“ကိုယ်အဆင်ပြေဖို့ ပသကြရာဝယ်´´
“ကိုယ်အဆင်ပြေဖို့ ပသကြရာဝယ်´´( ဦးဆာမိ နောက်မှ လိုက်သောပိုစ့်တစ်ပုဒ်)
ရှူး ပေါက်ရင် မတ်တပ်ရပ်မပေါက်ရတဲ့ တောင်းပန်ပြီးမှပေါက်ရမယ်တဲ့ …. မောင်ဆာမိလည်း ပြန်မေးကြည့်ပါတယ် ။ မတ်တပ် ပေါက်ရင်ဘာဖြစ်လည်းဆိုတော့ တောမှားတတ်လို့တဲ့ …ကဲ ဟုတ်ပါပြီ ။ တောမှားရင် ဘာဖြစ်တတ်လည်းဆိုတော့ … တောကိုင်တတ်တယ် တဲ့
အင်းး ကိုင်မယ်ဆိုတော့လည်း ကြောက်ကြောက်
ဒါဆို ဘယ်လို လုပ်ရမလဲလို့ မေးတော့ …. တောကျွေးရမယ် ပြီးရင် ရွာချ ရမယ်တယ် ။သူတို့ စကားနဲ့ပြောတာပါ ။
တောကျွေးတယ်ဆိုတာက တောထဲခေါစာပစ်ပြီး ရွာချတယ်ဆိုတာက ရွာပြင်နားမှာ စတုဒီသာဘူဖေးကျွေးရတာကို ဆိုလိုတာပါ ။
သူ့ဆီက ဓလေ့ထုံးစံတွေနားထောင်ရင်း လှေဆိပ်ကိုမရောက်မှီ ခင်တန်း (တောတန်း) လေးတစ်ခုကို ဖြတ်ရပါတော့တယ် ။
မျက်နှာညှိုးနေတဲ့ အမျိုးသမီးကြီးနှစ်ဦးရယ် ဦးဆောင်လှုပ်ရှားနေတဲ့ ယောက်ကျားကြီးသုံးယောက်ရယ် လူငယ်တစ်စုရယ်ပေါ့ ။ သူတို့ရှေ့မြေပြင်ပေါ်မှာတော့ ငှက်ပျောရွက်တွေခင်းထားပြီး စတုဒီသာဘူဖေး ခင်းထားပါတယ် ။ ခတ်ညစ်ညစ်ဖန်ပုလင်းနဲ့ထည့်ထားတဲ့ ချဉ်စုတ်စုတ် တောအရက်နှစ်လုံးးး …….
ဝက်သား ကိုလက်လေးသစ်လောက်တုံးပြီး ချက်ထားတဲ့ ဝက်သသားဟင်းကတစ်ပုံ….
ကြက်နှစ်ကောင်ကို ခြေမဖြတ် ခေါင်းမဖြတ်ဘဲ ပြုတ်ထားတဲ့ ကြက်ပြုတ် ….
ကြက်သွေးလို့ ထင်ရတဲ့ နီညိုရောင်ခတ်ပျစ်ပျစ်ကတစ်ခွက် ……
ဒူးယားစီးကရက်က တစ်ဗူး ……
ကွမ်းယာတစ်ထုတ် ……
နို့ဆီဗူး လေးလုံးချက်လောက်ရှိမယ့် ထမ င်းတစ်ပုံ ……
မောင်ဆာမိတို့ ကြည်နေတုန်းမှာပဲ ခေါစာပစ်ပွဲက စတင်ပါတော့တယ် ….
အဖွဲ့ခေါင်းဆောင် ယောက်ကျားကြီးတစ်ယေက်က ထမင်းနဲ့ဟင်းနဲ့ နယ်ပြီး နှစ်ပုံခွဲပြီး ပုံလိုက်ပါတယ် ။
ပြီးတော့ … ချက်အရက်တစ်လုံးကိုမြေပေါ်လောင်းချလိုက်ပြီး အရပ်လေးမျက်နှာကို အရိုအသေပေးပါတယ် ။
တစ်ချိန်တည်းမှာပဲ ကာယကရှင် မိန်းမကြီးက ပွစိပွစိနဲ့တောင်းပန်ပြီး လာလမ်းအတိုင်း ပြန်သွားကြပါတော့တယ် ။ ( ဒါက ဂဇက်ရွာထဲက စာရေးဆရာကြီး ကိုဆာမိရဲ့ ပိုစ့်ထဲက ကောက်နုတ်တာပါ အပြည့်အစုံ ပြန်ဖတ်ချင်ရင် https://myanmargazette.net/184456 မှာ ဝင်ဖတ်နိုင်ပါတယ်ဗျ)
အဲဒီလို တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်စမ်း ဆိုသလို သူရွာ သူ့ဓလေ့တွေကလည်း ပစ်ပယ်လို့ မကောင်း ယုံရခက်ခက်တွေလည်း ရှိတတ်ကြပါတယ်။ မြန်မာရာဇဝင်တွေမှာတောင်ရှိခဲ့ပါတယ် အတွင်း ၃ရ မင်း အပြင် ၃ရ မင်း ဆိုပြီးတော့လေ။ အဲဒီထဲမှာ ထင်ရှားကျော်ကြားကာ ယုံကြည်စွာပူဇော်ပသနေကြတဲ့ တောင်ပြုန်းမင်းကြီး မင်းလေး။ တောင်ပြုံးနယ်မှာ အနော်ရထာမင်းက ဘုရားတည်တော့ အဲဒီနယ်က နယ်သူ နယ်သား ကလေးလူကြီးမကျန်ကုသိုလ်ပါအောင် လုပ်အားဒါနပြုကြစေလို့မိန့်ပေမယ် အုပ်နှစ်ချပ်မပို့ခဲ့လို့ ရွှေဖျဉ်းကြီး ရွှေဖျဉ်းလေး တို့ကို ရွှေဖော့လုံးနဲ့ဆုံးမစေဆိုတဲ့ဘုရင်အမိန့်ကို အသုံးချကာ ဝါရင်းတုတ်နဲ့ ရိုက်သတ်ခဲ့လို့ သေပွဲဝင်တော့ ရွှေဖျဉ်းကြီး ရွှေဖျဉ်းလေးကို တောင်ပြုန်းနယ်တစ်ဝိုက်အပိုင်းစားပေးလို့ နတ်ဖြစ်ကာ အဲဒီနယ်က ပူဇော်ပသခဲ့ရာက ဒီနေ့ထိ တောင်ပြန်းပွဲဆိုပြီး နှစ်စဉ်ပူဇော်ပသပွဲလုပ်နေကြတယ်။
အဲဒီလို နတ်သမိုင်းတွေ တောရွာဓလေ့တွေကို လေ့လာတဲ့အခါ အခြေခံကဘာလဲဆိုတော့ မိမိစိတ် အခံ အကြောက်တရားကြောင့် ကိုယ့်ကိုဒုက္ခမပေးရအောင် လုပ်ကိုင်မှုတွေမှာ အဆင်ချော်ရအောင် တောင်းပန် ရင်းက ပူဇော်ပသမှုဖြစ်လာတာပါဘဲ။ ဒါတွေဟာ အချိန်ကာလကြာတော့ ရိုးရာဓလေ့ထုံးစံလိုဖြစ်နေခဲ့တာလို့ တွေးမိပါတယ်။
တစ်ချို့ကတော့ ယုံကြည်စွာပူဇော်နေမှုတွေရှိသလို တစ်ချို့ကလည်း မိမိအဆင်ပြေရေးအတွက် အလိုက် အထိုက် ပူဇော်နေမှုတွေလည်း ရှိကြပါတယ်။ တစ်ခါတလေ ကိုယ်ကငြင်းဆန် မပသလိုပေမယ့် ပတ်ဝန်းကျင် အခြေအနေက လုပ်ကိုလုပ်ရမှာမို့ လုပ်ဖြစ်သွားတာလည်းရှိသပေါ့လေ။ အပေါ်မှာဖော်ပြတဲ့ ဂဇက်စာရေးဆရာ ကိုဆာမိပိုစ့်ဆို သူ့အရပ် သူ့ဒေသ အယူအရ အလိုက်အထိုက်လုပ်လိုက်ရတဲ့ သဘောပေါ့ဗျာ။
နတ်သမိုင်းတွေလေ့လာကြည့်ပါ တောရွာတွေရဲ့ ပူဇော်ပသမှုတွေလေ့လာတဲ့အခါ ဟိုးရှေးရှေး တုန်းကထဲက ရှိခဲ့တဲ့ ၃ရ မင်းတို့ ပူဇော်ပသရတဲ့နတ်တွေတို့ထက် အခုခေတ်မှာ ပိုတိုးလာတာမျိုးမရှိကြဘူး ဆိုတာမျိုးတွေ လည်းမေးကြစပ်စုဖြစ်ကြလိမ့်မယ်ထင်မိပါတယ်၊ တကယ်မတိုးတော့တာလားလို့ ကျွန်တော်လည်း အဲဒီအမေး ကို အခါခါတွေးမိရင်း အခုလိုတွေ့လာတယ်။ အခုကျွန်တော်ပြောခဲ့တဲ့ ၃ရ မင်းတွေထက် တောရွာဓလေ့တွေ အရ ပူဇော်ကြတဲ့နတ်တွေထက် ပို၍ ပို၍ အစွမ်း ထက်သော သက်ဆိုင်လာလို့ ပူဇော်ပသမှုမလုပ်ရင် တောင်းပန်တိုးရှိုး အရိုအသေမပေးရင် လက်ငင်းအစွမ်း ထက်ကာ ဘဝမကူးမှီဒုက္ခပေးတတ်သော ခေတ်သစ် ပူဇော်ပသစရာတွေက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကာလ ခေတ်အနေနဲ့ နဝတလက်ထက်မှာပေါ်ခဲ့ဖူးပါတယ်။ အဲဒါကတော့ လူအတော်များများ အဲဒီထိုအမည်ကိုကြားရ ရင်ကို ကြောက်ခဲ့ကြတယ် မကြောက်ဖူးဆိုရင်တောင် ကင်းအောင်တော့တိုးလှိုးနေခဲ့ကြတယ် ထိုသူသည်က အခြားမဟုတ်ပါ “အဘ´´ ဟုဆိုသူပင်ဖြစ် ပေတော့ သည်။
ထိုအချိန်အခါတုန်းက “အဘ´´ ဆိုလျှင်ပင် ဘာမှန်းမသိ ထိပ်တိုက်မတွေ့ရဲကြ ပသခဲ့ကြရတယ်။ “အစိုးရ ဝန်ထမ်းများအားလုံးနီးပါး အစိုးရရုံးဌာနနှင့် ဆက်နွယ်ပက်သက်သူတွေအားလုံးနီးပါး ထို “အဘ´´ ကို အဆင် ပြေအောင် စိတ်မဆိုးအောင် နည်းလမ်းအမျိုးမျိုးပေါင်းကြ ခြင်းကြီးခြင်းငယ်အသွယ်နဲ့ ပသကာ ကန့်တော့ရ လက်ဆောင်ပို့ရနဲ့ ထို“အဘ´´၏အရှိန်အဝါကလည်း အတော်ကြီးမားကာ နေရာယူခဲ့တာ နှစ်ပေါင်းမနည်း ဆယ်စုနှစ်အတော်ကြာပါပြီး၊ အခုလက်ရှိအချိန်ထိပါဘဲလေ။ မိမိမှာ ပြဿနာလေး အခက်အခဲ လေးမကြုံလိုက် နဲ့ ကိုယ်ပိုင်ရာဆိုင်ရာ“အဘ´´ကို စည်းကပ်လိုက်ရင်ဖြင့် ပွဲပြီးမီးသေဖြစ်ခဲ့ကြတာလဲ မနည်း ကြသလို ကိုယ် ပိုင်ရာဆိုင်ရာ“အဘ´´ကို ပသကာ စည်းကပ်သူကလည်း စီးပွားဖြစ် အကျိုးထွန်းက လောက စည်းစိမ်ခံစား ခဲ့ကြရတဲ့သူတွေကလည်း ဒုနဲ့ဒေးရှိခဲ့ကြတယ်လေ။ အဲ ထိုထို “အဘ´´ ကို မပသ ထော်လော် ကန့်လန့် တိုက် အတိုက်အခံပြုသူတွေကိုတော့ ခုန ရိုးရာကိုင်တယ် နတ်ကိုင်လိမ့်မယ်ဆိုတာတွေထက် ပိုပြီး အဆသာ မယ်လို့ထင်တဲ့ ကိုင်နည်းမျိုးစုံတွေ အကိုင်ခံရလို့ တစ်ချို့လည်းဘဝပျက်မတတ်ခံစားခဲ့ကြပါတယ် လေ။ ထိုထိုသော “အဘ´´ တွေက မြန်မာပြည်မှာ ၃ရ မင်းမက ပေါ်ထွန်းခဲ့ကြတယ်လို့ဆိုရင် မှားမယ်လို့ တော့ မထင်ပါကြောင်း။
ကလင် ကလင် ကလင်
စာဖတ်ပရိတ်သတ်ကြီး ခဏလေးပါ ဖုန်းလာနေလို့နော်
“ဟလို ဟလို´´
“ဦးခင်ခ လားခင်ဗျ´´
“ဟုတ်ပါတယ်ပြောပါ´´
“ကျွန်တော်က ……….. ရုံးကပါ၊ ကျွန်တော် အဘ က ဦးခင်ခ ကိုတွေ့ချင်လို့ အဲဒါကျွန်တော်တို့ရုံးကို ဘယ်အချိန်လောက်များ လာနိုင်မလဲလို့ သိချင်လို့ပါ´´
“ကျွန်တော်အခုလာရင်ရော အဆင်ပြေမလားဗျ´´
“အခုလာနိုင်ရင်တော့ ပိုအဆင်ပြေတာပေါ့ဗျာ ကျွန်တော် အဘ ကို ဦးခင်ခ အခုလာတွေ့မယ်ဆိုတာကို သတင်းပို့ထားလိုက်ပါ့မယ် ကျေးဇူးပါဘဲဗျ´´
“ဟုတ် ရပါတယ် အခုလာခဲ့ပါ့မယ်´´
ကဲ စာဖတ်ပရိတ်သတ်ကြီးရေ ကျွန်တော်အခု “အဘ´´ တစ်ယောက်ဆီသွားစရာရှိလို့ဗျာ ခွင့်ပြုပါအုံးနော်။
ခင်ခ။
( ကိုဆာမိနောက်ကလိုက်လို့ ရေးလိုက်တာပါ )
19 comments
ဦးကျောက်ခဲ
August 31, 2013 at 1:27 pm
ဟီ ဟိ အဘမှာတောင်မှ အဘကြီး အဘလေး ရှိသေးတယ်…
နတ်ကိုင်တာတော့ သေသေချာချာ မသိဘူး ဆရာခရဲ့…
အဘတို့ကိုင်လို့ ပျက်ခဲ့ရတဲ့ ဘဝတွေက မရေတွက်အောင်ပါပဲ…
အဲသည့်အထဲမှာ ကော်ဖီဆိုင်ပိုင်ရှင် ထောက်ပြုတ် အဘကြီးက အဆိုးဆုံး…
🙁
ခင် ခ
August 31, 2013 at 1:38 pm
နဝတရဲ့ နတ်ဦးသခင် အဘ ရှင် ဆိုတာ အဲဒီ ကော်ဖီဆိုင်ပိုင်ရှင်က စခဲ့တာပါဘဲ ကိုကျောက်ရေ။
TNA
August 31, 2013 at 3:30 pm
အောင်မယ်လေး အဘလို့မခေါ်ပဲ တခြားခေါ်လို့ကတော့ သေဖို့သာပြင် ဘာမှန်းကိုမသိဘူး တကယ်။
အရီးခင်
August 31, 2013 at 3:38 pm
ရွာ ရဲ့ အဘများ ကိုလဲ ပူဇော်ပါတယ်၊ ပသပါတယ်။
ထော်လော် ကန့်လန့် မတိုက်ပါ။
အဘတို့ကိုင်ချင်ရင်တော့ သူကြီး ကိုသာ ကိုင်ပါ။ သူအမည်ကို က “ကိုင်” ပါ။
😉
kai
August 31, 2013 at 4:34 pm
နတ်သမိုင်းမှာလို့ထင်တာပဲ.. ဖတ်ဖူးတယ်..
၃ရမင်းဆိုတာ.. ဟိန္ဒူနတ်တွေကို.. နာမည်ပြောင်းပြီး ကိုးကွယ်ခေါ်တာတဲ့…
ဟိန္ဒူနတ်အားလုံးပေါင်း ၃ရဆိုတာပဲ..
မြန်မာပြည်ရောက်တော့.. ထပ်တိုးတွေနဲ့.. ခုံနေရာလုရင်း.. အတွင်း၃၇၊ အပြင်၃ရ ဖြစ်တဲ့အပြင်ကြားပေါက်တွေနဲ့.. နတ်ဖေါင်းပွမှုဖြစ်တာပဲ…။
ဆိုတော့…
.. နတ်တွေယူအက်စ်ကို.. မြန်မာပြည်ကနေအိပ်စ်စပို့လုပ်မယ်…
တွေးထားတာက..
မြန်မာထုံးစံဓလေ့အရ.. နတ်တွေကိုနိုင်တာ.. “မင်း”ဗျ…
အဲဒါ.. မင်းတုန်း၊သီပေါအမျိုးတွေပြန်စု.. ပြန်တမ်းဖတ်ခိုင်းပြီး.. တောင်ပြုန်းပွဲတော်ဖျက်သိမ်း.. နတ်တွေ.. ပြည်ပအိပ်စ်စပို့.. ပြည်နှင်ဒဏ်ပေးရင်.. ဖြစ်နိုင်..မနိုင်… :kwi:
မဟာရာဇာ အံစာတုံး
August 31, 2013 at 5:58 pm
သဂျီးရဲ့ ….
မင်း ဆိုမှ ပေါလိုက်ရအုံးမယ် …
“မင်း” ဆိုဒါ ဂေါ့ဒ် … ဒဲ့ …
အီဂျစ်ဂေါ့ဒ် လို့ ပေါဒါဗျဲစ် …
သူ့ပုံဂျီး ဂလည်း ကျောင်းချရာဂျီး …. ဟီးးးး
ရုံးမှာ ကျိလိုက်မိဒါ စက်က လေးနေရဒဲ့ကျားဒဲ အိုက်ပုံဂျီးဂ ဘွားခနဲ ဆိုဒေါ့ မော်နီတာ ကို အညန်ပိတ်လိုက်ရဒေးဒယ် … ဟီးးးဟီးးး
သဂျီးလိုဘဲ .. ဟောဒီမှာ ဝီဝီ က ဆွဲထုတ်လာဒါ …. ကျိကျိ
http://en.wikipedia.org/wiki/Min_%28god%29
kyeemite
September 2, 2013 at 11:48 am
မဟာရာဇာတို့ကတော့ လုပ်ချလိုက်ပျံဘီ..လန့်ထှာအေ 🙂
lele kyi
September 1, 2013 at 8:37 am
သူကြီး သူများစီးပွာရေးဈေးကွက်ကိုလုချင်နေတယ်။ အဲ့ဒါ တိုးရစ် စိတ်ဝင်းစားတဲ့နေရာ။ ကာလ်ချာ နဲ့ လိုဖ်စတိုင် သပ်သပ်စီခွဲထားသင့်တယ်။ ကာလ်ချာ က ဒီခေတ်လူနေမှုနဲ့ မဝင်ဆန့်ရင် အကျိုးမရှိရင် မလိုက်နာပါနဲ့ ။ သူ့အတိုင်းလေးထားလိုက်ပါ။ စိတ်ဝင်စား သူများအတွက် သွားရောက်လည်ပတ်စရာနေရာ တစ်ခု အနေနဲ့ပေါ့။ ကိုယ့်ရဲ့ လိုဖ်စတိုင် ကိုသာ လိုက်လျောညီထွေ မြင့်တင်ပါ။
မဟာရာဇာ အံစာတုံး
August 31, 2013 at 6:07 pm
ဒီလိုဂျ ….
ညန်မာဒွေဂ ပိုကို ပိုလွန်းဒယ်လို့ ပေါရမယ် …
အတွင်းဂလည်း ၃ရ မင်းဒဲ့
အပြင်ဂလည်း ၃ရ မင်းဒဲ့
အတော်များဒဲ့ နတ်မင်းဒွေ …..
ဂလောက် ညန်မာပျီ ကဘာ့ အလယ်မှာ ညံ့နေဒါ ဒီနတ်တွေ ဒဂယ် မ မ,စ လို့ ဆိုဒါ သေဂျာဒယ် …
သူရို့ဒါ ဒဂယ် ချိ၊ ဒဂယ် မ,စ ရင် ညန်မာပျီဂျီး ကဘာ့ အလယ်မှာ တင့်တင့်တယ်တယ်ဂျီး နေမှာ .. ဗျဲစ် …
ဒါဂျောင့် ဒါဒွေ ဒဂယ်ချိရင်လည်း တောက်တုံးမကျဒဲ့ နတ်ဒွေဘဲ ဖစ်မှာ လို့ ထင်မိဘာဒယ် …. (အထင်)
Mr. MarGa
August 31, 2013 at 8:03 pm
အဘ ဆိုတဲ့ စကားလုံးကို သူတို့တွေ ဘယ်တုန်းက မူပိုင်ယူသွားပါလိမ့်
ဘယ်သူတွေကများ စတင်တီထွင် သုံးစွဲခဲ့ပါလိမ့်နော်..
မောင် ပေ
August 31, 2013 at 8:08 pm
ယုံ ကြည် ဖို ့ ခက် တဲ့ ကိုး ကွယ် မှု
ယုံ ကြည် ဖို ့ အ ရမ်း ခက် တဲ့ ဖြစ် ရပ် မှန် လျှို ့ဝှက် ဆန်း ကျယ် ဇါတ် လမ်း တွေ ဆို တာ
ကျုပ် တို ့ ဘိ ရု မာ မှာ ပဲ ရှိ တာ မို ့
ဂုဏ် ယူ တယ် ဗျား
ကျော်စွာခေါင်
September 1, 2013 at 4:32 am
ကိုခ
ကျနော်လည်း နောက်က ထပ်လိုက်လာပါတယ်..။
ဒီလိုဗျ… မြန်မာပြည်မှာ အတွင်း ၃ရမင်း..အပြင် ၃ရမင်း အဝန်း ၃ရမင်း ဆိုလား ပြောကြပါတယ်..
နတ်အဖြစ်လည်း ဆည်းကပ်ကြပါတယ်..
ဒါပေမယ့် တချို ့တွေက ပက်ပက်စက်စက်ကို နတ်တွေ ဆိုတာ အစိမ်းသေတွေ လို ့ပြောလိုက်ရင် ကြားရတဲ ့အခါ..ကျနော်က စိတ်မကောင်းဘူးဗျ..
ကျနော့် အသက်နဲ ့တွက်ကြည့်ရင်ပေါ့လေ..ဟို တောင်ပြုန်း မင်းညီနောင်ဆို ကျနော့် အဘေးရဲ ့ အဘေး မကတော့တဲ့အရွယ်တွေပါ..ကိုယ့်ဆွေမျိုး ကိုယ့် မိဘ ကိုယ့် အဘိုးအဘွားကို အစိမ်းသေလို ့ပြောခံလိုက်ရရင် ဘယ်လို နေမလဲ…ဆိုပြီး စိတ်မကောင်းတာပါ.. ဘုရားရှင်ကလည်း သံသရာမှာ မတော်စပ်ဘူးတဲ့ ဆွေမျိုးမိဘမောင်နှမ မရှိလို ့ဟောထားတာလေ..။
သေခြင်းဆိုတာ.. ဘယ်လိုဘဲဆိုဆို တခုပါဘဲ.. အစိမ်းအကျက်ခွဲ နေရအောင်က ပဲမှုန် ့မှ မဟုတ်တာ.. တူတူပါဘဲ..။
တခုတော့ ရှိတယ်.. သူများကို အစိမ်းသေလို ့ပြောတာကြားရင် စိတ်မကောင်းတတ်တဲ ့ကျနော်က….
အစိမ်းရောင်တွေ ဝတ်ပြီး နေရာတစ်ကာ ပွဲပြီး မီးသေတဲ့ သူတွေ…ကို
အစိမ်းသေ လို ့…။
သို ့မဟုတ်…. ချစ်စနိူးလေးနဲ ့ခေါ်မယ်ဆို..
အစိမ်းသေ ဘဘ။
အလင်းဆက်
September 1, 2013 at 11:26 am
အဘ တို ့
အဘိုးးးတို ့
ပသ ပူဇော်ခံရတာက
ထုံးစံနော်
:kwi:
Ma Ma
September 1, 2013 at 5:33 pm
မဆလ ခေတ်က ကာတွန်းလေးသွားသတိရမိတယ်။
သမဆိုင်တစ်ဆိုင်ကို အသက်၇ဝလောက် အဖိုးကြီးတစ်ယောက်က ပစ္စည်းသွားဝယ်တာကို ဆိုင်ဝန်ထမ်းက အဲဒါလူကြီးတွေအတွက်လို့ ပြောလို့ အဖိုးကြီးက ငါအသက်၇ဝရှိပြီ လူကြီးမဟုတ်လို့ ကလေးလား လို့ ဒေါကန်ပြီး ပြန်မေးတဲ့ ကာတွန်းလေး။ 😀
နဝတခေတ်ကျတော့ ရာထူးကိုလိုက်ပြီး အဘ ခေါ်ကြတာ …..
တချို့ဆို အခေါ်ခံရတဲ့ အဘက အဘလို့ ခေါ်တဲ့သူထက် အသက်ငယ်နေတယ်တဲ့လေ။ :harr:
Wow
September 2, 2013 at 11:31 am
အိုက် အဘကိစ္စကို အခု ဂျာနယ်လစ်တွေ ဖွနေဒယ်နော် :kwi:
ခင် ခ
September 2, 2013 at 12:09 pm
lele kyi ရဲ့ မန့်ချက်ကိုတော့ ထိထိမိမိရှိသမို့ ပိုစ့်ပိုင်ရှင်ကကြိုက်ပါဘီသမို့ BC ပေးတယ်ဗျာ။
ဝင်ရောက်ကာ မန့်ကြသူများ ကျေးဇူးဗျ။
lele kyi
September 2, 2013 at 5:26 pm
ဦးခပို့စ်တွေ ကို သူကြီး စတစ်ကီ ပေးမှာ မဟုတ်တော့ဘူး။ သူ့ကို လာပြီး ဂလန့်တိုက် မန့်သွားတာကို BC ရွေးတယ်ဆိုလို့။ 🙂
ခင် ခ
September 2, 2013 at 7:56 pm
သေချာသလောက်ရှိမှာပါ။ ဒါပေသည့် မန်ဘာဝင်အဖြစ်က မောင်းမထုတ်သေးဘဲ ရေးခွင့်ရနေတာကိုဘဲ ကျုပ်ကသဂျီးကို ကြံဖန်ကျေးဇူးတင်နေပါတယ်လေ ပြီးတော့ ကျုပ်ပိုစ့်တွေကလည်း စကစ်ကီပေးလောက်အောင် ကောင်းတာမျိုးလည်း မရှိလေတော့ပေါ့
naywoon ni
March 2, 2015 at 12:22 pm
နှစ်ပေါင်းများစွာ တံခါးပိတ်ထားပြီး လူနဲ့သူနဲ့ အဆက်အဆံမှ မရှိတာ ။ အတွေးအခေါ် အယူအဆ ခေတ်မမှိီတာ အဆန်းတကျယ် မဟုတ်ပါဘူး ။ ဝါးလုံးခေါင်းထဲ လသာတဲ့ ညတွေ ကုန်ပါစေ