ပြောကို မပြောချင်ဘူးးးးးး
ကျွန်တော့်ကို . . . . . . .
လိင်တူချစ်သူအခွင့်အရေး . . .
လှုပ်ရှား တက်ကြွသူ . . .လို့ပြောလိုက် . . .
ဦးမာဃနဲ ့ . . . .
နင်ပြီး ငါ့အလှည့်တွေ လို့ ပြောလိုက် . . . . .
အပုန်းစာရင်းထဲထည့် လိုက် . . . . . ဒညင်းဝက်လို့ ခေါ်လိုက် . . . . . .
အလင်းsex လို့ ခေါ်လိုက် လုပ်နေတဲ့ ကနားစီး ဂွီ @ ဂီ ကို
ကျွန်တော် ဘာပြောလဲ ။
ဘာမှ မပြောဘူး ။
🙂
ကိုယ့်ကို ချစ်လို့ ခင်လို ့ . . .
သူ ့ပိုစ့်တွေ ထဲ . . . .
ကိုယ့် နာမည်လေးထည့် ထည့် ရေးပြီး စတာ နောက်တာ . . . . . . .
ဘာမှ ပြောစရာမရှိ ။
ကိုယ့်ကို သူ . . .အမှတ်တရ ရှိနေတာလေး သိရလို့ ့ဝမ်းတောင် သာရသေးတယ်လေ ။
ကိုယ့်နာမည်ကြီး ပေါက်တတ်ကရတွေ ဖြစ်ပြီး လိင်တူ ကိစ္စတွေ နဲ့ ့ပက်သက်ဆက်နွယ်တဲ့ အဖြစ်ကို တွေ့ ့ရတော့ အံ့ဩမိတာတော့ ရှိတာပေါ့ ။
ကိုယ့်နာမည်ကို သတိတရထည့်ထည့်ရေးတာကိုတော့ ဝမ်းသာတာပေါ့။
ဒီတော့ အံ့ကြ ဝမ်းသာကြီး ဖြစ်တာပေါ့ ။
ဒါပေမယ့် အံ့ဩတဲ့ အကြောင်းလည်း ပြောမနေတော့ဘူး။
ဝမ်းသာတာလည်း ပြောမနေတော့ဘူး။
ဂီပြောသလိုတွေကို . . . . . .တကယ်ပဲလားးး . . . . . . . လို ့ချစ်သုဝေ နဲ ့
ကိုယ့်ကို စ်ိတ်ဝင်စားနေသူတွေ ထင်သွားမှာ စိုးရိမ်မိတဲ့ အကြောင်းလည်း ပြောမနေတော့ဘူး ။
ဘာလို့မပြောလဲ . . . ဆိုတော့
အခုတလော ဘာဆိုဘာမှ
ပြောချင်ဆိုချင် စိတ် မရှိ လို ့။
ပြောတော့ပါဘူး ။
ပြောလားးး ။
=========================
အခုတလော စိတ်နဲ့ လူနဲ့ မကပ်ဘူး။
အလုပ် သွား အလုပ်ပြန် . . . .
အိမ်ရောက်ချိန်နဲ့ အလုပ်ပြန်ချိန်ကြားလေးမှာ ကဗျာပြခန်းအတွက် လုပ်စရာ ရှိတာလေး ဝင် လုပ် နေရတဲ့ . . . . . . .
အချိန်ကို မနည်းလုနေရတဲ့ ကိုယ့်အဖြစ်ကိုလည်း .. . .
ကိုယ် ဝမ်းနည်းရကောင်းမှန်း မသိဘူး ။
မေမေ ဖေဖေ တို့ ညီကိုမောင်နှမတို့နဲ ့
တွေ ့ဆုံချိန်နည်း ပြီး
ကိုယ် အိမ်ပြန်ရောက်ချိန်က မိသားစုအားလုံး အိပ်ရာဝင်ချိန် ဖြစ်နေတော့ . . . . .
မိသားစုကတောင် ကိုယ့်ကို သေချာ မမှတ်မိတော့သလိုပဲ ။
မိသားစု အရေးကိစ္စတွေ . . . .
မိသားစု ချစ်ခင်ရင်းနှီးမှုလေးတွေ နဲ့ ဝေးကွာနေပါလားး။
ကုန်ကုန်ပြောရ ရင် . . . . .
ကိုယ့် မိဘ မောင်နှမတွေနဲ ့
ထမင်းလက်ဆုံ တစ်ဝိုင်းထဲ ထိုင်စားခွင့်လေး ဆုံးရှုံးနေခဲ့ပြီ။
မိသားစု ရဲ့ ရယ်မောသံတွေနဲ့ ့ထပ်တူမကျတော့တာ . . . .
မိသားစုရဲ ့သောက ကို မျှဝေခံစားပေးဖို့ ့အချိန်နည်းပါးနေတာ . . . . .
ဝမ်းနည်းတတ်တဲ့ သူ အဖို့တော့ အင်မတန် ဝမ်းနည်းချင်စရာပါပဲ ။
ဒါပေမယ့် ကျွန်တော့်မှာ . . . .
ကိုယ့် ဘဝ ကို ကိုယ်တွေးပြီး. . . ဝမ်းနည်းဖို့တောင် အချိန်နည်းပါးခဲ့ပြီ ။
ဝမ်းနည်းတာ . . . . .
ဝမ်းသာတာနဲ ့ပက်သက်ပြီးလည်းး ဘာာာာမှ မပြောချင်တော့ဘူး ။
ပြောကို မပြောချင်ဘူး ။
ပြောလားးးး
=====================
ကျဆိမ့် ကြိုက်တဲ့ . . . .
ကိုယ့်အကြိုက်တူ မိန်းမတစ်ယောက်ကို လွမ်းဆွတ်တမ်းတခဲ့ဖူးပြီ ။
အဲဒီ မိန်းမ နဲ့ ကိုယ်က . . . . . . . .ဂျိမ်းဂျွိုက်စ်ကို ကြိုက်တာလည်း တူတယ်။
မိုက်ကယ်ဂျက်ဆင် ကို ကြိုက်တာလည်းတူတယ် ။
ရော်ဂျာဖရိုင်းကို. . . . . အမြင်နည်းနည်းကပ်တာလည်း တူတယ် ။
ပလေတိုရဲ ့မှန်ကြီးကို မကြည့်ချင်တာလည်း တူတယ် ။
ဖြစ်တည်မှုပဓာနဝါဒကို . . . . . .တအံ့တဩ ငေးမောတတ်တာလည်း. . . . တူတယ် ။
ဂျူးကို ဖတ်တာလည်းတူတယ် ။
ခပ်ညံ့ညံ့ လူသားမဖြစ်ချင်တာလည်း တူတယ် ။
ပိုစ့်မော်ဒန် နဲ ့ ဒါဒါဝါဒကို . . . . . . . .ချစ်သလိုလို မချစ်သလိုလို. . . . . . .ဖြစ်နေတာလည်း တူတယ် ။
စိတ်ကူးအဓိကအနုပညာဝါဒ ကို. . . . .တစ်ခါတစ်ရံ ချစ်ပြီး တစ်ခါတစ်ရံတော့ မုန်းမိတတ်တာလည်း တူတယ် ။
မာဆယ်ဒူးရွန် ့ရဲ့ ကျင်ငယ်စွန့်တဲ့ကြွေခွက်ကြီး ကို ပန်းပုဆိုပြီး ချပြတုန်းက
ဟာာာာာာာ
လို့အော်မိတာလည်း တူတယ် ။
စကားမကျန်အောင်ပြောရ ရင်
ရုပ်နာမ် ခန္ဓာချင်းလည်း တူတယ် ။
ယောကျာ်းခန္ဓာနဲ ့မိန်းမ ခန္ဓာ . . .
ဒါပဲ ကွာတယ်။
စိတ်ခံစားမှု နဲ့ ့အကျင့်စရိုက်တော်တော်များများ ထပ်တူကျနေလို့ကို
ချစ်တာထက်ပိုတဲ့
သံယောဇဉ်နဲ ့ငြိတွယ်မိတာ ။
ဒါတွေလည်း တကူးတက ပြောမနေတော့ပါဘူး ။
ပြောလားးးးး
====================
တချို ့လူတွေက . . . . . .
ကျွန်တော့်ကို အမြင့်ကြီး မြင့်အောင်တွန်းတင်ပေးတယ် ။
တချို ့ကတော့ . . . .
အနိမ့်ကြီး နိမ့်ဆင်းအောင် ဆွဲချတယ် ။
ကျွန်တော့် ဘဝ က
သူများတွေလို သာမန်ဘဝ မဟုတ်ဘူး။
အမြင့်က ပြုတ်ကျကိန်းတွေ အများကြီးရှိနေတယ် ။
သူများတွေ လက်ဖျောက်တစ်ချက်တီးရုံနဲ့ ဖြစ်တဲ့ ကိစ္စတွေ ကို
ကျွန်တော်က ချွေးဒီးဒီးကျ အောင် အရူးအမူး လုပ်ရတယ်။
အိပ်မက်လှလှတောင် မက်ခွင့်မရဘူး ။
ထမင်းတစ်လုပ်စားရဖို ့တောင် အတိုက်အခံလုပ်ပြီးမှ စားရတာပါဆို ။
ဒါပေမယ့် မဖြုံတော့ဘူး။
လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အံတင်းတင်းကြိတ် ခံ စရာကို. . . . .မလိုတော့တာ။
ဆိုးတာတွေ လာလည်း အေးဆေးပဲ။
ထုံ သွားပြီ ။
ကောင်းတာတွေ လာလည်း အပြုံးတစ်ချက်လောက်နဲ ့ပြီးတယ် ။
လာခဲတဲ့အရာတွေထဲ
ကောင်းခြင်းတွေ က ထိပ်ဆုံးက ဆိုတော့ ကောင်းခြင်းကိုလည်း သွေးရူးသွေးတန်း မမျှော်လင့်တတ်တော့ဘူး ။
လာချင်လာ မလာချင်နေ. . . . ကံကောင်းခြင်းရေ . . . . . . . . .လို့ ့တောင် မပြောချင်တော့ဘူး ။
ပြောလားးး
=================
ထုံးစံပါပဲ ။
ကျွန်တော်က နက်ရှိုင်းတဲ့ ့ချောက်ကမ်းပါးအစွန်းတွေ မှာ. . . . . ခဏခဏ ခြေတပေါင်ကျိုး ရပ်ရတယ် ။
ထုံးစံပါပဲ ။
မခိုင်တဲ ့ခြေ နဲ ့ယိုင်ယိုင်နဲ့နဲ့ ့ရပ်နေရပါတယ်ဆိုမှ . . . .
အနောက်မှာ . . . . . . . . . တွန်းချမယ့်သူက အဆင်သင့် ။
ထုံးစံပါပဲ ။
ဖြတ်ရိုက်မယ့် လက်တွေ. . . . .
ထုံးစံပါပဲ ။
မျက်ရည် ညှစ်မယ်ဆိုတဲ့ လက်တွေ . . .
ထုံးစံပါပဲ ။
ပြုံးပြထားတဲ့ ကောက်ကျစ်မှုတွေ. . .
ထုံးစံပါပဲ ။
အံဝင်ခွင်ကျပြီဆိုရင် . . . . . . . . အကွက်ရွှေ ့ပြီ . . . . . ။
ထုံးစံပါပဲ ။
ထုံးစံ တွေ . . . .
ထုံးးးးးးးစံတွေ
. . . . . . . . . . .
ဖြစ်ရိုးဖြစ်စဉ်တွေက . . . . . အရောင်တွေ မှိန်လိုက်တာကွယ် ။
အဲဒါတွေ ကို စိတ်ကုန်တယ် ။
စိတ်ကုန်တာကို စိတ်ကုန်တယ်လို့. . . .့ကျွန်တော် ပြောခဲ့ရင် . . . . . . . . ခင်ဗျားတို ့က. . . . . . . စိတ်မကုန်ပဲနားထောင်ပေးမှာလားးး
မသေချာဘူး ။
ဒါဖြင့် . . . . . . .
စိတ်ကုန်တယ်လို ့ကျွန်တော် မပြောချင်တော့ပါဘူး ။
မပြောဘူး ။
မပြောဘူး ။
စိတ်ကုန်တယ်လို့ကျွန်တော် မပြောဘူး ။
ပြောလားးးးး
===================
ဟိုတစ်လောက . . . .
ကျွန်တော်နဲ ့ကလောင်နာမည်တူနေတဲ့ ဂျာနယ်လစ်တစ်ယောက် ရဲ့
မင်္ဂလာသတင်းကို. . .
စုံတွဲပုံကြီးနဲ ့
ဂျာနယ်တစ်စောင်မှာ တွေ ့လိုက်တယ် ။
နောက်တစ်နေ ့ကျတော့
ကျွန်တော့်ကို အပြင်မှာ မမြင်ဖူးတဲ့ ကဗျာဆရာ တစ်ယောက်
( ရွှေရေးဖော်ရေးဘက် စာရေးဆရာ) က
အီးမေးလ်နဲ့ ့လှမ်းမေးတယ် ။
လူပျိုကြီး အိမ်ထောင်ကျသွားပြီပေါ့ တဲ ့။
ကျွန်တော် က . . .
အဲဒါ ကျွန်တော် မ ဟုတ်ပါဘူး ။ ကလောင်တူနေတာပါ ။
ကလောင်တူတဲ့ ကိစ္စ
သူနဲ ့ဆွေးနွေးရဦးမယ် . . . .
ဘာညာကွိကွ တွေ မပြောချင်ပါဘူး ။
ပြောလားးး ။
မပြောပါဘူး ။
ဒါကြောင့် မေးလာတဲ့ကဗျာဆရာကို ကျွန်တော် . . . . . . . . . . . . . . လက်ဝါးထောင်ပြလိုက်တယ် ။
မှတ်ကရော ။
အဲဒီ ကဗျာဆရာ. . . .
လက္ခဏာတွေ ဘာတွေ ကြည့်တတ်မှာပါ ။
ကျွန်တော် ထောင်ပြလိုက်တဲ ့
ကျွန်တော့ လက်ဖဝါးကိုမြင်ရင်. . . . . . . .ကြည့်တတ်ရင် . . . . . . . . . . . .
သူ သဘောပေါက်သွားလိမ့်မယ် ။
နောက်ဆို
ကျွန်တော့်အိမ်ထောင်ရေးအခြေအနေ ဆိုတာနဲ့ ပက်သက်ပြီး
သူ ဘာမှ ပြောမှာ မဟုတ်တော့ဘူး ။
:kwi:
ကျွန်တော် ဆိုနေကျင်္သီချင်းကိုပဲ ဆိုနေလိုက်တယ် ။
ဦးထီးရဲ ့သီချင်းးးး
ဘာသီချင်းလဲ သိလား ။
=============================
ကိုယ် နှလုံးလမ်းကြောင်းရဲ ့
အချိုးအကွေ့ ့တွေကို. . . . . ကိုယ်ပြန်မမြင်ချင်တော့ဘူး။
မမြင်ချင်တဲ့အကြောင်းလည်း
ပြော မနေချင်ဘူး ။
မပြောတော့ဘူး ။
ပြောလားးးး။
===================
အခုတလော . . . . . . . . . . . . . . .
ဘာစာတစ်လုံးမှ လည်း ရေးလို့မရ ။
ကကြီး လေးတစ်လုံးတောင် ”က ”လို့ ့မရေးနိုင်လောက်အောင် ဖြစ်နေတာ ။
ဘာမှ ရေးစရာလည်း မရှိ ။
ရှိတာလည်း မရေးချင် ။ မရေးချင်တဲ့အကြောင်းလည်း မပြောချင် ။
ဖြစ်တည်မှုပျောက်ဆုံးခြင်းအကြောင်း
တွေးရင်းးးး
ဟို . . . . ကျောက်တုံးကြီးကို တောင်ပေါ်တွန်းတင်လိုက် တောင်အောက် ပြန်တွန်းချလိုက် လုပ်နေရတဲ့ ဇာတ်ကောင်နဲ့
ဟို ရူးကြောင်ကြောင် စာရေးဆရာ ဂဘာကျော်ကြီးရဲ့ ဝတ္ထုကိုတော့ ပြန်ဖတ်ချင်နေတယ်။
ဘာမှ ရေးစရာ မရှိ
ဒါကြောင့် ဘာာာမှ မရေးးး
ရေးလားးး
ဘာမှ ပြောစရာ မရှိ
ဒါကြောင့် ဘာမှ မပြောာာာ
မပြောချင်ဘူး ။ မပြောချင်ဘူးးး
ပြောာာာကိုိုိုိုိုိုိုု ို ို ို ို ို ို ို ို မပြောချင်ဘူး
ပြောလားးး
=====================
🙂
🙂
့
(((( ဘာမှ မရေးဘူးနော် ။
ဘာမှ မရေးခဲ့ဘူး လို့ပဲ ထားလိုက်ပါ ။ ))))
19 comments
အဘ ဖားသက်ပြင်း
September 4, 2013 at 8:07 am
ဘာဒွေရေးထားတာတုန်း
ဖတ်ရတာ ဖိုးသိုးဖတ်သတ်နဲ့ ဘာတွေမှန်းကိုမသိဝူး
ကွကိုယ် ယုစ့်သန်ဒါတင်လေးကို အချိန်ပေးတာပဲ ကောင်းပါတယ်လေ….။
အလင်းဆက်
September 4, 2013 at 5:52 pm
ဖိုးသိုးဖတ်သတ် ဖျစ်အောင် ရေးထားတာလေ
ဟွန်းးး
တူဘဲ တားကို အညိုးညိုးပြောပြီးးး
ခုကျမှ မတိချင်ယောင် ချောင်နေဒယ်
:kwi:
ငေးလ
September 4, 2013 at 9:13 am
တော်ပါသေးရဲ့မ ပြောလို့ပြောများပြောရင့်ရေးများ းးးရေးလိုက် ရင့်
အလင်းဆက်
September 4, 2013 at 5:51 pm
မပြောချင်ပါဘူးဆို
အဟိ
🙂
KZ
September 4, 2013 at 9:26 am
အောင့်လုံးတွေ ပေါက်သွားတာလားဟမ်?
မပြောကိုမပြောချင်ဘူးးးး
အဲလောက် သိပ်မခံစားပါနဲ့ကွယ်။
ကိုယ့် အတွက် သိပ်မကောင်းဘူးးး
အလင်းဆက်
September 4, 2013 at 5:50 pm
ခံစားလွယ်တတ်တယ်
ပုံအော လွယ်တတ်တယ်
အဲ
ဒီ သချင်းဆုံးအောင်ဆိုလိုက်ရင်
ဂွီ ဘာပြောဦးမလဲ မတိ
:kwi:
kyeemite
September 4, 2013 at 9:52 am
ဘာမှ ပြောစရာ မရှိ
ဒါကြောင့် ဘာမှ မပြောတာ
မပြောချင်ဘူး ။ မပြောချင်ဘူးးး 😀
အလင်းဆက်
September 4, 2013 at 5:49 pm
မပြောချင်တဲ့ အကြောင်းရေးထားတဲ့ပိုစ့်ထဲမှာ
မပြောချင်ဘူးဆိုတာလေး ဝင်ပြောသွားတဲ့
ဦးကြီး ရေ
ကျေးကျေးဘာ
🙂
ဦးကျောက်ခဲ
September 4, 2013 at 9:59 am
ကျောက်စ်တို့ငယ်ငယ် အဖြူအမဲ ဓာတ်ရှင်တွေထဲက…
ဒေါ်မြလေး လေသံနဲ့ ပြောလိုက်မယ်…
“… ပြောချင်ဘူး…ပြောချင်ဘူး… ပြောကို…မပြောချင်ဘူး…”
ဟိ… ပြီးတော့ ပြောသွားတာ အကုန်ပဲ…
😀
အလင်းဆက်
September 4, 2013 at 5:48 pm
အဲဒိ ဒေါ်မျလေး ဆိုတာ ပြောတဲ့အသံ ကြားချင်တာ
ကြားလိုက်ရဘူး ဦးကျောက်စ်ရယ်
ကျနော် ကြားဖူးတာက
ဒေါ်မြလေး အသံဆိူပြီး လုပ်ပြတဲ့
လူရွှင်တော် နေကျော် ဆိုတာလေ
ပြောချင်ဘူးးးပြောချင်ဘူးးးပြောာာာကို မပြောချင်ဘူးးးးဆိုပြိီး အော်တာ
မီးသတ်ကားဥကြဆွဲတာ ကျလို ့
🙂
ခင် ခ
September 4, 2013 at 10:24 am
ပြောကို မပြောချင်လို့ဘဲနော်
ပြောများ ပြောချင်ရင် အခန်းဆက်ဖြစ်နိုင်တယ်ဗျ။
အလင်းဆက်
September 4, 2013 at 5:45 pm
🙂
လေး ခ ရေ
အခန်းဆက် ဆိုလို ့
အခန်းဆက်တွေ အတွဲအဆက်တွေ
တန်းလန်း ရှိနေတာတွေ
အခုမှ သတိရသွားတယ်
လုပ်ရဦးမယ်ဗျို ့
🙂
မဟာရာဇာ အံစာတုံး
September 4, 2013 at 11:31 am
နင့် ချစ်တုဝေ က
ငါ့ကို ကြိတ်ခိုက်နေတဲ့ အကြောင်းလည်း
ပြောကို မပြောချင်ဘူး ….
လမ်းထိပ်က ဒေါ်ဖွားမေကြီးက
အောင်ရဲလင်းနဲ့ မတူတဲ့ နင့်ကိုမှ မရရင် သေနိုင်တယ်လို့ ပြောပြောနေတာလည်း
အင်း ပြောကို မပြောချင်ဘူး …
တကယ်ပဲ ….
ပြောကို မပြောချင်ဘူး ….
အဲ .. ဒါမယ့် ပြောလိုက်ရဦးမယ် …
ငါ့သည်းလေးကိုတော့ ရမ်းရမ်း ချစ်နေမိတယ် သိရား ..
(ဘာမွှလည်း ဆိုင်ဝူးနော် … ဟီး ..)
အလင်းဆက်
September 4, 2013 at 1:00 pm
အက်ဒိ အသည်းလေး အကြောင်း
အကြွားခံရတာလည်း
ပြောာာကို မပြောချင်တော့ဘူးးး
အဟိ
နီ ့ကို ကြိုက်တဲ့ ချစ်သုဝေဂ ဆိုက်ကားနင်းတဲ့
ချစ်သုဝေ ပါတွာ
🙂
မိုး မင်းသား
September 4, 2013 at 5:58 pm
အိမ်ဘေးကမိန်းမကြီး…….ထမင်ဆိုင်ကမိန်းမ….လာဝယ်တဲ့လူတိုင်းကိုအတင်းတွေပြောလိုက်တာ
ပြောလား ပြောပါဘူးပေါ့ ဟိ
အလင်းဆက်
September 4, 2013 at 6:09 pm
အရေးထဲ အိမ်ဘေး ထမင်းဆိုင်က မိန်းမဂျီးအကြောင်း လာပြောသွားသေးတယ်
သိပ်မပြောချင် ရှာဘူး
အဟိ
🙂
ခင် ခ
September 6, 2013 at 3:25 pm
Sep 6 / 3:00 pm
See (8)
YE YINT HLAING
September 6, 2013 at 8:21 pm
“ထုံးစံပါပဲ ။
အံဝင်ခွင်ကျပြီဆိုရင် . . . . . . . . အကွက်ရွှေ ့ပြီ . . . . . ။”
အဲဒါ ကျွန်တော်တို့ လူမျိုးတွေ လုပ်လေ့ရှိတဲ့ အလုပ်ဗျ!
အလင်းဆက်
September 7, 2013 at 11:43 am
🙂
🙂