အနုပညာဖန်တီးရာမှာ…ဝိဘစ္ဆရသ …ကို မလိုလားဘူး
——————————————————————————————————————
ခံစားမှု / ဝိဘစ္ဆရသ
အနုပညာမှ ရရှိသော…
ခံစားမှုကို နှစ်သက်ကြည်နူးခြင်း / ရသ ဖြစ်သည်ဟု…ကျွန်တော်တင်ပြခဲ့ဖူးပါသည် ။
ကျွန်တော် သတ်မှတ်ခြင်းဖြစ်ပါသည် ။
ကျမ်းရိုးအလင်္ကာမှ ဝိဘစ္ဆရသ ကို ကျွန်တော်..လက်မခံလိုပါ ။
ဆိုလိုသည်မှာ… အနုပညာမှ ရသော ခံစားမှုသည်…နှစ်သက်ကြည်နူးခြင်းဟု..ဆိုပါလျှင်…
ဝိဘစ္ဆရသကို မထည့်သွင်းသင့်ပါ။
ဝိဘစ္ဆသည်… စက်ဆုပ်ရွံရှာမှု ( ဝါ )စက်ဆုပ်ရွံရှာမှု ဖြစ်ပေါ်စေသော ရသဖြစ်သည် ။
အခြားသော ရသများနှင့် နှိုင်းယှဉ်ကြည့်ပါ ။
ကြောက်ရွံ့စေသော…. ၊ ထိတ်လန် ့တုန်လှုပ်စေသော… ခံစားမှုဆိုပါလျှင်…
ကြောက်ရွံ ့ ထိန့်လန့် တုန်လှုပ်နေစဉ်မှာပင်… နှစ်သက်ကြည်နူးမှုကို…ရနေ၏ ။
ကြောက်ကြောက်ရွံ ့ရွ ံ့ ့နှင့်ပင်… ထိုခံစားမှုကို လက်ခံနေ၏ ။
ဆက်လက် ခံစားလိုစိတ် ရှိရ၏။
စက်ဆုပ်ရွံ ရှာမှုရသမှာ…. ထိုသို ့မဖြစ်နိုင်….။
တကယ် စက်ဆုပ်ရွံ ရှာဖွယ် ဖြစ်လာပါက ထို ခံစားမှုကို… မသာယာ မကြည်နူးနိုင်တော့…။
မနှစ်သက်နိုင်တော့…။
ထိုခံစားမှုကို ဆက်လက် မခံစားလိုတော့..။ လက်မခံလိုတော့…။
ဝိဘစ္ဆကို… ကျွန်တော်.. လက်မခံကြောင်းသာ ပြောခဲ့ပါသည်။
အများလက်ခံ မခံ ဆိုသည်မှာ.. အများသဘောဆန္ဒသာ… ဖြစ်သည် ။
ဇော်ဇော်အောင် / ဖတ်စာ / ကျိုက်ဝိုင်းစစ်တမ်း – စာမျက်နှာ 354 / 355 ….မှ…..
——————————————————————–
အဲဒီ .. အယူအဆကို ..
အဲဒီ ….စာအုပ်ထဲမှာ..
အဲဒီလို.. ဖတ်လိုက်ရတော့….
ကျွန်တော်…လည်း..
အဲဒီ အယူအဆအတိုင်း… လက်ခံလိုက်ပါတယ် ။
ဟုတ်တယ်…။
ကျွန်တော်လည်း…. အဲဒီ ဝိဘစ္ဆရသ ဆိုတာကြီးကို… နည်းနည်း.. အော့ကြောလန်တယ် ။
—————————————————–
အနုပညာအကြောင်း..ခပ်ကြမ်းကြမ်းပြောချင်နေတဲ ့..ကျွန်တော့်လို…….
အနုပညာပင်လယ်ကမ်းစပ်က…
အမှိုက်အတိုအစလေးတစ်ကောင်… က…
သမိုင်းအစဉ်အလာထဲက……. ဝိဘစ္ဆရသ ကို… မချစ်မနှစ်သက်နိုင်ဖြစ်နေတယ်…။
ဆရာဇော်ဇော်အောင်…ရဲ ့ အယူအဆအတိုင်းပေါ့…။
——————————————————-
ကျွန်တော်တို ့….
စုန်းကဝေ ဇာတ်ကားတွေ ကြည့်ဖူးကြပါတယ် ။
မလေးရှားစုန်းကားတွေပေါ့ ..။
အဲဒီလို ရုပ်ရှင် ( ရုပ်ရှင်အနုပညာ )ဇာတ်ကားတွေထဲမှာ…ပါတဲ ့…
ဇာတ်ဝင်ခန်းတချို ့ဟာ..အတော့်ကို ရွံရှာဖါယ်ရာ ဖြစ်တာတွေပါ ပါတယ် ။
ဥပမာ.. လောက်ကောင်တွေကို.. ဝါးစားနေတာတို ့….
မျက်နှာမှာ..လောက်တွေ တဖွားဖွားနဲ ့..အနာပက်ပြဲကြီးတို ့….
ခြေပြတ် လက်ပြတ် တွေ … ပုပ်ပွနေတာတို ့… စသည်ဖြင့်ပေါ့လေ…။
အဲဒီလို… ရွံစရာ.. စက်ဆုပ်စရာ.. ပြကွက်မျိုးကို.. မြင်တဲ ့အခါ….
ကျွန်တော်တို ့.. ကျေနပ်နှစ်သက်သလား…။
တစ်ိမ့်စိမ့်နဲ ့.. ကြည့်မဝနိုင်အောင်.. ထပ်ကြည့်မိသလား…
ပန်းကလေးတစ်ပွင့်ကိုကြည့်သလို.. မက်မက်မောမော မျက်တောင်မခတ်ပဲ.. အဲဒီ ရွံစရာပြကွက်ကို.. စိုက်ကြည့်နေသလား…။
နှစ်သက်ကြည်နူးမှု ဆိုတဲ ့.. တပ်မက်စွဲလမ်းဖွယ်.. အရသာ / ရသ ကို..ခံစားလို ့မဝ..နိုင်ပဲ..
တရှိုက်မက်မက်..ကြည့်မိပါသလား….
ကျွန်တော့်အတွက်တော့… နိုး ပါပဲ…။
လောက်ကောင်တွေ တဖွားဖါားကို စားပြတာမျို း… ရွံစရာ အနာကြီးကို…အနီးကပ်ပြလိုက်တာမျိုးကို..
ကြည့်မိတဲ့အခါ..ပျို ့တက်လာတဲ ့… ခံစားချက်… အန်ချင်လာတဲ ့..ခံစားချက်နဲ ့…
အကြည့်ကို လျွှဲဖယ်ပစ်လိုက်တာပါပဲ..။
နှစ်သက်မက်မောစွာနဲ ့….စိုက်ကြည့်နေဖို ့ဆိုတာ….အဝေးကြီးပေါ့…။
အကြည့်ကို.ချာခနဲလှည့်ပြီး..အဲဒီလို မြင်ကွင်းမျိုးကို…မြင်ရပြီးနောက်မှာ…
ချက်ချင်း မေ့ဖျောက်နိုင်ဖို ့..ကြိုးစားရတော့တာပါပဲ ။
မျက်လုံးထဲ..ထပ်ထပ် မြင်ယောင်နေရင်..ထမင်းစား…ပျက်လို ့…။
ဒီတော့…. စက်ဆုပ်ရွံရှာခြင်းကို.. ကျွန်တော် မကြိုက်ပါဘူး ။
ဒီတော့….ဝိဘစ္ဆရသ ကိုလည်း… ကျွန်တော်..မကြိုက်ပါဘူး ။
အနုပညာဆိုတာ..ဖန်တီးရာမှာ… ဝိဘစ္ဆရသ မြောက်အောင် ဖန်တီးရင်… ( ဖန်တီးထားတာက ဝိဘစ္ဆရသ မြောက်နေရင်…)
ကျွန်တော်တော့…အဲဒီအနုပညာပစ္စည်းကို.. နှစ်သက်ကြည်နူးစွား..လက်ခံနိုင်မှာ…မဟုတ်ပါဘူး ။
ဒီနေရာမှာ….
ဆရာဇော်ဇော်အောင်နဲ ့..ကျွန်တော်…
အယူအဆ / သဘောထားချင်း..တူညီပါတယ်…လို ့…။
————————————————————————-
နိဂုံး ထပ်ချုပ်လိုက်ပါ့မယ် ။
ဒီ ကိစ္စမှာ..ဆရာဇော်ဇော်အောင်နဲ ့.. အလင်းဆက်….
သဘောထား / အယူအဆချင်း… တူညီပါတယ် ။
ဆရာဇော်ဇော်အောင်..ပြောတဲ ့ အယူအဆကို …
အလင်းဆက်.. လက်ခံပါတယ် ။
————-
သေသေချာချာပြောခဲ့ချင်တာကတော့…
ဒီ သဘောထား / ဒီ အယူအဆ / ဒီအတွေး ဟာ…
ဒီအချိန်… ဒီနေရာမှာ… ကျွန်တော်.တွေးတော လက်ခံမိတဲ ့.. အတွေးအခေါ် / အယူအဆသာ ဖြစ်ပါတယ် ။
————-
ပြောစရာ ရှိ်တာတွေ.. အကြောင်းညီညွတ်ရင်..
ထပ်ပြောပါဦးမယ်..။
လေးစားစွာဖြင့်….
အလင်းဆက်
7. 10 .2013
alinsett.art@gmail.com
22 comments
KZ
October 8, 2013 at 9:53 am
အွန်။
ကျုပ်က သရဲကားကြည့်ရတဲ့ အရသာကြိုက်သဗျ။
ဝိဘစ္ဆရသ ထဲ ပါမပါတော့မသိ။
အဲ!
အဆင့်မြင့် သရဲကားကို ပြောတာနော်။
တကယ်ရိုက်တတ်ရင် အဲလို အတုံးအတစ် မပြပဲ ကြောက်အောင် ရိုက်ထားတဲ့ ရုပ်ရှင်မျိုးရှိပါ့။
ဟိ။ နောက်မှ ရုပ်ရှင်ညွှန်းရေးဦးမှ။
😀
alinsett
October 8, 2013 at 11:47 am
သရွဲကားကြည့်ရင်… ဘယာနက ရသ =ကြောက်ရွံ့ခြင်း ပဲ.. ရတာများပါတယ်..မမဂျီးရယ်.. ။
အခုဟာက..စက်ဆုပ်ရွံရှာဖွယ်ရာ ဖြစ်အောင်..ရိုက်တဲ့ သရွဲကားတချို ့…ကို နမူနာပြောတာပါ ။
🙂
မမဂျီးရေးမယ် ့ရုပ်ရှင်ညွှန်း..ဖတ်ချင်တယ် ။
ဆရာမဂျူး ရဲ ့.. ရုပ်ရှင်ခံစားမှု ဆောင်းပါးတွေကိုလည်း..ကြိုက်တယ် ။
ဖွတ်ပြောင်
October 8, 2013 at 12:50 pm
ငရုတ်သီးမရှိတဲ့အခါ သကြားရဲ့ နှိုင်းရတန်ဖိုးလည်း ယုတ်လျော့သွားတတ်သလား လို့ဗျာ
ဒချိ ဒချိ
alinsett
October 8, 2013 at 3:07 pm
ကျွန်တော်တော့ အစပ်မကြိုက်ဘူး ။
:kwi:
အချို က အချိုပါပဲကွယ်..။
နှိုင်းယှဉ်စရာက.. အငံနဲ ့ လည်း..နှိုင်းလို ့ရပါတယ် ..။
ကပ္ပိယ သာဒင်
October 8, 2013 at 10:40 am
အနုပညာ ကိုဘယ်လိုယူဆသနည်းဟူ၍နားမလည်နိုင်ပါ ။
သို့သော် ရွံရှာစက်ဆုတ်ဖွယ်တည်း ဟူသောအရာသည် အမြင်အာရုံတွင်မှာမှမဟုတ်၊ အကြား၊အနံ ့၊ စိတ်ခံစားမုှအထူးပေးလေသော စိတ်ဓတ်ပိုင်းဆိုင်ရာ၏ မူအကျင့်တို့ကိုလည်း ရွံရှာခြင်း ၊စက်ဆုတ်ခြင်း တို့ ခံစားနိုင်လေသည်။
ဥပမာ ဆိုရပါလျှင် _ ရုပ်ရှင် ၊ပြဇတ်၊ ဝတ္ထု တို့တွင် ဗီလိန်နေရာ၌သရုပ်ဆောင်သောသူတို့၏ဇတ်ရုပ်သည် ၄င်း စိတ်ဓတ်သဘောထားတို့သည်၄င်း ဇတ်နာစေရန်အလို့ငှါ ရွံရှာဖွယ်စက်ဆုတ်ဖွယ်သရုပ်ဆောင်ရလေသည် ။
စာရေးသူ.ပြောသလို သာဆိုရလျှင် ထိုသူတို့၏ သရုပ်ဆောင်အဖွဲ့အနွဲ့သည် အနုပညာမဟုတ် လေသလော _
မိမိ နှစ်သက်ရာကိုခံစားရေးဖွဲ့ ကြိုက်နှစ်သက်ရာရွေးနိုင်သော်လည်း
မိမိ မနှစ်သက်သောအရာကို အနုပညာမဟုတ်ပါဟု ဒက်ထိ စွတ်စွဲရန်မူမသင့်ချေ ။
စာရေးသူသည် အလှ ကြိုက်သည်နှင့် ရုပ်ဆိုးသောသူများကို နှိမ်ချခြင်းငှါ မသင့်သကဲ့သို့ အချိုကြိုက်သောသူသည် ချဉ်သောအရာ ခါးသောအရာတို့ကို အရသာမဟုတ်ဟု စွတ်စွဲရာ ရောက်သည်က်ို သတိမူသင့်သည်။
လေက၌ အကောင်း အဆိုး အချို အခါး အဖြူအမဲ အမြဲဒွန်တွဲနေသည်မှာ အားလုံးလက်ခံထားသည့်အရာဖြစ်ပေရာ ၊
စာရေးသူ ဆိုသလိုစဉ်းစားရပါလျှင် ခါးသောအရသာ စပ်သောအရသာ ဖန်သောအရသာတို့သည် မရှိစကောင်းဟုယူရမည်သကဲ့သို့ဖြစ်နေသည် ။
စာရေးသူအား သတိထားစေလိုသည်မှာ _ ဇော်ဇော်အောင်သည် လူသားစင်စစ်မျှသာဖြစ်သည် ။
ထို့ကြောင့် အမှားမကင်း နိုင်ပါ ။
အရာခတ်သိမ်း မှန်သည်ဟု စာရေးသူထင်မှတ်ထားပါလျှင် အကြင်သူသည် စာရေးသူ၏စိတ်ကိုလွှမ်းမိုး၍ လျော်ကန်သင့်မျှသော တွေးခေါ်မျှော်မြင်မှု ပျောက်ဆုံးနေပါလိမ့်မည် ။
့
alinsett
October 8, 2013 at 11:57 am
ကပ္ပိယ ဦးသာဒင် ရေ…
အခုလို..ကျကျနန ဝင်ဆွေးနွေးပေးတာ..အရမ်းပဲ..ကျေးဇူးတင်ပါတယ် ။
————————–
————————–
ကျွန်တော်… သတိပြုမိပါတယ် ။
ဆရာဇော်ဇော်အောင်ဟာ..လူသားတစ်ယောက်မို ့..အမှားလည်းမကင်းနိုင်ဘူးဆိုတာ ။
ကျွန်တော်က သူ့ အယူအဆတိုင်းကို အမှန်ပဲ.ဆိုပြီး လက်ခံနေတာတော့မဟုတ်ပါဘူး ။
ဇော်ဇော်အောင်..ပြောသမျှ ခေါင်းညိတ်လက်ခံနေတတ်တဲ ့ သူလည်း.မဟုတ်ပါဘူး ။
တချို ့….ဝေဖန်ရေးဆရာတွေဟာ….
မီးရထားစက်ခေါင်းကို..ခဲတံချွန်စက်ဖြစ်အောင်..လုပ် ပြောနိုင်ကြလို ့….
(ဂျပိုးကို လိပ်ြဖြစ်အောင် ပြောတတ်လွန်းလို ့… )
သူတို ့ အယူအဆကိုပြောတဲ ့ အခါ..ပိုပြီး…သတိထားရတာပေါ့ ။
ဇော်ဇော်အောင် ့ အယူအဆတွေထဲမှာ..
ကျွန်တော်ယူဆတာနဲ ့..
ဗျန်းဗျန်းကွဲအောင်.. မတူတဲ ့ အယူအဆတွေ ရှိတာပေါ့ ။
အခုတင်ပြတဲ ့ အယူအဆကိုတော့…
လက်ခံလိုက်တယ် ။
ဘာကြောင့် လက်ခံလဲ.ဆိုတာကို… ပိုစ့်ထဲမှာ ရှင်းပြပြီးပါပြီ ။
————————
ကျွန်တော် အပေါ်မှာ…အသေအချာပြောခဲ့ပါတယ်…နော် ။
———————————–
ကျွန်တော်…မှားရင် ပြင်ပေးကြပေါ့ ။
အကြောင်းအကျိုးကိုက်ကိုက် ပြင်ပေးတာကို..ကျေကျေနပ်နပ် လက်ခံပြီး..
ပြင်သင့်က ပြင်မည် ဖြစ်ပါကြောင်းးးး
လေးစားစွဖြင့်…..
Mr. MarGa
October 8, 2013 at 12:47 pm
အင်း…
ရသ ဆိုတာနဲ့
နှစ်သက်ဖွယ်လို့ ဘာကြောင့် တွေးလိုက်သလဲမသိ
ကျုပ်ကတော့
ရသ ဆိုတာ
ခံစားမှု တစ်ခုကို ပေးစွမ်းနိုင်တဲ့အရာလို့ပဲ မြင်မိပ
ဆိုတော့
ဝိဘစ္စနဲ့ ဘယာနက ကို
ပိုင်ပိုင်နိုင်နိုင် သုံးတတ်ရင်
အဲဒီ အနုပညာဟာလည်း
လက်ရာမြောက်သနော… :kwi:
alinsett
October 8, 2013 at 3:09 pm
—————–
ရသဆိုတာကို…. ဘာလို ့….ခံစားကြတာလဲ…ကွယ်.. ။
:kwi:
လုံမလေးမွန်မွန်
October 8, 2013 at 1:28 pm
ကိုဂီပြောသလိုပဲ ဝိဘဇ္ဇကြောင့်သာ ကျန်တဲ့ရသတွေပေါ်လာသလားလို့
alinsett
October 8, 2013 at 3:20 pm
အမွန်ရေ… ။
—————
အဲဒီ အနုပညာပစ္စည်းဟာ..အနုပညာ မဟုတ်ဘူးလို ့…မပြောဘူးနော်..။
ကျွန်တော်..လက်မခံနိုင်တာကိုပဲ.ပြောမှာ…။
သူများတွေ လက်ခံတာ လက်မခံတာက သူတို ့အပိုင်း..။
:kwi:
Wow
October 8, 2013 at 2:07 pm
ဝိဘစ္ဆရသ ကလဲ မရှိရင် ဆားပေါ့သလိုခံစားရမဲ့ ရသမျိုးပါ.. အနှိုင်းယှဉ်ခံပဲ ဖစ်ဖစ်ပေါ့.. ရသမြောက်အောင် မဖွဲ့နိုင်ရင်သာ ဖန်တီးသူ အပြစ်လို့ ထင်ပါတယ်…
alinsett
October 8, 2013 at 3:42 pm
ရသမြောက်အောင်… ဖွဲ ့နိုင်ရင်.. အနုပညာ ပစ္စည်း ဖြစ်ပါတယ် ။
ကျွန်တော်တော့….. အဲဒီ ဝိဘစ္ဆရသ ဆိုတာကြီးကို… နည်းနည်း.. အော့ကြောလန်တယ် ။
🙂
San Hla Gyi
October 8, 2013 at 9:08 pm
ဆောင်းပါးရှင်ရေ
အခုတော့ နည်းနည်း ဝင်ပြောဦးမယ်။ ခင်ဗျား ဘယာနကရသ ဆိုတာလည်း သိသားနဲ့ ဘယ်လိုဖြစ်ပြီး ဘယာနကရသနဲ့ ဝိဘစ္ဆရသကို မျက်စိလည်နေသလည်း မသိဘူး။ အဲဒီစာကို ရေးတဲ့ ဇော်ဇော်အောင်လည်း ဒီပုံအတိုင်းဆိုရင် မှားနေပုံပဲ။ အခုဟာက ကျန်တဲ့ လူတွေလည်း လည်နေသလိုပဲ။
ခင်ဗျားပြောတဲ့ လောက်တွေ စားပြတာတို့ လောက်တွေ တဖွားဖွားနဲ့ အနာကြီးတို့ ခြေပြတ်လက်ပြတ်တွေ ပုပ်ပွနေတာတို့ဟာ တကယ်တော့ ဘယာနကရသတွေဗျ။ သူတို့က ကြောက်အောင် လုပ်တဲ့ဟာတွေ။ လူဆိုတာက တခါတလေကျရင် ကိုယ့်ကိုကိုယ် မကြောက်ပါဘူး ရွံလို့ပါတွေ ဘာတွေ ပြောတာမျိုးရှိတယ်။ တကယ်တော့ ထိတ်ကနဲ အရင်ဖြစ်သွားပြီးမှ ရွံလာတာမျိုးဗျ။ အဲဒါက ဝိဘစ္ဆရသ မဟုတ်ဘူး။
ဝိဘစ္ဆရသဆိုတာ နားလည်လွယ်အောင် ဥပမာ ပေးရရင် လွန်ခဲ့တဲ့ နှစ်အတော်ကြာတုန်းက မြန်မာပြည်မှာ ကိုရီးယားကားတွေ စပြီး ခေတ်စားခါစတုန်းက ဇာတ်လမ်းတခု လာဖူးတယ်။ ကျနော် ရုပ်ရှင်နာမည် မမှတ်မိတော့ဘူး။ အဲဒီတုန်းက အထူးသဖြင့် အမျိုးသမီး ပရိသတ်တွေ အတော်ကြိုက်ခဲ့တယ်။ ဇာတ်လမ်းက မင်းသမီးနှစ်ယောက် ပါတယ်။ မှတ်မိတာက သူတို့ ရုပ်ရှင်ထဲက နာမည်တွေက ဟိုယွန်မီနဲ့ ဂျင်ဆန်းမီလို့ ထင်တယ်။ နှစ်ယောက်စလုံး အချောတွေချည်းပဲ။ အဲဒီမှာ ဗီလိန် မင်းသမီးလုပ်ရတာက ဟိုယွန်မီဗျ။ သူကလည်း ဗီလိန်ဆိုပေမယ့် ချောတာပဲ။ ဒါပေမယ့် ပရိသတ်က အဲဒီကားကြည့်ပြီး သူ့အမူအရာနဲ့ မျက်နှာပေးကို သိပ်မုန်းသွားလို့ နောက်ပိုင်း သူခေါင်းဆောင် မင်းသမီးနေရာက လာတဲ့ ကားတွေကျတော့ သိပ်မကြည့်တော့ဘူး။ အဲဒါ ဝိဘစ္ဆရသဗျ။ စက်ဆုပ်ရွံရှာတယ်ဆိုတာ အဲဒါမျိုးကို ပြောတာ။ အဲဒီမှာ ခင်ဗျားပြောတဲ့ လောက်တွေ စားပြတာတို့ မသတီစရာမြင်ကွင်းမျိုးတွေ ပါလို့လား။ မပါဘူးလေ။ တကယ့် အဖြစ်မှန်မှာ ဖြစ်ဖြစ် ဇာတ်လမ်းမှာဖြစ်ဖြစ် ဝိဘစ္ဆရသ လုပ်ရတဲ့ ဗီလိန်က ပိုပြီး အစွမ်းထက်လေလေ အဲဒီဇာတ်လမ်း ကောင်းလာလေလေ မင်းသား မင်းသမီးအစွမ်းကလည်း ပိုပြီး ပေါ်လာလေလေပဲ။ သူသာ ညံ့လို့ကတော့ သွားရောပဲဗျို့။ ခုမြန်မာကားတွေ သိပ်မစွံတာ အဲဒါလည်း ပါလိမ့်မယ်ဗျ။
ကျနော်တို့ မြန်မာမှာလည်း ရှိခဲ့ဖူးပါတယ်။ ခင်ဗျား ကြည့်ဖူး ကြားဖူးသလားတော့ မသိဘူး။ အေဝမ်းဦးတင်မောင်နဲ့ ဒေါ်ကြည်ကြည်ဌေးရဲ့ ရတနာပုံဆိုတဲ့ ကားလေ။ အဲဒီကားကို ရိုက်တော့ မင်းသမီး ဒေါ်ကြည်ကြည်ဌေးကို ကြာခိုပြီး သူတို့ အိမ်ထောင်ရေးကို ဖျက်ဆီးရမယ့် နေရာမှာ သရုပ်ဆောင်ဖို့ ဗီလိန်တယောက် လိုနေတယ်။ သူကလည်း အဲဒီကားရဲ့ အသက်ပဲ။ သူသာ ညံ့လို့ကတော့ အဲဒီဇာတ်လမ်း သွားရောပဲ။ အဲဒီတော့ ဒါရိုက်တာကလည်း တော်ရုံတန်ရုံ လူကြမ်းမျိုးကို မသုံးချင်ဘူး။ တကယ့်ကို မင်းသားလောက် တော်တဲ့ လူကြမ်းကို လိုချင်တယ်။ ဒါပေမယ့် ဘယ်မင်းသားမှလည်း ဒီလို နေရာမှာ ဝင်ပြီး သရုပ်မဆောင်ချင်ဘူး။ အဲဒီလို ဖြစ်နေတော့ အဲဒီတုန်းက ခေါင်းဆောင်မင်းသားဖြစ်တဲ့ မင်းသားကြီး ဦးအေးကြူက ဒါရိုက်တာကို ဆရာ ဘယ်သူမှ မလုပ်ရဲရင် ကျနော်လုပ်ပေးမယ် ဆိုပြီး ဝင်လုပ်တော့တာပဲတဲ့။ ဘာလို့ သူက ဒီလို ပြောသလည်းဆိုတော့ ဒါရိုက်တာက သူ့ဆရာ အရင်းကိုး။ သူက အမှန်မှာ အဲဒီခေတ်က ခေါင်းဆောင်မင်းသား။ သရုပ်ဆောင်တာ ကောင်းသလား မကောင်းသလားတော့ မသိဘူး။ အဲဒီကားလည်း ရုံတင်ပြီးရော ပရိသတ်က သူ့ကို မုန်းလိုက်တာမှ နောက်ပိုင်း သူထပ်ရိုက်တဲ့ မင်းသားနေရာက သရုပ်ဆောင်တဲ့ ကားတွေကို လာကို မကြည့်တော့ဘူးတဲ့။ သူလည်း သေတဲ့အထိ ပရိသတ်ကပေးတဲ့ မဟားဒယားအေးကြူဆိုတဲ့ နာမည်နဲ့ ကြာကူလီအခန်းတွေပဲ သေတဲ့အထိ ရိုက်သွားရရှာတယ်တဲ့။ ဘာလို့လည်းဆိုတော့ သူမင်းသားနေရာက သရုပ်ဆောင်တော့ ဘယ်သူမှ အားမပေးတော့ဘူးကိုး။ အဲဒါက ဝိဘစ္ဆရသပါ။
စာပေမှာလည်း ရှိပါတယ်ဗျ။ ဆိုပါတော့ ဦးပုညရဲ့ ဆဒ္ဒန်ဆင်မင်း ဝတ္ထုမှာ “မုဆိုးညစ်ထေး ငမိုက်ခွေးလည်း အာပေါင်ကိုလှန် ဒိုင်းထောက်နှင့် ကန်ပြီးလျှင် ထက်သန်မြမြ ကြောက်မက်ဖွယ် လွှကြီးနဲ့” ဆိုတဲ့ စာမျိုးဟာ ဝိဘစ္ဆရသ မြောက်စေတဲ့ စာမျိုးဗျ။ အဲဒီအခန်းကျမှ ပရိသတ်က ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းဘက်က ခံစားပြီး ဝမ်းနည်းမှာလေဗျာ။ ဆိုတော့ ဝိဘစ္ဆရသသည် ခံစားလို့ မကောင်းလို့ ပြောလို့ ရပေမယ့် သူမပါရင် လုံးဝကို မဖြစ်ပါဘူးလို့ ပြောချင်ပါတယ်။ အခု ဆောင်းပါးရှင် ရေးသွားတာတွေကတော့ ဝိဘစ္ဆရသ လုံးဝမဟုတ်ပဲ ဘယာနကရသတွေသာ ဖြစ်ပါကြောင်း။ ဝိဘစ္ဆရသသည် ပိုပြီး ပညာပါပါကြောင်း။
အော် ကြုံလို့ စာပေအကြောင်း ပြောတော့ satire လို့ခေါ်တဲ့ သရော်စာသည် ဝိဘစ္ဆရသ ပါသလားလို့ မေးရင် မပါဘူးလို့ ပြောချင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဝိဘစ္ဆရသ တကယ်မြောက်တယ် ဆိုတာက ဖတ်နေတဲ့ ပရိသတ်တွေ အားလုံး စက်ဆုပ်တဲ့ ခံစားမှု ရလာအောင် လုပ်တာမျိုးကို ခေါ်တာပါ။ တချို့တဝက်က ဒေါသဖြစ်တယ်။ တချို့က ရယ်နေတယ်ဆိုရင် ဝိဘစ္ဆရသ မဖြစ်ပါဘူး။ သရော်စာဆိုတဲ့ သဘောက ကျနော့် အယူအဆအရ ကာယကံရှင်နဲ့ ပက်သက်ရာ ပက်သက်ကြောင်းတွေကို နာအောင် ကလိပြီး မဆိုင်တဲ့လူတွေကို ရယ်ခိုင်းတာ ပြုံးခိုင်းတာမျိုးပါ။ ကာယကံရှင်ကိုတော့ ကလိနိုင်ပြီး ဘေးလူကို မပြုံးနိုင်စေဘူး ဆိုရင်လည်း သရော်စာ မမြောက်ပါဘူး။
ရေးရတာလည်း တော်တော်တော့ များသွားပါပြီ။
မနှင်းဖြူ မှန်မှန်ပြော
October 9, 2013 at 8:48 am
တော်လိုက်တာဗျာ …….. ရှင်းပြသွားတာ ချက်ကျ လက်ကျနဲ့ …
မှတ်သားသွားပါတယ် …
San Hla Gyi
October 9, 2013 at 6:35 pm
အော် ဆောင်းပါးရှင်ရေ
ပြောဖို့ တခု မေ့ကျန်ခဲ့လို့။ ဝိဘစ္ဆရသ ဆိုတာ စက်ဆုပ်ရွံရှာမှုဆိုတာ ဒီရသကို ဒီနေရာမှာ အဓိပ္ပါယ် ဖွင့်ရာမှာ စက်ဆုပ်တယ် ဆိုတာကို မုန်းတယ်လို့ အဓိပ္ပါယ် ဖွင့်ရပါတယ်။ တနည်း ပြောရရင် ဝိဘစ္ဆရသဆိုတာ မုန်းခြင်းနဲ့ တကွ ဖြစ်ပေါ်လာတဲ့ ရွံရှာမှုမျိုးပါ။ မြန်မာစကားမှာ ရှိတဲ့ ရွံမုန်းကြီးဆိုတာ ဝိဘစ္ဆရသ ကိုပြောတာပါ။ မစင်တွင်းထဲက မစင်တွေကို တွေ့လို့ ရွံတာမျိုးဟာ ဝိဘစ္ဆရသ မမြောက်ပါဘူး။ ဘာလို့လည်းဆိုတော့ သူက ရွံစရာမို့လို့ ရွံတာဖြစ်ပြီး မုန်းတီးမှု မပါပါဘူး။ လူ့လောက ဇာတ်ခုံပေါ်မှာပဲ ဖြစ်ဖြစ် ဇာတ်လမ်းထဲမှာပဲ ဖြစ်ဖြစ် တစုံတဦး သို့မဟုတ် တစုတဖွဲ့ရဲ့ အပြုအမှုတွေ အပေါ်မှာ စက်ဆုပ်ပြီး ရွံရှာတာမျိုးမှ ဝိဘစ္ဆရသလို့ ခေါ်တာပါ။
alinsett
October 10, 2013 at 7:49 am
ဦးဦးစံလှ ရေ
အမြင်လေးကို ကျကျနန ဝင်ဆွေးနွေးပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်
kai
October 8, 2013 at 10:57 pm
ကျုပ်ကတော့.. အနုပညာကိုဘောင်လာခတ်သမျှတွေကို…
..
မုန်းတယ်…
============
(၁) သိင်္ဂ ါရ ရသ (ချစ်ခင်ခြင်း)
(၂) အဗ္ဘုတ ရသ (အံ့ဩခြင်း)
(၃) ဝီရ ရသ (ရဲရင့်ခြင်း)
(၄) သန္တ ရသ (တည်ငြိမ်ရင့်ကျက်ခြင်း)
(၅) ကရုဏာ ရသ (သနားကြင်နာခြင်း)
(၆) ဝိဘစ္ဆ ရသ (ရွံ့ရှာစက်ဆုတ်ခြင်း)
(၇) ဘယနက ရသ (ကြောက်ရွံ့ထိတ်လန့်ခြင်း)
(၈) ရုဒ္ဒ ရသ (ရုန့်ရင်းကြမ်းတမ်းခြင်း)
(၉) ဟာသ ရသ (ပြုံးရယ်ခြင်း)
==
(၁) ရတိဠာယီဘာဝ (အမျိုးသမီး၊ အမျိုးသားချစ်ကြိုက်ခြင်း)
(၂) ဟသဠာယီဘဝ (ပြုံးရယ်ခြင်း)
(၃) ကောဓဠာယီဘာဝ (အမျက်ဒေါသ ကြမ်းကြုတ်ခြင်း)
(၄) ဥသဟဌာယီဘာဝ (ရဲရင့်ခြင်း)
(၅) ဘယဌာထိဘာဝ (ကြောက်ရွံ့ခြင်း)
(၆) ဇိရုစ္ဆယဌာယီဘာဝ (ရွံ့ရှာစက်ဆုတ်ခြင်း)
(၇) ဝိမှယဌာယီဘာဝ (အံ့ဩခြင်း)
(၈) သောကဌာယီဘာဝ (ကြောင့်ကျ ကြင်နာခြင်း)
(၉) သမဌာယီဘာဝ (ရင့်ကျက် ငြိမ်သက်ခြင်း)
==
အမျက်ထွက်ခြင်း = ရုဒ္ဒရသ
စက်ဆုပ်ခြင်း = ဝိဘစ္ဆရသ
သနားခြင်း = ကရုဏာရသ
ကြောက်ရွံ့ခြင်း = ဘယာနကရသ
alinsett
October 10, 2013 at 7:51 am
ကျွန်တော်လည်း
လွတ်လပ်သော အနုပညာ
ဘောင်ထဲက မဟုတ်သော အနုပညာကိုုပဲ
ချစ်မိတယ် ဒျီးရယ်
:kwi:
TNA
October 9, 2013 at 8:24 pm
နာတော့ သရဲကားစုန်းကားသွေးစုတ်ဖုတ်ကောင်ကားတွေကြည့်ဘူးအေ။ ဘယ့်နှယ် စိတ်အပမ်းဖြေချင်လို့ ရုပ်ရှင်ကြည့်ပါတယ်။ သာသာယာယာပဲကြည့်ချင်တာပေါ့အေ။ အပြည့်အဝထောက်ခံပါတယ် ဒညင်းဝက်ရေ။
alinsett
October 10, 2013 at 7:53 am
ကဲ
ထောက်ခံတဲ့ သူ တစ်ယောက် ရပြီ။
အန်တီသဲရေ
စိတ်ညစ်တာ ပျောက်ပြီလားဟင်
TNA
October 13, 2013 at 2:24 pm
ညစ်နေဒုန်းဘဲအေ။ အပြင်သွားလိုက်ရင်မေ့မေ့ပျောက်ပျောက် အိမ်မှာနေရင် တစိမ့်စိမ့်တွေးပီး စိတ်ညစ်တာက အကင်းမသေဖြစ်နေတယ်။ အခုတလော ဟာသကာတွန်းကားတွေလဲမတင်။ သွားကြည့်မို့ဟာကို။ ခဏနေအပြင်ထွက်လိုက်အုံးမအေ။
alinsett
October 13, 2013 at 5:27 pm
Mr . ဘင်း ဟာသ ဇာတ်လမ်းတိုလေးတွေ ကြည့်ပါလားအန်တီ