တစ်ခါကနှင့် တောတန်းထဲက ခေါစာပွဲ
၁၉၉ဝ ကျော်များနှစ်တွေဟာကျနော့အတွက် ထူးခြားတာတွေဆုံနေခဲ့ပါတယ် ။
ပဲခူးရိုးမကိုလည်း ဝင်ဖူးခဲ့တယ် ဧရာဝတီပေါ်မှာလည်း စက်လှေစီးခဲ့ရတယ် အခုလည်း …..
စစ်တောင်းမြစ် ~~~
ရေစီးကကြမ်းကြမ်း …. မြစ်ကြောင်းကတိုတို .. ဘာဆိုဘာမှ အလုပ်မဖြစ်ဘဲ သစ်ဖောင်မျှောဖို့လောက်ပဲ သုံးလို့ရတယ်လေ ။
အဲဒီကောင် ဒေါသကြီးလာရင်တော့ မြစ်ကမ်းပါးတွေပြိုပါလေရော …။
မြစ်ကြောင်းသာတိုတယ် ပေါ်လာလိုက်တဲ့ မြစ်ကျိုးအင်းတွေ …
အဲဒီအင်းတွေကိုမှ လေလံဆွဲပြီး ငါးဖမ်း ငါးပိလုပ်ကြနဲ့ သူ့ဟာသူတော့ ဟုတ်နေတာပါပဲ ….
မြစ်နားကမ်းနားနေတဲ့ တောသူတောင်သားပေမို့လားမသိဘူး အယူတော့ အတော်သည်းသဗျ ။
ဘာတဲ့ .. အင်းဘေးမှာ ငါးချက်စားရင် ငါးကို ဗိုက်မခွဲရဘူးတဲ ့ … ။
အင်းကိုလေလံအောင်ပြီဆိုတာနဲ့ တင်လိုက်ရတဲ့ ခေါစာ …အပေါ်ပွဲရော အောက်ပွဲရော ..
အဲ … သီတင်း ကျွတ်လောက်မှာတော့ အင်းကိုပိုက်ဆွဲကြပါပြီ ။ ငါးကြီးလား ငါးသေးလား ပုဇွန်ရော ဘယ်လောက်ပါသလဲ ???
အင်းကို ပိုက်မဆွဲခင်မှာတော့ ထုံးစံအတိုင်း အပေါ်ပွဲ အောက်ပွဲတွေလုပ်ကြပြန်သပေါ့ ..။
တချို့က ညဖက်မှ ပိုက်ဆွဲကြပါတယ် ။ ငါးတွေ ငြိမ်တဲ့အချိန်ဆို ပိုရတတ်ပါသတဲ့ ။
ဒီလိုနေ့မျိုးမှာဆိုရင်ညနေစောင်းပြီဆိုတာနဲ့ အင်းဘေးမှာ ခေါစာ ပွဲတွေစီစဉ်ကြပြန်တာပေါ့ ။
မောင်ဆမိရဲ့ ငယ်ပေါင်းရဲဘော်ရဲဘက်တစ်ယောက်က စစ်တောင်းမြစ်ကမ်းနားက ရွာတစ်ရွာကပါ ။
မရိုးဖလာ အင်းလေလံအလုပ်နဲ့ ရှာဖွေလာကြတာ မျိးဆက် နှစ်ဆက်ကျော်ပါပြီ ။ ပြောရရင်တော့ သူတို့ တင်မြှောက် ပ သ ကြတဲ့ အစိမ်းကောင်ကြီးကအကျိုးပေးတယ်ထင်ပါ့ ….။
ညည ဆိုရင် အဲဒီမြစ်ကျိုးအင်းရဲ့ အလယ်မှာစိုက်ထားတဲ့ ရေလယ်တိုင်ပေါ်မှာနေတယ်ဆိုပဲ။
မောင်ဆာမိကတော့ မယုံပါဘူး ဒါပေမယ့်လည်း သူ့အရပ်သူ့ဇတ်ဆိုတော့ ပြောစရာမရှိပါဘူးလေ ။ သူတို့ရွာကို အလည်ခေါ်နေတာတော့ကြာပါပြီ ။ မော်တော်ကား ၊လှည်း နဲ့ လှေပါစီးပြီးသွားရမှာမို့ တော်တော်နဲ့မရောက်ဖြစ်ခဲ့ပါဘူး ….
အဲဒီနေ့ကတော့ မိုးပါးစ သီတင်းကျွတ်ပြီမို့ အဆွယ်ကောင်းတာနဲ့ လိုက်သွားဖြစ်ခဲ့ပါတယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒုတိယကမ္ဘ ာစစ်ကျန် ချက်ပလက်ကားကြီးပေါ်ကဆင်းလိုက်တယ်ဆိုရင်ပဲ `ဟင်း´ကနဲသက်ပြင်းချမိတယ်ဗျို့ ။
လမ်းကဆိုးဆိုး ဖုန်ကထူထူ ဆီနံ့ မီးခိုးတွေမွှန်ထူနေတဲ့ အပြင် တဗြီးဗြီးနဲ့ မည်ဟီးနေတဲ့ မော်တော်ကားစက်သံတွေကြောင့် အတော်ကြီးကိုစိတ်ကျဉ်းကျပ်မိတာပဲ ။
သစ်သားခုံတန်းမှာထိုင်ခဲ့ရလို့ ခါးရိုးတွေနာ တင်ပါးတွေကျိန်း နဲ့ မြေကြီးပေါ်မတ်တပ်ရပ်မှ
သက်သာတယ်ထင်နေမိတာ ….။ လှည်းကြုံလာကြိုမယ် တဲ့ ။
နံနက်ခင်း ၁ဝ နာရီနေဟာ အတော်တော့ ပူနေပါပြီ ။ သစ်ပင်ရိပ်မှာနားရင်း အသင့်ပါလာတဲ့ ဆေးပေါ့လိပ်ကိုဖွာရင်း စပ်စပ်စုစု လုပ်နေမိတယ် ။ မကြာပါဘူး နွားနှစ်ကောင်ဆွဲတဲ့ လှည်းတစ်စီးရောက်လာပြီး မောင်ဆာမိနဲ့ အင်းသူကြီးသား သူငယ်ချင်းကိုခေါ်တင်သွားတော့တာပေါ့ …။
လှည်းလမ်းကြောင်းခရီးတော့ စပါပြီ ။
လှည်းမစီးဖူးသေးတဲ့ မောင်ဆာမိတစ်ယောက် လှည်းအိမ်နောက်မှာ ဟန်ပါပါခြေတွဲလောင်းချထိုင်… ဆွမ်းအုပ်တံဆိပ် အိတ်စ်ပို့ ဒူးယားကိုဖွာရင်း ပဲပေးပြီးလိုက်လာလိုက်တာ ….
ဟော … !! စတွေ့ပါပြီ lesson 1 🙂
လယ်ကန်သင်းလို ကုန်းရိုးကိုပြေးအတက် လှည်းကခုန်ပေါက်ပြီး ဆောင့်လိုက်တာ မောင်ဆာမိလည်း လေးဘက်ထောက်ပြီး လှည်းလမ်းကြောင်းပေါ် မှောက်လျက်လဲပါလေရောလား ….
ရယ်သံတွေ … စိုးရိမ်တကြီးအာမေဋိတ်သံတွေကြားထဲ ကုန်းရုန်းထပြီး လှည်းပေါ်ပြန်တက်ရပါတယ် …..
ဒီတစ်ခါတော့ နောင်ကျဉ်သွားပါပြီ ။ ဟန်ပါပါတပ်ထားတဲ့နေကမျက်မှန်ကိုချွတ်ပြီး လှည်းအိမ်အလယ်ပိုင်းက ဝင်ရိုးအထက်နားထိုင်လိုက်တာပေါ့လေ …။
ဟုတ်ကဲ့ …. ဒုတိယမိ သင်ခန်းစာ …..
အရင်လို လယ်ကန်သင်းပေါ်ပြေးတက်တာ ဘာမှမဖြစ်တော့ပေမယ့် လယ်ကန်သင်းပေါ်ကလည်းဆင်းရော ….
“ဝုန်း” ကနဲ မြောက်တက်ပြီးပြန်ကျလိုက်တာ မြီးညှောင့်ရိုး ကျိုးမတတ် ။
ဒါလဲမဟုတ်သေးဘူး … နေရာမှားနေသေးတယ်ထင့် ။ ဒီတစ်ခါတော့ လှည်းဆရာက မနေနိုင်တော့လို့ သူ့အနားခေါ်ထိုင်ခိုင်းပြီး လက်ချာတွေပေးပါတော့တယ် ….
အင်းးး … အဲဒီတော့မှ မောင်ဆာမိလည်း သက်တောင့်သက်သာရှိသွားပြီး နွားလှည်း မောင်းနည်းသင်တန်းပါ တက်ခဲ့ရပြန်တာပေါ့ ။
တောအထာ တောဓလေ့ တောရဲ့ ပညက်တော်များ …. ကြားဖူးတာလည်းရှိရဲ့ မကြားဖူးတာလည်းရှိရဲ့ …။
ယုံယုံ မယုံယုံ ပြန်တော့မငြင်းခဲ့ဘူး ။
သူပြောသမျှခေါင်းညိမ့်ပြီး စိတ်ထဲကတော့ ပြန်ငြင်းနေမိတာပေါ့ဗျာ ။
ရှူး ပေါက်ရင် မတ်တပ်ရပ်မပေါက်ရတဲ့ တောင်းပန်ပြီးမှပေါက်ရမယ်တဲ့ …. မောင်ဆာမိလည်း ပြန်မေးကြည့်ပါတယ် ။ မတ်တပ် ပေါက်ရင်ဘာဖြစ်လည်းဆိုတော့ တောမှားတတ်လို့တဲ့ …
ကဲ ဟုတ်ပါပြီ ။ တောမှားရင် ဘာဖြစ်တတ်လည်းဆိုတော့ … တောကိုင်တတ်တယ် တဲ့
အင်းး ကိုင်မယ်ဆိုတော့လည်း ကြောက်ကြောက် 🙂
ဒါဆို ဘယ်လို လုပ်ရမလဲလို့ မေးတော့ …. တောကျွေးရမယ် ပြီးရင် ရွာချ ရမယ်တယ် ။သူတို့ စကားနဲ့ပြောတာပါ ။
တောကျွေးတယ်ဆိုတာက တောထဲခေါစာပစ်ပြီး ရွာချတယ်ဆိုတာက ရွာပြင်နားမှာ စတုဒီသာဘူဖေးကျွေးရတာကို ဆိုလိုတာပါ ။
သူ့ဆီက ဓလေ့ထုံးစံတွေနားထောင်ရင်း လှေဆိပ်ကိုမရောက်မှီ ခင်တန်း (တောတန်း) လေးတစ်ခုကို ဖြတ်ရပါတော့တယ် ။
လှည်းဦးဝင်ပြီဆိုတာနဲ့ သူ့ပါးစပ်က ပွစိပွစိနဲ့ တောင်းပန်ပြီး ဝင်ခွင့်တောင်းနေသေးတာပေါ့ ။
မောင်ဆာမိတို့ကိုလည်း စကားမမှားဖို့ သတိပေးရင်း လှည်းကိုညင်ညင်သာသာ မောင်းခဲ့ပါတယ် ။
မောင်ဆာမိရဲ့ဘော်ဘော် အင်းသဂျီးသားကတော့ ရှုံ့မဲ့ပြပေမယ် သူလည်း မလိုက်နာပဲမနေရဲပါဘူး ..။
စိမ်းညို့ညို့တောတန်းလေးဟာ စဝင်ပြီဆိုကတည်းက အအေးဓတ်ပေးနေပါပြီ ။
နေပူပူကနေ ရုတ်တရက် စိမ့်တောထဲဝင်လိုက်သလိုဆိုတော့ ကြက်သီးတော့ ထချင်သလိုလို …..
ခင်တန်း ရဲ့အလယ်ကိုရောက်တဲ့အခါမှာ ရုတ်တရက် လူစုလူဝေးကို တွေ့လိုက်ရပါတော့တယ် …… လှည်းဆရာက မေးငေါ့ပြရင်း အဲဒါ တောကျွေးနေတာ တဲ့ …။
မောင်ဆာမိလည်း စပ်စုချင်တာနဲ့ လှည်းခဏရပ်ခိုင်းပြီးသွာကြည့်တာပေါ့ဗျာ ။
မျက်နှာညှိုးနေတဲ့ အမျိုးသမီးကြီးနှစ်ဦးရယ် ဦးဆောင်လှုပ်ရှားနေတဲ့ ယောက်ကျားကြီးသုံးယောက်ရယ် လူငယ်တစ်စုရယ်ပေါ့ ။ သူတို့ရှေ့မြေပြင်ပေါ်မှာတော့ ငှက်ပျောရွက်တွေခင်းထားပြီး စတုဒီသာဘူဖေး ခင်းထားပါတယ် ။
ခတ်ညစ်ညစ်ဖန်ပုလင်းနဲ့ထည့်ထားတဲ့ ချဉ်စုတ်စုတ် တောအရက်နှစ်လုံးးး …….
ဝက်သား ကိုလက်လေးသစ်လောက်တုံးပြီး ချက်ထားတဲ့ ဝက်သသားဟင်းကတစ်ပုံ….
ကြက်နှစ်ကောင်ကို ခြေမဖြတ် ခေါင်းမဖြတ်ဘဲ ပြုတ်ထားတဲ့ ကြက်ပြုတ် ….
ကြက်သွေးလို့ ထင်ရတဲ့ နီညိုရောင်ခတ်ပျစ်ပျစ်ကတစ်ခွက် ……
ဒူးယားစီးကရက်က တစ်ဗူး ……
ကွမ်းယာတစ်ထုတ် ……
နို့ဆီဗူး လေးလုံးချက်လောက်ရှိမယ့် ထမ င်းတစ်ပုံ ……
မောင်ဆာမိတို့ ကြည်နေတုန်းမှာပဲ ခေါစာပစ်ပွဲက စတင်ပါတော့တယ် ….
အဖွဲ့ခေါင်းဆောင် ယောက်ကျားကြီးတစ်ယေက်က ထမင်းနဲ့ဟင်းနဲ့ နယ်ပြီး နှစ်ပုံခွဲပြီး ပုံလိုက်ပါတယ် ။
ပြီးတော့ … ချက်အရက်တစ်လုံးကိုမြေပေါ်လောင်းချလိုက်ပြီး အရပ်လေးမျက်နှာကို အရိုအသေပေးပါတယ် ။
တစ်ချိန်တည်းမှာပဲ ကာယကရှင် မိန်းမကြီးက ပွစိပွစိနဲ့တောင်းပန်ပြီး လာလမ်းအတိုင်း ပြန်သွားကြပါတော့တယ် ။
လှည်းဆရာကလည်း မောင်ဆာမိတို့ကို လှည်းပေါ်ပြန်ခေါ်ပြီး ခတ်သွက်သွက်မောင်းထွက်ခဲ့တော့တာပေါ့ ။
မောင်ဆာမိအနေနဲ့ ဘယ်လိုဆက်ဖြစ်မလဲ ကြည့်ချင်ပေမယ့် သူ့ထုံးစံက မကြည့်ရဘူးတဲ့ ။အရှင်ကြီးတို့စိတ်ဆိုးပြီး ခွင့်မလွှတ်မှာစိုးလို့တဲ့ …..
ဒီလိုနဲ့ပဲ …… စစ်တောင်းမြစ်ဘေးက မြစ်ကျိုးအင်းတစ်ခုဆီကို ဆက်လက်ခရီးဆန့်ခဲ့ပြန်ပါတော့တယ် ………..
( အင်းဖော်ပွဲ နဲ့ အင်းနဘေးက ခေါစာည ကို နောက်တစ်ပုဒ်မှ ဆက်ရေးပါရစေ )
လေးစားလျက်
မောင်ဆာမိ
28 comments
ဦးကျောက်ခဲ
August 30, 2013 at 6:30 pm
ဟီး ဟီး တောခြောက်တာ၊ တောမှောက်တာတော့ ကိုယ်တွေ့ ကိုရင်ဆာရဲ့…
ကျောက်စ်တို့ ကျောင်းသားဘဝက မဲနယ်တောင်ပေါ်မှာ လမ်းပျောက်လို့…
တောထဲမှာ ညအိပ်ခဲ့ရဖူးတယ်… ယုံရခက် မယုံရခက် လူ ၃ဝကျော်ကိုဗျာ…
🙂
surmi
August 30, 2013 at 7:32 pm
အစ်ကိုကျောက်ရေ …
ရိုးမ တောစပ်မှာတော့ အဲသလိုတောချောက်တာမျိုး ကြုံခဲ့ရပါတယ်
ငယ်ငယ်ကတော့ လက်တွေ့ဆန်ချင်တာကိုး
တကယ်တော့လည်း ြပြိတ္တာတို့ အသူရကယ်တို့ ဆိုတာတောထဲတောင်ထဲ ရှိနေတတ်တာကလား
ဟီုတုန်းကတော့ လူကြီးတွေပြောရင် ဟားလျင်တာက ခတ်များများလေ ……
Mr. MarGa
August 30, 2013 at 7:08 pm
အင်း…
ဦးဆာ အခုတော့ လှည်းစီးတတ်ပြီမလား
ဘယ်တော ဘယ်တောင်မှာမဆို ပိုင်ရာ ဆိုင်ရာ ဆိုတာ ရှိတတ်တာမို့
(မရှိဘူး မပြောနဲ့ သိကြားမင်း အကုန်သိတယ် 😛 )
မကိုးကွယ်ချင်နေ မစော်ကားနဲ့ ပေါ့နော
ဒီတစ်ခါ ဘေးက ကြည့်ရတာမို့ မစုံလင်ဘူး ဆိုတော့
နောက်ထပ် ဆက်လာမယ့် ကိုယ်တိုင်ကိုယ်ကျ ကြုံရသော ခေါစာည ကို မျှော်နေသဗျ
:kwi:
မောင် ပေ
August 30, 2013 at 7:28 pm
ဒီ လို မျိုး မ ကြုံ ဖူး ပေ မယ့်
တစ် ကျောင်း တစ် ဂါ ထာ ဆို သ လို
သိ ပ္ပံ နည်း ပ ညာ နဲ ့တိုင်း ထွာ လို ့မ ရ တဲ့
အ ဖြစ် မျိုး တွေ ရှိ တယ် ဆို တာ
ကောင်း ကောင်း ယုံ တယ် ဗျို ့
ကို ဆာ မိ ရဲ ့
နောက် ပွဲ တွေ ကို ဂေ ဇက် ရောက် တဲ့ အ ခါ တိုင်း
ဆက် ဖတ် သွား မယ့် အ ကြောင်း
အဲ ဒါ အဲ ဒါ
surmi
August 30, 2013 at 7:39 pm
မင်ဂလာပါကိုပေ
ဆက်ဆက်စောင့်နေပါဗျို့
ကျေးကျေး
ခင် ခ
August 30, 2013 at 8:11 pm
တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို သူ့အရပ်နဲ့ သူ့ဇတ်ဆိုပေမယ့် တစ်ချို့အယူအဆတွေက ခေတ်လွန်တွေမို့ ယုံရခတ်ပေမယ် တစ်ချို့ကိစ္စရပ်တွေကျတော့ တိုက်ဆိုင်တာပါဆိုပေမယ့် တိုက်ပဲတိုက်ဆိုင်လွန်းလောက်အောင် ဖြစ်ခဲ့ကြတော့လည်း ယုံရမလိုလိုတောင် တွေ့ခဲ့တာတွေလည်း ရှိခဲ့ပါသကောဗျာ။
လူတိုင်းကတော့ အဆင်ပြေချင်ကြတာကတော့ အခြေခံပါဘဲလေ။
surmi
August 30, 2013 at 8:23 pm
ဦးခ ရေ
တိုက်ဆိုင်မှုတွေက အံ့ဩဖွယ်ပါ
ဒီအကြောင်းတွေကိုယုံဖို့မယုံဖို့ဆိုတာထက် ဓလေ့ထုံးစံတစ်ချို့ကို သိစေချင်ရုံပါ
ပိုပိုသာသာလုပ်ထားတဲ့ ထုံးစံတွေလည်း ပါနေတာပေါ့လေ …
ပြီးတော့ ……
surmi
August 30, 2013 at 8:12 pm
မောင်မာဃရေ
လာတော့ လာမယ်
ခဏတော့ကြာဦးမယ်ဟေ့ …
လှည်းကစီးတတ်ရုံမက မောင်းတတ်သွားပါြပြီ
အရီးခင်
August 31, 2013 at 2:08 am
ဇရပ် မှာ ဒီညတော့ လူစည်သွားပြီကိုး။
ခေါစာည ကို မနှေး အမြန်တင်ပါလေ ဗျား။ 😛
surmi
August 31, 2013 at 8:32 am
အရီးရေ ….
စောင့်နေရတာ ခွင့်လွှတ်နော
လာတော့လာပါမယ်ခင် ဗျ : )
Ma Ma
August 31, 2013 at 7:41 am
ခေါစာပွဲဆိုတာ ကြတ်တွေကို ကျွေးတဲ့ပွဲလား မသိဘူး။
ဖတ်ဖူးတာ တောထဲသွားရင်း စည်ကားနေတဲ့ရွာကြီးတစ်ရွာကို မထင်မှတ်ပဲတွေ့လိုက်ရတယ်။
အဲဒီရွာဟာ ကြတ်တွေက မျက်စေ့လှည့်ပြီး အယောင်ပြထားတာဖြစ်ပြီး ရောက်လာတဲ့လူတွေကို လှည့်စားဖမ်းစားတတ်တယ် ဆိုပြီးတော့ရေးထားတာ။
ကဆာမိရဲ့ ကိုယ်တိုင်ခေါစာပစ်ပွဲကတော့ ပိုပြီးစိတ်ဝင်စားစရာကောင်းမှာမို့…….
စောင့်မျှော်ဖတ်ရှု့သူစာရင်းထဲ တစ်ယောက်တိုးပါဗျို့………… 🙂
surmi
August 31, 2013 at 8:41 am
မင်ဂလာပါ အန်တီမမ
မ တွေ့တာတောင်ကြာပေါ့ဗျာ
နေရာဒေသ ကျဉ်းကျဉ်းတစ်ခုရဲ ့ ထုံးစံလေးပါ
ရေးတော့ရေးပါဦးမယ်
ဒီအယူသည်းမှုတွေ ပြန့်ပွားဖို့တော့မဟုတ်ဘူး ပေါ ့
ကြားဖူးကြုံဖူးတာလေးကို အ ပျော်သက်သက်မျှသာ 🙂
မဟာရာဇာ အံစာတုံး
August 31, 2013 at 9:15 am
ဥဥဆာ ကားစီးဒါနဲ့ လှည်းစီးဒါဂို ကျိပီး ရွာဂို ဒဒိရတွားဒယ် …
ရွာပျံရင် …
တာထိပ် ကနေ ရွာအထိ ကားစီးရဒယ် ….
ကျောက်ခဲ ငုံတွားရင်တောင် အစာကြေလောက်ဒယ် ….
လှည်းစီးဒါဂဒေါ့ အမြင်နဲ့ဒါ ကောင်းဒါ ..
တကယ်စီးရင် သိပ်လွယ်ဘူး …
ဥဥဆာ ဒီထဲမှာ လှည်းစီးရဒါဒါ ကျိဘေဒေါ့ …
ခေါစာပွဲ အကြောင်းဂဒေါ့ ဒီထဲ အရိပ်လေးဘဲ မျင်ရဒေးဒယ် ..
နောက်ပို့စ်ဂျ ကွက်ကွက်ကွင်းကွင်း ဖစ်မယ် ထင်ဒယ် …
အစိမ်းဂေါင်ဂျီးက ကိုယ်ထင်များ ပြလိုက်လေမလားဘဲ ….
ဦးကျောက်ခဲ
August 31, 2013 at 10:04 am
လာပြန်ပြီ… ငုံမို့လား..
😀
မဟာရာဇာ အံစာတုံး
August 31, 2013 at 11:42 am
အန် …. ဝေါ့ ……
ကျုပ်ပေါဒဲ့ ကျောက်ခဲ က ခီညား (ဟာ) မီဟုတ်ဝူးးးးး
ဒဂယ်ထဲ …..
သူ့မေးဂွန်းဂျီးဂလည်း ကျက်တီးထချရာဂျီးးးး ဟီးးးး
Nyo Win
August 31, 2013 at 9:57 am
ဟမ်းမရေး…ဦးဆာရယ် ကောင်းခန်းရောက်မှဖြတ်ရသလား…
ဒီမှာဆန် ့တငံ့ငံ့နဲ ့….
kyeemite
August 31, 2013 at 10:18 am
သူ့အရပ်နဲ့သူ့ဇတ်ပေါ့နော…
ဘာမှမဆီမဆိုင် ရေလုပ်ငန်းနဲ့လည်းမပါတ်သက်
ရန်ကုန်မြို့လယ်ကောင်နေတဲ့လူတွေတောင်
ရေငံပိုင်ဦးရှင်ကြီးကိုပသ ပူဇော်နေကြတာကလား ကိုရင်ဆာရဲ့
ကျုပ်ယောက္ခမကြီးအပါအဝင်ပေါ့
ကျုပ်တို့ကတော့ မုံ့ဆန်းနဲ့ငှက်ပျောသီးစားရလို့ ကောင်းသဗျ 😀
မိုက်ကယ်ဂျော်နီအောင်ပု
August 31, 2013 at 12:15 pm
ခုခေတ်ကတော့ လူတွေခြောက်လိုက်လို့
တောလည်းပြေးတာတန်းးးးးးးးးးးနေတာဘဲ
ဒီကြားထဲ မြေယာပိုင်ဆိုင်မှု့နဲ့
ဆန္ဒပြကြလို့ အဖမ်းတောင်ခံလိုက်ရသေးတယ်
ကျုပ်လည်းငယ်ငယ်တုန်းက တောစာကြွေးတာကို ကိုယ်တွေ့ကြုံဘူးသဗျ
TNA
August 31, 2013 at 3:19 pm
လှည်းစီးတာကတော့ လယ်ကွင်းထဲစီးရင် ကန်သင်းရိုးတွေနဲ့အော်ရပျော်ရနဲ့မို့ ရွာကိုတောင်လွမ်းမိပါတယ်။ သူတို့ဓလေ့တွေကတော့ ဘယ်သူမှဖျောက်လို့မရအောင်အရိုးစွဲနေသမို့ အသာပဲကြည့်နေရတော့တာပါပဲ ကိုဆာမိရေ
San Hla Gyi
August 31, 2013 at 5:05 pm
ကိုဆာမိရေ
အဲဒီ ခေါစာကျွေးတယ် ဆိုတာက တကယ်တော့ အရှင်ကြီး အရှင်လေး အဆင့်မရှိတော့ပါဘူးဗျာ။ တကယ်တော့ အဲဒီအဆင့်ဟာ တစ္ဆေသရဲ အဆင့်တွေပါ။ အဆင့်အတန်း အင်မတန် နိမ့်ပါတယ်။ တတ်နိုင်ရင်တော့ အရော မဝင်တာ ပိုကောင်းပါတယ်။ တကယ်တော့ ဖြစ်တာက တောတွေမှာကလည်း ဗုဒ္ဓဘာသာ ကိုးကွယ်တယ်သာ ဆိုတာ အမှန်တော့ ဘုရားတောင် မှန်မှန် မရှိခိုးကြပါဘူး။ အားကိုးရာ အခံလည်း ကောင်းကောင်း မရှိတော့ ကြောက်တာနဲ့ လုပ်ကြတာပါပဲ။
ရယ်စရာ ပြောရဦးမယ်။ ကျနော့် အဘိုးလေးက ငယ်ငယ်က အရက်သိပ်သောက်တာ။ အဲဒါ သူနဲ့ သောက်ဖော်သောက်ဖက် သူငယ်ချင်းတယောက် ရှိတယ်တဲ့။ နောက် အဲဒီလူက သေပြီးတော့ ကွင်းပိုင် သွားဖြစ်နေတယ်တဲ့။ အဲဒါကလည်း သရဲ အကြီးစားပဲ။ အဲဒါ သူအရက်သောက်တိုင်း ရောက်လာပြီး သူ့သူငယ်ချင်းရဲ့ ငယ်ထိပ်ကို လက်အေးကြီးနဲ့ လာကိုင်တော့တာပဲတဲ့။ တခြားအချိန် လုံးဝ မလာဘူး။ အရက်သောက်တာနဲ့ လာတော့တာပဲတဲ့။ နောက်တော့ အိပ်မက်ပေးတယ်တဲ့။ ဟိုမှာ သူတယောက်တည်း သောက်စရာ အဖော်မရှိလို့ ပျင်းတာနဲ့ အဖော်ရအောင် ငါ့သူငယ်ချင်းကို ခေါ်မယ်လို့ စဉ်းစားနေတယ်လို့ အိပ်မက်ပေးတာနဲ့ ကျနော့် အဘိုးလေး ကြောက်ပြီး အဲဒီကတည်းက အရက်မသောက်ရဲတော့ဘူးတဲ့။ ဒီတခါကျမှ မီလိုက်တဲ့ လူကြီးတွေကို အဲဒီအကြောင်း သေသေချာချာ မေးကြည့်ရဦးမယ်။
အပေါ့အလေး စွန့်တာကတော့ မတ်တပ်ရပ်ပြီး မပေါက်ပဲနဲ့ တောင်းပန်ပြီးမှ ပေါက်ရမယ် ဆိုတာတော့ မဆိုးပါဘူးဗျာ။ တကယ်တော့ အဲဒါ မမြင်ရတဲ့ အဆင့်နိမ့် သတ္တဝါတွေကို ရှောင်ချိန်ရှားချိန် ပေးတာနဲ့ တူပါတယ်။
ဘုရားလက်ထက်ကလည်း ရှိဘူးတယ်။ ရဟန်းတပါးက သစ်ပင်ကို ဓားနဲ့ သွားခုတ်တာ အဲဒီသစ်ပင်မှာ နေတဲ့ နတ်သမီးရဲ့ ကလေးလက်ကို ခုတ်မိပြီး ပြတ်သွားလို့ စိတ်ဆိုးပြီး သတ်မယ်ဆိုပြီး လုပ်သေးတယ်ဆိုပဲ။ နောက်တော့မှ မြတ်စွာဘုရား ရှိသေးတာပဲ ဆိုပြီး သွားတိုင်လို့ ဘုရားက သူ့ရဲ့ သိတတ်မှုကို သာဓုခေါ်ပြီး ရဟန်းတွေ သစ်ပင်ပန်းပင် မခုတ်ရဆိုတဲ့ သိက္ခာပုဒ် ပညတ်ပေးရတယ်လို့ ဖတ်ဖူးတယ်။
အလင်းဆက်
August 31, 2013 at 6:00 pm
အက်သလို အဖြစ်မျိုးတွေ
မကြုံဖူးတော့
ကြုံဖူးသူတွေ ပြောပြရင်
နားထောင်လို ့သိပ်ကောင်းး
အခုလည်း ရင်သပ်ရှုမော
နားထောင်သွားပါပြီ
:kwi:
koyinmaung
August 31, 2013 at 7:44 pm
ဟုတ်မဟုတ်တော့သိဘူး ကျုပ်လဲ သရဲစာတော့သွားကြွေးဘူးတယ်ဗျို့….
နောက်မှရေးအုံးမယ်…
ကိုဆာမိရဲ့နောက်ပို့စ်စောင့်အားပေနေပါတယ်…..
Mလုလင်
September 1, 2013 at 12:36 am
အဲလို ကိစ္စ တည့်တည့် တော့ မဟုတ်ဘူး . .ကျုပ်ကျတော့ . . . . အောက်လမ်း . . နဲ့ တိုက်တဲ့ . . ကိစ္စ ဒီ 2012 ခုနှစ် မြို ့လယ်ကောင်ကြီးမှာ ကို ကြုံတော့တာ ဗျို ့ . . . . . . . . စိတ်ကူးပေါက်တဲ့ တနေ့ . . . ရေးတင်ပါဦးမယ် ဗျာ . . .။
kai
September 1, 2013 at 4:31 am
လောလောဆယ်တော့.. မြန်မာ့မြေကသစ်ပင်မခုတ်ရ.. ခုတ်သူ … ခေါစာမကလို့.. ခေါစာရှယ်ရှယ်ဘူဖေးကျွေးလာဘ်ထိုးလည်း.. မရပဲ.. အသေဆိုးနဲ့သေစေအောင်.. ခုတ်သူ၊ယူသူ၊ပတ်သက်သူတွေဖမ်းစားပါလို့.. အဲဒီလာဘ်ပေးလာဘ်ယူ လာဘ်စားသူ..တစ္ဆေ၊သရဲ၊ပြိဿာ၊နတ်စိန်း၊ ရုက္ခစိုးတွေ အမိန့်ပေးချင်နေမိတာပဲ..
အစိုးရက.. ပြန်တမ်းထုတ်မလား..၊ မဟနက.. အမိန့်ထုတ်မလား.. တခုခုလုပ်သင့်နေပြီ…။
မလုပ်ရင်ကြံရာပါ…
KZ
September 1, 2013 at 9:30 am
ဟိ။
အရင်ကတည်းက အဲ့ဒီ တောစာ၊ ခေါစာ ဇာတ်လမ်းတွေ ဆို သိပ်စိတ်ဝင်စားတာ။
ဒါကျတော့ ဒီ ယိုးဒယားတို့ မလေးရှား တို့ အင်ဒိုတို့မှာလည်း ဆင်တူ ဓလေ့တွေရှိတယ် ဆာဆာရေ။
🙂
ဦးကြောင်ကြီး
September 2, 2013 at 10:47 am
မရှိ မဟုတ်လို့တော့ ပြောရခက်သဗျ။။ ကျမ်းဂန်တွေမှာတော့ အဲဒါတွေကို မကျွတ်မလွတ် စွဲကပ်မှီတွယ်နေသူများလို့ ကိုစံလှဂျီးပြောသလို ဆိုတယ်။ ပိုအဆင့်မြင့်တဲ့ ရုက္ခစိုး၊ ဘုမ္မစိုးနတ်တွေလည်း ရှိပါမယ်။ ရပ်ကွက်ထဲက လူမိုက်ကို မျက်နှာလုပ်တော့ နေရာရတဲ့ သဘောပါ။ လူဆိုးက ကောင်းကျိုး မပေးပေမဲ့ ဖျက်ဆီးနှောက်ယှက် နိုင်တယ်လေ။ ဒီကြားထဲ ကိုယ်တိုင်က မဟုတ်တာလုပ်၊ ဒါမှမဟုတ် အလွယ်အားကိုး ရှာတဲ့အခါ သူတို့ကို ပူဇော်ဆက်သ ရပါတယ်။ လောကမှာလည်း အားကိုးစရာ လူကောင်း လူဆိုး အမျိုးမျိုး ရှိသလိုပေါ့ဗျာ။ လူဆိုးထဲမှာတောင် မာဖီးယားလို၊ ယာကူဇာလို အဆင့်မြင့် လူဆိုးတွေ ရှိသေးမဟုတ်လား။ စီးပွားရေး လုပ်ရင် သူတို့နဲ့ ကင်းမရသလို ဖြစ်ပါတယ်။ အေးအေး နေသူများကတော့ ဘာသိဘာသာ နေလည်း ကိစ္စမရှိ။
လူကြမ်းရင် နတ်ကြမ်း မခံနိုင် ဆိုရိုးလို ဘုန်းရှင်ကံရှင် လူဆိုရင် သရဲမပြောနဲ့ နတ်တောင် မတားဆီးနိုင်ဘူး။ ဒီလိုနဲ့ တောကြမ်းပါတယ်ဆိုတဲ့ နယ်တွေမှာ တောင်တွေမှာ ဘာသာခြားတွေ ရအောင် သာသနာပြုသွားကြတာပဲ..။ သရဲမယုံတာ သက်သက်နဲ့ ရသွားတာ မဟုတ်ဘူး… သူတို့ကိုယ်တိုင်က ဘုန်းကံပါလာတယ်.. ယုံကြည်မှုနဲ့ တွဲဖက်လိုက်တော့ အစွမ်းသတ္တိ မြောက်သွားတယ်။
သဂျီးတို့လို ရေရေရာရာ မသိ လေဖမ်း ဒန်းဆီး ညာသံပေး ခြေအေးဝမ်းယောင်သမားတွေက မမြင်ရတဲ့လောက တကယ်ရှိရင် သစ်တောမပြုန်းအောင် လုပ်ပါလား ဘာညာ ကန်ဒဂေါဇ လျောက်ပြောနေတာ..။ အခုမရ နောင်ရ၊ အယင်ကရ အခုလုပ်မရတာ လူစွမ်းကောင်းတွေ ပေါ်လာမလာနဲ့လည်း ဆိုင်သေးတယ်ဗျို့…။
သာမီးဒေါ်ဂလေးကို ရအောင်ခိုးမည့် လူဇွမ်းဂေါင်းကြောင်ကြီး 😎
Wow
September 2, 2013 at 11:06 am
တောဘက်က ခေါစာဘူဖေးတော့မသိဝူး… တရုတ်တစေကြီးပွဲဆိုရင်တော့ လမ်းထောင့်တွေ အိမ်ရှေ့တွေမှာ သတင်းစာစက္ကူလေးတွေခင်းပြီး ပုံထားတာတော့ မြင်ဖူးတာပဲ…
တောထဲမှာဆိုရင်တော့ ကြက်သီးထစရာနော်… :hee:
Shwe Ei
September 2, 2013 at 3:33 pm
အိမ်မှာတော့ ၃ရမင်းပွဲတင်ပီးတိုင်း ခေါစာပစ်တယ်..သံပုံးလဲတီးတယ်…
မကောင်းဆိုးဝါးတွေကို အစာကျွေးပီးရင် သံပုံတီးပီးနှင်ရတယ်တဲ့
အိမ်မပြန်တာကျာတော့ ကောင်းကောင်းမမှတ်မိတော့ဝူး..
သို့သော် ခေါစာမပစ်ခင် ကိုအရင်စားရတာဆိုတော့ ကြိုက်တာဘဲသိတယ်…ဟိ