စုံထောက်ကြီးဘွဲ့ ပေးမည်)
    တက်စီကားဆရာကိုပဲ သနားမိပါတယ်။
    (အခုတလော တက်စီသမားတွေကို သနားနေမိတယ်။လမ်းမကျွမ်းကျင်ရင် ပိုဆိုးတယ်။
    တက်စီမောင်းသူရဲ့ အရည်အချင်းတွေထဲ ရန်ကုန်မြို့ လမ်းကြိုလမ်းကြားသွားနည်းသိရန် ဆိုတာပါမှ အုံနာခနဲ့ ကိုက်တော့တယ်။ )

  • Ma Ma

    August 10, 2013 at 9:53 pm

    သတင်းဓာတ်ပုံကို အရမယူနိုင်တဲ့ စီဂျေ (ကိုယ့်ဖာသာကိုယ်ပေးထားတဲ့ ရာထူး) မို့…
    စာဖတ်သူကို ရသပေးနိုင်အောင် ဂူဂယ်ထားတဲ့ ပုံလေး ထည့်ပေးလိုက်တာပါ။ :mrgreen:

    ပြောချင်တာကတော့……..
    လူတိုင်း (ပြည်သူား၊ အစိုးရ) မှာ တာဝန်ရှိတယ်လို့ ဆိုချင်ပါတယ်။
    လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေကြဖို့ လိုပါတယ်။

    အမှားတစ်ခုဖြစ်လာပြီဆိုရင် နောင်ဒီလိုမျိုး မကြုံရအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ အဖြေကို ရှာပြီး….
    နောင်ဒီလိုအဖြစ်မျိုး ထပ်မဖြစ်အောင် ကြံဆောင်ဖို့ လိုပါတယ်။

    Accident တွေ မကြာခဏဖြစ်တယ်။
    လူတွေလည်း မကြာခဏသေကြရတယ်။

    အသိတစ်ယောက်နဲ့ စကားပြောမိတာ လူ့အသက်က တန်ဖိုးနည်းလာသလိုပဲ။
    ဟိုးးး အရင်ကဆို လူတစ်ယောက်သေတယ်ဆိုရင် လူတွေက တုန်လှုပ်ပြီး နောင်မဖြစ်အောင် အဖက်ဖက်က ကြိုးစားကြတယ်။
    ခုတော့လည်း လူသေတာ သိပ်မထူးဆန်းသလိုပဲတဲ့။
    ကိုယ်ချင်းစာတရားတွေ နည်းကုန်ပြီး ကိုယ်မထိသရွေ့ မသိကြသေးဘူး။
    ကိုယ်ကိုယ်တိုင်ထိတဲ့အခါကျတော့ ပြောဖို့ အချိန်မရတော့ဘူး။ 😥

    ကွန်မကောင်းလို့ ပိုစ့်တင်ဖို့ အတော်စိတ်ရှည်လက်ရှည်တင်ရသလို…..
    ဝင်လာတဲ့ကွန်မန့်မြင်ဖို့လည်း အတော်ကြိုးစားရတယ်။
    အဲဒါကြောင့် ဆိုလိုရင်း (ကိုယ်ပြောချင်တာကိုပဲ) အတိုချုပ် ပြန်ပေးလိုက်ပါတယ်။

  • ဦးကြောင်ကြီး

    August 10, 2013 at 9:58 pm

    သာမီးလေးထထ… ဘယ်နေရာ နာသွားလဲ…. ဖွဖွ.. ဥုံဖွ ချီးတုံးမတ်တပ်ထ…. နာတော့ဗူးနော် မန်းလိုက်ပီ…. နောက်ဆို စက်ဘီးအစီးနဲ့ဒေါ့.. ဦးကြောင်ကိုခွစီး… ဘယ်သွားချင်လဲ လိုက်ပို့မယ်..

  • lele kyi

    August 10, 2013 at 10:04 pm

    လမ်းပြောင်းပြန်စီးတဲ့ကောင်မလေးမှားပါတယ်. လမ်းစည်းကမ်းကို မလိုက်နာရင် အဲ့လို Risk တွေလာမှာပဲ. အခြားအရာတွေလဲ စဉ်းစားဖို ့လိုပါတယ်. ဒါပေမဲ့ သူများမိုးခါးရေသောက်တိုင်းလိုက်သောက်ဖို ့မလိုပါဘူး. (အင်းးးးကျမရဲ ့ ခံယူချက်မျှသာ)
    သူကြီးဆိုလိုချင်တာက..ကျမ တို ့ဟာပြသနာတွေ အခက်အခဲတွေ အတွက် လက်တွေ ့ အဖြေမရှာပဲ.သွယ်ဝိုက်လှည့်ပတ် တရားခံ ရှာနေကြတယ်. အဲ့ဒါ နှစ်တစ်ထောင်ကျိန်စာတဲ့… ဟီးးးးးး

    • San Hla Gyi

      August 11, 2013 at 7:38 am

      အော် ဟုတ်လား သဂျီး ဆိုလိုချင်တာကို သဂျီးလည်း မဟုတ်ပဲနဲ့ တပ်အပ် သေချာသိပြီး ဝင်ရှင်းပြတတ်တယ်နော်။ တော်တော်လေးကို တော်တာပဲ။ အဲဒီလို တော်တဲ့လူတွေ ပို့စ်တွေ စတစ်ကီ ရတတ်တယ်။ တော်လွန်းလို့လေ။

  • အရီးခင်

    August 10, 2013 at 10:16 pm

    တစ်နာရီ မိုင် ၃ဝ လောက် မောင်းတဲ့ အရှိန်နဲ့ တိုက်မိရင်တော့ တော်ရုံ အသက်မသေလောက်ဘူး ထင်ရဲ့။

    အဓိက မြန်မာပြည်မှာ ကားမောင်းသူတွေ ၊ စက်ဘီးစီး သူတွေ မှာ အသိပညာ အားနည်းတာလဲ ပါတယ်။
    လမ်းပေါ်မှာ ယာဉ်မောင်းဖို့ လုံလောက်တဲ့ ကျွမ်းကျင်မှုရဖို့ အတွက် ထိရောက် စီစစ်မှု တွေ မရှိခဲ့တာလဲ အကြောင်းတစ်ရပ်ဖြစ်မယ်။
    ဥပမာ – ဘယ်လို နေရာမှာ ရပ်၊ ဘယ်လိုနေရာမှာ မရပ် နဲ့။
    ဟိုတုန်းက ကားမောင်းလိုင်စင်အတွက် လက်တွေ့သာမက လမ်းစည်းကမ်း သီအိုရီပါ ကျက်ဖြေရတာပါ။
    နိုင်ငံခြားတိုင်းပြည်တွေ မှာ ပိုတောင် ခက်ပါတယ်။
    ဒါပေမဲ့ သူများနိုင်ငံတွေ မှာ သာတာက လမ်းပေါ်မှာ လိုက်နာရမဲ့ အမှတ်အသား ဆိုင်း တွေ က စည်းကမ်း လိုက်နာလွယ်ဖို့ သိသာထင်ရှားတယ်။
    ဖောက်လိုက်ရင် ပြေးမလွတ်ဘူး။ ဥပဒေ အရ ပြစ်ဒါဏ်ကို ရင်ဆိုင်ပေတော့ဘဲ။

    မြန်မာပြည်မှာတော့ အိုးရွဲ့ နဲ့ စလောင်းရွဲ့ ကိုက် နေသလို ဖြစ်နေတာမို့ လွတ်ကျကွဲဖို့ လွယ်နေသလားဘဲ။

  • Crystalline

    August 10, 2013 at 10:23 pm

    မိုင်လေဆိုင်းရပ် ချစ်ချာလေး.. :mrgreen:
    အမှန်အတိုင်းပြောရင် လမ်းမကြီးတွေမှာစက်ဘီးစီးတာ သိပ်အသည်းယားတယ်.. မြေနီကုန်းမီးပွိုင့်လို ဒီလောက်ရှုပ်ထွေးတဲ့နေရာမှာ ကားကြိုကားကြား စက်ဘီးစီးရဲတဲ့သူတွေကို သူတို့အစားရင်မောရတယ်.. စားသောက်ဆိုင်ကလေးတွေထင်ပါတယ်.. အော်ဒါမှာတဲ့ပါဆယ်သွားပို့တာလားမသိဘူး.. ဖော့ဘူးထုတ်လေးတွေနဲ့ ခဏခဏတွေ့တယ်.. ဆိုင်ရှင်တွေကလည်းခိုင်းရက်တယ်.. ရမယ့်အကျိုးအမြတ်နဲ့ တစ်ခုခုဖြစ်သွားခဲ့ရင်ပေးလိုက်ရမှာက ဘယ်လိုမှမတန်ဘူး..

  • ဝင့်ပြုံးမြင့်

    August 11, 2013 at 2:22 am

    တကယ်ဆိုရင် မပြုံး ရန်ကုန်မှာ မနေတဲ့အကြောင်းရင်းက အဲဒါပဲ။ ရန်ကုန်မှာ ကားလမ်းတောင် မကူးရဲဘူး။ ရန်ကုန်ဆိုတာ ရုန်းကန်ရတယ်။ ကျောင်းပို့ ဈေးသွား အဲဒီလို အသေးအမွှားတွေကအစ ယာဉ်အသုံးပြုရတယ်။ နယ်မြို့လေးမှာကတော့ လျှပ်စစ်မီးသိပ်မကောင်းတာကလွဲလု့ိ တခြားအားသာတာတွေ များပါတယ်။ မနက်ဆိုရင် ခလေးလက်ဆွဲပြီး လေကောင်းလေသန့်လေး ရှူပြီး ကျောင်းလိုက်ပို့၊ အဲဒီလို သက်သက်သာသာရှိတယ်။ ဖိအားနည်းတယ်။
    ဒါတောင် နယ်မြို့ကလေးမှာ ဆိုင်ကယ်တွေ တဖုန်းဖုန်းနဲ့ သောင်းကျန်းကြတာနော။

  • TNA

    August 11, 2013 at 11:44 am

    အင်းစည်းကမ်းဖောက်တာအခုတလောရန်ကုန်မှာအတော်လေးကိုခေတ်စားလာတဲ့စနစ်တခုလို့ပြောရမ လို တောင်ဖြစ်နေပြီ မမရေ။ အားလုံးနေရာတိုင်း လမ်းပြောင်းပြန်မောင်းတာခေတ်နဲ့အညီလို့တောင်ပြော ရမလိုပဲ။ အရေုးယူမဲ့သူလဲမရှိ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ မင်းမဲ့တိုင်းပြည်လိုခံစားနေရတယ်အခုတလော။

  • DEPARKO DEPARKO

    August 11, 2013 at 11:54 am

    စည်းကမ်းလိုက်နာ ဘေးကင်းခွါ
    ဘယ်သူမပြုမီမီအမှု
    အစမကောင်းအနှောင်းမသေခြာ
    ပျက်အစဉ် ပြင်မရ
    သင့်ကြောင်မီးမလောင်ပါစေနဲ့

  • ရဲစည်

    August 12, 2013 at 12:34 pm

    ဘယ့်သူ ဘယ်သူမှ အပြစ်မတင်ပါ
    အပြစ်မတင်ရက်ပါ ဒီတော့ သဒဝါများ ကျန်းမာချမ်းသာပါစေကြောင်း မြတ်ဘုရားထံ ဆုတောင်းနေပါသည်။

    🙂

    မှတ်မှတ်ရရ ညကမှ သုဝေတို့ဘက်က မူးပီးပြန်လာတာ သူ့ကိုလဲမယုံ ကိုယ့်ကိုကိုယ်လည်း မယုံလို့ စက်ဘီးကို တွန်းပီး ရေခဲမုန့် တယောက်တခုနဲ့ အသက်ကို ဉာဏ်စောင့်တယ် ခေါ်မလားဘဲ ညိ ညိ

Leave a Reply