ကျောက်ခေတ်အတွင်းမှာနှင်းမိုးရွာတာကြောင့်
အခုတလော ဟော့နေတဲ့ကိစ္စကြီးတစ်ခုအကြောင်း
မပြောမပြီးမတီးမမြည်ဆိုသလို ပြောကိုပြောမှဖြစ်မယ်
သူကြီးကတော့ သိလား၊မသိလား၊မသိခြင်ထောင်ထောင်နေတာလား၊မနိုင်လို့လွှတ်ထားတာလားတော့မသိ။
ဘယ့်နှယ်
ဟိုနေရာသွားလည်း ကျောက်သတင်း၊ဒီနေရာသွားလည်းကျောက်သတင်း
ဖွဘုတ်မှာတစ်မျိုး၊ရွာထဲလည်းတစ်ဖုံ ကျောက်ခေတ်မှာနှင်းမိုးတွေရွာနေသလားမှတ်ရ။
ဂလိုတွေ အမျိုးမျိုးကြွားပြနေလေ၊ကျောက်ခဲပေါ်နှင်းမိုးတွေကျလေလေ
အဆွေးပိုစေတဲ့လူတစ်စုက မသိမသာကော၊သိသိသာသာပါ ထုတ်ဖော်အော်ဟစ်လာကြလေရဲ့။
ဦးကြောင်လို မျက်နှာပြောပြီးသားလူကြီးက ယူCatမယ်တွေ၊ယူDogမယ်တွေ ပေါ်တင်ဖော်ပင်နေတာတွေ့လား တွေ့ရဲ့။
လူမသိသူမသိ ရှက်သလိုကြောက်သလိုလိုနဲ့ကျိတ်ကြံနေတဲ့လူစုတွေလည်းရှိလားရှိရဲ့။
ဘာပဲပြောပြော ကျောက်ခေတ်မှာနှင်းကျတာကို အထီးကျန်မှုပိုစေတယ်လို့ယူဆပြီး မယူရသေးတဲ့လူကစယူမယ်ကြံ၊
ယူပြီးတဲ့လူကလည်းထပ်ယူမယ့်မာန်တွေနဲ့ ဒီဝါမကျွတ်ခင်ကြီးကို ယူကိုယူကြမယ်ဇုံတွဲတွေအား
ဖော်ကောင်လုပ်လိုက်ပါရဇီ။ ဒီဝါမကျွတ်ခင်ကြီးမှာပဲ
- မောင်ဇာနဲ့လောင်ချာယူမြီ။
- မွန်လေးနဲ့ဖွန်ဂေးယူမြီ။
- ဖေပေါက်နဲ့ရေတံလျောက်ယူမြီ။
- မခိုင်ဇာနဲ့ဓာတ်တိုင်အမွှာယူမြီ။
- မောင်မာဂနဲ့ကြောင်ဆရာမယူမြီ။
- ဦးကြောင်နဲ့နဖူးပြောင်ယူမြီ။
- ဦးဆာမိနဲ့အရူးသာဂိယူမြီ။
- အလက်ဆင်းနဲ့ကြွက်ငပျင်းယူမြီ။
- ရွှေကြည်နဲ့ရေစည်(သို့မဟုတ်)မယ်တိုးနဲ့ဒယ်အိုးယူကြမြြီဖစ်သီ ဆိုတာကို အသိပေးဖွထားလိုက်ရပါလေသတည်း။
35 comments
ဦးကျောက်ခဲ
September 12, 2013 at 9:12 pm
တိန်… အလုပ်ထဲမှာ Stress များလို့ ဖွဘုတ်မှာ ပေါမိပါတယ်၊ ဂဇက်ထဲအထိ ရောက်ရော…
တော်ဘီ သာမီးသော်ရေ… သူများတွေ မျက်စေ့နောက်မယ်…
ဂဇက်ထဲလည်း မဝင်တော့ဘူး… ဖွဘုတ်လည်း မတက်တော့ဘူး… လွန်တာရှိရင် ဝန္နာမိပါ…
😀
P.S. ဟီ ဟိ… နက်ဖြန် ရွာပြန်မှာမို့၊ အွန်လိုင်းမတက်နိုင်တော့ဘူးလို့ ပြောဒါဘာ…
ပြန်လာရင်တော့… ထုံးစံအတိုင်း… အားဟိ
အဘ ဖားသက်ပြင်း
September 12, 2013 at 9:50 pm
စိတ်ချ. မိဂီလည်း မဝင်ဘု
တနေ့၂၄ နာရီမှာလေးနာရီအိပ်ပီး.
“မောင်က အသက်ဖူးလေးပါ”
လို့ပြောတတ်တဲ့ကလေးမကို နာရီ ၂ဝ အချိန် ပေးတာ လွန်တယ်ခေါ်မလားဗျာ
(ငိငိ. ဘဘကျောက် ဆဲဇေသဇီး. )
ခင် ခ
September 12, 2013 at 10:07 pm
ဟိုကပြောတာလည်းပြောတာပေါ့။
ဆရာနှစ်ပါးကလည်း ဆရာနှစ်ပါးဘဲ ခုဘဲကြည့် ရှေ့ဆုံးကရောက်နေတာလဲ ဆရာနှစ်ပါးဘဲကိုး။
ဒါပေမယ့် ဆရာတို့ရေးနေလို့လည်း ကျုပ်တို့မှာဖတ်စရာလေးရှိ နေတာပါလို့
ဦးကျောက်ခဲ
September 12, 2013 at 10:32 pm
ဆရာခရေ… ဝင်မပေါပြန်ရင်လည်း မန့်ကမရှိသလောက်…
အနီဝင်ပေးတဲ့သူသာများတာ…
ရွာထဲ… ပုံမှန် ဝင်ရေး ဝင်ဖတ် ဝင်မန့်တာ ၁ဝယောက်တောင် ပြည့်ရဲ့လားမသိ…
ရတဲ့နည်းနဲ့ လူစည်အောင်လုပ်ရတာ၊ မျက်စေ့နောက်ဖို့ ကောင်းနေလောက်ပြီ…
🙂
surmi
September 13, 2013 at 1:21 am
မကြာခင်ပြန်စည်လာမယ်ထင်တယ်
Kia ကိုဆော်တော့မလား အသိ…..
•*¨နန်းတော်ရာသူ •*¨
September 13, 2013 at 12:35 pm
ဟုတ်ပါသီဦးခရယ် ဖေကျောက်နဲ့မောင်ဂီသာရဲဇားမရှိရင် ရွာဂလောက်စည်မယ်မထင်
ကိုပေါက်(မန္တလေး)
September 12, 2013 at 10:35 pm
ဖေပေါက်နဲ့ရေတံလျောက်ဆိုရင်တာ့ အသာလေးလျောဆင်းလိုက်ရုံဘဲအေ့
•*¨နန်းတော်ရာသူ •*¨
September 13, 2013 at 12:38 pm
ဖေပေါက်ကလည်း ကုန်းဆင်းလိုက်ဖို့ချောင်းနေဘလား
kai
September 13, 2013 at 12:07 am
ကျုပ်ကတော့.. ဝမ်းသာဂုဏ်ယူသဗျို့..။
ချစ်နေတဲ့စာတွေမြင်ရဖတ်ရတာလောက်… မင်္ဂလာရှိတာ.. မရှိ…
•*¨နန်းတော်ရာသူ •*¨
September 13, 2013 at 12:40 pm
အချစ်ရွာလို့တောင် နာမည်ပြောင်းချင်နေတာလားသူကြီး
အလင်းဆက်
September 13, 2013 at 8:00 am
တိန်
:kwi:
အလက်ဆင်းနဲ့
ချစ်သုဝေ လည်း ဟုတ်ဘူး
🙂
မနှင်းဖြူ မှန်မှန်ပြော
September 13, 2013 at 8:53 am
အလက်ဆင်းနဲ့ လက်ဖက်ခင်း .. ေိေိခိခိ
အလင်းဆက်
September 13, 2013 at 10:12 am
အမ်
ကဗျာမဆန်လိုက်တာ စကားပြေ မဆန်လိုက်တာ
လက်ဖက်ခင်းကြီး နဲ့တဲ့
လက်ဖက်ခင်းထဲမှာ
ချစ်သုဝေ နဲ ့ဆို ဟုတ်သေး
🙂
KZ
September 13, 2013 at 8:51 am
ဟယ်။
နောက်ဆုံး က တို့ စုံတွဲဓာတ်ပုံကို ခွင့်မတောင်းပဲ ဘာလို့သုံးတာလဲ သော်လေးးးး
ဓာတ်တိုင် အမွှာလည်း မလိုချင်ပါဘု။
အရပ် ငါးပေကိုး ရှိတဲ့ တောင်ကြီးသားလေးရရင် တော်ပါပြီ။
:kwi:
sorrow weaver
September 13, 2013 at 12:28 pm
သူကအပွေပါဆိုမှ ဂျာ …အဟီး
•*¨နန်းတော်ရာသူ •*¨
September 13, 2013 at 12:43 pm
အရပ်၅ပေ၉ရှိတဲ့ တောင်ကြီးသားများ စာရင်းပေးကြပါ
ဟိုမောင်မောင်ရွှေကတော့ လူပျိုကြီးလုပ်မှာဆိုလား
:boss:
လုံမလေးမွန်မွန်
September 13, 2013 at 9:59 am
မွန်လေးနဲ့ ဇွန်လေး ယူမြီ..အဟိ…
•*¨နန်းတော်ရာသူ •*¨
September 13, 2013 at 12:45 pm
ဇွန်လေးထက်စာရင် ဇွန်းလေးကပိုအသုံးတည့်တာပေါ့
Wow
September 13, 2013 at 10:26 am
ဟယ် ဆွိက ဓာတ်တိုင်အမွာနဲ့ဆိုပါလား
•*¨နန်းတော်ရာသူ •*¨
September 13, 2013 at 12:48 pm
မွWowက မွဆွိကို အားကျနေပီ ၁ယောက်ခွဲပေးလိုက်
:chit:
sorrow weaver
September 13, 2013 at 12:31 pm
အော်..ရွာထဲကလူတွေများ…မင်္ဂလာရှိလိုက်ကြတာ…ကိုယ်တွေများ..ကံနည်းပုံကတော့ .ဘူ့ယူလို့ယူရမှန်းမသိ…
သက်မွန်မင့်လိုလို..ခင်ဝင့်ဝါ လိုလို..ကချင်ချင်းချင်းမို့…M ဆိုင်းလုလိုလို….အကုန်လုံးကလဲ ရရင်ယူမယ်ဆိုတာချည်း….အဟီးဟီး
•*¨နန်းတော်ရာသူ •*¨
September 13, 2013 at 12:50 pm
အကုန်သာပေါင်းယူလိုက် ဝိုင်းရှာကျွေးလိမ့်မယ်
sorrow weaver
September 13, 2013 at 2:12 pm
ယူလိုပါသော်လည်း…အသဲကြွေမည့် သန်းပေါင်းများစွာသော အမျိုးသမီးထုကြီးကို သနားမိသောကြောင့် …အာဟိ…ပုံ …ဆောရိုး ( မေတ္တာရှင် )
Mon Kit
September 13, 2013 at 4:32 pm
ဟား… မိုက်စ်တယ်ဗျိုးးးးးးးး….
ဟုတ်ဒယ်.. ခုရက်အတွင်း အဲ့နှစ်တွဲ မျက်ချိ စပါးမွှေး စူးသလိုလိုဘဲ.. ဟိ. ဟိ..
🙂
•*¨နန်းတော်ရာသူ •*¨
September 14, 2013 at 3:05 pm
အက်လိုပြောလို့ စိတ်ကောက်ကုန်ပီ
😀
ရွှေ ကြည်
September 13, 2013 at 6:26 pm
အောက်ဆုံးကပုံလေးက ရွှေကြည်တို့ပုံအစစ်ပေါ့ ဟီးးးးးးးးးးး
ရွှေကြည်တို့က နောက်နှစ်မှယူမှာပါ အူကျောက်တို့ကို အသက်အရွယ်အရဦးစားပေးထားတယ် 😀
•*¨နန်းတော်ရာသူ •*¨
September 14, 2013 at 3:08 pm
နောက်နှစ်ဆိုစစ်မှုထမ်းရတော့မှာမို့ ဂုပဲလာတောင်းပါတဲ့
😀
Mr. MarGa
September 13, 2013 at 7:50 pm
မောင်မာဂ ကတော့ ဟုတ်ပါရဲ့
ကြောင်ဆရာမ က ဘယ်သူပါလိမ့်
ယောက်ခမ လာရှင်းပေးဘာာ
•*¨နန်းတော်ရာသူ •*¨
September 14, 2013 at 3:09 pm
dirty cat’s teacher
🙂
TNA
September 14, 2013 at 1:03 pm
ညက်ချိနောက်ချက်ကတော့ အဲလိုရေးတာတောင်နဲသေး ဒီ့ထက်များများရေးပါဗျို့
•*¨နန်းတော်ရာသူ •*¨
September 14, 2013 at 3:12 pm
ဖေကျောက်ကြီး လေယင်ပေါ်မှာလျှာကိုက်မိနေဘမယ်အေ
😀
ခင် ခ
September 14, 2013 at 3:23 pm
ညက်ချိနောက်ချက်လို့ဆိုမနေဲ့ ညက်ချိမနောက်လို့ တစ်ခုမှ အနီကဒ်မထိတာပေါ့။
TNA
September 14, 2013 at 10:11 pm
ဟီဟုတ်ပါ့ နီတဲ့လူကတယောက်ထဲဖြစ်မယ်ထင်ဘာ့။ အနီလဲဆုပေးမယ်ဆိုရော အနီတွေသိသိသာသာနဲသွားသတော့။ အခါတိုင်းတော့ ဘာမှမဟုတ်လဲ လူကိုနီချင်နီနေတာရယ်
•*¨နန်းတော်ရာသူ •*¨
September 22, 2013 at 8:08 pm
ဦးခကသာ မနီဘူးကြောနေတာ နီနေတာကော -3 တောင်ပါသေး
😥
ခင် ခ
September 22, 2013 at 9:07 pm
အဲဒီ အနီကောင်ကလည်း ငုပ်ချည် ပေါ်ချည်ပါအေ။
ဂဏာကို ငြိမ်တဟ်မရှိပါဘူး