Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မက္ကာသွားမလား ( လေကြောင်းခရီးစဉ်များ )

sorrowSeptember 28, 20131min74422

ဟာ့ဂျ် သွားမည့် ဟာဂျီလောင်း သူတော်ကောင်းအပေါင်းကို Schedule လေးပြောပြချင်သည့် စိတ်တဖွားဖွားဖြစ်လာသည့်အလျောက် ဆော်ဒီအာရေဘီးယား နိုင်ငံ မြင့်မြတ်သော မက္ကာမြို့သို့ သွားရောက်နိုင်မည့် လေကြောင်းလိုင်းများကို အောက်ပါအတိုင်း လက်ယားမိပါသည် ။

1) QR ( QATAR AIRWAYS )
RGN DOH 0830 1130 QR 619
DOH JED 1335 1610 QR 766
JED DOH 1613 1833 QR2773
DOH RGN 2105# 0700 QR 618
USD : 1500 ခန့်ရှိပါမည်။

ကာတာအဲဝေးနှင့်သွားရသည့် ခရီးစဉ်ဖြစ်ပါသည် ။ ကာတာနိုင်ငံ၏မြို့တော် ဒိုဟာ တွင် ခရီးတစ်ထောက် နားသည့်လမ်းကြောင်းဖြစ်ပါသည် ။ရန်ကုန်မှ ကာတာ သို့ Airbus A319 နှင့်ပျံသန်းချိန် ခြောက်နာရီနှင့် မိနစ်သုံးဆယ် ရှိပါမည် ။ ကာတာမှ မက္ကာမြို့တော်သို့ Boeing 787 Dream Liner နှင့် ပျံသန်းချိန် 2 း30 ရှိပါမည် ။
Transit ချိန် နှစ်နာရီရရှိမည့်အတွက် လုံလောက်ပါသော်လည်း Baggage check through လုပ်ရန်အကြံပေးလိုပါသည် ။ အသွားအပြန် ကီလိုသုံးဆယ်နှင် ့အပြင်တွင် ရမ်ဇမ်ရေ ငါးလီတာ တစ်ပုံး သယ်ယူခွင့်ရပါမည် ။ ရန်ကုန်လေယာဉ်ကွင်းကတဲက JEDDAH ( မက္ကာ ) အထိ အပ်စေလိုပါသည် ။

ဒုတိယရွေးချယ်ရန်မှာ

2) MH ( Malaysian Airline )
RGN KUL 1655 2110 MH 743
KUL JED 1535 1920 MH 150
JED KUL 2120# 1125 MH 151
KUL RGN 1445 1555 MH 742
USD 1200 ခန့် ရှိပါမည် ။

ပွင့်လင်းစွာပြောရလျှင် ဈေးအတန်ငယ်သက်သာသော်လည်း Transit မကောင်းပါ ။ အသွားတွင် မလေးရှားနိုင်ငံတကာလေဆိပ်တွင် ညအိပ်ရပါလိမ့်မည် ။ ကွာတာလမ်ပူမြို့တွင် နိုင်ငံတကာလေဆိပ်နှစ်ခုရှိပါသည် ။ ( LCCT ခေါ် ဘတ်ဂျက်လေကြောင်းများဆင်းသည့် လေဆိပ်မဟုတ်ပါ )။
ရန်ကုန်မှ မလေးရှားသို့ Boeing 738 လေယဉ်နှင့်ပျံသန်းချိန် 2:45 မိနစ်ရှိပါမည် ။ မလေးရှားမှ မက္ကာသို့ Boeing 772 လေယဉ်နှင့် ပျံသန်းချိန် 8: 25 မိနစ်ရှိပါမည် ။
အသွားအပြန် ကီလိုသုံးဆယ်နှင် ့အပြင်တွင် ရမ်ဇမ်ရေ ငါးလီတာ တစ်ပုံး သယ်ယူခွင့်ရပါမည် ။ ရန်ကုန်လေယာဉ်ကွင်းကတဲက JEDDAH ( မက္ကာ ) အထိ အပ်စေလိုပါသည် ။

တတိယရွေးချယ်ရန်မှာ

3) AI (Air India )
RGN CCU 1845 1945 AI 228
CCU DEL 1010 1215 AI 21
DEL JED 1640 1945 AI 991

JED DEL 2145# 0505 AI 990
DEL CCU 0700 0905 AI 401
CCU RGN 1035 1320 AI 227
USD 1200 ခန့်သာရှိပါမည် ။

မြင်သည့်အတိုင်း လုံးဝ transit မကောင်းသည့် လမ်းကြောင်းဖြစ်သော်လည်း ဗီဇာနောက်ကျပြီး လေယဉ်လက်မှတ်ရွေးချယ်စရာမရှိသော ဟာဂျီအလောင်းအလာများ ..အံကြိတ်သည်းခံ စီးနင်းတတ်ကြပါသည် ။ Airbus 319 နှင့် ရန်ကုန်မှ ကလကတ္တား သို့ နှစ်နာရီ နှင့် ကာလကတ္တားမှ ဒေလီသို့ Airbus 321 သို့ Boeing 788 Dream liner ဖြင့် နှစ်နာရီ 10 မိနစ် နှင့် Boeing 777 ဖြင့် ဒေလီမှ မက္ကာသို့ 5 နာရီ 35 မိနစ်ခန့် ပျံသန်းချိန်ရှိပါမည် ။ ( အဲအင်ဒီးယား သည် မခေ Dream liner သုံးနိုင်သည့် လေကြောင်းလို်င်းများထဲမှ တခု ) ( အစားအသောက်ကတော့ မပြောလိုပါ အဟီး )

ဤနေရာတွင် ဟာဂျီလောင်း ၊ ဟာဂျီမလောင်းများက ဘိုးရင်းလားအဲဘတ်လား ဟု အလွန်မေးတတ်ကြသည် ကို ထူးဆန်းစွာကြုံခဲ့ရပါသည် ။
ဘာကွာလဲကား မပြောတတ် : မာမူက သာသာယာယာပဲ ..ဘာပဲဖြစ်ဖြစ် ရတယ် ဆိုသော စိတ်အလွန်ရှည်သော မာမူများလဲ တွေ့ဖူးပါသည် ။
( ဤကား စကားချပ် : ကျွန်ုပ်ကားမော်တော်ဘုတ်နှင့်တူသော မြန်ကျန့်ပြည်နယ်ပိုင်လေယဉ်များကိုပင် လေယဉ်မယ်လေးများကို ငမ်းပြီး ကောင်းသည်ဟုထင်တတ်သောသူဖြစ်သည် )

စတုတ္ထရွေးချယ်ရန်မှာ

4) EK ( Emirates Airline )

BKK DXB 2120# 0030 EK 373
DXB JED 0155 0340 EK 801
JED DXB 0040 0425 EK2802
DXB BKK 0940 1915 EK 372
USD 1500 နှင့် ရန်ကုန်ဘန်ကောက်သွားပြန်စာ 2- 300 ခန့်ရှိပါမည် ။ (လေကြောင်းလိုင်းပေါ်မူတည်ပြီး )
သူဌေးလေကြောင်းလိုင်းနှင့်မိတ်ဆက်လိုပါသည် ။ ဘိုးရင်း 777 နှင့် ဘန်ကောက်မှ ဒူဘိုင်းသို့ ခြောက်နာရီ ပျံသန်းချိန် နှင် ့ဒူဘိုင်းမှ မက္ကာသို့ ပျံသန်းချိန် 2:30 ရှိပါမည် ။
ကမ္ဘာ့အဆင့် လေကြောင်းဝန်ဆောင်မှုနှင့် ထိုက်တန်သော ဈေးနှုန်း ကို လက်ခံရပါလိမ့်မည် ။ လေယဉ်မယ်များ အလွန်ချောပါသည် ။ အဖြူမများပင် လေယဉ်မယ်လုပ်သည်ကို မြင်ဖူးပါသည် ။ ( ငါ့နှယ့် လေယာဉ်မယ်မပါရင် မပြီးဘူး အဟီ း )

5) UL ( Srilankan Airline )

BKK CMB 1855 2050 UL 887
CMB JED 1600 1945 UL 281
JED CMB 2055# 0540 UL 282
CMB BKK 0720 1220 UL 422
USD 800 ဝန်းကျင်ခန့် နှင့် ရန်ကုန်ဘန်ကောက်သွားပြန်စာ 2- 300 ခန့်ရှိပါမည် ။ (လေကြောင်းလိုင်းပေါ်မူတည်ပြီး )

အလွန်ဈေးသက်သာသောလေကြောင်းလိုင်းဖြစ်သည် ။ စီလုံ တီး လေကြောင်းလိုင်းကား အာရှအဖော်ရွေဆုံးလေကြောင်းလိုင်းဆုရထားသည်မှာလည်းမကြာသေး ။
Airbus 332 နှင့် ဘန်ကောက်မှ ကိုလံဘိုသို့ ပျံသန်းချိန် 3:25 နှင့် ကိုလံဘိုမှ မက္ကာသို့ ပျံသန်းချိန် 6:25 မိနစ်ရှိပါသည် ။ လွန်လေပြီးသော တမီးကျားများနှင့် သတ်နေသော နှစ်များကတော့ မည်သူမျှ သိပ်စိတ်မဝင်စားကြပါ ။ ယခုနောက်ပိုင်း အလွန်နာမည်တက်လာသောလေကြောင်းဖြစ်ပါသည် ။ ဈေးလဲပေါသကိုး ..
လေယာဉ်မယ်များမှာတော့ အရပ်အမောင်းခြောက်ပေခန့်နှင့် လက်မောင်းလုံး အတုတ်ကြီးများသာဖြစ်သော်လည်း အစားအသောက် အလွန်ကောင်းသည့်အပြင် စေတနာပါသည် ။သို့သော်လည်း ဆာရီကဲ့သို့သော ယူနီဖောင်းအမြှောက်တွင် ဂျိုင်းမွှေး စစ ကို မြင်မိသည့်နောက်တွင် အစားအသောက်မကောင်းတော့ပါ ။ စကားအတင်းစပ် စိနတိုင်းမှ အပေါက်ဆိုးလွန်းသော လေယဉ်မယ်များလိုတော့ မဟုတ်ပါ အာဟိ ။ စိနတိုင်းမှ လေယာဉ်မယ်များကား ရုပ်ကားချောပါသည် ။ သို့သော် ပြန်မပြောနားမထောင်..ဘာတောင်းတောင်းမပေးသည် ကား အလွန်ဆိုး၏ ။ ဦးကျောက် ပိုသိမည် ထင်ပါသည် ။ အဟီး

ဟာ့ဂျ်ရာသီလည်း နီးလာသည့် အလျောက် စေတနာ တပုံတပင်နှင့် အပင်ပန်းခံရေးသားပါတီ ။ ဟာဂျီလောင်းတစ်ဦးတလေမျှ ဖတ်မိပြီး လမ်းညွှန်ခွင့်ရလျှင်ပင် ကျေနပ်မိပါသည် ။ အာဟိ

22 comments

  • kai

    September 28, 2013 at 4:32 pm

    ဈေးပါရေးထားသမို့.. တော်တော်အသုံးဝင်မဲ့သဘောရှိပါတယ်..
    ယူအက်စ်က မြန်မာပြည်ဖွားမွတ်ဆလင်တွေလည်း..မက္ကာကို.. ဟာဂျီဘွဲ့တင်ဖို့.. တော်တော်သွားကြတယ်..
    သွားရင်.. မြန်မာပြည်ကဟာဂျီလောင်းတွေနဲ့.. အချိန်အချက်လုပ်ကြပုံရတယ်လေ…။

    ပျော်စရာ.. :mrgreen:

    • sorrow weaver

      September 28, 2013 at 10:24 pm

      သူကြီး ..သူတို့ ( ဟာဂျီလောင်းတွေ ) ပြောတာလေး ကြားဖူးပါတယ်…ဘာတဲ့ ..ပိုက်ဆံရှိရက်နဲ့ မသွားရင် ဟရမ်ဖြစ်တယ်ဆိုလားပဲ အဟီ း

  • San Hla Gyi

    September 28, 2013 at 4:53 pm

    ယူအက်စ်က မြန်မာပြည်ဖွား မွတ်ဆလင်တွေ သွားမယ်ဆိုတော့ ဟာဂျီဘွဲ့ ရထားပြီးသား သဂျီးရော ဒီနှစ် မသွားဘူးလားဗျ။ အရင်တုန်းက နှစ်တိုင်း သွားနေကျပဲဟာ။
    သွားတော့ သွားဗျ။ တော်ကြာ နောက်ဆုံး တရားစီရင်တဲ့နေ့ကျရင် အလာက အပြစ်တင်လိမ့်မယ်။

    • sorrow weaver

      September 28, 2013 at 10:28 pm

      အဟီး ..ကျော်တို့ သူကြီးလဲ …တယ်တော့မလွယ် …

    • Wow

      September 30, 2013 at 2:18 pm

      အလာအပြစ်တင်ရင် အပြန်ကျ ဘီလိုလုပ်ကျမလဲ… :mrgreen:

  • Ko chogyi

    September 28, 2013 at 8:30 pm

    ဟိုတစ်လောက ခဏခဏပျက်ကျလို့
    ရပ်ထားတဲ့ တရုတ်လေယာဉ်ပျံတွေနဲ့ဆို
    ဈေးပိုသက်သာသွားမယ်ထင်တယ်

    • sorrow weaver

      September 28, 2013 at 10:31 pm

      သူကြီး သိချင်မယ် ထင်လို့ …သူ့ကိုဖားပြီးရေးတာ …. ဒချိဒချိ …နာက ခွစ်ရှန်

  • lele kyi

    September 29, 2013 at 1:01 am

    Emirates Airline ကလေယဉ်မယ်ချောချောလေးတွေမြင်ဘူးတယ်အဖြူမလေးတွေလည်းချစ်စရာလေးတွေ။ အဲ့မှာ တရုတ်မချောချောလေး သူတို့ရိုးရာလေယဉ်မယ်ဝတ်စုံနဲ့တစ်မျိုးဆန်းပြီးတော်တော်ကြည့်ကောင်းတယ်။
    MAI ကလေယဉ်မယ်ကတော့ ခရီးသည် ကွန်ပလိန်းတတ်လို့ ထုချေလွှာရေးရတယ်။ ဖြစ်ပုံက MAI ရယ် jet star ရယ်ကအကျိုးတူပူးပေါင်းတာဆိုတော့ MAI ကလေယဉ်မယ်တွေ Jetstar နဲ့လိုက်တယ်။ တစ်ခါတော့ ရန်ကုန်လေဆိပ်အရောက် ရာသီဥတုဆိုးရွားလွန်းလို့ တာဝါကဆင်းခွင့်မပေး။အဲ့လိုနဲ့တက်လိုက်ဆင်းလိုက်။နောက်ဆုံးဆီကုန်မှာဆိုးလို့ ချင်းမိုင်မှာသွားနား ဆီဖြည့်။လေဆိပ်ကို လှမ်းဆက်သွယ်။အခြေအနေကမကောင်းသေး။အဲ့လိုနဲ့မနက်ရ နာရီထဲကထွက်လာတာ ၄နာရီထိ ချင်းမိုင်မှာ။ ဒီတော့ခရီးသည်တွေလည်း စိတ်ညစ်နေပြီ။လေယဉ်ပေါ်မှာပဲထိုင်နေရတာကိုး။အဲ့မှာခရီးသည်တစ်ယောက်က စောင်တောင်းတာ။လေယဉ်မယ် က မပေးဘူး။ အနောက်ခန်းမှာဘဲနဲ့ စကားသွားပြောပြီး ရယ်မောနေတာတော်တော်ကြာတယ်။အဲ့မှာ ခရီးသည်ကပေါက်ကွဲပြီး ကက်ပတိန်ကို ကွန်ပလိမ်းတက်လေရော။ ဟိဟိ.ဆြာစောရိုးနေမှာ အဲ့လေယဉ်မယ်ကိုဖုန်းခေါ်တာ။ မှတ်မှတ်ရရ အိမ်စောစောရောက်ချင်လို့ အစောကြီထပြီး မနက်ဖလိုက်စီးတာ ညရနာရီမှရန်ကုန်ရောက်တယ်။

    • sorrow weaver

      September 30, 2013 at 10:07 am

      လေယဉ်မယ်လေးတွေကို ရန်လုပ်တဲ့ ခရီးသည်ဆို အားကြီးမုန်းရယ်..အဟီး .ဘယ့်နှယ့် ချင်ကြားပု ရန်ကုန်ပျံတဲ့ သုံးနာရီလောက် short haul လေးမှာ စောင်ပါမတုန်း …တယ်လေ …သိပ်ချမ်းတတ်နေတယ်ဟုတ်စ ….အိမ်ကယူခဲ့လို့ ပြောပလိုက်ရမှာ …နောက်တစ်ခု က လေယဉ်မယ်တွေက အချင်းချင်း ရီမောပျော်ရွှင်ခုန်ဆွနေလို့ ရဘူးလေ …အချိန်နဲ့အမျှ Cockpit က ကတ်ပတိန် နဲ့ FO ကို သတင်းပို့နေရတာ ..ပြီးတော့ ခရီးသည်ခုံမှာလဲ Observer FO တစ်ယောက်လောက်အမြဲပါတတ်တာမျိုး …အဲလိုင်းတော်တော်များများပါ ..ဘယ့်နှယ့် လေယဉ်မယ်လေးတွေကို ရန်လုပ်ချင်ရသတုန်းမသိ…သူတို့ခင်ဗျာမှာ Turbulent တွေ bad weather တွေကြားမှာ နုနုဖတ်ဖတ်လေးတွေနဲ့ သိပ်ပင်ပန်းရှာတယ် ….Galley နဲ့ဆောင့်မိတာမျိုး ဘယ်လေယဉ်မယ်မှမလွတ်ဘူး …ခြေတိုမတတ်ပတ်လျောက်နေရတဲ့အပြင် ခြေသလုံးမှာ အညိုအမည်းမရှိတဲ့ လေယဉ်မယ် ခပ်ရှားရှားရယ် …လေယဉ်မယ်လေးတွေကို ရန်လုပ်တဲ့လူတွေကို သိပ်မုန်းတာပဲ မေမေရယ် …အဟီးဟီး …

  • မဟာရာဇာ အံစာတုံး

    September 29, 2013 at 5:24 am

    ကျန်ဒါ မတိပု ..
    အရဂါးစီးလို့ ရဒယ်ဆို ကျုပ်ကို တိတ်တိတ်လေး လာပေါလှည့်
    ဖင်ထောင်ပီး စီးပလိုက်အုံးမှာ … ညှင်းး ညှင်းးး

    နို့မဟုတ်လို့ဂဒေါ့လား …
    ဘယ်လောက်ဝေးဝေး ကုန်းဂျောင်းဘဲ လျှောက်တွားမှာ …
    ပင်လယ်ဂျီး ကြားခံနေရင်လည်း လက်ပစ်ကူးတွားပလိုက်မှာ …
    ချစ်လေးရေ … ကိုနဲ့ လိုက်အုံးမားးးး
    :mrgreen:

    • TNA

      September 29, 2013 at 5:05 pm

      သဂျိူးရယ်။ အဖော်ညှိစရာရှားလို့အေ။ အချစ်လေးနေခဲ့ကိုယ်သေချင်သေပဇီ။ ကိုကိုပဲတွားမယ်ဖစ်ရမှာ မှုတ်ဖူးလားအေ။ :mrgreen:

    • sorrow weaver

      September 30, 2013 at 10:12 am

      ဟင့်အင်း …ကိုကိုပဲသွား… အာဟိ ( ကိုယ်စားဖြေပေးတီ )

  • ဦးကြောင်ကြီး

    September 29, 2013 at 8:25 am

    တာလီဘန် ဆလိုင်းဖင်ပြောင်နဲ့ အယ်ကိုင်းဒါ မောင်နု တို့အတွက် လေယဉ်လက်မှတ် နှစ်ဆောင် တင်ပေးပါဗျို့..။ ဘီလ်ဂိုဒေါ့ အိုအိုင်စီအတွင်းရေးမှူး အယာတိုလာ မာမွတ်လျှာပွတ် ရာကွတ်ဦးခိုမ်ဆီကိုပို့..

    • San Hla Gyi

      September 29, 2013 at 4:31 pm

      ကိုကြောင်ကြီး ပြောတာ ဖြစ်သင့်တယ်။
      ကြည့်ရတာ ဒီဆလိုင်းဖင်ပြောင်က အရင်တုန်းက မိုးပြားဂိုဏ်းက မောင်ဂွနဲ့ အတူတူပဲဗျ။ မိုးပြားဂိုဏ်းနဲ့ ဘလက်ဘရားသားဂိုဏ်းက မဟာမိတ်ဖွဲ့ ထားသလား မသိဘူး။

    • lele kyi

      September 29, 2013 at 4:55 pm

      မနက်ကဦးကြောင်ကော်မန့်ဖတ်တာနားမလည်ခဲ့ဘူး။ အခုဟိုဘက်ပို့စ်ဖတ်ပြီးမှ သဘောပေါက်တော့တယ်။ ဪဟော် ဆလိုင်း ( Deleted By Mod )..
      ( Deleted By Mod ) မောင်နု..သူကြီးကို အချစ်စမ်းတာနေမှာ။ ဘာသာများပြောင်းသွားပီလားလို့။

  • ဗုံဗုံ

    September 29, 2013 at 9:01 am

    သွားအုံးမှ..သွားအုံးမှ….
    ကိုရိုး..နာ့ဂို လေယာဉ်လက်မှတ်တစ်စောင်
    လဂါးပေးလေ…ကချင်အချင်းချင်းဘဲဟာ… :mrgreen:
    မပေးရင်..ကဂျာဒွေရေးတိုင်း လိုက်နှောင့်ယှက်မှာ.. :mrgreen:

    • sorrow weaver

      September 30, 2013 at 10:09 am

      နာအဲလိုင်းမှာမလုပ်တော့ပါဘူးဆို ဘယ့်နှယ့်ပေးရမတုန်း …အခု တုတ်ထိုးရောင်းနေတယ် ….အာဟိ

  • ဦးကျောက်ခဲ

    September 30, 2013 at 11:18 am

    Middle-East မှာ ၃နှစ်နေဖူးတာမို့ ဆော်ဒီကို မကြာမကြာ အလုပ်ကိစ္စနဲ့ ရောက်တယ်ခင်ဗျ…
    ကျောက်စ်တို့လို မွတ်စ် မဟုတ်သူတွေက တခြားလမ်းကဝင်ရတာ…
    ရာမာဒန်လဆိုရင် ကိုယ်တွေပါရောပြီး ထမင်းငတ်၊ ရေငတ်နဲ့ မနိပ်လှဘူး…
    ကာတာအဲယားဝေးနဲ့က ဟာ့ဂျ်သွားဖို့ အဆင်အပြေဆုံး ဖြစ်လိမ့်မယ်…
    စိနတိုင်းက လေယာဉ်စပါယ်ယာမလေးတွေက မျက်နှာသေကြီးတွေနဲ့…
    သူတို့ အလုပ်အမြန်ပြီးဖို့ပဲ၊ ခရီးသည်ကို ဂရုစိုက်ဖို့ စိတ်မရှည်ဘူး…
    😀

    • sorrow weaver

      September 30, 2013 at 11:33 am

      စိနတိုင်းက လေယဉ်မယ်တွေများသောအားဖြင့်က ချောကားချောပါ၏ ..သို့သော် ဦးကျောက်ပြောသလို …အလွန်စိတ်မရှည် ..အဲ့ကွန်မြူနစ်မလေးတွေက ..အဟီး ….ပြန်လဲမပြော ..နားလဲမထောင်….ဟောင်ကောင်က ဆိုရင်တော့ ..ဟောင်ကောင်အဲဝေးရယ်…နဂါးအဲဝေးရယ်…cathy pacific ကတော့ စိနတိုင်းနဲ့ ခြားနားတဲ့ ဝန်ဆောင်မှုရှိတာတော့ အံ့ဖွယ်…ချောလဲအလွန်ချောကြတယ်..အဟီး

  • kyeemite

    September 30, 2013 at 1:21 pm

    သဂျီး မက္ကာသွားချင်တယ်ဆိုလို့ကိုဆောရိုးကလမ်းညွှန်တာပေါ့လေ…
    လေကြောင်းလိုင်းမှာမာကက်တာလုပ်ဖူးသူပေကိုး :mrgreen:

    • sorrow weaver

      September 30, 2013 at 1:33 pm

      ဖားတာလေ ..အဟီး

Leave a Reply