အနှောင့်အသွား…
ဒီလိုဗျ…
ကျွန်တော်တို့ ရွာသူရွာသားတွေနာမည်တွေက တကယ်ကို အနှောင့်အသွားမလွတ်…
ပြသနာက လွန်ခဲ့တဲ့အပတ်က ဖုန်းလေးဖွင့် ဖွဘွတ်လေးကြည့်မိတော့… ရွာထဲက ကဗျာဆရာလေး မောင်အာဂက ဘာရေးတယ်မှတ်တုန်း…
စိတ်ပျက်လက်ပျက်နဲ့ ကျောက်ခဲကို ဖင်ခုထိုင်မယ်ဆိုလား… ဘာလား…
အမှန်သူကတော့ ဘာမှမရည်ရွယ်… အနှောင့်အသွားမလွတ်တာ ကျောက်ခဲဆိုတဲ့ ဦးကျောက်…
ဘုရားတရတဲ့ဘဝရောက်သလို…
သူငယ်ချင်းတွေကလဲ ဝိုင်းပြီး နည်းမျိုးစုံနဲ့ စိတ်ပူပေးရတယ်…
—————————————————————————–
ဟိုတစ်နေ့က ဈေးအသွား… အမေက မုန့်လှမ်းမှာတယ်…
သားရယ်… ဈေးထဲမှာ ရွှေကြည်လေး (၁၀၀)ဖိုးလောက်ဝယ်ခဲ့ပါတဲ့….
စိတ်ထဲမှာတော့ ပြန်ပြောလိုက်မိတယ်… ရွှေကြည်က စလုံးရောက်သွားပြီ… ၁၀ဝ ဖိုးလဲခွဲရောင်းမယ့်ပုံမပေါ်ဘူးလို့…
ရွာထဲက မိတ်ဆွေတွေနာမည်လေးတွဲတွဲမှတ်မိတာ… အဲ့လို…
—————————————————————————–
ဟိုနေ့က အဖွားက ကျွန်တော့်ကိုမှာတယ်…
သားရယ်… လမ်းကြုံရင် ပဒုမ္မာဓာတ်ဗူး တစ်လုံးလောက်ဝယ်ခဲ့ပေးပါတဲ့…
အဲ့လိုလဲ ပြောပြန်ရော… မဖြစ်ချေဘူးဆိုပြီး လက်ဖွဲ့ရတုန်းက ဓာတ်ဗူးတစ်လုံးထုတ်ပေးလိုက်ရတယ်….
ကျွန်တော့်မျက်စိထဲမှာ အန်တီပဒုမ္မာက အဖုံးလေးနဲ့ အဆို့လေးတောင်ပါသေးတယ်… ဟီး…
ဒါကလဲ ရွာထဲက ကျွန်တော်တို့နာမည်တွေက အနှောင့်အသွားမလွတ်တာ…
—————————————————————————–
ကျွန်တော့်တူမလေးတစ်ယောက်ရှိပါသတဲ့…
ကလေးဆိုတော့ ထမင်းကိုမခုံမင်… သွားရည်စာပဲကြိုက်တတ်တာမို့…
အဖွားလုပ်သူ ကျွန်တော့်ယောက္ခမကြီးက တူမတော်ကို ထမင်းခွန့်ရင်းနဲ့
စားနော်… သမီးစားနော်… သမီးထမင်းစားပြီးရင် ဖွားဖွားက ဆွိကျွေးမှာ… ဆွိ..ဆွိ…
အဲဗျာ…
အဲ့ကိုယ်လုံးကြီးကို ပလပ်စတစ်ပတ်ထားတဲ့ဟာ ကလေးကိုကျွေးဦးမှာတဲ့…
—————————————————————————–
ကျွန်တော့်တူမက အခုမှ မူကြိုတက်စ…
လူကြီးတွေထမင်းစာရင် ဝင်စားချင်တယ်…
လူကြီးတွေ စကားပြောရင် ဝင်ပြောချင်တယ်…
လူကြီးတွေအပြင်သွားရင်… လိုက်ချင်တယ်…
အဲဒီတော့ သူ့အမေက သူ့သမီးကို ပြောတယ်…
နင်ဟာလေ…. ဟိုစပ်စပ်… ဒီစပ်စပ်… ပါလေရာပဲ…
ဟောဗျာ… ဒီကလေးက ဘယ့်နှယ့်ပါလေရာဖြစ်မတုန်း…
—————————————————————————–
ကျွန်တော့်မရီးက သူ့သမီးကို အပြင်သွားရင် ရှူးပေါက်ချမှာစိုးလို့…
အပြင်မသွားခင် ရှူးတယ်ပါတယ်…
တစ်နေ့… ကလေးကို အပြင်ထွက်ခါနီး ရှူးတည်…
ကြာသာလာတယ်… ကလေးက မသွား…
မရီးလုပ်သူကလဲ အလျော့မပေး… ဆက်တည်…
ကလေးကလဲ တင်းခံ…
အဖိုးလုပ်သူက ဘာဝင်ပြောလဲဆိုတော့ သမီးရယ်… နင့်ဟာ တရှီး… ရှီးနဲ့ ကလေးထွက်မထွက်တော့ မသိဘူး…
လူကြီးတောင် မိုးအေးအေးနဲ့ပေါက်ချင်လာပြီတဲ့…
ကျွန်တော်ပြေးသတိရလိုက်တာက… ကျွန်တော့်သူငယ်ချင်း…..
—————————————————————————–
ကျွန်တော့် ဝမ်းကွဲညီတော်မောင်တစ်ယောက်ရှိသဗျ…
ဒီကောင်က ၁ဝတန်းကျောင်းသား… စာလဲမကြိုးစား… ဂိမ်းလဲမက်တော့…
တစ်နေ့ သူ့အိမ်ရောက်တုန်း သူ့အမေက ကျွန်တော့်ကိုတိုင်ပါတယ်…
အန်တီ ။ ။ သားရယ်… မင်းညီကို ကြည့်လဲပြောပါဦး… ကစားပဲမက်နေတယ်…
အားနေ အင်တာနက်ဆိုင်သွားတယ်… ဂိမ်းဆိုင်သွားတယ်…
စာမကြိုးစားဘူး… တစ်နေ့တစ်နေ့… တဖြည်းဖြည်း… ချာတူးလန်လာတယ်…
ကျွန်တော် ။ ။ ဗျာ… ဘယ်မှာ ချာတူးလန်လာလို့တုန်း…
—————————————————————————–
တစ်နေ့ သူငယ်ချင်းနှစ်ယောက်နဲ့ ကျွန်တော် လက်ဘက်ရည်ဆိုင်ထိုင်မိတယ်….
သူငယ်ချင်း (၁) ။ ။ ဟေ့ကောင်… ဟိုမိန်းမကြီးကြည့်စမ်း… ပုဆိုးကြီးဝတ်လို့…
ကျွန်တော်တို့ နှစ်ယောက် လှည့်ကြည့်လိုက်တယ်…
သူငယ်ချင်း (၂) ။ ။ အေးလေ… အဲဒါထူးဆန်းလားကွ….
ကျွန်တော် ။ ။ ထူးဆန်းမဟုတ်ပါဘူး… အဲဒါမိန်းမကြီး…
—————————————————————————–
ကျွန်တော့်အဖွားမှာ အင်ဂျင်နီယာသားအငယ်ဆုံးတစ်ယောက်ရှိတယ်…
ကျွန်တော့်ဦးလေးပေါ့… အခုချိန်အထိ ပေကောင်းတုန်း… မိုက်ကောင်းတုန်း…
အဖွားက ကျွန်တော့်ကို ဆုံးမတယ်…
အဖွား ။ ။ သားဦးလေးကိုကြည့် အခုချိန်အထိ ဆိုးတုန်းမိုက်တုံး… ဒီကောင်က ကြီးမိုက်ပဲတဲ့…
ကျွန်တော် ။ ။ ဘယ်လိုဖြစ်နိုင်မှာတုန်း… ဦးကြီးမိုက်က အသက် (၅၀)ကျော်ပြီ… ဦးငယ်က အခုမှာ (၄၇) ပဲရှိသေးတဲ့ဟာကို…
—————————————————————————–
နေမကောင်းဖြစ်နေတဲ့ကျွန်တော့အဖေက ခံတွင်းပျက်တော့ အမေ့ကိုပြောတယ်…
မိန်းမရယ်…တဲ့… အချဉ်အစပ်လေးစားချင်တယ်… တစ်နေ့တစ်နေ့ ရေလုံပြုတ်နဲ့ဆိုတော့ ခံတွင်းမလိုက်ဘူးတဲ့…
ကျွန်တော်လဲ ရွာထဲက ကျွန်တော့်ညီမလေးတစ်ယောက်ကို ပြေးသတိရလိုက်တယ်…
—————————————————————————–
စိတ်ပေါက်ပေါက်နဲ့ အီးတုန်းကို တက်နင်းရင်ဘာဖြစ်မလဲလို့ ပြောလိုက်မိခါမှ…
တက်နင်းရင် ပြန်ကိုက်လိုက်မှာပေါ့တဲ့…
အီးတုန်းက ပြန်ဖြေတယ်… ကျွန်တော်သူ့ကို ဘယ်တုန်းကမှ အီးတုန်းလို့မခေါ်ခဲ့ဘူး…
အိတုန်းလို့ပဲခေါ်ခဲ့တာ… ဘဘဘလက်ရေ… Etone ဆိုတာ မြန်မာလို အီးတုန်းတဲ့… သူဝန်ခံသွားပြီ…
—————————————————————————–
အဖေက ညညဆို TV ကြည့်တယ်… သူကြည့်ချင်တဲ့ဇတ်လမ်းတွဲတွေမလာခင်…
လွှတ်တော်အကြောင်းတွေလာလို့ မိုးချုပ်ရင် သူကျိန်ဆဲတတ်တာလေးရှိသေးတယ်…
ဒီသောက်အမတ်တွေ စကားများနေတာ နိုင်ငံလဲ ဘာမှဖြစ်မလားသေးဘူးတဲ့…
ကျွန်တော်ကတော့ ရယ်ကျဲကျဲနဲ့ မျက်မှန်နဲ့ ကျွန်တော့်သူငယ်ချင်းကြီး အမတ်မင်းကို ပြေးမြင်လိုက်တာပါပဲ…
—————————————————————————–
တစ်လောက FM ကနေ အပင်မျိုးတွေလား… ဘာတွေလားမသိကျေငြာတယ်…
ကျွန်တော်ကလဲ နားစွန်နားဖြားကြားလိုက်ပြီး…
ဘာတဲ့ မျိုးကောင်းမျိုးသန့်တွေရမယ်တဲ့… ဦးမျိုးသန့်တစ်ယောက် ဘာတွေများရောင်းနေပါလိမ့်…
—————————————————————————–
မိုးတွင်းဝင်ခါစက အမေက အိမ်နောက်ဖေးက မိုးရေခံတဲ့ စားအုန်းစည်တိုင်ကီကြီးထဲက ရေတွေသွန်ပြီးလှယ်ခိုင်းတယ်…
မိုးတွင်းသောက်ရေလေးခံချင်လို့တဲ့…
ဘာပြောတယ်မှတ်တုန်း… သားရေ… နောက်ဖေးက ပေပါနီနီကြီးကို ဆေးပြီးမှောက်ထားလိုက်စမ်းတဲ့…
အဖြစ်ဆိုးလှချည်လား… ကိုရဲစည်ရယ်…
——————————————————————————
တစ်နေ့က ကက်ပီတယ်စူပါမားကက်မှာ အိမ်အတွက်ဘာညာလေးဝယ်နေတုန်း…
ဘေးနားမှာ ချာတိတ်နှစ်ယောက်က ” WOW မိုက်တယ်ကွာ…” ဆိုတော့… လှည့်ကြည့်မိပါတယ်…
ရွာထဲကဝေါင်းကို ချာတိတ်လေးတွေက မိုက်တယ်လို့ပြောတာများလားလို့…
—————————————————————————–
နောက်ဟိုသီချင်းတစ်ပုဒ်ရှိသေးတယ်…
ဘာတဲ့….
” နွယ်ပင်ရယ်… ငါချစ်တယ်… ရင်နာလဲ… ချစ်ဦးမယ်…”
အဲသီချင်းကြားတိုင်း ညီမလေးနွယ်ပင်ကို သတိရမိသလို…. သီချင်းဆိုတဲ့လူကိုလဲ ပြောချင်ပါတယ်…
နွယ်ပင်ကို ချစ်လို့မရတော့ဘူး… ဟိုကလင်ရသွားတဲ့အပြင်… ကလေးမွေးဖို့တောင် ဆေးရုံရွေးထားပြီးပီ…
ကိုယ်ဝန်တော့မရှိသေးဘူးပြောတယ်…
—————————————————————————–
နွယ်ပင်နဲ့ဆက်စပ်ပြီး သူ့ယောင်္ကျား… ကျွန်တော့်ညီလေး အာဂကို သတိရမိသေးတယ်…
တစ်ရက်… ကျွန်တော့်အိမ်နားမှာ အလယ်တန်းကျောင်းလေးတစ်ကျောင်းရှိပါတယ်…
အဲဒီကျောင်းနားက လက်သုပ်စုံစားကောင်းလို့ ကျွန်တော်သွားဝယ်ပါတယ်… မနက်ခပ်စောစောပေါ့…
အသုပ်ဆိုင်မှာ လူများလို့ စောင့်ရင်းကနေ… ဘေးကကျောင်းသားလေး နှစ်ယောက်ပြောသံကြားမိခဲ့သဗျ…
” အဲ့ကောင် အာဂပဲကွ… လူကောင်ကသေးသေး မနေ့က ငှက်ပျောသီး ဖီးကြမ်းတစ်ဖီး ကုန်အောင်စားနိုင်တဲ့ကောင်” တဲ့…
အာဂရေ… မင်းရော ဖီးကြမ်းတစ်ဖီးကုန်သလားဟေ့
—————————————————————————–
အိမ်နားမှာ ကြောင်နှစ်ကောင်ရှိတယ်…
ဘယ်ကလာလို့လာမှန်းလဲမသိ… အမေနဲ့ ကျွန်တော့ဇနီးကတော့ ချစ်တတ်သူတွေမို့ ကျွေးမွေးထားတယ်…
ကြောင်စာတောင် ဈေးထဲကဝယ်ကျွေးတယ်…
တစ်နေ့ ဘေးအိမ်က မီးဖိုးချောင်ထဲကို အဲဒီအထဲကတစ်ကောင်က ဝင်ဆွဲပါလေရော…
ဘေးအိမ်က အော်လိုက်ပုံများ….
သမီး ။ ။ အမေရေ… အမေ့ငါးတွေ ဟိုကြောင်ဝင်ဆွဲနေပြီ…
အမေ ။ ။ မောင်းလိုက်လေ… ကြည့်မနေနဲ့ တစ်ခုခုနဲ့ ထုလိုက်… ဘယ်အကောင်တုန်း…
သမီး ။ ။ ဟိုဘက်အိမ်က ကျွေးထားတဲ့ ဝဝတုတ်တုတ်နဲ့ကြောင်…
မနက်စာစားရင်း…. ကြက်သီးထခဲ့ရဖူးပါ၏…
—————————————————————————–
မနေ့က ကျွန်တော့်အိမ်ဖုန်းကို ဖုန်းဝင်လာပါတယ်….
ကျွန်တော်ကလဲ နေမကောင်းလို့ အိမ်မှာ အိပ်နေခိုက်… ဖုန်းလာတော့ ကောက်ကိုင်လိုက်မိတော့…
” အစ်ကို… ဖြိုးပါ… နေမကောင်းဘူးဆို… ” ” ခင်ဗျာ…..” ဘုရား… ဘုရား…
နောက်မှ ကျွန်တော့်အမျိုးသမီးသူငယ်ချင်းဖြစ်နေလို့… စိတ်သက်သာရာရခဲ့ပါတော့တယ်…
—————————————————————————–
နောက်ဆုံးပြောချင်တာကတော့ ဒါတွေအားလုံးဟာ… အမှတ်တမဲ့ကနေ အမှတ်တရတိုက်ဆိုင်မှုတွေပါ…
ကျွန်တော်ရင်ထဲမှာ ကျွန်တော့ခေါင်းထဲမှာ မန်းဂဇက်က မိတ်ဆွေတွေနဲ့ မန်းဂဇက်အင်တာနက်စာမျက်နှာကြီး…
အားသည်ဖြစ်စေ… မအားသည်ဖြစ်စေ…
နေကောင်းသည်ဖြစ်စေ… နေမကောင်းသည်ဖြစ်စေ… ရှိနေပါတယ်…
ကျွန်တော့်မိတ်ဆွေတွေအားလုံးလဲ ကျွန်တော့လိုပဲဖြစ်လိမ့်မယ်လို့ ထင်မိပါတယ်ဗျာ….
ခင်မင်လျက်-
ဂါဂါး (ခ) ကြောင်ဝတုတ်
25 comments
လုံမလေးမွန်မွန်
August 9, 2013 at 3:50 pm
နာ့ကိုရီး ချစ်ဖို့ကောင်းထှာ… ဟိုပုလင်းလေး ဖောက်ပြီးတွားဘီဆိုလို့ စိတ်ကောက်နေတာ.. နာ့ဂို ပုံပြောတယ်ဆိုပီးတော့… အခု ဒီစာလေးဖတ်ရလို့ ပြေသွားပီ.. 🙂
ဖတ်နေရင်းနဲ့ ရယ်တာ နောက်ဆုံး အော်ရယ်မိတဲ့အခြေအနေတောင် ရောက်သွားတယ်.. ဟိဟိ…
KZ
August 9, 2013 at 3:54 pm
အဲဒီ ပုံပြင် နာ့ ကိုလည်းပြောတယ်၊
ဆွိ လာမှ ဖောက်မတဲ့။
ခုတော့…… 🙁
GARFIELD
August 9, 2013 at 4:02 pm
နောက်တစ်ခါထပ်သွားပြီး… နောက်တစ်လုံးသွားဝယ်ပေးမယ်လေ…
လမ်းစရိတ်လေးပဲ မစ… ဟိ…
စတာပါ… တစ်လုံးမှာပေးမယ်…ဟီးဟီး
ဒါကြတော့ ဒဏ္ဍာရီဖြစ်သွားပြီ…
ခင်မင်လျက်-
ဂါဂါး (ခ) ဖက်ဖက်ကက်
e tone
August 9, 2013 at 4:13 pm
အိုက်ဒီပုလင်း အဖောက်ကောင်းလို့ပေါ့ ….
ဟင်းပွဲတပွဲကို နဖာကလောနဲ့ ချိန်ရောင်းပြီး 30% ဒစ်စကောင့်ချထားတဲ့ ….. မတန်တရာ ထိုင်းဆိုင်မှာ …. ဆင်ပျံလေးတွေ ထွက်ပြေးသွားတယ် … ။ ဘယ်တော့မှ တွားဝူး.. အိုက်ဆိုင် … ။ 😡
KZ
August 9, 2013 at 3:53 pm
ပဂိုးဒါးးးး
တကယ်ကြီးကို ရေးတယ်တော့။
ရေးထားတာ ချစ်စရာ။
သူပဲ တွေ့တတ် တွေးတတ်တယ်။
တူ လေးကရော မစားဘူးတဲ့လားးးး 😀
GARFIELD
August 9, 2013 at 4:09 pm
တူလေးက စားမယ်တဲ့…
သွားပိုးစားထားလို့ မရှိမဲ့ရှိမယ့်သွားနဲ့ သွားဖုံးနဲ့ ကျိတ်ပြီး ဝါးစားမှာတဲ့…
နဲနဲတော့နာမယ် အောင့်ခံ…ဟိ
ခင်မင်လျက်-
ဂါဂါး
မင်းမင်း
August 9, 2013 at 3:55 pm
ဟုတ်ပါ့ ။ မလွတ်ချင်စရာတွေချည်းပဲ ။
ပိုစ်တပုဒ်တင်ရေးလိုက်တိုင်း အနည်းဆုံး နှစ်ယောက်
လောက်တော့ ငြိငြိသွားတယ်
Shwe Ei
August 9, 2013 at 4:08 pm
ဘာဘဲဖစ်ဖစ် သများတော့ ကြောင်သားဒုတ်ထိုးရောင်းဖို့ ဆုံးဖြတ်လိုက်ဘီ ဒါဗြဲစ် :kwi:
နွယ်ပင်
August 9, 2013 at 4:10 pm
အီးးးးး ဖော်ကောင်လုပ်ပြီပီ ကိုဖက်ကတော့ ….
တော်သေးတာပေါ့ သီချင်းလေးကယ်လို့ မဟုတ်ရင် ရစ်တက်ပတ်တက်တဲ့ သူတွေနဲ့တွေ့မှ သတိမရ တော်သေးတယ် ဘာပဲဖစ်ဖစ် တွေးတက်ရေးတက်လွန်းတယ် အူးဂျီးဖက်ကတော့ …
lele kyi
August 9, 2013 at 4:19 pm
တွေးလဲတွေးတတ် ရေးလည်းရေးတတ်ပါပေ့ ဂါဂါး ရယ်…ဖတ်းရင်းပြုံးနေလို ့သူများတွေ သံသယမျက်လုံးနဲ ့ကြည့်ခံရပေါင်းလည်းများပေါ့. ဆြာတာရာမင်းဝေ ကိုပိုပြီးလွမ်းသွားတယ်.
e tone
August 9, 2013 at 4:28 pm
နာပြေးကိုက်မယ်ပြောတာ … တကယ်ရေးတယ်တော့ ….. ။
ဒီကြောင်တော့ အရေခွံစုတ်ဘီး … အမြည်းလုပ်ခံချင်ဘီ ထင်တယ် … ။ မလွတ်မကင်းနဲ့ တမင်ဖဲ့သဟ … ။
ခင် ခ
August 9, 2013 at 4:31 pm
ကျွန်တော်ကတော့ ဖေ့ဘုတ်မှာ မိတ်ဆွေသူငယ်ချင်းတွေက ကြောင်ပုံလေးတွေ တင်လာတိုင်း ဦးကြောင်ကြီး နဲ့ ကြောင်ဝတုတ်ကို သတိရမိတယ်ဗျ။
အဲလိုသတိရလို့ ဝင်ပြီးနောက်သလိုရေးမှာကို လက်တွန့် တွန့် သွားနေစဲပါ။
GARFIELD
August 9, 2013 at 4:34 pm
လက်မတွန့်ပါဦး အစ်ကိုကြီးရာ… ကျွန်တော်တို့က ဖွတတ်ပေမယ့် ခင်ဖို့ကောင်းပါတယ်ဗျ… ဟီးဟီး
ခင်မင်လျက်-
ဖက်ဖက်ကက်
Myo Thant
August 9, 2013 at 4:36 pm
( တစ်လောက FM ကနေ အပင်မျိုးတွေလား… ဘာတွေလားမသိကျေငြာတယ်…
ကျွန်တော်ကလဲ နားစွန်နားဖြားကြားလိုက်ပြီး…
ဘာတဲ့ မျိုးကောင်းမျိုးသန့်တွေရမယ်တဲ့… ဦးမျိုးသန့်တစ်ယောက် ဘာတွေများရောင်းနေပါလိမ့်… )
သားသား ပိုနေတဲ့ ဘယ်မှာသုံးရမှန်း မသိတော့တဲ့ အသည်းနွမ်းတစ်စုံကို ရရာဈေးနဲ့ ရောင်းနေပါတယ် ၊
ကြည့်တော့ကြည့်သွားပေမယ့် ဈေးမေးမယ့်လူတောင် မရှိဘူး ၊ ဆိုးးးးးတာာာာ
GARFIELD
August 9, 2013 at 4:46 pm
ကြည့်ရတာ မှိုတက်နေလို့ထင်ပါ့… ဟီး
ခင်မင်လျက်-
ဂါဂါး (ခ) ဖက်ဖက်ကက်
Myo Thant
August 9, 2013 at 4:54 pm
လူဆိုး
ဂါဂါး ငါးမုန့်ခြောက်ကို ဘီယာနဲ့ တီးပစ်ဦးမယ် ၊ 🙂
ရဲစည်
August 9, 2013 at 5:21 pm
ဆေးသုတ်ပီး မှောက်ထားတာ ယတြာခြေတာဟေ့ …
နို့မို့ ပက်လက်လှန်ထားရင် သံချေးတွေ တွေ့နေတာတောင် ဝင်လာမစဲ တသဲသဲ ဖြစ်နေလို့
ငင့် ငင့်
ဦးကျောက်ခဲ
August 9, 2013 at 5:30 pm
ဦးကျောက်ကတော့ ဘုရားမတပါဘူး…
မောင်အာဂ စာမူတောင်းထားတာ မပေးရသေးလို့ အငြိုးသိုတယ် သဘောထားလို့ရပေမည့်…
ရွာထဲမှာ ၆ကိစ္စ ခေတ်စားနေလို့ နွယ်ပင် အထင်လွဲမှာပဲ စိုးရိမ်တာပါ… ဟီ ဟိ
😀
အလင်းဆက်
August 9, 2013 at 7:36 pm
တော်သေးတယ် ။
ကျွန်တော့် နာမည်က..အနှောင့်အသွားလွတ်နေတယ် ။
အဟိ ။
🙂
ခင်မင်လေးစားစွာ….
ပင်လယ်နှင့်တူသောယောက်ကျာ်းတစ်ယောက်
padonmar
August 9, 2013 at 9:57 pm
အဲတော့
သူလုပ်မှ ကျုပ်လည်း ဓာတ်ဘူးကြီးဖြစ်ရော၊
တော်သေးတာပေါ့၊
တော်ဝင်လမ်းက စားသောက်ဆိုင်တို့
ရောင်းမကောင်းတဲ့ ဆပ်ပြာတို့
ငှက်ဖျားဖြတ်ဆေးတို့
မဖြစ်တာကျေးဇူးတင်ပါအိ။
ဒါ ရွာကို ခွင့်မတိုင်ပဲ ပျက်ကွက်မှု၊
ကွန်ဖရင့်စ်ကို လာမယ်ဆိုပြီး မလာမှုတွက်
တောင်းပန်တာလားဟေ့။
ဒါလောက်နဲ့ ဘယ်ရမလဲ။
(နည်းနည်းတော့ အသည်းမာထားမှ ဟွင်းဟွင်း)
uncle gyi
August 9, 2013 at 11:11 pm
အန်ကယ်ကြီးပေါက်ကွဲနေတယ်
သူစားဖို့သူ့လေဒီ
့ကြော်ပေးထားတဲ့ငါးကြော်
ကြောင်ဝတုတ်တကောင်ကဝင်ဆွဲသွားလို့
တွေ့ရင်ပြောကြပါလေ
ဆုငွေပေးပါမည်
လက်ခံထားတဲ့သူကို
တရားစွဲဆိုမည်
အရီးခင်
August 10, 2013 at 3:24 am
ပန်းသီး စားတိုင်း /တွေ့တိုင်း အရီး ကို သတိပါအေ။ 😉
kyeemite
August 10, 2013 at 9:31 am
တစ်နေ့က အလုပ်ကနေအပြင်သွားရင်း
မွန်မလေးဆိုင်မှာထမင်းစားဖြစ်တော့ ရွာထဲက လုံလုံ ကိုသတိရသွားတယ်
———–
တစ်ရက်က လမ်းထိပ်ထိုင်နေတုန်း မူးပြီးလမ်းလုံးပြည့်လျှောက်လာတဲ့လူတစ်ယောက်ကို
တွေ့တော့ သူငယ်ချင်းက..အဲကောင်“ငပေါက်”ကွ..အမြဲမူးနေတာတဲ့..ဟ
ခဏနေတော့ လာနေကျ အဘတစ်ယောက်လမ်းလျှောက်လာတော့
ကျုပ်ဘေးထိုင်နေတဲ့ သူ့တူက လှမ်းပြောတယ် အဘဖေါနေပြီနော်..လျှော့သောက်တဲ့..ဟီဟိ 😀
manawphyulay
August 10, 2013 at 10:49 am
အိမ်ဘေးနားက အိမ်က ပြောင်းသွားတော့ သူတို့အိမ်က ကြောင်ကို မသယ်သွားဘူးလေ။ အလကားနေ ဟိုအိမ်တက်ခိုးစား၊ ဒီအိမ်တက်ခိုးစားနဲ့ပေါ့။ တစ်နေ့တော့ မေမေက ပြောတယ်။ အိမ်မရှိ ယာမရှိတဲ့ ကြောင်တောင် ခိုးစားလို့ ဝနေသေးတယ်။ ညည်းများ ဘယ်လိုပဲ အိမ်မှာ အဝကျွေးကျွေး ခုထိ ဝကို မဝနိုင်သေးဘူးတဲ့လေ….:P
မဟာရာဇာ အံစာတုံး
August 11, 2013 at 1:23 am
ကျောက်ခဲ ဖင်ခု ထိုင်ချင်တဲ့ လူရီးကို ပေါလိုက်ဘာ
ကျောက်ခဲက နှင်းဒွေ စိုနေဒယ်လို့
သူ့ဖင် စိုမှာ မကျောက်ရင်ဒေါ့ ထိုင်ပေါ့လို့ … ဟီဟိ ..