မြန်မာ သွေး မမည်း ဘူး
မြန်မာ သွေး မမည်း ဘူး
မြန်မာ ပြည် မှာ လာပြီး အနိုင် ကျင့် တာ..နိုင်ငံခြား ကုမ္ပဏီ ဆိုပြီး မြန်မာ ဝန်ထမ်း တွေ ကို
လုပ် ချင် သလို လုပ် တာ… ဒါ ဒီ အတိုင်း ငုံ့ ခံ နေရင် .. မြန်မာ့ သွေး မည်း ရာ ကျပေတော့
မပေါ့ ။ ကျုပ် က ဒီအကြောင်း တွေ ပြန် ပြောချင် တာ မဟုတ် ဘူး ..။
ကုမ္ပဏီ ဘော့စ် က သူ့ကုမ္ပဏီ သူ လုပ် ချင် ရာ လုပ် နိုင် တယ် ဆို တဲ့ စတိုင် ချိုး တာ ကို
ခံ ရ ခက် တာ ဗျ.. ကျုပ် လည်း အဲဒါကြောင့် နောက် ဘဝ ဆို ရင် .. ကုမ္ပဏီ ကြီး ကြီး မဟုတ် တောင်
ငယ်ငယ် လေး တစ်ခု လောက် တော့ ပိုင် ပါရေ စ လို့ ဆုတောင်း တယ် ဗျာ…
ဖြစ်ပုံ က မြန်မာ ဝန် ထမ်း တစ်ဦး ကို ဘော့စ် က ချွိုက်စ် (၂) ခု ရွေး ခိုင်း တယ် …ကုမ္ပဏီ က အလုပ် ထုတ် ပေးရမလား ..
ကိုယ်တိုင် နှုတ်ထွက်စာ တင် မလား တဲ့…
ဟင် ..ဘာကွာ လို့ တုန်း ဆိုတော့ ကွာ ပါတယ် တဲ့.. အထုတ် ခံ ရရင် ကုမ္ပဏီ ရဲ့ ဘရန့်ချ် တွေ မှာ
အလုပ် ပြန် ဝင် လို့ မရဘူး တဲ့..နှုတ်ထွက်စာ က ..တစ်ခြား ဆိုဒ် မှာ ..အလုပ် ပြန် လျှောက်လို့ ရပါ တယ် တဲ့….
ခင်ဗျား တို့ စဉ်းစား ကြည့် …ဒါ သက်သက် လူပါး ဝ တာ ဗျ..
ဒီကုမ္ပဏီ ဗျာ.. အလုပ်သမား တစ်ဦး ကို နှစ် နှစ် လုံးလုံး အလုပ် ထုတ် ဖို့ ချောင်း နေတာ အခု မှ သိရတယ် ဗျာ…
တော်တော် ကို ဇွဲကြီး ပြီး ရက်စက် ပါ ပေတယ်..
အပြစ် က လာ ပြီ ..ပြောတော့ မယ်..ခင်ဗျား တို့ မေးမလို့ ပါးစပ် ပြင် နေတာ ကျုပ် သိတယ်…
အပြစ် က… လွန်ခဲ့ တဲ့ နှစ် နှစ် လောက် ကတည်း က တဲ့ ဒီ အလုပ်သမား ကတဲ့..ရုံး ချိန် ကို အမြဲ နောက် ကျ တယ် တဲ့…
ကြား မှာ ဝမ်းနိန် (၂) ခါ ပေးပြီး သော ငြား တစ်ရက် တစ် လေ မှ ရုံး ချိန် မှန် အောင် မတက် နိုင် လို့.. အပြစ် ပေးရတာ ပါ တဲ့..
တစ်ရက် ကလေး မှန် ရင် ကို အရေး မယူ ပါ ဘူး တဲ့ .. ဗျာ..
ကဲ ..ဘယ်လောက် ဆိုးလဲ .. နှစ် နှစ် လောက် ကို အချိန် ယူ စောင့်ကြည့် ပြီး ရက်ရက်စက်စက် လုပ် တာ..
အလုပ်သမား အခွင့် အရေး ချိုး တာ.. လူ့အခွင့်အရေး ချိုး ဖေါက် တာ..( ဟုတ် ဟုတ် မဟုတ် ဟုတ် ဒီ စကား လုံး ပဲ တတ် တယ် )..
ဒီ လောက် က ထား လိုက်ပါ ဦး ..
ကျုပ် ပို စိတ် ဆိုး တာ က…နောက် တစ် ခု ကို……. ကုမ္ပဏီ က ထပ် လုပ် လိုက် တယ်..
ပွင့်လင်းမြင်သာ မှု မရှိဘူး…..အဲဒါ ကို တော့ ကျုပ် ဘယ် နည်း နဲ့ မှ မကျေနပ် နိုင်ဘူး ..ဗျာ.. ဆန္ဒပြမယ်..
ခင်ဗျား တို့ လည်း ပါ ဖို့ အသင့် ပြင်ထား..ကြ
အခု စာ ရေး ရင်း ကို ရင်ဘတ် ထဲ ဆူ ပွက် လက်တွေ တုန် ပြီး ဒေါသတွေ ထွက် နေတာ ကလား…
ရွာ ထဲ က လူ တွေ လည်း မန့် ရင် ကြည့် မန့် ကြ…
ကျုပ် ဒေါ သ က လူ မရွေး ဘူး.. မ မန့် တဲ့ သူ ဆို ပို ဒေါသ ထွက် တတ် တယ်..
အချင်း ချင်း လက်တို့ ထား ကြ.. ကျုပ် က လုပ် ရင် မိုးပေါ် ထောင် မလုပ် ဘူး ..( အဲ ဘွာတေး)..
မိုးပေါ် ထောင် မပစ် ဘူး.. တည့် တည့် ပဲ ပစ် တယ်.. ပြောစရာ ရှိ ဒဲ့ ပဲ ပြောမယ်..
တွတ် တွေ အာ တွေ ပတ် လည် တွေ စိတ် မဝင်စား ဘူး.. ဒဲ့ ပဲ ..
ကျုပ် စိတ် ဆိုး တာ က .. ကုမ္ပဏီ ရုံး ထဲ မှာ အင်တာနက် သုံး ဖို့ ဝိုင်ဖိုင် ရှိတယ် ကြိုး ရှိတယ် ..ဝိုင်ဖိုင် ကနှေးတယ်..
ကြိုး က နည်းနည်း ပိုမြန် တယ်.. ကျုပ် က နှစ်မျိုး လုံး တစ်လှည့်စီ ဆွဲသုံး တာ ပဲ.. လွန်ခဲ့ တဲ့ ဖေဖေါ်ဝါရီ လ
ကတည်း က ..ကျုပ် ကိုယ်ပိုင် အလုပ် တွေ ကို တစ်ခြား သူ ကို လွှဲပေး လိုက် တာ လက်လွန် ပြီး အကုန် ပါသွား တယ်…လေ..
အဲဒီ တော့..ကျုပ် လုပ်စရာ …. ဘာ အလုပ် မှ မကျန် တော့ ဘူး . ပေ့ါ.. အခု ဆို (၇) လ ပြည့် တော့ မယ် လေ….
ဒါ ကလည်း ကျုပ် ဘက် က စိတ် မဆိုး သေး ပါဘူး ..သူတို့ က လစာ ပေး နေတာ ပဲ လေ..
ရွာ ထဲ က လူ တွေ လည်း ဒီ အခြေ အနေ ဆို ကျုပ် လိုပဲ စိတ် မဆိုး လောက်ပါဘူး ..
ကျုပ် က ပုံမှန် ရုံး လာ တယ်..မနက် (၈)နာရီ ရုံးတက် ညနေ (၅)နာရီ ရုံးဆင်း ပုံမှန် ဆိုပါ တော့..
အဲဒါ လေ အခု ကုမ္ပဏီ က ..ဘာ လုပ် လဲ ဆို တော့..အင်တာ နက် မှာ..လေ
တစ်ခြား ဆိုဒ် တွေ အကုန် ဖွင့် ရတယ်..ယုတ်စွ အဆုံး ဟို ဆိုဒ် ဒီ ဆိုဒ် က အစ ဖွင့် လို့ ရတယ်..
အဲဒါ ဗျာ…မနေ့ က စပြီး ..အင်တာနက် ဆာဗာ မှာ….ဖေ့စ်ဘွတ် ဆိုဒ် နဲ့ မန္တလေး ဂဇက် ဆိုဒ် ကို ပိတ် လိုက် တာ..
ကုမ္ပဏီ က ဘလော့ ထား တာ ဗျ. လုံးဝ ဖွင့် မရဘူး.. အယ်ရာ ပြနေတယ်..
ဒါ ပွင့်လင်းမြင်သာမှု မရှိ တာ…တစ်ရုံးလုံး ဖေ့စ်ဘွတ် ကို နှစ်နှစ် လောက် ရှိပြီ လှိုင်လှိုင် သုံး နေတာ..
ကျုပ် က အခု မှ (၇) လပဲ ရှိသေး တယ် တစ်နေကုန် အလုပ်မရှိ လို့ သုံးနေ ရတာ..အခု မရတော့ ဘူး …
ကျုပ် စိတ် မဆိုး ပဲ နေမလား ခင်ဗျား တို့ စဉ်းစား ကြည့်..
ကျုပ် က ဘာ အလုပ် မှ မရှိ လို့ ..ဒီ ဆိုဒ် လေး တွေ နဲ့ အချိန် ကုန် အောင်..သွား နေရတာ..
ကုမ္ပဏီ က လုပ် စရာ လား ဗျာ…
နိုင်ငံခြား ကုမ္ပဏီ ဆိုပြီ လုပ်ရက် တယ် ဗျာ…
ကျုပ် မကျေနပ် ဘူး.. သမ္မတကြီး ဦးသိ်န်းစိန် တိုင်မယ်..
လွှတ်တော် ဥက္ကဌ သူရရွှေမန်းနဲ့ ဦးခင်အောင်မြင့် ကို တိုင်မယ်..
အမေစု ကို တိုင်မယ်…
စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ခိုင်း မယ်..
မန်းဂဇက် ရွာသူကြီး ကို ကော်မရှင် ဥက္ကဌ ထား ခိုင်း မယ်…
ကဲ ..ရွာသား ဘော်ဒါ အပေါင်း တို့…
ကျုပ် ဆန္ဒပြ ဖို့ မြို့နယ် ရုံး ကို စာတင် ထား တယ်…ရက် စွဲ မထည့် ထား ဘူး..
မြို့နယ် ရုံး က လူကြီး တွေ အလုပ် မရှုပ် အောင် သူတို့ ကို အထက် (ဘယ်အထက် လည်း မသိ) က
ခွင့်ပြုမယ့် နေ့ ကို ကောက်ထည့် လို့ လွယ် အောင် ပေါ့.. ခွင့်ပြုမိန့် ကျခဲ့
ရခဲ့ ရင် ရွာသား တွေ ကို အမြန် အကြောင်းကြား ပါ့ မယ်.. လူစု ထား ပါ…
အလုပ်သမား အခွင့် အရေး ကာကွယ် ရမယ်.. ဒီနိုင်ငံခြား ကုမ္ပဏီ ကို မြန်မာ့ သွေး မမည်း ဘူး
ရဲရဲ နီစွေး ကြောင်း ကို ပြပေး ရ မှာ ပေါ့ဗျာ..
မြန်မာ တိုင်း မှာ တာဝန် ရှိတယ်.. ဒါပဲ..
ဒေါသ ထွက် နေတဲ့ မဟာမြန်မာ
15 comments
အလင်းဆက်
August 15, 2013 at 10:43 am
မမန့်တဲ့သူ ကို ပို ဒေါသ ထွက်မယ် ဆိုလို ့
မန် ့သွားပြီဗျာ
Mahar Myanmar
August 16, 2013 at 8:56 am
မန့်ထား တယ် ဆို လို့ ရှာမတွေ့ဘူး ဗျာ..
ရွှေမိုးတိမ်
August 15, 2013 at 1:26 pm
စိတ်ဆိုးသင့် ပါပေတယ် 😀
Mahar Myanmar
August 16, 2013 at 8:57 am
ဆိုး တာ ပေါ့.. စိတ်
မင်းခန့်ကျော်
August 15, 2013 at 1:40 pm
ဟုတ်တယ်အဲသလိုသုံးနေတုန်း
ကော်ဖီ တီး တောင်တိုက်သင့်တဲ့ဟာကို
Mahar Myanmar
August 16, 2013 at 9:18 am
ကော်ဖီ မပြော နဲ့ ရေ တောင် မတိုက် နိုင် လို့ ကုမ္ပဏီ ပြန်ပြေး ပါတော့ မည်
lele kyi
August 15, 2013 at 5:49 pm
အတန်းဒန့် လာထိုးသွားပါတယ်။ ကျမ က ဘီ+ ရဲရဲစွေးစွေး ပါ။ အလှူတော့မခံခဲ့နော် အိုင်းယွန်း လယ်ဗယ်နိမ့်နေလို့ ရွာထဲက ဆြာသမားပြောတဲ့ မျှစ်နဲ့ မှို ကြော်စားနေရတာ။
lele kyi
August 15, 2013 at 7:32 pm
အယ်ရာ က အယ်ဖြူ နဲ့ အယ်နောင်း ရဲ့ ညီမလေးလား။ သူကရုံးမှာ ဘာလာပြတာလဲဟင်။ ပွင့်ပွင့်လင်းလင်း မပြလို့ စိတ်ဆိုးပြီး ဆန်ဒပြမယ်ဆိုတော့ စဉ်းစားစရာပဲ။
Mahar Myanmar
August 16, 2013 at 9:24 am
အယ်ဖြူ အယ်နောင်း အယ်လွန်းဝါ အယ်လ်ခွန်းရီ အယ်ဆိုင်းဇီ အယ်မဟာမြန်မာ တိုရဲ့ ညီထွေး အယ်ရာ ဖြစ်ပါကြောင်း
ဒေါ်လီလီကျီ.. ခင်ဗျား
Mahar Myanmar
August 16, 2013 at 9:36 am
အခု ဒီ နိုင်ငံခြား ကုမ္ပဏီ ကို ဆန်ဒ ပြစရာ မလို တော့ ဘူး..
သူ့ နိုင် ငံ ပြန် ပြေး ပြီ.. ဒေဝါလီ ခံ ရ လို့
တဟ်ကယ့် အဖြစ် အပျက် ပါ နော်..
မကြာမီ သတင်း ကြား မည်.. မျှော်..
Mahar Myanmar
August 16, 2013 at 9:40 am
အိုင်းယွန်း လယ်ဗယ် နိမ့် တာ မြန်မာ ဆေးနည်း ကောင်း ရှိပါ သည်..
ရွာ ထဲ က အရီး ခင် အိမ် မှာ..
ထန်း ညက် နဲ့ ဘာ နဲ့ ဆိုလား ပဲ ..
ဘာလုပ် သောက်ရင် ..အိုင်းယွန်း လယ်ဗယ် စိုးရိမ် အမှတ် တောင် ကျော် နိုင် ဆို ပဲ
နားစွန် နားဖျား ကြား လိုက် တာ..
လီလီ ကျီ ..အမြန် ပြေး အရီးခင် အိမ် ကို..
ဆေးနည်း သွား တောင်း..
သူငယ်ချင်း မို့ တိုးတိုး လေး သူများ မသိအောင် ပြောပေး တာ နော်.
လျှောက် မပြောနဲ့.. ဦး
အရီးခင်
August 15, 2013 at 8:14 pm
မြန်မာ့သွေး မမည်းဘူး။
ဖြူ ရုံသာ ဖြူတာ။
😉
Mahar Myanmar
August 16, 2013 at 9:29 am
အရင် ခောတ် က နီရဲ စွေး နေတာ..အခု ကျုပ် တို့ ခောတ် ကျ မှ ဖြူ သွား ပြီ..
အဲဒါ ဆရာဝန် စကား ဆိုရင် သွေးဆုတ် တာ ပေါ့.. ဒါ ဆို ရင် …….
မဟာရာဇာ အံစာတုံး
August 16, 2013 at 11:22 am
ကျုပ်လည်း ကုန်ပနီထောင်ဖို့ လုပ်နေဒါ …
အခု ရေဂန် အသင့် ကျာအသင့်ဘဲ .. ဟဲဟဲ …
စိတ်ဝင်စားယင် ဆက်သွယ်ဘာ …
မဟာရာဂျာ
အထွေထွေ တောင်းစားရေး ကုန်ပနီ အုတ်ကထဂျီး
http://www.dadaungsarmyar.com
Mahar Myanmar
August 16, 2013 at 4:14 pm
ဖေ့စ်ဘွတ် မန်းလေးဂဇက် တစ်နေကုန် ထိုင် မသုံးရဘူး ဆိုရင်
စိတ်မဝင်စား ဘူး..
တောင်း ဆို တာ တွေ အေဖိုး တစ်ထုပ် စာ ဖြည့် ပေး နိုင်ရင်..
(ကို)အံစာတုံး ရဲ့ ကုမ္ပဏီ မှာ လုပ်သင့် မလုပ်သင့် စည်းဝေးပြီး ဆုံးဖြတ် ချက် ကို
အကြောင်း ပြန် ပေး မယ်…
ကျုပ် တို့ဘက် ကတော့ ကုန်မနီ အတွက် ဘာတစ် ခု လုပ် မပေး နိုင်ဘူး..ဒါဗြဲ