ဆယ်လွှာပေါင်မုန့်
ထောပတ်သုတ်ထားတဲ့ဗန်းထဲအသာထဲ့ မျက်နှာပြင်ထောပတ်သုတ် တလွှာပီးတလွှာထည့် ထပ်တိုင်းထောပတ်သုတ်
အားလုံးပီးရင်မျက်နှာပြင် ကြက်ဥအနှစ်သုတ်
သူတို့တွေကတော့ Yemeni Honey Cake လို ့ခေါ်ပေမဲ့ ကျွန်မကတော့ ၁ဝ လွှာပေါင်မုန့်လို့ပဲခေါ်ပါတယ်။ သကြားမပါပဲ အဆိမ့်လေးမို့ အချိုမကြိုက်သူများ နှစ်သက်မဲ့မုန့်လေးပါ။ ကိုယ့်ဖာသာကိုယ်လက်နဲ့လုပ်ရင်လ ဲအဆင်ပြေပါတယ်။ ရိုးရိုးပေါင်မုန့်တွေလို မပင်ပန်းပါဘူး။
လိုအပ်သောပစ္စည်းများ
ပေါင်မုန့်ဂျုံ မုန့်လုပ်ဇွန်း ၂ ဇွန်း
ထောပတ် သို့မဟုတ် ဂီး မုန့်လုပ်ဇွန်း တဝက်နီးပါး
ဆား လဘက်ရည်ဇွန်း တဝက်
ယိစ် လဘက်ရည်ဇွန်းတဝက်
ရေ မုန့်လုပ်ဇွန်း တစိတ် နီးပါး
ကြက်ဥ ၂လုံး
ဖြူးရန်
ကြက်ဥ ၁ လုံး
နှမ်းနက် အနည်းငယ်
ပြုလုပ်ပုံ
ပါဝင်ပစ္စည်းများကိုရောစပ်ပါ။ ပြီးလျှင် ပြောင်ချောသွားအောင်နယ်ပါ။ ပြောင်ချောလာလျှင် ၁ဝ ပိုင်းအညီအမျှပိုင်းပါ။ အပိုင်းများကိုအလုံးလေးများပြုလုပ်ပြီး ထောပတ် သုတ်ပါ။ ပလပ်စတစ်အသန့်နှင့် အဝတ်သန့်ဖြင့်အုပ်ပြီး မိနစ် ၃ဝ နှပ်ပါ။ မိနစ် ၃ဝ ပြည့်လျှင် ဖုတ်မည့်မီးဖိုကို မီးကြိုဖွင့်ပါ။ ဂျုံလုံးများကိုတလုံးချင်း အဝိုင်းပြားဖြစ်အောင် ဒလိမ့်ဖြင့်လှိမ့်ပါ။ ဖုတ်မည့်ဗန်းကို ထောပတ်သုတ်ပါ။ ပြားထားသောမုန့်ချပ်ကို အသာခွာပြီးဗန်းထဲထည့်ပါ။ မျက်နှာပြင်ထောပတ်သုတ်ပါ။ တလွှာချင်းအထက်ပါအတိုင်း ၁ဝ လွှာပြည့်အောင်လုပ်ပါ။ ( ၅ လွှာစီး နှစ်ဗန်းလုပ်လဲရပါတယ်။ ) နောက်ဆုံးအလွှာပြီးလျှင် ကြက်ဥအကာဖယ်ပြီးအနှစ်သုတ်ပါ။ နှမ်းနက်ဖြူးပါ။ မီးဖိုထဲ မိနစ် ၂ဝ ခန့်ဖုတ်ပါ။ မျက်နှာပြင်ညိုလာလျှင် ဖိုထဲမှထုပ်ပြီး ပျားရည်နှံအောင်ဆမ်းပါ။ ကိုင်နိုင်လောက်သည့်အပူချိန်တွင် သုံးမြှောင့်ပုံလှီးပြီး သုံးဆောင်နိုင်ပါပြီ။
24 comments
အလင်းဆက်
August 16, 2013 at 5:42 pm
စားချင်တယ်
ချစ်သုဝေ နဲ ့အိမ်ထောင်လေး ဘာလေးကျ ဖြစ်ရင်တော့
ချစ်သုဝေ ကိုပြောပြမယ်
သုသု လကိရာလေး
ဆက်ဆက် စားးချင်တယ်
သုသုနဲ ့အလုပ်မဖြစ်ရင်တော့
ဒေါ်ဖွားမေ ဘက် လှည့်ရမှာပဲ
အဒိက က
စားရ ဖို ့ ပဲ
ဒီ အစားအစာ ပြောပါတယ် ။
:kwi:
TNA
August 16, 2013 at 5:48 pm
အေးပါအေ ချက်ခိုင်းမယ်ချက်ခိုင်းမယ်နဲ့ ဟိုလူရီးလိုတော့ချက်ကျွေးမယ်မဖြစ်စေနဲ့အေ။ အာဟိ သူမရှိတုန်း အတင်းပြောရဒါ။
Min Zarni
August 16, 2013 at 6:47 pm
တော်ပါပီလေ. မန့်တော့ပါဝူး
TNA
August 16, 2013 at 8:16 pm
အေးပါအေ ကလေးကလေးလိုနေပါအေ။
မောင် ပေ
August 16, 2013 at 7:23 pm
တော်ဘီဗျာ
လုပ်ရမှာပင်ပန်းတယ်
အမဲသတို ့ဆီ လည်လည်လာမှ
ဧည့်ခံခိုင်းတော့မယ်
TNA
August 16, 2013 at 8:12 pm
လာခဲ့အေ။ အိမ်နီးနားချင်းဟင်းချက်ကောင်းတယ်ကြားတယ် လိုက်ပို့ပေးမယ်အေ
ဦးကျောက်ခဲ
August 16, 2013 at 7:38 pm
ကျောက်စ်က သနားလို့ မမန့်တာကို ကြည့်စမ်း… ရန်လာစပြီ ဟိ…
ထပ်ကွန့်လိုက်ဦးမယ်…
ဂျုံနယ် ၅လွှာထည့်၊ နုတ်နုတ်စဉ်းပြီး ကြက်သွန်နီ အနံ့အရသာနဲ့နယ် ရေခမ်းလုံး ထားတဲ့ အသားကိုထည့်…
ပြီးရင် နောက်ထပ် ၅လွှာအုပ်၊ အနားစတွေလိတ်၊ ထောပတ်သုတ်ပြီး အပေါ်မီးအောက်မီး ၂၅မိနစ် ဖုတ်လိုက်ရင်…
Meat Pie ကောင်းကောင်းရပါကြောင်း… Chedder Cheese အသားပေါ်ဖြူးထားရင် ပိုကောင်းပါကြောင်း…
ဟင်းနဲ့ မုန့်နဲ့ လဲစားမလား… ဟီ ဟိ
:_D
TNA
August 16, 2013 at 8:14 pm
Pie က ဒီအသားမဟုတ်ကြောင်းလေးရယ်နှင့် နှင်းနှင့်မုန့်လဲစားမည်ဖြစ်ကြောင်း အဲမွှားလု့ိ ဟင်းနှင့်မုန့်လဲစားမည်ဖြစ်ကြောင်း။ စောင့်နေဘာမည်။
အရီးခင်
August 16, 2013 at 8:22 pm
သဲနု ရေ
အလွှာတွေကြားမှာ cream တွေ ချောကလက် တွေ ထည့်လို့ ကတော့ ချို ဆိမ့် သွားမှာဘဲ။
အပူချိန် ဘယ်လောက်လောက်ထားလဲ။
စမ်းကြည့်သေးတာပါ့။
ကျေးဇူးနော်။ 😛
TNA
August 17, 2013 at 5:20 pm
ကျွန်မစက်ကသေးတော့ ၂၀ဝ မှာ ၁၅ မိနစ်လောက်ထားတယ်။ နောက် ၂၅ဝ မှာ ၁ဝ မိနစ်လောက်ထားပီး ၂၀ဝ နဲ့အပေါ်မီးဘေးမီးနဲ့ ခဏပြန်ထားတယ်။ စက်ပေါ်မှာပဲမူတည်လိမ့်မယ်ထင်တယ်။ ဒါကတော့ထောပတ်နံ့နဲ့အဆိမ့်လေးပေါ့။
မဟာရာဇာ အံစာတုံး
August 17, 2013 at 8:54 am
ဂလုဒ် .. ဂလုဒ် …
စောစောစီးစီး ..
ဗိုက်ဆာဆာနဲ့ ဆွဲပလိုက်ဂျင်ဒါ …
ပေါ့စိမ့်လေး တစ်ခွက်နဲ့ ရောဆွဲလိုက်ရင်
ဘီလောက် ကောင်းလိုက်လေမလဲ …
အင်း .. သာဒု .. သာဒု ..
TNA
August 17, 2013 at 5:21 pm
ဆွဲလိုက်ပါလေ့ ခြောက်ညက်နှာရေ။
ဦးကြောင်ကြီး
August 17, 2013 at 9:35 am
အစားအသောက် ခေါင်းစဉ်အောက် ပြောင်းထည့်ပေးပါဗျို့… ဆယ်လွှာပေါင်မုန့်တော့ အသိဝူး.. ခုနှစ်လွှာချွတ်ကပွဲ သာမီးလေးတွေ ပေါင်တံဖွေးဖွေးကဒေါ့ စားဂျင်စရာဂျီး… ရှလွတ်….
TNA
August 17, 2013 at 5:21 pm
မပြောင်းတတ်လို့ ပြောင်းပေးကြပါဗျို့။ အုကျောင်ကတော့ပေါင်ဒံဘဲစားဘာ.
ရွှေမိုးတိမ်
August 17, 2013 at 11:05 am
ကော်ဖီပူလေး တစ်ခွက်နဲ့ ဆို ဂွတ်ပဲ 🙂
TNA
August 17, 2013 at 5:22 pm
ရှယ်မှရှယ်ပဲ
Ma Ei
August 19, 2013 at 10:16 am
မုန့်လုပ်ဇွန်း ဆိုတာ
cup နဲ့တူတူဘဲမို့လားဟင်…
မုန့်လေးတွေ လှတယ်…
အရသာလဲ မြည်းကြည့်ချင်သား…
😀
TNA
August 19, 2013 at 12:41 pm
ဟုတ်အန်တီအိ စီးတီးမတ်လိုဟာမှာဝယ်လို့ရပါတယ်။ မုန့်ချင်ခွက်ခေါ်မှာပေါ့။ အရသာက ကြက်ဥနဲ့ ထောပတ်ပဲပါတော့ စားစားချင်း ဘာမှအရသာမရှိဘူး။ ဝါးရင်းဝါးရင်းနဲ့ ထောပတ်နံ့လေးထွက်ပီး ကြက်ဥအရသာဆိမ့်ဆိမ့်လေးဆိုတော့ ကလေးတွေတော့မကြိုက်ပေမဲ့ လူကြီးတွေ အရမ်းကြိုက်ပါတယ်။
garfield
August 19, 2013 at 1:41 pm
ဪ။
အနော် လာလည်ရင် အိမ် ဝ ကနေ မုန့်လေးနဲ့ အသင့် ဆီးကြို မယ် ဆိုတာ ဒီ မုန့်နဲ့ကိုးးးး
အနော် က အစိမ့် မကြိုက်ဘူး မွသဲ။ နည်းနည်းလေး ချိုပေးပါနော်။
ခွိခွိခွိ။
😀
TNA
August 19, 2013 at 4:48 pm
ဟုတ်ပါ့ လာခဲ့ သားကလဲအချိုကြိုက်တော့ နှစ်ယောက်စာ သကြားလေးနဲ့လုပ်ပေးမွယ်။
ဦးကြောင်ကြီး
August 20, 2013 at 9:30 am
Health & Fitness
Food, Drink & Recipes ကိုပြောင်းထည့်ပေးပါဗျို့… နောင်လုပ်စားဂျင်ရင် ရှာရလွယ်အောင်…
TNA
August 20, 2013 at 11:07 am
သဂျီးရေ ပြောင်းပေးဘာဗျို့။ မပြောင်းတတ်လို့ရယ်
Min Zarni
August 20, 2013 at 11:15 am
ယုစ့် သာ ဒါမိုးလုပ်ကျွေးမယ် ဆိုလို့ကတော့ ..
ဆီးချို အဖြစ်ခံပီးကို စားအူးမှာ ..
TNA
August 20, 2013 at 11:20 am
သကြားမပါလို့ဆီးချိုမဖြစ်ပါ။ စိတ်ချလက်ချသုံးဆောင်ပါ။ ကရင်မဝတုတ်ကလေးဆိုရင်နီးစပ်လိမ့်မယ်။ ယုစ့်သာဆိုဒီတသက်စားရကိန်းမမြင်ပါကွယ်