ပြောင်းလဲခြင်း၏ နောက်ကွယ်…
အချစ်….
အချစ် ဆိုသော အရာသည် ကျွန်မ၏ ဘဝတွင် ဒုတိယနေရာတွင်ပင် ရှိခဲ့သည့်အရာဖြစ်သည်။ ကျွန်မနားမလည်ချင်ဆုံး အရာလည်း ဖြစ်သည်။ ဖြစ်ချင်တာတွေဖြစ်ဖို့ အပြင်းအထန်ကြိုးစားခဲ့ရသည့် ကျွန်မအတွက် အချစ်သည် ဘဝလောက် စိတ်ဝင်စားဖွယ်မကောင်းသည်က အမှန်ပင်။ ဘဝတိုက်ပွဲကြားက မိဘနှစ်ပါး၏ ပဋိပက္ခများ၊ မပြည့်စုံသောအခြေအနေအောက်က ကျွန်မ၏ အောင်မြင်မှုကို စောင့်ကြည့်အကဲဖြတ်နေကြသော ပတ်ဝန်းကျင်၏ မျက်လုံးများကြားတွင် ကျွန်မသည် အချစ်ကို သိချင်လျှင်တောင် ဘဝကို ရှေ့တန်းတင်ခဲ့သည်။ ထိုမှတစ်ဖန် ကျွန်မဖတ်ဖူးသော စာအုပ်များ၊ ကြုံတွေ့နေရသော သူငယ်ချင်းတို့၏ အဖြစ်အပျက်များကလည်း အချစ်ကို အယုံအကြည်မဲ့စေခဲ့သည်။ သို့သော် အချစ်နှင့် ပတ်သက်သော ခံယူချက်လေးတစ်ခုတော့ ကျွန်မတွင်ရှိသည်။ “သံယောဇဉ်နှောင်ကြိုး ရစ်ပတ်မှုများလာလျှင် ချစ်မိသွားတတ်သည်” ဟူ၍။ သို့သော် အချိန်ကာလကြာရှည်စွာ သံယောဇဉ်တွယ်မိသော သူငယ်ချင်းများကို မချစ်မိသည့်အခါ ကျွန်မခံယူချက်ကို သံသယဝင်မိခဲ့လေသည်။
ကျွန်မ၏ ဘဝတွင် အသည်းအသန် သဘောကျမိခဲ့သော ယောက်ျားနှစ်ယောက်တော့ ရှိခဲ့ဖူးသည်။ ကျွန်မအပေါ် အနည်းငယ်မျှသော မေတ္တာကို ပေးရန်ဝန်လေးသော ထိုနှစ်ယောက်ကို စိတ်ပျက်ခြင်းတစ်ဝက်၊ အစွဲအလန်းကြီးတတ်သော ကျွန်မ၏အကျင့်တစ်ဝက် နှင့်အတူ ခပ်ပေပေတွယ်ငြိခဲ့ဖူးသည်။ အေးစက်တတ်သော သူတို့၏ အမူအရာများက ကျွန်မ၏ မာနတို့ကို ရိုက်ချိုးသောအခါ နာကြည်းမှုအောက်က နှလုံးသားက သူတို့၏ ပြတ်သားမှုကို တိတ်တဆိတ်သဘောကျမိနေသောကြောင့် အချစ်ဆိုတာကို ခပ်ကြောင်ကြောင်ဟု သတ်မှတ်ခဲ့ဖူးသည်။ သို့နှင့် ကျွန်မအတွက် ကံဆိုးခြင်းများကိုသာ သယ်ဆောင်လာသော ထိုအချစ်ကို ခပ်လှောင်လှောင်သဘောထားရင်း အချိန်တွေကြားက စက်ရုပ်ဘဝကို ပျော်ရွှင်အောင် ကြိုးစားခဲ့ဖူးသည်။ သူ့ကို ချစ်မိမသွားခင်အချိန်အထိပင်။
အချစ်ကို မယုံကြည်သော ကျွန်မအတွက် အချစ်သည် ယုံကြည်မှုမှပင် စတင်ဖြစ်ပေါ်ခဲ့သည်။ ရိုးသားသော သူ့အမူအရာအောက်တွင် ကျွန်မအပေါ်ထားရှိသော ဖြူစင်သည့် မေတ္တာတရားကို ကာယကံရှင် ကျွန်မက ဘေးလူများထက် ပိုမြင်တတ်ခဲ့ပါသည်။ ထို့ကြောင့်ပင် ပြတ်သားသောငြင်းဆန်စကားများကို ပြောနေကျ ကျွန်မ၏ နှုတ်ဖျားက သူ့ရှေ့ရောက်လျှင် ဆွံ့အသွားတတ်သည်။ အချိန်ဆွဲခြင်းကို မုန်းတီးသော ကျွန်မသည် သူပေးလာသော မေတ္တာတရားကို တားဆီးဖို့ အချိန်အတော်ကြာ ကြိုးစားခဲ့ဖူးသည်။ (ကျွန်မနည်းတူ) အရိပ်အကဲနားမလည်သော သူက ကျွန်မထံသို့ ဇွတ်တိုးဝင်လာသောအခါ ထိတ်လန့်စွာနှင့် တွန်းထုတ်မိဖူးသည်။ မည်သို့ပင်ဖြစ်စေ အပြုံးမပျက်ဘဲ ပေးဆပ်မြဲဖြစ်သော သူ့မေတ္တာ၏ အေးမြမှုအောက်တွင် ကျွန်မ၏ ပူလောင်မှုတို့ လျော့ပါးသွားကြောင်း လက်မခံချင်ဘဲ လက်ခံခဲ့ရသည်။ ဘေးလူတွေဝေဖန်နေကြသော ကျွန်မရင်ထဲက အချစ်ကို “လုံးဝမဟုတ်ဘူး” ဟု အကြောက်အကန်ငြင်းဆန်ရင် “ဘဝ” ဟု ကြွေးကြော်နေခဲ့သည်မှာ သူ့နှင့် ဝေးကွာရမည်ဟု မတွေးမိခင် အချိန်အထိပင် ဖြစ်သည်။
အဖြေတစ်ခုကို တကယ်တမ်းရွေးချယ်ဆုံးဖြတ်ရမည့် အချိန်တွင် အကြိမ်ပေါင်းများစွာ တွေဝေခဲ့ဖူးသည်။ နောက်ဆုံးတွင်တော့ ကျွန်မ၏ အကျင့်အတိုင်း “အချစ်” ဆိုတာကို မေ့ပစ်ရင်း တစ်ယောက်တည်းဘဝကို ရွေးချယ်ခဲ့သည်။ သို့သော် ထိုရွေးချယ်မှုကြောင့် နာကျင်နေသော ကျွန်မ၏ နှလုံးသားကို အလျှော့ပေးလိုက်မိခြင်းသည် ကျွန်မဘဝ၏ ကံသီမှုတစ်ခုဟု မှတ်ယူမိသည်။ “ကျောခိုင်းခြင်း” နှင့် “မျက်နှာချင်းဆိုင်ခြင်း” ဟူသော ရွေးချယ်မှုနှစ်ခုတွင် လည်ပြန်လှည့်ကြည့်နေခွင့်မရှိကြောင်း အချိန်စောစွာသိခဲ့ရသည့်အတွက် ကံတရားကို ကျေးဇူးတင်မိသည်။ သို့နှင့် ကျောခိုင်းခြင်းကို ခံနိုင်ရည်မရှိသော ကျွန်မ၏ နှလုံးသားသည် မျက်နှာချင်းဆိုင်ခြင်းကိုတော့ ပျော်ရွှင်စွာလက်ခံခဲ့သည်။ ထိုအရာကို အချစ်ဟု သတ်မှတ်မည်ဆိုလျှင် “ကျွန်မ သူ့ကို ချစ်သည်။”
သူငယ်ချင်းတစ်ယောက်ကတော့ မှတ်ချက်ချသည်။ “နောက်ဆုံးတော့ မိန်းမက မိန်းမပါပဲ” ဟူ၍။ ကျွန်မ၏ ခံယူချက်တို့ ပြောင်းလဲသွားခြင်းအပေါ် ကျွန်မကိုယ်တိုင်လည်း အံ့ဩမိသည်။ မာနတို့ဖြင့် မာန်တင်းထားသော ကျွန်မသည် သူနှင့်ပတ်သက်လျှင်တော့ ကလေးတစ်ယောက် ဖြစ်သွားတတ်သည်။ လောဘတို့ဖြင့် ပူလောင်နေသော ကျွန်မသည် သူနှင့်အတူ အေးချမ်းသောဘဝကို တည်ဆောက်ချင်သည်။ ကျွန်မကိုစောင့်ကြည့်နေကြသော ပတ်ဝန်းကျင်ကို လျစ်လျူရှုရင်း လောက၏ အနှစ်သာရကို ရှာဖွေချင်သည်။ ကျွန်မ၏ အချစ်ကို သူသံသယရှိလျှင်တောင် ထိုပြောင်းလဲမှုများကို သူမြင်လိမ့်မည်ဟု ထင်ပါသည်။ တစ်ခုတော့ရှိသည်။ သူကလည်း ကျွန်မနာကျင်စေမည့်အရာတွေကို ကျွန်မထံရောက်မလာအောင် ကာကွယ်ပေးမည်ဟု ယုံကြည်သည်။ သူ့အချစ်ကို ကျွန်မယုံကြည်သလို ကျွန်မ၏ အချစ်တို့ကိုလည်း (တစ်နေ့တော့) သူယုံကြည်လာလိမ့်မည်ဟု မျှော်လင့်ထားမိပါသည်။ ။
မွန်မွန်
၁၄.၀၈.၁၃
နေ့လည် (၂) နာရီ (၁၅) မိနစ်
49 comments
ရွှေမိုးတိမ်
August 14, 2013 at 3:09 pm
အချစ် ဆို သည် မှာ ….. ခံစားမှုများနဲ့ ဆန်းကြယ်သောအရာ 🙂
လုံမလေးမွန်မွန်
August 14, 2013 at 9:48 pm
ဟုတ်ပါ့ ရွှေမိုးတိမ်ရေ….. ရွှေမိုးတိမ် ရဲ့စာလေးလည်း ဖတ်ချင်တယ်…. 🙂
Min Zarni
August 14, 2013 at 3:18 pm
ပြောင်းလဲတတ်တဲ့ လုံ့ ကို အံ့ ဘယ်လိုမှ နားမလည်
:harr:
လုံမလေးမွန်မွန်
August 14, 2013 at 9:51 pm
တူ့ကို ရေးထားတာ ဟုတ်ပါဝူး..ကွကိုယ် ရေးတာ..
garfield
August 14, 2013 at 3:19 pm
ကောင်းသော ပြောင်းလဲခြင်းလို့ ယုံကြည်ပါတယ်ကွယ်။
ဒီလို တည်တည်ငြိမ်ငြိမ် အချစ် ခံစားချက်လေးကို မြင်ရလို့ နာ့ ညီမလေး ကို ပိုချစ်ပါရဲ့။
နောက်လ မွေးနေ့ကျ အာဘွားကြီးကြီးပေးမယ်။
🙂
လုံမလေးမွန်မွန်
August 14, 2013 at 9:59 pm
မွေးနေ့ကို မှတ်မိတယ်ဆိုလို့ သာမီးက အာဘွားအကြီးကြီး အရင်ပေးမယ်.
အာ…….ဘွား………..
kai
August 14, 2013 at 3:23 pm
သိပ်တော့လည်း.. ဦးနှောက်ခြောက်ဝန်ပိမနေပါနဲ့ကွယ်…
ရနိုင်တုံး.. လိုချင်တာအကုန်လုံး… ယူ… ပေး… ထွက်တော့မပြေးနဲ့ပေါ့..
လုံမလေးမွန်မွန်
August 14, 2013 at 10:02 pm
တဂျီးရေးထားတာ… ဘယ်နားက ဖြတ်ပြီး ဖတ်ရမဲ မတိဝူး… လိုရာဆွဲပီးပဲ ဖတ်လိုက်တယ်… ဟီး..
ဦးကျောက်ခဲ
August 14, 2013 at 3:35 pm
အေးပေါ့ကွယ်…
သမီးကို နားလည်တတ်သူ၊ အေးအတူပူအမျှ ချစ်ရမည့်သူ ရပြီဆိုတော့ ဝမ်းသာပါ၏။…
ကံ ကံ၏ အကျိုးတရားဆိုပေသည့် မဆုတ်မနစ်တည့် ဇွဲ လုံ့လတော့ ရှိရမယ်…
အိမ်မက်ဆိုတာကို အကောင်အထည်ဖော်ဖို့ အနာဂတ်က သမီးတို့လက်ထဲမှာ…
🙂
လုံမလေးမွန်မွန်
August 14, 2013 at 10:04 pm
အူးလေးလက်ထဲမှာလည်း ရှိတယ်လို့ ထားလိုက်ပါ..ဟိဟိ….
ပြန်လာရင် တကယ် ထိုင်ကန်တော့ပါမယ်..
koyinmaung
August 14, 2013 at 3:40 pm
တူမလေးမွန်မွန်…
သူ့ကိုကြည့်ရတာမရိုးသားဘူး…
ရွာထဲမှာလဲမျက်နှာများတယ်လို့ပြောနေကြတယ်လေ….
ဖွဘုတ်ထဲမှာလဲ အရက်ခွက်ကြီးနဲ့ရစ်ထုတ်ကြီးဖစ်နေယင်ဘယ်လိုလုပ်မလဲ…..ဟီဟိ…..
……….ကောင်လေးမလာခင်လစ်ပြီဟေ့…ဝှီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
လုံမလေးမွန်မွန်
August 14, 2013 at 10:05 pm
မှန်တယ် အူးလေ… မျက်နှာများတဲ့ ယစ်ထုတ်ကြီး….
အာ့ကြောင့်..သူနဲ့ အပြိုင် မျက်နှာလိုက်များပြီး ယစ်ထုတ်လိုက်လုပ်မားလို့…ကောင်းလားဟင်င်င်… 🙂
လူကလေး
August 14, 2013 at 3:50 pm
ချုပ်တယ်နော်. သယ်ရင်း … ငှဲငှဲ..
သက်ဆိုင်သူကြီးကတော့. ပီတိတွေဖြာ လို့ အီအီးတွေထွက်ကျနေပါဦးမည်..
အလုံမလေးလည်း ဘာခုမှ ချိတ်လှပါချည်ရဲ့ လုပ်နေတာလဲ .. ကြောငြင်ကပ်တယ်နော်..
အတွင်းသိအစင်းသိ … လူကလေး
လုံမလေးမွန်မွန်
August 14, 2013 at 10:08 pm
ဟဲ့..ပလုပ်တုတ်… အတွင်းသိအစင်းသိ ဆိုတာနဲ့ နာတို့ကို တစ်ညိုးတွေ ထင်ကုန်အုံးမယ်…
နာလို ဖစ်နဲ့ သယ်ရင်း..ခိခိ…
ခင် ခ
August 14, 2013 at 4:07 pm
“ဪ သူတို့လေးတွေတောင် ချစ်သွားကြပြီကိုး´´
“ဦးခကြီး ဘယ်သူတို့လေးတွေလည်းဗျ´´
“သူတို့လေးတွေလေ´´
“ဟုတ်ပါပြီ အဲဒီ သူတို့လေးတွေဆိုတာ ဘယ်သူတွေလည်းလို့ မေးနေတာဦးခရဲ့´´
“ဟ ငါလည်း သေအချာမသိလို့ သူတို့လေးတွေဆိုပြီး ရမ်းတုတ်နေတာပေါ့ကွ သေချာသိ မှတော့ မောင်ဘယ်သူနဲ့မဘယ်သူလို့ တစ်ခါတည်းပြောမှာပေါ့လေ´´
“ဒါဆို ဦးခ ပြောသလို သူတို့လေးတွေတောင် ချစ်သွားကြပြီဘဲ မှတ်ရမှာလား´´
“အေး လောလောဆယ်တော့အဲလိုဘဲမှတ်ထားလိုက် သူတို့လေးတွေ ချစ်သွားကြပြီလို့´´
လုံမလေးမွန်မွန်
August 14, 2013 at 10:09 pm
အယ်..လေးခ..သိသိကြီးနဲ့….
ဟိ…ရှက်ထှာ…
Myo Thant
August 14, 2013 at 4:24 pm
သူတို့ကြီးတွေတောင် ဂလိုပြောင်းလဲသွားပြီကိုး
( အန်းနီးဝေး ) တကယ်ဆိုရင် ကွန်ကရက်ကျူလေးရှင်းပါကွယ် ၊ 🙂
လုံမလေးမွန်မွန်
August 15, 2013 at 3:32 pm
ပြောင်းလဲပါဝူး အူးမျိုးရဲ…
(အန်းနီးဝေး) ကျေးဇူးပါနော်…. 🙂
ချစ်လင်းအိမ်
August 14, 2013 at 4:36 pm
လုံမရေ………
ကိုယ်ကျေနပ်ရင်ပြီးတာပါပဲ
ရတာမရတာကတော့ ကုသိုလ်ကံပဲပေါ့။
လုံမလေးမွန်မွန်
August 15, 2013 at 4:30 pm
ဟုတ်… ကုသိုလ်ကံလည်း ကောင်းမယ်လို့ မျှော်လင့်တာပဲ… 🙂
မိုး မင်းသား
August 14, 2013 at 7:21 pm
မွန်မွန်ရေ…..
ကျွန်မအပေါ် အနည်းငယ်မျှသော မေတ္တာကို ပေးရန်ဝန်လေးသော ထိုနှစ်ယောက်ကို စိတ်ပျက်ခြင်းတစ်ဝက်၊ အစွဲအလန်းကြီးတတ်သော ကျွန်မ၏အကျင့်တစ်ဝက် နှင့်အတူ ခပ်ပေပေတွယ်ငြိခဲ့ဖူးသည်။
ကောင်းလိုက်တဲ ့…စာအရေးအသား…
လုံမလေးမွန်မွန်
August 15, 2013 at 4:31 pm
ဟီး..ရေတွင်းပျက်တွေလေ.. 🙂
နောက်တာပါ ကိုရီးရေ…အားပေးသွားတာ ကျေးဇူးအကြီးကြီးနော်….
အလင်းဆက်
August 14, 2013 at 8:03 pm
မွန်မလေးလုံလုံရေ..။
ဖတ်ရှု ခံစားသွားပါတယ်ကွယ် ။
ဒါနဲ ့..
မွန်မွန် ရေးပါလားးးလို ့ တိုက်တွန်းချင်တာလေး ရှိတယ် ။
အဲဒါကတော့…
ဂျူးရဲ ့ ရေမျောသီး လို ဝတ္ထုတိုမျိုးလေး..လေ ။
အဲဒီ လို မွန်မွန် ခေဇီ ရဲ ့ ဟန်နဲ ့ မွန်မွန် အတွေး.အရေးနဲ ့.. ဖန်တီးကြည့်ထားတာလေး..
ဖတ်ချင်မိပါကြောင်းးးးးး
အတည်ပြောတာဖြစ်ပါကြောင်းးးး
( အံစာ့ကိုတော့.. မင်းသိင်္ခနဲ့ဂျူး..စတိုင်တွေ ပေါင်းပြိင်္ီး တစ်နေ့သ၌ ကျွန်မသည်..ဆိုပြီး..ရေးဖို ့..
အကြံပြုပြိီးပြီ ။ )
ခင်မင်စွာ….
လုံမလေးမွန်မွန်
August 15, 2013 at 9:19 pm
တိန်..နာ့ကို မသတ်ပါနဲ့ဟာ…
နာဂ ဝတ်ထု မရေးတတ်ဝူးဟ…. နာ ဝတ်ထုုမရေးတတ်တဲ့အကြောင်း စာတစ်ပုဒ်ရေးထားတာရှိတယ်.. နောက်မှ တင်မယ်…
ဒါမယ့်… ကြိုးစားကြည့်မယ်လေ..နော်…
အရီးခင်
August 14, 2013 at 8:27 pm
ပြောင်းလဲခြင်းရဲ့ နောက်ကွယ်မှာ ချစ်ခြင်းရဲ့ အနုပညာ ရှိသတဲ့။
အားမျှ တဲ့ အပေးအယူ နဲ့ အပြန်အလှန် လေးစားခြင်း ရှိမှ အနုပညာမြောက်တယ် ထင်တာဘဲ။
လုံမတို့ နှစ်ယောက်က အသိ နဲ့ တာဝန်ယူတတ်တာခြင်း တူတာမို့ အင်မတန်လှတဲ့ အနုပညာမြောက်မှာပါ။
သူထီးမိုးပေးချိန် ကိုယ်က ခြင်းဆွဲပေါ့။
ကိုယ်ကထီးမိုးပေးချိန် သူက ခြင်းဆွဲပေါ့။ 😉
မဟုတ်လား။ 😛
တစ်နေ့ အချစ် က အပြီးသတ် အနိုင်ရမှာပါ။
(စီဒီ – ထူးအိမ်သင်)
garfield
August 14, 2013 at 8:32 pm
ကိုယ့်ကို ထီးမိုးတဲ့ချိန် သူ့ကို ခြင်းဆွဲခိုင်းးးးးး
သူခြင်းဆွဲတဲ့ချိန် ကိုယ့်ကို ထီးမိုးခိုင်းးးးး ရင် ပိုကောင်းမယ် အရီးးး
ခွိ 😀
ခင် ခ
August 14, 2013 at 9:20 pm
တော်ပါသေးရဲ့ အဲလိုခိုင်းတတ်တဲ့သူနဲ့ မဆုံဖြစ်တာ။
လုံမလေးမွန်မွန်
August 15, 2013 at 9:23 pm
သူူက ထီးမိုးပေးရင်းနဲ့ ခြင်းဆွဲတယ်…
ကိုယ် ထီးမိုးထားရင်လည်း သူက ခြင်းဆွဲတယ်…
ဟီး… 🙂
မဟာရာဇာ အံစာတုံး
August 14, 2013 at 9:42 pm
*** Deleted ***
koyinmaung
August 15, 2013 at 5:00 am
အဲ့ဒါပြောတာပေ့ါ မျက်နှာများတယ်ဆိုတာ….
တခင်ထဲ ခင်နေလိုက်တာ….
ဗိုလ်ချုပ်က သူ့မိန်းမကိုပေးခဲ့တဲ့
ရည်းစားစာကျနေတာဘဲ…..ဟိ……….
ကိုရင်စည်သူ
August 15, 2013 at 1:36 pm
ဟေ့လူဂျီး.. အံစာတုံး မှိုရနေတဲ့ မျက်နှာနဲ့ ခုမှ လာနုနေတယ်..
မရခင်ကတော့ ကိုရင့်ဆီကို ရနိုင်မရနိုင် ဗေဒင်လာမေးတော့
(ရမယ်လို့) အတပ် ဟောပေးဒါတော့ မကြော်ငြာပေးဘူး…
လူဒွေများ.. တရားကျစရာပါအေ… အဆင်ပြေသွားကြဒေါ့
ဗေဒင်ဆရာကို မေ့နေကျ… မေ့နေကျ… 🙁
ဒါကြောင့် အဘပြောသွားတယ်.. ဗေဒင်ဆရာအလုပ်က အများသုံးအိမ်သာပဲတဲ့
ဘိုက်နာတုန်းပဲ အောက်မေ့တာ.. ကိတ်စပီးသွားတော့ မေ့ဒွါးကော.. 😥
နာ စိတ်ဆိုးပြေအောင် နောက်အပတ်ရွာပြန်လာရင် မြန်မာဘီယာစစ်စစ်
သုံးခွက်ကို ငါးရှဥ့်ခြောက်စပ် တစ်ပွဲဖြင့် ပူဇော်ပါ… အူးအံစာ..
လုံမလေးမွန်မွန်
August 15, 2013 at 9:26 pm
ခင် ဆိုတာ ဘူလဲဟင်င်…
အံစာတုံး ကောင်မလေးလားဟင်င်…
နာ့ပို့စ်မှာ လာမရှုပ်နဲ့နော်..
တင်ချင်ရင် ကွကိုယ် ပို့စ်တင်..ဒါဗျဲ…
မဟာရာဇာ အံစာတုံး
August 16, 2013 at 12:06 am
ဟုတ် ….
“ခင်” ဆိုတာ ကျနော့် ကောင်မလေးပါ …
နာမည်တော့ မဟုတ်ပါဘူး …
ဒီကဗျာထဲမှာ “ခင်” ဆိုပြီး ချစ်စနိုးနဲ့ ခေါ်ထားတာပေါ့ဗျာ …
ဒီပို့စ်နဲ့ စပ်မိအပ်မိလို့ ဝင်ရေးလိုက်တာပါ …
လာရှုပ်သလို ဖြစ်သွားတဲ့အတွက် ဆောရီးပါ …
TheWinner Getprize
August 15, 2013 at 11:30 am
အင်းးးးးးးးးးးးးးးးးးး
လုံမလေးမွန်မွန်
August 15, 2013 at 9:28 pm
ဟီး…. သာမီးရေးနေကျ စာပုံစံလေး တင်ထားတာပါ တီတီရဲ့…. 🙂
Crystalline
August 15, 2013 at 12:50 pm
ဟမလေး.. ချစ်နေလိုက်ကြတာနော်.. ဒါပေမယ့် ငါ့ညီမလေးကချစ်စရာကောင်းတော့ နှမျောတယ်ဟယ်.. ကလေးလေးလိုပဲနေအုန်းနော်.. အသက်လေးကလည်းငယ်ငယ်လေးပဲရှိသေးတာလေ… ဟိုထိုင်ကန်တော့မယ့်ဦးလေးကြီးအရွယ်လောက်မှ အိမ်ထောင်ပြုနော်..
ဦးကျောက်ခဲ
August 15, 2013 at 1:23 pm
အိမ်ထောင်ပြုဖို့ကတော့ ငယ်ကြပါသေးတယ်…
ဘဝကို အခြေခိုင်အောင် မြှင့်ပြီးမှ၊ နောက်တစ်ဆင့် တက်ကြပေါ့…
ဒီကြားထဲ စည်းကမ်းရှိရှိ သစ္စာရှိရှိ နားလည်မှုတည်ဆောက် ကြဖို့ပါ…
ကိုရင်စည်သူ
August 15, 2013 at 1:26 pm
ခရစ်လေးလည်း အံဆုံး သွားနှုတ်ရတဲ့အထိ သိပ်အုမနေနဲ့တော့…
သဂျီး ပြောသလို ရနိုင်ပေးနိုင် ယူနိုင်တဲ့အချိန် ဂျစ်လိုက်ကြ.. ငိငိ..
တားက အတည်ယူ အမှန်ကြံမှာဘာ… ဟီးးး ခရစ်အတွက်ဆို… ဘွတ်..အဲ့.. ဘွတ်အဲ့.. 😳
kyeemite
August 15, 2013 at 1:58 pm
မောင်ရင်စည်..ကြောင်လာကုတ်လိမ့်မနော် 😀
လုံမလေးမွန်မွန်
August 15, 2013 at 9:36 pm
ဟီး..မမ ခရစ်…
အဲ့လိုပြောတာ နှစ်ယောက်ချိပီ သိလား…
ဆိုတော့…. အပျိုကြီးပဲ လုပ်တော့ရင် ကောင်းမားလို့… 🙂
သျှားသက်မာန်
August 15, 2013 at 1:16 pm
အချစ်ဆိုတာတစ်ခါတစ်လေပျော်ဖို့ကောင်းသလို..တစ်ခါတစ်လေ..စိတ်ပျက်ဖို့လည်းကောင်းသည်။ မရှိမကောင်း..ရှိမကောင်းကြီးပါ..
လုံမလေးမွန်မွန်
August 15, 2013 at 9:40 pm
မရှိမကောင်း နဲ့ ရှိမကောင်း… ဘယ်မကောင်းတာက ပိုများလဲဟင်င်..သယ်ရင်း.. 🙂
kyeemite
August 15, 2013 at 1:57 pm
တောက်စ်….ကြီးမိုက်တို့ညံ့ချက်..ကမ်းကုန်ပါရောလား…
ကိုယ့် ညီအရင်းခေါက်ခေါက်တစ်ယောက်လုံး “ဘဝဖေါ်မွန်”
ရသွားတာ ..ရွာထဲမှာကျုပ်နောက်ဆုံးမှသိတယ်…
တွေ့မယ်..တွေ့မယ်…လာပစေအုံး..နှစ်ယောက်လုံး… 😀
လုံမလေးမွန်မွန်
August 15, 2013 at 9:42 pm
ဟုတ်ရား… ဘူ တဲ့လဲဟင်င်…
Ma Ei
August 15, 2013 at 2:19 pm
သဝဏ်လွှာရေးလို့ ချစ်စကားပြောနေကြတာ
နှစ်ယောက်သား မခေါ်ကြလို့များလား…
ဒါမှမဟုတ်…
တစ်ရွာလုံး သက်သေ ထားတာလားနော်…
:hee
လုံမလေးမွန်မွန်
August 15, 2013 at 9:45 pm
အယ်..ဟုတ်ရပါဝူး..နော်က နော့်ဘာသာ.. စာတင်တာ…
တူက တူ့ဘာသာ ဘယ်က ခင်မှန်းမသိ ဝင်ရေးတာ…
ဘာမှဆိုင်ဝူး.. ဟီး..
Mr. MarGa
August 15, 2013 at 11:00 pm
ဖတ်ရင်း သတိရသွားတယ်
သိကြားစေ သက်သေညွှန်း တဲ့
(ဇာတ်ကားနာမည် ထင်တာပဲ ခေါင်းထဲ စွဲနေတဲ့ စကားလုံးလေးမို့)
ဆိုတော့
ပြောင်းလဲတယ် ဆိုရာမှာ အမျိုးမျိုး ရှိသကွယ့်
ပတ်ဝန်းကျင်ဟာလဲ လူကို ပြောင်းလဲစေတယ်။
အသက်အရွယ်ကလဲ လူကို ပြောင်းလဲစေတယ်။
ကိုယ်တိုင် ပြောင်းရမယ် ဆိုတာကို သိလို့ ပြောင်းလဲသွားတတ်တာမျိုး ရှိသလို
အခြေအနေ၊ အချိန်အခါတွေဟာလဲ လူကို ပြောင်းလဲစေတတ်တယ်ကွယ့်။
ပြောင်းလဲခြင်းရဲ့ နောက်ကွယ်မှာ
ပြောင်းလဲဖို့ အကြောင်းရင်းခံ တစ်ခုတော့ ရှိနေတတ်တယ်။
ပြောင်းလဲခြင်းနဲ့အတူ
ပြောင်းလဲရတဲ့ အကြောင်းရင်းခံကို လိုက်ရှာပါ။
ဘာကြောင့် ပြောင်းသွားတယ်ဆိုတာကို သိအောင်လုပ်ပါ
အပြောင်းအလဲရဲ့ နောက်ကို လိုက်ရင်း
အရင်းအမြစ်ကို ရှာပါ
ဒါမှသာ
ကိုယ်တိုင်အတွက် တိကျတဲ့ အဖြေတစ်ခု ထွက်လာမှာ
အဲဒါမှသာ
ကိုယ်တိုင်က တကယ် ပြောင်းလဲ သွားတာလား
ပတ်ဝန်းကျင်ကြောင့်ပဲ ဒီလို ဖြစ်သွားသလား
ဖြတ်လာခဲ့ရတဲ့ ဘဝကြောင့်လား
ဆိုတာတွေကို သိလာမှာ
ဒီလို သိလာ မှ
အပြောင်းအလဲနဲ့အတူလိုက်ပါရင်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ဆက်ပြီး ချမှတ်နိုင်မှာ…ကွယ့်
ခင်တဲ့
ဦးမာဃ (ခေတ္တ လူ့ပြည်)
ဦးကြောင်ကြီး
August 20, 2013 at 10:09 am
ပြောင်းလဲဂျင်း
ချောင်းထဲဆင်း
ဖောင်းသဲတင်း
ကောင်းဆွဲဗျင်း…
ငေးလ
August 26, 2013 at 9:21 am
မွန်မွန်ရဲ့ပြောင်းလဲခြင်းက ကောင်းသောပြောင်းလဲခြင်း ပါ
ချစ်တာ အမှား မဟုတ်ပါဝူးးး ချစ်လျက်နဲ့ မချစ်ချင်ယောင်ဆောင် တာကမှ တကယ့်အမှားရီးး
ကမ္ဘာကြီးး သာယာလှပ ဖို့ အတွက် အချစ် လို တယ့်